Ch 9
Viewers 1k

အခန်း(9)


ထုန်လင်းအနေဖြင့် လီရှုမေ့ထံတွင် လီရှန်းအတွက် လက်ထပ်ပွဲ စီစဥ်ပေးရန် တောင်းဆိုခဲ့ရခြင်းမှာ လီရှန်းထံတွင် ထိုသို့သော ဦးလေးများရှိနေသောကြောင့်ပင် ဖြစ်ပေသည်။ 


လီရှန်းက မကြာခင် အထက်တန်းကျောင်းမှ ဘွဲ့ရတော့မည်ဖြစ်သည်။ 


သူမ ဘွဲ့ရပြီးနောက်တွင် အလုပ်တစ်ခု ရှာဖွေလာလိမ့်မည်။ ထို့ကြောင့် ထုန်လင်းအနေဖြင့် ကျန်းမိသားစုမှ ကျန်းဟုန်ကျန့်၏ အလုပ်ခန့်ထားရေး ခွဲတမ်းကို လီရှန်းဆီသို့ ပေးလိုက်မည်ကို ကြောက်ရွံ့နေခဲ့သဖြင့် အခွင့်အရေးကို သူမဘက်မှ ဦးစွာဖန်တီးယူရန် စဉ်းစားခဲ့သည်။ 


လီရှန်းသာ လက်ထပ်လိုက်ပါက အကောင်းဆုံးဖြစ်လိမ့်မည်ဟု တွေးတောခဲ့သည်။ 


မသန်စွမ်းသည့်အပြင် ရူးနှမ်းနေသော ခင်ပွန်းသည်၏ ဘေး၌ တစ်နေကုန် လှည့်ပတ်နေရမည်ဆိုလျှင် လီရှန်းက ဤအလုပ်ကို စဉ်းစားနိုင်တော့မည်မဟုတ်ပေ။


လီရှန်းကသာ သဘောမတူပါက သူမကို ကျေးလက်ဒေသသို့ သွားရန် တဖက်လှည့်နှင့် ဆွဲဆောင်ရန်အတွက် တခြားနည်းလမ်းများကို ဖန်တီးလိမ့်မည်။


သူမက ကောင်းစွာ တွေးနေခဲ့သည်။  လီရှန်း၏ အကျင့်စရိုက်နှင့်ဆိုပါက သူမက ထိုသို့ကြုံတွေ့လာရချိန်တွင် အပြင်ဘက်သို့ ထုတ်ဖော်ပြောလာလိမ့်မည်မဟုတ်ဘဲ သူမ၏ စိတ်ထဲ၌သာ ဆက်လက်တွေးနေလိမ့်မည်။ 


သို့သော် လီရှန်းက ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ 


လီရှန်းက ယနေ့ အထည်ချုပ်စက်ရုံဝန်ထမ်းအိမ်ရာဝင်း၌ ပေါ်လာသည့်အချိန်မှစ၍ အရာအားလုံးက ထိန်းချုပ်မှု လွတ်ကင်းသွားခဲ့သည်။ 


“ကျွန်မ.. ကျွန်မ ဘာပြောရမလဲ မသိတော့ဘူး…” 


ထုန်လင်းတစ်ယောက် လီဟုန်ကျွင့်၏ နောက်တွင် ကျုံ့ကျုံ့လေးနေကာ ကြောက်ရွံ့စွာဖြင့် ပြောခဲ့သည်။ 



ကျန်းကျူးရိမှာ သူ၏ ဒေါသကို ထိန်းချုပ်နေခဲ့ရသည်။ ယခု ထုန်လင်း၏ ဆင်ခြေပေးလာသည့်စကားကို ကြားလိုက်ရလျှင် သူ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး လီဟုန်ကျွင့်ကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်လေ၏။



“မင်း အစတုန်းက ဘာပြောခဲ့လဲ.. ကျန်းမိသားစုကို ဘယ်လိုမျိုး ကတိပေးခဲ့လဲ .. အခု မင်း မင်းမိန်းမက ငါတို့မိသားစုရဲ့ သနားကြင်နာမှုကို ဒီလိုနည်းလမ်းမျိုးနဲ့  ပြန်ဆပ်ခွင့်ပြုထားတာလား မင်း သူမကို ဒီအတိုင်း လွှတ်ထားပေးမှာလား” 


လီဟုန်ကျွင့်တစ်ယောက် တုန်လှုပ်နေဆဲဖြစ်ပြီး မသိစိတ်ဖြင့် ပြန်ဖြေလိုက်မိသည်။


“မထားဘူး” 


“လီဟုန်ကျွင့်…” 


ထုန်လင်း ငိုကြွေးလိုက်သည်။ 


ယခုအချိန်တွင် သူမ အမှန်တကယ် ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။ 


ထို့ကြောင့် သူမက သူမ၏ အပေးအယူကို လျင်မြန်စွာ ထုတ်သုံးလိုက်သည် ။ 


“လီဟုန်ကျွင့်.. ကျွန်မမှာ ကျူးကျူးနဲ့ ချောင်ချောင်တို့ ရှိသေးတယ်..  ကျွန်မသာ တကယ် မကောင်းတဲ့ ရည်ရွယ်ချက်ရှိရင် ကျွန်မ လူမဟုတ်တော့ဘူး” 


ထုန်လင်းက အမြဲတစေ သူမကို သူမ အထိ မခံခဲ့သူဖြစ်ပေသည်။


ဤအချိန်တွင်တော့ သူမက “လူမဟုတ်ဘူး” ဆိုသည့်စကားကိုပင် ဆိုခဲ့သည်။


လီဟုန်ကျွင့် နောက်တစ်ကြိမ် ထိတ်လန့်သွားခဲ့ပြန်သည်။


သူနှင့် တစ်အိပ်ယာတည်း အတူအိပ်ခဲ့သူက  ဆိုးဝါးသောလူတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။ 


သို့သော် ဤကိစ္စကို ထုန်လင်းက အမှန်တကယ် ပြုလုပ်ခဲ့ကြောင်း အေါ်ထွက်လာခဲ့ပေပြီ။ ရှင်းပြချက်မပေးလို့ မရနိုင်တော့ပေ။


ကျန်းကျူးရိကတော့ လီဟုန်ကျွင့်ကို ကြည့်ပြီး အလွန်ပင် စိတ်ပျက်သွားခဲ့ရသည်။ 


သူ၏ယောက်ဖဟောင်းက အလွယ်တကူယိမ်းနွဲ့တတ်သူဖြစ်ကြောင်း သူသိသော်လည်း ဤမျှလောက်အထိ လူယုတ်မာတစ်ဦး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ 


သူ၏ သမီးက ဤသို့ အနိုင်ကျင့်ခံရနေရသော်လည်း သူက ထုန်လင်းကို ကာကွယ်ရန် ဆန္ဒရှိနေဆဲဖြစ်သည်။


ထုန်လင်းက သူ၏ဇနီးဖြစ်ပြီး အမွှာကလေးနှစ်ဦး မွေးဖွားပေးခဲ့သည်။ လူတို့၏ နှလုံးသားက ဘက်လိုက်တတ်သောကြောင့် သူ့အနေဖြင့် တစ်ဖက်လူကို အားကိုးမနေသင့်တော့ပေ။ 


ထိုသို့ စဉ်းစားရင်း ကျန်းကျူးရိတစ်ယောက် ဤနေရာတွင် ဆက်နေလိုစိတ် မရှိတော့ပေ။ 


သူ ဤနေရာတွင် ဆက်ရှိနေပါက လူများကို ရယ်မောစေရုံသာ ဖြစ်စေလိမ့်မည်။


သူသည် လီဟုန်ကျွင့်ကို အေးစက်သောအမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ပန်းထိုးစက်ရုံမှ ဒါရိုက်တာလျို့နှင့် အတွင်းရေးမှူးရှုကို နှုတ်ဆက်လိုက်သည်။ 


“ ဒီနေ့ ကိစ္စအတွက် မင်းတို့ကို  ဒုက္ခပေးခဲ့မိပြီ” 


“ပြောနေစရာမလိုပါဘူး.. ဒီကိစ္စက တကယ်ကို ဆိုးဝါးနေခဲ့်တာပဲ..  စက်ရုံကလည်း ဒီကိစ္စအတွက် တင်းကျပ်စွာ ထိန်းချုပ်သွားမှာပါ” 


အတွင်းရေးမှူးရှုက ပရိုဖက်ရှင်နယ်ဆန်သော လေသံဖြင့် ပြောခဲ့သည်။ 


သေချာပေ၏။  ဤသည်က စကား သက်သက်သာ မဟုတ်ပါချေ။  လီရှုမေ့ဘက်မှ မည်မျှပင်် ဆင်ခြေပေးနေသည်ဖြစ်စေ အသုံးမဝင်ပေ။ 


ဤကိစ္စ၌ သူမသည်လည်း အနည်းဆုံး ၃၀% လောက်အထိ တာဝန်ရှိသည်။ ထို့ကြောင့် ပန်းထိုးစက်ရုံမှလည်း  သေချာပေါက် ပြင်းထန်စွာ ကိုင်တွယ်ရပေမည်။ 


ဤကိစ္စက သူရဲကောင်းတစ်ယောက်၏ ကလေးနှင့် သက်ဆိုင်ရုံသာမက စက်ယန္တရားစက်ရုံနှင့် အထည်စက်ရုံတို့ကဲ့သို့သော ဌာနညီအစ်ကိုနှစ်ခုနှင့်လည်း သက်ဆိုင်နေသည်။ 


ဒါရိုက်တာလျို့သည်လည်း သူ၏ ရပ်တည်ချက်ကို ဖော်ပြခဲ့သည်။ 


“ထုန်လင်းရဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ စက်ရုံက ဆွေးနွေးဖို့ အစည်းအဝေးလုပ်မှာပါ.. ဒါပေမဲ့ ခင်ဗျားတို့လည်း သိတဲ့အတိုင်းပဲ ဒီကိစ္စက မိသားစုကိစ္စပဲ.. စက်ရုံက ကိုင်တွယ်ရင်တောင် အရမ်းတော့  လွန်သွားမှာ မဟုတ်ဘူး”


ဒါရိုက်တာလျို့ပြောသည့်စကားများက ပို၍ပင်ရိုးသားနေခဲ့သည်။ 


သူရဲကောင်းအဖြစ်သတ်မှတ်ခံထားရသော ကျန်းဟုန်ကျန့်မှာ စက်ရုံ၏ အရေးကြီးသော ပစ္စည်းများကို ကယ်တင်ခဲ့ရုံသာမက အလုပ်သမားများစွာ၏ အသက်ကိုလည်း ကယ်တင်ခဲ့သည်။ 


ဒါရိုက်တာလျို့သည်လည်း ကျန်းဟုန်ကျန့်ကြောင့်သာ ထိုဘေးဆိုးမှ  လွတ်မြောက်ခဲ့ခြင်းဖြစ်သောကြောင့် အထူးပင် အပြစ်ရှိသကဲ့သို့ ခံစားရသည်။ 


ကျန်းကျူးရိပ နားလည်စွာ ခေါင်းညိတ်ပြီးနောက် ဒါရိုက်တာလျို့၏ ပခုံးကို ပုတ်ကာ ပြောလာခဲ့သည်။


“အလုပ်ပြီးမှ မင်းနဲ့ စကားပြောမယ်” 


ဤသည်က အလေးအနက် စကားပြောဆိုရန်အတွက်ကို ဆိုလိုပေ၏။


“ကောင်းပြီ၊ ကောင်းပြီ” 


ဒါရိုက်တာလျို့က အကြိမ်ကြိမ် ခေါင်းညိတ်လာသည်။ 


စွမ်းလီဖန်က အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။


“ဒီည ကျွန်မတို့ရဲ့အိမ်ကို လာပြီး သောက်ပါဦး” 


  ဤအချိန်တွင် သူမက အစားအသောက်များကို ဂရုမစိုက်တော့ပေ။ အခြေအတေက ရှုပ်ထွေးနေသော်လည်း သူမ၏ သားငယ်အတွက် အလုပ်ရှာဖွေခြင်းကို  လက်မလျှော့ချင်ခဲ့ပေ။ 


“ကျွန်မ ကောင်းမွန်တဲ့ ဟင်းလျာတွေ ပြင်ဆင်ထားလိုက်ပါမယ်” 


“ကောင်းပြီ” 


ကျန်းကျူးရိလည်း ယဉ်ကျေးနေခြင်းမရှိဘဲ  ခေါင်းညိတ်သ

ဘောတူကာ ထွက်ခွာရန်ပြင်ဆင်ခဲ့သည် ။ 


“ကလေးကို အရင်ပြန်ခေါ်သွားမယ်.. မွန်းလွဲချိန်ကိုရောက်နေပြီ..ဒီလိုမျိုး ဆူဆူပူပူဖြစ်နေတော့ စိတ်က ပိုပြီး မကောင်းဖြစ်နေလိမ့်မယ်”



“ကောင်းပါပြီ .. ကောင်းပါပြီ  အရင်ပြန်လိုက်ပါ” 


အတွင်းရေးမှူးရှုက ဧည့်သည်များကို နှုတ်ဆက်ခဲ့သည်။ 


ကျန်းကျူးရိလည်း လူအုပ်ကိုဖြတ်သန်းပြီး နောက်ဘက်သို့ လျှောက်သွားခဲ့ကာ လူအုပ်နောက်တွင် ကျုံ့ကျုံ့လေး ကွယ်နေသော လီရှန်းအား အော်ခေါ်လိုက်သည် ။


“သွားရအောင် .. ငါနဲ့ ပြန်လိုက်ခဲ့”   


မတိုင်ခင်က လီရှန်း၏လက်ဖြင့် ထုန်လင်းက တွန်းထုတ်ခဲ့သည်ကို သူ မမြင်ခဲ့ဘဲ မနေပါချေ။


လီရှန်းလည်း ပြန်ဖြေကာ တစ်လှမ်းချင်း နောက်ကလိုက်ခဲ့သည်။ 


ပန်းထိုးစက်ရုံတံခါးမှ ထွက်ခွာပြီးနောက် လီရှန်းက ကျန်းကျူးရိ၏ စက်ဘီးနောက်ခုံ၌ ဝင်ထိုင်လိုက်သည်။ 


အချိန်အတော်ကြာပြီးမှ အရှေ့မှ ကျန်းကျူးရိ၏ အသံကို သူမ ကြားရသည်။ 


“ဒီနေ့ မင်း လုပ်ခဲ့တာ မှန်တယ်.. ဒီလိုပဲ လုပ်သင့်တယ် .. တခြားဘာမှ တွေးစရာမလိုဘူး..  အားလုံးကို မင်းစိတ်ထဲမှာပဲ သိမ်းထားမနေနဲ့.. မတရားခံရတယ်လို့ ခံစားရတာနဲ့ ပြန်လာပြီး မင်းရဲ့ဦးလေးကို ပြောလိုကက်.. ငါ အမြဲတမ်း မင်းဘက်က ရပ်တည်ပေးမယ်”



ထိုသို့သော ဂရုစိုက်သည့် အသံကို ကြားရပြီးနောက် လီရှန်း၏မျက်လုံးများတွင် မျက်ရည်များဝဲတက်လာခဲ့ရသည်။


သူမက ကျန်းကျူးရိ၏ ကျယ်ပြန့်သော နောက်ကျောပေါ်သို့ ခေါင်းကို မှီလိုက်မိသည်။ 


ထို့နောက် မည်သည့်စကားကိုမှ မပြောခဲ့ဘဲ သူ၏နောက်ကျောကို မှီကာ ခေါင်းညိတ်လိုက်လေသည်။ 


ကျန်းကျူးရိသည်လည်း ငသသူ၏နောက်မှကလေး ငိုနေသည်ကို ခံစားမိလေသည်။ 


သူ ရုတ်တရက် ပို၍ပင် စိတ်မကောင်းဖြစ်သွားပြီး ထုန်လင်း လုပ်ခဲ့သော လုပ်ရပ်များအပေါ် ဒေါသအလွန်အကျွံ ထွက်သွားခဲ့သည်။ 


လီရှန်းသည်လည်း ထုန်လင်း၏အကြောင်းကို စဉ်းစားနေခဲ့သည်။ 


သူမအနေဖြင့် ထုန်လင်က သရုပ်ဆောင်တစ်ယောက် မဟုတ်သည်က အလွန်ပင်နှမျောစရာကောင််းသည်ဟု အမြဲတစေခံစားခဲ့ရသည်။ 


သူမ၏ ယခင်ဘဝ၌ ကျေးလက်ဒေသသို့ သွားပြီးနောက်တွင် ကျန်းကျူးရိက အထည်စက်ရုံသို့ သွားခဲ့ပြီး လီဟုန်ကျွင့်နှင့် စာရင်းရှင်းရန် သွားခဲ့သော်လည်း ထိုအချိန်တွင် ထုန်လင်းင စက်ရုံ၌ ပြဇာတ်တစ်ခု ကပြနေခဲ့သည်။ 


စက်ရုံတွင်ရှိနေသော လူတိုင်းက လီဟုန်ကျွင့်ဘက်မှ လီရှန်းအား အထည်စက်ရုံ၌ အလုပ်လုပ်စေလိုသော်လည်း လီရှန်းက မလိုလားခဲ့ဘဲ ဟဲထန်နောက်သို့ လိုက်ရန်အတွက် ပင်းချန်သို့ သွားရန် အတင်းအကျပ် ဆန္ဒပြုခဲ့ကြောင်းကိုသာ သိခဲ့ကြသည်။


လူတိုင်းက လီရှန်းတစ်ယောက် အချစ်အတွက် ရူးသွတ်မှုကြောင့် ထွက်ခွာသွားခဲ့သည်ဟု ပြောခဲ့ကြသည်။ 


ထိုအချိန်တွင် ဌာနဘက််မှလည်း အဆိုပြုလွှာအတွက် သဘောတူညီချက် ရရှိခဲ့ပြီဖြစ်သည်။ ကျန်းကျူးရိဘက်မှ မယုံကြည်ခဲ့လျှင်ပင် သူသည်က လီဟုန်ကျွင့်အား နောက်ထပ် ဒုက္ခပေးနိုင်တော့မည်မဟုတ်တော့ပေ။ 


ထို့အပြင် ထိုအချိန်၌ ကျန်းမိသားစုတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်။



လီရှန်း ရုတ်တရက် မတ်မတတ်ထပြီး ပြောလိုက်မိသည်။


“ဦးလေး၊ ဒုတိယဦးလေးဆီက ဒီရက်ပိုင်းအတွင်း စာရောက်လာသေးလား” 


ဒုတိယဦးလေး ကျန်းကျူးပန့်..



ယခုအချိန်တွင် သူက ချုံကျိုးကျွန်း၌ စစ်သားအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဗိုလ်မှူးကြီးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ မိသားစုတစ်စုလုံးကလည်း တပ်မတော်နှင့်အတူ ချုံကျိုးကျွန်းသို့ သွားရောက်နေထိုင်ကြသည်။ 


လီရှန်း၏အတိတ်ဘဝတွက် သူမ ကျေးလက်ဒေသသို့ သွားပြီး မကြာမီပင် သူမ၏ ဒုတိယဦးလေး ကျန်းကျူးပန့် ကွယ်လွန်ခဲ့သည်။ သို့သော် ထိုအချိန်၌ လီရှန်းက ပင်းချန်တွင် ရှိနေသောကြောင့် အလွန် ဝေးကွာနေခဲ့သည်။ 


သူမ၏ မိသားစုကလည်း သူမ ဝမ်းနည်းမည်ကို စိုးရိမ်သဖြင့် သူမအား မပြောပြခဲ့ကြပေ။ သူမ သေဆုံးပြီးနောက် ပိုင်မားခရိုင်သို့ ပြန်ရောက်မှသာ သူမ၏ ဒုတိယဦးလေးက သူမထက် နှစ်နှစ်စော၍ ကွယ်လွန်သွားခဲ့ကြောင်းကို သိရှိခဲ့ရသည်။ 


ယခုအချိန်ကို တွက်ကြည့်လျှင် ကျန်းကျူးပန့်က အသက်ရှင်နေသင့်သေးသည်။လီရှန်းအနေဖြင့် သူမ၏ ဒုတိယဦးလေးကို စိတ်ပူပန်နေသော်လည်း သူ၏ မတော်တဆမှုက မည်သည့်နေ့တွင် ဖြစ်ပွားခဲ့သည်ကို မသိသကဲ့သို့  မည်သည့်အကြောင်းကြောင့် ကွယ်လွန်ခဲ့သည်ကိုလည်း မသိသဖြင့် ကြိုတင်သတိပေးချက်ညန်အတွက် မည်သို့လုပ်ဆောင်ရမည်ကို မသိနိုင်ခဲ့ပေ။ 


“မင်းရဲ့ ဒုတိယဦးလေးရဲ့ အခြေအနေကို မင်းလည်း သိပါတယ်.. သတင်းမရှိတာဟာ သတင်းကောင်းပဲလေ” 



*