အပိုင်း ၁၂၅ (End of Extra)
Viewers 28k

🐍Chapter 125
[Final chapter of Story]

  ရှုံးဟွီနှင့် မင်ရှဲ

မွေးဖွားလာသည့် အချိန်မှစကာ ရှုံးဟွီသည် သူ့မိဘတွေမှာ ကျောက်စိမ်းဧကရာဇ်နဲ့ မြေကမ္ဘာနတ်ဘုရားမ ဖြစ်ကြောင်း သိထားပြီးသားပင်။ အသန်မာဆုံး မဟုတ်ပေမဲ့လည်း ရှုံးဟွီ၏ ဖြစ်တည်မှုမှာ လွယ်လင့်တကူ ဖျောက်ပစ်ပစ်၍ မရနိုင်ပါချေ။ ရလဒ်အနေဖြင့် ရှုံးဟွီသည် အထိန်းအကွပ်မဲ့စွာ နေထိုင်လေသည်။

သို့သော်လည်း ကောင်းကင်ဘုံသည် ထိုအထိန်းအကွပ်မဲ့စွာ နေထိုင်မှုအား သည်းမခံနိုင်တော့ပုံ ရသည်။

ရှုံးဟွီ၏ လွတ်လပ်မှုမှာ ရှန်းရှန့်တောင်တွင် အဆုံးသတ်ခဲ့သည်။


ရှန်းရှန့်တောင်ပေါ်တွင် မင်ရှဲဟုခေါ်သည့် မြွေတစ်မျိုးရှိသည်။ မင်ရှဲ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်ဖြစ်ပြီး တောင်ပံလေးခု ပါရှိသည်။ မင်ရှဲ၏ အသံမှာ ကျောက်တုံးများ အက်ကွဲသံကဲ့သို့ပင်။ မင်ရှဲတွင် ရွှေနီရောင် အမြီးတစ်ခုရှိပြီး သူ့အား မြင်ရသည့် နေရာတိုင်းတွင် မိုးခေါင်တတ်သည်။ ဒဏ္ဍာရီများအရ မင်ရှဲ၏ တာဝန်မှာ ကမ္ဘာပေါ်ရှိ ရတနာများအား စောင့်ရှောက်ရန်ဖြစ်သည်။

ရှန်းရှန့်မှာ ရွှေနှင့် မီးဒြပ်စင် ပေါကြွယ်ဝသည့်နေရာ ဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် ပထမဆုံးမင်ရှဲ မွေးဖွားရာ ဖြစ်သည်။

သို့သော်လည်း ဤကမ္ဘာကြီးတွင် မင်ရှဲ တစ်ကောင်မက ရှိလေသည်။ ကမ္ဘာ့ရတနာများအား ရှာဖွေရန် ခက်ခဲလှသော်လည်း ကမ္ဘာကြီးမှာ ကြီးမားလှပြီး ရတနာများစွာရှိသည့်နေရာ တစ်ခုထက်မက ရှိလေသည်။ မင်ရှဲမှာ ဇီဇာကြောင်သူဖြစ်သော်လည်း မိုးကောင်းကင်အောက်ရှိ ကုန်းမြေပေါ်တွင် အဖိုးတန်ရတနာများရှိသည့် နေရာများစွာ ရှိလို့နေသည်။

မင်ရှဲ၏ သဘာဝမှာ လောဘကြီးသည်။ ရှန်းရှန့်တောင်ပေါ်တွင် သူမည်မျှပင် သုံးစွဲစေကာမူ ရွှေနှင့် မီးဒြပ်စင်များ ကုန်ခမ်းခြင်း မရှိချေ။ သို့သော်လည်း မင်ရှဲများအကြားတွင် သဟဇာတဖြစ်မှုမရှိကြပေ။ မင်ရှဲတိုင်းသည် တောင်တစ်ခုလုံးအား ထိန်းချုပ်ပိုင်စိုးလိုသည်။ သို့သော်လည်း ဤသည်မှာ လက်တွေ့မဆန်ချေ။ ရှန်းရှန့်မှာ မင်ရှဲများ၏ မွေးဖွားရာဇာတိ ဖြစ်သည့်အတွက် မင်ရှဲတစ်ကောင်တည်းသာ ပိုင်စိုးလို၍ မရချေ။ မင်ရှဲမှာ ရှန်းရှန့်တောင်မှ မွေးဖွားသည် ဖြစ်သဖြင့် ရှန်းရှန့် ရှိနေသ၍ မင်ရှဲများ မွေးဖွားနေဦးမည်ပင်။

သန်မာသည့်သူသာ ရှန်းရှန့်ပေါ်တွင် ကျန်ရစ်မည်ဖြစ်ပြီး သူတို့၏ ပိုင်နက်ကို သတ်မှတ်ပေမည်။ သန်မာသော်လည်း သူတို့၏ ကိုယ်ပိုင်ပိုင်နက်အား စွန့်လွှတ်လိုက်ရသည့် မင်ရှဲများမှာ အခြားသော နယ်မြေများသို့ သွားကာ ရတနာများ ရှာဖွေကြမည် ဖြစ်သည်။ ငယ်ရွယ်သည့်သူများမှာမူ ရှန်းရှန့် ပေါ်တွင် ကျန်ရှိနေသူများနှင့် တိုက်ခိုက်ရမည်ကို ကြောက်ရွံ့သည့်အတွက် ပုန်းလျှိုးကွယ်လျှိုးဖြင့် ရှိနေကြမည်ဖြစ်သည်။

ယခုအခါတွင် ရှန်းရှန့်မှ ထွက်ခွာမသွားရသေးသည့် သေးငယ်ကာ အားနည်းသည့် မင်ရှဲလေး တစ်ကောင်ဆီသို့ ကြည့်ကြပါစို့။ ထိုအချိန်တွင် ထိုအရာအား မင်ရှဲ မဟုတ်ဘဲ ‘ဟွမ်’ ဟု ခေါ်လေသည်။

ဟွမ်မှာ ခွန်အားအရာ၌ အားနည်းသော်လည်း အပြင်ဘက်ကမ္ဘာသို့ ထွက်ခွာရန် အဆင်သင့် ဖြစ်လို့နေလေပြီ။ ဟွမ်သည် လောဘကြီးသူ မဟုတ်ပေ။ ကမ္ဘာပေါ်ရှိ ရတနာများအား ရှာဖွေလိုခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဝူ-ယောင် စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည့်အတွက် ဝူဂိုဏ်းနှင့် ယောင်ဂိုဏ်းများစွာ ရှိနေသည်။ သူသာ ထွက်သွားမည်ဆိုလျှင် ဝူဂိုဏ်း သို့မဟုတ် ယောင်ဂိုဏ်း၏ ဖမ်းဆီးခြင်းခံရမည်ကို ဟွမ်ကြောက်နေမိသည်။ ထို့ကြောင့် ရွေးချယ်ရန်မရှိဘဲ ရှန်းရှန့်တောင်ပေါ်၌သာ ဆက်နေရတော့သည်။

(ဝူ နှင့် ယောင် အား Chapter 93 တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။)

ရှုံးဟွီ ဟွမ်အား တွေ့သည့်အချိန်၌ ဟွမ်မှာ မင်ရှဲတစ်ကောင်၏ ပိုင်နက်အတွင်း ရှိနေခြင်းဖြစ်ကာ ရွှေနှင့် မီးဒြပ်စင်အား ပုန်းလျှိုးကွယ်လျှိုး သုံးစွဲနေခြင်း ဖြစ်သည်။

အကြည့်တစ်ချက်နှင့်ပင် ဤမင်ရှဲမှာ ရွှေနှင့် မီးဒြပ်စင် ချို့တဲ့မှုကြောင့် ပိန်လှီကာ အားအင်ချည်နဲ့နေကြောင်း ရှုံးဟွီ သိလိုက်ရသည်။ သူ၏ ရွှေရောင်ခန္ဓာကိုယ်မှာ အလွန်အမင်း အရောင်မွဲလို့နေပြီး အတောင်ကြီးနှစ်ခုမှာလည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုပင် ပွေ့ဖက်နိုင်လေသည်။ မင်ရှဲ၏ အလျားကို သူစုပ်ယူသုံးစွဲခဲ့သည့် ရွှေနှင့် မီးဒြပ်စင် ပမာဏအပေါ် မူတည်၍ ဆုံးဖြတ်ရသည်။ ရှုံးဟွီတွေ့လိုက်သည့် ဤမင်ရှဲမှာ အလျား ၁၀ မီတာမျှသာလျှင် ရှိလေသည်။ ပျမ်းမျှအားဖြင့် မင်ရှဲတစ်ကောင်၏ အလျားမှာ ၃၀ မီတာခန့်ရှိပြီး အကြီးဆုံးအနေဖြင့် ၇၀ မှ ၈၀ မီတာခန့်အထိ ရှိနိုင်သည်။ ထိုကြောင့် သူမြင်နေရသည့် မင်ရှဲမှာ မည်မျှအားနည်းချည့်နဲ့နေကြောင်း သိနိုင်ပေမည်။

ဤမင်ရှဲမှာ ပိန်လှီကာ ချည့်နဲ့လို့နေသော်လည်း ရှုံးဟွီ၏ နှလုံးသားထဲတွင် အကြောင်းပြချက် မရှိဘဲ ရုတ်တရက် တုန်ယင်လာမိသည်။

ရှုံးဟွီမှာ သူ့စိတ်ထဲ ပေါ်လာသည့်အရာမှန်သမျှကို ပြုလုပ်တတ်သူဖြစ်ပြီး မင်ရှဲ၏နောက်တွင် တိတ်တဆိတ် ရပ်လို့နေသည်။

“မင်းနာမည်က ဘာလဲ..”

ဟွမ်သည် သူ၏ပတ်ပတ်လည်အား အဆက်မပြက် ကြည့်ရှုလိုက်သည်။ သို့သော်လည်း သူ၏ လက်ရှိခွန်အားအရ ရှုံးဟွီအား သတိပြုမိရန် မဖြစ်နိုင်ချေ။ ရှုံးဟွီ၏ အမေးစကားသည် ဟွမ်အား ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဤအခိုက်အတံ့တွင် သူ့အနေဖြင့် ရွှေနှင့် မီးဒြပ်စင်ကို သုံးစွဲဖို့ရန် ဂရုမပြုနိုင်တော့ပါ။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် ထွက်ပြေးဖို့ရန် စဉ်းစားလို့နေသည်။

ဟွမ် ခြေလှမ်းအနည်းငယ်မျှသာ သွားရသေးသော်လည်း ရှုံးဟွီမှ လမ်းပိတ်လာသည်။

ဤအချိန်တွင် ရှုံးဟွီမှာ လူခေါင်းနှင့် မြွေခေါင်းများအကြား ရွေးချယ်နိုင်စွမ်းရှိသည်။ ကံကောင်းစွာဖြင့် သူသည် မြွေခေါင်းအား ရွေးချယ်လိုက်သည်။ လူခေါင်းကိုးခေါင်းသာ ရှိနေမည်ဆိုလျှင် ဟွမ်မှာ ဤဝတ္ထုထဲ အဖြစ်အပျက်များ မဖြစ်ပွားမီမှာပင် သေဆုံးသွားမည်ဖြစ်သည်။

ဟွမ်သည် ရှုံးဟွီ၏ ခေါင်းကိုးလုံးအား မြင်သည့်အခါတွင် ကြောက်လန့်တကြား အော်ဟစ်လေသည်။ ထို့နောက်.. ထို့နောက်တွင်မှ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်လေသည်။ ထိုသည်မှာ မင်ရှဲတစ်ကောင် မဟုတ်သည်ကိုပင် ကျေးဇူးတင်ရပေမည်။ မင်ရှဲတစ်ကောင်သာ ဖြစ်နေပါက ဟွမ်မှာ ဤနေ့တွင်ပင် သေဆုံးသွားပေလိမ့်မည်။


_ဟွမ်ရေ.. ဒီကောင်က မင်းကို မသတ်ပါဘူးလို့ ဘာတွေကြောင့်များ ယုံကြည်နေရတာတုန်း..။

ရှုံးဟွီ မေးသည်။

“မင်းနာမည် ဘာလဲ..”

“ငါ့နာမည်က ဟွမ်ပါ..”

မင်ရှဲ သတိအပြည့်ဖြင့် ပြန်ဖြေသည်။

“ဟွမ် လား..”

ရှုံးဟွီ ခေါင်းညိတ်လိုက်သည်။

“ငါက ရှုံးဟွီ.. မင်းနဲ့ ခင်မင်ခွင့်ရတာ ဝမ်းသာပါတယ်..”

“ရှုံးဟွီလား..”

မင်ရှဲ ထိတ်လန့်တကြား ခုန်လိုက်သည်။

“ငါ မင်းအကြောင်း ကြားဖူးတယ်..”

ထိုသို့ပြောပြီးနောက်တွင် ထိုမင်ရှဲ စကားရပ်လိုက်ပြီးနောက် မျက်နှာတွင် မနာလိုမှုတို့ ယှက်သန်းလာသည်။

“ငါ မင်းကို တကယ်မနာလိုဘူး.. မင်းက နေ့တိုင်းနေ့တိုင်း ဗိုက်မပြည့်မချင်း စားနိုင်တယ်..”

အခြားသော မြွေတစ်ကောင်မှသာ ရှုံးဟွီအား ထိုသို့ပြောလာမည် ဆိုပါက ရှုံးဟွီသည် ထိုမြွေအား ရိုက်ပုတ်ခြင်း မပြုလျှင်ပင် ချက်ချင်းဆိုသလို အဝေးသို့ ထွက်သွားလိုက်မည်ဖြစ်သည်။ သို့သော်လည်း ဟွမ် ဟုခေါ်သည့် ဤမင်ရှဲနှင့် ရင်ဆိုင်ရသည့်အခါတွင် ရှုံးဟွီမှာ ထိုသို့သော အခြင်းအရာများကို ပြုလုပ်နိုင်စွမ်း မရှိပါလေ။

ရှုံးဟွီ ခေတ္တမျှ စဉ်းစားလိုက်သည်။

“မင်းလည်း စားနိုင်တယ်လေ..”

“ဟင်.. ငါ.. ငါ မစားနိုင်ဘူး.. ငါက အရမ်းအားနည်းလွန်းတယ်.. နေ့တိုင်းနေ့တိုင်း နည်းနည်းလေးပဲ စားစရာရှိတယ်.. ပြည့်ဝတဲ့အထိ လုံးဝ မစားနိုင်ဘူး..”

“အဲဒါဆိုရင် မင်း ငါနဲ့ လိုက်ခဲ့လေ..”

ဟွမ်သည် ရှုံးဟွီ၏ စကားကြောင့် ကြောင်အလို့နေမိသည်။ ရှုံးဟွီ၏ ထွက်ပေါ်လာမှုကပင် အံ့အားသင့်စရာ ကောင်းလို့နေပြီး သူ၏စကားလုံးများကြောင့် ဆွံ့အသွားလေတော့သည်။ ရှုံးဟွီ၏ လွတ်လပ်မှုကို ချစ်မြတ်နိုးသည့်အကြောင်းနှင့် ကတိပေးရခြင်းကို မနှစ်သက်ကြောင်း မသိသူ မည်သူရှိမည်နည်း။ ယခုတွင်မူ ရှုံးဟွီသည် တွေးတောခြင်းပင် မပြုဘဲ ထိုစကားများကို ပြောမိသည့်အတွက် သူ့ကိုယ်သူပင် အံ့အားသင့်လို့နေသည်။ သို့သော်လည်း ထိုစကားများအား ပြောမိခြင်းကြောင်း အနည်းငယ်မျှပင် နောင်တရခြင်း မရှိပေ။ ဟွမ်နှင့် အတူရှိရန်ပင် မျှော်လင့်နေမိသေးသည်။

ဟွမ်မှာ ရှုံးဟွီ၏ လွတ်လပ်မှုကို ပျော်မွေ့သည့် သဘာဝအား သိရှိထားခြင်း မရှိဘဲ သူနှင့်အတူ သွားလာလိုသည့် အတွက်သာ အံ့ဩလို့နေလေသည်။

“အဲဒါက အဆင်ပြေလို့လား.. မင်းကို ဒုက္ခများစေမှာ ငါကြောက်တယ်..”

ဟွမ်၏ စကားမှာ ကျိုးကြောင်းမသင့်သည်တော့ မဟုတ်ချေ။ ကုန်းမြေပေါ်တွင် ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာသည့် အနိဌာရုံများ ရှိနေသည့်အချိန် ဖြစ်သည်။ သူသာ ရှုံးဟွီနှင့် အတူထွက်သွားမည် ဆိုပါက ရှုံးဟွီသည် တိုက်ခိုက်နိုင်စွမ်း နည်းပါးသည့် မြွေတစ်ကောင်နှင့် ဖရိုဖရဲဒေသများအား ဖြတ်သန်းသွားရမည် ဖြစ်သည်။ ထိုအရာမှာ အလွန်အန္တရာယ်များလှသည်။

“မစိုးရိမ်ပါနဲ့.. ငါ မင်းကို ကာကွယ်မှာပါ..”

ရှုံးဟွီ တည်ကြည်စွာဖြင့် ကျိန်ဆိုသည်။ ထို့နောက်တွင် ဟွမ်အား ငြင်းဆိုခွင့်ပင် မပေးတော့ဘဲနှင့် ပြောလာသည်။

“မင်းအခု မြန်မြန်လေး စားလိုက်.. ငါ ဒီမှာနေပြီး ကာကွယ်ပေးထားမယ်.. ပြည့်ပြည့်ဝဝ စားသောက်ပြီးတာနဲ့ မင်းကို ခေါ်သွားပေးမယ်..”

ဟွမ် တုံ့ဆိုင်းနေပြီးနောက် သဘောတူလက်ခံလိုက်သည်။ ဤရှုံးဟွီမှာ တစ်စုံတစ်ရာအား ကြံစည်နေခြင်းဖြစ်မည်ဟု ဟွမ် စဉ်းစားမိသော်လည်း အတွေးယာဉ်ကြောအား ရပ်တန့်လိုက်ရသည်။ ရှုံးဟွီအနေဖြင့် ဟွမ်အား မည်သည့်ရည်ရွယ်ချက်ဖြင့် ကူညီနေရခြင်း ဖြစ်နိုင်မည်နည်း။

ဟွမ်သည် ရှုံးဟွီအား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရွှေနှင့် မီးဒြပ်စင်အား စိတ်နှစ်ကာ စုပ်ယူလို့နေသည်။

အဝေးတစ်နေရာတွင် ပုန်းအောင်းကာ အဖြစ်အပျက်များကို လေ့လာနေသည့် အစွမ်းထက် မင်ရှဲတစ်ကောင်သည် စိတ်ပျက်လက်ပျက်နှင့် သူ၏အမြီးအား လွှဲယမ်းကာ ထွက်သွားလေသည်။ ထိုမင်ရှဲမှာ အစွမ်းထက်သည် ဆိုသော်ငြား ရှုံးဟွီ၏ ပြိုင်ဘက် မဖြစ်နိုင်ပါစေ။ ထို့ကြောင့် ပိန်လှီလှီ မင်ရှဲကောင်ကိုသာ သူ၏ ရွှေနှင့် မီးဒြပ်စင်အား ယူဆောင်ခွင့်ပြုလိုက်ရသည်။

ဟွမ်သည် ပြည့်တင်းသည်အထိ ဝဝလင်လင် စားသောက်လိုက်သည်။ သူမွေးဖွားလာသည့် အချိန်မှစကာ ဤမျှလောက် ပြည့်ဝသည့်အထိ ပထမဆုံးအကြိမ် စားဖူးခြင်းပင်။ ထို့ကြောင့် ရှုံးဟွီအား ပို၍ကျေးဇူးတင်နေမိသည်။

ဟွမ်သည် ရှုံးဟွီ၏ နောက်ကျောပေါ်သို့ တက်လိုက်သည်။ ရှုံးဟွီမှာ မီတာ ၂၀၀ နီးပါး အလျားရှည်သည်ကြောင့် ၁၀ မီတာမျှသာ ရှည်လျားသည့် မြွေတစ်ကောင်အား ပင်ပန်းခြင်းမရှိဘဲ သယ်နိုင်လေသည်။ ဟွမ်မှာ ပျံသန်းနိုင်သည့် မင်ရှဲတစ်ကောင်ဟု ဆိုသော်ငြား သူ၏ ပျံသန်းနိုင်သည့် အရှိန်မှာ ရှုံးဟွီအား သေးသေးလေးမျှပင် ယှဉ်နိုင်စွမ်း မရှိချေ။

မင်ရှဲတစ်ကောင်အား သယ်ဆောင်ရခြင်းမှာ ဟွမ်စိတ်ကူးထားသကဲ့သို့ ခက်ခဲခြင်း မရှိပါချေ။ ရှုံးဟွီသည် နေရာအနှံ့ လှည့်လည်သွားလာခြင်းအား ပြောင်းလဲကာ ရတနာပေါကြွယ်ဝဿည့် နေရာတစ်ခုအားရှာရန် ရပ်လိုက်သည်။

“အာ.. ပထမဆုံး မင်းခန္ဓာကိုယ်ကို အရင်အားဖြည့်လိုက်ဦး.. မင်းပိုကောင်းလာတဲ့အထိ စောင့်ပြီးတော့မှ ငါတို့ဆက်ကြတာပေါ့..”

ဟွမ် နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့အတွက် ရှုံးဟွီရှာဖွေပေးသည့် အစာများကို အကောင်းဆုံးကြိုးစားကာ စားသောက်လို့နေသည်။ ဟွမ်သည် သူ၏ခံစားချက်များကို သတိမပြုမိဘဲ ရှုံးဟွီနှင့် အတူလိုက်ပါခြင်းမှာ အကောင်းဆုံးဖြစ်သည်ဟု တွေးနေမိသည်။ ရှုံးဟွီ၏ နောက်ကျောပေါ်တွင်သာ တစ်ချိန်လုံး ရှိနေရန် မဖြစ်နိုင်ချေ။ ရှုံးဟွီနှင့်အတူ ကောင်းကင်ပေါ်တွင် ယှဉ်တွဲကာ ပျံသန်းချင်သည်။

စားသောက်ပြီးသည့်နောက်တွင် ရှုံးဟွီသည် ဟွမ်အား ရတနာများရှိသည့် နောက်တစ်နေရာသို့ ခေါ်သွားပြန်သည်။ ထိုသို့ဖြင့် ဟွမ် စားသောက်ပြီးသည်နှင့် တစ်နေရာပြီး တစ်နေရာ ပြောင်းလဲလို့နေသည်။

ဝူ-ယောင် စစ်ပွဲ ဖြစ်နေသည့်တိုင် ရှုံးဟွီနှင့် ဟွမ်အား အာရုံစိုက်နေသည့် သူအများအပြား ရှိနေဆဲ ဖြစ်သည်။ တဖြည်းဖြည်းနှင့် ကုန်းမြေတစ်ခုလုံးတွင် ရှုံးဟွီသည် ပိန်လှီချည့်နဲ့သည့် မင်ရှဲတစ်ကောင်အား ကျောပေါ်တွင် သယ်ဆောင်ကာ သွားလာနေသည့်အကြောင်း သိသွားကြသည်။ အများစုမှ ထိုအကြောင်းနှင့် ပတ်သက်၍ ရယ်ကာမောကာဖြင့် စိတ်ထဲမှ ထုတ်လိုက်ကြသည်။ ဤအခြင်းအရာမှာ ပြဿနာတစ်ရပ် မဟုတ်ချေ။ ထိုကောင်စုတ် ရှုံးဟွီမှာ မသေနိုင်။ ထို့အပြင် အများစုသည် မင်ရှဲတစ်ကောင်အား မြင်တွေ့ဖူးခြင်း မရှိကြပေ။ မြွေနှစ်ကောင် အတွက်မူ နေ့ရက်များအား ချောချောမွေ့မွေ့ပင် ဖြတ်သန်းလို့နေကြသည်။

သို့သော်လည်း ထိုအရာမှာ ယာယီသာဖြစ်သည်။

ကုန်းကုန်းသည် ဟွမ်အား သယ်ဆောင်ရင်း အလျင်စလို သွားနေသည့် ရှုံးဟွီအား မြင်လိုက်ရသည်။ ဟွမ်ကို ကြည့်သည့် ရှုံးဟွီ၏ မျက်လုံးထဲတွင် အလေးအနက်ထားမှုတို့ ပါနေသည့်အတွက် ရှုံးဟွီမှာ ဟွမ်အကြောင်း စဉ်းစားနေခြင်း ဖြစ်နိုင်သည်။

ကုန်းကုန်းသည် ရှုံးဟွီနှင့် ပတ်သက်ဖို့ရန် အစီအစဉ်တစ်ခု ချမှတ်လိုက်သ်ည။

ထိုအချိန်တွင် ဝူ-ယောင် စစ်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သည့်အတွက် မျိုးနွယ်စု နှစ်ခုမှာလည်း ကမ္ဘာပေါ်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။ ကုန်းကုန်းနှင့် ကျူရုန်တို့၏ သဘောထားကွဲလွဲခြင်းကြောင့် ကုန်းကုန်းသည် အင်အားတိုးမြှင့်ရန် စိတ်အားထက်သန်လို့နေသည်။ ထို့ကြောင့် ရှုံးဟွီအား အသုံးချရန် ကြံစည်နေခြင်း ဖြစ်သည်။ ရှုံးဟွီမှာ အသန်မာဆုံး မဟုတ်သော်လည်း အားနည်းနေခြင်း မရှိပေ။ ယခုအခါတွင် ကုန်းကုန်းမှာ ရှုံးဟွီ၏ အားနည်းချက်အား ရှာတွေ့လိုက်ပြီ ဖြစ်သည့်အတွက် သူ့ကိုယ်ပိုင် ရယူလိုမှုအတွက် ရှုံးဟွီအား အသုံးချမည် ဖြစ်သည်။

ကုန်းကုန်းသည် ဟွမ်အား လျှို့ဝှက်စွာ ဖမ်းဆီးခဲ့သည်။

ကုန်းကုန်း မျှော်လင့်ထားသလိုပင် ရှုံးဟွီမှာ ရွေးချယ်ရန် မရှိဘဲ ကုန်းကုန်းအား နာခံရတော့သည်။ ကုန်းကုန်း၏ အပြုအမူကြောင့် မြွေနှစ်ကောင်မှာ သူတို့၏ ခံစားချက်များအား နားလည်သွားကြသည်။ သို့သော်လည်း သူတို့၏ ခံစားချက်များအား နားလည်ရုံသာရှိသေးချိန်တွင် ကုန်းကုန်း၏ ခြိမ်းချောက်ခြင်း ခံလိုက်ရသည်။

ရှုံးဟွီသည် ကုန်းကုန်း၏ အမိန့်ကို နာခံရင်း ဟွမ်အား ဖုံးဖွက်ထားသည့် နေရာကို အဆက်မပြတ် ရှာဖွေလို့နေသည်။ ရှုံးဟွီ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတစ်ချက် လက်သွားသည်။ ဟွမ်အား ရှာတွေ့သည်နှင့် ကုန်းကုန်းကို သတ်ပစ်မည် ဖြစ်သည်။

ရှုံးဟွီမှာ မွေးဖွားလာသည့် အချိန်မှစကာ ဤမျှလောက် ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ဖူးခြင်း မရှိပေ။ အဆုံးတွင် ရှုံးဟွီသည် သူ၏ လူသားခေါင်းကိုးလုံး မရခင် သူ့ကိုယ်သူ ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည်။ (ဒါက ဘာကိုဆိုလိုတာလဲ သိပ်မရှင်းဘူးရယ်.. မီအားနဲ ૮(˶╥︿╥)ა )

ကုန်းကုန်းမှာ ဤရှုံးဟွီအား ရင်ဆိုင်နိုင်စွမ်း မရှိသော်လည်း ပြဿနာတစ်ရပ် မဟုတ်ချေ။ သူ့ထံတွင် ဟွမ်ရှိနေသရွေ့ ရှုံးဟွီသည် သူ့အား ဘာမှလုပ်နိုင်မည် မဟုတ်ကြောင်း ကုန်းကုန်းသိထားသည်။ ရှုံးဟွီမှာ ရွေးချယ်ရန်မရှိသည်ကြောင့် သူ၏ဒေါသများကို မြိုသိပ်ကာ ကုန်းကုန်း၏ စေခိုင်းချက်များကို လိုက်နာရလေသည်။

နောက်ပိုင်းတွင် ကုန်းကုန်းနှင့် ကျူရုန်တို့ တိုက်ခိုက်ကြသည့်အခါ ကုန်းကုန်း ရှုံးနိမ့်ခဲ့သည်။ ကုန်းကုန်းသည် ပုကျိုးတောင်ကို ဖြိုခွဲခဲ့သည်။ ပုကျိုးတောင် ပြိုကျပြီးနောက် ကုန်းကုန်း လွတ်မြောက်သွားပြီး အသက်ရှင်သည် ဆိုရုံမျှသာ ရှိလေသည်။ ရှုံးဟွီသည် ချက်ချင်းပင် သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ပြီး ဟွမ်၏ တည်နေရာကို မြန်နိုင်သမျှ အမြန်ဆုံး သိရှိရန် ရှာဖွေလေသည်။

သို့သော်လည်း လူသားဧကရာဇ် တာ့ယွီ၏ ရုတ်တရက် ပေါ်ထွက်လာမှုမှာ ပြဿနာတစ်ရပ် ဖြစ်လာသည်။ ကုန်းကုန်းသည် ကုန်းမြေတစ်ခုလုံးကို ရေဘေးသင့်စေခဲ့ပြီး လူ့အသက်များစွာ ဆုံးရှုံးခဲ့ရသည်။ အုပ်ချုပ်သူ သုံးယောက်နှင့် ဧကရာဇ် ငါးပါးတို့မှ ဆင်းသက်လာသည့် တာ့ယွီမှာ ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသူဖြစ်သည်။ လူသားများ၏ ဝမ်းနည်းပူဆွေးမှုအတွက် ကုန်းကုန်းအား ပြန်လည်ပေးဆပ်ရစေမည်ဟု ကျိန်ဆိုလေသည်။

တာ့ယွီသည် ကုန်းကုန်းထက် သန်မာသူဖြစ်သည်။ ယခုအခါတွင် ကုန်းကုန်း၏ ခွန်အားမှာ ထက်ဝက်ကျော်မျှ လျှော့နည်းသွားပြီဖြစ်သည့်အတွက် တာ့ယွီသည် ကုန်းကုန်းအား လွယ်လင့်တကူ သတ်ဖြတ်ခဲ့သည်။ ကုန်းကုန်းအား သတ်ဖြတ်ပြီးနောက်တွင် တာ့ယွီသည် ဟွမ်အား သူနှင့်အတူ ခေါ်ဆောင်သွားလေသည်။

ရှုံးဟွီ ဒေါသတကြီးဖြစ်လာသည်။ ကုန်းကုန်းအတွက် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုရန် အတင်းအကြပ် စေခိုင်းခံခဲ့ရပြီးနောက် ရှုံးဟွီ၏ နှလုံးသားထဲတွင် မကျေလည်မှုများစွာ ဖြစ်တည်လို့နေသည်။ ယခုအခါ ကုန်းကုန်း သေဆုံးသွားပြီ ဖြစ်သော်လည်း ရှုံးဟွီ၏ နှေးကွေးမှုကြောင့် တာ့ယွီသည် ဟွမ်အား ခေါ်ဆောင်သွားခဲ့သည်။

ရှုံးဟွီသည် တာ့ယွီ၏မျိုးနွယ်အား သတ်ဖြတ်ပြီးနောက် ကောင်းကင်ထက်တွင် ရစ်ဝဲလို့နေပြီး ဟွမ်အား လွှတ်ပေးရန် တာ့ယွီကို ပြောလိုက်သည်။ သဘာဝကျစွာပင် တာ့ယွီသည် သူ၏လူများရှေ့တွင် မျက်နှာမပျက်ချင်သည့်အတွက် ဟွမ်အား လက်လွှဲပေးရန် ငြင်းပယ်လေသည်။ ရှုံးဟွီနှင့် တာ့ယွီ တိုက်ခိုက်ကြသည်။

ရှုံးဟွီနှင့် တာ့ယွီ၏ အင်အားမှာ သာတူညီမျှ ဖြစ်သည်။ သို့သော်လည်း လူသားများအပေါ် စာနာသနားစိတ်ကြောင့် ကောင်းကင်ဘုံ၏ ဆန္ဒသည် တာ့ယွီအပေါ် မျက်နှာသာပေးလာသည့်အတွက် ရှုံးဟွီမှာ အံ့ဩဖွယ်မလိုအောင် ရှုံးနိမ့်ခဲ့ရသည်။ ရှုံးဟွီ ခေါင်းဖြတ်ခံလိုက်ရပြီးနောက် သူ၏ခန္ဓာကိုယ်မှာ စိမ့်မြေဖြစ်လာပြီး ဝိညာဉ်မှာ ချုပ်နှောင်ခံခဲ့ရသည်။

တာ့ယွီသည် ဟွမ်အား ဖမ်းဆီးထားစဉ် သူ၏စိတ်ထဲတွင် အကြံအစည်တစ်ချို့ ရှိလို့နေသည်။ လက်ရှိ ဟွမ် မှာ ယခင် ဟွမ်နှင့် ကွဲပြားလို့နေပြီ ဖြစ်သည်။ ရှုံးဟွီသည် ဟွမ်အား သယ်ဆောင်ကာ နေရာအနှံ့သို့သွားပြီး ရတနာများစွာ ရှာဖွေခဲ့သည့်အတွက် ဟွမ်မှာ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ကုန်းကုန်း၏ ဖမ်းဆီးခြင်း ခံရပြီးနောက်တွင်လည်း ကုန်းကုန်းသည် ဟွမ်အား ဆက်လက်ထောက်ပံ့ခဲ့သည်။ ဟွမ်အား တာ့ယွီ ခေါ်ဆောင်သွားချိန်တွင် ဟွမ်၏ အလျားမှာ မီတာ ၁၀၀ နီးပါး ရှိနေပြီဖြစ်သည်။ ထိုမျှလောက် အလျားအား မင်ရှဲသမိုင်းတွင် မည်သည့်အခါတွင်မှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။

သို့သော်လည်း ဟွမ်မှာ အစွမ်းအထက်ဆုံး မင်ရှဲတစ်ကောင် ဖြစ်လာသည်ဆိုလျှင်ပင် များစွာ အသုံးမဝင်လှချေ။ မင်ရှဲတည်ရှိရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရတနာများအား စောင့်ရှောက်ရန်ဖြစ်သည်။ ထိုအချက်သည်လည်း မင်ရှဲ၏ ဆာလောင်မှုကို ကျေနပ်နှစ်သိမ့်စေနိုင်သည်။ ထို့အပြင် မင်ရှဲသည် ကြောက်မက်ဖွယ်ရာ မိုးခေါင်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

တာ့ယွီသည် ဟွမ်အား ဖမ်းဆီးလာသည့် အချိန်မှစကာ သူ့အတွက် ရတနာများ ရှာဖွေပေးမည့် ဟွမ် ရှိလာပြီ ဖြစ်သည်။ ဤသည်မှာ မင်ရှဲတစ်ကောင်၏ ဗီဇဖြစ်သည်။ တာ့ယွီသည် မင်ရှဲ၏ မိုးခေါင်ခြင်း ဖြစ်စေနိုင်သည့် ဟွမ်းရည်အား ဖိနှိပ်နိုင်မည့် ပစ္စည်းများကို ကြိုတင်ရှာဖွေခဲ့သည်။ သို့သော်လည်း တာ့ယွီထံ၌ အကြံအစည် မည်မျှပင် ရှိစေကာမူ ကံမကောင်းစွာဖြင့် ဟွမ်၏ ရှုံးဟွီအပေါ် ထားရှိသည့် ခံစားချက်များအား ထည့်သွင်းခဲ့ခြင်း မရှီချေ။ ရှုံးဟွီ၏ သေဆုံးမှုအား ဟွမ်သိသည့်အခါတွင် ဟွမ်သည် မီတာ ၅၀ ခန့် ထပ်မံကြီးထွားလာခဲ့ပြီး အစစ်အမှန် မင်ရှဲဘုရင်တစ်ပါး ဖြစ်လာခဲ့သည်။ ထို့ကြောင့် မင်ရှဲတစ်ကောင် သယ်ဆောင်လာသည့် ဘေးဆိုးအား မည်သို့မျှ ကြိုတင်ကာကွယ်နိုင်ခြင်း မရှိတော့ပေ။

လူသားမျိုးနွယ်ဆီသို့ ကြီးမားသည့် ဘေးဆိုးတစ်ခု ကျရောက်လို့လာသည်။

တာ့ယွီမှာ မင်ရှဲအား သတ်ပစ်လိုသည်။ ကံမကောင်းစွာဖြင့် တာ့ယွီ၏ ကောင်းမှုကုသိုလ်နှင့် စင်ကြယ်မှုသီလတို့မှာ ပြည့်သွားပြီဖြစ်သည့်အတွက် ရှန့်ရန်၏ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်။ (means သေသည်..) ကျန်ရှိသည့် လူသားများထဲတွင် မင်ရှဲအား ဆန့်ကျင်နိုင်စွမ်း ရှိသည့်သူ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။

ပြင်းထန်သည့် မိုးခေါင်မှုကြောင့် လူသားများမှာ အလွန်အမင်း နာကျင်ခံစားရသော်လည်း မင်ရှဲမှာ မကျေနပ်နိုင်သေးပေ။ မင်ရှဲသည် တစ်နေ့ပတ်လုံး လူသားများအကြား သွားလာကာ ရတနာများ ရှာဖွေခဲ့သည်။ ရတနာ ရှာတွေ့သည်နှင့် စားသုံးလိုက်သည်။ စားသောက်လို့မပြီးလျှင် ထိုရတနာများကို သူနှင့်အတူ လူသားများနှင့် ဝေးရာသို့ ယူဆောင်သွားမည်ဖြစ်သည်။ သို့သော်လည်း ရှုံးဟွီ အသက်ရှင်နေနိုင်သည် ဟူသည့် သတင်းအား ကြားသည့်အခါ ထိုအပြုအမူများမှာ တဖြည်းဖြည်းချင်း ရပ်တန့်လို့လာသည်။

ဟွမ်သည် ရှန်းရှန့်သို့ပြန်ကာ သူတို့ပထမဆုံး စတင်တွေ့ဆုံခဲ့သည့် နေရာတွင် ရှုံးဟွီ ပြန်အလာကို စောင့်နေခဲ့သည်။

ရှန်းရှန့်မှ မင်ရှဲများသည် ဟွမ်အား ပစ်မှားစော်ကားဝံ့ခြင်း မရှိပေ။ အချိန်ကြာလာသည့်အခါတွင် သူတို့သည် ဟွမ်အား သူတို့၏ ဘုရင်ဟု အမည်တပ်ကြသည်။

ဟွမ်၏နာမည်အား မသိသည့် မြွေတစ်ကောင်မျှပင် မရှိချေ။ သူတို့အားလုံးသည် ဟွမ်အား မင်ရှဲဘုရင်ဟု ခေါ်ဆိုကြလေသည်။

ရှုံးဟွီ တစ်ကောင်တည်းသာလျှင် ‘ဟွမ်’ ဟူသည့် အမည်အား ခေါ်ဆိုခွင့်ရှိသည်။

“ဟွမ်.. ဒါကဘာလဲ..”

ရှုံးဟွီ၏ ဦးခေါင်းတစ်လုံးသည် အနီးသို့ ရွေ့လာပြီးနောက် မင်ရှဲ၏ ခန္ဓာကိုယ်အား ဖိထားလေသည်။

မင်ရှဲ ရစ်ခွေလို့နေပြီး ရှုံးဟွီ၏ ဦးခေါင်းနှင့် ဆန့်ကျင်ဘက်သို့ ခေါင်းလှည့်လိုက်သည်။

“ရှုံးဟွီ.. အခုကစပြီး မင်းရဲ့ခေါင်းကို ငါနဲ့ဝေးဝေးမှာ ထားလိုက်စမ်း.. အရမ်းရုပ်ဆိုးတယ်..”

ရှုံးဟွီ ဒေါသတကြီးဖြင့် သူ၏ခေါင်းအား ပြန်ရုတ်လိုက်သည်။

အား.. တကယ်ကြီး.. ဟွမ်က တကယ်ကြီး ပိုပိုပြီး ချစ်စရာမကောင်းတော့ဘူး.. (¬_¬")

မင်ရှဲ ရုတ်တရက်ဆိုသလို တစ်ခုခုအား အမှတ်ရလိုက်သဖြင့် ရှုံးဟွီအား ပြောလေသည်။

“ရှောင်ရှောင်း ဒီကိုမလာတာ ကြာပြီလို့ မထင်ဘူးလား..”

ရှုံးဟွီ စိတ်မပါစွာဖြင့် ပြန်ဖြေသည်။

“အဲဒီ ရှောင်ရှောင်းက နောက်ထပ် ကိုယ်ဝန်ရှိနေပြန်ပြီတဲ့လေ.. ငါ့ရဲ့ တွက်ချက်မှုအရတော့ ဒီတစ်ကြိမ်က လေးခါမြောက်ပဲ..”

မင်ရှဲ ပြုံးလိုက်သည်။

“တကယ်ကိုပဲနော်.. ရှောင်ရှောင်း ဘယ်တော့ မွေးမလဲဆိုတာ ငါသိချင်တယ်.. နောက်ဆုံးတစ်ခေါက် ရှောင်ရှောင်းနဲ့ မော့လောင်တ ဒီကိုလာတုန်းက မော့လောင်တရဲ့မျက်နှာက အရမ်းကို အရုပ်ဆိုးနေတာ ငါတွေ့လိုက်တယ်..”

“ဘုရားသခင်မှပဲ သိမှာပဲ..”

လူခေါင်းကိုးခေါင်းမှာ တစ်ညီတစ်ညွတ်တည်း ခါယမ်းလိုက်သည်။ ထို့နောက်တွင် ရှုံးဟွီမှာ ဆိုးယုတ်စွာဖြင့် ပြုံးလေသည်။

“မော့လောင်တရဲ့ မပျော်တဲ့ပုံကို မြင်ရတာ တကယ်ပျော်တယ်သိလား..”

“ပြောကာမှပဲ မော့လောင်တက မျိုးနွယ်စုခေါင်းဆောင် မဖြစ်ချင်တော့ဘူးလို့ ပြောတယ်မဟုတ်လား.. အဲဒါဆို ပိုင်ကျားဟေးက မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာတော့မှာပေါ့..”

မင်ရှဲမေးသည်။

“အဲဒီလိုပဲ ဖြစ်မှာပေါ့..”

ရှုံးဟွီ ခေါင်းညိတ်လိုက်သည်။

“မော့လောင်တပြီးရင် ပိုင်ကျား‌ဟေးက အသန်မာဆုံး ဆိုပေမဲ့လည်း သူ့ရဲ့ အရောင်အသွေးက မြွေတွေကို သေချာပေါက် ခေါင်းကိုက်စေလိမ့်မယ်..”

“အဲဒါကလည်း ပြဿနာမဟုတ်ဘူးရယ်.. သူတို့ဘာသာ စိုးရိမ်ပါစေ.. နောက်ဆုံးတစ်ခေါက် ရှောင်ရှောင်းလာတုန်းက သူထပ်ပြီး ကိုယ်ဝန်ရှိလာရင် မြွေကလေးတွေကို စောင့်ရှောက်ဖို့ ငါတို့ကိုပေးမယ်တဲ့.. အဲဒီ မြွေပေါက်လေးတွေကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး..”

“ဟားဟား.. အဲဒီလိုဆိုရင်တော့ ချောက်ကမ်းပါးအောက်က အသက်ဝင်လာတော့မှာပဲ..”

ထိုသို့ပြောရင်း ရှုံးဟွီမှာ အနည်းငယ် စိတ်လှုပ်ရှားလို့နေသည်။

မင်ရှဲသည်လည်း ရှုံးဟွီ၏ အပြောကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ယင်ရှောင်ရှောင်း မြွေကလေးများကို ယူဆောင်လာရန် အချိန်သိပ်မကြာလိုက်ချေ။ များမကြာမီတွင် သူနှင့် မော့လောင်တတို့ ထွက်ခွာသွားကြသည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် တောင်ထိပ်သို့ မပြန်ကြဘဲ သူတို့၏ ချစ်ကြည်နူး တစ်တီတူးမည့် ကမ္ဘာတစ်ခုသို့ စတင်ရန် ထွက်ခွာသွားကြလေသည်။

နှစ်ပေါင်း ၂၀၀ ဆိုသည်မှာ အလွန်ရှည်လျားပုံရသော်လည်း ယင်ရှောင်ရှောင်းမှာ ဤနှစ်တွင် အသက် ၈၂ နှစ် ရှိနေပြီဖြစ်ပြီး မော့လောင်တမှာ အသက် ၁၀၀ ပြည့်ပြီ ဖြစ်သည်။ သူတို့ဘဝ၏ အကောင်းဆုံးအချိန်တွင် ရှိနေဆဲ ဖြစ်သော်လည်း နှစ်ကာလများသည် သူတို့အား တိုက်စားခဲ့လေသည်။

သို့သော်လည်း အရေးမကြီးပါလေ။

ယင်ရှောင်ရှောင်းသည် သူ၏ခေါင်းကို လှည့်ပြီး ခန္ဓာကိုယ်ဖြင့် မော့လောင်တအား ရစ်ပတ်လိုက်သည်။ မော့လောင်တသည်လည်း ခေါင်းလှည့်ကာဖြင့် ယင်ရှောင်ရှောင်း၏ နဖူးလေးအား ခပ်ဖွဖွ အနမ်းပေးလိုက်သည်။

ကိုယ်တို့က မရေမတွက်နိုင်တဲ့ နှစ်ပေါင်း ၂၀၀ သက်တမ်းကို အတူတကွ ဖြတ်သန်းကြရဦးမှာ..

ကိုယ်တို့ပဲ မဟုတ်ဘူး ထူးဆန်းတဲ့မြွေတွေ.. ကျိကျောက်နဲ့ ကျိခန်းတို့ကောပဲ.. မြွေတွေအားလုံးနဲ့ လူသားတွေကို မှတ်မိနေကြဦးမယ်..

‘တောင်တန်းတွေက ထာဝရ.. အိပ်မက်တွေက နှစ်‌ထောင်ချီ..’

*ပြီးပါပြီ..။*

မြတ်နိုးရတဲ့ ရှောင်ရှောင်းလေးနဲ့ အဆုံးထိ အတူရှိပေးခဲ့တဲ့အတွက် စာဖတ်သူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ 

  ∧,,,∧
( • · • )
/ づ♡ I love you