အခန်း ၁၃ ငါး စားကြမယ်
ယခုအချိန်တွင်
သူမ၏ယောက္ခမက
မျက်နှာနှစ်ဘက်ရှိသူ ဖြစ်ကြောင်း စုန့်ထောင်ဟုန်က သိနေခဲ့ပြီ ဖြစ်သည်။
သူမရဲ့ယောက္ခမက
မျက်နှာပေါ်မှာ ပျားသကာတင်ထားသလို ချိုမြတဲ့ အပြုံးကို
ဖော်ပြထားပေမယ့် သူမရဲ့မူရင်းအကျင့်စရိုက်ကို လိမ်လိမ်မာမာ ပါးပါးနပ်နပ်
ကွယ်ဝှက်ထားခဲ့တယ်။ သူမရဲ့ယောက္ခမက လူအများရှေ့မှာ
စုန့်ထောင်ဟုန်က ပြီးပြည့်စုံတဲ့ ချွေးမလို့
ပြုံးပြုံးရွှင်ရွှင် ပြောပြနေပေမယ့် တံခါးပိတ်ပြီးနောက်မှာတော့
ချွေးမဖြစ်သူကို အပြစ်ရှာဖို့ အချိန်မစောင့်နိုင်တဲ့သူ ဖြစ်သွားတက်တယ်။
တစ်ဖက်က
သူမရဲ့အကြီးဆုံးယောင်းမ(လင်ညီမ)ကတော့ သူမယောက္ခမရဲ့ သွေးဝေးတူမဖြစ်တာကြောင့် နှစ်ဦးသားရဲ့ပေါင်းသင်းဆက်ဆံရေးက ကောင်းမွန်နေတာ ပုံမှန်ပဲပေါ့။
သူမတို့က တမင်တကာ ခွဲခြားဆက်ဆံတာမျိုး မလုပ်ရင်တောင် စုန့်ထောင်ဟုန်ဆိုတဲ့ သူမက
အပြင်လူတစ်ယောက်လို ဖြစ်နေတာ အသေအချာပါပဲ။
တကယ်တော့
အိမ်ထောင်ကျပြီးတဲ့ နောက်မှာ သူမ အများကြီး သိလာရတယ်။
အရင်တုန်းက
ရှမိသားစုက
ရှချမ်းနဲ့
စုန့်တင်းရှန်းကို
ဘာလို့ စေ့စပ်ပေးခဲ့တယ် ထင်လဲ? အဲ့တာက
သူမရဲ့ယောက္ခမက စတုထ္ထစုန့်မိသားစုရဲ့ ကြွယ်ဝမှုကို
မျက်စိကျနေတောကြောင့်ပဲ။ အဲ့တာကြောင့် ရှမိသားစုက အဲ့လက်ထက်ပွဲကို စတင်နိုင်ဖို့
ကြိုးပမ်းခဲ့ကြတာ၊ စတုထ္ထစုန့်မိသားစုက သူတို့ရဲ့သမီးတွေ
မြေးတွေကို အရမ်းချစ်ပြီး စေသနာ ရှိတာကို လူတော်တော်များများ သိကြတယ်။ သူမရဲ့
ယောက္ခမကလည်း အဲ့တာကို သိနေခဲ့တယ်။ သူမရဲ့ ဝမ်းကွဲဖြစ်တဲ့ စုန့်ကျစ်ယွမ်ရဲ့အကြီးဆုံးသမီး
လက်ထပ်တဲ့အချိန်တုန်းက
သူမအတွက် ခန်းဝင်အဖြစ်
မြေနှစ်မူကို
ပေးခဲ့ရုံသာမက
အထည်ကောင်းတွေ၊ သစ်အယ်သားပရိဘောဂအစုံအလင်နဲ့ တောင်ပိုင်းက
လာတဲ့ ပရုတ်သစ်သားသေတ္တာကြီးနှစ်လုံးကိုလည်း
ထည့်ပေးခဲ့တယ်။ အဲ့တာတွေအပြင် ငွေဆံထိုးတစ်စုံ၊ ငွေလက်ကောက်တစ်ရံနဲ့ ငွေထည်ပစ္စည်းသုံးမျိုးပါတဲ့
ခန်းဝင်လက်ဆောင်တွေ၊ ပိုးလက်ကိုင်ပုဝါနှစ်ထည်တွေလည်းပါသေးတယ်။
အပြင်မှာ ပြထားတဲ့ လက်ဆောင်တွေအပြင် ငွေဆယ်လျန်ကိုလည်း
တိုးတိုးတိတ်တိတ်ထည့်ပေးတယ်လို့လည်း ပြောကြသေးတယ်။
အဲ့ဒီလို ရက်ရောတဲ့
ခန်းဝင်ပစ္စည်းတွေကြောင့် ရွာကလူတွေ တော်တော်များများ
မနာလိုဖြစ်ခဲ့ကြရတယ်။
ရှမိသားစုဘက်မှာကျတော့ ရှချမ်းရဲ့ပညာရေးကို
ထောက်ပံ့ပေးဖို့ ငွေလိုတာကြောင့် စုဆောင်းငွေက အများကြီး မရှိဘူး။ မိသားစုက မြေဆယ်မူအပေါ်မှာ မှီခိုနေထိုင်ရပြီး သူတို့ရဲ့ကြေးဝါရောင်
နွားအိုကြီးကို ငှားရမ်းတာကနေ ဝင်ငွေရှာရတယ်။ သူမရဲ့ယောက္ခမကြီး(ရှချမ်းအဖေ)က
ထူးဆန်းတဲ့အလုပ်တွေ လုပ်ဖို့ မကြာခဏ ထွက်သွားတက်ပေမယ့် သူ ရလာတဲ့ ငွေတစ်ဝက်ကိုပဲ မိသားစုအတွက်ပေးပြီး ကျန်တဲ့တစ်ဝက်ကို သူ့ဘာသာသူ
သိမ်းဆည်းထားတက်တယ်။
သူမ
အနေနဲ့ကလည်း သူမက ရုပ်ရည်ချောမောတာကြောင့် သူမရဲ့မိသားစုက
သူမကို မြို့ ဒါမှမဟုတ် ခရိုင်မှာ လက်ထပ်ပေးဖို့ စိတ်ကူးနေခဲ့ကြတာပါ။
ဒါပေမယ့်
အဲ့ဒိနေရာနှစ်ခုက လူတွေမှာ
ပိုင်ဆိုင်မှုအချို့ရှိကြပြီး သူတို့က
ဆင်းရဲတဲ့ လယ်သမားမိသားစုက
မိန်းခလေးကိုတော့ သေချာပေါက်
ရှုံ့ချပြီး
မလိုချင်ကြဘူး။ အဲ့အစား သူမကို သူဌေးတစ်ဦးရဲ့ကိုယ်လုပ်တော်အဖြစ်
ပို့ပေးမလားလို့ အောင်သွယ်က သူမအမေကို မေးခဲ့တယ်။
အဲ့တာက သူမရဲ့ဒေါသကို လောင်ကျွမ်းစေခဲ့တယ်။
သူမက ပိုက်ဆံကို
ကြိုက်တယ်ဆိုရင်တောင် တစ်စုံတစ်ယောက်ရဲ့
ကိုယ်လုပ်တော်အဖြစ်နဲ့တော့ အဆုံးမသတ်နိုင်ဘူးလေ။ ပြဿနာက ရိုးရှင်းပုံရပေမယ့် သူမထက်
ငွေကို
ပိုချစ်ပြီး
သူမကို လုံးဝ ဂရုမစိုက်တဲ့ သူမရဲ့အမေက သူမကို
ကိုယ်လုပ်တော် လုပ်ခိုင်းဖို့ အမှန်တကယ် စဉ်းစားနေခဲ့ပြီ။ အဲ့တာကြောင့်
သူမ
နောက်ထပ် နှောင့်နှေးနေလို့မရမှန်းသိနေတာကြောင့် သူမက
ရှချမ်းကို
ရွေးချယ်ခဲ့တာပါ။
ရှချမ်းက
အရမ်း ကြည့်ကောင်းတဲ့သူ မဟုတ်ပေမယ့် သူမက ဝတ်ရုံရှည်ကို ဝတ်ဆင်နိုင်တဲ့
ပညာရှင်တစ်ယောက်
ဖြစ်နေသေးတယ်။ တကယ်တော့ သူမက ရှချမ်းကို လူတွေရှေ့မှာ
နှစ်ကြိမ်လောက်ပဲ
မြင်ဖူးခဲ့ပြီး ရှချမ်းက သူမကို စိတ်ဝင်စာနေကြောင်း သူမ သိခဲ့ရတယ်။
သူမအတွက်တော့
ပညာရှင်ဆိုတာက လယ်လုပ်သူတွေထက်
အများကြီးသာလွန်တဲ့ လူတန်းစားပဲ။ ရှချင်းက
ကြည့်မကောင်းပေမယ့် ပညာရှင်တစ်ယောက်ရဲ့ အမူအကျင့်ရှိတော့ သန့်စင်မှုကို
ပေးနိုင်တယ်။ ပြီးတော့ သူရဲ့ သူမကို စိတ်ဝင်စားနေတဲ့ အမူအရာတွေကို
ပေါင်းစပ်လိုက်တော့ သူက သူမ လက်တွေ့ကျကျ ရွေးချယ်နိုင်တဲ့ လူတစ်ယောက်
ဖြစ်လာခဲ့တယ်။
သူမက
တစ်ညလုံး
အိမ်မှာ
တွေးတောနေခဲ့ပြီး နောက်တစ်ရက်မှာ
စုံစမ်းကြည့်တော့ ရှချမ်း အိမ်ပြန်လာမယ့်ရက်ကို သိလိုက်ရတယ်။ သူမက တောထွက် ဟင်းရွက်တွေ
ခူးဖို့ လာတဲ့ပုံစံမျိုး ဟန်ဆောင်ပြီး ရှချမ်းနဲ့
မတော်မတ တွေ့ဆုံဖို့
ဖန်တီးခဲ့တယ်။
ရှချမ်းက
အသက်ဆယ့်ခုနစ်နှစ်ကျော်ကျော်
ဆယ့်ရှစ်နှစ်တောင်
မပြည့်သေးဘူး။ သူမှာ မြင်သာမြင်ရပြီး မကြင်ရတဲ့ ဇနီးလောင်းတစ်ယောက် ရှိတာကြောင့် သူ့နှလုံးသားက မီးလောင်နေသလို
မရိုးမရွ ခံစားနေရတယ်။ အဲအချိန်မှာ
သူ နည်းနည်း မျက်စိကျနေတဲ့ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုက
သူ့အတွက်တော့ တွန်းလှန်ဖို့ ခက်ခဲလွန်လွန်းတယ်။ တစ်ခါ တွေ့ဆုံမှုကြောင့် အပြန်ပြန်အလှန်လှန်
နှုတ်ဆက်ကြအပြီးမှာ
အကြိမ်အများအပြား ထပ်တွေ့ခဲ့ကြတယ်။ နောက်တော့ အပြန်အလှန် နားလည်မှုတွေ ရှိလာပြီး
ဖွင့်ပြောဖို့ မလိုတဲ့ နားလည်မှုတွေကြောင့် ဆိတ်ငြိမ်တဲ့နေရာတွေမှာ
တွေ့ဆုံဖြစ်ခဲ့ကြတယ်။
တစ်ကြိမ်.... နှစ်ကြိမ်....
ကနေ မရေမတွက်နိုင်တဲ့ အခိုက်အတန့်တွေကို အတူ ဖန်တီးခဲ့ကြတယ်။ နော်ကတော့ သူမက သူမရဲ့
ရာသီသွေး တစ်လကျော်လောက်
နော်ကကျနေတာကို သိသွားပြီး တွက်ချက်ကြည့်လိုက်တဲ့အခါ ကိုယ်ဝန်ရှိနေနိုင်တာကို
နားလည်သွားခဲ့တယ်။ သူမက သေသေချာချာ တွက်ချက်ပြီး ရှချမ်းရဲ့ရင်ခွင်ထဲမှာ ငိုပြလိုက်တာနဲ့
ရှချမ်းက ချက်ချင်းပင်
စိတ်လှုပ်ရှားသွားပြီး အိမ်ပြန်သွားခဲ့တယ်။
ပြီးတော့ သူက သူ့မိဘတွေကို
ပြောပြခဲ့တယ်။
အဲ့သတင်းက
ရှမိသားစုအတွက်တော့ မိုးကြိုးပစ်လိုက်သလိုပဲ။ ပညာသင်သားတစ်ယောက်အတွက်
အရေးကြီးဆုံးက သူ့ရဲ့ဂုဏ်သတင်းပဲ။ စုန့်ထောင်ဟုန်က ဒီကိစ္စကို
ဖော်ထုတ်လိုက်ရင် ရှမိသားစုက သူတို့ရဲ့ခေါင်းတွေကို ဘယ်တော့မှ
ပြန်ဖောိနိုင်တော့မှာ
မဟုတ်ဘူး။
ပိုပြီးအရေးကြီးတာက ဒီအရှုပ်တော်ပုံက ရှချမ်းရဲ့ရပ်တည်မှုကိုသာမကပဲ သူ့ရဲ့နောက်ထပ်
ပညာရေးနဲ့ဆိုင်တဲ့ အိပ်မက်တွေကိုပါ ဖျက်ဆီးပစ်နိုင်တယ်။ အဲ့တာကြောင့် သူတို့မှာ လုံးဝ ရွေးချယ်စရာ
မရှိတော့ဘူး။
ရှချမ်းကို ပညာဆက်သင်စေချင်ရင် ဒီကိစ္စကို မြန်မြန် ကိုင်တွယ်ရမယ်။
စုန့်ထောင်ဟုန်ကလည်း
ရှချမ်းဘက်က အဲ့အခြေအနေကို အမှန်တကယ် သိနေတာကြောင့်
သူမက ရဲရဲဝင့်ဝင့်နဲ့
ဒီဇာတ်လမ်းကို ဖန်တီးခဲ့တာပါ။ အဲ့လိုမှ မဟုတ်ရင် ရှချမ်းကို
ရွေးချယ်မှာ မဟုတ်ပါဘူး။ တကယ်တော့ သူမက ရှချမ်းရဲ့မိသားစုနောက်ခံနဲ့
သူ့ရဲ့မျက်နှာကို
လုံးဝ
မကြိုက်ဘူး။
ဒါပေမယ့်
သူမက ရှချမ်းရဲ့တိုးတက်လာမယ့် အနာဂတ်ကိုတော့ သဘောကျတယ်။ မျက်နှာပေါ်မှာပဲ မူတည်ပြီး
စဥ်းစားရင် ကျိုးထျဲကျူးက တကယ်ကို ရုပ်ရည်ကောင်းမွန်တယ်။
ဒါပေမယ့် သူက မွေးစားသားဖြစ်နေပြီး ပိုက်ဆံတစ်ပြားမှမရှိတာကတော့ စိတ်မကောင်းစရာပဲ။ အဲ့တာအပြင်
သူ့ကို ယူမယ့်သူက ကျိုးမိသားစုအတွက် တစ်သက်လုံး ကျွန်ခံရဦးမယ်။
အဲ့တာကြောင့် ချောမောတဲ့မျက်နှာက တန်ဖိုး မရှိတော့ဘူး။
ရှချမ်းရဲ့မိသားစုတွေကလည်း အရမ်းစိုးရိမ်ပူပန်သွားတာကြောင့်
ရှရှီက မျက်လုံးပြူး
မျက်ဆံပြူးနဲ့ အဖြေတစ်ခုကို တစ်ခါတည်း ထုတ်ပေးလိုက်တယ်။ သူမက
ရှချမ်းကို စုန့်ထောင်ဟုန်ကို ပြောပြဖို့
အစီအစဥ်တစ်ခုတောင် ဆွဲပေးလိုက်သေးတယ်။ ရှမိသားစုက ဒီကိစ္စကို
ဘယ်သူ့ကိုမှ ပြောခွင့်မပြုဘဲ အစပြုချင်တယ်ဆိုရင်တော့ စုန့်တင်းရှန်းနဲ့ပဲ စတင်နိုင်တယ်လို့ သူမက
ပြောခဲ့တယ်။
ဒါပေမယ့်
စုန့်တင်းရှန်းက များသောအားဖြင့် ရွာပတ်ဝန်းကျင်မှာပဲ
သွားလာနေတတ်ကြပြီး
မြို့ထဲကိုသွားရင်တောင် သူတို့အိမ်က လူကြီးတွေ နောက်ကနေပဲ
လိုက်သွားတက်တယ်။ သူမ အပေါ်အခွင့်အရေးယူနိုင်မယ့် တစ်ခုတည်းသော
အချိန်က သူမ
အဝတ်လျှော်ဖို့
သွားတဲ့အချိန်ပဲ။
စုန့်တင်းရှန်းကလည်း
ရေရာသေချာတဲ့သူတော့ မဟုတ်ဘူး။ သူမက ရွာထဲမှာ ပျင်းပျင်းရိရိ နေရတာကြောင့် အဝတ်လျှော်တဲ့အချိန်က သူမအတွက်
ပျော်ရတဲ့အချိန်ပဲ၊ အဲ့တာကြောင့် သူမက သတိလက်လွတ် ဖြစ်နေတက်တယ်။ ဒါက
ကြီးကျယ်ခမ်းနားတဲ့ ဗျူဟာတစ်ခုလည်း မဟုတ်တာကြောင့် သူမဆိုတဲ့ စုန့်ထောင်ဟုန်အတွက်ကတော့
စုန့်တင်းရှန်းကို ဖယ်ထုတ်ဖို့က လွယ်လွန်းတယ်။ အဲ့ဒါကြာင့် သူမက လူတိုင်း အတင်းအဖျင်း
ပြောပြီး ရယ်မောနေမယ့်
အခိုက်အတန့်ကို စောင့်ဆိုင်းပြီး စုန့်တင်ရှန်းကို ဖြေရှင်းခဲ့တယ်။
တကယ်တော့
အခု
သူမအတွက် ရှမိသားစုမှာ
လက်ထပ်ရတာလည်း
အတော်လေးကို
သက်တောင့်သက်သာဖြစ်မယ်လို့ သူမ ခံစားခဲ့ရတယ်။ လက်ထပ်ပြီးတာနဲ့
သူမ
စုန့်လောင်စန်းရဲ့
ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ ခွဲထွက်နိုင်ခဲ့တယ်။
သူမ ကလေးမွေးပြီးရင် သူမကိုယ်သူမ
ထောက်ပံ့ဖို့ ပန်းထိုးလုပ်ငန်းကို လုပ်နေသရွေ့ သူမ
အဆင်ပြေနေလိမ့်မယ်။ ရှချမ်း စာမေးပွဲအောင်ပြီး ရာထူးတစ်ခု ရလာတာနဲ့ သူမက အရာရှိရဲ့တရားဝင်ဇနီးဖြစ်လာလိမ့်မယ်။
ဒါပေမယ့်လည်း
သူမရဲ့ယောက္ခမ ဖြစ်တဲ့သူကတော့ အရမ်းကြောက်စရာကောင်းတယ်။
မိန်းကလေးကောင်းတစ်ယောက်ရဲ့ အပြစ်ကင်းစင်မှုကို ဖျက်ဆီးပစ်ဖို့တောင် စဉ်းစားနိုင်တဲ့ ယောက္ခမတစ်ယောက် ရှိနေတာက
သူမအတွက် ဘယ်လိုကောင်းနိုင်မှာလဲ? စုန့်ထောင်ဟုန်ဆိုတဲ့
သူမကလည်း အလျင်စလိုတော့ ဟုတ်မှာ
မဟုတ်ပါဘူး။
ကစားပွဲက
အဝေးကြီး ကျန်သေးတယ်။ သူမ အရာရှိရဲ့တရားဝင်ဇနီးနေရာကို ရယူပြီးတာနဲ့ အဲ့မိုက်မဲတဲ့ အဘွားအိုကြီးကို
အနှေးနဲ့အမြန် ဖြေရှင်းနိုင်လိမ့်မယ်။
.....။.....။......
စုန့်တင်းရှန်းက
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပြီး နာရီဝက်ကျော်ကျော်လောက်အကြာတွင် ပြန်နိုးလာခဲ့သည်။
သူမ
နိုးလာချိန်တွင် အိုးထဲမှ ရေက ပူနေဆဲဖြစ်ကာ သူမ မျက်နှာကို
ဆေးကြောပြီး ပါးလုပ်ကျင်းနေချိန်တွင်
အိမ်နောက်ဖေးမှ ထင်းခုတ်သံကို ကြားနေရသည်။
သူမက ထိုနေရာသို့ လျှောက်သွားလိုက်ရာ
ကျိုးယိနိုက ထင်းခုတ်နေပြီး သူ့၏အပြုအမူကို ကြည့်ရသည်မှာ
သူက နောင်နှစ်အနည်းငယ်အတွက်ပါ ထင်းအားလုံးကို
ခုတ်ထားခဲ့ရန် စိတ်အားထက်သန်နေပုံရသည်။
ခြံထဲတွင်
နောက်ထပ်
သစ်ခြောက်ပင်ကြီး နှစ်ပင်ရှိနေပြီး သူ ဘယ်အချိန်က
ပြန်ဆွဲလာခဲ့မှန်းပင် သူမ မသိနိုင်ခဲ့ပေ။
"နိုးပြီလား?"
ကျိုးယိနိုက သူ့ခါးကို
ပြန်ဆန့်လိုက်ပြီး သူ့မျက်နှာပေါ် ချွေးများကို သုတ်လိုက်ကာ "အမေက
အခုန
လလာသွားတယ်။
ညနေကျရရင်
ဟင်းသီးဟင်းရွက်
ဖက်ထုပ်တွေ ပြုတ်ပြီး ငါးကြီးကြီးတွေ ပြုတ်မယ်တဲ့၊ ငါတို့ လာစားဖို့ ပြောသွားတယ်"
စုန့်တင်းရှန်းက ပြုံးလိုက်ပြီး
"အမေ အရမ်းကို
စိတ်စောနေတာပဲ။
ကျွန်မတို့မှာ
စားစရာတွေ မကုန်သေးဘူး။ လတ်လတ်ဆတ်ဆတ်တွေ စားဖို့ နေ့တိုင်း
အဲဒီကို သွားနေရတယ်"
ကျိုးယိနိုက "အဲ့တာဆို
မင်းတစ်ယောက်တည်း သွားလိုက်ရင်ရော
ဘယ်လိုလဲ? ငါ
ဒီမှာနေခဲ့ပြီး ကျန်တဲ့စားစရာတွေကို အရင် စားထားလိုက်မယ်”
စုန့်တင်းရှန်းက "အမေက
ရှင့်ကို မေးရင် ကျွန်မ ဘယ်လို ပြန်ပြောရမလဲ? သူ့သားမက်ကို
အိမ်မှာ
စားကြွင်းစားကျန်တွေ စားခိုင်းပြီး ကျွန်မက အိမ်ပြန်သွားရင် ကျွန်မအမေက ကျွန်မကို
ကြိမ်းမောင်းမှာပေါ့။ ဒီနေ့တော့ အတူတူ သွားစားကြရအောင်၊ နောက်ရက်ကျရင် ကိုယ့်ဘာသာ
အိမ်မှာ စားကြမယ်။ အမေတို့က ဘယ်အချိန် ငါးသွားဝယ်လိုက်တာလဲ?”
ကျိုးယိနိုက "ငါ တစ်ရေးတမော အိပ်ပြီး ထင်းခုတ်ဖို့
တောင်ပေါ်ကို သွားခဲ့တယ်။ အဲ့တုန်းက ရွာထဲကို ငါးတွေတင်ထားတဲ့
လှည်းတစ်စီး
ဝင်လာတာကို တွေ့လိုက်တယ်။ အဲဒီတုန်းက ဝယ်ခဲ့တာလို့ ငါ ထင်တယ်”
သူတို့ရွာ၏မြောက်ဘက်
ဆယ်မိုင်အကွာတွင်
မြစ်ကြီးတစ်စင်း ရှိပြီး ထိုမြစ်၏ကမ်းနားဘေးတွင် နေထိုင်ကြသော
မိသားစုများစွာက
ငါးဖမ်းခြင်းကို
ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ကြသည်။ များသောအားဖြင့် ရာသီဥတု ပူနေချိန်တွင်
သူတို့ ပိုက်ကွန်ခသည်ကို တစ်ခါမှ
မမြင်ဖူးသော်လည်း
ရာသီဥတု
အေးလာလျှင်
သူတို့က ငါးဖမ်းရန် ရေခဲများကို တူးတက်ကြသည်။ ဆောင်းရာသီတွင်
ဖမ်းမိသောငါးများက အဆီကြွယ်ဝသောကြောင့် ပြုတ်လိုက်လျှင်
အရသာအရှိဆုံးဟု
ဆိုကြသည်။
စုန့်တင်းရှန်းက သူမ၏ချည်သားစကတ်ကို ပွတ်သပ်လိုက်ပြီး
"ဒါဆို ရှင်
အိမ်မှာ
ထင်းခုတ်နေလိုက်ဦး၊ ကျွန်မ သွားကူပေးလိုက်ဦးမယ်။ ဘာမှ
မကူဉီဘဲ အဆင်သင့်လုပ်ထားတဲ့
အစားအစာတွေ သွားစားရုံနဲ့တော့ ကျွန်မ
ပါးစပ်ကို
ဖွင့်ဖို့
စိတ်လုံမှာ မဟုတ်ဘူး။ စကားမစပ်၊
ရှင်
အိမ်ကို မလာခင် အရင်ဆေးကြောပြီး
အဝတ်အစားတွေ
လဲလာခဲ့ဦး၊ ရှင့်ဆီကနေ ချွေးနံ့တွေ မထွက်စေနဲ့ အဲ့လိုမှ
မဟုတ်ရင် ကလေးတွေကို စိတ်မသက်မသာဖြစ်စေလိမ့်မယ်”
ကျိုးယိနိုက သူ နားလည်ကြောင်း
ပြသရန်
ပြုံးလိုက်ပြီး
ခေါင်းပြန်ငုံကာ ထင်းဆက်ခုတ်နေခဲ့သည်။
စုန့်တင်းရှန်းက
သူ့ဘေးနားတွင် ခဏရပ်ကာ စောင့်ကြည့်နေပြီးမှ နောက်သို့ ပြန်လှည့်ကာ ခြံဝင်းထဲမှ ထွက်သွားခဲ့သည်။
စုန့်မိသားစု၏ခြံဝင်းထဲတွင် သူတို့ ဝယ်ထားသော ငါးများ ရှိနေပြီး
ငါးတစ်ကောင်စီက စုန့်တင်ရှန်း၏လက်မောင်းနီးနီး ကြီးမားကြပြီး
ဖွံ့ဖြိုးထွားကြိုင်းသောငါးများ
ဖြစ်သည်။
ဖန့်ရှီနှင့် ကျန်းရှီတို့က
ခြံထဲတွင်
ငါးကိုင်နေကြပြီး ထိုငါးများက အေးခဲနေသော
ရေခဲငါးများ ဖြစ်သည်။
ထို့ကြောင့်
၎င်းတို့ကို
မကိုင်တွယ်ခင်တွင်
ပျော့သွားအောင်
ရေစိမ်ထားရပြီး
ထိုသို့ မလုပ်လျှင် ဓားက
ငါး၏ ဝမ်းဗိုက်ကို ဖြတ်နိုင်မည် မဟုတ်ပေ။
စုန့်တင်းရှန်းက
သူမ၏အိမ်ထဲသို့
ဝင်လာပြီး
ဖန့်ရှီ၏အဝတ်အစားဟောင်းတစ်ထည်ကို ရှာကာ လဲဝတ်လိုက်သည်။ ထို့နောက်
သူမက အင်္ကျီလက်ကို
လိပ်တင်ကာ
ခါးပတ်ကြိုးစကို တင်းတင်းချည်လိုက်ပြီး သူမ၏အမေနှင့်
အဒေါ်ကို ကူညီရန် သူမတို့နားသို့ သွားလိုက်သည်။
သူမ၏အကြီးဆုံးအဒေါက
သူမကို အလျှင်အမြန် တားလိုက်ပြီး “ဝင်မလုပ်ပါနဲ့တော့၊ ငါးညှီနံ့တွေ
နံကုန်လိမ့်မယ်”
ဖန့်ရှီက "သူ့(မ)ကို မတားနဲ့၊
သူ(မ)
ကူညီပလေ့စေ၊
သူလည်း
အခု အိမ်ထောင်ကျနေပြီ၊ ငါးမကိုင်တက်ဘူးဆိုတာ
မဖြစ်နိုင်တော့ဘူး။ ဒီနေ့တော့ ဒါတွေ
အားလုံးပြီးအောင် လုပ်ပြီး ဒီညနေမှာ ဒီငါးခြောက်ကောင်လုံးကို ပြုတ်ကြမယ်။ သူ(မ)ကို
ဝင်မလုပ်ခိုင်းရင်
ငါးစားရဖို့
နှစ်သစ်ကူးအထိ
စောင့်ရလိမ့်မယ်"
စုန့်တင်းရှန်းက
ဇလုံထဲရှိ
ရေကို ထိကြည့်လိုက်ပြီး ရေက နွေးနေသေးသည်ကို တွေ့လိုက်ရသည်။
သူမက
ခွေးခြေသေးသေးလေးတစ်ခုပေါ်တွင်
ထိုင်ကာ ဇလုံထဲမှ ငါးတစ်ကောင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ထုတ်ယူလိုက်သည်။ ထို့နောက်
သူမက ငါးကြေးခွံများကို
ခြစ်ရန် ကျိုးနေသော မီးဖိုချောင်သုံးဓားကို အသုံးပြးနေရင်း "ငါးတွေက ဆယ်ကောင်ကျော်တောင် ဝယ်ထားတာလား? ကျန်တာတွေက ဘာလုပ်ဖို့လဲ?"
ဖန့်ရှီက "ကျန်တာတွေကို
ခုတ်ထစ်ပြီး
ကြော်လိုက်မယ်။ မင်းအဖိုးနဲ့ ဒုတိယအဖိုး၊ တတိယအဖိုး၊ ပဉ္စမအဖိုးနဲ့
ဆဋ္ဌမအဖိုးတွေဆီကို ပန်းကန်လုံးတစ်လုံးစီ ပို့ပေးမယ်။ ဒီနေ့ ငါတို့မိသားစုက ငါးတွေ
အများကြီးဝယ်ခဲ့ပြီး
လူတိုင်းက မြင်နေရတယ်။ မင်းရဲ့ဦးလေးဝူပင်းမိသားစု၊ ရွာသူကြီးမိသားစုနဲ့
ဖန်းလျိုရဲ့မိသားစုတွေကိုလည်း
ငါးတစ်ပန်ကန်စီ ပေးရမယ်။
နှစ်သစ်ကူးပြီးရင် မင်းရဲ့မိသားစုအတွက်
အိမ်အသစ်ဆောက်ဖို့
မင်းအဖေက သူတို့နဲ့ တိုင်ပင်ထားတယ်"
ထိုအိမ်ထောင်စုသုံးစု၏မိသားစုအားလုံးတွင်
ကျွမ်းကျင်လုပ်သားများ ဖြစ်ကြသော ယောက်ျားသား များစွာရှိပြီး နှစ်သစ်ကူးပြီးလျှင်
သူတို့က တခြားအလုပ်များ လုပ်ရန် ထွက်သွားမည်ကို စိုးရိမ်သောကြောင့် စုန့်ကျစ်ယွမ်က သူတို့အားလုံးကို
စောစောစီးစီး ကြိုမေးမြန်းထားပြီး အားလုံးကို
ကြိုတင်စီစဥ်ထားခြင်း
ဖြစ်သည်။
စုန့်တင်းရှန်းက
အံ့အားသင့်သွားပြီး
"ကျွန်မတို့
မိသားစုအတွက်
အိမ်ဆောက်မလို့လား? ကျွန်မတို့မှာ နေစရာအိမ် မရှိလို့လား?"
"ဒါ
မင်းအိမ်လား?
ဒါက မင်းမိဘအိမ်၊ မင်း ဒီမှာ
ထာဝရ နေနိုင်လို့လား? မင်းက တခြားသူတွေကို
အတင်းအဖျင်းပြောခွင့်ပေးချင်နေတာလား?" ဖန့်ရှီက သူမ၏သမီးကို မျက်စောင်းထိုးလိုက်သည်။
ထိုနောက်
သူမက သူမ၏သမီးကို တစ်ချက်ထပ်ကြည့်လိုက်ပြီး "ကျားရောင်းတဲ့ပိုက်ဆံက
မင်းယောကျ်ားရဲ့ပိုက်ဆံပဲ၊
မင်းအဖေက
မင်းတို့အတွက် အဲ့ပိုက်ဆံအားလုံးကို
သိမ်းပေးထားတယ်။ မင်းယောကျ်ားက
မင်းအတွက် အိမ်ဆောက်ပြီး ပရိဘောဂနည်းနည်း
ဖြည့်ပေးဖို့ မင်းအဖေကို ပြောခဲ့တယ်၊ ကျန်တာကို မင်းတို့မိသားစုအတွက်
မြေမူ
နည်းနည်းလောက် ထပ်ဝယ်ရမယ်"
ထိုစကားကို
ကြားပြီးနောက်တွင်
စုန့်တင်းရှန်းက သူမ၏နှလုံးသားထဲမှ ချိုမြိန်သွားသလို
ခံစားလိုက်ရသည်။
ဟုတ်တယ်၊
ဒီကလေးက ငယ်သေးပေမယ့် သူများကို
ဂရုစိုက်တက်နေပြီ။
သို့သော်လည်း
အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင် သူမက အိမ်ဆောက်ရန် အစီအစဥ်ကို
ငြင်းပယ်လိုက်သည်။
"အမေ၊ အခုလောလောဆယ်
အိမ်မဆောက်လို့
မရဘူးလား? ဒီပိုက်ဆံနဲ့ဆိုရင် မြို့လေးမှာ
ဆိုင်တစ်ဆိုင် ဝယ်နိုင်တယ်။ ဆိုင်ကို ငှားထားရင် လတိုင်း
ပိုက်ဆံရှာလို့ ရသေးတယ်၊ နောက်ပိုင်းမှာ လုပ်ငန်းသေးသေးလေး
တစ်ခုစဖို့ စဉ်းစားလို့လည်း ရသေးတယ်"
ဖန့်ရှီက မျက်မှောင်ကြုတ်လိုက်ပြီး
"ဆိုင်လား?
ခရိုင်မြို့မှာဆိုရင်
အဲ့ပိုက်ဆံနည်းနည်းနဲ့ ဆိုင်သေးသေးလေးပဲ
ဝယ်လို့ ရတယ်။ မြို့လေးမှာဆိုရင်တော့
ပိုကြီးတဲ့
ဆိုင်တစ်ခန်း ဝယ်လို့ရတယ်...
မဟုတ်သေးပါဘူး၊ မင်းက ဘယ်လိုစီးပွားရေးမျိုး လုပ်ဖို့ စီစဉ်ထားလို့လဲ? ဟမ်..
မင်းက ဘာကို တစ်ယောက်တည်း စီစဥ်ချင်နေတာလဲ?
"အကြီးဆုံးအဒေါ်၊ အမေ့ကို ပြောပေးပါဦး၊ စကားနည်းနည်းပြောပြီးရင်
စိတ်က
တိုလာပြီ!"
စုန့်တင်းရှန်းက
ဓားကို
ယူလိုက်ပြီး ငါး၏ဗိုက်ကို
ထိုးခွဲရင်း
သူမ၏အဒေါ်ထံ
သူမ၏အမေကို
တိုင်တန်းလိုက်သည်။
ကျန်းရှီ၏ပြုံးရုံသာ
ပြုံးနေပြီး အမေနှင့်သမီးကြားမှ
စကားဝိုင်းကို ဝင်မပြောခဲ့ပေ။
တကယ်တော့ ဒါက
ကျိုးယိနို ရလာတဲ့ ပိုက်ဆံဖြစ်တာကြောင့် ဦးလေးဖြစ်တဲ့
သူမတို့မိသားစုနဲ့
ဘာမှမဆိုင်ပါဘူး။
"ဒါပေမယ့်
ငါတို့က အိမ်ဆောက်ဖို့
ပြောဆို
ထားပြီးပြီ"
ဖန့်ရှီက
စိုးရိမ်နေဆဲဖြစ်သည်။
စုန့်တင်းရှန်းက “ဒီငွေပမာဏနဲ့ဆိုရင်
အိမ်ကြီးကြီးတစ်လုံးဆောက်ဖို့ လုံလောက်မှာ မဟုတ်ဘူးလား? ဒါပေမယ့် သမီး
တစ်ယောက်တည်း ဘယ်လို နေရမှာလဲ? ဆောက်မယ်ဆိုရင်တောင် အခြေခံအခန်းသုံးခန်းပဲစာ
ဆောက်ဖို့ လိုမယ်။ မြေသားအုတ်အိမ်တွေက ဈေးမကြီးတဲ့အပြင် မြန်မြန်ဆန်ဆန်လည်း
ဆောက်နိုင်တယ်၊ ငါးရက်ခြောက်ရက်အတွင်း ပြီးနိုင်တယ်။ အဖေပြန်လာတာနဲ့ ကျိုးကောကို
ခေါ်ပြီး လိုတာတွေ သွားဝယ်ခိုင်းလိုက်ပေါ့၊ ဒါမှမဟုတ် တခြားတစ်ခုခု
ဆွေးနွေးကြရအောင်။ နောက်နှစ်ပတ်လောက်ဆို သူက စစ်တပ်ထဲ သွားပြီး သမီးက အိမ်ကို
ပြန်လာရတော့မယ်။ ဘယ်သူမှမနေရင် အိမ်အသစ်က အလွတ်ဖြစ်နေပြီး ကျိုးပဲ့ပျက်ဆီးဖို့
လွယ်ကူလိမ့်မယ်”
ဖန့်ရှီက ခဏလောက်စဉ်းစားနေပြီးမှ သူမ၏သမီး ပြောသည့်စကားများက
မှန်ကန်သည်ဟု
တွေးမိလာသောကြောင့် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီလေ၊ မင်းက ဉာဏ်တော့ ကောင်းသားပဲ၊ အဲ့တာကို
ထားလိုက်ပါ အခု ငါးမြန်မြန်
လုပ်တော့”
ငါး
သုံးလေးကောင်ကို
ကိုဘ်တွယ်ပြီးနောက်တွင် ကျန့်ရှိက
ထိုငါးများကို ရေဆေးပြီး
ခုတ်ထစ်ကာ
ကြက်သွန်နီ၊ ဂျင်း ၊ ကြက်သွန်ဖြူ တို့နှင့်အတူ
ဝိုင်တစ်ဇွန်းခန့်ထည့်ကာ
ငါးများကို နှပ်ထားလိုက်သည်။ ဝိုင်ထည့်ရန် နည်းလမ်းကို စုန့်ရှင်းယိက
သင်ကြားပေးခဲ့ခြင်း
ဖြစ်ပြီး သူက
အသားနှင့်
ငါးများကို ပြုတ်ရာတွင် ကျွမ်းကျင်သူ
ဖြစ်သည်။
သူ
ချွေးမများကို ပထမဆုံး သင်ပေးသည်မှာ ငါး၏ညှီးနံကို ဖယ်ရှားရန် ဝိုင်ကို
အသုံးပြုနည်းဖြစ်သည်။
ငါးများအားလုံးကို
သန့်စင်ပြီးနောက်
နှပ်ထားသော ငါးများကို ဟင်းခတ်အနှစ်များဖြင့် ရောနယ်လိုက်ကြသည်။ ထို့နောက် အာလူးကစီဓာတ်နှင့်
ဂျုံမှုန့်ဖြူ ဇွန်းအနည်းငယ်ကို ရောမွှေပြီး ကြက်ဥနှစ်လုံးကိုပါ
ဖောက်ထည့်ကာ အိုးထဲထည့်ကာ
အိုးကြီးတစ်လုံးဖြင့်
ကြော်လိုက်ကြသည်။
ငါးခေါင်းနှင့် အမြီးများကို အိမ်အတွက် ချန်ထားပြီး ကျန်ငါးတုံးများကို ပန်းကန်တစ်လုံးစီထဲသို့ ထည့်ကာ မိသားစုတစ်ခုချင်းစီဆီ သွားပို့ဖို့ အဒေါ်ကျန်း၏သားအကြီးဆုံး
စုန့်ကျွင့်လီကို စေလွှတ်လိုက်သည်။ ထိုအချိန်တွင် အိုးအောက်ခြေ၌ ဆီများ ကျန်နေသေးပြီး
နောက်ထပ်ငါးကြော်ရန် လုံလောက်နေသေးသည်။ ထို့နောက်
အကောင်လိုက် ချန်ထားသော ငါးကြီးများကို နှစ်ဖက်စလုံး ရွှေညိုရောင်သန်းလာသည်အထိ ကြော်လိုက်ပြီး ရေနှင့် ဆောင်းဦးဆီ(ပဲငံပြာရည်)တို့ကို
ထည့်ကာ ပြုတ်ထားလိုက်သည်။ ငါးပြုတ်နေစဉ်အတွင်း ဖန့်ရှီက
ပြောင်းဖူးမှုန့်များကို နယ်လိုက်ပြီး အိုးအဖုံးကို ဖွင့်ကာ ရွှေရောင်မုန့်ပေါင်းအဝိုင်းကို
တင်ထားလိုက်သည်။
ထိုမုန့်ပေါင်းများက
တစ်မိသားစုလုံးအတွက်
မလုံလောက်သောကြောင့် အခြားအိုးတစ်လုံးတွင် ပြောင်းဖူးမှုန့်များ
ထပ်နှယ်ကာ ကန်စွန်းဥများပါ ထပ်ထည့်ပြီး နောက်ထပ်
မုန့်ပေါင်းများကို ပြင်ဆင်ထားလိုက်သည်။
မုန့်ပေါင်းများ
ပြုလုပ်ပြီးချိန်တွင် ဖန့်ရှီက မီးဖိုချောင်ထဲရှိ ဟင်းရွက်ချဉ်အိုးထဲမှ
ဟင်းရွက်ချဉ်များကို ထုတ်ယူကာ အတုံးလေးများ လှီးဖြတ်လိုက်ပြီး
ကြက်သွန်မြိတ်လက်တစ်ဆုပ်စာကိုလည်း ခပ်ပါးပါးလှီးထားလိုက်သည်။
ထို့နောက် ဇွန်းထဲမှ ဝက်ဆီများကို မီးဖြင့် အပူပေးကာ လောင်းထည့်လိုက်ပြီး ရောမွှေလိုက်သောကြောင့်
မွှေးရနံ့က
ချက်ချင်းထွက်လာခဲ့သည်။
....။......။......
ကျိုးယိနိုက
ထင်းပုံကြီးကို
ခုတ်ပိုင်းနေပြီး
ချွေးတလုံးလုံး
ထွက်ကျနေသည်။ ထို့နောက် ရေပူရရှိရန်အတွက် ထင်းအနည်းငယ် မီးမွှေးလိုက်ပြီး ဇနီးဖြစ်သူ
အိမ်၌
မရှိချိန်ကို
အခွင့်ကောင်းယူကာ အဝတ်အစားများကို ချွတ်ပြီး
သူ့၏ခန္ဓာကိုယ်ကို ဆေးကြောလိုက်သည်။ ထိုနောက် အဝတ်သန့်သန့်ကို ပြောင်းလဲ၀တ်ဆင်ကာ ယောက္ခမအိမ်သို့
ငါးပေါင်းစားရန် ထွက်လာခဲ့သည်။
စားပွဲတစ်ခုတွင်
အမျိုးသားများ
ထိုင်နေကြပြီး အခြားစားပွဲတစ်ခုတွင်
အမျိုးသမီးများ
ထိုင်နေကြသည်။ စုန့်ကျစ်ယွမ်နှင့် စုန့်ကျွင်းရှန်တို့ မရှိသောကြောင့်
အမျိုးသားများ၏စားပွဲတွင်
ကျိုးယိနိုအပါအဝင် အဖိုးဖြစ်သူ စုန့်ရှင်းယိ၊ အကြီးဆုံးဦးလေး စုန့်ကျစ်ချန်း၊ သူ့၏သားအကြီးနှစ်ယောက်ဖြစ်သည့် စုန့်ကျွင့်လီနှင့်
စုန့်ကျွင့်ရွှေ့တို့အပြင် စုန့်တင်းရှန်း၏မောင်လေး
နှစ်ယောက်ဖြစ်သော အသက်ဆယ့်တစ်နှစ်အရွယ် စုန့်ကျွင့်ယောင်နှင့်
အသက်ရှစ်နှစ်အရွယ်
စုန့်ကျွင့်စွေ့တို့ ရှိနေကြသည်။
ထိုကောင်လေးနှစ်ယောက်လုံးကို
ဟူထောင်နှင့်
ဟူဇီဟု အမည်ပြောင်ဖြင့် ခေါ်လေ့ရှိကြသော်လည်း သူတို့နှစ်ယောက်လုံးက
အလွန်ကြည့်ကောင်းကြသည်။
အမျိုးသမီးစားပွဲဝိုင်းတွင်
အဘွားဖြစ်သူ လီရှီ၊ အကြီးဆုံးအဒေါ် ကျန်းရှီ၊ ကျိုးယိနို၏ယောက္ခမ ဖန့်ရှီ၊ အဒေါ်ကျန်း၏ချွေးမနှစ်ယောက်နှင့်
အကြီးဆုံးသမီးဖြစ်သူ အသက်ဆယ်သုံးနှစ်အရွယ် စုန့်ကျိကျင့်နှင့် စုန့်တင်းရှန်းတို့ ရှိနေကြသည်။ ထို့အပြင်
စုန့်တင်ရှန်း၏ယောင်းမဖြစ်သော ချောင်းရှီလည်း ရှိနေသေးသည်။
နောက်မျိုးဆက်မှ
ကလေးအငယ်များ ရှိနေသေးသော်လည်း သူတို့က ငါးအရိုးမထွင်နိုင်သေးသောကြောင့် သူတို့၏အမေများက သူတို့ကို စောင့်ကြည့်ပေးနေရသည်။
စားပွဲပေါ်တွင်
ပန်းကန်သုံးမျိုးသာရှိပြီး အလယ်တွင် ငါးပြုတ်ပန်းကန်ကြီး တစ်လုံး၊ ဝတ်ဆီထည့်သော
ဂေါ်ဖီချဉ်တစ်ပန်းကန်၊
ကြက်သွန်မြိတ်ထည့်တားသော
ပဲအနှစ်တစ်ပန်းကန်သာ
ရှိနေသည်။ ထို့နောက်
တစ်ဦးစီအတွက် ရွှေရောင်ပြောင်းဖူးမုန့်ပေါင်းနှင့် ကန်စွန်းဥမုန့်ပေါင်း
ပန်းကန်လုံးကြီးတစ်လုံးစီ ရှိနေသည်။
ငါးခေါင်းစွပ်ပြုတ်က အလွန်အရသာရှိပြီး ငါးခေါင်း၏ပတ်လည်တွင် အသားများသာရှိပြီး ဆူးများ မရှိသောကြောင့် စုန့်တင်းရှန်းက ငါးခေါင်းစားရသည်ကို ကြိုက်နှစ်သက်သည်။
အထူးသဖြင့်
ငါးဦးနှောက်ကို
ခပ်ပြင်းပြင်း
စုပ်လိုက်လျှင်
ပါးစပ်ထဲကို
လျှောကျသွားပြီး ထိုအရသာက သူမအတွက် မယုံနိုင်လောက်အောင်
ကောင်းမွန်လှသည်။
ဖန်ရှီက စုတ်သတ်လိုက်ပြီး
“လူတိုင်း အသားစားပေမယ့် မင်းက ခေါင်းကို ကိုက်နေတယ်။ ငါးခေါင်းက
ဘယ်လောက်တောင်
အရသာရှိနေလို့လဲ?”
အဘွားစုန့်က
“ပြောပြန်ပြီဦ
နင်က ကလေး
ပြန်လာတိုင်း ကလေးကို
ငေါက်ငမ်းနေတယ်။
ငါးခေါင်းက ဘာဖြစ်နေလို့လဲ? ငါးခေါင်းက
ဦးနှောက်အတွက် ကောင်းတယ်ဆိုတာ နင် မသိဘူးလား?မြေးလေး ကြိုက်ရင် များများစား။
ဒီငါးခေါင်းနဲ့ မလုံလောက်သေးရင် ထပ်ယူလေ"
ဖန့်ရှီက
နှာမှုတ်လိုက်သော်လည်း
သူမ၏သမီးအတွက် ငါးဝမ်းဗိုက်သား အကြီးကြီးတစ်တုံးကို
ထည့်ပေးလိုက်ရင်း
"သူ(မ)က
အရိုးမထွင် တက်တဲ့ ကလေးတွေထက်တောင် ပိုဆိုးနေသေးတယ်၊ ဒါကို
စားလိုက် အသားတွေ
ချည်းပဲ၊ အရိုး မပါဘူး"
စုန့်တင်းရှန်း၏မျက်လုံးများက ပူလောင်လာပြီး
သူမ
ငိုချင်လာသလို
ခံစားလိုက်ရသည်။
---------------------
🌟🌟🌟🌟🌟 Thank you
for always being my greatest supporter. 🌟🌟🌟🌟🌟