🐍Chapter 122
ဒီကနေ့အထိ မြွေငယ်လေးများက သူတို့အစာ သူတို့ရှာကြသည်။ ယင်ရှောင်ရှောင်းနှင့် မော့လောင်တက တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်ခွေလိမ်နေကြပြီး ဂူရှေ့ကွင်းပြင်ကျယ်ကြီးတွင် နေပူဆာ လှုံနေကြသည်။ ထိုစဥ် ယင်ရှောင်ရှောင်း၏ ဝမ်းဗိုက်ဆီမှ တဂွီဂွီမြည်သံကို ကြားလိုက်ရသည်။
မော့လောင်တလည်း ပြုံးရင်း ပြောလိုက်သည်။
"ကိုယ် မင်းအတွက် အစာသွားရှာပေးမယ်"
ယင်ရှောင်ရှောင်းက ရယ်လိုက်ရင်း တစ်စုံတစ်ခုကို သတိရသွားသောကြောင့် ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည်။
"တဟေးတန်... ကျွန်တော်တို့ မင်ရှဲဆီကို အစာယူသွားပေးတာ တော်တော့်ကို ကြာနေပြီလို့ မထင်ဘူးလား"
မော့လောင်တလည်း ထိုအခါမှ စဥ်းစားမိသွားသည်။
"အင်း...ကြာပြီနဲ့တူတယ်"
ယင်ရှောင်ရှောင်းက သူ့အမြီးကို လှုပ်ယမ်းလိုက်သည်။
"အဲဒါဆိုရင် ခင်ဗျားက ကျွန်တော့်အတွက် အစာသွားရှာပေး... ကျွန်တော်က ကျိခန်းရဲ့ ဂူသင်္ချိုင်းဆီသွားပြီး ရွှေငွေတွေ ယူလာခဲ့လိုက်မယ်"
မော့လောင်တလည်း ရှောင်ရှောင်း၏ စကားအတိုင်း သဘောတူလိုက်သည်။ ဒီနားပတ်ပတ်လည်မှာ ဘာအန္တရာယ်မှ မရှိနိုင်လောက်ပါဘူးလေ။
မော့လောင်တ ထွက်ခွာသွားသည်။ ယင်ရှောင်ရှောင်းလည်း ဂူသင်္ချိုင်းဆီသို့ ခြေသုတ်တင်ကာ ခရီးနှင်တော့သည်။
ဂူသင်္ချိုင်းအနားသို့ ချဥ်းကပ်သွားစဥ်တွင် ယင်ရှောင်ရှောင်း ဆက်ပြီးမသွားချင်တော့ပေ။ ထို့ကြောင့် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ကျိခန်း... ကျွန်တော် မင်ရှဲအတွက် အစာတွေ လာယူတာ... နည်းနည်းလေး ယူလာပေးခဲ့ပါဦး"
ထိုသို့ပြောနေရင်း ကျိခန်းက ယင်ရှောင်ရှောင်းရှေ့တွင် ပေါ်လာသည်။
ယင်ရှောင်ရှောင်းလည်း ကျိခန်းနောက်သို့ ကြည့်လိုက်မိသည်။
"ဟင်...ကျိကျောက်ရောဘယ်မှာလဲ"
ခါတိုင်းဆို ကျိခန်းဘယ်သွားသွား သူလိုက်နေကျပါ။
"ကျောက်အာက ဖုန်းဟုန်မင်ဆီ သွားလည်ဖို့အတွက် အောက်ဆင်းသွားတယ်... မင်းလည်းသိတဲ့အတိုင်းပဲ... ငါတို့က ဒီဂူသင်္ချိုင်းထဲကနေ ထွက်လို့မရဘူးလေ... ကျောက်အာက သူပျင်းလာတဲ့ အချိန်ဆိုရင်... ဖုန်းဟုန်မင်ကို သွားကလိနေကျပဲ"
ကျိခန်းက ထိုသို့ပြောရင်း ခပ်ရေးရေး ပြုံးသည်။
ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းစွန်းတို့ တွန့်ချိုးသွားသည်။ ကျိကျောက်က ကျိခန်းနှင့် အတူရှိနေလျှင် ကလေးတစ်ယောက်လို ဖြစ်သည်။ ကျိုးခန်းဝမ်ဟူသည့် အမည်နာမနှင့်ပင် မထိုက်တန်ချေ။
"ဒီဂူသင်္ချိုင်းထဲမှာ ဆက်နေမယ်လို့... လာမပြောနဲ့နော်"
ယင်ရှောင်ရှောင်းက ပြောလိုက်သည်။ ထာဝရအသက်က ကောင်းသော်လည်း နေရာတစ်ခုတည်းတွင် ထာဝရရှင်သန်နေထိုင်ခြင်းက မွန်းကျပ်ပြီး သက်သောင့်သက်သာရှိမည် မဟုတ်ပေ။
ကျိခန်းက ခေါင်းညိတ်သည်။
"အင်း...ငါတို့ဒီကထွက်သွားရင်...ငါတို့ရဲ့ဝိညာဥ်တွေလည်းတစ်စစီကွဲလွင့်သွားလိမ့်မယ်...အဲဒါအပြင်ဒီကိစ္စကြီးကအကာအရံစည်းအတွင်းမှာရှိနေတဲ့သက်ရှိတိုင်းအပေါ်ကိုလည်းသက်ရောက်လိမ့်မယ်...အကာအရံစည်းကိုချိတ်ပိတ်လိုက်တည်းက...တစ်ယောက်ကတော့အမြဲတမ်းဒီမှာပြန်ဝင်စားနေကျလေ"
ထိုသို့ပြောနေရင်း ကျိခန်းက တစ်စုံတစ်ခုကို သတိရသွားသည်။
"အာ...ဟုတ်သား...မင်းလည်းပါတယ်နော်"
"ဟင်...ဘာကိုဆိုလိုချင်တာလဲ"
"အကာအရံစည်းကြီးကိုချိတ်မပိတ်ခင်မှာသေသွားခဲ့ရင်...အပြင်ဘက်ကမ္ဘာမှာပြန်လည်ဝင်စားနေကျ...ဒါပေမဲ့အခုတော့အကာအရံစည်းကိုချိတ်ပိတ်ပြီးပြီမလို့မင်းရဲ့ဝိညာဥ်ကဒီမှာပဲကျန်ရှိနေခဲ့မယ်...ပြီးတော့အတော်လေးထူးခြားတဲ့အသေးစိတ်အချက်အလက်တစ်ခုလည်းရှိသေးတယ်...မင်းရဲ့မှတ်ဥာဏ်တွေကိုဖျောက်ဖျက်ပစ်လို့မရတာပဲ...အဲဒါမင်းကအပြင်ဘက်လောကကသက်ရှိတစ်ယောက်ဆိုတဲ့အချက်နဲ့ဆက်နွယ်နေတယ်"
"ဟမ်...အဲဒါဆိုရင်ကျွန်တော်ကဘာဖြစ်သွားမှာလဲ"
ယင်ရှောင်ရှောင်း ကြောင်တောင်တောင် ဖြစ်သွားသည်။ ဒါက သေချာပေါက် ဟာသတစ်ခုပဲ နေမှာပါ။ မြွေအဖြစ် ဝင်စားတာက မလုံလောက်သေးဘူးလား။ တောယုန်တစ်ကောင်၊ ခြင်္သေ့တစ်ကောင်၊ သစ်ပင်တစ်ပင်၊ မြက်ပင်တစ်ပင်တောင် ဖြစ်နိုင်သေးတယ်တဲ့လား။
"သေချာပေါက်မြွေတစ်ကောင်ဖြစ်မှာပေါ့"
ကျိခန်းက ယင်ရှောင်ရှောင်းကို ဇဝေဇဝါကြည့်ရင်း တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။
"အိုး...မင်းမသိသေးဘူးလား...မင်းကဒီမှာပြန်ဝင်စားခဲ့ရင်အဲဒီမြွေရဲ့ဝိညာဥ်ကိုဝါးမျိုလိုက်တာနဲ့အတူတူပဲလေ...မြွေပွေးတွေကဒီချိတ်ပိတ်ထားတဲ့နေရာကြီးရဲ့အရှင်သခင်တွေလို့တောင်ပြောလို့ရတယ်...သူတို့ရဲ့ဘဝကအရမ်းကိုလွယ်ကူပြီးအေးအေးဆေးဆေးနဲ့သားပေါက်တွေအများကြီးမွေးသင့်တယ်...ဒါပေမဲ့အကာအရံစည်းထဲမှာတော့အဲ့သလိုမဟုတ်ဘူး...မြွေပွေးအရေအတွက်ကပုံသေဖြစ်နေတယ်"။
အရာအားလုံးက တစ်ခဏမျှ ရပ်တန့်သွားသည်။ ကြက်သေသေသွားသော ယင်ရှောင်ရှောင်းကို ကျိခန်းက လုံးဝ သတိမထားမိချေ။ သူကဆက်ပြီး ရှင်းပြသည်။
"ဘယ်လိုပဲဖြစ်ဖြစ်...ဒီအကာအရံစည်းထဲမှာရှိနေတဲ့မြွေပွေးအရေအတွက်က...ကနဦးအစတည်းကအတိုင်းရှိနေဦးမှာပဲ...အဲဒါကြောင့်မြွေပွေးအရေအတွက်ကများလည်းမများလာသလိုလျော့လည်းမလျော့သွားဘူး"။
"အဲဒါဆိုရင်...ကျွန်တော်ကဒီမှာနောက်တစ်ခေါက်ပြန်လည်ဝင်စားတဲ့အခါ...ဒီဘဝကမှတ်ဥာဏ်တွေအားလုံးနဲ့မြွေတစ်ကောင်အဖြစ်ပြန်လည်ဝင်စားမယ်လို့ပြောချင်တာလား"
ယင်ရှောင်ရှောင်းက မေးလိုက်သည်။
ကျိခန်းက ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြလာသည်။
ထိုအခိုက်အတန့်တွင် ယင်ရှောင်ရှောင်း၏ အတွေးထဲ ပထမဆုံး ပေါ်လာသူမှာ မော့လောင်တပင် ဖြစ်သည်။
သူပြန်လည်ဝင်စားတဲ့အခါ... မော့လောင်တက သူ့အပိုင်မဟုတ်တော့ရင်ရော။ ဟင့်အင်း... မဖြစ်ရဘူး။ ယင်ရှောင်ရှောင်း သူ့ကိုယ်သူ တိတ်တဆိတ် ကြုံးဝါးလိုက်မိသည်။ သူသာနောက်ဘဝမှာ မြွေတစ်ကောင်အဖြစ် ပြန်လည်ဝင်စားခဲ့လျှင် မော့လောင်တကို သူကိုယ်တိုင် သွားရှာပြီးသူ့ ကိုချစ်မိသွားအောင် ပြန်လုပ်မည်။ ထိုသို့ဆိုလျှင် မော့လောင်တနှင့် အတူပြန်ရှိနိုင်မည်ဖြစ်သည်။ သို့သော်ငြား...
ကျိခန်းက ယင်ရှောင်ရှောင်း၏ အတွေးများကို သတိမထားမိပေ။ သူက ဆက်ပြောသည်။
"ကောင်းတာပေါ့...မင်းနဲ့မော့လောင်တကတစ်သက်လုံးအတူရှိနေနိုင်တယ်...ဒီထဲမှာပဲပိတ်မိနေတဲ့ငါနဲ့ကျောက်အာလိုမဟုတ်ဘူး"
ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းစွန်းတို့ တွန့်ချိုးသွားသည်။
"တဟေးတန်နဲ့ကျွန်တော်ကတစ်သက်လုံးအတူတူရှိနိုင်မယ်လို့ခင်ဗျားကဘယ်လိုလုပ်ပြီးတပ်အပ်ပြောနိုင်ရတာလဲ...နောက်ဘဝမှာသူကတစ်ခြားမြွေတစ်ကောင်ကိုကြိုက်သွားရင်ဘယ်လိုလုပ်မှာလဲ"
ယင်ရှောင်ရှောင်းက ထိုသို့ပြောရင်း တစ်စတစ်စ အသံပိုကျယ်လာသလို ဒေါသသံ စွက်လာသည်။ တစ်ကယ်လို့များ ထိုသို့ဖြစ်ခဲ့လျှင်... ဘာမှမမှတ်မိတာကမှ ပိုကောင်းဦးမည်။
"မော့လောင်တလည်းမှတ်ဥာဏ်ပျောက်မှာမဟုတ်လောက်ဘူး"
ကျိခန်းက ယင်ရှောင်ရှောင်းကို တစ်ချက်လှမ်းကြည့်ရင်း အေးအေးလူလူ ပြောလာသည်။
"မော့လောင်တကမော့မြက်ပင်ခုနစ်ပင်အထိစားထားတယ်မဟုတ်လား...သူကမော့မြက်ပင်ငါးပင်စားထားတဲ့မြွေပွေးတစ်ကောင်ပဲ...ဒါပေမဲ့အဲဒီအချိန်တုန်းကသူသတိကြီးကြီးနဲ့ငါးပင်ထက်ပိုမစားခဲ့ဘူး...ဒါပေမဲ့ဒီတစ်ခါတော့မင်းကိုကာကွယ်ဖို့အတွက်ခုနစ်ပင်အထိစားလိုက်တယ်နဲ့တူပါရဲ့...တစ်ကယ်တော့မြွေတစ်ကောင်ကမော့မြက်ပင်ခုနစ်ပင်အထိစားပြီးရင်...မော့မြက်ပင်တွေအားလုံးညှိုးကျသွားတယ်...ဘယ်လိုပဲဖြစ်ဖြစ်ဒီအကာအရံစည်းထဲမှာသူတို့ရဲ့အတိတ်ဘဝကိုမှတ်မိပြီးပြန်လည်ဝင်စားတဲ့အင်အားကြီးမြွေတစ်ကောင်ပဲလိုတာပါ"
ယင်ရှောင်ရှောင်း စိတ်ရှုပ်ထွေးသွားသည်။
ထိုအခါ ကျိခန်းက အံ့အားသင့်စွာဖြင့် မေးလာသည်။
"ရှောင်ရှောင်း...ငါအခုလေးတင်ပြောလိုက်တဲ့စကားတွေကိုနားမလည်လိုက်ဘူးလား"
"မော့မြက်ပင်ဆိုတာ ဘာကြီးလဲ"
"ဟင်...မသိဘူးလား"
ကျိခန်း ပိုလို့ပင် အံ့ဩသွားသည်။
"ဟိုးတုန်းက မင်းနဲ့ မော့လောင်တနဲ့ ချောက်ကမ်းပါးအောက်စွန်းမှာ အချိန်အကြာကြီး သွားနေခဲ့ကြသေးတယ်လေ... အဲဒီအချိန်တုန်းက သူမော့မြက်ပင်ကို စားလိုက်တာဖြစ်မယ်... အဲဒါကြောင့် အရမ်းအင်အားကြီးလာတာ"
ထိုသို့နှင့် ကျိခန်းလည်း မော့မြက်ပင်အကြောင်းကို ယင်ရှောင်ရှောင်းအား ပြောပြလိုက်သည်။ ယင်ရှောင်ရှောင်းက ဘာတစ်ခွန်းမှ ဝင်မပြောသည့်တိုင် သူ့မျက်နှာအမူအရာက တဖြေးဖြေး ပျက်ယွင်းလာသည်။
ကျိခန်းတစ်ယောက် စိတ်ရှည်လက်ရှည်နှင့် ရှင်းပြလို့ပြီးချိန်တွင် အင်မတန်ပျက်ယွင်းနေသော ယင်ရှောင်ရှောင်း၏ မျက်နှာအမူအရာကြောင့် ဘာဖြစ်နေလဲဟု မေးရပြန်သည်။
ထိုအခါ ယင်ရှောင်ရှောင်းက ခက်ခက်ခဲခဲ ပြုံးပြလာသည်။
"ဘာမှမဟုတ်ပါဘူး...ကျွန်တော်အိမ်ပြန်ချင်လို့ပါ...တဟေးတန်ကကျွန်တော့်အတွက်အစာရှာလာပေးပြီနေမှာ...အရင်သွားနှင့်ပြီနော်"
ထိုသို့ပြောပြီးနောက် ယင်ရှောင်ရှောင်းက ကျိခန်း၏ တုံ့ပြန်ချက်ကို မစောင့်သလို မင်ရှဲအတွက် ရွှေငွေများကိုလည်း မယူတော့ဘဲ အမြန်ထွက်သွားလေသည်။
"ရှောင်ရှောင်း...ရှောင်ရှောင်းရေ...မင်ရှဲအတွက်အစာတွေမယူသွားရသေးဘူးလေ"
သို့သော် ယင်ရှောင်ရှောင်းက သူအော်ပြောနေသည်ကို မကြားရလောက်အောင် အတွေးနွံထဲ နစ်နေသည်။
ယင်ရှောင်ရှောင်း အိမ်ပြန်ရောက်ချိန်တွင် မော့လောင်တလည်း အစာရှာပြီး ပြန်ရောက်နှင့်နေပြီ ဖြစ်သည်။
"ပြောတော့မင်ရှဲအတွက်အစာသွားယူပေးဖို့...ကျိခန်းဆီသွားမှာဆို...ဘာလို့ဘာမှမပါလာရတာလဲ"
မော့လောင်တက ဇဝေဇဝါနှင့် မေးလာသည်။ ယင်ရှောင်ရှောင်းဆီတွင် ရွှေငွေပါမပါ အသေအချာ စစ်ဆေးနေမိသည်။
ယင်ရှောင်ရှောင်းက ဘာမှမပြောဘဲ မော့လာင်တကိုသာ စိုက်ကြည့်နေသည်။
မော့လောင်တလည်း စိတ်ရှုပ်ထွေးသွားသည်။ အရူးပေါက်လေး ဘာဖြစ်နေတာပါလိမ့်။
ဘာဖြစ်နေမှန်းမေးရန် ကြံလိုက်သော်လည်း ယင်ရှောင်ရှောင်း၏ ငိုသံကြောင့် မော့လောင်တ အလန့်တကြား ဖြစ်သွားသည်။
မော့လောင်တလည်း ယင်ရှောက်ရှောင်း အနားသို့ အမြန်လျှောတိုက်သွားလိုက်သည်။
"ရှောင်ရှောင်း... ဘာဖြစ်လို့လဲ... ဘာလို့ ရုတ်တရက်ကြီး ငိုနေရတာလဲ... ကျိခန်းက အနိုင်ကျင့်လိုက်လို့လား"
ယင်ရှောင်ရှောင်းက ရှိုက်သံများ ထွက်သည်အထိ ငိုသည်။ ထို့နောက် ကျိခန်းက သူ့ကိုအနိုင်မကျင့်ကြောင်း ခေါင်းခါပြသည်။
"အဲဒါဆိုရင်...ဘာဖြစ်လို့လဲ"
မော့လောင်တက ယင်ရှောင်ရှောင်းကို ပွေ့ဖက်ရင်း စိတ်ရှည်လက်ရှည် ဆက်မေးသည်။
ယင်ရှောင်ရှောင်းက မော့လောင်တမေးသမျှကို မဖြေဘဲ ငိုမြဲငိုနေသည်။
ယင်ရှောင်ရှောင်းက သူ့ကိုစကားမပြောချင်မှန်း မော့လောင်တ သိသောကြောင့် မတတ်နိုင်သည့်အဆုံး ဆက်မမေးတော့ဘဲ ရပ်လိုက်ရသည်။ ယင်ရှောင်ရှောင်းကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလျက် အငိုတိတ်လိုတိတ်ငြား နှစ်သိမ့်စကားများ ပြောနေမိသည်။
မော့လောင်တက သူ့အတွက်ကြောင့် အတော်လေး ခံစားခဲ့ရသည်ကို တွေးမိရင်း ယင်ရှောင်ရှောင်း ငိုခြင်းဖြစ်သည်။ သူတို့နှစ်ဦး ချောက်ကမ်းပါးအောက်သို့ သွားခဲ့ချိန်တွင် မော့လောင်တက သူ့ကို မြွေထူးဆန်းများလက်ထဲအပ်ပြီး စောင့်ရှောက်စေခဲ့သည်။ နာကျင်မှုများကို သူ့တစ်ကောင်တည်းသာ ကြိတ်မှိတ်ခံစားခဲ့သည်။ သို့သော် ယင်ရှောင်ရှောင်းဟူသည့်သူက နည်းနည်းလေးမှ အလိုက်မသိဘဲ တစ်နေ့တစ်နေ့ မြွေပေါက်လေးများနှင့် ပျော်ပျော်ရွှင်ရွှင် ကစားနေခဲ့သည်။
သို့သော် မော့လောင်တ၏ ရည်ရွယ်ချက်ကို ယင်ရှောင်ရှောင်း နားလည်ပါသည်။ မော့လောင်တက သူ့ကိုကာကွယ်ရန် ထိုကိစ္စကို လုပ်ခဲ့ခြင်းဖြစ်ပြီး သူ့ကိုစိတ်မပူစေလို၍ မပြောပြခဲ့ခြင်း ဖြစ်သည်။ အတိတ်မှာ ဖြစ်ခဲ့ပြီးသော ကိစ္စကို ယခုအချိန်တွင် ပြန်ပြောနေ၍လည်း ဘာမှထူးမည် မဟုတ်ပေ။ သို့သော် ယင်ရှောင်ရှောင်းအတွက် ခံစားဖို့ ခက်ခဲလွန်းသည်။ ထို့ကြောင့် သူ့ခံစားချက်များကို ထွက်ပေါက်ပေးရန် ငိုချလိုက်ခြင်း ဖြစ်သည်။
တော်တော်ကြာကြာ ငိုခဲ့သော်လည်း သူငိုရသည့် အကြောင်းရင်းကို မော့လောင်တအား မပြောပြခဲ့ပေ။ ငိုပြီးသည့်နောက် သူတို့၏ နေ့စဥ်ဘဝက ပုံမှန်အတိုင်း လည်ပတ်နေပြန်သည်။
"နှစ်တစ်ရာလည်းမဟုတ်ဘူး...နှစ်နှစ်ရာလည်းမဟုတ်ဘူး...ဒါပေမဲ့ဘဝဆက်တိုင်း...ခေတ်အဆက်ဆက်တိုင်းမှာငါတို့နှစ်ကောင်အမြဲတမ်းတစ်သက်လုံးအတူတူရှိနေကြလိမ့်မယ်"
ယင်ရှောင်ရှောင်း အငိုတိတ်သွားမှ မော့လောင်တလည်း စိတ်အေးသွားကာ သက်ပြင်းချနိုင်တော့သည်။ အရူးပေါက်လေး ဒီလိုမငိုတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
"တဟေးတန်....ကျွန်တော်တို့အမြဲတမ်းအတူတူရှိနေမှာနော်...ဟုတ်တယ်မလား"
မော့လောင်တက မှင်သေစွာဖြင့် သူ့ကို စိုက်ကြည့်လာသည်။
"ကျိခန်း... ကျွန်တော့်ကို အကုန်ပြောပြပြီးသွားပြီ"
ယင်ရှောင်ရှောင်းက ခေါင်းလေးငဲ့စောင်းကာ မော့လောင်တအား ကြည့်လိုက်သည်။
"အတိတ်ဘဝက မှတ်ဥာဏ်တွေနဲ့ ခင်ဗျားက ပြန်ဝင်စားမှာတဲ့... သူပြောပြတာ"
မော့လောင်တ၏ မျက်နှာက ဖြူဖျော့သွားပြီး ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းထက်တွင် အနမ်းတစ်ပွင့် ခြွေလေသည်။
"ကိုယ်မင်းကိုမပြောခဲ့မိလို့တောင်းပန်ပါတယ်ရှောင်ရှောင်း...ဒါပေမဲ့ဘဝဆက်တိုင်းမှာကိုယ်ကမင်းကိုလာရှာမှာ...အဲဒီအခါကျရင်ကိုယ်တို့ထပ်ပြီးအတူတူရှိနေလိမ့်မယ်...အတူမရှိနိုင်ရင်တောင်မှတစ်ခြားမြွေတစ်ကောင်ကိုကိုယ့်ရဲ့ဘဝလက်တွဲဖော်အနေနဲ့ဘယ်တော့မှမယူဘူး"
"ကျွန်တော်တို့အမြဲတမ်းအတူရှိကြမယ်"
ယင်ရှောင်ရှောင်းကမော့လောင်တ၏အနမ်းကိုတုံ့ပြန်လိုက်သည်။
"ကျိခန်းကပြောလိုက်သေးတယ်..ကျွန်တော့်မှာအမွေခံမှတ်ဥာဏ်မရှိတဲ့အတွက်ပြန်ဝင်စားမှမှတ်ဥာဏ်တွေရှိလာမှာတဲ့"။
တောင်းပန်ပါတယ်...ကျွန်တော်ကလူသားတစ်ယောက်ဆိုတာ...ခင်ဗျားကိုမပြောပြနိုင်တဲ့အတွက်ခွင့်လွှတ်ပေးပါ
ယင်ရှောင်ရှောင်း စိတ်ထဲတွင် ပြောလိုက်မိသည်။
ယင်ရှောင်ရှောင်း၏ စကားအဆုံး မော့လောင်တ၏ မျက်နှာထက်တွင် ကျေနပ်ကြည်နူးသော အမူအရာများ ထွက်ပေါ်လာပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလာသည်။
"တ...တကယ်ကြီးလား"
ယင်ရှောင်ရှောင်းက အသည်းအသန် ခေါင်းညိတ်ပြသည်။
"ဒါပေါ့..သေချာပေါက်ပဲ"
မော့လောင်တက ပျော်ရွှင်စွာဖြင့် ယင်ရှောင်ရှောင်းကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်လိုက်သည်။
"သိပ်ကောင်းတာပဲ.."
ယင်ရှောင်ရှောင်း : "လွှတ်...လွှတ်ပေးဦး...အသက်ရှူလို့မရတော့ဘူး"
ပျော်ရွှင်နေသော မော့လောင်တက ယင်ရှောင်ရှောင်းအတွက် နောက်ထပ်တောယုန်တစ်ကောင် ချက်ပေးလိုက်သေးသည်။ ထိုတောယုန်မှာ နဂိုကမော့လောင်တစားမည့် ဝေစုထဲမှ ဖြစ်သော်လည်း ယင်ရှောင်ရှောင်းကို ကျွေးလိုက်ခြင်းဖြစ်သည်။ ထိုသို့နှင့် ယင်ရှောင်ရှောင်းက စုစုပေါင်းနှစ်ကောင်စားခဲ့သည်။
ယခုမှပြန်လာသော ပိုင်ကျားဟေးက ယင်ရှောင်ရှောင်းရှေ့တွင်ရပ်ပြီး နားမလည်နိုင်သော အမူအရာဖြင့် ကြည့်နေသည်။
"ပါပါး...အခုတစ်လောအစားစားတာအရမ်းကြီးများနေတယ်လို့မထင်ဘူးလား"
ယင်ရှောင်ရှောင်းလည်း ကြောင်တောင်တောင် ဖြစ်သွားသည်။ အိုး... ဟုတ်သား... သူဒီနေ့ တောယုန်နှစ်ကောင်တောင် စားခဲ့တာပဲ။ သူကိုယ်ဝန်ဆောင်တုန်းက စားခဲ့သည့် ပမာဏနှင့်ပင် တူနေသည်။ သို့သော် ယင်ရှောင်ရှောင်း ဗိုက်ကို အမြီးနှင့် ထိကြည့်လိုက်ချိန်တွင်မူ ဖောင်းနေသလို မခံစားရပေ။
မော့လောင်တကလည်း ဇဝေဇဝါ ဖြစ်သွားသည်။ ရှောင်ရှောင်း ကိုယ်ဝန်ဆောင်တုန်းက စားခဲ့သည့် ပမာဏကို သူလည်းပဲ မှတ်မိပါသည်။ ယင်ရှောင်ရှောင်းက ပုံမှန်အတိုင်း နှစ်ရက်ခြားတစ်ခါ အစာစားသည်။ တစ်နပ်အပြည့်အတင်း မစားရသည့် နေ့များတွင် ငှက်ဥအများအပြား စားသည်။
ယင်ရှောင်ရှောင်းက ဂရုမစိုက်ပေ။
"ကိစ္စမရှိပါဘူး...အစားနည်းနည်းလေးပိုစားလိုက်တော့ဘာဖြစ်မှာမလို့လဲ...ပြီးတော့ပါပါးသာအစားနည်းနည်းလေးပဲစားရင်သားဖေဖေကကြိုက်မှာမဟုတ်ဘူး"
မော့လောင်တလည်း သဘောတူထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ အများကြီးစားတော့ ကောင်းတာပေါ့။
ပိုင်ကျားဟေးက ယင်ရှောင်ရှောင်းကိုတစ်လှည့် မော့လောင်တကိုတစ်လှည့် ကြည့်လိုက်သော်လည်း ဘာစကားမှတော့ မပြောပေ။
သို့သော် အချိန်တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ မော့လောင်တနှင့် ယင်ရှောင်ရှောင်းလည်း တစ်ခုခု ထူးဆန်းနေကြောင်း ရိပ်မိလာသည်။
"တဟေးတန်...ကျွန်တော်ဒီတစ်လောကိုယ်အလေးချိန်တိုးလာတယ်မဟုတ်လား"
ယင်ရှောင်ရှောင်းက သူ့ကိုယ်သူ စိုက်ကြည့်ရင်း မော့လောင်တအား မရဲတရဲနှင့် မေးလိုက်သည်။
မော့လောင်တက ခေါင်းညိတ်သည်။
"အင်း...ပြီးတော့...အဲဒါကအရမ်းတူနေတယ်..."
"အရင်တစ်ခေါက်ကျွန်တော်ကိုယ်ဝန်ဆောင်တုန်းကနဲ့...တူနေတယ်မလား"
ယင်ရှောင်ရှောင်းက မော့လောင်တအား အကြံအိုက်သလို ကြည့်ကာ ပြောလာသည်။
မော့လောင်တက နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်ခဏမျှ တိတ်ဆိတ်နေသည်။
"ကိုယ်တို့ ကျိခန်းဆီ သွားလည်ရအောင်..."
"ရှောင်ရှောင်း..."
ကျိခန်းက ရှောင်ရှောင်းအား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်သည်။
"ကိုယ်ဝန်ရှိနေပြန်ပြီလား...တကယ်ကိုခက်ခဲလိုက်တာ"
မော့လောင်တ : "......"
"မြွေပွေးတွေက...တစ်ခါပဲကိုယ်ဝန်ဆောင်နိုင်တာမဟုတ်ဘူးလား"
ယင်ရှောင်ရှောင်းက မေးလိုက်သည်။
ကျိခန်းက ယင်ရှောင်ရှောင်းအား မျက်စိတစ်ဖက် မှိတ်ပြသည်။
"မင်းဆီမှာ မှတ်ဉာဏ်အမွေမှ မရှိဘဲ"
"ဟေး...ဒါကကျွန်တော့်မှာ မှတ်ဉာဏ်အမွေ မရှိလို့ မဟုတ်ဘူး"
ယင်ရှောင်ရှောင်းက ပူဆွေးသောကများ နာကြည်းဒေါသများဖြင့် ပြည့်နှက်နေသည်။
"နောက်ထပ်ပြန်ပြီးမဝင်စားချင်တော့ဘူး"
မော့လောင်တကလည်း အလွန်အမင်း မျက်နှာပျက်ယွင်းသွားသည်။ မြွေပေါက်လေး ကိုးကောင်ကိုတောင် မောင်းထုတ်ပစ်ဖို့ ခက်နေတာ။ အရူးပေါက်လေးက ထပ်ပြီး ကိုယ်ဝန်လွယ်ထားရပြန်ပြီ။
မော့လောင်တ မျက်နှာအပျက်ပျက်နှင့် မျက်မှောင်ကြုတ်နေသော ယင်ရှောင်ရှောင်းကို ကျောပေါ်တင်ပြီး အိမ်သို့ပြန်လာခဲ့သည်။ ထို့နောက် မြွေငယ်ကိုးကောင်ကို သတင်းဆိုးနှင့် ပတ်သက်ပြီး အသိပေး ပြောပြလိုက်သည်။ ထိုအချိန်မှစ၍ မြွေငယ်ကိုးကောင်မှာ သူတို့ထက်အငယ် မောင်နှမများနှင့် တွေ့ဆုံရန် စောင့်မျှော်နေကြတော့သည်။
မော့တာယိကလည်း သူတို့အိမ်သို့ လာလည်ပြီးနောက် ယင်ရှောင်ရှောင်း နောက်ထပ်တစ်ကြိမ် ကိုယ်ဝန်လွယ်ထားရသည် ဟူသည့် သတင်းကို လိုက်ဖြန့်ပြန်သည်။
"ဟေး... ကြားပြီသွားပြီလား... ငါတို့ရဲ့ ကျူကျန်းဖူရန်က မြွေလေးကိုးကောင်ကို မွေးပြီးတော့... အခုထပ်ပြီး ကိုယ်ဝန်ရှိနေပြန်ပြီတဲ့"
🐍🐍🐍🐍🐍🐍The End 🐍🐍🐍🐍🐍🐍
Extra ကျန်ပါဦးမယ်ရှင်