Chapter 13
Viewers 2k

ဤကျွန်းပေါ် ရောက်ပြီးနောက်ပိုင်း ယခုအကြိမ်ကသာ ကောင်းကောင်းမွန်မွန် အိပ်စက်ရခြင်း ဖြစ်သည်။
 
သူနိုးလာချိန်တွင် နေ့လည်သုံးနာရီတောင် ထိုးသွားခဲ့ပြီဖြစ်သည်။
 
သူစလှုပ်ရှားမိသည်နှင့် မြွေနက်သည် ၎င်း၏ မျက်လုံးများအား ဖွင့်ကာ သူ့ခြေကျင်းဝတ်အား အမြီးဖြင့် ရစ်ပတ်၍ သူ့ကို ခပ်ယဲ့ယဲ့ကြည့်နေသည်။
 
ဝမ်ကျုံး ထထိုင်လိုက်ကာ သူ့ဦးခေါင်းကို အောက်သို့စိုက်လျက် ဒူးများအားဖက်လိုက်ပြီး ဘောလုံးကဲ့သို့ ကွေးနေလိုက်သည်။
 
သူကို ကြည့်ရသည်မှာ အားနည်း၍ဖြူရော် နေ၏။
 
သူ မြွေနက်၏ အမြှီးအား လုံးဝန်းသော သူ၏ခြေချောင်းလေးများဖြင့် တို့ကာ မေးလိုက်သည်။
“ မြွေချောကြီးရေ ကျွန်တော့် အဝတ်တွေကို အထဲယူလာပေးလို့ရမလားဟင်…”
 
မြွေနက်ကြီးက ဝမ်ကျုံး၏ခြေထောက်ပေါ်သို့ ကျရောက်နေသော နေရောင်အား ငေးကြည့်လျက် သူ့အမြီးအား ဂူအပြင်သို့ ဆန့်ထုတ်လိုက်သည်။
အဝတ်အစားများသည် နေရောင်အောက်တွင် လှန်းထားခဲ့လေရာ ကိုင်လိုက်ချိန်တွင် အနည်းငယ် ပူနေလေသည်။
ဝမ်ကျုံး သူ၏အပေါက်များစွာရှိနေသော အတွင်းခံများအား သိုဝှက်စွာ ပွတ်သတ်လိုက်ပြီး မြွေနက်၏အေးစက်နေသော အမြီးပေါ်သို့ တင်ကာ အအေးခံလိုက်သည်။ မြွေနက်သည် သူ၏လျှာနှစ်ခွအား ထုတ်ကာ သူ့ကိုမျက်စိစွေ၍ ကြည့်နေလေသည်။ သူ ကမန်းကတန်း နောက်သို့လှည့်ကာ အေးသွားသော အတွင်းခံအား ဝတ်လိုက်၏။
 
သူ မြွေနက်အား ခိုးကြောင်ခိုးဝှက် ကြည့်လိုက်ပြီး သူ၏ရှပ်အင်္ကျီနှင့် ဘောင်းဘီများ ဝတ်လိုက်သည်။
သူမသိခဲ့သည်က မြွေနက်ကြီးသည် သူ ထိုသို့လုပ်ရသည့်အကြောင်းအရင်းကို နားလည်နေခဲ့လေသည့်အပြင် ငြင်းဆိုခြင်းမရှိခဲ့ပေ။ နေရောင်အောက်တွင် ထားခဲ့သောကြောင့် ပူနေခဲ့သည့် ဝမ်ကျုံး၏ဖိနပ်များအား သူ၏ အေးစက်နေသော ကြေးခွံများ အောက်၌ အအေးခံရန် ထည့်ပေးခဲ့သေးသည်။
 
ဝမ်ကျုံးသည် မြွေနက်၏ အဝိုင်းပုံစံခွေလျက်ရှိသော အမြီးပေါ်၌ ထိုင်လိုက်ကာ အကွာအဝေးတစ်ခု မထားတော့ပေ။ ပုံမှန်ကဲ့သို့ မြွေနက်၏ အကြည့်များကို ရှောင်ရှားခြင်းလည်း မလုပ်ခဲ့ချေ။
 
မြွေနက်၏ ခံစားချက်ကင်းမဲ့နေသော အစိမ်းရင့်ရောင် ဒေါင်လိုက် မျက်စိသူငယ်အိမ်များအား သူ မော့ကြည့်နေလိုက်သည်။ သူ့နှုတ်ခမ်းများပေါ်၌ ခင်မင်သောအပြုံးအား ချိတ်ဆွဲလျက် မြွေနက်အား စကားပြောရန် လက်ဦးမှုယူလိုက်သည်။
 
“ ဒီရက်အတောအတွင်း ဂရုစိုက်ပေးလို့ ကျေးဇူးပါ ကျွန်တော် နေရတာအများကြီး အဆင်ပြေလာပြီ ကျွန်တော်တို့ တူတူနေလာတာကြာနေပြီ ခင်ဗျား အခုထိ ကျွန်တော်နာမည်ကို မသိသေးဘူးမလား… ကျွန်တော့်နာမည် ဝမ်ကျုံးပါ ’’
 
ဝမ်ကျုံးသည် သူ၏နာမည်အား တမင်သက်သက် နှေးကွေးစွာ တစ်လုံချင်း ပီပီသသ ပြောနေခဲ့သည်။ပြောနေစဥ် သူ့လက်ချောင်းများနှင့် မြွေနက်၏အမြီးပေါ်တွင် ရေးပြနေကာ သူ၏နာမည်အား မှတ်မိအောင် ပြုလုပ်နေခဲ့သည်။
 
“ ဘာလို့လဲဆိုရင် အဖိုးက ကျွန်တော့်ကို ညနေဘက်အချိန် ပြိုနေတဲ့ ဘုရားကျောင်းဘေးက ကောက်လာလို့လေ အဲ့တာကြောင့် သူက ဝမ်ကျုံး ဆိုပြီးနာမည်ပေးခဲ့တာ ’’
 
မြွေနက် “……….’’
 
‘ အဲ့တာဆို ဘာလို့မင်းကို ဝမ်ဖော့မြောင့် ဆိုပြီး မမှည့်ခဲ့တာလဲ…’
{ wan 【晚】 = ညနေခင်း ။ po' 【破】 = ကျိုးပဲ့သည်။ miao' 【廟】= ဘုရားကျောင်း }
ဝမ်ကျုံး မြွေနက်ကြီးအား မေးလိုက်သည်။
 
“ ဘယ်လိုလဲဲ…ကျွန်တော့်နာမည် ကောင်းတယ်လို့ ခင်ဗျား ထင််လား… ’’
 
မြွေနက်သည် သူ၏လျှာအား ထုတ်လိုက်ပြီး ထိုအကြောင်းအရာနှင့် ပတ်သတ်၍ အများကြီးစိတ်ဝင်စားပုံ မပေါ်ပေ။
 
ဝမ်ကျုံးလည်း စိတ်ထဲမထားပေ။သူက ၎င်း၏ တုံပြန်မှုကိုလိုချင်ရုံသာ ဖြစ်သည်။ ကြောင်လေးများ ခွေးလေးများအား စနောက်နေသလိုပင် သူသည် မြွေနက်၏ အမြီးအား ပွတ်သတ်ကာ ၎င်းနှင့်ပိုမိုချစ်ခင်ရင်းနှီးလာစေရန် ကြိုးပမ်းနေခဲ့သည်။
 
မြွေနက်က အလွန်ဉာဏ်ကောင်းလှသည်။သူ ဝမ်ကျုံးအား လှိမ့်လိုက်ကာ သူ၏ကျောပေါ်တတ်စီးစေပြီး လျှောစီးတမ်း ကစားစေခဲ့သည်။
ဗြီ့…
ထိုအသံထွက်ပေါ် လာပြီးနောက် ယနေ့ လူတစ်ယောက်နှင့် မြွေတစ်ကောင်ကြား တုံပြန်မှုများ အဆုံးသတ်သွားခဲ့လေသည်။
ပြဿနာမှာ ဝမ်ကျုံး၏ သနားဖွယ် အတွင်းခံလေးသည် လေယိုစိမ့်မှုများ ဖြစ်ပေါ်နေသောကြောင့်ဖြစ်သည်။
 
မြွေနက်သည် ဝမ်ကျုံးအား ညစ်ပတ်ရှုပ်ပွသော ပစ္စည်းများ အသိုက်အတွင်း သယ်ယူခွင့် မပြုခဲ့သောကြောင့် ဝမ်ကျုံးသည် အနီးအနား တောင်ကုန်းပေါ်ရှိ လေဝင်ပေါက်တစ်ခုအား တွေ့ရှိခဲ့၍ မြေအောက်ခန်း တစ်ခု တူးခဲ့သည်။
 
၎င်းသည် နှစ်မီတာကျော် အနက်ရှိကာ ထုထည်က ကုဗမီတာအနည်းငယ်သာ နေရာလွတ်လေသည်။သို့သော်လည်း ယာယီအတွက် အဆင်ပြေသည်။
 
ဝမ်ကျုံးသည် သစ်ရွက်ကြွေများစွာအား အခြောက်ခံလိုက်ပြီး မြေအောက်ခန်းအတွင်းသို့ ထည့်ကာ စိုထိုင်းခြင်းကို တားဆီးရန်လုပ်ဆောင်ခဲ့သည်။ ထို့နောက် သူ အသားခြောက်များအား ထုပ်ပိုးကာ ရေငံသီးများ၊ အနက်ရောင် စွံပလွံသီးများကို ဆေးဖက်ဝက်အပင်များဖြင့် ထုတ်ကာ ထည့်ထားခဲ့လေသည်။
 
ကြက်၏ မာကြောချွန်ထက်သော ခြေသည်း သုံးချောင်းအား ချိတ်အနေဖြင့် နံရံတွင်း ထိုးစိုက်ရာတွင် အသုံးပြုနိုင်လေသည်။
 
မြွေနက်က သဘောမကျသောကြောင့်  အိပ်ယာခင်း အနေဖြင့် ဂူအတွင်း၌ အသုံးပြုခွင့်မရှိပေ။
 
ထိုအရာအား တွေးတောပြီးနောက် ဝမ်ကျုံး ထိုသားရေပေါ်မှ အမွှေးများအား ဆွဲနုတ်လိုက်ပြီး ဓားဖြင့် အစွံအဖျားများကို သေသပ်စွာ ဖြတ်ထုတ်နေလိုက်သည်။ ထိုနောက် ချုပ်လိုက်ကာ ပစ္စည်းများထည့်လိုက်၏။
 
ဝမ်ကျုံး နွယ်ပင်များ၊ သစ်ပင်အမြစ်များနှင့် အပ်ပုံစံ အစားထိုးပြုလုပ်နိုင်သော မြက်ပင်အမျိုးမျိုးအား တွေ့ရှိခဲ့လေသည်။သိုသော် ထိုအရာများသည် အလွန်ထူရုံသာမက ဆွဲထုတ်သည့်အချိန်တွင် ကျိုးတတ်သောကြောင့် အသုံးမဝင်ပေ။
 
နောက်ဆုံး၌ သစ်ပင်ပေါ်တွင်လှဲနေသော မြွေနက်သည် ထိုအတိုင်း မနေနိုင်တော့ပေ။ ဝမ်ကျုံး၏ သေးသွယ်သောခါးအား သူ၏ အမြီးဖြင့်ချီလိုက်ပြီး ငှက်သားရေအား သေသပ်စွာဖြတ်တောက်ရာမှ ကျန်ခဲ့သောအပိုင်းအစများအား ပုတ်ပြလိုက်ကာ ထိုအရာများကို အသုံးပြုနိုင်သည်ဟု ညွှန်ပြလိုက်သည်။
 
ဝမ်ကျုံး သူ့နဖူးကို ရိုက်လိုက်ကာ ရုတ်တရက်သဘောပေါက်သွားခဲ့သည်။
 
“ ကြည့်စမ်းပါဦး…ငါကငတုံးပဲ…ငါဘာလို့ဒါကို မစဥ်းစားမိပါလိမ့်” ထိုသို့ပြောပြီးနောက် သူ့အား ရစ်ပတ်သော မြွေနက်၏အမြီးအား နှစ်ခါပွတ်သတ်လိုက်သည်။ သူသည် ခွေးလေးအား ပွတ်သတ်သည့်နှယ် ပွတ်လိုက်ပြီးနောက် အပြုံးဖြင့် မြွေနက်အားကြည့်လိုက်သည်။
 
“ မြွေချောလေးရေ မင်းက အရမ်းတော်တာပဲ ’’
 
 
သူ အခုတလော အမြဲတမ်း ဒီလိုပဲ
အမြဲတမ်း ငါ့ကို ဖွင့်ပြောပြီး လူပျိုလှည့်နေတယ်
 
မြွေနက်သည် သူ့ခန္ဓာကိုယ်အား လုံးလုံးလျားလျား လှည့်လိုက်ကာ ခေါင်းကိုခါ၍ မှန်ထဲသို့ ကြည့်လိုက်သည်။
[ ကြေးမုံကြီးရေ၊ ကြေးမုံကြီးရေ ]
[ မင်းလဲ မြင်တယ်မလား သူငါ့ကိုဘယ်လောက် သဘောကျသလဲဆိုတာ]
[ဟီး ဟီး ~~~]
 
ဝမ်ကျုံးသည် သစ်ပင်ပေါ်တွင် ရစ်ပတ်နေသော မြွေနက်ကြီးအား ကြည့်လိုက်ပြီး မိမိကိုယ်ကို ပြန်ပြောလိုက်သည်မှာ ‘ဒီမြွေနက်ကြီးက အမြှောက်အပင့် ပြောခံရတာကို တကယ် ကြိုက်တာပဲ ငါ့ဗျူဟာ အလုပ်ဖြစ်တယ် ပြောရမယ် ‘ သူတို့၏ ဆက်ဆံရေးသည် အရင်နေ့များကထက် သိသာစွာပိုရင်းနှီးလာ၍ သူသည်လည်း ၎င်းအား ခွေး သိုမဟုတ် ကြောင်ကဲ့သို့ အိမ်မွေးတိရိစ္ဆာန်များနှယ် ဆက်ဆံသောအခါ ပို၍သက်တောင့်သက်သာရှိလာခဲ့သည်ကိုခံ စားရလေသည်။
 
ဝမ်ကျုံး သူ့ခေါင်းပေါ်မှ သစ်ရွက်ကြွေများအား အဝေးသို့ ခါထုတ်လိုက်ပြီး မြွေနက်၏ အမြီးအားမှီလျက် အနေအထားဖြင့် သက်တောင့်သက်သာရှိစွာ ထိုင်ကာ အလုပ်ဆက်လုပ်နေခဲ့သည်။
 
ခြေသုံးချောင်းငှက်၏ သားရေသည် မာကြောကာခုခံနိုင်စွမ်းရှိလေသည်။အပိုင်းအစလေး တစ်ခုကပင် အလွန်မာကြောသော ရာဘာကွင်းနှင့်တူလေသည်။ မည်မျှဆွဲဆန့်စေကာမူ လွယ်လွယ်ဖြင့် မပျက်စီးနိုင်ပေ။
 
ဝမ်ကျုံးသည် အပိုင်းစများအား အတော်အသင့် အထူအနေထားရှိသော ကြိုးဖြစ်အောင် ရစ်ပတ်လိုက်သည်။ အမွှေးနုတ်ပြီးနောက် ငှက်သားရေပေါ်၌ အပေါက်များ ဖောက်လိုက်ကာ ဖိနပ်ကြီုးချည်သကဲ့သို့ ချည်နှောင်လိုက်သည်။
 
ငှက်သားရေသည် အမွေးနှုတ်ခံရပြီးနောက် ကြီးမားပေါ့ပါးသော အိတ်ဖြစ်လာကာ ပစ္စည်းများအား သိမ်းဆည်းနိုင်သည်။
 
ဝမ်ကျုံး လောလောလတ်လတ် ပြုလုပ်ပြီးသော ငှက်သားရေအိတ်အား ကျေနပ်စွာကြည့်လိုက်ပြီး ခိုင်ခံမှုအားစစ်ဆေးရန် ကျောက်တုံးအနည်းငယ်အား ထည့်ကြည့်လိုက်သည်။
 
“ဟင်~~~~.’’
 
အိတ်သည် အလွန်ခိုင်ခံကာ အမွှေးနုတ်ခံရသော နေရာတစ်ဝိုက်သည် ဆွဲအားကြောင့် ပျားလဘို့သဏ္ဍာန် အပေါက်ငယ်များ ဖြစ်ပေါ်လာကာ လေဝင်လေထွက်ကောင်းမွန်စေပုံ ပေါ်သည်။ ယင်းအား ပစ္စည်းများ သယ်ဆောင်ရာတွင် အသုံးပြုနိုင်သည့်အပြင် အဝတ်အစားများပြုလုပ်ရာ၌လည်း သုံးနိုင်လိမ့်မည်။
 
ဝမ်ကျုံးသည် ငှက်သားရေအိတ်အား သစ်ကိုင်းပေါ်တွင် ချိတ်ဆွဲလိုက်ပြီးနောက် လက်ကောက်ဝတ်အထူရှိသော သစ်ကိုင်းတစ်ကိုင်းကို စတင်ဖြတ်တောက်လိုက်သည်။
 
သူသည် အစွန်းဘေးများ၌ ချွန်ထွက်နေသော အဖုထစ်များအား လုံးဝန်းဖြောင့်တန်းအောင် ဖြတ်တောက်လိုက်သည်။ထို့နောက် ကျန်ရှိနေသော သားရေအပိုင်းများဖြင့် ကြက်မွေးများကို တုတ်ချောင်းတွင် ရစ်ပတ်လိုက်၍ သူ၏အဖိုး တံမြက်စည်းပြုလုပ်သည့် အတိုင်းလိုက်၍ လုပ်ကြည့်နေခဲ့သည်။
 
ဝမ်ကျုံး စနစ်တကျအပြီးသတ်နေစဥ် အတောအတွင်း တစ်ချို့သော အတွေးများအား တွေးနေခဲ့မိသည်။
 
တကယ်လို့ သူပင်လယ်ထဲပြုတ်ကျတဲ့ သတင်းကို အဖိုးသိသွားရင် ဝမ်းနည်းနေမလား…
 
လူအိုကြီးက နှလုံးမကောင်းဘူး ရုတ်တရက် စိတ်ထိခိုက်စရာတွေ ကြားရရင် တစ်ခုခုများ ဖြစ်သွားမလား…
 
ပင်ကိုက သူ၏ ချမ်းသာသော အကိုနှင့်တွေ့ပြီး အဖိုး၏နှလုံးခွဲစိတ်စရိတ်အား စိုက်ပေးရန် တောင်းဆိုမည်ဟု ကြံရွယ်ထားခဲ့သည်။ ယခု သူက ထွက်သွားခဲ့ပြီး ပြန်မလာနိုင်သည့်အပြင် တောင်ပေါ်၌လည်း သတင်းမရနိုင်ပေ။
 
အကယ်၍ တစ်ယောက်ယောက်က သူပင်လယ်ထဲပြုတ်ကျသွားသည်ကို အဖိုးအား အကြောင်းကြားပါက သူသည် ဆင်းရဲသည်ကိုမကြိုက်၍ ချမ်းသာချင်သောကြောင့် အဖိုးအားစွန့်ပစ်သွားသည်ဟု တွေးနေခဲ့မည်လား။
 
အဖိုး၌ သားသမီးမရှိသောကြောင့် သူ့အား မြေးအဖြစ်မွေးစားခဲ့သည်။ အဖိုးသည် သူ၏လက်ကျန်သက်တမ်းအား မည်ကဲ့သို့နေထိုင်မည်နည်း။
 
ထိုအရာများသည် ဝမ်ကျုံး၏စိတ်ထဲတွင် အချိန်အတော်ကြာ ဝန်ထုပ်ဝန််ထိုးဖြစ်နေခဲ့သည်။ သူ စိတ်ဓာတ်မကျခြင်းစေရန် ထိုအတွေးတို့ကို ခေတ္တခဏ ဘေးဖယ်ထားခဲ့သည်။ ယခု သူ အိမ်ပြန်ရန် မျှော်လင့်ချက် မရှိတော့ပေ။ သူ မတွေးရန်ကြိုးစားခဲ့သော်လည်း လျစ်လျူရှုရန်ခက်လှသည်။
 
ဝမ်ကျုံး သူ့ဦးခေါင်းအားမော့ကာ ခါးသီးမှုများပြည့်နေသော မျက်ဝန်းများဖြင့် မြွေနက်ဘက်သို့ကြည့်နေခဲ့သည်။
 
သူသည် တံမြက်စည်းအားကိုင်ကာ လှည်းကြည့်လိုက်သည်။ သူလှည်းကျင်းပြီးသိပ်မကြာ ကြက်မွှေးများသည် တုတ်ချောင်းမှ လုံးဝကျွတ်ကျသွားခဲ့သည်။
 
ဝမ်ကျုံး မပျော်ရွှင်တော့ပေ။ ထို့ကြောင့် ကြက်မွှေးနှင့် တုတ်ချောင်းအား မြေအောက်ခန်းထဲသို့ ထည့်လိုက်၍ နောက်နေ့မှ အဆင်ပြေအောင်လုပ်ရန် စီစဥ်ခဲ့သည်။
 
သူ ချောက်ကမ်းပါးပေါ် တတ်သွားလိုက်ပြီး လေတိုက်၍လွင့်သွားသော “SOS’’အချက်ပြပုံစံအား ပြန်ပြင်နေခဲ့သည်။ထို့နောက် အဆုံးမရှိသော ပင်လယ်ပြင်အား အချိန်ခဏမျှ ငေးကြည့်လိုက်ပြီးနောက် မှန်အားပျော်ရွှင်စွာ ကြည့်နေသော မြွေနက်အား ရှာရန် သစ်ပင်အောက်သို့ သွားလိုက်၏။
 
“မြွေချောလေးရေ ’’
ဝမ်ကျုံးသည် မြွေနက်၏အမြီးအား ပွေ့ဖက်ကာ ပွတ်သတ်နေလိုက်သည်။
 
“ခင်ဗျား ကျွန်တော်ကို ပစ္စည်းလေး ခဏလောက် ငှားလို့ရမလား… ကျွန်တော် သုံးပြီးတာနဲ့ သေချာသန့်ရှင်းပြီး ခင်ဗျားကိုပြန်ပေးမယ်လေ မပျက်စီးစေရပါဘူး… ဟုတ်ပြီလား… ’’
 
သူသည် မြေအောက်ခန်းအား တူးဆွနေချိန် မြွေနက်ဆီမှ ရွှေရောင် ပေါက်ပြားကို ငှားခဲ့သည်။ ဤအကြိမ်တွင် မြွေနက်သည် ပျော်ရွှင်စွာ သဘောတူလိုက်သည်။
 
ဝမ်ကျုံး ချက်ချင်းပင် ကျေးဇူးတင် စကားပြောလိုက်သည်။
“ ကျေးဇူးတင်ပါတယ် မြွေချောလေးရေ၊ ခင်ဗျားကအကောင်းဆုံးပဲဆိုတာ ကျွန်တော် သိသားပဲ’’
 
မြွေနက်သည် ဝမ်ကျုံး၏လက်ထဲမှ သူ့အမြီးထိပ်အား လှုပ်ရမ်းနေကာ သူ့ကိုယ်ကိုနှိမ့်ချပြီး တန်ကြေးအနေဖြင့် ဝမ်ကျုံးနှုတ်ခမ်းထောင့်အား လျက်လိုက်သည်။
 
 
“ မြွေချောလေးရေ ခင်ဗျား ဒီလို လုပ်လို့မရဘူးလေ ~~~~ အာ…’’
မြွေနက်သည် သူ၏လျှာနှစ်ခွအား အသုံးပြု၍ ဝမ်ကျုံး၏ သွားများအား ဖွင့်ဟလိုက်ပြီး ရှည်လျားသောလျှာဖြင့် အတွင်းသို့ တိုးဝင်လိုက်ပြီး အတွင်းထဲကို လျက်နေလေသည်။