အခန်း(15)
စစ်သားနှစ်ယောက်၏နောက်မှ လိုက်ပါလာသော အမျိုးသား သုံးယောက်သည်ကား သာမာန်ရှင်သန်သူများ ဖြစ်သည်ပုံပင်။ သူတို့အားလုံးမှာ ငယ်ရွယ်သောလူနှင့် အရွယ်ရောက်ပြီးလူလတ်ပိုင်းတို့ ပါဝင်သည်။
ထိုအထဲမှ နှစ်ယောက်က စုတ်ပြဲနေသော အဝတ်အစားများကို ဝတ်ဆင်ထားကြလေ၏။ သူတို့က လမ်းကြမ်းမောင်း SUV ကားကြီးကို ကွဲပြားသော အမူအရာများဖြင့် ကြည့်နေခဲ့ကြလေသည်။
“သေစမ်း၊ ဒီကားက အရမ်းမိုက်တယ်ဟ!”
လူငယ်တစ်ယောက်က ကားကို အားကျစွာဖြင့် ကြည့်နေလျက် မနာလိုမှုများပြည့်နေသည့် မျက်လုံးဖြင့် ပြောလိုက်သည်။
“လောကကြီးရဲ့ လက်ရှိအခြေအနေမျိုးမှာ ဒီလိုမျိုး ဝံ့ဝံ့ကြွားကြွားနဲ့ နေရဲတယ်၊ ဒီလူက လုံးဝကြီး တုံးအ,နေတာ မဟုတ်ရင် တကယ်ကို သန်မာတာပဲ ဖြစ်ရမယ်”
အသက်ပိုကြီးသည့်သူက ပြောလိုက်လေသည်။
ကျင်းယန် က သူ၏ကားကိုမြို့ရင်ပြင်သို့ မောင်းဝင်လာသည့် အချိန်တွင် ထိုနေရာ၌ ထိုးထားသော ကားများကဒါဇင်မျှရှိနေပြီ ဖြစ်သည်။
ပထမတစ်ချက်အကြည့်ဖြင့် ရင်ပြင်တစ်ခုလုံးတွင် မြို့မှ အသက်ရှင်သူများနှင့် ပြည့်နှက်နေကြောင်းကို တွေ့နိုင်သည်။ နေရာက အလွန်ကြီးမားပြီး အံ့မခန်းဖွယ်ရာ မြင်ကွင်းတစ်ခုဖြစ်နေခဲ့၏။
သို့သော် ဒုတိယအကျိမ် ထပ်မံတွေးတောလိုက်ချိန်တွင်တော့ ဤလူများသည်ကား မြို့ထဲမှ ကျန်ရှိနေသမျှ လူများအားလုံးပင်ဖြစ်ပေ၏။
တခြားသူများသည်ကား သေဆုံးသွားခြင်း သို့မဟုတ် တခြားနေရာသို့ လွတ်မြောက်သွားနှင့်ပြီးသားဖြစ်လိမ့်မည်။
လမ်းကြမ်းမောင်း SUV ကားကြီး ရင်ပြင်ထဲသို့ ဝင်လျှင်ဝင်ချင်းပင် နေရာတွင်ရှိနေသော လူတိုင်း၏အာရုံကို ဆွဲဆောင်ခံလိုက်ရ၏။
ယင်ရိလျိုသည်လည်း dashboardပေါ်တွင် ထိုင်နေရင်းဖြင့် ပြတင်းပေါက်အပြင်မှ ရှင်ကျန်သူများကို စိုက်ကြည့်နေခဲ့သည်။
လူအများစုက အလွန်ပင် ပင်ပန်းနွမ်းနယ်နေဟန်ရှိပြီး အဝတ်အစားများကလည်း အလွန်အမင်း ညစ်ပတ်ပေကျံနေခဲ့သည်။
သူတို့၏မျက်နှာများကလည်း အုံ့မှိုင်း မည်းမှောင်နေခဲ့ပြီး စိတ်ဓာတ်ကျနေကြသော်ငြား သူတို့က သတိဝီရိယရှိနေကြသေးသည်။
ဆိုရလျှင် သူတို့သည်လည်း သူတို့ဘာသာ အဖွဲ့သေးသေးလေးများ ဖွဲ့စည်းရန်အတွက် အတူတကွ ရောထွေးနေကြသော်ငြား တစ်ယောက်ချင်းစီကတော့ အချင်းချင်း ဝေးကွာနေဆဲဖြစ်ချေသည်။
ကျင်းယန်၏ကားမှ လူအနည်းငယ် ထွက်လာပြီး သန္ဓေပြောင်းခွေးနှစ်ကောင်ကိုလည်း သူတို့နှင့်အတူ အဝေးသို့ တရွတ်တိုက်ဆွဲထုတ်လာခဲ့ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် လူအုပ်ကြီးက သူတို့ကို ပို၍ပင် စိတ်အားထက်သန်ပြီး ပြင်းပြစွာ စိုက်ကြည့်လာကြလေသည်။
ပျက်ကပ်၏ အစောပိုင်းအဆင့်များတွင် လူသားမျိုးနွယ်များသည်ကား ဆာလောင်မွတ်သိပ်ခြင်းကို သည်းခံနိုင်ခြင်း မရှိကြသေးပေ။ ထို့အပြင် အသားငါးများဖူဖူလုံလုံစားသောက်နေနိုင်ခဲ့သော အခြေအနေမှ မည်သည့်အရာကိုမဆို စားသောက်နိုင်ရန်အတွက် ကျင့်သားမရသေးဘဲ ရုန်းကန်နေရဆဲဖြစ်၏။
ယခုအချိန်တွင် တိရစ္ဆာန်များ၏ သန္ဓေပြောင်းခြင်းက ကမ္ဘာအနှံ့ဖြစ်လာခဲ့ပြီး ထိုအချိန်ကတည်းက လူသားများမှာ အသားငါးများကို အမဲလိုက်ခဲ့သည့် သားရဲဘဝမှ ထိုသတ္တဝါများထံတွင် အမဲလိုက်ခံနေရသော သားကောင်ဖြစ်သွားခဲ့ကြသည်။
လက်နက်ခဲရမ်းမရှိသော သာမာန်လူများသည်ကား ဤအတောအတွင်း၌ ရင်ပြင်၌သာ ပုန်းခိုနေနိုင်ခဲ့ကြပြီး စစ်တပ်မှ နေ့စဥ်ထောက်ပံ့ပေးလာသည့် အလွန်နည်းပါးလှသော အစားအစာ ပမာဏကို ဝေမျှခံရရန်အတွက် စောင့်နေရုံသာ တတ်နိုင်ခဲ့ကြလေသည်။
လက်ရှိ ဆက်ဆံမှုကို စိတ်မကျေနပ်သည့် မည်သူမဆို ဤစစ်တပ်ဌာနမှ စောင့်ကြပ်ပေးထားသော ခိုလှုံရာနေရာမှ ထွက်သွားရန်အတွက် ရွေးချယ်နိုင်ပေသည်။
စစ်တပ်မှ ထိန်းချုပ်ခံရရန် ဆန္ဒမရှိကြသော ဆင့်ကဲပြောင်းလဲသူ အများအပြားသည်လည်း အမှောင်ထဲတွင်ပုန်းအောင်းလျှက် အခွင့်အခါကို စောင့်နေကြလျှက်ရှိလေသည်။
သို့သော် ယခုအချိန်တွင် သူတို့ထွက်ခွာပြီးနောက် သူတို့၏အခြေအနေက ပို၍ဆိုးလာရုံသာရှိပေတော့သည်။
“ရှုန်းတိ ကျေးဇူးတင်ပါတယ်ကွာ၊ နောက်ကျရင် ငါ မင်းကို ခွေးသားစွပ်ပြုတ် တစ်ပန်းကန် လာပေးလှည့်မယ်”
“မင်းရဲ့ ကောင်ကြီးက တကယ်ကို အမိုက်စားပဲ..ဒီလိုအချိန်မျိုးမှာ မင်းရဲ့ကားက ကွက်တိပဲ”
ဝမ်ကျန်းကျဲ ကားပေါ်မှခုန်ထွက်လိုက်ပြီး အားကျမနာလိုစွာစွာဖြင့် ကားထိုင်ခုံကို ပုတ်လိုက်သည်။
“မင်း ကားအရင်ထိုးထားဖို့ နေရာရှာသင့်တယ်၊ ထွက်ခွာဖို့ စီစဥ်ထားတဲ့သူတွေက ဒီရင်ပြင်မှာ စုနေကြတာလေ၊ မင်း ဘဏ္ဍာရေးအဆောက်အအုံကို သိတယ်မလား? အဲဒီနေရာမှာ လူတွေအများကြီးပဲ သူတို့အားလုံးက ထွက်သွားဖို့ ဆန္ဒမရှိကြဘဲ ဒီမှာဘဲ အခြေစိုက်စခန်းဆောက်လုပ်ပြီး နေဖို့ရည်ရွယ်ထားကြတယ်”
၎င်းကိုကြားပြီးနောက် ယင်ရိလျို စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်သည်။ မြို့ထဲ၌ ရှင်သန်သူ အလွန်ည်းနည်းသာ ကျန်ရှိလျှင် ၎င်းသည်က အလွန်ပင် စိတ်ဓာတ်ကျစရာ ကောင်းလွန်းပေမည်ဖြစ်၏။
အမျိုးသားများက ခွေးကို အဝေးတရွတ်တိုက်ဆွဲ သွားပြီးနောက် ရင်ပြင်၏အပြင်ဘက်ပိုင်းမှ နေရာအလွတ်တစ်ခုတွင် ကားကိုရပ်တန့်လိုက်သည်။
ကျင်းယန်၏ကားရှေ့မှ ကြမ်းပြင်တွင် အိပ်ယာများ ပြင်ထားသော မိသားစုသုံးယောက်ရှိလေသည်။
SUVက သူတို့၏ နေထိုင်ရာအိမ်ရှေ့တွင် ရပ်သည်ကို မြင်ပြီးနောက် လူလတ်ပိုင်းစုံတွဲက မြေပြင်ပေါ်မှ ညစ်ပတ်နေသော အဝတ်ထူထူများကို သူတို့ဆီသို့ ဆွဲယူလိုက်သည်။
“မြောင်မြောင် ဒီကိုလာခဲ့ “
မိသားစုထဲတွင် ကလေးမလေးတစ်ယောက် ရှိနေ၏။ သူမက အတော်လှပသော်ငြား သူမ၏အဝတ်အစားများနှင့် ဆံပင်များပ ညစ်ပတ်နေခဲ့လေသည်။
ကားကိုမြင်လိုက်ရသောအခါ သူ၏မျက်လုံးများက တောက်ပလာလေသည်။ သူမ ခြေဖျားထောက်ပြီး ပြတင်းပေါက်ကိုဖြတ်၍ ကားထဲကို ခိုးကြည့်လိုက်သည်။
ပြတင်ပေါက်က ရောင်ပြန်ကုန်ပစ္စည်းများဖြင့် ပြုလုပ်ထားတာကြောင့် သူမ မြင်ရသည် အားလုံးမှာ အမျိုးသား တစ်ယောက်၏ မပြတ်မသား ကောက်ကြောင်းသာဖြစ်၏။
ကျင်းယန် ကားကို ပါကင်ထိုးပြီးနောက် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။
လက်ရှိရှင်သန်သူများက အချို့သည်ကား ခက်ခဲသည့် စမ်းသပ်ပွဲအရေအတွက် အနည်းငယ်ကို သေချာပေါက်ဖြတ်သန်းခဲ့ရနှင့်ပြီဖြစ်သည်။ တချို့မှာ သန္ဓေပြောင်းတိရစ္ဆာန်များ၊ တချို့မှာ ဆင့်ကဲပြောင်းလဲသူများထံမှ နှင့် တချို့သည်က သူတို့တစ်ဝိုက်ရှိ လူများထံမှာပင် ဖြစ်ပေလိမ့်မည်။
လူတိုင်းက သတိကြီးကြီးရှိနေခဲ့ကြပြီး တစ်ယောက်နှင့်တစ်ယောက်က သူတို့၏အကွာအဝေးကို ထိန်းသိမ်းထားခဲ့ကြကာ လက်ရှိတွင်တော့ သူတို့အားလုံးက ကျင်းယန်ဆီသို့ ပို၍အာရုံစူးစိုက်နေကြ၏။
အကြောင်းရင်းမှာ ဤလမ်းကြမ်းသုံး SUV က ထင်ပေါ်လွန်းတာကြောင့်ပင် ဖြစ်ပေ၏။
ရုတ်တရက် သေးငယ်သောလက်လေးတစ်ဖက်က သူတို့၏ကားမှန်တံခါးနားတွင် ပေါ်ထွပ်လာကာ ကားမှန်ကို တုန့်ဆိုင်းစွာဖြင့် နှစ်ကြိမ် ခေါက်လာခဲ့သည်။
ကျင်းယန်ငုံ့ကြည့်လိုက်လျှင် ကောင်ငယ်လေးတစ်ယောက်၏ ခေါင်းထိပ်ကို တွေ့လိုက်ရ၏။
သူ့အနေဖြင့် ဤသည်မှာ လျှို့ဝှက်ပူးပေါင်းကြံစည်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်နေမည်ကို စိုးရမ်မနေချေ။ လက်ရှိနေရာမှာ ကောင်းမွန်စွာ စီမံခန့်ခွဲထားသော စစ်တပ်အခြေစိုက်စခန်း တစ်ခုတွင်ဖြစ်သည် မဟုတ်ပါလား။
သူပြတင်းပေါက်ကို အနည်းငယ် အောက်ချပြီး မေးလိုက်သည်။
“ဘာကိစ္စလဲ?”
ယင်ရိလျိုက သူတို့၏အသံကို ကြားပြီးနောက် ကျင်းယန်၏ပေါင်ပေါ်သို့ ခုန်ဆင်းလိုက်ကာ သူ၏ရှပ်အင်္ကျီပေါ်ကို ဆုပ်ကိုင်၍ တွယ်တက်ရန် ကြိုးပမ်းနေခဲ့သည်။
ကျင်းယန်လည်း သူမကို ကောက်ကိုင်လိုက်ပြီး သူ၏ပုခုံးပေါ်တွင် တင်ပေးလေလိုက်သည်။ သူ့ဒအသားကိုထိနေသည့် သူမ၏ နွေးထွေးသော သားမွှေးဖြူများက သူ့အား အဖြူရောင်ယုန်သားမွေးလည်စည်း ဝတ်ဆင်ထားသည်နှင့် တူညီနေစေခဲ့သည်။
အပြင်ဘက်ရှိ ကလေးက အလွန်အရပ်ပုလေ၏။ သူ ကျင်းယန်၏ မျက်နှာကို လုံးဝမမြင်နိုင်ပေ။ ကျင်းယန်၏ အေးစက်သောအသံကို ကြားရချိန်တွင် သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သို့သော် သူ၏အမေကို အမှတ်ရမိလျှင် သူ၏သတ္တိကို စုစည်းကာ မေးမြန်းလိုက်သည်။
“မင်္ဂလာပါ လူကြီးမင်း၊ ကျေးဇူပြုပြီး ခင်ဗျား ကျွန်တော်ကို ရေနည်းနည်းလောက်ပေးလို့ ရမလား?
ကျွန်...ကျွန်တော် ခင်ဗျားအတွက် ပစ္စည်းတွေသယ်ပေးနိုင်ပါတယ်! ကျွန်တော် ခင်ဗျားရဲ့ ကြင်နာမှုကို မှတ်မိနေမှာပါ!
ကျွန်တော် နောက်ပိုင်း အစားအစာနဲ့ ရေတွေ တွေ့လို့ရှိရင် အဲဒါတွေကို ခင်ဗျားဆီကို ပေးပါ့မယ်!”
ယင်ရိလျို အသံကိုနားထောင်လိုက်ပြီးနောက် ကလေးသံကြောင့် ထိုကလေးမှာ အလွန်ငယ်သည်ဟုခံစားလိုက်ရသည်။
သူမက ကျင်းယန်၏ပခုံးပေါ်တွင်ရပ်လျင် မှန်ကိုမှီလိုက်ပြီး အပြင်ဘက်ကို ခိုးကြည့်လိုက်သည်။
ထို့နောက်တွင် အသက်ရှစ်နှစ် သို့မဟုတ် ကိုးနှစ် ပတ်လည်ရှိလောက်ပြီး ညစ်ပတ်နေသော မျက်နှာလေးတစ်ခုကို သူမ မြင်လိုက်ရလေသည်။ ထိုကောင်လေးက အသက်ရှစ်နှစ် ၊ ကိုးနှစ်ခန့်သာရှိသေးသည့်ပုံပေါ်သည်။
သာမာန် အချိန်များတွင် ဤကဲ့သို့ကလေးများမှာ သူတို့မိသားစုဝင်များ၏ ရတနာလေးများ ဖြစ်သင့်ပေသည်။ ကားပြတင်းပေါက်မှ ရေတစ်ငုံအတွက် ရှက်ကြောက်စွာ တောင်းခံနေရမည့်အစား ကျောင်းကိုသွားနေသင့်သည်။
ယင်ရိလျိုက ကြင်နာမှုကိုမှမပြသဘဲ နေရာလွတ်ထဲမှ ရေကို ချက်ချင်း မထုတ်ယူလိုက်ချေ။ ယခုသည်က ပျက်ကပ်ကာဖြစ်၏။ ရေတစ်ငုံအတွက်ပင်လျှင် လူများက တိုက်ခိုက်လိမ့်မည်ဖြစ်သည်။
သူမ ခဏစောင့်ဆိုင်းပြီး ကျင်းယန် မည်သို့တုန့်ပြန်မည်ကို ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
ကျင်းယန်က မလှုပ်ရှားချေ။ သူက မသိလိုက်မသိဘာသာဖြင့် မေးလိုက်သည်။
“ငါက ဘာကြောင့် မင်းကိုယုံသင့်တာလဲ? ပြီးတော့ မင်းကို ဘာကြောင့်ကူညီသင့်တာလဲ?”
ကောင်လေး၏နှလုံးသားက နစ်မြှုပ်သွားပြီး သူ၏မျက်လုံးများလည်း နီရဲသွားလေသည်။
နောက်ဆုံးတွင် သူသည်က ကလေးတစ်ယာက်သာ ဖြစ်နေဆဲပင်။
သူ၏ညစ်ပတ်သောလက်ဖမိုးဖြင့် မျက်ရည်များကိုသုတ်လိုက်ပြီး ငိုနေသည်။
“ကျေးဇူးပြုပြီး... ကျွန်တော့်အမေက နေမကောင်းဘူး ကျွန်တော်တို့မှာ ရေက ထပ်မရှိတော့လို့ပါ ဝူးဝူးဝူး...”
တစ်စုံတစ်ယောက်က သူ့ကို ရေတစ်ငုံစာပေးလိမ့်မည်ဟု မျှော်လင့်လျက် ယနေ့တွင် သူ ရင်ပြင်အနှံ့ လိုက်တောင်းခဲ့လေသည်။
သို့သော် သူ့ကို တွန်းဖယ်ခံရပြီး ရှောင်ကြည်ခံရသည်။
စိတ်ရင်းကောင်းသော လူရှိလျှင်ပင် သူတို့၏မိသားစုများမှ သူ့ကို ကူညီခြင်းကို တားဆီလိမ့်မည် ဖြစ်သည်။
သူ ဤနေရာရှိ လူတိုင်းနှင့် အပြင်ဘက်မှာ ကြောင်ကြီးများနှင့် ခွေးအကြီးကြီးများကို ကြောက်ရွံ့နေခဲ့သည်။ သူ၏အမေကို အမှန်တကယ် ကယ်တင်ချင်တာကြောင့် သာ သွားလာနေရခြင်းပင်။
မတိုင်ခင်ကဤကားကြီးကို တွေ့သောအချိန်တွင် သူ၏မျှော်လင့်ချက်များ မြင့်တက်လာခဲ့သည်။
ကားပြတင်းပေါက် အနည်းငယ် အောက်ကျလာချိန်တွင် သူက စိတ်အားငယ်ခြင်းနှင့်အတူ မျက်ရည်များကို သုတ်နေခြင်းဖြစ်လေသည်။
ထိုအချိန်တွင် ကားထဲမှ ရေဘူးတစ်ဘူးက ပစ်ထုတ်ခံလိုက်ရလေသည်။
၎င်းက ရေသံတစ်ခုကိုထုတ်လွှင်၍ မြေပြင်ပေါ်တွင် လှိမ့်သွားလေသည်။
ကောင်လေး၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။ သူ မြေပြင်ပေါ်မှ ရေဘူးကို မကောက်ယူခင် အံ့အားသင့်မှုဖြင့် ကျွတ်တစ်ချက်ထိုး လိုက်မိသည်။
“ကျေးဇူးတင်ပါတယ်! ကျေးဇူးအများကြီးတင်ပါတယ်!”
**