Ch 12
Viewers 1k

အခန်း(12) 



ကျန်းဟုန်မေ့၏ စကားများက လူများကို ပိုမို ဝမ်းနည်းဒေါသဖြစ်စေခဲ့သည်။ 


အထူးသဖြင့် ပြတင်းပေါက်များကို ဖွင့်ထားပြီး တိတ်တဆိတ် ခိုးနားထောင်နေသော ဝန်ထမ်းအဆောက်အအုံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ 


“ဒါက တရားလွန်လွန်းတယ်!” 


ထိုစကားများက လီဟုန်ကျွင့်ကို ရည်ညွှန်းနေခြင်းသာ ဖြစ်သည်။ 


အချိန်သုံးလေးနာရီကြာမြင့်ပြီးနောက်တွင် အထည်ချုပ်စက်ရုံဝင်း၌ သတင်းများ မပျံ့နှံ့ဘဲ မနေပါချေ။ 


စွမ်းလီဖန်က သူမကို ပေးရသည့်တန်ဖိုးနှင့် အမှန်ပင် ထိုက်တန်ပေသည်။


သူမသည်က မူလကတည်းက ထုန်လင်းကို မနှစ်သက်ခဲ့ပါချေ။  ဤအမျိုးသမီးတွင် ဆိုးညစ်သောရည်ရွယ်ချက်များစွာ ရှိသည်ဟု ခံစားခဲ့ရသည်။ 


ယခုအချိန်တွင် သူမက ကျန်းကျူးရိနှင့် ဆက်ဆံရေး တည်ဆောက်လိုခဲ့သည်။  သူမ၏ အငယ်ဆုံးသား လျို့ချင်းကျွင့်ကို  နောက်ပိုင်းတွင် စက်ယန္တရားစက်ရုံသို့ ဝင်ရောက်နိုင်စေရန်အတွက် လမ်းများဖွင့်ပေးချင်နေခဲ့သည်။ 


ထို့ကြောင့် သူမက သဘာဝကျစွာဖြင့် လီရှန်းဘက်မှ လုံးလုံးလျားလျား ဘက်လိုက်၍ ပြောဆိုခဲ့သည်။ 


သူမက စကားများကို ချဲ့ကားပြောဆိုခဲ့သော်လည်း  ထုန်လင်း၏ အစီအစဉ်များကိုတော့ သဝေမတိမ်း ပြောပြခဲ့သည်။


အထည်ချုပ်စက်ရုံတွင် ဝန်ထမ်းဟောင်းများ ကျန်ရှိနေသောကြောင့် ကျန်းဟုန်ကျန့်တွက်ဖြစ်ခဲ့သော အကြောင်းအရာအားလုံးကို သိသော လူတော်တော်များများရှိ၏။ 


ယခုတွင်လည်း ထုန်လင်းမှ ထိုကဲ့သို့ လုပ်လာပြန်သဖြင့် သူမက ကျန်းဟုန်ကျန့်ချန်ခဲ့သော အလုပ်နေရာအား လိုချင်သောကြောင့်ဖြစ်ကြောင်းကို အလွယ်တကူပင် ခန့်မှန်းနိုင်သွားကြသည်။ 


ထိုကိစ္စကြောင့် အလုပ်သမားများကြားထဲ၌ ဆူညံပွက်လောရိုက်သွားခဲ့လေ၏။ 


ဝန်ထမ်းအသစ်များက သိချင်နေခဲ့ကြပြီး ဝန်ထမ်းဟောင်းများမှာမူ ဖြစ်ပျက်သမျှအရာအားလုံးကို ပြန်ပြောကြလေသည်။ 


နေ့လယ်ခင်းတစ်ခုလုံး၏ လေထုမှာ ကောလဟာအတင်းအဖြင်းများဖြင့် ပြည့်နှက်နေခဲ့ သည်။ 


ထုန်လင်းက လီရှန်း၏ မင်္ဂလာကိစ္စအတွက် လီဟုန်ကျွင့်နှင့်ပင် မဆွေးနွေးခဲ့ဘဲ သူမ၏သဘောအတိုင်း လုပ်ခဲ့သည်။


ဆိုရလျှင် ထိုကိစ္စနှင့်ပတ်သက်၍  လီဟုန်ကျွင့်ထံ၌ သမီးဖြစ်သူ လီရှန်းနှင့်ပက်သတ်၍ စိုးရိမ်ခြင်းမျိုး လုံးဝမရှိပါချေ။ 


သူက ပန်းထိုးစက်ရုံတွင် မျက်နှာပျက်ခဲ့ရသောကြောင့်သာ ပြန်ရောက်လာချိန်၌ စိတ်တိုဒေါသထွက်နေခြင်းဖြစ်၏။ 


သူက ဒေါသတကြီးဖြင့် လက်သီးဆုပ်ထားပြီး သူ့မျက်လုံးများမှာ နီမြန်းနေခဲ့သောကြောင့် ထုန်လင်းတစ်ယောက် သူမ အရိုက်ခံရတော့မည်ထင်ခဲ့ပြီး အလွန်ကြောက်လန့်သွားခဲ့ကာ တစ်နေ့ခင်းလုံး အပြင်သို့ပင် လုံးဝမထွက်ခဲ့ချေ။ 


ထို့ကြောင့် သူမ ရှင်းပြချင်သည်ဖြစ်စေ၊ မရှင်းပြချင်သည်ဖြစ်စေ ထိုကိစ္စအတွက် အကြောင်းပြချက်ပေးရန်အတွက် အခွင့်အရေး မရှိတော့ပါချေ။ 


ထိုအချိန်တွင် တစ်ဖက်အခန်းမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သောကြောင့် တံခါးနောက်တွင် ပုန်းနေသော ထုန်လင်း၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး ဖြူဖတ်ဖြူလျော် ဖြစ်စေခဲ့သည်။ 


လီဟုန်ကျွင့်၏ မျက်နှာမှာလည်း ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေခဲ့၏။ 


“အန်တီလေး...” 


လီရှန်းတစ်ယောက် ဖျော့တော့နေသော မျက်နှာဖြင့် ယိုင်နဲ့နေဟန် သရုပ်ဆောင်ပြလိုက်ချိန်တွင် သူမကို မြင်မိသူတိုင်း စိတ်မကောင်းဖြစ်သွားခဲ့ကြသည်။ 


“ဟုန်မေ့ ….မငိုပါနဲ့၊ ကလေး လန့်သွားဦးမယ်” 


ဖန်ချင်းသည်လည်း  ယောင်းမဖြစ်သူ၏ ပခုံးကို ဝမ်းနည်းပူဆွေးသောအမူအရာဖြင့် ပုတ်ပေးလိုက်၏။ 


သူမက နှာခေါင်းရှုံ့ကာ အနားသို့လာနေသော စွမ်းလီဖန်ကို ဆွဲလိုက်ရင်း ပြောလေသည်။ 


“အစ်မ …ကျွန်မ ရှင့်ကို သိတယ်၊ ရှင်က ဒါရိုက်တာလျို့ရဲ့ဇနီးပဲ.. ဟုတ်တယ်မလား” 


စွမ်းလီဖန်ကတော့ လီရှန်း၏ အဒေါ်မှ သူမကို သိနေသောကြောင့် အံ့ဩသွားခဲ့လေ၏။ 


သူမ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ကာ ဖန်ချင်း၏ လက်ကို ပြန်လည်ဆုပ်ကိုင်ပေးလိုက်ပြီး အလွန်ပူးပေါင်းသောပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


“ဒီကလေးမလေးက တကယ်ကို နားစရာကောင်းလွန်းပါတယ် ကျွန်မက အနားမှာရှိနေတဲ့သူဆိုတော့ မြင်တွေ့နေရတယ်” 


ဤစကားက ကျန်းမိသားစုရှိ အမျိုးသားများ၏ မျက်လုံးများကို နီရဲစေခဲ့၏။ 


စက်ယန္တယားစက်ရုံရှိ ဥက္ကဋ္ဌ၏ ဦးလေးတော်စပ်သူဖြစ်ပြီး စက်ရုံ၌အတွင်းရေးမှူးလည်းဖြစ်သော ကျန်းရှင်းမင်က နာကျင်နေသောအမူအရာဖြင့် ပြောလိုက်၏။ 


“ခေါင်းဆောင်တို့ ..  ကျွန်တော်တို့ကဒီကို ပြဿနာရှာဖို့ လာတာမဟုတ်ပါဘူး…လီဟုန်ကျွင့်က လူမဆန်လွန်းလို့ ရောက်လာရတာပါ” 


သူက ထုန်လင်းနှင့် သူမ၏ကလေးကို ပစ်မှတ်ထားမည်မဟုတ်ပေ။ သူ ပစ်မှတ်ထားလိုသူမှာ လီဟုန်ကျွင့်တစ်ဦးတည်းသာ ဖြစ်သည်။ 


“အဲဒီတုန်းက ကျွန်တော်တို့မိသားစုက လီဟုန်ကျွင့်က မယုံကြည်ရဘူးထင်ခဲ့တဲ့အတွက် ရှန်းရှန်းကို ပြန်ခေါ်ပြီး စောင့်ရှောက်ချင်ခဲ့တယ်၊


ဒါပေမဲ့ သူက ငြင်းဆန်ခဲ့ပြီး ကျွန်တော်တို့ရဲ့တူမကို ကောင်းကောင်းဆက်ဆံမယ်လို့ ကျိန်တွယ်ပြီးကတိပေးခဲ့တယ်လေ၊


ရလဒ်အနေနဲ့ ကျွန်တော့်ရဲ့ အစ်မကြီးဆုံးပါးပြီး နှစ်လအတွင်းမှာပဲ သူက နောက်အိမ်ထောင်ပြုခဲ့တယ်၊


သူကတော့ ပျော်ရွှင်နေခဲ့တာကို အပြစ်မပြောချင်ပါဘူး.. ဒါပေမဲ့ ကျွန်တော့်ရဲ့တူမလေးကရော ဘယ်လိုဖြစ်သွားလဲ၊ ကလေးက ဘယ်လိုဘဝမျိုးနဲ့ ဖြတ်သန်းနေရလဲ”


ဖန်ချင်းကလည်း သူမ၏ မတ်လေး ပြောနေသည့် စကားများကို ကြားသည်နှင့် ချက်ချင်းပင် လက်ကိုင်ပဝါဖြင့် မျက်လုံးထောင့်များရှိ မျက်ရည်များကို သုတ်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် စွမ်းလီဖန်၏ လက်ကို ဆုပ်ကိုင်ကာ ညည်းညူပြောဆိုခဲ့၏။ 


“အစ်မ… အစ်မ မသိလို့..  အဲဒီတုန်းက ရှန်းရှန်းလေးက နှစ်နှစ်ပဲ ရှိသေးတယ် သူက လမ်းလည်း မလျှောက်နိုင်သေးဘူး စကားလည်း မပြောနိုင်သေးဘူးလေ၊ 


အဲဒီအချိန်ကဆို  သူ့ရဲ့အဝတ်အစားတွေက အိမ်သာကနေ ထုတ်ယူလာသလိုမျိုး ညစ်ပတ်နေပြီး နံစော်နေခဲ့တာ၊ အဲဒါကိုမြင်တော့ ကျွန်မရဲ့ရင်ထဲကို ဓားနဲ့ မွှန်းသလို ခံစားလိုက်ရတယ်၊



ကျွန်မလည်း မိခင်တစ်ယောက်ပဲလေ.. မိခင်တစ်ယောက်အနေနဲ့ ကလေးတစ်ယောက်က ဒီလိုဒုက္ခရောက်နေတာကို ဘယ်လို သည်းခံနိုင်မှာလဲ၊ 


ကျွန်မ ချက်ချင်းပဲ ကျွန်မရဲ့ယောက်ျားကို ခေါ်ပြီး သူမကို ကျွန်မတို့နှင့်ပြန်ခေါ်လာခဲ့ဖို့ ပြောလိုက်တာ၊


 လီဟုန်ကျွင့်က မပြုစုရင်လည်းထားလိုက်တော့..  ကျွန်မ သူမကို ကိုယ့်သမီးအရင်းလေးလို ပြုစုမယ်လို့ တွေးခဲ့တယ်” 


“ဟုတ်တယ်၊ အဲဒီတုန်းက ကျွန်မတို့က တစ်ဖက်ရဲ့ မင်္ဂလာဆောင်တွေ၊ နာရေးတွေမှတောင် တစ်ဖက်ကဝင်မပါဘူးလို့ ကတိပေးခဲ့တယ်၊ 



ဒါပေမဲ့ အခုတော့ ရှင်တို့က ကျွန်မတို့မိသားစုရဲ့ ရှန်းရှန်းအတွက် ဆိုးရွားတဲ့အိမ်ထောင်ရေးကိုပါ ကြံစည်နေပြီ၊ လီဟုန်ကျွင့်… ရှင် သိက္ခာမဲ့လွန်းသွားပြီနော်!” 


ကျန်းဟုန်မေ့သည်လည်း ထပ်၍ အော်သံတစ်ခုဖြင့် ပြောလိုက်သည်။ 


ထိုသုံးဦးသည် သဟဇာတဖြစ်စွာ ပြောဆိုခဲ့ကြပြီး ကောင်းကောင်း မသိသူများအနေဖြင့် ကျန်းမိသားစုမှာ အလွန်ဒုက္ခရောက်နေကြသည်ဟု ထင်မြင်ခဲ့ကြပေလိမ့်မည်။ 


အလုပ်သမား သမ္မဂဥက္ကဌ ဝူချန်ချွမ်ကတော့ ကြည့်ရှုသူများက ပိုမိုများပြားလာသည်ကို မြင်လိုက်ရလျှင် ဖိအားများလာသကဲ့သို့ခံစားလိုက်ရသည်။ 


ယနေ့တွင် ဤကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ပါက စက်ရုံက လုံးဝရှုပ်ထွေးသွားနိုင်၏။ 


ထိုကိစ္စသည်က အထည်ချုပ်စက်ရုံရှိ ခေါင်းဆောင်များအတွက်တော့ အခွင့်အာဏာအတွက် စိန်ခေါ်မှုကြီးပင်။ 


ထို့ကြောင့် သူက ဘေးရှိ ကျန်းချင်းတုန်နှင့် ချက်ချင်း တိုင်ပင်ခဲ့ပြီး လီဟုန်ကျွင့်နှင့် သူ့ဇနီးကို ခေါ်ထုတ်ရန်  ပြောခဲ့သည်။ 



ယနေ့ဖြစ်နေသော ပြဿနာများအား ဖန်တီးခဲ့သူမှာ သူတို့နှစ်ဦးသာဖြစ်သောကြောင့် ယခုမှ ကြောက်ရွံ့၍ ပုန်းမရချေ။ 


အခန်းထဲရှိ လီဟုန်ကျွင့်သည်လည်း ဒေါသထွက်နေပြီး ထိတ်လန့်နေခဲ့၏။ အပြင်ဘက်တွင် လူအများအပြား ရှိနေသဖြင့် ဤကိစ္စမှာ ကြီးမားလာပြီး ဖြေရှင်းရန်ခက်ခဲလွန်းသည်။ 


ထုန်လင်းသည် ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်၏။ 


“ခေါင်းဆောင်ကြီးတွေ အရာရှိ အများကြီး ရောက်နေပြီ.. ကျွန်မတို့ ဘာလုပ်ကြမလို့လဲ” 


“ဒါတွေအကုန်လုံး မင်းကြောင့်ပဲ မဟုတ်ဘူးလား” 


လီဟုန်ကျွင့်က အပြစ်တင်၍ ပြောလေသည်။ 


ထုန်လင်းကတော့ တစ်ခွန်းမျှပြန်ပြောရဲခြင်း မရှိခဲ့ပေ။ 


ယနေ့ဖြစ်ရပ်က သူမကြောင့် ဖြစ်သည်မှာ ထင်ရှားသော်လည်း ဤမိန်းကလေး လီရှန်းက ရုတ်တရက် အဘယ်ကြောင့် လူစားထိုးလိုက်သကဲ့သို့ ထက်မြတ်လာသည်ကို သူမနားမလည်ချေ။ 


ထိုမိန်းကလေးက အမြဲတစေထိုင်းမှိုင်းကာ ကြောက်ရွံ့နေခဲ့ငည်။ 


ထုန်လင်းအနေဖြင့် ဤကိစ္စကို သူမ သိလျှင်ပင် ပြန်လည်းခုခံခြင်းမျိုး မလုပ်နိုင်ကြောင်း သေချာသောကြောင့်သာ လက်ရှိကိစ္စအတွက် လှည့်စားမှုများလုပ်ခဲ့ခြင်းဖြစ်၏။ 


ဤမိန်းကလေး လီရှန်းက အလွန်ပါးနပ်သော အတွေးအခေါ်များ ရှိခြင်းကြောင့် သူမကို ထိုမျှကြာအောင် လှည့်စားခဲ့ခြင်းသာ ဖြစ်လိမ့်မည်။



ရှောင်ပုန်းခြင်းက ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ပေ။ 


လီဟုန်ကျွင့်နှင့် သူ့၏ဇနီးကို အိမ်ထဲမှ ဆွဲထုတ်ခဲ့ကြသည်။ 


ထိုနှစ်ဦး ပေါ်လာသည်နှင့် ကျန်းဟုန်မေ့က လီရှန်းကို ဘေးသို့အသာတွန်းပို့ကာ လီဟုန်ကျွင့်၏ ကော်လာကို ဆွဲကိုင်လှုပ်ရန် ပြေးသွားခဲ့၏။ 


“လီဟုန်ကျွင့်၊ ရှင်က ကျွန်မရဲ့အစ်မနဲ့ ထိုက်တန်ရဲ့လား” 


လီဟုန်ကျွင့်ကတော့ နောက်ကိာသာဆုတ်သွားခဲ့ပြီး စကားမပြောဘဲ တိတ်ဆိတ်နေခဲ့သည်။ 


“ကျွန်မအစ်မရဲ့ ပိုင်ဆိုင်မှုအအကုန်လုံးကို ပြန်ပေး! ရှင်က ကျွန်မအစ်မရဲ့ ဂရုစိုက်မှုနဲ့ လုံးဝမထိုက်တန်ဘူး” 


ကျန်းရှင်းမင်သည်လည်း လက်သီးဆုပ်၍ လှုပ်ရှားရန် အဆင်သင့်ဖြစ်နေဟန်ရှိ၏။ 


ကျန်းကျူးရိက သူတို့ကို တားရန်အတွက် ရှေ့သို့တိုးလာခဲ့သည်။ 


သူတို့ကို ရပ်တန့်စေပြီးနောက် ရှက်ရွံ့သောမျက်နှာဖြင့် ဝူချန်ချွမ်ကို မမေ့မလျော့တောင်းပန်ခဲ့သည်။



“တောင်းပန်ပါတယ်….တောင်းပန်ပါတယ်၊ သူတို့က အရမ်းစိတ်လှုပ်ရှားနေကြလို့ပါ” 


သူက နီရဲနေသော မျက်လုံးများဖြင့် သက်ပြင်းချလိုက်၏။ 


“ကျွန်တော်တို့တွေ အဲဒီတုန်းက စကားပြောခဲ့ကြတဲ့အချိန်မှာ ရှိနေခဲ့တဲ့ ခေါင်းဆောင်တွေအကုန်လုံးကို ခေါ်ခဲ့ပါတယ်၊ အခု ကျွန်တော်တို့က ဒီမှာရောက်နေတယ်ဆိုတာက…တခြား ဘာမှမတောင်းဆိုချင်ပါဘူး၊ ဟုန်ကျန့် ချန်ခဲ့တဲ့ အလုပ်ကို ရှန်းရှန်းဆီကို ပြန်ပေးစေချင်တာပါ” 


ထုန်လင်းက ထိုစကားကို ကြားသည်နှင့် ပေါက်ကွဲလုနီးပါးဖြစ်သွားခဲ့သည်။ 


“ဘယ်လိုလုပ ဖြစ်နိုင်မှာလဲ၊ ဒီအလုပ်က ကျွန်တော်တို့ ဟုန်ကျွင့်ရဲ့အလုပာပဲ” 


“တိတ်တိတ်နေစမ်း!စကားမပြောစမ်းနဲ့” 


လီဟုန်ကျွင့်က ထုန်လင်းအား တွန်းလိုက်လေ၏။ထုန်လင်းကတော့ မကျေမချမ်းဖြစ်နေသေးပြီး ဆက်လက်အော်ဟစ်နေခဲ့လေ၏။ နေရာတစ်ခုလုံးက ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။