Ch 37
Viewers 1k

အခန်း (၃၇)


ရှန်းထင်ရွှမ်း။ “...”


ဘာလို့ အသီးမဟုတ်တာလဲ။


ထို့အပြင် ဟင်းသီးဟင်းရွက် ငါးမျိုးအား တစ်နေ့ထဲဖြင့် လူတစ်ယောက်က မည်ကဲ့သို့ စားနိုင်မည်နည်း။


ရှန်းထင်ရွှမ်းက အသီးများခူးနေရင်း ဝယ်ယူမှုအား ကန့်သတ်ထားသည့် စည်းမျဉ်းများကို ရုပ်သိမ်းရမလား မရုပ်သိမ်းရဘူးလားဆိုသည့် အကြောင်းကိုတောင် စဉ်းစားနေခဲ့သည်။ လူတစ်ယောက်က တစ်ချိန်ထဲတွင် ဟင်းသီးဟင်းရွက် ငါးမျိုးကို စားရန် မဖြစ်နိုင်ပေ။


မနေ့က တာဝန်က ရိုးရှင်းသည်ဟု ပြောခဲ့ပြီး ယနေ့က သေချာပေါက် မရိုးရှင်းပေ။


“ပုံတွေ ပို့ထားတယ်၊ မင်းရဲ့ အွန်လိုင်းဆိုင်မှာ တင်ထားလို့ရပြီ “


“ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် “ ရှန်းထင်ရွှမ်းက ရှောင်ဖုန်းကို ကြည့်လိုက်ပြီး ရုတ်တရက် တာဝန်ကို တွေးမိသွားသည်။ ဒါကို ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။ “ရှင် ကျွန်မကို အကူအညီတစ်ခု ပေးလို့ရမလား “


ရှန်းထင်ရွှမ်းက ပြဿနာကို မပြောခင် ရှောင်ဖုန်းက တိုက်ရိုက် ပြောလိုက်သည်။ “ပြဿနာမရှိပါဘူး “


“ခဏစောင့် “


ရှန်းထင်ရွှမ်းက တောင်ပေါ်သို့ ပြန်သွားလိုက်ပြီး ကြက်သွန်နီ၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ခူးလိုက်သည်။ ထို့နောက် ဂေါ်ဖီနှင့် ငရုတ်သီးတို့လည်း ရှိပေသည်။


“ရှင် ဒါတွေကို ဒီနေ့ စားပြီး ကူညီလို့ရမလား “


ရှန်းထင်ရွှမ်း၏ အတွေးက ရိုးရှင်းပေသည်။ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို သုံးကာ ဂေါ်ဖီမွှေကြော်တစ်ပွဲ လုပ်ရန် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် လူတစ်ယောက်က ဟင်းသီးဟင်းရွက် ငါးမျိုးကို စားနိုင်ပေသည်။


ရှောင်ဖုန်းက ဤအကူအညီက အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူက ဟင်းသီးဟင်းရွက်များကို ယူနေဆဲဖြစ်သည်။ “ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် “


“ငါလည်း ကျေးဇူးတင်ပါတယ်၊ ပုံတွေ ယူပြီးရင် အွန်လိုင်းဆိုင်မှာ တင်လိုက်မယ် “ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။


တောင်ပေါ်တွင် အလုပ်ရှုပ်နေခဲ့သည့် ရှန်းထင်ရွှမ်းက နေ့လယ်ထိတိုင် စောင့်နေခဲ့ပြီး စနစ်မှ တာဝန်ပြီးမြောက်သည့် ထုတ်ပြန်မှုကို မရရှိခဲ့ပေ။


“ငါ ခုထိ တာဝန် မပြီးသေးဘူးလား “ ရှန်းထင်ရွှမ်းက မေးလိုက်သည်။ ရှောင်ဖုန်းက ကူညီရန် ကတိပေးခဲ့ပြီး သူမပေးလိုက်သည့် ဂေါ်ဖီထုပ်များကို သေချာပေါက်စားပေလိမ့်မည်။


စနစ်။ “မစ်ရှင်မပြီးဆုံးခင် ၇နာရီ ကျန်ရှိနေပါသေးသည်။ လက်ရှိတွင် တာဝန်ပြီးမြောက်မှုသည် ၀% ဖြစ်ပါသည်။ မစ်ရှင်ကျဆုံးလျှင် ဝိညာဉ်စွမ်းအင် ၂၁% လျော့ချပါမည်။ “


ထိုအဓိပ္ပာယ်က ရှောင်းဖုန်းသည် ဤဟင်းသီးဟင်းရွက်များကို မစားခဲ့ခြင်းပင် ဖြစ်သည်။


ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်သည်။ သူမက အိတ်ကို လူတစ်ယောက်ဆီသို့ ပို့ရုံဖြင့် မရနိုင်သည့်ပုံပင်။


လောင်တုက နေ့လယ်တွင် အထုပ်များကို ကောက်ယူရန် လာခဲ့သောအခါ ရှန်းထင်ရွှမ်းက လောင်တုကိုလည်း ရှောင်ဖုန်းကဲ့သို့ ဟင်းသီးဟင်းရွက်အိတ်ကို ပေးလိုက်သည်။ လောင်တုက အိတ်ကို ပျော်ရွှင်စွာ ယူလိုက်ပြီး သူစားမည်ဖြစ်ကြောင်း ပြောခဲ့သည်။


သို့သော်လည်း ညစာစားချိန် ရောက်သည့်တိုင် တာဝန်က မပြီးမြောက်သေးပေ။ သေချာသည်မှာ လောင်တုကလည်း မစားခဲ့ပေ။


လူတိုင်းက ညစာစားချိန် မဟုတ်သေးသည့်အတွက် မစားရသေးသည်လား၊ ဒါမှမဟုတ် ဂေါ်ဖီမွှေကြော်ထဲတွင် ချင်းမထည့်လိုက်မိခြင်းကြောင့်လားဟု ရှန်းထင်ရွှမ်းက တွေးတောနေပေသည်။


သူမက တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ရင်း စောင့်ရန် ဆုံးဖြတ်လိုက်သည်။


ရှန်းထင်ရွှမ်းက အသီးများကို စင်ပေါ်တွင် တင်ထားသောအခါ အင်တာနက်အသုံးပြုသူများက မေးကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က မဲပေါက်သည့် အသီးများကို လက်ခံရှိခဲ့သည့် အနိုင်ရသူများစွာ ရှိပေသည်။ ဤအရာကို တိုက်ရိုက်ထုတ်လွှင့်မှု၏ နေရာတိုင်းတွင် ကြားနေရပေသည်။


ရှန်းထင်ရွှမ်းက အလျင်မလိုခဲ့ပေ။ ဘာပဲဖြစ်ဖြစ် စနစ်က ဤကဲ့သို့ တာဝန်မျိုးကို မထုတ်ပြန်ခဲ့ပေ။


[အစ်မလေး၊ ဒီနေ့ဘာလုပ်ပြမှာလဲ။]


ရှန်းထင်ရွှမ်း။ “ဒီနေ့ အဝတ်ဗီရိုလုပ်မယ် “


ဒီဇိုင်းအတွက်ကတော့ ရှန်းထင်ရွှမ်းက စဉ်းစားထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူမက စကားပြောပြီးသည်နှင့် တောင်ပေါ်သို့ ပုဆိန်တစ်ခုကို ယူသွားလိုက်သည်။


၎င်းကိုလည်း အနီရောင်စန္ဒကူးသားဖြင့် ပြုလုပ်မည်ဖြစ်သည်။ ရှန်းထင်ရွှမ်းက ဖုန်းကို အနီရောင်စန္ဒကူးပင်တစ်ပင်၏ ပင်စည်ပေါ်တွင် ထားလိုက်ပြီး အပင်ကို စခုတ်တော့သည်။


[အဲဒါက ကြမ်းတမ်းပေမဲ့ ငါ အရမ်းကြိုက်တယ်။]


[ဒီလို အနီရောင်စန္ဒကူးပင် အပိုင်းကြီးလေ။ အစ်မလေးက အရမ်းအံ့ဩစရာကောင်းတာပဲ။]


[ငါ နာကျင်သွားပြီ။ အဲ့ဒါကို အနီရောင်စန္ဒကူးလက်ကောက်လုပ်မယ်ဆိုရင် အနည်းဆုံး တစ်ခုကို တစ်ထောင်လောက် ရောင်းလို့ရတယ်။ အစ်မလေးက ဒါကိုလုပ်ဖို့ စဉ်းစားမထားဘူးလား။]


    ...


ရှန်းထင်ရွှမ်းက ခုတ်ထားသည့် သစ်ပင်ကို ခြံဝင်းဆီသို့ ဆွဲလာခဲ့ပြီး အံ့ဆွဲများကို ပြုလုပ်ရန် စတင်လိုက်သည်။


[ငါတို့ အစ်မလေးရဲ့ လက်ထဲရောက်ပြီးသွားရင် အကုန်လုံးက လွယ်လွယ်လေးလို့ အမြဲတမ်း ခံစားနေရတယ်။]


[ငါလည်း အဲဒီအံဆွဲလိုချင်တယ်။]


[အရင်တုန်းက ညစာစားဖို့ စားပွဲလုပ်တာက အစ်မလေးအတွက် အရမ်းရိုးရှင်းတာပဲ။ ငါ ငါ့စာကြည့်စားပွဲကို ကိုယ်တိုင် ပြင်ကြည့်ခဲ့တယ်။ ဒါပေမဲ့ ဘာကိုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ဘူး။ ငါ ဆေးရုံကို သွားနေရတုန်းပဲ။]


[ငါကတော့ တခြားကို အာရုံရောက်နေတယ်။ အရင် စားပွဲလုပ်တုန်းက လူတချို့က ပြောကြတယ်။ အစ်မလေးကို အဖွဲ့တစ်ဖွဲ့က ကူညီခဲ့တာဆို။ ဒါပေမဲ့ ဒီနေ့တော့ အစ်မလေးက သစ်ပင်ကို သူကိုယ်တိုင် ဆွဲနေပုံရတယ်။]


[ဖုန်းက နောက်ပိုင်းကို မမြင်ရဘူးလေ။ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေပုံရတယ်။]


[အပင်ခုတ်တာကရော တစ်ယောက်တည်း လုပ်နိုင်တယ်ဆိုတာ နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ သစ်ပင်ကြီးတစ်ပင်ကို တစ်ယောက်တည်း ရွေ့တာကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။]


    ...


ရှန်းထင်ရွှမ်း၏ အဝတ်ဗီရိုက အိပ်ခန်း၏ အရွယ်အစားအရ ပြုလုပ်မည်ဖြစ်သည်။ အဝတ်အစားများနှင့် ငှက်မွေးဂွမ်းကပ်စောင်များအပြင် မုန့်များအတွက် သိုလှောင်ရမည့် အံ့ဆွဲကြီးတစ်ခုလည်း ရှိရပေမည်။


သစ်သားအပိုင်းအစတစ်ခုချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင်ထူးခြားသည့် အသုံးဝင်ပုံများ ရှိပုံရပေသည်။  အမြင်အားဖြင့် ရိုးရှင်းသည့် ပစ္စည်းများသည် ရှန်းထင်ရွှမ်း၏ လက်ထဲတွင် ကလေးကစားစရာ သစ်သားတုံးများကဲ့သို့ ဖြစ်သည်။


ညနေ ၆နာရီခွဲတွင် အဝတ်ဗီရိုက အဆင့်သင့် ဖြစ်နေပြီ ဖြစ်သည်။ ရှန်းထင်ရွှမ်းက နောက်ဆုံးတွင် အံဆွဲကို ကော်ဖတ်စားလိုက်သည်။ ထို့နောက် အိပ်ခန်းဆီသို့ ရွေ့လိုက်သည်။


“ဒီနေ့တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာ ပြီးပါပြီ၊ လူဆယ်ယောက်ကို တောကြက်မောက်သီး မဲဖောက်ပေးပါမယ် “


[အမေ့ရေ၊ အသီးအသစ်ပဲ။]


[အရိုးသားဆုံးပြောရရင် ငါ လူတစ်သောင်းမဲဖောက်ပေးတဲ့အချိန်ကို သတိရမိတယ်၊ ပို့ဆောင်ခကို ကိုယ်တိုင်ပေးရပေမဲ့လည်းပေါ့။]


    ...


မဲဖောက်ပြီးနောက် ရှန်းထင်ရွှမ်းက မဲပေါက်သူများကို သူတို့၏ လိပ်စာများ ချန်ထားခဲ့ရန် ပြောလိုက်သည်။ ထို့နောက် အင်တာနက်အသုံးပြုသူများကို သွားခါနီးနှုတ်ဆက်စကားဆိုလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။


မဲမှောင်နေသည့် ကောင်းကင်ကို ကြည့်လိုက်ပြီး ရှန်းထင်ရွှမ်းက သက်ပြင်းချလိုက်သည်။ သူမ၏ မစ်ရှင်က မပြီးသေးပေ။


ရှန်းထင်ရွှမ်းက WeChat ကို ဖွင့်လိုက်ပြီး ရှောင်ဖုန်းပို့ထားသည့် ပုံများကို တွေ့လိုက်ရသည်။ သူမက ပုံများကို သူမဖုန်းထဲတွင် သိမ်းထားလိုက်ပြီး စာတစ်ကြောင်း ပို့လိုက်သည်။


[နင့်ကို ပေးလိုက်တဲ့ ဂေါ်ဖီကို စားဖို့မမေ့နဲ့။]


ရှောင်ဖုန်းက စက္ကန့်အနည်းငယ်အတွင်း စာပြန်လိုက်သည်။


[ငါ နေ့လယ်တုန်းက စားပြီးပြီ။ အရသာရှိတယ်။ ကျေးဇူးပါ။]


ရှောင်ဖုန်းက လိမ်မပြောခဲ့ပေ။ နေ့လယ်က ပြန်ရောက်တော့ ရှောင်ဖုန်း၏ အမေက တကယ်ပဲ ဤဂေါ်ဖီမွှေကြော်ကို ပြုလုပ်ခဲ့သည်။ သို့သော် ရှောင်ဖုန်းအမေက ကြက်သွန်နီ၊ ငရုတ်သီး၊ ကြက်သွန်ဖြူနှင့် ဂေါ်ဖီထုပ်တို့ကိုသာ ထည့်ခဲ့ပြီး ချင်းကို မထည့်ခဲ့ပေ။


ထို့ကြောင့် အဆုံးတွင် နေ့လယ်က စားခဲ့သည့် မွှေကြော်က ရှန်းထင်ရွှမ်းပေးခဲ့သည့် ငရုတ်သီးနှင့် ဂေါ်ဖီသာ ပြစရာရှိပေသည်။


ရှောင်ဖုန်းကလည်း ဂေါ်ဖီနှင့် ငရုတ်သီးကို တကယ်ပဲ အသုံးပြုခဲ့ကြောင်း ပုံတစ်ပုံကို ပြရန် ပို့လာခဲ့သည်။ သူက စာကြောင်းတချို့ ထပ်ပို့ခဲ့သည်။ [ငါတို့ နေ့လယ်တုန်းက ပန်းကန်ပြားအလွတ်ဖြစ်အောင် စားလိုက်တာ။]


ရှန်းထင်ရွှမ်း၏ ဂေါ်ဖီထုပ်က တကယ်ပဲ အရသာရှိပေသည်။ ဟင်းချက်စွမ်းရည်က ပုံမှန်သာ ဖြစ်သော်လည်း အရသာက ကောင်းမွန်ပေသည်။ ထို့ကြောင့် ၎င်းက ရှောင်ဖုန်းနှင့် သူ့မိသားစုအတွက် ဂေါ်ဖီကြော်ကို အကုန်စားလိုက်သည်က သာမန်သာဖြစ်သည်။


သို့သော် ဟင်းသီးဟင်းရွက်ငါးမျိုးကိုတော့ အသုံးမပြုခဲ့ပေ။


ရှန်းထင်ရွှမ်းက ဖုန်းကို ချလိုက်ပြီး ဟင်းသီးဟင်းရွက်ငါးမျိုးကို တဖန် ထည့်လိုက်သည်။ ဂေါ်ဖီထုပ်အပြင် မတူညီသည့် ငရုတ်သီးနှစ်မျိုးရှိပြီး ရွာသားများ တခြားဟင်းခတ်အမွှေးအကြိုင်များကို မစားခြင်းမှ ကာကွယ်ရန် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ထည့်ထားပေသည်။ ရှန်းထင်ရွှမ်းက သခွားသီး အပိုနှစ်လုံးကိုလည်း ထည့်ထားပေသည်။


ည ၆နာရီ ၄၀မိနစ်တွင် ရွာသားအများစုက ညစာစားပြီးနေကြပြီ ဖြစ်ပြီး အပြင်ထွက်စားကြသည့် တချို့ရွာသားများကလည်း အိမ်သို့ စောစောပြန်နားရန် ပြင်ဆင်နေကြသည်။


ဆူညံ့သည့် ရွာက တဖြည်ဖြည်း တိတ်ဆိတ်လာခဲ့သည်။


ရှန်းထင်ရွှမ်းက တောင်ခြေသို့ လျှောက်လာခဲ့ပြီး လမ်းမပေါ်တွင် ဘယ်သူမှ မရှိပေ။


မျက်နှာချင်းဆိုင်ရှိ အိမ်နှစ်အိမ်တွင် တစ်အိမ်က တစ်ခန်းကိုသာ မီးထွန်းထားပေသည်။ တစ်အိမ်က ရှောင်ဖုန်းနေသည့် အိမ်ဖြစ်ပြီး ဒုတိယထပ်ရှိ အိပ်ခန်းနှစ်ခန်းက မီးလင်းနေပေသည်။


ရှန်းထင်ရွှမ်းက မျက်လုံးကို ပြန်ရုပ်သိမ်းလိုက်ပြီး ရှောင်ဖုန်း၏ ဘေးအိမ်သို့ လျှောက်သွားလိုက်သည်။


တံခါးဖွင့်လိုက်သည့်သူက ကျန်းယုဖြစ်သည်။ သူမက ရှန်းထင်ရွှမ်း၏ အသီးများကို ဝယ်ယူရန် ရှင်းယွမ်ရှန်သို့ နေ့တိုင်းသွားလေ့ရှိပေသည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံရန် အခွင့်အရေးအများကြီး မရှိသော်လည်း ရှန်းထင်ရွှမ်းအပေါ် သူမ၏သဘောထားက ယခင်ကနှင့် မတူပေ။


အစပိုင်းတွင် ရှန်းထင်ရွှမ်းကို လူလိမ်တစ်ယောက်ဟု တိတ်တိတ်လေး ထင်ခဲ့မိသည်။ သို့သော် ယခု ကျန်းယုက အမှန်တကယ် စိတ်အားထက်သန်နေပေသည်။ “မိန်းကလေး ဒီကို ဘာလို့လာတာလဲ “


ရှန်းထင်ရွှမ်းက သူမလက်ထဲမှ အိတ်တစ်အိတ်ကို ထုတ်ပေးလိုက်သည်။ “ဒါက ကျွန်မစိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေပါ၊ ရှင် ညစာမစားရသေးရင် စားကြည့်လို့ရတယ် “


သူမ ဆီးသီးများ ပေးခဲ့သည့် ပထမအကြိမ်နှင့် မတူဘဲ ကျန်းယုက အိတ်ကို အလွန်ပျော်ရွှင်စွာ ယူလိုက်သည်။ “ကျေးဇူးတင်ပါတယ် မိန်းကလေး၊ မိန်းကလေးစိုက်တဲ့ ဂေါ်ဖီထုပ်က အရသာရှိမှာပဲ၊ အထဲဝင်ပြီး ထိုင်ပါဦး “


ရှန်းထင်ရွှမ်းက သူမလက်ထဲမှအိတ်ကို ကျန်းယုအားပေးလိုက်သည်။ “ရတယ်၊ ကျွန်မ ရှင့်ကို ဒါတွေပေးချင်ရုံပဲ “ ကျန်းယုက တဖန် သူမကို ကျေးဇူးတင်လိုက်သည်။ “ကောင်းပါပြီ၊ ကျေးဇူးအများကြီး တင်ပါတယ် “


“ရပါတယ် “


ရှန်းထင်ရွှမ်း ထွက်သွားပြီးနောက် ကျန်းယုယောက်ျားက မေးလိုက်သည်။ “ဘယ်သူလဲ “


“ရှန်းထင်ရွှမ်း၊ သူမက အရမ်းယဉ်ကျေးတာပဲ၊ ဟင်းသီးဟင်းရွက်တွေလည်း ယူလာသေးတယ် “


ကျန်းယုက ညစာစားပြီးသွားသည်မှာ စိတ်မကောင်းစရာပင်။ ထို့ကြောင့် သူမက ဟင်းသီးဟင်းရွက်အားလုံးကို မီးဖိုချောင်ထဲတွင် သိမ်းထားလိုက်ပြီး မနက်ဖြန်မှ စားရန် စီစဉ်လိုက်သည်။


ဤအချိန်အတောအတွင်း ညစာမစားရသေးသည့် ရွာသားများမရှိလုနီးပါးဖြစ်သည်။ ထို့ကြောင့် ရှန်းထင်ရွှမ်းက အိတ်များ ပို့ပြီးသည့်တိုင် တာဝန်ကို မပြီးမြောက်သေးပေ။


ရှန်းထင်ရွှမ်းက ရှင်းယွမ်ရှန်သို့ ပြန်လျှောက်လာခဲ့သည်။ ဤရက်များအတွင်း တာဝန်က ပြီးမြောက်ရန် လွယ်ကူလွန်းခဲ့သည်။ သူမက ပေါ့လျော့နေခဲ့မိသည်။


မစ်ရှင်မပြီးဆုံးခင် သုံးနာရီရှိသေးပြီး ရှန်းထင်ရွှမ်းက အရှုံးပေးရန် ရည်ရွယ်ချက်မရှိပေ။ သူမက ဟင်းသီးဟင်းရွက်များကို တဖန် ခူးလိုက်သည်။ သို့သော် ဤအချိန်တွင် ရွာသားအများစုက အိပ်နေကြပြီ ဖြစ်သည်။


ရှန်းထင်ရွှမ်း၏ လက်ထဲတွင် ဟင်းသီးဟင်းရွက်အိတ်များစွာ ရှိပေသည်။ သူမက ခေါင်းငုံ့လိုက်ပြီး ဖုန်းရှိ အချိန်ကို ကြည့်လိုက်သည်။ ယင်းက ည ၉နာရီ ၄၀မိနစ် ရှိပြီဖြစ်သည်။


ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ ဟင်းပွဲတစ်ပွဲပြုလုပ်ပြီး မြို့တော် B သို့ ထော်လာဂျီကို မောင်းသွားကာ တစ်ယောက်ယောက်ကို မြည်းစမ်းခိုင်းရင် ကောင်းမလား။


ဤနည်းလမ်းက အလုပ်ဖြစ်မည့်ပုံပင်။ ရှန်းထင်ရွှမ်းက တောင်ခြေသို့ ဆင်းလာခဲ့ပြီး ချက်ပြုတ်ရန် တောင်ပေါ်သို့ ပြန်သွားလိုက်သည်။ သူမက မော့ကြည့်လိုက်ရာ ရှင်းယွမ်ရှန်တောင်ခြေတွင် အနက်ရောင်ကားတစ်စီး ရပ်ထားသည်ကိုမြင်လိုက်ရသည်။


ရှန်းထင်ရွှမ်းအမြင်က သာမန်လူများ၏အမြင်နှင့် ကွဲပြားပေသည်။ အလင်းရောင် အားနည်းသည့် ညအချိန်တွင်တောင် သူမက အထဲတွင် ထိုင်နေသည့် ချင်ယွဲ့ကျီကို မြင်နိုင်ပေသည်။


လူသားbug ပဲ။


    ......


အခန်း (၃၇) ခ

ရှန်းထင်ရွှမ်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ “ချင်ယွဲ့ကျီ “


ကားမောင်းသူထိုင်ခုံတွင် ထိုင်နေသည့် ချင်ယွဲ့ကျီက တောင့်တင်းသွားခဲ့သည်။ ထို့နောက် စတီယာရင်ဘီးကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည့် လက်က ပြေလျော့သွားခဲ့သည်။


“နေကောင်းလား “


“နောက်ဆုံးတစ်ခေါက်က အားပေးဖို့ အစားအစာတွေ ရောင်းခဲ့ရုံပဲ နင်ရော ဘယ်လိုလဲ  “


ချင်ယွဲ့ကျီက စကားလုံးများကို ကြားသောအခါ ထိတ်လန့်သွားခဲ့သည်။ သူက ယနေ့ ကားကို မောင်းလာခဲ့သော်လည်း ဤနေရာကို အဘယ်ကြောင့် လာခဲ့မိမှန်း မသိချေ။


ချင်ယွဲ့ကျီက မဖြေသည်ကို မြင်သောအခါ ရှန်းထင်ရွှမ်းက စိတ်မရှိပေ။


“ရှင် ကျွန်မကို တစ်ခုလောက် ကူညီလို့ရမလား “


ချင်ယွဲ့ကျီ၏ ပါးစပ်က အနည်းငယ် မြင့်တက်သွားခဲ့သည်။ “ရပါတယ် “


ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ကားထဲသို့ ဝင်ရန် အချက်ပြလိုက်ပြီး ချင်ယွဲ့ကျီ၏ ခရီးသည်ထိုင်ခုံတွင် တန်းထိုင်လိုက်သည်။ “သွားမယ်၊ ကျွန်မရဲ့ ခြံဝင်းကို သွားမယ် “


ရှန်းထင်ရွှမ်း၏ လမ်းပြမှုနှင့်အတူ ချင်ယွဲ့ကျီ၏ကားက ခြံဝင်းဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။


“အရင်ဆုံး ထမင်းစားခန်းထဲမှာ ထိုင်ပါဦး၊ ပန်းကန်လုံးထဲမှာ ဘယ်ရီသီးဖျော်ရည် ရှိတယ်၊ ဖန်ခွက်ထဲလောင်းထည့်ပြီး အရင်ဆုံး သောက်ထားနှင့် “


တာဝန်က လျင်မြန်စွာ ပြီးမြောက်တော့မည့်အကြောင်း တွေးနေပြီး ရှန်းထင်ရွှမ်းက အစောက ခူးခဲ့သည့် အသီးအရွက်တစ်အိတ်ကို ရွေးလိုက်ကာ လျင်မြန်စွာ ဆေးကြောလိုက်သည်။


ထို့နောက် သူမက ဂေါ်ဖီထုပ်နှင့် သခွားသီးကို အမြှောင်းလိုက် လှီးလိုက်ပြီး ငရုတ်သီးများကို အမျှင်လေးများဖြစ်အောင် လှီးလိုက်ကာ ကြက်သွန်ဖြူကို နုတ်နုတ်စင်းလိုက်သည်။ နောက်ဆုံးတွင် ကြက်သွန်မြိတ်များကို ပိုင်းလိုက်သည်။


ရှန်းထင်ရွှမ်းက အိုးထဲသို့ ဆီအနည်းငယ် လောင်းထည့်လိုက်ပြီး ဆီဆူလာအောင် ခဏစောင့်ကာ နုတ်နုတ်စင်းထားသည့် ကြက်သွန်ဖြူကို ထည့်လိုက်သည်။ ထို့နောက် အနံ့မွှေးလာသည်ထိ မွှေလိုက်ပြီး ဂေါ်ဖီထုပ်နှင့် သခွာသီးများကို ထည့်လိုက်သည်။


အကြိမ်အနည်းငယ်ခန့် မွှေကြော်နေပြီးနောက် ငရုတ်သီးထည့်လိုက်ပြီး နှစ်ကြိမ်ခန့် မွှေလိုက်သည်။ နောက်ဆုံးတွင် ရှန်းထင်ရွှမ်းက ကြက်သွန်မြိတ်ကို အပေါ်တွင် ဖြူးလိုက်ပြီးနောက် ပန်းကန်ထဲထည့်လိုက်သည်။


ထင်းမီးဖိုဖြစ်သောကြောင့် မီးက အလွန်ကောင်းပေသည်။ ပန်းကန်ပြားကို ထမင်းစားခန်းထဲသို့ ယူလာခဲ့ပြီး ချင်ယွဲ့ကျီရှေ့တွင် ချပေးလိုက်သည်။


ချင်ယွဲ့ကျီ။ “?”


ရှန်းထင်ရွှမ်းက ထိုအကြောင်း တွေးပြီးသားဖြစ်သည်။


“ဒါက ကျွန်မရဲ့ ဟင်းသီးဟင်းရွက်အသစ်တွေလေ၊ ရှင် ကူပြီး မြည်းကြည့်ပေးဦး၊ အရသာဘယ်လိုရှိလဲလို့ “


ချင်ယွဲ့ကျီက နောက်ဆုံးအကြိမ် ရှင်းယွမ်ရှန်သို့ လာခဲ့တုန်းက ခြံဝင်းအတွင်းတွင် ဟင်းသီးဟင်းရွက်တချို့ စိုက်ပျိုးထားပုံရကြောင်း သတိရသွားခဲ့သည်။


သူက ညဘက်၌ စားခိုင်းသည်ကို နားမလည်သော်လည်း ချင်ယွဲ့ကျီက သူ့ဘေးရှိ တူကို ကောက်ယူနေဆဲဖြစ်ပြီး သူမမျက်လုံးထဲတွင် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေစဉ် သူက တစ်လုတ်စားလိုက်သည်။


သူက မျိုချလိုက်သည်နှင့် စနစ်၏ အသံက ချက်ချင်း မြည်လာခဲ့သည်။ “၂၀ခုမြောက် တာဝန်ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။ ဆုအဖြစ် ဝိညာဉ်သွေးကြော ၂၀% ကို ပြန်လည်ရရှိပါသည်။ “


ရှန်းထင်ရွှမ်းက အံ့အားသင့်သွားခဲ့သည်။ ကြမ်းပိုးကောင် စားလိုက်လို့ဖြစ်နိုင်မလား။


စနစ်က ရှင်းပြရန် တွန့်ဆုတ်စွာ ထွက်လာခဲ့သည်။ “ကြမ်းပိုးတစ်ကောင် တစ်လုတ်စားတာက သာမန်လူတွေ ဟင်းသီးဟင်းရွက်အမျိုးပေါင်း ၂၀ စားတာနဲ့ ညီမျှတယ် “


ယခင်က ချင်ယွဲ့ကျီ အသီးတစ်ကိုက်စားသည်က လူ ၄၀၀ စားသည်နှင့် ညီမျှကြောင်းကို ရှန်းထင်ရွှမ်းက သတိရသွားခဲ့သည်။


စနစ်။ “မစ်ရှင်တစ်ခုပြောင်းပြီးရင် ကြမ်းပိုးရဲ့ စွမ်းရည်က ဆက်ရှိနေဦးမှာပဲ၊ ဆက်ပြီး အဆင့်မြင့်နေဦးမှာ “


ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ဖြည်းဖြည်းစားရန် ပြောလိုက်ပြီး မီးဖိုချောင်ထဲသို့ ပြေးသွားကာ အသံတိုးတိုးဖြင့် မပြတ်မသား မေးလိုက်သည်။


“အရင်က သူအသီးစားခဲ့တာကြောင့် အခု သူ ဘာပဲစားစား တစ်လုတ်စားလိုက်တာနဲ့ အဆင့်မြင့်တင်နိုင်သွားတာလား “


စနစ်။ “ဟုတ်တယ်၊ သူစားခဲ့တဲ့ အသီးတစ်ကိုက်က ဒီနေ့တာဝန်ဆိုရင် သူစားခဲ့တာက လူအယောက် ၈၀၀ စားတာနဲ့ ညီမျှတယ်၊ အခု မင်းစိုက်ထားတဲ့အစားအစာတွေကို သူစားတာ သုံးကြိမ်မြောက်ပဲ၊ ဒါကြောင့် ကြမ်းပိုးက သုံးဆစွမ်းရည်ရှိနေပြီ “


ရှန်းထင်ရွှမ်းက ဤအရာကို နားလည်ရန် ကြိုးစားနေပေသည်။


“အဓိပ္ပာယ်က နောက်တာဝန်မှာ ငါစိုက်ထားတဲ့ အသီးတွေစားဖို့ လူဘယ်လောက်ပဲလိုလို၊ သူက တစ်ကိုက်စားလိုက်တာနဲ့ လူအယောက် ၁၆၀၀ စားသလို ဖြစ်နေမှာလား “


“မှန်တယ် “


“ဒါဆို နောက်တာဝန်က လူတစ်ယောက်တည်းကနေပြီး အမျိုးမတူတဲ့ ဟင်းသီးဟင်းရွက်တွေ စားဖို့ခိုင်းလာရင် သူ့ရဲ့ တစ်လုတ်စာက ဟင်းသီးဟင်းရွက် အမျိုး ၄၀ စားတာနဲ့ ညီနေမှာလား “


“မှန်တယ်  “


ချက်ချင်းပင် ရှန်းထင်ရွှမ်းက ချင်ယွဲ့ကျီကို ထွက်မသွားစေချင်တော့ပေ။


    ...


ချင်ယွဲ့ကျီက ညဘက်တွင် ဘာမှမစားခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သို့သော် သူက ဤဂေါ်ဖီမွှေကြော်ကို စားခဲ့သည်။ သူက အံ့အားသင့်နေသည့် အမူအရာကို မပြရေသေးခင် မျက်နှာချင်းဆိုင်တွင် ရပ်နေခဲ့သည့် ရှန်းထင်ရွှမ်းက ထမင်းစားခန်းထဲမှ ထွက်သွားခဲ့သည်။


ချင်ယွဲ့ကျီက အနည်းငယ်သာ စားရန် ရည်ရွယ်ခဲ့သော်လည်း ဂေါ်ဖီနှင့် သခွားသီးအရသာက ကောင်းမွန်ပြီး ကြွပ်ရွနေသည်ကို တွေ့ရှိလိုက်ရသည်။ ဂေါ်ဖီက လတ်ဆတ်ပြီး သခွားသီးက အနည်းငယ် ချိုပေသည်။


ဤအရသာနှစ်မျိုးက ရောနှောနေပြီး သူ့ပါးစပ်ထဲတွင် ကောင်းမွန်သည့် ခံစားမှုကို ဖန်တီးပေးနေပေသည်။


အရသာရှိတယ်။


တစ်လုတ်စားပြီးနောက် ချင်ယွဲ့ကျီက တွန့်ဆုတ်နေခဲ့ပြီး နောက်တစ်လုတ်ကို စားလိုက်သည်။


    ...


ရှန်းထင်ရွှမ်းက စနစ်နှင့် ဆက်သွယ်ပြီးနောက် သူမက ထမင်းစားခန်းထဲသို့ ပြန်လာလိုက်ပြီး ချင်ယွဲ့ကျီက အသီးအရွက်ကြော်ပန်းကန်ကို စားပြီးသွားကြောင်း တွေ့လိုက်ရသည်။


ရှန်းထင်ရွှမ်းက အနည်းငယ် ရှက်သွားခဲ့သည်။ “ရှင်သိသားပဲ၊ ရှင်စားလို့ မကုန်ရင် ပြန်လို့မရဘူး “


သူမက အစားအစာများကို ဖြုန်းတီးသည့်သူများအား မုန်းတီးသော်လည်း ညဉ့်နက်နေပြီဖြစ်ကာ ချင်ယွဲ့ကျီက စတားတစ်ယောက်ဖြစ်သည်။


တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် ကာလအတွင်း ရှန်းထင်ရွှမ်းက အနုပညာနယ်ပယ်ကို သေချာနားလည်လာခဲ့သည်။ စတားများက သူတို့၏ ခန္ဓာကိုယ်ကို အလေးထားရန် အလွန်အရေးကြီးပေသည်။ ပုံမှန်အားဖြင့် သူတို့က ညနေ ၆နာရီ နောက်ပိုင်းတွင် ဘာမှမစားကြပေ။


ယနေ့ ချင်ယွဲ့ကျီ၏ ကူညီမှုကို တာဝန်ပြီးမြောက်ရန် လိုအပ်ခဲ့သည်။ အကယ်၍ မဟုတ်ခဲ့ပါက ရှန်းထင်ရွှမ်းက ထိုကဲ့သို့ အရာတစ်ခုကို လုပ်နိုင်လိမ့်မည်မဟုတ်ပေ။


    ...


ချင်ယွဲ့ကျီက ပန်းကန်အလွတ်ကို ကြည့်လိုက်သည်။ “အဲဒါက အဆင်ပြေတယ်၊ အရမ်းအရသာရှိတယ် “


ရှန်းထင်ရွှမ်းက ပန်းကန်ပြားကို သိမ်းရန် သွားလိုက်သည်။ “ကျွန်တော်လုပ်လိုက်မယ် “ ချင်ယွဲ့ကျီက ပန်းကန်ပြားနှင့် တူကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်ပြီး ဆေးကြောလိုက်သည်။


အချိန်က အလွန်နောက်ကျနေပြီ ဖြစ်သည်။ ချင်ယွဲ့ကျီက ပန်းကန်ပြားကို ဘေးတွင် ထားလိုက်သည်။


“ကျွန်တော် မနက်ဖြန် ရုပ်ရှင်ရိုက်ဖို့ မြို့တော် H ကို သွားရမယ် “


 ချင်ယွဲ့ကျီက ရှန်းရွှမ်နှင့် ရုပ်ရှင်ရိုက်မည်ဖြစ်ကြောင်း ရှောင်းဖုန်းပြောသည်ကို ရှန်းထင်ရွှမ်းက သတိရသွားခဲ့သည်။ သူမက မေးလိုက်သည်။


“ရှန်းရွှမ်နဲ့ ရိုက်မှာလား “


ချင်ယွဲ့ကျီက ရှန်းထင်ရွှမ်းနှင့် ရှန်းရွှမ်ကြား ဆက်ဆံရေးကို သိပေသည်။ သူက ရှင်းပြလိုက်သည်။


“မဟုတ်ဘူး၊ ဒါက လိုင်းပေါ်က ကောလာဟလတွေသက်သက်ပဲ “


“အိုး၊ ဒါဆို ရုပ်ရှင်ရိုက်တာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် “ ရှန်းထင်ရွှမ်းက ပြောလိုက်သည်။ “ငါ အောက်ဆင်းရင် အသီးနည်းနည်းလောက် ခူးလိုက်ဦးမယ်၊ ရှင့် ယူသွားလို့ ရတယ် “


ချင်ယွဲ့ကျီက သူဘာမှမလိုအပ်ကြောင်း ပြောရန်လုပ်နေစဉ် ရှန်းထင်ရွှမ်းက ခြံဝင်းအပြင်ဘက်သို့ ပြေးထွက်သွားခဲ့သည်။


ချင်ယွဲ့ကျီက ခြံဝင်းကို ကြည့်လိုက်သည်။ သူ ဤနေရာကို နောက်ဆုံးအကြိမ်လာခဲ့စဉ်က အားလျော့သလို ခံစားနေရဆဲ ဖြစ်သည်။ ယနေ့ ဤနေရာကို ရောက်လာသောအခါ အပြင်ပိုင်းက ပြောင်းလဲသွားပုံမရသော်လည်း အတွင်းပိုင်းက ခြားနားသွားပြီဖြစ်သည်။


၎င်းက ကြီးမားသည့်ပြောင်းလဲမှုတစ်ခု ဖြစ်သည်။


ရှန်းထင်ရွှမ်းက မကြာမီ ပြန်လာခဲ့သည်။ သူမက မက်မွန်သီး၊ ဆီးသီးနှင့် တောကြက်မောက်သီးများကို ခူးလာခဲ့သည်။


“ဒီအသီးတွေက သယ်ရတာလွယ်တယ်၊ ရှင် ရုပ်ရှင်ရိုက်နေတုန်း ဒီအသီးတွေ စားလို့ရတယ် “


ချင်ယွဲ့ကျီက အသီးအိတ်ကြီးကို ကြည့်လိုက်ပြီး သူ့ရှေ့တွင် ရပ်နေသည့် မိန်းကလေးကို ကြည့်လိုက်သည်။ သူမက ပြူးကျယ်သည့်မျက်လုံးများဖြင့် သူ့ကို ကြည့်နေပေသည်။ သူသာ ငြင်းဆိုလိုက်လျှင် အရမ်းရက်စက်ရာကျသွားမည်ဟု ခံစားလိုက်ရသည်။ “ကျေးဇူးတင်ပါတယ် “


ရှန်းထင်ရွှမ်းက အားပါးတရ ပြုံးလိုက်သည်။


“ရှင့်က ချင့်ချိန်ပြီး စားနေရတော့ အများကြီးစားလို့မရတာ သိပါတယ်၊ ဒါ့ကြောင့် တစ်နေ့ တစ်ကိုက်စားရုံပဲ “ ဤနည်းလမ်းဖြင့် ကြမ်းပိုး၏ စွမ်းရည်က နေ့တိုင်း အဆင့်မြှင့်တင်နိုင်ပေမည်။


ရှန်းထင်ရွှမ်း၏ အပြုံးက ချင်ယွဲ့ကျီကို ကူးစက်သွားပြီး သူလည်း ပြုံးလာခဲ့သည်။ “ကောင်းပါပြီ “


သူက မနက်ဖြန်တွင် မြို့တော် Hသို့ သွားရမည်ဖြစ်သောကြောင့် ကြာကြာဆက်မနေတော့ဘဲ အသီးများနှင့် ထွက်သွားခဲ့သည်။


ရှန်းထင်ရွှမ်းက အဝေးသို့ ထွက်ခွာသွားသည့် ကားကို ကြည့်လိုက်ပြီး သူမက ပရိသတ်များပိုရအောင် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။ သူမက ပရိသတ်များစွာ ရှိလာပါက အသီးတစ်ကိုက်စားရန် သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုသို့ ချင်ယွဲ့ကျီကို နေ့တိုင်း ဖိတ်ကြားမည်ဖြစ်သည်။


    ...


ချင်ယွဲ့ကျီကို လိုက်ပို့ပြီးနောက် ရှန်းထင်ရွှမ်းက အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။ သူ၏ ဝိညာဉ်စွမ်းအင် ၂၀ % ပြန်လည်ရရှိပြီးနောက် သူမ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် အရိုးများတွင် အရည်အသွေးများက ရုတ်တရက် ခုန်တက်လာခဲ့သည်။


ပျိုမြစ်နုနယ်ချင်းများကို မဟန့်တားနိုင်ဘဲ ကြီးမားသည့် စွမ်းအင်များ ပါဝင်နေပေသည်။ ရှန်းထင်ရွှမ်းက သိပ်မကြာခင် တောင်ပေါ်သို့ ခုန်တက်နိုင်တော့မည်ဟု ခံစားနေရပေသည်။


    ...


ညဉ့်နက်နေပြီဖြစ်သည်။ မြို့တော် B၏ အခန်းတစ်ခန်းထဲတွင် ဝမ့်ချန်က သူမလက်ထဲတွင် မက်မွန်သီးတစ်လုံးကို ကိုင်ထားခဲ့ပြီး သူမမျက်လုံးများထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နေပေသည်။


    …


မနက်ငါးနာရီတွင် စနစ်က တာဝန်တစ်ခုကို ထုတ်ပြန်လာခဲ့သည်။


“ကျေးဇူးပြု၍ သင်စိုက်ထားသည့်အသီးများကို လူ ၁၃၁၀၇၂ ယောက်အား ၄၃နာရီအတွင်း စားခိုင်းပါ “


သေချာပေါက်ပင်။ ဒီလိုနေ့က သိပ်မကြာခင် ရောက်လာခဲ့သည်။


သို့သော်လည်း ရှန်းထင်ရွှမ်းကလည်း ပြဿနာကို ရှာတွေ့ခဲ့သည်။


"တာဝန်က အချိန်ပိုလာတာလား "


 စနစ်။ "အင်း၊ အချိန်ကို နှစ်ရက်အပြည့် ကန့်သတ်လိုက်တယ် "


ထို့နောက် အွန်လိုင်းစျေးဆိုင်၏ စင်ပေါ်တွင် အသီးများကို ယနေ့ တင်ထားရပေမည်။


စူပါမော၏ အသီးများအတွက် ယခု အသီးခူးရန်နှင့် ပြင်ဆင်ရန် တစ်နာရီသာ ကျန်တော့ပေသည်။


အသီးများကို မပို့ဆောင်ခင် ရှန်းထင်ရွှမ်းက တောင်ခြေတွင် ရောင်းချမည့် အသီးများအားလုံးကိုလည်း ခူးလိုက်ပြီး ယာယီစျေးဆိုင်တွင် တင်ထားလိုက်သည်။


စူပါမောမှ လူများ ရောက်မလာသေးသည်ကို အခွင့်ကောင်းယူလိုက်ပြီး ရှန်းထင်ရွှမ်းက ရှောင်ဖုန်း ရိုက်ပေးထားသည့်ပုံများကို အင်တာနက်ပေါ်သို့ တင်လိုက်သည်။


ရှန်းထင်ရွှမ်းက မကြာသေးခင်က စိုက်ပျိုးထားသည့် တောကြက်မောက်နှင့် ဘယ်ရီသီးကဲ့သို့သော အသီးတချို့ကိုလည်း ခူးလိုက်သည်။ သူမက ထိုအသီးပုံများကို ရိုက်ယူလိုက်ပြီး သူမ၏အွန်လိုင်းဆိုင်တွင် တစ်ပုံချင်းတင်လိုက်သည်။


ရှောင်ဖုန်းက အိပ်ရာထလာပြီး ရှန်းထင်ရွှမ်းတွင် ယနေ့ အသီးသစ်များ ရှိနေသည်ကို တွေ့သွားခဲ့သည်။ "ဒါတွေက တန်ဖိုးမသတ်မှတ်ရသေးဘူးလား "


ရှန်းထင်ရွှမ်းက ခေါင်းညိတ်လိုက်သည်။


ရှောင်ဖုန်းက စျေးနှုန်းစာရင်းကို ပရင့်ပြန်ထုတ်လိုက်သည်။ တောကြက်မောက်သီး တစ်ကတ်တီ ၃၀ယွမ်၊ ကီဝီသီး တစ်ကတ်တီ ၂၀ယွမ်၊ တရုတ်ဘယ်ရီသီး တစ်ကတ်တီ ၃၀ယွမ်၊ စပျစ်သီး တစ်ကတ်တီ ၁၅ယွမ်၊ မွန်ဂိုလီးယားဘယ်ရီသီး တစ်ကတ်တီ ၃၀ယွမ်နှင့် သခွားမွှေးသီး တစ်ကတ်တီ ၁၀ယွမ် တို့ဖြစ်ကြသည်။


ရှန်းထင်ရွှမ်းက ဤစျေးနှုန်းများကို တန်းသဘောတူလိုက်သည်။


ရှောင်ဖုန်း။ "ဒါတွေက အွန်လိုင်းက မှာလို့ရပြီလား "


"ရပြီ " ရှန်းထင်ရွှမ်းက အသီးများပေါ်တွင် စျေးနှုန်းစာရင်းကို တင်လိုက်ပြီး ပုံတစ်ပုံကို တင်လိုက်သည်။ "ယနေ့ ရရှိနိုင်သော အသီးများ "


"ဟမ် " လွန်ခဲ့သည့် ရက်အနည်းငယ်က ရှန်းထင်ရွှမ်းသည် အလျင်မလိုခဲ့ကြောင်း အမှတ်ရသွားခဲ့သည်။ သို့သော် သူမက ယနေ့တွင် စင်ပေါ်တွင် အသီးများကို တင်ထားပေသည်။


"ဒါဆို မင်းအတွက် အထုပ်ပြေစာ ထုတ်ပေးရဦးမလား "


ရှန်းထင်ရွှမ်းက Weibo ရှိ မှတ်ချက်များကို မဖတ်ခဲ့ချေ။ ရှောင်ဖုန်းက အာရုံစိုက်ထားခဲ့သည်။ များစွာသော အင်တာနက်အသုံးပြုသူများက ရှန်းထင်ရွှမ်း ရောင်းသည့် အသီးများကို ဝယ်ချင်ကြပေသည်။ သို့သော် သူတို့က မဝယ်နိုင်ကြချေ။


"ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် " ရှန်းထင်ရွှမ်းက ပြေစာများ ထုတ်သောအခါ တကယ်ပဲ ခေါင်းကိုက်ရပေသည်။


စူပါမော၏ ဝယ်သူများပေါ်တွင် မှီခိုခြင်းက သေချာပေါက် ယနေ့တာဝန်ကို ပြီးမြောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှန်းထင်ရွှမ်းက အွန်လိုင်းဆိုင်၏ စင်ပေါ်တွင် အသီးများကို တင်ထားရမည် ဖြစ်သည်။


သို့သော်လည်း ရှန်းထင်ရွှမ်းက ဝယ်ယူမှုကို ကန့်သတ်ထားပေသည်။


မက်မွန်သီးနှင့် ဩဂုတ်လဖရဲသီးကဲ့သို့ ကြီးမားသည့် အသီးများကို လူတစ်ယောက်လျှင် ၂လုံးသာ ကန့်သတ်ထားပေသည်။ ဆီးသီး၊ ကီဝီနှင့် တရုတ်ဘယ်ရီသီးများကဲ့သို့ အသီးများကို တစ်ယောက်လျှင် ၂၀၀ ဂရမ်သာ ဝယ်ယူနိုင်ရန် ကန့်သတ်ထားပေသည်။ သခွားမွှေးနှင့် ဖရဲသီးကို တစ်ယောက်လျှင် ၅၀၀ ဂရမ် ကန့်သတ်ထားပေသည်။ စပျစ်သီး၊ တောကြက်မောက်နှင့် မွန်ဂိုလီးယားဘယ်ရီသီးတို့ကိုလည်း ၂၀၀ ဂရမ်စီ ကန့်သတ်ထားပေသည်။ ထို့ပြင် တချို့အသီးအမျိုးအစားများက မြို့တော် B တစ်ခွင်တွင်သာ ဝယ်ယူနိုင်ပေသည်။


ရှန်းထင်ရွှမ်းက ၎င်းတို့ကို မရောင်းချင်တာ မဟုတ်ပေ။ တချို့အသီးများက ပုပ်သိုးလေ့ရှိသောကြောင့် ရှန်းထင်ရွှမ်းက ဝယ်သူများ လက်ခံရရှိပြီးပါက နေ့ချင်း စားနိုင်ရန် မျှော်လင့်ထားပေသည်။


အသီးဆယ်မျိုးလုံးက စင်များပေါ်တွင် ရှိနေပြီး ရောင်းချရန် ကုန်ပစ္စည်းက တစ်သောင်းစီ ရှိပေသည်။


ယခင်က ရှောင်ကျန့်သည် ရှန်ထင်ရွှမ်း လူတစ်သောင်းကို မက်မွန်သီး မဲဖောက်ပေးခဲ့သည့် အနိုင်ရသူများထဲမှ တစ်ယောက် ဖြစ်သည်။ မက်မွန်သီးများကို စားပြီးနောက် သူက ထိုအရသာကို ဘယ်တော့မှ မေ့မရခဲ့ပေ။ ထိုအချိန်ထဲက သူသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် နေ့တိုင်း ကံစမ်းမဲကို ပါဝင်ခဲ့ပေသည်။


အင်တာနက်ပေါ်ရှိ မှတ်ချက်များက ရှန်းထင်ရွှမ်းအပေါ် သက်ရောက်လား မသက်ရောက်လား သူ မသိချေ။ မကြာသေးခင်က သူမသည် နေ့တိုင်း လူတယ်ယောက်ကိုသာ မဲဖောက်ပေးခဲ့သည်။


ရှောင်ကျန်းက ရွေးချယ်စရာမရှိပေ။ ပစ္စည်းများ စင်ပေါ်တွင် ရှိမရှိကို ရှာဖွေရန် နေ့တိုင်း ရှန်းထင်ရွှမ်း၏ အွန်လိုင်းဆိုင်သို့ သွားနေခဲ့သည်။


ယနေ့ အလုပ်သို့သွားသည့်လမ်းတွင် ရှောင်ကျန်းက မြေအောက်ရထားပေါ်တွင် ထိုင်နေခဲ့သည်။ သူက အနည်းငယ် ပျင်းရိနေခဲ့သည်။ သုက လုပ်နေကျအတိုင်း အွန်လိုင်းဆိုင်ကို ဖွင့်လိုက်ပြီး ရှန်းထင်ရွှမ်း၏ ဆိုင်ကို နှိပ်လိုက်သည်။ သူက စင်ပေါ်တွင် အသီးများ ပြည့်နေသည်ကို မြင်လိုက်ရသည်။


ရှောင်ကျန်းက သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်ခဲ့သည်။ နောက်ပြီး မနေ့ညက ရှန်းထင်ရွှမ်းသည် စင်ပေါ်တွင် အသီးများ တင်ထားမည်ဟု မပြောခဲ့ပေ။


Refresh ထပ်လုပ်ပြီးနောက် အသီးများက စင်ပေါ်တွင် တကယ်ပဲရှိနေသည်ကို တွေ့လိုက်ရသည်။ ရှောင်ကျန်းက ချက်ချင်းပင် မက်မွန်သီးကို နှိပ်လိုက်ပြီး ဝယ်ရန် အော်ဒါ တင်လိုက်သည်။


ID တစ်ခုကို ၂လုံးပဲ ကန့်သတ်ထားတာလား။


ရှောင်ကျန်းက အသီးတစ်မျိုးစီအတွက် ပမာဏကိုသာ ဝယ်ယူမှုကန့်သတ်ထားပြီး သူက တခြားအမျိုးအစားများကို ဝယ်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် မက်မွန်သီးများကို ဝယ်ယူခဲ့ပြီးနောက် ရှောင်ကျန်းကို အံ့အားသင့်သွားစေသည့်အရာက တခြားအသီးများကိုလည်း စျေးဝယ်ခြင်းထဲ ထပ်ထည့်လို့မရနိုင်ပေ။


ရှောင်ကျန်းက မက်မွန်သီးနှစ်လုံးကို ၁၀ယွမ် ကျသင့်သော်လည်း ပို့ဆောင်ခက ၆ယွမ်ဖြစ်ပြီး စုစုပေါင်း ၁၆ယွမ် ဖြစ်ပေသည်။


ရှောင်ကျန်းက အလွန်ပျော်ရွှင်သွားခဲ့သည်။ နောက်ပြီး သူအနိုင်ရရှိခဲ့သည့် မက်မွန်သီးက ၁၅ယွမ်သာ ရှိပေသည်။ ပြောရလျှင် ဤမက်မွန်သီးကို စုစုပေါင်း ၈ ယွမ်ဖြင့် ဝယ်နိုင်ပေသည်။


အသီးများ ဝယ်ပြီးနောက် သူ့ဘေးရှိ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ကို လင့်ခ်ပို့လိုက်သည်။ တစ်ယောက်က ရှောင်ကျန်း မက်မွန်သီးတစ်ခြမ်းပေးခဲ့သည့် တစ်ယောက်ဖြစ်ပြီး တခြားအမျိုးသမီးက မက်မွန်သီးဝယ်ရမည့်နေရာကို မေးသည့်တစ်ယောက်ဖြစ်သည်။


မကြာသေးမီက ဤနှစ်ယောက်လုံးက ရှန်းထင်ရွှမ်းကို follow လုပ်ခဲ့ကြသည်။


အမျိုးသမီးလုပ်ဖော်ကိုင်ဖက်က သတင်းကို ကြားကြားချင်း မက်မွန်သီးများကို ဝယ်ရန် ပြင်ဆင်လိုက်သော်လည်း ဆိုင်ရှင်က ဝယ်ယူမှုကို ကန့်သတ်ထားသည်ဟု ပြောခဲ့သည်။


[ဝယ်ယူမှုကို ကန့်သတ်ထားတယ်။ မက်မွန်သီးတွေ မဝယ်နဲ့။ တခြားအသီးတွေရှိတယ်။ အဲဒါအစား ငါတို့တခြားဟာတွေကို စားကြည့်ရမယ်။]


စာတိုကို လက်ခံရရှိပြီးနောက် သူမက စပျစ်သီးကို ဝယ်ခဲ့ပြီး တခြားလုပ်ဖော်ကိုင်ဖက်က ဖရဲသီးကို ဝယ်ခဲ့သည်။


    ...


အစပိုင်းတွင် ရှန်းထင်ရွှမ်း၏ အွန်လိုင်းစျေးဆိုင်ကို တွေ့ရှိခဲ့သည့် အင်တာနက်အသုံးပြုသူ အနည်းငယ်က ထိတ်လန့်သွားခဲ့ကြသည်။ သို့သော် သူတို့က သူတို့ကိုယ်တိုင် ဝယ်ယူခဲ့ပြီး သူတို့က သူတို့နှင့် ရင်းနှီးသည့် တခြားသူငယ်ချင်းများကိုလည်း သတင်းပို့ခဲ့ကြသည်။


မနက်ပိုင်းတွင် ရှန်းထင်ရွှမ်းက အမှာတစ်ထောင်ကျော် ရောင်းခဲ့ရသည်။


ဝယ်ယူမှုကိုသာ ကန့်သတ်မထားလျှင် သူမက လက်ရှိကုန်ပစ္စည်း၏ တစ်ဝက်ထက်ပိုပြီး ရောင်းရပေလိမ့်မည်။


ရှန်းထင်ရွှမ်း၏ အသီးများကို စင်များပေါ်တွင် မြင်ပြီးနောက် ရှောင်ဖုန်းက ချက်ချင်းပင် သူ့သူငယ်ချင်းများကို ဆက်သွယ်လိုက်ပြီး ရှန်းထင်ရွှမ်း၏ အသီးများကို ဝယ်ယူရန် သူတို့ကို ပြောလိုက်သည်။


“ဝယ်ပြီးရင် ငါ့ကို ပုံရိုက်ပို့လိုက်၊ ငါ မင်းတို့ကို ပိုက်ဆံပြန်လွှဲပေးမယ် “


ဝယ်ယူမှုကို ကန့်သတ်မထားလျှင် ရှောင်ဖုန်းက သူ၏ဆွေမျိုးများနှင့် သူငယ်ချင်းများအတွက် ၎င်းတို့ကို ဝယ်ချင်ခဲ့ပေသည်။ ဝယ်ယူမှုကန့်သတ်ထားသည်ကို တွေ့ရှိပြီးနောက် ရှောင်ဖုန်းက ရှန်းထင်ရွှမ်းကို ကူညီပေးနိုင်ရန် ဤနည်းလမ်းကိုသာ အသုံးပြုခဲ့ရသည်။


ရှောင်ဖုန်းက ရှန်းထင်ရွှမ်း၏ ဆိုင်ကို ပထမက မှားယွင်းနေသည်ဟု ထင်ခဲ့သော်လည်း သူငယ်ချင်းတစ်ယောက်ကို ပိုက်ဆံလွှဲပြီးနောက် သူက ရှန်းထင်ရွှမ်းကို သွားမေးခဲ့သည်။ သူမက တမင်တကာ ဤကဲ့သို့ သတ်မှတ်ခဲ့ကြောင်း သိခဲ့ရသည်။


ရှောင်ဖုန်းက ပဟေဠိဖြစ်သွားခဲ့ပြီး ရှန်းထင်ရွှမ်းက ရှင်းမပြခဲ့ပေ။ ရှောင်ဖုန်းက ခဏလောက် စဉ်းစားပြီးနောက် ရိုးရှင်းစွာ ပြောလိုက်သည်။


“မင်း ငါ့ကို ယုံတယ်ဆိုရင် မင်းရဲ့အကောင့်နဲ့ လျှို့ဝှက်နံပါတ် ပေးလို့ရတယ်၊ ငါ ပြန်လာပြီး ပို့ဆောင်ဖို့ စာရင်းကို ပရင့်ထုတ်ဖို့ ကူညီပေးမယ် “


သူမက ဤနေရာတွင် အသီးခူးရန် အလုပ်ရှုပ်နေပြီး ရှောင်ဖုန်းက ရှန်းထင်ရွှမ်းအတွက် ယုံကြည်ရသည်ဟု ခံစားရသောကြောင့် ရှောင်ဖုန်းကို ချက်ချင်းပင် အကောင့်လျှို့ဝှက်နံပါတ်ကို ပို့ပေးလိုက်သည်။


မနက်စောစောတွင် ရှောင်ဖုန်းက လောင်တုကို ခေါ်လိုက်သည်။


ပြီးခဲ့သည့် အမှာတစ်သောင်းက သူတို့ဌာနခွဲနှင့် အနီးအနားရှိ ဌာနခွဲများရှိ လူများအားလုံးက ကူညီရန် လာခဲ့ကြသည်။ အဆုံးတွင် ၎င်းက တကယ့်ကို အလုပ်ရှုပ်လွန်းပေသည်။ ဆွေမျိုးများအပါအဝင် ယုံကြည်ရသည့်လူတိုင်းနီးပါးကို အကူညီတောင်းရန် ခေါ်ခဲ့ကြသည်။


တာဝန်ခံက အကူအညီပေးသည့် လူတိုင်းကို ယွမ် ၃၀၀ စီ ပေးခဲ့သောကြောင့် လူတိုင်းက ၎င်းကို ပြုလုပ်ရန် အလွန်ပျော်ရွှင်ခဲ့ကြသည်။ တစ်ရက်နှင့်တစ်ည ကြာပြီး နောက်ထပ် နေ့တစ်ဝက် ပေါင်းထည့်ပြီးနောက် သူတို့က အားလုံးပြီးသွားကြသည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က အမှာအများကြီး မရှိခဲ့ပေ။ လောင်တုက လုပ်စရာမရှိသော်လည်း သူက နေ့တိုင်း ရွာသို့ လာနေဆဲဖြစ်သည်။ ရှန်းထင်ရွှမ်းက ပို့ဆောင်ရန် အထုပ်များ ရှိနေဆဲ ဖြစ်သည်။


ယနေ့တွင် သူက ‌ရှောင်ဖုန်းဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့သည်။ သူက အထုပ်များရှိပြီး ကူညီရန် လိုအပ်ကြောင်းပြောခဲ့သည်။


လောင်တုက ချက်ချင်းပင် ကားမောင်းလာခဲ့သည်။


ရလဒ်အနေဖြင့် ယနေ့၏ ပို့ဆောင်မှုက အထုပ်တစ်ထောင်ထက် ပိုကြောင်း တွေ့ရှိခဲ့သည်။


ရှန်းထင်ရွှမ်းက အသီးခူးနေပြီ ဖြစ်သည်။ လောင်တုနှင့် ရှောင်ဖုန်းက လိပ်စာများ ပရင့်ထုတ်ရန် တာဝန်ရှိ‌ပေသည်။ ညနေ ၅နာရီထိုးသောအခါ လောင်တုက ကားတစ်စီးအပြည့် အသီးများကို တင်ကာ ထုပ်ပိုးရန် ပြန်လာခဲ့သည်။


တခြားတစ်ဖက်တွင် ရှောင်ဖုန်းက သူ့ကားဖြင့် မြို့‌တော် Bသို့ ‌မောင်းလာခဲ့သည်။ ရှင်းယွမ်ရှန်ပို့‌ဆောင်ရေးဌာနခွဲကို အရှိန်မြှင့်တင်ရန် လိုအပ်ပေသည်။


    ...


ရှန်းထင်ရွှမ်းက မကြော်ငြာရသေးခင် အမှာ သုံးထောင်ကျော် ရောင်းရမည်ဟု မမျှော်လင့်ခဲ့ပေ။


လောင်တုက ထွက်သွားပြီးနောက် ရှန်းထင်ရွှမ်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။


[အစ်မလေး၊ ကျွန်တော် ဒီမှာပါ။]


[ငါလည်း ဒီမှာ။]


   ...


ရှန်းထင်ရွှမ်းက သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ “အသီးတချို့က ရင့်မှည့်နေပြီး ဒီနေ့ ရှင်တို့ကို ပြမယ် “