Chapter 4
Viewers 1k

အပိုင်း ၄

 

 

စုကျီဆွေ့ တုံ့ဆိုင်းနေခဲ့သည်။

 

ပြိုင်ပွဲအတွက် စာရင်းပေးသွင်းလိုသည့် နောက်ထပ် အရေးကြီးသောအကြောင်းရင်းတစ်ခု ရှိသေးသည်– ပြိုင်ပွဲဝင် ကျောင်းသားများအတွက် ပုံမှန်အတန်းများ တက်ရောက်ခြင်းမှ ရှောင်ရှားရန် အကောင်းဆုံး ဆင်ခြေရှိနေခြင်းပင်။

 

အတန်းထဲတွင် လူများလွန်းပြီး၊ တစ်ဦးနှင့်တစ်ဦး အလွန် နီးကပ်နေသည်။ သူက အတန်းတက်ရန်နှင့် ကျောင်းသွားရန်ကို ကြောက်ရွံ့နေခြင်းဖြစ်၏။

 

အတန်းတက်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် သူ၏ စိတ်ကို တင်းတင်းထားပြီး ဖခင်၏ အင်္ကျီလက်ကို ဖြည်းညှင်းစွာ တို့လိုက်ပြီးမှ အမြန် ပြန်ရုတ်လိုက်သည်။

 

စုပါးပါးက သူ၏ အတွေးများမှ ရုတ်တရက် ရုန်းထွက်လာပြီး၊ သဘောပေါက်သွားကာ သားဖြစ်သူအား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ဖုန်းဆီသို့ ပြန်လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ကျွန်တော်တို့ ဆုံးဖြတ်ပြီးပါပြီ။ ကျန်တဲ့အပိုင်းတွေကို ခင်ဗျား စိတ်ပူစရာ မလိုပါဘူး"

 

သူ၏ အသံတွင် လူကြီးတစ်ဦး၏ ထင်ထင်ရှားရှား တည်ငြိမ်သောအာဏာ ရှိနေသည်—ယင်းက အံ့အားသင့်စရာကောင်းလောက်အောင် ယုံကြည်မှုနှင့် အားကိုးထိုက်သည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။

 

ယခုကဲ့သို့ လုံးဝ အဓိပ္ပာယ်မရှိသော ကိစ္စအတွက် အသုံးပြုနေခြင်းသာ မဟုတ်လျှင် ပိုကောင်းပေမည်။

 

ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်က  ခေါင်းမာသူဖြစ်သည်။ "မစ္စတာ စု၊ ခင်ဗျားက ကျွန်တော့်ကို အသိပေးဖို့သက်သက် လာတာဆိုရင်တော့ ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ရဲ့ အကြံဉာဏ်ကို တကယ် လိုချင်တယ်ဆိုရင်တော့ ကျွန်တော် ရိုးရိုးသားသား ပြောပါ့မယ်– ကျွန်တော်က ဒီကိစ္စကို လုံးဝ သဘောမတူပါဘူး။ ကျွန်တော် ပြိုင်ပွဲဝင် ကျောင်းသားတွေကို နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့ပေမဲ့ ဒီလို ကိစ္စမျိုးကို တစ်ခါမှ မကြုံဖူးပါဘူး"

 

"ဟင်း…. နားလည်ပါတယ်"

 

ကိစ္စ၏ အရေးကြီးပုံကြောင့် စုပါးပါးတစ်ယောက် အခန်းထဲရှိ အခြားသူအချို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး ပြန်ပြောရန် ပြင်ဆင်နေချိန်– စပီကာမှ စကားသံများ ရုတ်တရက် ထွက်ပေါ်လာချေ၏။

 

"…မင်း သူ့ကို ဝင်ခွင့်ပေးတော့မလို့လား? သူတို့မိသားစုက အဲ့ဒီ ကောင်ဆိုးလေးက နာမည်ကြီး နာမည်‌ကျော်နော်။ အမြဲ ရန်ဖြစ်၊ ကျောင်းပြေး၊ အတန်းဖော်တွေကို အနိုင်ကျင့်၊ ဆရာ/မတွေကိုလည်း လေးစားမှု မရှိဘူး... သူ့မိဘတွေကို ကျောင်းကို ခေါ်လိုက်ရတာဆိုတာ ချောင်းတောင်ပေါက်တော့မယ်—ဒါပေမဲ့ဘာမှ အလုပ်မဖြစ်ဘူးကွ… ငါက စာသင်ချင်တာဟေ့၊ အကျင့်ပျက်နေတဲ့ ကလေးကို ထိန်းချင်တာ မဟုတ်ဘူး"

 

"သူတို့က ငါတို့ စော်ကားလို့ရတဲ့ လူတွေ မဟုတ်ဘူးလေ။ သူ့ကို ဝင်ခွင့်ပေးလိုက်စမ်းပါ၊ ပြီးရင် သူ့ဘာသာ ရုန်းကန်ဖြေရှင်းပါစေ။ ပြဿနာ ပြီးသွားပြီပေါ့" ဒါရိုက်တာကျန်း၏ အသံက အနည်းငယ် ဝေးကွာနေသော်လည်း နားလည်နိုင်လောက်အောင် ကြားနေရသည်။

 

"အဲ့လောက် လွယ်တယ်များ ထင်နေတာလား…. ငါတို့မှာ အကြိုဗိုလ်လုပွဲအတွက် နေရာ အကန့်အသတ်နဲ့ပဲ ရှိတာ။ ဝင်ခွင့်ရဖို့ ငွေအားသုံးရင် မင်း ငြင်းမှာလား? သူ စာမေးပွဲ ကျသွားရင် မျက်နှာပျက်ရမဲ့သူက ငါကွ... ငါ ဒီဒုတိယမျိုးဆက် သူဌေးသားတွေဆို တအား မုန်းတာပဲ။ အာဏာလေး နည်းနည်းရှိတယ်ဆိုတာနဲ့ ထင်ရာဆိုင်းလို့ရတယ် ထင်နေကြတာ"

 

ထင်ရှားသည်မှာ၊ ထိုနှစ်ဦးက ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားပြီဟု ယူဆထားကြပြီး– မည်သည့် အတားအဆီးမှ မရှိဘဲ သူတို့၏ စိတ်ထဲရှိ အတွေးများကို လျှို့ဝှက်မထားဘဲ ထုတ်ပြောနေကြပေသည် ။ 

 

စုပါးပါးက စုကျီဆွေ့၏ မျက်နှာအမူအရာကို ကြည့်လိုက်၏။

 

စုကျီဆွေ့ အမြန်ပင် သူ၏ မျက်နှာကို ဖုံးလိုက်သည်။

 

...အဲဒါ ကျွန်တော် မဟုတ်ဘူးနော်။ ကျွန်တော့်ကို မကြည့်ပါနဲ့။

 

သူ၏ သားငယ်လေးမှာ အလွန် စိတ်မကောင်းဖြစ်နေသည်ကို မြင်သောအခါ၊ စုပါးပါး နှလုံးသား အောင့်သွားသည်။ သူက ဖုန်းကို ကောက်ယူလိုက်၏။ "ကျောင်းသားတွေကို နောက်ကွယ်ကနေ အတင်း ပြောတာ၊ ကိုယ်ပိုင်အမြင်တွေနဲ့ စွပ်စွဲနေတာ– ဒါက ခင်ဗျားတို့ ဆရာတွေ ဂုဏ်ယူနေတဲ့ ပညာရပ်လား? 'အာဏာလေး နည်းနည်းရှိတယ်ဆိုတာနဲ့ ထင်ရာဆိုင်းလို့ရတယ်' ဆိုတဲ့ စကားက ဘာစကားလဲ? ခင်ဗျားတို့ ကျောင်းအုပ်ကြီးက သိပ္ပံဆောင်အတွက် အလှူငွေ တောင်းတုန်းက ဒီလိုပဲ ပြောခဲ့တာလား?"

 

"ကျောင်းတိုးချဲ့တုန်းက ကျွန်တော်တို့ မိသားစုက ဘယ်လောက် လှူခဲ့လဲ? အဲ့ဒီငွေတွေမရှိရင် ခင်ဗျားတို့ ဘယ်လိုပြိုင်ပွဲတွေ လုပ်နိုင်မှာလဲ? အခုမှ ဒုတိယမျိုးဆက် သူဌေးသားတွေကို အပြစ်တင်ရဲတယ်ပေါ့? သွားစမ်းပါ"

 

ဖုန်း၏ အခြားတစ်ဖက်၌မူ အပြစ်တင်သံများ ချက်ချင်း တိတ်ဆိတ်သွား၏။ အသံ လုံးဝ ပျောက်သွားသည်။

 

. . . . .

 

နောက်ဆုံးတွင်၊ ဒါရိုက်တာကျန်းက ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်ကို ​​ခေါင်းငုံ့ခိုင်းခဲ့သည်။ ထိုနှစ်ဦးစလုံးက စုကျီဆွေ့ကို အတူတကွ တောင်းပန်လိုက်ကြ၏။

 

သို့သော် ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်၏ လေသံက မချေမငံ ဖြစ်နေဆဲပင်။ "မစ္စတာ စု၊ ကျွန်တော်တို့ရဲ့ အကြိုဗိုလ်လုပွဲအတွက် ရွေးတဲ့ပုံစံက လွယ်လွယ်ကူကူပါပဲ။ စုကျီဆွေ့က တစ်နှစ်တည်းနဲ့ ပြိုင်ပွဲဝင်နိုင်လောက်တဲ့အဆင့် ရောက်လာမယ်လို့ ကျွန်တော် မယုံကြည်သလို၊ သူ့အတွက် ချွင်းချက်လည်း လုံး၀ လုပ်ပေးမှာ မဟုတ်ပါဘူး"

 

 

စုပါးပါးက မျက်မှောင်ကြုတ်လိုက်သည်။ "ခြွင်းချက်ထားပေးတယ်? ခင်ဗျားက အဲ့လို စွပ်စွဲချက်မျိုးကို ပေါ့ပေါ့တန်တန် ပြောရဲတယ်ပေါ့လေ…"

 

ရင့်‌သော ဂျင်းက အနုထက် ပိုစပ်သည်။

 

ထိုတစ်ကြောင်းတည်းသော စကားက ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်ကို စကားမပြောနိုင်အောင် ဖြစ်စေခဲ့၏။

 

ဒါရိုက်တာကျန်းက ကိစ္စကို ဖြောင့်ဖြူးစေရန် အလျင်အမြန် ကြားဝင်ခဲ့ပြီး၊ အနုစိတ်ကျအောင် ကြိုးစား၍ ပြောရန် တုံ့ဆိုင်းနေခဲ့သည်။ "မစ္စတာ စု၊ ကျွန်တော်တို့က ကလေးအတွက် အကောင်းဆုံးဖြစ်စေချင်လို့ပါ။ အကြိုဗိုလ်လုပွဲနေ့မှာ မီဒီယာ သတင်းထောက်တွေ လာမှာဆိုတော့ ခင်ဗျား စဉ်းစားပေးနိုင်မလား..."

 

ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်က တည့်တိုး ပြောလိုက်၏။ "ဘုံကျောင်းကျဉ်းကျဉ်းလေးမှာ ဘုရားကြီး မဆန့်နိုင်ဘူးဆိုသလိုပဲ။ ကျွန်တော်တို့မှာ သင်ပေးနိုင်တဲ့ အင်အားမရှိပါဘူး"

 

သူက 'လက်မခံဘူး...' ဟု အော်ပြောရန် လက်တစ်ကမ်းသာ လိုတော့သည်။ ဒါရိုက်တာကျန်း ထိုသူ့ပါးစပ်ကို ပိတ်ရန် အသည်းအသန် လှမ်းလိုက်ရသည် ။ 

 

သို့သော် စုကျီဆွေ့သည် အလွန် ဂရုတစိုက် နားထောင်နေသည်။ ထိုစကားကို ကြားလိုက်သောအခါ၊ ပြန်လည် ငြင်းခုံရန် ပြင်ဆင်နေပုံရသည့် သူ၏ ဖခင်ကို တို့လိုက်ပြီး၊ အလေးအနက် ပြောလိုက်သည်။ "သား ကိုယ့်ဘာသာ လေ့လာပါ့မယ်"

 

"မင်းက ကိုယ့်ဘာသာ လေ့လာချင်တယ် ဟုတ်လား?" စုပါးပါးက အံ့ဩစွာဖြင့် သူ့ဆီသို့ လှည့်ကြည့်လိုက်၏။

 

စုကျီဆွေ့က ခေါင်းညိတ်ပြလိုက်သည်။

 

မည်သို့ပင်ဆိုစေ၊ သူသည် သူ၏ ယခင်ဘဝက အွန်လိုင်းသင်တန်းများ အသုံးပြု၍ ကိုယ့်ဘာသာ လေ့လာခဲ့ဖူးသည်ပင်။

 

"ကောင်းလိုက်တာ... အရမ်း ကောင်းတာပဲ..." ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်က ကောင်လေး စိတ်ပြောင်းသွားမည်ကို ကြောက်ရွံ့သကဲ့သို့ ရုတ်တရက် လက်ခုပ်တီးလိုက်သည်။ "ဒါက အကောင်းဆုံး ရွေးချယ်မှုပဲ။ ကျွန်တော်တို့ဆီ တက်နေတဲ့ 11 တန်း ကျောင်းသားတွေက ဒီနွေရာသီမှာ လှိုင်းအလင်းနဲ့ ဆက်စပ်သီအိုရီကို လေ့လာနေကြပြီ။ အစကနေ စမယ့်သူတစ်ယောက်က လုံးဝ လိုက်မီနိုင်မှာ မဟုတ်ဘူး။ ရှေ့ဆက်ပြီး အခြေခံတွေကို ကိုယ့်ဘာသာ လေ့လာလိုက်။ ဘယ်သူ သိနိုင်မှာလဲ– နောက်နှစ်လောက်ဆိုရင် မင်းက ၁၀ တန်းကသူတွေနဲ့ ရင်ဘောင်တန်းနိုင်လောက်မှာ"

 

သူသည် စုကျီဆွေ့က လူကြီးများကို ခြိမ်းခြောက်ရန် သို့မဟုတ် မကျေနပ်မှုကို ဖော်ပြရန် နည်းလမ်းအဖြစ် 'ကိုယ့်ဘာသာ လေ့လာခြင်း' ကို အသုံးပြု၍ အချိုးမပြေသည့် ကိစ္စတစ်ခုကို ဖန်တီးနေသည်ဟု ထင်ခဲ့၏။

 

သို့သော် သူက ကောင်လေး၏ မိဘမဟုတ်၊ ထို့ကြောင့် ချော့ပေးရန် စိတ်ကူးလည်း လုံးဝ မရှိချေ။

 

သူ့အနေနှင့် ထိုကောင်လေး၏ စိတ်ကို ထိခိုက်စေခဲ့သည်ဟု ယုံကြည်ထားသောကြောင့် ဖုန်း၏ အခြားတစ်ဖက်တွင် တိတ်ဆိတ်သွားသည်။ သို့သော် စိုးရိမ်ပူပန်ခြင်းအစား၊ သူက ကျေနပ်မှုကိုသာ ခံစားရသည်။ မာနကြီးပြီး ဦးနှောက်မရှိသော သူဌေးသားများကို သူတို့နေရာတွင် ပြန်ထားခြင်းထက် ပိုမို နှစ်သက်စရာ ဘာမှ မရှိချေ။

 

ထိုအတောအတွင်း၊ စုကျီဆွေ့က သူ၏ စကားလုံးများကို စနစ်တကျ စီစဉ်ရန် ကြိုးစားနေခဲ့သည်။

 

ဤမျှ ရှည်လျားသော စကားကို နောက်ဆုံးပြောခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သောကြောင့်၊ သူက စကားမပြောမီ သူ၏ စိတ်ထဲတွင် ကတ္တား၊ ကြိယာနှင့် ကံပုဒ်တို့ကို သေသေချာချာ စီတန်းထားခဲ့သည်။

 

အချိန်များ ကုန်လွန်သွား၏။ စုပါးပါးက သူ၏ သားအတွက် ထပ်မံ ထောက်ခံပြောရန် ပြင်ဆင်နေချိန်၌– ဧည့်ခန်းအတွင်းတွင်  ကြည်လင်သော လူငယ်တစ်ဦး၏ အသံ ထွက်ပေါ်လာသည်–နူးညံ့သောအသံဖြစ်သော်လည်း ခိုင်မာပြီး တည်ငြိမ်၏။

 

"ကျွန်တော် နောက်နှစ်အထိ မစောင့်နိုင်တော့ဘူး။ ဒီစက်တင်ဘာလဆို CFO1 ကို ဝင်မယ်"

 

နာကျင်မှုကို ကြာရှည် ခံစားစေမည့်အစား ပတ်တီးကို ရုတ်တရက် ဆုတ်ဖြဲလိုက်ခြင်းက ပိုကောင်း၏။ သူက ကျောင်းမသွားရအောင် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ရမည်ဆိုလျှင်လည်း—ဖြစ်ပါစေတော့။

 

"ဘာ?..." ဧည့်ခန်းထဲရှိ လူတိုင်း၏ မျက်လုံးများမှာ သူ့ဆီသို့ ရုတ်တရက် ရောက်လာကြသည်။ ပုံမှန်အားဖြင့် အေးဆေးတည်ငြိမ်သော ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်ပင် အံ့အားသင့်စွာ မအော်ဘဲ မနေနိုင်ခဲ့ချေ။

 

သို့သော် စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ ဖုန်းမှ ရယ်သံ ထွက်ပေါ်လာ၏– ယခုနှစ်၏ အကောင်းဆုံးဟာသကို ကြားလိုက်ရသကဲ့သို့ လှောင်ပြောင်သံနှင့် ပျော်ရွှင်သံများဖြင့် ပြည့်နှက်နေသည်။ "ကောင်းပြီလေ။ သြဂုတ်လ ၂၀ ရက်နေ့မှာ ကျောင်းစာမေးပွဲတစ်ခု ရှိတယ်။ ပြိုင်ပွဲဝင် ကျောင်းသားအားလုံး ဖြေရမှာ။ မင်းက နှစ်တွေအကြာကြီး ပြင်ဆင်လာတဲ့ ကျောင်းသားတွေကို– တစ်လကျော်လေးအတွင်းမှာ– ကျော်ဖြတ်နိုင်မယ်လို့ တကယ်ထင်ရင် ဆက်လုပ်လိုက်ပေါ့။ လုပ်စရာရှိ‌သေးလို့ အခု ဖုန်းချလိုက်မယ်"

 

ဖုန်းခေါ်ဆိုမှုက အေးစက်စက် 'ကလစ်' သံဖြင့် ပြီးဆုံးသွားသည်။

 

စုမိသားစု တစ်စုလုံးက စုကျီဆွေ့၏ ပြောစကားကြောင့် တုန်လှုပ်နေဆဲပင်။

 

စုကျီဆွေ့သည် လူမှုဆက်ဆံရေးကိစ္စ နောက်ဆုံးတွင် ပြီးဆုံးသွားသည့်အတွက် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး၊ စားပွဲပေါ်တွင် ပုံနေသော လေ့လာရေး ပစ္စည်း တောင်ကြီးကို ကောက်ယူကာ သူ့အခန်းရှိ စာအုပ်စင်ဆီသို့ သယ်သွားရန် စီစဉ်တော့သည်။

 

စုမင်ယွီက မတ်တပ်ရပ်ပြီး အုတ်ခဲများထက် ပိုမိုထူထဲသော စာအုပ်ပုံကို သယ်ရာတွင် ကူညီပေး၏။ "နားမလည်တာ ရှိရင် ကောကိုသာ လာမေး။ ငါလည်း ဒီပစ္စည်းတွေကို လေ့လာဖူးတာပဲ"

 

စုပါးပါးနှင့် စုမားမားတို့က နောက်ဆုံးတွင် သူတို့၏ ထိတ်လန့်ခြင်းမှ ရုန်းထွက်လာကြသည်။

 

စုမားမားက ပြောလိုက်သည်။ "မားမားက မင်းကို ယုံတယ်နော်။ မင်း ဘယ်လို ဆုံးဖြတ်ချက် ချချ မားမား ထောက်ခံပေးမယ်"

 

စုပါးပါးက သူ၏ ဖုန်းကို တစ်ဖန် ကောက်ကိုင်လိုက်သည်။ "မင်းအတွက် မြို့တော်က ရွှေတံဆိပ်ဆုရ နည်းပြဆရာတစ်ယောက်ကို သင်ခန်းစာတွေ အသံသွင်းပေးဖို့ စီစဉ်ပေးမယ်။ ဗီဒီယိုတွေ ကြည့်ပြီး ကိုယ့်ဘာသာ လေ့လာပေါ့"

 

စုကျီဆွေ့ လှုပ်ရှားမှု ရပ်တန့်သွား၏။

 

သူက 'လူမှုဆက်ဆံရေး' ဟူသော သဘောတရားကို သူ၏ ကိုယ်ပိုင် အဘိဓာန်မှ  ဖယ်ရှားထားခဲ့သည်– ဆိုလိုသည်မှာ သူ၏ စိတ်ခံစားမှုများကို သိမြင်နိုင်စွမ်းက အလွန် တုံးသွားပြီဖြစ်သည်။

 

ထို့ကြောင့် ယခုမှသာ သူက ဖြည်းညှင်းစွာ သဘောပေါက်လိုက်သည်– ချစ်ခြင်းမေတ္တာ ခံစားရခြင်းမှာ ဤသို့ပင် ဖြစ်သည်။ နွေးထွေး၍ ဝေဝါးသော ခံစားမှုက ရင်ဘတ်ထဲသို့ ပျံ့နှံ့သွားပြီး၊ မျက်ရည်ကျချင်စိတ်ဖြင့် နှာခေါင်းက ကျဉ်တက်လာ၏။

 

သို့သော် သူ့မိသားစု၏ ချစ်ခြင်းမေတ္တာက မှန်ကန်သကဲ့သို့၊ သူတို့၏ အလုပ်များသော အချိန်ဇယားများလည်း မှန်ကန်နေသည်။

 

သူနှင့်အတူ ပျော်ရွှင်ဖွယ် မွေးနေ့သီတင်းပတ်ကို ကုန်ဆုံးပြီးနောက် သူ၏ စိတ်ကျန်းမာရေး တိုးတက်လာကြောင်း အတည်ပြုရန် ဆေးရုံသို့ ခေါ်ဆောင်စစ်ဆေးပြီးနောက်၊ စုပါးပါးနှင့် စုမားမားတို့က မတူညီသော မြို့များသို့ ပြန်လည် ထွက်ခွာသွားရချေပြီ။

 

ကောလိပ်ပြီးသည်နှင့် လုပ်ငန်းကို လွှဲယူထားသော စုမင်ယွီသည်လည်း အလုပ်များနေဆဲပင်။

 

ထို့ကြောင့် ထိုအိမ်ကြီးထဲတွင် စုကျီဆွေ့သာ ထပ်မံ ကျန်ရစ်ခဲ့ရတော့သည်။

 

ကံကောင်းထောက်မစွာပင်၊ စုပါးပါးနှင့် စုမားမားတို့က ဆူညံသံကို မနှစ်သက်ကြသောကြောင့် အိမ်တွင် အမြဲနေသော ဝန်ထမ်းများ မရှိချေ။ နေ့လယ်စာနှင့် ညစာ ချက်ပြုတ်ရန် သတ်မှတ်ထားသော အချိန်များတွင် လာရောက်သန့်ရှင်းရေးလုပ်သည့် အချိန်ပိုင်း အိမ်အကူများသာ ရှိသည်။

 

အိမ်အကူများ ရောက်လာတိုင်း၊ စုကျီဆွေ့က သူ၏ အခန်းထဲတွင် ပုန်းနေပြီး၊ သူတို့ ထွက်သွားမှသာ ပျော်ရွှင်စွာ ထမင်းစားရန် ထွက်လာလေ့ရှိသည်။

 

သူ၏ မိဘများနှင့် အစ်ကိုကို လွမ်းဆွတ်ခြင်းမှလွဲ၍ သူတွင် နောက်ထပ် ပိုမို စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခု ရှိနေသေး၏။

 

သူက ပြိုင်ပွဲမေးခွန်းများကို နားမလည်နိုင်တော့ပေ။

 

Maxwell’s equations၊ Helmholtz decomposition၊ Schrödinger’s equation၊ Poisson’s equation... စသည့် နာမည်များက ရင်းနှီးနေသော်ငြားလည်း၊ ဖော်မြူလာများက လုံးဝ သူစိမ်းများကဲ့သို့ ဖြစ်နေသည်။

 

{T/N Physical အီကွေးရှင်း တွေပါ Oc တုန်းက အတန်းလစ်တော့ သိပ်နားမလည်🤣}

 

မြို့တော်၏ နံပါတ် (၁) အထက်တန်းကျောင်းတွင် ကျောင်းစာမေးပွဲကို တစ်လကျော်သာ လိုတော့ချိန်တွင် စုကျီဆွေ့မှာမူ စားချိန်နှင့် အိပ်ချိန်မှလွဲ၍ နိုးထနေသည့် အချိန်တိုင်း အသိပညာများကို ရိုက်သွင်း လေ့လာနေခဲ့သည်။

 

 သို့သော် ပြိုင်ပွဲမေးခွန်းများသည် ကိုယ့်ဘာသာ လေ့လာခြင်းကို ဆန့်ကျင်သည့် အတားအဆီးများ တည်ဆောက်ထားသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် ဖခင် အသံသွင်းခိုင်းထားသော နည်းပြမှာလည်း ဗီဒီယိုများကို အချိန်ပိုဆင်း၍ အပြီးသတ်နေဆဲဖြစ်၏။ ထို့ကြောင့် စုကျီဆွေ့ မေးခွန်းခက်ခက်တစ်ခုတည်းအား နာရီပေါင်းများစွာ စိုက်ကြည့်နေရသည်ကို ခဏခဏ တွေ့ရသည်—ပြီးနောက် ရှင်းပြချက်များကို ကြည့်ရင်း စားပွဲပေါ်၌ပင် အိပ်ပျော်သွားတတ်သည်။ 

 

တစ်ဖန် သူက အိပ်မက်ဆိုးတစ်ခုထဲသို့ ပြန်ရောက်သွား၏– ထူးဆန်းသော အရိပ်မည်းများက သူ့အား လိုက်ဖမ်းနေကြသည်။ သို့သော် ဤတစ်ကြိမ်တွင် သူက အံ့သြစရာကောင်းလောက်အောင် တည်ငြိမ်နေပြီး၊ ပြေးဖို့ပင် စိတ်မဝင်စားတော့ပေ။ 

 

ထင်သည့်အတိုင်းပင်၊ ဗီလိန်များက သူ့ဆီသို့ ရောက်ခါနီးအချိန်တွင်၊ တောက်ပသော အလင်းရောင်ရှိသည့် လူတစ်ယောက်က ကောင်းကင်မှ ဆင်းသက်လာပြီး၊ မျက်စိကျိန်းစရာ၊ ဖြောင့်မတ်သော စွမ်းအင်ရောင်ခြည်တစ်ခုဖြင့် ထိုလူဆိုးများကို ပစ်လွှတ်လိုက်၏။ 

 

မကောင်းဆိုးဝါးကို နှိမ်နင်းပြီးနောက်၊ အလင်းဆောင်သူက သူ့အား လှည့်ကြည့်၏– ထိုအချိန်၌ Speedsters Club တွင် သူ့အပေါ် စွဲလန်းစေခဲ့သော ခန့်ညားသည့် မျက်နှာကို ဖော်ပြနေသည်။ ထိုလူက နူးညံ့သောအသံဖြင့် ပြောလိုက်သည်။ "ဘုရားသခင် မင်းကို ကောင်းချီးပေးပါစေ" 

 

အိပ်မက်က ထိုနေရာ၌ပင် ပြီးဆုံးသွားသည်။ 

 

စုကျီဆွေ့ နိုးလာသောအခါ တံတွေးများနှင့် စိုစွတ်နေသည့် ပြိုင်ပွဲပြင်ဆင်ရေးစာအုပ်ကို စိုက်ကြည့်နေမိသည်– ဤအိပ်မက်ဆိုးက ... တကယ်တော့ အရမ်း စောစောစီးစီး ပြီးဆုံးသွားသည်ဟု ခံစားရသည်။ 

 

စုကျီဆွေ့ သူ၏  တွဲလောင်းကျနေသော ကာတွန်း ယုန်ပေါက်လေး ဆွဲသီးနှင့် ဘောပင်–ကို ကောက်ယူလိုက်ပြီး စာမျက်နှာ၏ သန့်ရှင်းသော အပိုင်းတစ်နေရာတွင် သူ ယခင်က တွေ့ခဲ့ဖူးသော ထိုလူ၏ နာမည်ကို ဂရုတစိုက် ရေးမှတ်လိုက်သည်။ ထို့နောက် ပါးကို ဖောင်းလိုက်ပြီး ယင်းကို ထိုင်ကြည့်ရင်း သဘောကျနေခဲ့သည်။ 

 

... ထိုစဉ်က ထိုလူ၏ ဆက်သွယ်ရန်အချက်အလက်ကို တောင်းခဲ့သင့်သည်။ 

 

A ကဲ့သို့ ကြီးမားသော မြို့ကြီးတစ်မြို့၌ လူပင်လယ်ကြီး ဝန်းရံနေသည့်အခါ ထပ်မံ တွေ့ဆုံရန် အခွင့်အရေးက နည်းပါးလှသည်။ 

 

သူက စိတ်ပျက်ပျက်ဖြင့် နှုတ်ခမ်းဆူလိုက်၏။ 

 

သို့သော် အိပ်မက်များမှာ အဆုံးသတ်ရမည်သာဖြစ်ပြီး၊ ယခုအခါ ပြဿနာဖြေရှင်းရမည့် ကြမ်းတမ်းသော လက်တွေ့အခြေအနေသို့ ပြန်သွားရန် အချိန်တန်ပြီ— 

 

သူ လုံးဝ နားမလည်နိုင်သော ရှင်းပြချက်များပါသည့် ပြိုင်ပွဲမေးခွန်းအနည်းငယ်ကို စုဆောင်းထားခဲ့ပြီး သူ့အစ်ကိုအား တစ်ပြိုင်နက်တည်း အကူအညီတောင်းရန် စီစဉ်ထား၏။ 

 

ထိုနေ့တွင် သူ၏ အစ်ကိုနှင့် မိခင်နှစ်ဦးစလုံး အိမ်ပြန်လာခဲ့ကြသည်။ 

 

စုကျီဆွေ့ ဧည့်ခန်း ကော်ဇောပေါ်တွင် ထိုင်နေပြီး၊ စားပွဲပုပေါ်တွင် သင်ရိုးညွှန်းတမ်းများကို ဖြန့်ကျက်ထားကာ၊ ထမင်းစားခန်းတွင် သူတို့ စကားပြောဆိုမှု ပြီးဆုံးမည့်အချိန်ကို စောင့်ရင်း ရေးခြစ်ကာ ပြဿနာများကို ဖြေရှင်းနေခဲ့သည်– ထိုသို့ဆိုလျှင် သူ၏ အစ်ကိုအား မေးခွန်းများ မေးနိုင်မည်ဖြစ်သည်။ 

 

. . . . . 

 

"ငါ့ကို စည်းရုံးဖို့ မကြိုးစားနဲ့" စုမားမားက သူမ၏ အသံကို လျှော့ချလိုက်သည်။ "ငါ ဒီနေ့ ပြန်လာတာ ဒီကိစ္စကြောင့်ပဲ" 

 

စုမင်ယွီက တည်ငြိမ်စွာ ပြန်ဖြေသည်။ "စေ့စပ်ပွဲကတော့ ရှိနေဆဲပဲ။ တွေ့တောင် မတွေ့ဘဲနဲ့ ငြင်းလိုက်ရင် ဆွေ့ဆွေ့ရဲ့ နာမည်အတွက် မကောင်းဘူးလေ" 

 

"လူကိုယ်တိုင် သွားတွေ့ပြီးပြီလေ။ ဘာကို မျှော်လင့်နေသေးတာလဲ?" 

 

စုမင်ယွီက ပြောလိုက်သည်။ "ပြီးတော့ ကျွန်တော်တို့က ကလေးကို အလိုလိုက်လွန်းနေတယ်၊ ဆွေ့ဆွေ့က အရမ်း အလိုလိုက်ခံရလို့ မာနကြီးနေတယ်လို့ လူတွေ ပြောလာကြရင်– အဲဒါက သူ့ရဲ့ နာမည်ကို ပိုပြီး ထိခိုက်စေမှာ မဟုတ်ဘူးလား?" 

 

စုမားမား၏ ဒေါသက ထွက်ပေါ်လာပြီး သူမ၏ အသံကလည်း မထင်မှတ်ဘဲ မြင့်လာသည်။ "နာမည်က အရေးကြီးတာလား၊ သူ့အသက်က အရေးကြီးတာလား? ငါ သေချာစုံစမ်းပြီးပြီ– လူတိုင်းက ကုမိသားစုရဲ့ သားက ကြောက်စရာကောင်းတယ်လို့ ပြောနေကြတာ။ အကြမ်းဖက်တယ်။ မကောင်းဆိုးဝါးလိုပဲတဲ့။ သူတို့အိမ်မှာဆိုလည်း Cctv တွေချည်းပဲတဲ့။ သူက ကုမိသားစုရဲ့ အရံအဖွဲ့တွေကိုပဲ ထိန်းချုပ်တာ မဟုတ်ဘူး– သူ့ရဲ့ မိဘတွေကိုပါ ချုပ်ကိုင်ခြယ်လှယ်နေတာ... သွေးအေးပြီး ရှက်လည်းမရှက်ဘူး။ သူ့ရဲ့ပိုင်ဆိုင်လိုစိတ်က ရောဂါဖြစ်တော့မယ့်အတိုင်းပဲတဲ့" 

 

စုမင်ယွီ၏ မျက်နှာအမူအရာက မပြောင်းလဲပေ။ "သူက အဲဒီလိုလူမျိုး မဟုတ်ပါဘူး" 

 

"မင်းက သူ့ရဲ့အတွင်းစိတ်ကို တကယ်သိလို့လား?" စုမားမားက ပြန်ပုတ်ခတ်လိုက်သည်။ "ငါကြားထားတာတွေ ပြောပြမယ် - သူက သူ့မိန်းမကို အမြဲတမ်းအခန်းထဲမှာ လှောင်ထားပြီး ငှက်ကလေးလို ထားမယ်လို့ ပြောဖူးတယ်။ အပြင်ကို ဘယ်တော့မှ မထွက်ခိုင်းဘူးတဲ့။ ဒါဆိုရင် သူ့ကိုပဲ မှီခိုပြီး အသက်ရှင်ရတဲ့ အသုံးမကျတဲ့ မိန်းမ ဖြစ်သွားမှာပေါ့တဲ့။ အဲဒါတွေက သူပြောခဲ့တဲ့စကားတွေပဲ။ မင်းက စိတ်မခိုင်သေးတဲ့ မင်းရဲ့ညီလေးကို အဲ့လိုဘဝထဲ တွန်းပို့ချင်နေသေးတာလား?"

 

စုမင်ယွီ တိတ်ဆိတ်သွားသည်။ 

 

သူ၏ မျက်လုံးထောင့်မှ စုကျီဆွေ့ကို လှမ်းကြည့်လိုက်သည်။ 

 

ကောင်လေးမှာ ပြဿနာဖြေရှင်းခြင်းမှ စိတ်လွင့်သွားပုံရပြီး၊ သူ၏ ဘောပင်ပေါ်ရှိ ယုန်ပေါက် ဆွဲသီးလေးကို မေ့မေ့လျော့လျော့ ဆော့ကစားနေသည်။ သူက အပြစ်ကင်းစင်ပြီး နူးညံ့သည်– အနည်းငယ်သော ခြိမ်းခြောက်မှုနှင့်ပင် ကြောက်လန့်တကြား ပုန်းအောင်းသွားမည့် ကလေးမျိုး– ကြောက်လန့်တကြား တုန်ယင်ပြီး ထပ်မံ ထွက်မလာဝံ့တော့မည့် ပုံမျိုးပင်။ 

 

အစက စုမင်ယွီသည် ဤစေ့စပ်ပွဲကို အသုံးပြုပြီး ညီလေး၏ မာနကို အနည်းငယ် လျှော့ချပေးလိုခဲ့သည်– ကောင်လေးအား အပြင်လူများမှာ မည်မျှ အေးစက်ပြီး လျစ်လျူရှုတတ်ကြောင်းကို အတွေ့အကြုံပေးရန် ဖြစ်သည်။ 'ငါက ဒီကမ္ဘာကြီးရဲ့ ဘုရင်ပဲ...' ဆိုသော သဘောထားကို သူ့ထဲကနေ ထုတ်ပစ်ဖို့ ဖြစ်သည်။ 

 

သို့သော် ယခုအခါ ပထမဆုံးအကြိမ်အဖြစ် သူ တုံ့ဆိုင်းသွားခဲ့သည်။ 

 

သူ၏ ညီလေးက ထိုအဖြစ်ဆိုးပြီးနောက် ဘယ်လောက်အထိ နာကျင်ထိခိုက်လွယ်နေသည်ကို ထည့်သွင်းစဉ်းစားကြည့်လျှင်၊ ဒါက ... တကယ်ကြီး အကြံ‌ကောင်း မဟုတ်ပေ။ 

 

 

. . . . . 

 

တကယ်တော့ စုကျီဆွေ့တစ်ယောက် သူ၏ အစ်ကိုက 'စေ့စပ်ပွဲ' ဆိုတဲ့ စကားလုံးကို ပထမဆုံး စပြောခဲ့သည့် အချိန်ကတည်းက တိတ်တိတ်လေး ချောင်းနားထောင်နေခဲ့ခြင်းပင်။ 

 

ပထမတော့ သူ ကြောက်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စေ့စပ်ပွဲဆိုသည်က သူစိမ်းတစ်ဦးနှင့် တွေ့ဆုံရမည်ကို ဆိုလိုသောကြောင့်တည်း။ 

 

သို့သော် ထို့နောက် သူ၏ မိခင် ပြောခဲ့သည့် စကားကို ကြားလိုက်ရ၏– 

 

လှောင်အိမ်ထဲက ငှက်လေးတစ်ကောင်လို၊ အိမ်က ဘယ်တော့မှ မထွက်၊ လူ့အသိုင်းအဝိုင်းနဲ့ လုံးဝ အဆက်ပြတ်... လူမှုဆက်ဆံရေး မရှိ၊ ဘဝတစ်လျှောက်လုံး သူ့ရဲ့ အိမ်ထောင်ဖက်နဲ့သာ ရှိနေရမည်။ 

 

စုကျီဆွေ့တစ်ယောက် အနည်းငယ် ... သွေးဆောင်ခံလိုက်ရသည်။ 

 

သို့သော် သူ စောင့်ပြီးရင်း စောင့်နေခဲ့သော်လည်း၊ သူ၏ အစ်ကိုက နောက်ထပ် ဘာမှ ဆက်ပြောသည်ကို မကြားရချေ။ 

 

သူ စိုးရိမ်လာသဖြင့် သူ အစောပိုင်းက ပြင်ဆင်ထားသော ပြိုင်ပွဲမေးခွန်းများကို ကောက်ယူပြီး လူကြီးနှစ်ဦးဆီသို့ ပြေးသွားကာ သူ၏ အစ်ကို၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်သည်။ 

 

"အင်း? ဘာလဲ?" ဒီရက်တွေမှာ စုမင်ယွီက သူ၏ ညီလေးအား စကားပြောသည့်အခါ အသံကို ပျော့ပျောင်းစွာ ပြောဆိုသည့် အကျင့် ရသွားခဲ့သည်။ 

 

စုကျီဆွေ့က ပြိုင်ပွဲပြင်ဆင်ရေးစာအုပ်ကို လက်နှစ်ဖက်ဖြင့် မြှောက်ပြကာ အချက်ပြလိုက်သည်။ "တစ်ခုခု လိုလို့" 

 

စုမားမားက ညင်သာစွာ ပြုံးလိုက်ပြီး ဝင်ပေါက်ဘက်သို့ ဦးတည်သွားသည်။ "ဒါဆို သား၊ ကောနဲ့ စကားပြောလိုက်ဦးနော်၊ မားမား လုပ်စရာတစ်ခု ရှိသေးလို့" 

 

အခြေအနေက သူ မမျှော်လင့်ထားသည့်ဘက်သို့ ဦးတည်သွားနေသည်။ စုကျီဆွေ့က စာအုပ်ကို အလျင်အမြန် ချလိုက်ပြီး အော်ခေါ်လိုက်သည်။ "မားမား..." 

 

စုမားမားက ချက်ချင်း လှုပ်ရှားမှု ရပ်တန့်သွား၏။ စုကျီဆွေ့က သူ့ကို 'မားမား' ဟု ခေါ်လေ့ရှိသော်လည်း ဤမျှ အသံကျယ်လောင်ပြီး ရှင်းလင်းပြတ်သားစွာ ခေါ်သည်မှာ အလွန် ရှားပါးသည်။ 

 

"စေ့... စပ်မယ်" 

 

သူ၏ မိခင် ထွက်မသွားမီ စကားကို အပြီးမပြောနိုင်မည်ကို စိုးရိမ်သဖြင့် စုကျီဆွေ့က သူ့ကိုယ်သူ အမြန် လက်ညှိုးထိုးပြကာ သူ၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည့်အရာကို ပြောလိုက်သည်။ "သား သွားချင်တယ်" 

 

သူ၏ စကားများက တိုတောင်းပြီး တုံ့ဆိုင်းနေသော်ငြားလည်း၊ စကားလုံးတိုင်းက ဗုံးတစ်လုံးကဲ့သို့ပင်။ စုမားမားနှင့် စုမင်ယွီနှစ်ဦးစလုံး အံ့အားသင့်ကာ အေးခဲသွားကြသည်။ 

 

"မင်း ငါနဲ့ မားမား စကားပြောတာကို ချောင်းနားထောင်နေတာလား?" စုမင်ယွီက မျက်မှောင်ကြုတ်ကာ သူ၏ ညီလေးကို စိုက်ကြည့်လိုက်သည်– ထိုကောင်လေးက အလွန် သန့်စင်ပြီး အပြစ်ကင်းစင်နေသဖြင့် စက္ကူဖြူတစ်ရွက်ကို စိုက်ကြည့်နေရသကဲ့သို့ပင်။ "ဒါကို မားမားပဲ ဖြေရှင်းပါစေ။ ငါ ထပ်စဉ်းစားကြည့်ပြီးပြီ– ကုယီလန်က မင်း တွေ့သင့်တဲ့လူ မဟုတ်ဘူး။ မင်း..." 

 

ထိုဝါကျ၏ အစကို ကြားလိုက်သောအခါ စုကျီဆွေ့တစ်ယောက် တိတ်တဆိတ် ကန့်ကွက်သည့်အနေဖြင့် သူ၏ ဖြူဖျော့ဖျော့ ပါးများကို ဖောင်းလိုက်သည်။ 

 

သို့သော် ထို့နောက် ကုယီလန် ဟူသော နာမည် ထွက်ပေါ်လာသည်။ 

 

သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏– တစ်စုံတစ်ယောက်က သူ့ခေါင်းကို ရိုက်လိုက်သကဲ့သို့ပင်။ သူ၏ နှလုံးခုန်သံက ကြမ်းတမ်းစွာ မြည်နေပြီး၊ အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာသည်– ယုံကြည်လို့ မရလောက်အောင် ဖြစ်သဖြင့် စဉ်းစားရုံနှင့်ပင် ကြောက်ရွံ့စရာ ဖြစ်၏။ 

 

သူ၏ လက်ဖဝါးများက ချွေးစေးများဖြင့် ရွှဲနေပြီး၊ ရုတ်တရက် ဘာကိုမှ ကိုင်ထားရန် ခွန်အား မရှိတော့ချေ။ ထို့ကြောင့် သူက စာအုပ်နှင့် ဘောပင်ကို သူ၏ အစ်ကို လက်ထဲသို့ တည့်တည့် ထိုးထည့်လိုက်သည်။ 

 

"ကော..." စုကျီဆွေ့၏ မျက်လုံးများက တောက်ပနေသည်။ "နာမည်က?" 

 

စုမင်ယွီက စာအုပ်၏ ဗလာစာမျက်နှာပေါ်တွင် 'စုမင်ယွီ' ဟု ရေးတော့မည့်အချိန်တွင် မရှင်းမလင်းဖြစ်သွားပြီး ခေတ္တရပ်တန့်လိုက်သည်။

 

အနည်းငယ် စိုးရိမ်ထိတ်လန့်သွားသဖြင့် စုကျီဆွေ့က သူ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ "သူ့နာမည်က ဘာလဲ?" 

 

စုမင်ယွီတစ်ယောက် ပဟေဠိဖြစ်နေဆဲပင်ဖြစ်သော်လည်း သူ၏ ညီလေး၏ အကြံအတိုင်း လိုက်ကာ ကုယီလန် ဟူသော နာမည်ကို ရေးချလိုက်သည်။ သူက အသံထွက်ပင် ဖတ်ပြလိုက်၏။ "ကူယီလန်။ အဲဒါ သူ့နာမည်။ ဘာဖြစ်လို့လဲ?" 

 

ထိုရင်းနှီးသော နာမည်ကို မြင်လိုက်သည်နှင့် စုကျီဆွေ့က မဆိုင်းမတွပင်။ "ကျွန်တော် သွားချင်တယ်" 

 

သူတို့ ကောင်းကောင်း မကြားလိုက်မည်ကို စိုးရိမ်သဖြင့် သူက နူးညံ့သော်လည်း ခိုင်မာသောအသံဖြင့် ထပ်ခါတလဲလဲ ပြောလိုက်သည်။ "ဆွေ့ဆွေ့ သွားချင်တယ်" 

 

စုမားမားတစ်ယောက် အံ့အားသင့် တိတ်ဆိတ်နေရာမှ ပြန်လည် ထွက်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။ "သားငယ်လေး၊ သား တစ်ခုခု မှားနေတာ ဖြစ်ရမယ်။ ကုယီလန်က သား ကောရဲ့ ကောလိပ်တုန်းက အတန်းဖော်။ သူက လူကောင်းမဟုတ်ဘူး။ မားမားတို့ သူ့ကို မတွေ့ဘူး၊ ဟုတ်ပြီလား?" 

 

သို့သော် စုကျီဆွေ့၏ မျက်လုံးများက ပို၍ပင် တောက်ပလာသည်။ သူက သူ၏ အစ်ကိုဆီသို့ လှည့်လိုက်သည်။ "အတန်းဖော်?" 

 

စုမင်ယွီက မချေမငံဝန်ခံလိုက်သည်။ "A သက္ကသိုလ်မှာ ငါတို့ ဌာနက အတန်းတစ်ခုပဲ ရှိတာ။ အဲ့တာမို့... အင်း၊ ငါတို့ အတန်းတူခဲ့တယ်" 

 

စုကျီဆွေ့က သူ၏ အစ်ကို၏ လက်ထဲရှိ ပြိုင်ပွဲစာအုပ်ကို ငုံ့ကြည့်လိုက်သည်။ 

 

သူ၏ အစ်ကိုက သူနှင့် ဘာသာရပ်တူကို လေ့လာခဲ့ပြီး၊ ကုယီလန်က သူ၏ အစ်ကိုနှင့် ဘာသာရပ်တူကို လေ့လာခဲ့သည်ဆိုလျှင်... ဒါဆို...... 

 

စုမင်ယွီက ထိုရက်သတ္တပတ်ကုန်တွင် ကုယီလန်နှင့် တွေ့ရန် ချိန်းဆိုထားပြီးဖြစ်၍ ဖျက်သိမ်းလိုခြင်း မရှိပေ။ ထို့အပြင် စုမားမားက– ပုံမှန်အားဖြင့် စီးပွားရေးလောကတွင် သြဇာကြီးသူဖြစ်သော်လည်း– သူမ၏ သားငယ်လေးနှင့် ပတ်သက်လာလျှင် လုံးဝ အရည်ပျော်ကျသွားခဲ့သည်။ သူမ၏ စည်းမျဉ်းများ အားလုံး ပျောက်ကွယ်သွား၏။ 

 

"သွားချင်တယ်၊ သွားချင်တယ်" ဟု ထပ်ခါတလဲလဲ ပြောနေသော ကြက်တူရွေးလေးနှင့် ရင်ဆိုင်ရသောအခါ၊ မကြာမီပင် ထိုနှစ်ဦးစလုံး လက်မြှောက်အရှုံးပေးလိုက်ပြီး အကူအညီမဲ့စွာ သက်ပြင်းချကာ သဘောတူလိုက်ကြချေပြီ။ 

 

စုမင်ယွီက စိတ်ပျက်စွာ ခေါင်းယမ်းလိုက်သည်။ "အေးပါ။ နံရံကို မတိုက်မချင်း မင်း လက်လျှော့မှာ မဟုတ်ဘူးပဲ။ ဒါဆို ဒီတပတ်ကုန်ကျရင် သူ့ကို သွားတွေ့လိုက်" 

 

"မင်း ငါ့ကို မေးစရာ မေးခွန်းတစ်ခု ယူလာတယ် မဟုတ်လား။ ပြောပါဦး–  ဘာလိုချင်တာလဲ?" 

 

သူက သူ့လက်ထဲသို့ ထိုးထည့်လိုက်သော ပြိုင်ပွဲပြင်ဆင်ရေးစာအုပ်ကို လှန်လိုက်သည်။ စာမျက်နှာများက အနည်းငယ် တွန့်လိမ်နေပြီး၊ ဘေးဘက်များတွင် ကာတွန်းဇာတ်ကောင် ပုံကြမ်းများ ပြန့်ကျဲနေသည်။ သို့သော် ထိုအောက်တွင် ကောင်လေးက တကယ်ကြီး ကြိုးစားလေ့လာနေခဲ့ကြောင်း ထင်ရှား၏။ 

 

စာမျက်နှာအချို့တွင် ထောင့်များကို ခေါက်ချထားသည်ကို သူ သတိထားမိသည်– ဖြစ်နိုင်သည်မှာ သူ၏ ညီလေး နားမလည်သော မေးခွန်းများဖြစ်ပြီး မေးမြန်းလိုသည့်အရာများ ဖြစ်မည်။ 

 

ခေါက်ချထားသော ထောင့်တစ်ခုဆီသို့ လှန်လိုက်ပြီး အနီးကပ်ကြည့်ရှုကာ ရှင်းပြရန် အသင့်ပြင်လိုက်စဉ်– 

 

စာအုပ်က ရုတ်တရက် ဆွဲယူခံလိုက်ရသည်။ 

 

"မလိုတော့ဘူး"  စုကျီဆွေ့က ပြောလိုက်သည်။ 

 

စာအုပ်ကို ဆွဲယူနေစဉ် သူ၏ အစ်ကို မင်သက်နေချိန်တွင် ဘောပင်ကိုလည်း ပြန်ယူလိုက်၏။ 

 

အလေးအနက်ထားသော မျက်နှာလေးဖြင့် ဘောပင်နှင့် စာအုပ် နှစ်ခုလုံးကို ကိုင်ကာ သူ၏ အိပ်ခန်းဆီသို့ ပြေးသွားပြီး တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ 

 

တင်းတင်းပိတ်ထားသော တံခါးကို စိုက်ကြည့်ရင်း... ထို့နောက် သူ၏ လက်ထဲမှ ဗလာဖြစ်နေသော လက်များကို စိုက်ကြည့်ရင်း… 

 

စုမင်ယွီ : "?" 

 

စုမင်ယွီ : "......”