အခန်း (၁၉) ထန်မော့အာ၊ နင်က မောက်မာလွန်းလို့ ဘယ်သူမှ ချစ်မှာမဟုတ်ဘူး
Viewers 674


ဟန်ရှောင်းဝမ်၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားသည်။ 


ထန်မော့အာ၏ စကားလုံးများက သူမ၏ အပြစ်ကင်းစင်ဟန်ဆောင်ထားသော မျက်နှာဖုံးကို ခွာချလိုက်သကဲ့သို့ ဖြစ်သွားပြီး လူသတ်တော့မည့်အလား အငြိုးအတေးအကြည့်များ ပေါ်ထွက်လာတော့​၏။


"ထန်မော့အာ... ငါ နင့်ကို ဘာလို့ ဒီလောက်တောင် မုန်းနေလဲဆိုတာ နင်သိလား"


"သိတာပေါ့" 


ထန်မော့အာက ခေါင်းငြိမ့်ပြပြီး ပုခုံးတွန့်လိုက်သည်။


"ငါတို့က မအေတူ အဖေကွဲ ညီအစ်မတွေ ဆိုပေမဲ့ ငါတို့ကိုယ်ထဲမှာ တူညီတဲ့သွေးတွေ စီးဆင်းနေတာပဲ"


"ငါက အရာရာတိုင်းမှာ နင့်ထက် အမြဲသာနေခဲ့တယ်"


"ငါက လှပတဲ့ပန်းတစ်ပွင့်ဆိုရင် နင်ကတော့ လူမေ့ခံထားရတဲ့ သစ်ရွက်ခြောက်ကလေးပေါ့"


"နင် ငါ့အပေါ် မနာလိုဖြစ်ပြီး ဒေါသထွက်နေတာက သဘာဝပါပဲ"


"အဲဒါကြောင့်လည်း နင်က ငါ့ပိုင်ဆိုင်မှုတွေကို အမြဲတမ်း လိုချင်တပ်မက်ပြီး လုယူဖို့ ကြိုးစားနေတာပေါ့"


"ငါ နားလည်ပါတယ်"


ထန်မော့အာ၏ ဂရုမစိုက်သော ပုံစံက ဟန်

ရှောင်းဝမ်ကို ပို၍ပင် ဒေါသထွက်စေသည်။ 


ဟန်ရှောင်းဝမ်သည် လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် သူမ၏ လက်သည်းများက လက်ဖဝါးထဲသို့ လခြမ်းပုံစံ စိုက်ဝင်နေပြီး မျက်လုံးများတွင်လည်း မုန်းတီးမှုများ တောက်လောင်နေသည်။ 


ထန်မော့အာ ဤကဲ့သို့ ပြုမူတိုင်း သူမ မုန်းတီးမိသည်။ 


မြို့တော်ဝန်သမီး ဖြစ်နေရုံလေးနှင့် ဤမျှအထိ မောက်မာနေသည်မှာ သူမအတွက် သည်းမခံနိုင်စရာပင်။


ထန်မော့အာ ဘာကြောင့် ဒီလောကထဲမှာ ရှိနေရသလဲဆိုသည်ကို သူမ နားမလည်နိုင်ပေ။ 


ဘာကြောင့်လဲ။ ထန်မော့အာ ပြောခဲ့သလိုပင် သူမသည် ဟန်ရှောင်းဝမ်ထက် အမြဲသာလွန်နေပြီး လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ 


ဟန်ရှောင်းဝမ်သည် အမြဲတမ်း၊ အမြဲတမ်း မင်းသမီး ထန်မော့အာ၏ ဘေးနားမှ ဇာတ်ပို့နေရာမှာသာ ရှိနေခဲ့ရသည်။


သူမ မကျေနပ်နိုင်ပေ။ 


ထန်မော့အာ ပိုင်ဆိုင်သမျှ အရာအားလုံးကို လုယူချင်သည်။ 


သူမ၏ ကိုယ်ပိုင်တန်ဖိုးကို သက်သေပြရန် ထန်မော့အာကို အနိုင်ယူရမည်။


"ထန်မော့အာ... နင်က ငယ်ငယ်ကတည်းက ဒီလိုပဲ"


"ငါ နင့်ဆီက တစ်ခုခု လုယူလိုက်တိုင်း နင် တကယ်နာကျင်နေရင်တောင် ဝမ်းနည်းတဲ့ အရိပ်အယောင် ဒါမှမဟုတ် မျက်ရည်တစ်

စက်တောင် မပြခဲ့ဘူး"


"တကယ်တော့ ငါ နင့်ကို သနားပါတယ်၊ မြို့တော်ဝန်ဖြစ်တဲ့ နင့်အဖေကလည်း နင့်ကို ဂရုမစိုက်ဘူး၊ နင့်အမေကလည်း နင့်ကို မချစ်ဘူး"


"အခုဆို စုကျယ်တောင် ငါ့လူ ဖြစ်နေပြီ"


"မောက်မာမှုကလွဲလို့ နင့်မှာ ဘာရှိသေးလဲ...နင့်ကို ချစ်မယ့်သူရော ရှိသေးလို့လား"


ထိုကဲ့သို့ ရန်ငြိုးဖွဲ့သော စကားလုံးများကြောင့် ထန်မော့အာ ခေတ္တရပ်တန့်သွားပြီး အတွေးများ ဗြောင်းဆန်သွားသည်။ 


သူမ၏ မျက်လုံးများက ဟန်ရှောင်းဝမ်၏ မျက်နှာထက်မှ တစ်နေရာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိပြီး မိန်းမောသွားသကဲ့သို့ ဖြစ်သွားသည်။


ဟန်ရှောင်းဝမ်က ကျေနပ်သွားကာ နှုတ်ခမ်းအစွန်းကို ကွေးလိုက်သည်။ 


ထန်မော့အာ၏ အားနည်းချက်ကို ထိမှန်သွားပြီဆိုသည်ကို သူမ သိလိုက်​၏။


သူမ မောက်မာနေရခြင်းမှာ သူမကို ချစ်မည့်သူ တစ်ယောက်မှ မကျန်တော့သောကြောင့်ဖြစ်သည်။


သူမသည် ထန်မော့အာ၏ ရှေ့တွင် နွဲ့နှောင်စွာ လမ်းလျှောက်လိုက်ပြီး ချိုသာသယောင်နှင့် အဆိပ်ပြင်းသော အသံဖြင့် ပြောလိုက်သည်။


"အစ်မ... အစ်မက ဘာလို့ စုကျယ်နဲ့ ညီမတို့ နမ်းနေတဲ့ ပုံတွေကိုပဲ ဖြန့်လိုက်တာလဲ"


"ဘာလို့ ဗီလာထဲကို တိုက်ရိုက်ဝင်လာပြီး ငါတို့ကို ရင်မဆိုင်ရဲတာလဲ"


"အဲဒီဓာတ်ပုံတွေကြောင့် ငါ ပျက်စီးသွားလိမ့်

မယ်လို့ တကယ်ထင်နေတာလား"


"နင်က အရမ်းရိုးအလွန်းတယ်၊ စုကျယ်က အခု ငါ့ရည်းစားဖြစ်နေပြီ၊ သူက Prevailing အနုပညာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌပဲ"


"စုမိသားစုရဲ့ သခင်လေးလည်း ဖြစ်သေးတယ်၊ သူ့ရဲ့ အကာအကွယ်အောက်မှာ ရှိနေတဲ့ ငါ့ကို နင်က ဘယ်လိုလုပ်ပြီး နာကျင်အောင် လုပ်နိုင်မှာလဲ"


သားကောင်ကို ချောင်းနေသည့် ငါးမန်းတစ်ကောင်ကဲ့သို့ ထန်မော့အာ၏ ဘေးတွင် လှည့်ပတ်ကာ သူမက ဆက်၍ လှောင်ပြောင်

လိုက်သည်။


"ဒီကစားပွဲက အခုမှ စတာပါ၊ နင်က တကယ်ပဲ အနိုင်ရသွားပြီလို့ ထင်နေတာလား"


ဟန်ရှောင်းဝမ်၏ မကောင်းဆိုးဝါးဆန်သော စကားများကို နားထောင်ရင်း ထန်မော့အာသည် အဆိပ်ရှိသော မြွေတစ်ကောင်၏ ရစ်ပတ်ခြင်းကို ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ 


ယနေ့ တွေ့ဆုံမှုသည် သူမ မျှော်လင့်ထားသည်ထက် ပို၍ တစ်ခုခု ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားသည်။


"နင်က ဒီကို လာပြီး ကြွားရုံသက်သက်ပဲ မဟုတ်ဘူးပေါ့၊ နင့်ရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ"


"ဟား..." 


ဟန်ရှောင်းဝမ်က ထူးဆန်းစွာ ရယ်မောလိုက်ပြီးနောက် ထန်မော့အာ၏ လက်ကလေးကို အတင်းဆွဲညှစ်လိုက်သည်။


"အစ်မ... ညီမ တောင်းပန်ပါတယ်"


"ညီမ တကယ် မှားသွားမှန်း သိပါပြီ..."


ဟန်ရှောင်းဝမ်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို မြင်လိုက်ရသောအခါ ထန်မော့အာ ရယ်ချင်သွားသည်။ 


သူမသည် မောက်မာသော မိန်းကလေးမှ သနားစရာကောင်းသော သားကောင်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။


ဟန်ရှောင်းဝမ်သည် တကယ့်ကို ထူးချွန်သော မင်းသမီးတစ်ယောက်ပင်၊ သူမ၏ သရုပ်ဆောင်ချက်က ကမ္ဘာ့နံပါတ်တစ် ဟန်ဆောင်ကောင်းသော အပျက်မ ဆုကို ရနိုင်လောက်ပေသည်။


"ငါ့ကိုလွှတ်"


ထန်မော့အာက အေးစက်စွာ အော်ဟစ်လိုက်ပြီး ဟန်ရှောင်းဝမ်၏ လက်ထဲမှ သူမ၏ လက်ကောက်ဝတ်ကို ရုန်းထွက်ရန် ကြိုးစားလိုက်သည်။


"ညီမ တောင်းပန်ပါတယ် အစ်မရယ်" 


ဟန်ရှောင်းဝမ်က တောင်းပန်ရင်း ငိုရှိုက်ပြနေသဖြင့် ပို၍ပင် သနားစရာ ကောင်းနေသည်။ 


ဘေးပတ်ဝန်းကျင်မှ စပ်စုသော လူအချို့ကလည်း သူတို့ကို လှမ်းကြည့်နေကြ​၏။


ထန်မော့အာက သူမ၏လက်ကို အားဖြင့် ဆွဲထုတ်လိုက်သောအခါ ဟန်ရှောင်းဝမ်၏ လက်ထဲမှ လွတ်ထွက်သွားသည်။


"အား"


ဟန်ရှောင်ဝမ်က စူးရှစွာ အော်ဟစ်လိုက်ပြီးနောက် နောက်သို့ လန်ကျသွားကာ လှေကားပေါ်မှ ပြုတ်ကျသွားလေသည်။


ဟန်ရှောင်းဝမ်သည် မိမိကိုယ်ကိုပင် ရက်စက်နိုင်သည်ကို သိလိုက်ရသောအခါ ထန်မော့အာ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားသည်။ 


လှေကားထစ် ၂၀ ခန့် ရှိပြီး သူမ လဲကျသွားသည့်ပုံစံနှင့် ပြင်းထန်သော ရိုက်ခတ်မှုများအရ သာမန်ဒဏ်ရာထက် ပိုမိုပြင်းထန်ဖွယ် ရှိသည်။


ဟန်ရှောင်းဝမ်သည် လှေကားရင်းသို့ ရောက်သွားသောအခါ သူမ၏ မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးလည်း ပွန်းပဲ့ဒဏ်ရာများဖြင့် သွေးချင်းချင်းနီနေတော့သည်။


"ဟာ... တစ်ယောက်ယောက် လှေကားပေါ်က ပြုတ်ကျကုန်ပြီ"


ဈေးဝယ်စင်တာအတွင်းရှိ လူများက ချက်ချင်း ဝိုင်းအုံလာကြပြီး ဆူညံသွားသည်။


"အဲဒါ ဟန်ရှောင်းဝမ် မဟုတ်လား"


"အို... ဘုရားရေ၊ ထန်မော့အာက ဟန်ရှောင်းဝမ်ကို လှေကားပေါ်က တွန်းချလိုက်တာပဲ၊ မြန်

မြန်... ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ကြစမ်း"


အခြေအနေများက လုံးဝ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။


လူများစွာသည် ဟိုဟိုဒီဒီ ပြေးလွှားနေကြပြီး ထိုရုတ်ရုတ်သဲသဲ ကြားထဲတွင် တစ်စုံတစ်ယောက်က ထန်မော့အာကို အတင်းတွန်းလိုက်သဖြင့် သူမ၏ နွဲ့နှောင်းသော ခါးလေးသည် လှေကားထောင့်စွန်းနှင့် ပြင်းထန်စွာ ရိုက်မိသွားသည်။ 


ရိုက်မိသည့်ဒဏ်ကြောင့် နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သူမ မျက်မှောင်ကြုတ်သွားပြီး မအောင့်နိုင်ဘဲ ညည်းတွားလိုက်မိလေသည်။