🐍Chapter 107
ယခုအခန်းတွင် လိင်ပိုင်းဆိုင်ရာ ကိစ္စများပါဝင်သည်။ လိင်မှုဆိုင်ရာ အကြောင်းအရာများကို "NSFW စတင်ခြင်း" နှင့် "NSFW အဆုံးများ" ကြားတွင် ညှပ်ထားသည်။
ယင်ရှောင်ရှောင်း၏ အိမ်အနီးတွင် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း တို့သည် တည်းခိုရန်ဂူတစ်ခုကို တွေ့ရှိခဲ့သည်။ မကြာခင်တွင် မြွေများ အပြေးအလွှား ရောက်လာတော့မည်ကို သိလိုက်ရပြီး ယင်ရှောင်ရှောင်းနှင့် မော့လောင်တ တို့၏ မိတ်ဖက်အခမ်းအနား ကျင်းပသည့်နေ့ မတိုင်ခင်အထိ ဂူထဲမှ ထွက်သွားရန် မလိုကြောင်း လူနှစ်ယောက်က အခိုင်အမာပြောခဲ့သည်။
ရက်အနည်းငယ်ကြာပြီးနောက် ယင်တပိုင်နှင့် ဟွားရှောင်ဟွား ပြန်ရောက်လာသည်။ ထို့နောက် ဟွားရှောင်အာ၊ ဟွားရှောင်စန်းနှင့် အခြားမြွေများ ကမန်းကတန်းပြန်လာကြသည်။
ရက်ပေါင်းတစ်ဒါဇင်ကျော်ကြာပြီးနောက် လန်စန်းစန်း၏ ဖေဖေနှင့် ပါပါးတို့ရောက်ရှိလာသော်လည်း ဖေဖေမော့နှင့် မေမေမော့တို့၏ အရိပ်အယောင်များကို မတွေ့ရသေးပေ။
နောက်ဆုံး အခမ်းအနားမစမီ ငါးရက်အလိုတွင် မြွေများသည် သားကောင်ဖမ်းရန် အလုပ်ရှုပ်နေကြသည်။
သမရိုးကျ မိတ်ဖက်အခမ်း အနားတွင် အခမ်းအနားကျင်းပသည့် စုံတွဲ သုံးတွဲရှိလျှင် အမဲလိုက်ရမည့်သူမှာ မိတ်ဖက်များ၊ မိတ်ဖက်များ၏ မိဘများ နှင့် မိတ်ဖက်များ၏ ညီအကို မောင်နှမ များဖြစ်ကြပြီး လုံလုံလောက်လောက် စားသုံးနိုင်စေရန်အတွက် အမဲလိုက်ခြင်း များကို ပြုလုပ်ကြသည်။
ဒါပေမယ့် ဒီကိစ္စမှာ မိတ်ဖက်ဖွဲ့မယ့် သုံးတွဲကို ဆွေးနွေးကြည့်ရအောင်...
ဟွားရှောင်အာ နှင့် ဟွားရှောင်စန်း တို့၏ မိဘများမှာ ယင်တပိုင်နှင့် ဟွားရှောင်ဟွား ဖြစ်သောကြောင့် မြွေနှစ်ကောင်ရှိနေပြီဖြစ်သည်။ ယင်ရှောင်စစ်နှင့် လန်စန်းစန်း တို့ရှိသည်။ လန်စန်းစန်း ၏မိဘများက ထိုနေရာတွင်ရှိနေပြီး ယင်ရှောင်စစ် ၏မိဘများသည် ယင်တပိုင် နှင့် ဟွားရှောင်ဟွား တို့ဖြစ်ကြသည်။ နောက်တွင် ယင်ရှောင်ရှောင်း နှင့် မော့လောင်တ တို့ကျန်သည်။ ထိုအတွဲတွင် ယင်ရှောင်ရှောင်း၏ မိဘများသည် ယင်တပိုင်နှင့် ဟွားရှောင်ဟွား တို့ဖြစ်ပြီး မော့လောင်တ၏ မိဘများက မလာပေ။ ယင်ရှောင်ရှောင်းသည် အမဲလိုက်ရမည့်တာဝန်ထဲတွင် မပါဝင်ခဲ့ဘဲ မော့လောင်တသာ ပါဝင်ရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် မော့လောင်တ ကိုယ်တိုင်က မြွေငါးကောင်နှင့် ညီမျှသောကြောင့် လုံလောက်သော လုပ်အားမရှိခြင်းသည် အနည်းနှင့်အများ ကသီသည်။
ဟွားရှောင်ဟွား သားကောင်ကို ဆွဲငင်ကာပြန်လာချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။ ယင်ရှောင်ရှောင်း သည် ဂူရှေ့က မြက်ခင်းပြင်တွင် ပျင်းရိစွာ လျောင်းနေသည်ကို မြင်သောအခါ ဟွားရှောင်ဟွား က ဒေါသတကြီးဖြင့် သွားများကို အံကြိတ်ကာ အော်ဟစ်လိုက်သည်။
“ယင်ရှောင်ရှောင်း... ပါပါးက အလုပ်လုပ်နေတာကို မင်းက လဲလျောင်းနေတယ်ပေါ့...."
သူသမ်းဝေနေစဉ်တွင် ယင်ရှောင်ရှောင်း၏ မျက်လုံးများ ကျဉ်းမြောင်းလာပြီး သူ့ပါးစပ်ကို တွန့်ကွေးကာ စိတ်မပါဘဲ ရှောင်ဖယ်ပေးလိုက်ပြီး ဟွားရှောင်ဟွား အတွက် လမ်းရှင်းပေးလိုက်သည်။ တကယ်တွင် ထိုနေရာက နေရာလွတ်အများအပြားရှိသည်။
ပါပါး က သူ့ဘေးနားကနေသွားလို့မရဘူးလား....
"ရှောင်ရှောင်း... ကိုယ် ငှက်ဥတွေ တွေ့ခဲ့တယ်..."
မကြာခင်မှာပင် မော့လောင်တသည် အသက်ငင်နေသော ယုန်တစ်ကောင်ကို ထမ်းပြီး ငှက်သိုက်ကို ဆွဲယူကာ ပြန်လာခဲ့သည်။ သူသည် ယုန်ကိုချ၍ ယင်ရှောင်ရှောင်း ကိုပြောလိုက်သည်။
"မင်းစားဖို့ ကိုယ် ငှက်ဥသွားချက်လိုက်မယ် လေ... မနေ့က အများကြီးမစားလိုက်ရဘူးမလား...”
ယင်ရှောင်ရှောင်း သည် မြေပြင်ပေါ်တွင် လှည့်ပတ်ကာ ရပ်လိုက်ပြီး မော့လောင်တ ဆီသို့ အပြေးအလွှား ပြေးသွားသည်။ သူ့နောက်က ငှက်သိုက်ဆီသို့ လျှောတိုက်သွားလိုက်သည်။ အသိုက်အတွင်းမှ လုံးဝန်းသောငှက်ဥ ငါးဥ၊ ခြောက်ဥကို ကြည့်လိုက်သောအခါ ပါးစပ်ထဲမှ သွားရည်များစီးကျလာသည်။
"ဟုတ်တယ်..ဟုတ်တယ်... ငှက်ဥတွေ စားခဲ့တာတောင် တော်တော်ကြာပြီထင်တယ်..."
ထို့ကြောင့် မော့လောင်တ သည် ချက်ပြုတ်ရန်အတွက် မီးဖိုရန် ပစ္စည်းများကို ရှာဖွေခဲ့သည်။ လှိုဏ်ဂူထဲမှ ထွက်လာသောအခါ ဟွားရှောင်ဟွားက အရာအားလုံးကို ကြားလိုက်ရသည်။ သူသည် ယင်ရှောင်ရှောင်း ဆီသို့ လျှောတိုက်သွားလိုက်သည်။
“မော့လောင်တ က မင်းနဲ့ တွဲနိုင်တာ ကောင်းပါတယ်... တကယ်လို့ ဒီနေရာမှာတခြားမြွေသာဆိုရင် မင်းကို စွန့်ပစ်သွားလောက်ပြီ....”
ယင်ရှောင်ရှောင်း ပြုံးပြီးနောက် တဟီးဟီးရယ်ရင်း သူ့ပျော်ရွှင်မှုကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေသည်။
မြွေအုပ်စုသည် အလုပ်များနေပြီး ယင်ရှောင်ရှောင်းသည် ပျင်းရိလို့နေကာ ငါးရက်က လျှင်မြန်စွာ ကုန်ဆုံးသွားသည်။
စုံတွဲ သုံးတွဲရဲ့ မိတ်ဖက် အခမ်းအနားက နောက်ရက်မှာ ကျင်းပတော့မှာ...
မြွေများသည် သားကောင်များနှင့် ပြည့်လုနီးပါးရှိသော လိုဏ်ဂူကို စိုက်ကြည့်နေကြပြီး ဂုဏ်ယူမှုနှင့် ကိုယ့်ကိုယ်ကိုကျေနပ်မှုတို့ဖြင့် နှလုံးသားများက ပေါက်ကွဲထွက်မတတ်ဖြစ်နေကြသည်။ အလွန်အလုပ်များပြီး ဖရိုဖရဲဖြစ်ခဲ့သော ရက်အနည်းငယ် ကြာခဲ့သော်လည်း အောင်မြင်မှုမှာ ထင်ရှားသည်။
“ဟုတ်တယ်..ဟုတ်တယ်..မဆိုးဘူး မဆိုးဘူး...”
သားကောင်ကို စိုက်ကြည့်ရင်း စစ်ဆေးရေးလုပ်နေသော ခေါင်းဆောင်တစ်ယောက်ကဲ့သို့ ယင်ရှောင်ရှောင်း ခေါင်းညိတ်ပြသည်။ ယင်ရှောင်ရှောင်း၏ ဘေးတွင်ရပ်နေသော ဟွားရှောင်ဟွားက ယင်ရှောင်ရှောင်း၏ခေါင်းကို သူ့အမြီးဖြင့် ရိုက်လိုက်သည်။
"ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ..."
ဟွားရှောင်ဟွား၏ ရိုက်နှက်မှုကြောင့် ယင်ရှောင်ရှောင်း၏ မျက်နှာသည် မှားနေကြောင်း ဖော်ပြနေသော်လည်း ဟွားရှောင်ဟွား၏ မေးခွန်းကို ကြားလိုက်သောအခါ ယင်ရှောင်ရှောင်းသည် ဝမ်းနည်းပူဆွေးခြင်းမရှိတော့ပေ။ ထိုအစား သူက အနည်းငယ် ဘဝင်မြင့်နေပုံရသည်။ သူ့ခန္ဓာကိုယ်ကိုတည့်မတ်လိုက်သည်။
"ဟမ်... သားနဲ့ ဘယ်လိုမပတ်သက်ရမှာလဲ... သားရဲ့တဟေးတန်က သားကောင်အများစုကို ဖမ်းမိခဲ့တာ... တဟေးတန်က သားရဲ့ အနာဂတ်လက်တွဲဖော်ပဲလေ... သားနဲ့ ဘယ်လိုလုပ် မဆိုင်ရမှာလဲ...”
ဟွားရှောင်ဟွား: “….”
မော့လောင်တ ပြုံးပြီး ယင်ရှောင်ရှောင်း၏ခေါင်းကို အမြီးဖြင့် တယုတယ ပွတ်သတ်နေသည်။
ဟုတ်သည်၊ ယင်ရှောင်ရှောင်း ပြောခဲ့သည်က မှန်သည်။ ဂူထဲတွင်ရှိသော သားကောင်များ၏ သုံးပုံတစ်ပုံကျော်ကို မော့လောင်တမှ ဖမ်းမိခဲ့သည်။
ညနေရောက်သောအခါ အားလုံးက စောစောအိပ်ကြသည်။ မြွေတိုင်းသည် မနက်ဖြန်ကို စိတ်အားထက်သန်စွာ စောင့်ကြိုနေကြသည်။ ဟွားရှောင်ဟွား၏ နှလုံးသားသည် ရှုပ်ထွေးနေသည်ဟု ခံစားရသည်။
မနေ့ကပဲ သူ့ရဲ့ မိတ်ဖက် အခမ်းအနားကို လုပ်ထားပုံရပြီး မနက်ဖြန်မှာ သူ့ကလေးတွေရဲ့ မိတ်ဖက် အခမ်းအနားတွေမှာ ပါဝင်ရတော့မှာပဲ...
နောက်နေ့မနက် မိုးလင်းချိန်တွင် မြွေများက အစောထကြသည်။ မိတ်ဖက်အခမ်းအနားပြင်ဆင်ရမည့် မြွေပွေးများသည် မြစ်ကမ်းပါးသို့ ဦးစွာသွားကြသည်။ ယင်တပိုင်၊ ဟွားရှောင်ဟွား ၊ ယင်ရှောင်စစ် နှင့် အခြားမြွေများသည် ရောက်ရှိလာသော မြွေပွေးများကို လမ်းညွှန်ရန် နေရာ၌ ကျန်ရစ်ခဲ့သည်။
မိတ်ဖက် အခမ်းအနားတွင် ပါဝင်ရန် ရောက်ရှိလာသော မြွေပွေးများသည် အချိန်ကြည့်လျက် နံနက်စောစော ရောက်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ မြွေပွေးများ ပိုများလာသည်။ ဤနေရာ၌ လူသားများရှိခဲ့ပါက တောင်များနှင့် လွင်ပြင်များ ဖုံးလွှမ်းနေသည့် အဆုံးမရှိသော မြွေပွေးမြစ်ကြီးသည် သူတို့ဆီသို့ လျှောတိုက်လာသည်ကိုမြင်လျှင် ကြောက်လန့်တကြားဖြင့် ဖြူဖျော့သွားကြမည်မှာ သေချာသည်။ တစ်ချက်ကြည့်လိုက်သောအခါ မတ်တပ်ရပ်စရာနေရာတောင် မရှိတော့ဘူးဟု ခံစားနေရသော ကျိုးဖုန်းနှင့်ဝမ့်ယန်ကျန်းကို တွေ့လိုက်ရသည်။
ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း တို့ကို ယင်ရှောင်ရှောင်းမှ စောစောရောက်လာရန် တွန်းအားပေးခဲ့သည်။
နောက်ဆုံးမှာ မြွေပွေးတွေကအပြေးအလွှားသွားနေပြီးတော့ အဲဒီလူနှစ်ယောက်ကို ဘယ်သူက သတိရမှာလဲ... တကယ်တော့ ကျိုးဖုန်း နဲ့ ဝမ့်ယန်ကျန်း တို့ရဲ့ အတွေးအရ ယင်ရှောင်ရှောင်း နဲ့ မော့လောင်တ တို့ဟာ သူတို့ကို မေ့သွားဖို့ကို စိတ်အားထက်သန်နေခဲ့ကြတာ...
ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း တို့သည် မြစ်ကမ်းနံဘေးရှိ ကျောက်တုံးပေါ်တွင် တစ်ယောက်စီ ထိုင်နေကြပြီး သေခါနီးမျက်နှာကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်နေသည်။ သို့သော် မြွေပွေးများက သူတို့ကိုပဲ ကြည့်နေကြသည်။ လူကို တစ်ခါမှ မမြင်ဖူးသော မြွေပွေးတစ်ကောင်ရှိပြီး ထိုသို့တွေ့လိုက်ရသောအခါ သူတို့ဘေးနားက မြွေပွေးကို မေးလိုက်၊ ရုတ်တရက် နားလည်သွားလိုက်၊ နောက်တစ်မျိုးကြည့်လိုက်နှင့် အကုန်လုံးက ထိုသို့ဖြစ်နေကြသည်။ သူတို့က လူသားများကို လာကြည့်ဖို့ လာခဲ့ကြခြင်း မဟုတ်သော်လည်း လူသားများသည် သူတို့ရှိရာအရပ်၌ ရှိနေသောကြောင့်ဖြစ်သည်။ မြွေပွေးများသည် ကျိုးဖုန်းနှင့် ဝမ့်ယန်ကျန်း တို့ကို မရှောင်ခဲ့ပေ။ မြွေပွေးများ များလာလေလေ ကျိုးဖုန်း နှင့် ဝမ့်ယန်ကျန်း တို့ လူနှစ်ယောက်၏ခြေရင်း၌ မြွေပွေးများ ပိုများလာပြီး ဝိုင်းရံလာကြသည်။
ရောက်လာသော မြွေများတွင် မော့မြွေများလဲ ပါသည်။ ဟုတ်သည်၊ ပထမတွင် မြွေပွေးများက သိပ်စိတ်မ၀င်စားပေ။
နောက်ဆုံးမှာ လာမယ့်မိတ်ဖက်အခမ်းအနားတွေထဲက တစ်ခုက မျိုးနွယ်စုခေါင်းဆောင် အတွက်ဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလဲ လာရမှာပဲလေ...
သို့သော် ခဏကြာသောအခါ မြွေပွေးများ တစ်ခုခု ကိုလက်မခံနိုင်မှန်း သိလိုက်ရသည်။
ကောင်းကင်ကြီး... မော့မြွေတွေ အားလုံးလာရင်ရော... မော့မြွေတွေ ရာနဲ့ချီ ရှိပြီးတော့ အခု မြွေပွေးတွေက အမှန်တကယ်ကိုပဲမော့မြွေ ရာပေါင်းများစွာ ရှိနေကြောင်းကို မြင်လိုက်ရတယ်...
သတိမထားမိလိုက်ဘဲ မော့မြွေများနှင့် သာမန်မြွေပွေးများသည် မတူညီသော အုပ်စုများ ဖွဲ့စည်းခဲ့ကြသည်။ မော့မြွေများသည် တစုတဝေးတည်း စုရုံးလိုက်ကြပြီး သာမန်မြွေပွေးများသည် အခြားတစ်နေရာတွင် စုဝေးကြသည်။
မော့လောင်တ က ထိုမြင်ကွင်းကို ကြည့်နေသည် ။ အစက တစ်ခုခုပြောချင်သော်လည်း ဒီနေ့က သူ့အတွက် အောင်ပွဲခံသောနေ့ဟု ပြန်သတိရလာသောအခါ ဘာမှပြန်မပြောခဲ့ပေ။ မှိန်းနေသော ယင်ရှောင်ရှောင်း သည် ဘာကိုမှသတိမထားမိဘဲ စိတ်လှုပ်ရှားကာတွေးနေသေးသည်။
"ငါလက်ထပ်ရတော့မယ်... ငါလက်ထပ်ရတော့မယ်..."
မိတ်ဖက်အခမ်း အနားကျင်းပရန် အချိန်ရောက်လာသည် အထိ တစ်နေ့ထက်တစ်နေ့ ပိုပို၍ ပြည့်လာသည်။ မြွေပွေးများ တပြိုင်နက်နီးပါး ထွက်ပေါ်လာသည်။ ယင်တပိုင်၊ ဟွားရှောင်ဟွား နှင့် အခြားသော မြွေများလည်း ရောက်လာသည်။ ထိုအခိုက်အတန့်တွင် သက်ကြီးရွယ်အို ယင်မြွေတစ်ကောင် ရောက်လာပြီး စုံတွဲသုံးတွဲတို့ ရပ်နေသောနေရာလွတ်ထဲသို့ ရည်ရွယ်ချက်ရှိရှိ လျှောတိုက် ဝင်သွားသည်။
ထို ယင်မြွေကြီးသည် စုံတွဲ သုံးတွဲကို ချစ်ခင်စွာ စိုက်ကြည့်ကာ ပြုံးပြီး ပြောလိုက်သည်။
“ဒီနေ့ ဒီမှာ ငါကအသက်အကြီးဆုံး ပဲလို့ထင်တယ်... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ရဲ့ မိတ်ဖက်အခမ်းအနားကို သဘာပတိအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်...”
တစ်ဖန် သက်ကြီးယင်မြွေသည် ပတ်ဝန်းကျင်ရှိ မြွေပွေးများကို စူးစိုက်ကြည့်ကာကျယ်လောင်စွာ ပြောလိုက်သည်။
“နေသာပြီး တိမ်ကင်းစင်တဲ့နေ့မှာ အဖော်ဖြစ်ရာလမ်းကို လျှောက်မယ့် မြွေပွေးသုံးတွဲရှိတယ်... ဒီမှာရှိနေတဲ့မြွေတိုင်း သူတို့ပျော်ရွှင်ဖို့အတွက် ဆုတောင်းပေးကြမယ်..."
ယင်မြွေကြီး စကားဆုံးသွားသည်နှင့် အနီးနားရှိ မြွေပွေးများသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အော်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
"ပျော်ရွှင်ပါစေ...ပျော်ရွှင်ပါစေ... ပျော်ရွှင်ပါစေ...”
ယင်ရှောင်ရှောင်း: “….”
သက်ကြီးယင်မြွေ၏ အမြီးကို လှုပ်ခါလိုက်သဖြင့် မြွေပွေးများ ငြိမ်သွားသည်။ သက်ကြီးယင် မြွေက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ယင်ရှောင်ရှောင်းက အလွန်ပူပြီး သေလုမြောပါး ဖြစ်နေပြီဖြစ်သည်။
"နောက်ဆုံးတော့ အချိန်ရောက်လာပြီ..."
သက်ကြီးယင်မြွေသည် စုံတွဲသုံးတွဲနှင့် မျက်နှာချင်းဆိုင်ရန် နောက်တစ်ကြိမ် လျှောတိုက်လာသည်။ က္ကန္ဒြေရှိပြီး လေးလေးစားစား ဖြင့်ပြောသည်။
"ပြောပါ. မင်းဘေးနားကလူက မင်းရဲ့အဖော်ဖြစ်လာဖို့ မင်း က ဆုံးဖြတ်ပြီးပြီလား... ဒီဘဝမှာ တစ်ကောင်နဲ့တစ်ကောင် ဘယ်တော့မှ မထားခဲ့ပါနဲ့...."
မြွေခြောက်ကောင်က ခေတ္တရပ်လိုက်ပြီးချက်ချင်း ပြန်ဖြေသည်။
“ဆုံးဖြတ်ပြီးပါပြီ...”
"အဲဒီအခါမှာ မင်းရဲ့အစွယ်တွေနဲ့မင်းလက်တွဲဖော်ရဲ့ အကြေးခွံတွေကို ထိုးဖောက်ပြီး သွေးတွေသောက်ပြီးရင် လက်တွဲဖော်ဖြစ်လာပြီး ဒီတစ်သက်တာအတွက် တစ်ယောက်ကိုတစ်ယောက် အထောက်အပံ့ဖြစ်လာစေတယ်..."
မြွေပွေးခြောက်ကောင်သည် အတွဲလိုက် တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်ကာ လက်တွဲဖော်၏ ဦးခေါင်းအောက်နေရာကို ကိုက်ရန် ရှေ့သို့ ပြေးသွားကြသည်။
မော့လောင်တ ၏ အကြေးခွံများကို ထိုးဖောက်ပြီးသွေးများကို သောက်ရင်း ယင်ရှောင်ရှောင်း အနည်းငယ် မှိန်းနေပုံရသည်။ အနှစ်သုံးဆယ်။ မြွေတစ်ကောင်ဖြစ်လာတာ အနှစ်သုံးဆယ်ရှိပြီဖြစ်သည်။
မြွေတစ်ကောင်ဖြစ်လာပြီး မော့လောင်တနဲ့ လက်ထပ်နိုင်ခဲ့တာမဟုတ်လား...
တကယ်တွင် ယင်ရှောင်ရှောင်း က သူအလွန်ဆန္ဒရှိသည်ကို သိထားပြီး၊ သူ့အနားတွင်ရှိနေရပြီး ဝန်ထုပ်ဝန်ပိုးကို လိုလိုလားလားနှင့် ကြိတ်မှိတ်ခံချင်သော မော့လောင်တ ကိုလည်း သိသည်။ သူသည် ကလေးတစ်ယောက်လိုပင်။ သူသည် တစ်စုံတစ်ခုကို လိုချင်ပါက ၎င်းကို ရိုးရှင်းစွာ ထားသည်၊ တစ်ခုခုလုပ်ချင်လျှင် ရိုးရိုးရှင်းရှင်းပင် လုပ်လိုက်သည်။ထင်ရှားသည်မှာ မော့လောင်တသည် ၎င်း၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုများကို ငြင်းဆန်နိုင်ခဲ့သည်။ အမှန်တရားကို ယုံကြည်သော မော့လောင်တသည် သူ့ကိုပိုမိုရင့်ကျက်ပြီး ဆင်ခြင်တုံတရားရှိလာရန် ပြောခဲ့သည်မှာ ထင်ရှားသည်။ မော့လောင်တသည် သူ့အနားမှာ ရှိနေဖို့ အကြောင်းပြချက် မရှိခဲ့ပေ။
သူက အလွန်ထူးချွန်သည်။ မြွေပွေးများ၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီး သူသည် ကျူးကျော်လာသော လူသားများကို အောင်မြင်စွာ ချေမှုန်းရာတွင် မျိုးနွယ်စုများကို ဦးဆောင်ခဲ့သည်။ သူ့တွင် မော့တာအာ ၊ မော့တာမော့ ကဲ့သို့ ပိုမိုကောင်းမွန်သော ရွေးချယ်မှုများ ရှိခဲ့သည်။ သို့သော် သူသည် သူ့ကို ရွေးချယ်ခဲ့သည်။
ယင်ရှောင်ရှောင်း ၏ မျက်လုံးထောင့်များတွင် မျက်ရည်ဝဲလာသည်။
"ဒီလိုမျိုး သူငါ့ကို ချစ်တာ အရမ်းကောင်းတယ်... သူငါ့ကိုချစ်တယ်... သူက ငါ့ရဲ့ အားနည်းချက်အားလုံးကို သည်းခံနိုင်ပြီး ငါ့အတွက်ကြီးပြင်းလာဖို့လဲ မလိုအပ်တော့ဘူး... ကမ္ဘာပေါ်မှာရှိတဲ့ အမှောင်ထုနှင့် အအေးဓာတ်အားလုံးကို ရင်ဆိုင်ဖို့ မလိုတော့ဘူး... ငါအထီးကျန်မှာမဟုတ်ဘူး... မကြောက်ဘူး... သူ ငါ့အနားမှာရှိနေသရွေ့ ငါကဒီကမ္ဘာပေါ်မှာ အပျော်ဆုံးမြွေဖြစ်လာမှာ....''
"ဘာဖြစ်တာလဲ... ငါကိုက်လိုက်တာ နာလို့လား..."
မော့လောင်တ၏ အသံကြောင့် ယင်ရှောင်ရှောင်း၏ အာရုံများ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူသည် မော့လောင်တ၏ ဝမ်းနည်းနေသောအမူအရာကို မှင်တက်စွာ ကြည့်နေသည်။ ရုတ်တရက် ယင်ရှောင်ရှောင်းသည် နီးကပ်လာပြီး မော့လောင်တ ပါးစပ်ကို နမ်းလိုက်သည်။ သူတို့ဘေးနားက မြွေစုံတွဲနှစ်တွဲကို မေ့သွားသောကြောင့် အနမ်းက နက်ရှိုင်းလာသည်။ ယခုနေရာနှင့် ယခုအချိန်သည် မြွေနှစ်ကောင်၏ ကမ္ဘာတစ်ခုလုံးဖြစ်သည်။
သက်ကြီးယင်မြွေက ရယ်မောပြီး အသံကိုမြှင့်လိုက်သည်။
“ဒီစုံတွဲနှစ်ယောက်လုံးက စိတ်မရှည်ပုံရတယ်... ဒါဆို ကျန်တဲ့ စုံတွဲနှစ်တွဲကရော လုပ်သင့်တာ မဟုတ်ဘူးလား...”
အားပေးနေသော မြွေပွေးများဖြင့် ဝန်းရံထားပြီး ကျန် စုံတွဲနှစ်တွဲသည် ရှက်ရွံ့ကာ နမ်းရှိုက်ကြသည်။