အခန်း (၅) ကျမ ရှင့်ကို ကယ်လည်းကယ်ခဲ့ပြီ၊ ရိုက်လည်း ရိုက်ခဲ့ပြီ၊ အခုကစပြီး တို့နှစ်ယောက် ဘာမှမပတ်သက်တော့ဘူး
Viewers 677

ထိုလူများသည် ယခုအခါ ကားအပြင်ဘက်သို့ ရောက်ရှိနေပြီဖြစ်သည်။ 


သို့သော် ကားအတွင်းမှ အမျိုးသမီးတစ်ဦး၏ စိတ်လှုပ်ရှားဖွယ် ညည်းညူသံများနှင့်အတူ ကားမှာ သံသယဖြစ်ဖွယ် လှုပ်ခါနေသည်ကို မြင်လိုက်ရသဖြင့် သူတို့မှာ အာရုံပြောင်းသွားကာ အခြားတစ်နေရာသို့ ရှာဖွေရန် ချက်ချင်းပင် ထွက်ခွာသွားကြတော့သည်။ 


ကားထဲမှ ထိုစုံတွဲမှာ ရမ္မက်ဇောများ ထက်သန်နေပုံရပြီး ရပ်တန့်မည့် အရိပ်အယောင်ပင် မရှိချေ။


ထိုလူများ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ထန်မော့အာကို အမြန်လွှတ်ပေးလိုက်သည်။


ထန်မော့အာမှာ သူ၏ပေါင်ပေါ်မှ ဖယ်ခွာလိုက်ပြီး သူမ၏အသွင်အပြင်ကို ပြန်လည်ပြုပြင်ကာ အဝတ်အစားများကို ဆွဲဆန့်လျက် ဆံပင်များကို လက်ချောင်းများဖြင့် သပ်တင်လိုက်​၏။


ထို့နောက် သူမ၏လက်ကို မြှောက်ကာ သူ့ကို ပါးရိုက်ရန် ပြင်လိုက်သည်။


သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသောကြောင့် သူက သူမ၏လက်ကောက်ဝတ်ကို မြဲမြံစွာ ဖမ်းဆုပ်ထားလိုက်ပြီး ခပ်ဖျော့ဖျော့ ပြုံးပြကာ....


"တစ်ယောက်ယောက်ကို ရိုက်တော့မယ်ဆိုရင် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိသင့်တယ်လေ"


"ခုနက ကိုယ် မင်းအပေါ် မလိုအပ်တာတွေ လုပ်ခဲ့လို့လား"


ထန်မော့အာက မောက်မာစွာဖြင့် ပြန်ပြောလိုက်သည်။


"ကျမ ရှင့်ကို ရိုက်တာက... ရှင့်ဟာက ထောင်နေလို့လေ"


သူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သူမကို သူ၏ နက်မှောင်အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း လုံးဝ တုန်လှုပ်ပုံမရပေ။


ထန်မော့အာမှာ အနေရခက်သွားပြီး သူ့ကို ထိုသို့ပြောမိသည်မှာ မှားသွားပြီဟု နောင်တရမိသည်။ 


သူက လုံးဝ ရှက်ရွံ့ခြင်း မရှိပေ။ 


ဤအခြေအနေသည် အန္တရာယ်ရှိလှသည်။ 


သူသည် သူမ ကိုင်တွယ်နိုင်မည့် လူစားမျိုး မဟုတ်ပေ။ 


သူမအနေဖြင့် ဤအကြောင်းအရာကို မပြောခဲ့သင့်သလို၊ အထူးသဖြင့် မိနစ်အနည်းငယ်ခန့်ကမှ နီးနီးကပ်ကပ် ရှိခဲ့သည့်အတွက် ဆန္ဒတက်ကြွနေဆဲဖြစ်သော အမျိုးသားတစ်ဦးကို မဆွပေးခဲ့သင့်ပေ။ 


ယင်း၏ အကျိုးဆက်မှာ သူက သူမကို အတင်းအဓမ္မ ပြုကျင့်လာနိုင်ခြင်းပင် ဖြစ်သည်။


"ကျမကို လွှတ်ပေး"


သူမက သူ၏ သန်မာသော လက်အတွင်းမှ သူမ၏ လက်ကလေးကို ပြန်လည်ရုန်းထွက်ရန် ကြိုးစားလိုက်သည်။


"မင်း ကိုယ့်ကို မမှတ်မိတော့ဘူးလား"


ထန်မော့အာမှာ ခဏမျှ ကြောင်သွားပြီးနောက် သူ့ကို မထီမဲ့မြင် ပြုံးကာ...


"လူကြီးမင်း... ရှင့်ရဲ့ မိန်းမပိုးပန်းတဲ့ စကားလုံးတွေက ခေတ်နောက်ကျနေပြီနော်" ဟု ပြန်ပြောလိုက်သည်။


သူမ၏ ကြည်လင်လှပသော မျက်လုံးများကို ကြည့်ရင်း သူ၏ နှုတ်ခမ်းအစွန်းများမှာ အနည်းငယ် ကွေးညွှတ်ကာ လျှို့ဝှက်သော အပြုံးတစ်ခု ပေါ်လာသည်။ 


သူမမှာ ဆွဲဆောင်မှုရှိလှ​၏။


သူမက သူ့ကို မမှတ်မိသော်လည်း သူကတော့ ထိုနေ့က သူမကို ကောင်းကောင်းကြီး မှတ်မိနေသည်။


သူမသည် လွန်ခဲ့သော သုံးနှစ်က မြို့တော်တွင် သူတွေ့ခဲ့သော မိန်းကလေးဖြစ်သည်။ 


သူမသည် သူ့ကို ရှာတွေ့အောင် ရှာရန်ပင် ထပ်ခါတလဲလဲ သတိပေးခဲ့သေးသည်။


သူမ ကားဘေးမှ ဖြတ်လျှောက်သွားစဉ် ကားမှန်မှတစ်ဆင့် မြင်လိုက်ရရုံဖြင့် သူ ချက်ချင်း မှတ်မိခဲ့ခြင်းဖြစ်သည်။ 


နှစ်အနည်းငယ် ကြာသွားပြီဖြစ်သော်လည်း သူမသည် သူ မေ့မရနိုင်လောက်အောင် စွဲထင်ကျန်ရစ်ခဲ့သူ ဖြစ်သည်။


"လူကြီးမင်း... ကျေးဇူးပြုပြီး ကျမကို လွှတ်ပေးမလား"


"ကျမ ရှင့်ကို ကယ်ခဲ့သလို၊ ရိုက်လည်း ရိုက်ခဲ့ပြီးပြီ"


"အခုကစပြီး တို့နှစ်ယောက် ဘာမှမပတ်သက်တော့ဘူးလို့ပဲ သတ်မှတ်လိုက်ရအောင်"


"ကျမ တကယ်ပဲ သွားဖို့လိုနေပြီ၊ ချိန်းထားတာ ရှိလို့"


"ချိန်းထားတာ"


သူက သူမ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီးနောက် သူမ၏ မျက်နှာလေးကို သူ၏ လက်ဝါးကြီးဖြင့် အသာအုပ်ကိုင်လိုက်သည်။ 


သူမ၏ မျက်နှာမှာ သူ၏လက်ဝါးခန့်သာရှိပြီး အသားအရေမှာ ဖြူစင်ချောမွေ့နေသည်။ 


သူ၏ ကြမ်းတမ်းသော လက်မက သူမ၏ ပါးပြင်ကို အသာအယာ ပွတ်သပ်နေပြီး သူမကို လွှတ်မပေးချင်သကဲ့သို့ ရှိနေသည်။


"မင်း ခုနကပဲ ညည်းရမှာကို မသိဘူးလို့ ပြောခဲ့တာ မဟုတ်လား"


ထန်မော့အာမှာ သူ၏ အကိုင်အတွယ်မှ ရုန်းထွက်လိုက်ပြီး မျက်နှာကို လွှဲကာ ပျင်းရိစွာဖြင့် ပြန်ပြောလိုက်သည်။


"ရှင်က တကယ် အတာပဲ၊ မိန်းမတွေက ညည်းရမှာ မသိဘူးလို့ ပြောတယ်ဆိုတာက ရှင့်ကို မပေးချင်ဘူးလို့ ပြောတာလေ"


သူမက ကားတံခါးကို ဖွင့်ကာ အပြင်သို့ ထွက်သွားပြီး နောက်သို့ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့သည်။


...


ထန်မော့အာသည် သူမ၏ တိုက်ခန်းတံခါးကို ဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။ 


တံခါးပြန်ပိတ်ရန် လှည့်လိုက်စဉ်တွင် ပြောင်လက်နေသော အနက်ရောင် သားရေဖိနပ်တစ်ဖက်က တံခါးကြားသို့ ညှပ်ဝင်လာပြီး သူမကို တားလိုက်သည်။


ကားပေါ်မှ ထိုလူသည် သူမ၏ တိုက်ခန်းအထိ လိုက်လာရဲသည့် သတ္တိရှိနေခြင်း။


ယခုအခါ သူက ထိုနေရာတွင် ရပ်နေသဖြင့် သူမ သူ့ကို အနီးကပ် မြင်လိုက်ရသည်။ 


သူသည် အလွန် အရပ်ရှည်ပြီး တံခါးဘေးတွင် ရုပ်တုတစ်ခုကဲ့သို့ မတ်တပ်ရပ်နေသည်။


"ဘာလို့... ဘာလို့ ကျမနောက်ကို လိုက်လာတာလဲ၊ ကျမဆီက ဘာလိုချင်လို့လဲ"


ထန်မော့အာက သူ့ကို သတိကြီးစွာဖြင့် မေးလိုက်သည်။


သူ ခုနကလို စိတ်တက်ကြွနေတုန်းမို့ သူမကို တစ်ခုခု လုပ်ခိုင်းချင်လို့လား။


သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦးဖြစ်ပြီး စုကျယ်မှလွဲလျှင် သူမကို ရချင်သော အမျိုးသားများမှာ ဟွမ်ဖူမြစ်အထိ တန်းစီနေကြမည်ဖြစ်သည်။ 


သူမအပေါ် စိတ်မဝင်စားသူမှာ ရှားလှ​၏။


သူကလည်း ထိုလူများထဲက တစ်ယောက် ဖြစ်နေမလား၊ သူမကို တစ်ခုခု လုပ်မလို့လား။


သူမ၏ ခေါင်းထဲတွင် ဘာတွေတွေးနေမှန်း သူ မသိပေ။ 


သူက မသိမသာ ပြုံးလိုက်ရင်း....


"မင်း တကယ်ပဲ ဘယ်သူနဲ့ အတူနေချင်လဲဆိုတာ လာကြည့်တာပါ" ဟု ပြောလိုက်သည်။


"..."


သူမသည် သူ့လက်မှ လွတ်မြောက်ရန် ဆင်ခြေတစ်ခု ပေးခဲ့ခြင်းသာ ဖြစ်သည်။ 


သစ္စာဖောက်ခံရသည့် နာကျင်မှုမှာ သူမ၏ စိတ်ထဲတွင် လတ်လတ်ဆတ်ဆတ် ရှိနေသေးသည်။ 


သူမမှာ စိတ်ဓာတ်ကျနေသဖြင့် သူ၏ စနောက်မှုများကို ခံချင်စိတ်မရှိပေ။ 


သူမက နှာခေါင်းရှုံ့လိုက်ပြီး...


"လူကြီးမင်း... ရှင့်အနေနဲ့ ကျမဆီက တကယ်ပဲ ဘာကို လိုချင်နေတာလဲ"


"ကိုယ် ဒီမှာ နှစ်ရက်လောက် နေမယ်"


"ဘာ"


"မင်းက ကိုယ့်ကို နှင်ထုတ်တော့မလို့လား"


"ဒါပေါ့..."


"ဒါဆို မင်းကို သတိပေးရလိမ့်မယ်၊ ခုနက လူတွေက ကိုယ့်ကို ရှာနေတုန်းပဲ ဖြစ်မယ်"


"ကိုယ် အဖမ်းခံရရင် မင်းကိုပါ ဆွဲထည့်မှာ၊ အဲဒီကျရင် မင်း ရှင်းရမယ့် ပြဿနာတွေ အများကြီး ဖြစ်လာလိမ့်မယ်"



စိတ်ကို ထိန်း၊ စိတ်ကို ထိန်း။ 


ထန်မော့အာမှာ သူမ၏ ဒေါသကို အစွမ်းကုန် ချုပ်တည်းနေရသည်။ 


သူမက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဟန်ဆောင်အပြုံးတစ်ခုဖြင့်...


"ရပါတယ်၊ ကျမ အဖေက မြို့တော်ဝန်လေ..."


သူက ဂရုမစိုက်သလို ပခုံးတွန့်ပြကာ...


"မင်းက မင်းရဲ့ မြို့တော်ဝန်အဖေကို ဒုက္ခပေးဖို့ အဆင်သင့်ဖြစ်နေတာပဲ"


"တကယ့် သမီးမိုက်ပါလား"


ထန်မော့အာမှာ စကားမပြောနိုင်တော့ပေ။ 


သူမမှာ ဒေါသထွက်လွန်းသဖြင့် သူမ၏ ဖြူစင်သော သွားလေးများဖြင့် အောက်နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ထားမိသည်။ 


သူမက သူ့ကို စိုက်ကြည့်ကာ ဒေါသတကြီး ခြေဆောင့်လိုက်သည်။ 


ဤလူယုတ်မာသည် ယုံနိုင်စရာမရှိအောင်ပင် အရေထူလွန်းလှ​၏။