Ch 6
Viewers 576

6



ကံကောင်းထောက်မစွာဖြင့် လင်းရှန်သည် ထိုအချိန်တွင်ရောက်လာပြီး သူ အကောင့်မှတ်ပုံတင်နေသည်ကိုမြင်သောအခါ သူ့ကိုတားရန်လက်လှမ်းကာ သူ့ဖုန်းကိုထုတ်၍ပြောလိုက်သည်။





"မလိုပါဘူး ငါတစ်ခုငှားပေးလို့ရတယ်"




"အိုကေ"




လင်းဝမ်ယဲ့သည် မောက်စ်ကိုလွှတ်လိုက်ပြီး ဂိမ်းအကောင့်ဝင်သည့် စခရင်သို့ပြန်သွားကာ ဆိုဖာပေါ်တွင် သက်သောင့်သက်သာမှီထိုင်လိုက်သည်။ သူ့ဖခင်ကိုရှာတွေ့ပြီးနောက် ရုတ်တရက် စိတ်အေးသွားသောကြောင့်ဖြစ်နိုင်၏။ သူ့ဗိုက်မှာပြန်ဆာလာပြန်သည်။ သူ့ဗိုက်ကိုပွတ်သပ်ရင်း ပြောလိုက်၏။





"ငါ ဗိုက်ဆာပြီ"




လင်းရှန်သည် ဖုန်းစခရင်မှခေါင်းမော့ကြည့်လိုက်ပြီး ထိုင်ရာမှထကာလိုက်ကာကို မတင်လိုက်ပြီး လှမ်းခေါ်လိုက်သည်။





"ရှောင်ဝမ်"




ခဏအကြာတွင် လင်းရှန်ပြန်ရောက်လာပြီး လင်းဝမ်ယဲ့ရှေ့ရှိကီးဘုတ်ကို သူ့ဘက်သို့ဆွဲယူကာ သူ့အကောင့်နှင့် စကားဝှက်ကို ရိုက်ထည့်ပေးပြီးနောက် သူ့ဂိမ်းအကောင့်ထဲသို့ ဝင်ရန်ပြန်ထိုင်လိုက်သည်။ အလွန်ပျင်းရိနေသော လင်းဝမ်ယဲ့သည် ခေါင်းမော့ကာ အနှစ် ၂၀သက်တမ်းရှိပြီဖြစ်သော "Honor of Kings"ဂိမ်းကို လေ့လာနေခဲ့၏။ သူသည် နောက်မှလှမ်းကြည့်လိုက်ရာ အကောင့်ထဲ၌အကန့်အသတ်ဖြင့်သာထုတ်ဝေသော စကင်တော်တော်များများကိုတွေ့ရှိခဲ့သည်။ အကန့်အသတ်ဖြင့်ထုတ်သော စကင်များသည် ယေဘုယျအားဖြင့် ယွမ် ၅၀၀ကျော် တန်ဖိုးရှိသဖြင့် ဤအကောင့်မှာ သာမန်မိသားစုတစ်ခုမှတတ်နိုင်သောအကောင့်မျိုး လုံးဝမဟုတ်ပေ။





"ဒါ ဘယ်သူ့အကောင့်လဲ" 





လင်းဝမ်ယဲ့ ပေါ့ပေါ့ပါးပါးဟန်ဖြင့်မေးလိုက်သည်။ 






"ဒီစကင်တွေက မပေါဘူးနော်၊ ဒီသူဌေးက ဘယ်သူလဲ"





လင်းရှန်ပြန်ဖြေလိုက်သည်။





"ငါ့ဟာ"




လင်းဝမ်ယဲ့ မေးလိုက်သည်။





"ဟမ် ဘာလို့မင်းအကောင့်ကို ငါ့ပေးဆော့တာလဲ"





လင်းရှန်ပြန်ဖြေလိုက်သည်။





"စကင်တွေအများကြီးပါတော့ ဆော့ရတာ ပိုကောင်းတာပေါ့"





အရွယ်မရောက်သေးသူများကို ဝင်ခွင့်မပြုသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ အော့မိုရီအင်တာနက်ကဖေးမှာ သိပ်မဆူညံလှပေ။ ထို့ပြင်ဤသီးသန့်ခန်းမှာ အလုပ်အများဆုံးနေရာနှင့် ဝေးသဖြင့် လေထုမှာ တိတ်ဆိတ်နေလေသည်။

ကီးဘုတ်ခလုတ်၏ တတောက်‌တောက်မြည်သံကိုသာကြားနေရ၏။ ပတ်ဝန်းကျင်အလင်းရောင်မှာ မှိန်ဖျော့နေပြီး မော်နီတာမှအလင်းရောင်သည် သူတို့မျက်နှာများပေါ်သို့ ကျရောက်နေသည်။ လင်းဝမ်ယဲ့ခေါင်းလှည့်ကြည့်လိုက်ရာ လင်းရှန်သည် သူ့ဖုန်းစခရင်ပေါ်၌ အကောင့်အချက်အလက်များအား ရိုက်ထည့်နေသည်ကိုမြင်လိုက်ပြီး သူနောက်တစ်ကြိမ် ငိုချင်လာပြန်သည်။

ယခင်ဘဝရှိသူတို့ဆက်ဆံရေးမှာ ထိုမျှလောက်မရင်းနှီးခဲ့သော်လည်း သူ့ဖခင်မှ သူ့ကိုချစ်သည့်အချစ်ကို လင်းဝမ်ယဲ့ တစ်ခါမှသံသယမဝင်ခဲ့ဖူးပေ။ မတူညီသောအချိန်နှင့် နေရာတစ်ခုတွင်ပင် ဤသူသည် သူ့အပေါ်မသိစိတ်မှနေ ကောင်းမွန်နေဆဲဖြစ်ပုံရသည်။





သောက်ကျိုးနည်း ငါရှူးပေါက်ချင်လာပြန်ပြီလို့ခံစားနေရတယ်။





လေထုမှာ ရုတ်တရက်အလွန်အမင်း ကြည်နူးစရာကောင်းလာခဲ့သည်။





အချိန်ရေ အချိန်ရေ၊ နှေးနှေးသွားစမ်းပါ၊ သူ့ကို အိုမင်းမသွားပါစေနဲ့၊ သူ့ရဲ့ထာဝရနုပျိုမှုအတွက် ငါ့တစ်ဘဝလုံးကို ပေးဆပ်ရဲတယ်





လင်းဝမ်ယဲ့စိတ်ထဲတွင် တကယ်မရှိသောနောက်ခံတေးဂီတတစ်ခု ဖွင့်ထားသကဲ့သို့ဖြစ်နေပြီး ဤဘဝတွင်တော့ကြိုးကြိုးစားစားလုပ်ကာ သူ့ဖခင်အပေါ် သားကောင်းပီသရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။ လင်းရှန် သီချင်းတစ်ပုဒ်ကိုတီးတိုးညည်းရင်း ဂိမ်းထဲသို့ဝင်လိုက်ချိန်ထိပင်။ ထိုစဉ် အင်တာနက်ကဖေး မန်နေဂျာရှောင်ဝမ်သည် အစားအသောက်များယူလာပြီး စားပွဲပေါ်တွင် ချပေးသွားသည်။ အမဲသားပေါင်းခေါက်ဆွဲခြောက်နံ့မှာ သီးသန့်ခန်းထဲတွင်မွှေးပျံ့နေပြီး လင်းဝမ်ယဲ့ ထပ်မံ၍တိတ်ဆိတ်သွားပြန်၏။






"ဘာလို့ ခေါက်ဆွဲခြောက်ဖြစ်နေတာလဲ" 





"ဘာလို့ ခေါက်ဆွဲခြောက်မဖြစ်ရမှာလဲ"





 လင်းရှန်ပြန်မေးလိုက်သည်။ 





"အင်တာနက်ကဖေးမှာ ခေါက်ဆွဲခြောက်ကလွဲပြီး တခြားဘာစားရမှာလဲ၊ မင်းကိုသိုးတစ်ကောင်လုံး ကင်ကျွေးရမလား"





လင်းဝမ်ယဲ့သည် ငယ်စဉ်ကတည်းမှ ဤကဲ့သို့သော အစားအစာများကို ရှားရှားပါးပါးသာစားဖူးသဖြင့် သူ့စကားများကို လောလောဆယ်ယုံကြည်လိုက်သည်။ ခက်ရင်းကိုယူကာ ခေါက်ဆွဲကို စုပ်စားရန်ပြင်လိုက်စဉ် လင်းရှန်၏စခရင်ပေါ်ရှိ အကြောင်းအရာတစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။





[အကန့်အသတ်ဖြင့်ထုတ်သော စကင်များ - ၅၈]




ဟမ် နေပါဦး





လင်းဝမ်ယဲ့သည် မောက်စ်ကိုကိုင်ကာ သူ့ရှေ့ရှိဂိမ်းကို နှိပ်ကြည့်လိုက်ပြီး သူဝင်ထားသော အကောင့်တွင် အကန့်အသတ်ဖြင့်ထုတ်သော စကင််၂၇ ခုသာရှိကြောင်း အတည်ပြုလိုက်သည်။ 






ဒါဆို မင်းငှားပေးလိုက်တဲ့အကောင့်က ပိုမိုက်တဲ့အကောင့်ပေါ့။ ငါတောင် စိတ်ထဲမှာ အစကနေအဆုံးထိ အဖေဆိုတဲ့ သီချင်းကိုဆိုမိပြီး တော်တော်လေးစိတ်လှုပ်ရှားနေခဲ့တာလေ။ ခံစားချက်တွေတော့ အလကားဖြစ်သွားပြီ။





လင်းဝမ်ယဲ့သည် မကျေမနပ်ဖြင့် ခေါက်ဆွဲခြောက်တစ်လုပ်ကို အားရပါးရ စုပ်စားလိုက်ပြီး သူ့ဖခင်သည် ယခင်ဘဝ၌ အမှိုက်ပုံးနားမှဖြတ်သွားစဉ် ကလေးငိုသံကိုကြားခဲ့ရသဖြင့် ဤဖခင်နှင့်သား သံယောဇဉ်ဖြစ်ပေါ်လာခြင်းလောဟု ပြင်းပြင်းထန်ထန် သံသယဝင်လာခဲ့သည်။ အချိန်စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် သူ့ဆံပင်ကိုဆွဲနှုတ်ပြီး DNAစစ်ဆေးမှုလုပ်ရမယ်။ အစားမြန်ကြသဖြင့် သူတို့နှစ်ယောက်သည် ခေါက်ဆွဲခြောက်ကို အချိန်တိုအတွင်းစားပြီးသွားကာ ဂိမ်းတစ်ခုကို အတူတကွစတင်ကစားခဲ့ကြသည်။ ဗားရှင်းများကွာခြားသော်လည်း MOBA ဂိမ်းများ၏ ကစားပုံကို နားလည်ရန် လွယ်ကူပေ၏။ လင်းဝမ်ယဲ့သည် အနှစ်နှစ်ဆယ်အနာဂတ်မှ ဂိမ်းနားလည်မှုနှင့် သူ၏ထူးချွန်သော ကျွမ်းကျင်မှုများကို ပိုင်ဆိုင်ထားသဖြင့် ဖခင်ဖြစ်သူကို လေးပွဲဆက်တိုက် အနိုင်ရရှိစေရန် အလွယ်တကူ ဦးဆောင်နိုင်ခဲ့သည်။ အနိုင်ရရန် သယ်ဆောင်သွားခံရသည့် ခံစားချက်မှာ လင်းရှန်ကိုအလွန်တရာစိတ်လှုပ်ရှားစေပြီး နောက်တစ်ပွဲကိုနှိပ်ရင်းပြောလိုက်၏။





"ငါတို့နှစ်ယောက်က တကယ်ကိုမိုက်တာပဲ"





လင်းဝမ်ယဲ့ : "......"





ဒီဂိမ်းနိုင်တာက မင်းနဲ့ဘာဆိုင်လို့လဲ



မင်းက 0-8-5 လေ




ပါဆယ်ပို့တာတောင် မင်းလောက်မတော်ဘူး





လင်းဝမ်ယဲ့သည် သက်ပြင်းချလိုက်ပြီး ဂိမ်းထဲသို့ဝင်ရန်ပြင်လိုက်စဉ် ကွန်ပျူတာစခရင် ညာဘက်အောက်ထောင့်ရှိအချိန်မှာ ကိုးနာရီကျော်နေပြီဖြစ်ကြောင်း ရုတ်တရက်သတိပြုမိသွားသည်။ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် စတင်နေပြီပင်။ သူ့နားကြပ်ကိုချွတ်လိုက်ပြီး မေးလိုက်သည်။





"မင်း ကျောင်းကိုပြန်မသွားဘူးလား"





"ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်က ဘာအဓိပ္ပာယ်ရှိလို့လဲ" 




လင်းရှန်ပြောလိုက်သည်။ 





"ငါဖြင့်အိမ်စာတွေလုပ်ပြီးတာ ကြာပြီ၊

သင်ခန်းစာတွေကိုလည်း ကြိုကြည့်ပြီးပြီလေ၊ အတန်းထဲမှာနေရတာနဲ့ ထောင်ကျနေရတာနဲ့ ဘာကွာလို့လဲ"





ဖြစ်နိုင်သည်မှာ သူ့အဆင့်အတန်း ပို၍ထူးခြားလေလေ အခြားသူများက သူ့ကိုထူးခြားသည်ဟု ထင်မြင်မည်ကို သူပို၍မလိုလားလေလေဖြစ်နိုင်ပေသည်။ ယခင်ဘဝ၌ လင်းဝမ်ယဲ့သည် မည်မျှပင် ဆိုးသွမ်းသောကလေးတစ်ယောက်ဖြစ်စေကာမူ အခြားကျောင်းသားများ၏မိဘများကဲ့သို့ ဥက္ကဋ္ဌလင်းကို အတန်းပိုင်ဆရာမမှ ဖိတ်ကြားမည်မဟုတ်သော်လည်း သူ တစ်ခါမှအတန်းမလစ်ခဲ့ဖူးပေ။





"အခု အမှတ် ၇အထက်တန်းကျောင်းမှာ ညနေပိုင်းကိုယ်ပိုင်စာကြည့်ချိန် လစ်လို့ရလား" 





လင်းဝမ်ယဲ့ မေးလိုက်သည်။





"ဘယ်ရမလဲ" 




လင်းရှန်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုကဲ့သို့ သဘောထားကာပြောလိုက်သော်လည်း သူ့စကားများမှာတော့ အတော်လေး တုန်လှုပ်စရာကောင်းပေသည်။ 





"ဒါပေမဲ့ ငါမသွားရင်ရော သူတို့ကဘာလုပ်နိုင်မှာလဲ၊ ငါ့ကိုသတ်မှာလား"





လင်းဝမ်ယဲ့သည် စကားမပြောနိုင်တော့ဘဲ သူ့ထံတိတ်တဆိတ်သာ လက်မထောင်ပြလိုက်သည်။ လင်းရှန်သည် ကိုလာတစ်ငုံသောက်လိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ကာပြောလိုက်၏။





"အလွန်ဆုံးရှိ ငါ့အဖေဆီဖုန်းဆက်ပြီး စိတ်အနှောင့်အယှက်ပေးရုံပေါ့၊ ငါ့အတွက် သိပ်မထူးခြားပါဘူး၊ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတာကို ငါ ပိုသဘောကျတယ်"





သူ့အမှားကို ရုတ်တရက် သဘောပေါက်သွားသဖြင့် လင်းဝမ်ယဲ့ ချက်ချင်းမေးလိုက်သည်။





"မင်းနဲ့ မင်းအဖေကအဆင်မပြေဘူးလား"





လင်းရှန် အေးစက်စက်ရယ်မောလိုက်သည်။





"ငါက သားကောင်းတစ်ယောက် မဟုတ်သလို သူကလည်း ဖခင်ကောင်းတစ်ယောက် မဟုတ်ဘူးလေ၊ ငါတို့က တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေကြတာ၊ ဝေးဝေးနေတာက နောက်ဆုံးကျန်တဲ့ကြင်နာမှုတစ်ခုပဲ"





အတိတ်သို့ပြန်ရောက်လာပြီးနောက် လင်းဝမ်ယဲ့တွင် သတင်းအချက်အလက်ပိုင်းဆိုင်ရာ အားသာချက်ပေါင်းများစွာ ရှိနေသည်။ ဤသည်ကပင် သူ့ကိုအရာများစွာအပေါ် ထိန်းချုပ်နိုင်စေပြီး အရာများစွာကို သူတစ်ယောက်တည်း ပြောင်းလဲနိုင်စေမည်ပင်။ သို့သော် သူသည်ယခင်ဘဝ၌ အလွန်တရာအပူအပင်ကင်းစွာ နေထိုင်ခဲ့ပြီး သူဂရုမစိုက်သောအရာများကို တစ်ခါမှဂရုမစိုက်ခဲ့သဖြင့် သူ,မသိသောအရာများစွာ ရှိနေခဲ့သည်။

ဥပမာအားဖြင့် သူ့အဘိုး မည်မျှဆိုးရွားကြောင်းကို ဖခင်ထံမှ တစ်ခွန်းမကြားဖူးခဲ့ပေ။ သို့သော် သူလုံးဝမေ့၍မရနိုင်သော အရာတစ်ခုမှာ သူ့အဘိုးသည် သူ မွေးဖွားပြီး မကြာမီတွင် ရောဂါဖြင့် သေဆုံးသွားခဲ့ခြင်းပင်ဖြစ်သည်။

နောက်ကြောင်းပြန်ရေတွက်ကြည့်လျှင် နှစ်သိပ်မကြာသေးပေ။





လင်းရှန်သည် ဤကိစ္စနှင့်ပတ်သက်၍ ကြိုတင်တွေးတောထားမှု လုံးဝမရှိကြောင်းထင်ရှားပြီး သူ့သဘောထားမှာ ဤအကြောင်းကို ဆက်လက်ဆွေးနွေးလိုခြင်းမရှိကြောင်း ပြသနေသည်။

ဖခင်နှင့်သား ဆက်ဆံရေးဆိုးရွားနေလျှင်ပင် ဤမျှလောက်ထိဆိုးရွားသောသတင်းကို ရုတ်တရက်ကြားရခြင်းမှာ အတော်လေး ထိုးနှက်ချက်တစ်ခုဖြစ်နေဆဲပင်။ လင်းဝမ်ယဲ့မှာ သူ့ဖခင်သည် အနာဂတ်ကဲ့သို့ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရမည်အား ပို၍စိုးရိမ်နေခဲ့သည်။ ပထမအချက်မှာ သူ့ဖခင်နှင့် အဘိုးတို့၏ဆက်ဆံရေး အဘယ်ကြောင့် ဤမျှလောက် တင်းမာနေရကြောင်းကို သူ မသိပေ။ ဒုတိယအချက်မှာ သူသည် သူ့ဖခင်နှင့် ယခုမှသာတွေ့ဆုံရသေးပြီး ဤမျှလောက် ထိလွယ်ရှလွယ်သော ကိစ္စများကို မေးမြန်းရန်အချိန်မကျသေးချေ။





သေချာစွာ စဉ်းစားပြီးနောက် လင်းဝမ်ယဲ့သည် ဤအတွေးကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ အချိန်ရှိသေးသည်ဖြစ်ရာ တုံ့ပြန်ရန်မပြင်ဆင်မီ အခြေအနေကို နားလည်ထားခြင်းမှာ ပို၍လုံခြုံပေ၏။ သို့သော် ဤအကြောင်းကို သူမမေးနိုင်သော်လည်း အခြားအရာများကိုမူ သူမေးနိုင်ပါသေးသည်။ လင်းဝမ်ယဲ့ လည်ချောင်းရှင်းလိုက်ပြီး အလွန်တရာစိတ်လှုပ်ရှားဟန်ဖြင့် လက်နှစ်ဖက်ကိုပွတ်သပ်ကာ စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။




"မင်းမှာ ရည်းစားရှိလား"




လင်းဝမ်ယဲ့၏ရှုထောင့်မှကြည့်လျှင် ဤမေးခွန်းမှာ လုံးဝကိုသင့်လျော်ပေသည်။ သူ ငယ်စဉ်ကတည်းမှ အသိချင်ဆုံးအရာမှာ သူ့မိခင်ဘယ်မှာရှိသလဲဆိုသည်ပင်ဖြစ်သော်လည်း လင်းရှန်ကို မေးတိုင်းအဖြေက မည်မျှပင် သွယ်ဝိုက်၍ဖြစ်စေ တရားဝင်ဖြစ်စေ အမြဲတမ်း တူညီနေတတ်သည်။






"မင်းအမေက မင်းကိုစွန့်ပစ်သွားတာ"




ဤသည်မှာ လုံးဝယုတ္တိမတန်ကြောင်း ထင်ရှားပေသည်။ သူ့မိခင်သည် မွေးကင်းစကလေးကို တကယ်ပင်စွန့်ပစ်ရက်နိုင်လားဆိုသည်ကို ဘေးဖယ်ထားလျှင်တောင် သူ့ဖခင်၏ အတိတ်ရှိ အဆင့်အတန်းအရ သူ့တွင် အမျိုးသမီးတစ်ဦးနှင့် ထိုကဲ့သို့သော အတိတ်မျိုးရှိခဲ့လျှင် လောကကြီးထဲမှ အပြီးတိုင်ပျောက်ကွယ်သွားရန်မှာ မဖြစ်နိုင်ပေ။ သို့သော် လင်းဝမ်ယဲ့မည်မျှပင် စုံစမ်းစစ်ဆေးစေကာမူ ထိုကဲ့သို့သောလူမျိုးကို မရှာတွေ့နိုင်ခဲ့ပေ။ သူ့မိခင်မှာ လွန်ခဲ့သောအချိန်ကတည်းမှ သေဆုံးသွားခြင်းမရှိခဲ့ပါလျှင် ဤအရာအား ရှင်းပြရန်မှာခက်ခဲလှပေသည်။





သို့သော် သူမတကယ်သေဆုံးသွားခဲ့လျှင်လည်း သူ့ဖခင်သည် သူ့အားလှည့်စားရန် စွန့်ပစ်ခံရသည့် ဇာတ်လမ်းတစ်ပုဒ်ကိုဖန်တီးဖို့ ဒုက္ခခံမည်မဟုတ်ပေ။ ထို့ကြောင့် လင်းဝမ်ယဲ့သည် သူ့ဖခင်မှဖုံးကွယ်ဖိနှိပ်ထားသော ရှုပ်ထွေးပြီး နာကျင်စရာကောင်းသည့် အတိတ်တစ်ခုခုရှိရမည်ဟု အခိုင်အမာ ယုံကြည်နေခဲ့သည်။ သူမွေးဖွားသည့် အချိန်ဇယားအရ သူ့မိခင်သည် ဤအချိန်တွင် ဖခင်နှင့်အတူရှိနေရန် အလွန်ဖြစ်နိုင်ချေများပေ၏။ သို့သော် လင်းရှန်အတွက်မူ တစ်ခဏတာမျှ သူ့ဖခင်အကြောင်း ဆွေးနွေးနေရာမှ ရုတ်တရက် သူ့တွင်ရည်းစားရှိသလားဟု လင်းဝမ်ယဲ့မေးလာခြင်းမှာ လွန်ကဲလွန်းလှပေသည်။ သူ့ခေါင်းအားလှည့်ကာ သူ့ရှေ့မှလူထံစိုက်ကြည့်လိုက်ရာ ကောင်လေး၏မျက်ဝန်းနက်များမှာ ကြောက်စရာကောင်းလောက်အောင် တောက်ပနေပြီး မေးခွန်း၏အဖြေကို အလွန်အမင်း သိချင်နေပုံရကြောင်း သတိပြုမိသွား၏။





"ဘာလို့ ရုတ်တရက်ကြီး ဒါကိုမေးတာလဲ" 




လင်းရှန် သံသယဖြင့်မေးလိုက်သည်။





"သိချင်လို့ပါ ဒါမှမဟုတ် မင်းသဘောကျတဲ့ ကောင်မလေးရှိလား"





လင်းဝမ်ယဲ့သည် သူ့လက်သီးများကို ဆုပ်ထားပြီး မျက်လုံးများတွင်စိတ်အားထက်သန်မှုများ ပြည့်လျှံနေကာ သူ့မျက်နှာလေးသည် "ငါ့ကို မြန်မြန်ပြောပြပါတော့" ဟု အော်ဟစ်နေသကဲ့သို့ပင်။ လင်းရှန် သူ့ကိုအထက်အောက် ကြည့်လိုက်ပြီး ရုတ်တရက် တစ်ခုခုပြောချင်သွားသော်လည်း တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင်တော့ သူ့စိတ်ကိုပြောင်းလိုက်ပုံရသည်။





"မရှိဘူး ဒီအဖြေကို မင်းကျေနပ်လား"





လင်းဝမ်ယဲ့သည် သိသာစွာပင်မကျေနပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာသူ့မိခင်အားရှာဖို့ ပိုခက်ခဲသွားစေလို့ပင်။ သို့သော် သူသည်သိပ်သိသာအောင်မပြနိုင်သဖြင့် ယဉ်ကျေးပြီး မျက်နှာချိုသွေးဟန်ဆောင်ကာ စကားဝိုင်းကိုဆက်သွားလိုက်သည်။





"ငါသိသားပဲ၊ မင်းလိုလူချောလေးက လူတော်တော်များများနဲ့ မတန်ဘူးလေ"





သူ မည်မျှပျော်ရွှင်နေသည်ကိုမြင်သောအခါ လင်းရှန်၏မျက်နှာအမူအရာမှာ ရှုပ်ထွေးသွားပြီး ခဏတာစဉ်းစားပြီးနောက် အနည်းငယ်ပင် နောက်ဆုတ်သွားခဲ့မိသည်။





သောက်ကျိုးနည်း ဒီကောင်လေးက ငါ့ကို မြင်မြင်ချင်းချစ်သွားတာများလား။





အကြောင်းတစ်ခုခုကြောင့် လင်းရှန်သည် လင်းဝမ်ယဲ့အပေါ် ထိုကဲ့သို့ခံစားချက်မျိုးမရှိခဲ့ပေ။ ချောမောသော သူ့အသွင်အပြင်မှာ လင်းဝမ်ယဲ့၏အလှအပခံစားမှုနှင့် အတိအကျ ကိုက်ညီနေသောကြောင့်လည်းဖြစ်နိုင်သည်။ လင်းရှန်မှာ အတော်လေး ဇဝေဇဝါဖြစ်နေခဲ့၏။





ဒါက သူနဲ့ လုံးဝမတူဘူးလေ။ ပုံမှန်ဆိုရင် သူကဒီကောင်လေးလိုလူမျိုးနဲ့ ပရောပရည်လုပ်ဖို့ တက်ကြွနေမှာပဲလေ။ ဒီကောင်လေးက သူ့ကိုမြင်မြင်ချင်း သဘောကျသွားပုံရတယ်လို့ သဘောပေါက်ပြီးနောက်မှ ဘာလို့ သူ့ရဲ့ပြင်းပြတဲ့ဆန္ဒတွေပျက်စီးသွားသလို ခံစားရတာလဲ။





စက္ကန့်အနည်းငယ်ကြာသည်ထိ နက်နက်နဲနဲစဉ်းစားပြီးနောက် လင်းရှန်သည် မျက်လွှာပင့်ကာ လင်းဝမ်ယဲ့ထံလေးနက်သော အမူအရာဖြင့်ကြည့်လိုက်သည်။




"ရှောင်လင်း"




လင်းဝမ်ယဲ့ : "ဟမ်"





လင်းရှန် ဆက်ပြောလိုက်သည်။





"ငါက လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်မလို့ ငါ့အပေါ် ခံစားချက်တွေ မထားနဲ့၊ အဲဒါကအန္တရာယ်များတယ်"





လင်းဝမ်ယဲ့ : "......"