Ch 1
Viewers 1k

🍃 Chapter 1



"ထျန်းရွှမ်ဂိုဏ်းရဲ့ တတိယအကြီးအကဲ ကျီချောင်ချင် သေပြီ! သူ လုပ်ခဲ့တဲ့ မကောင်းမှုတွေက မရေမတွက်နိုင်အောင်ပဲ၊ ဂိုဏ်းအတွက်လည်း ကပ်ဘေးတွေယူလာခဲ့သေးတယ်၊ အခုနောက်ဆုံးတော့ သူ သေသွားခဲ့ပြီ!"


"ငါကြားတာက သူ့ရဲ့စေ့စပ်ထားသူ၊ ထျန်းရွှမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျိုးကျွင်းလန်က သူ့ကို ချောက်ကမ်းပါးပေါ်ကနေ တွန်းချလိုက်တာ တဲ့!"


လက်ဖက်ရည်ဆိုင်ထဲတွင် လူတိုင်းက ထျန်းရွှမ်ဂိုဏ်းမှ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။


"ဂိုဏ်းချုပ်ကျိုးက ဒီလိုလုပ်ဖို့ အတင်းအကြပ် ခိုင်းခံရတာပဲ! သိပ်မကြာသေးခင်က သရဲမျိုးနွယ်စုလက်ကျန်တွေ ထျန်းရွှမ်ဂိုဏ်းကို တိုက်ခိုက်ပြီး လင်ရှန်းရှန်းဆိုတဲ့ သခင်မလေးကိုဖမ်းသွားခဲ့သေးတယ်၊ ပြီးတော့ ကျီချောင်ချင်ကိုသတ်ဖို့ ဂိုဏ်းချုပ်ကျိုးကို ခြိမ်းခြောက်ခဲ့တာ၊  ဂိုဏ်းချုပ်ကျိုးက အမိန့်နာခံဟန်ဆောင်ပြီး လှည့်ပတ်ဖြေရှင်းဖို့ကြိုးစားခဲ့ပေမဲ့ ကျီချောင်ချင်ကအတင်း ပြဿနာရှာဖို့ခဲ့တာလေ၊ တကယ်တမ်း သူက ဂိုဏ်းချုပ်ရဲ့ခွန်အားကိုအသုံးချပြီး ဝူကျန့်ချောက်ကမ်းပါးကနေခုန်ချလိုက်တာ၊ ဂိုဏ်းချုပ်ဆီက သနားကြင်နာမှုကိုရဖို့မျှော်လင့်ချက်နဲ့ပေါ့! ရယ်စရာကောင်းလိုက်တာ! သူ မစဉ်းစားခဲ့တာက ဝူကျန့်ချောက် ကမ်းပါးဆိုတာ တစ်နှစ်ပတ်လုံးပြင်းထန်တဲ့စွမ်းအင်တွေနဲ့ပြည့်နေတာ၊ တကယ့်နတ်ဘုရားတွေတောင် အဲ့ဒီကို ဆင်းရဲဖို့မဝံ့ရဲကြဘူး၊ သူ့ရဲ့ကျင့်ကြံမှုအဆင့်က အရင်ကလိုမဟုတ်တော့တာကိုလည်း ထည့်မစဉ်းစားခဲ့ဘူး၊ အဲ့လိုခုန်ချလိုက်တော့ သေချာတယ် အရိုးတောင် ကျန်မှာမဟုတ်တော့ဘူး!"


"သူ ရူးနေတာလား? ဂိုဏ်းချုပ်ကျိုးက သူ့ကိုလုံးဝမကြိုက်ဘူး၊ လင်ရှန်းရှန်းကို သူ့နှလုံးသားပေးထားခဲ့တာကြာလှပြီ!"


"ဪ? ဒါနဲ့ မင်းပြောတဲ့ လင်ရှန်းရှန်းဆိုတာက ဘယ်သူတုန်း?"


"သခင်မလေးရှန်းရှန်းကိုတောင် မသိဘူးလား ? လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာမှာမိုးခေါင်ရေရှားဖြစ်ပြီး လယ်ယာတွေပျက်စီးခဲ့တယ် လေ၊ အဲဒီတုန်းက သခင်မလေးရှန်းရှန်းက သာမန်လူတစ်ယောက်သက်သက်ပဲ၊ ဒါပေမဲ့ သူက သူ့မိသားစုပိုင်ဆိုင်မှုတွေ အကုန်သုံး ပြီး ကိုယ်တိုင် ကိုယ်ကျဆန်ပြုတ်လိုက်ဝေပေးခဲ့တယ်၊ သူက တကယ့်ကို သက်ရှိဘုရားလောင်းပဲ!"

"မုန်းစရာကောင်းတဲ့ ကျီချောင်ချင်ကတော့ သူနဲ့ သူ့တပည့်တွေကို ဒီကိုဘေးဒုက္ခဖြေရှင်းဖို့ခေါ်လာပြီး သခင်မလေးရှန်းရှန်းကို ပထမဆုံးမြင်ကတည်းက သတ်ချင်နေခဲ့တာ၊ ဂိုဏ်းချုပ်ကျိုးရဲ့လျင်မြန်တဲ့တုံ့ပြန်မှုသာမရှိခဲ့ဘူးဆိုရင်၊ သခင်မလေးရှန်းရှန်း အဲ့စုန်းမလက်ထဲသေသွားလောက်ပြီ!"


"ဪ၊ တကယ် ဝမ်းနည်းစရာပဲ! အဲဒီတုန်းက ရေခဲချိုးဖျက်တောင်ထွတ်ရဲ့ ခေါင်းဆောင်ကျီချောင်ချင်က ဆယ်နှစ်သားအရွယ်နဲ့ ရွှေအူတိုင်အဆင့်ကိုကျင့်ကြံနိုင်ခဲ့ပြီး၊ ဆယ့်ငါးနှစ်အရွယ်မှာ အတိဒုက္ခအဆင့်မှာ ကျွမ်းကျင်သူဖြစ်ခဲ့တယ်။ ငယ်ရွယ်စဉ်ကတည်းက နာမည်ကျော်ခဲ့ပြီး အရမ်းကိုထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ!"


"နတ်ဆိုးတွေနဲ့တိုက်တဲ့ပွဲ မှာ သူ့ရဲ့ကျင့်ကြံမှုက အတိဒုက္ခအဆင့်ရဲ့မဟာပြည့်စုံခြင်းအဆင့်အထိရောက်ခဲ့ပြီးပြီ ကမ္ဘာပေါ်မှာ ယှဉ်စရာမရှိတဲ့ ကျွမ်းကျင်သူဖြစ်လာခဲ့တာလေ၊ ရေခဲချိုးဖျက်ယပ်တောင် တစ်ခုတည်းနဲ့ နတ်ဆိုးနဲ့ သရဲ သုံးကောင်ကို တံဆိပ်ရိုက်နှိပ်ပြီး နှစ်ပေါင်းများစွာကြာခဲ့တဲ့ နတ်ဆိုးချေမှုန်းရေးတိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့တယ်၊ သူက လူတွေကို အနှစ်တစ် ရာလောက်ငြိမ်းချမ်းသွားအောင်လုပ်ပေးခဲ့တယ်၊ ဘယ်လောက်တောင် ဂုဏ်ကျက်သရေရှိခဲ့တဲ့အချိန်လဲ!"


"နတ်ဆိုးချေမှုန်းရေးတိုက်ပွဲပြီးတဲ့နောက် ကျီချောင်ချင်ရဲ့စိတ်နေစိတ်ထားက လုံးဝပြောင်းလဲသွားပြီး နတ်ဆိုးတစ်ကောင်လို ဖြစ်သွားလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးခဲ့မိဘူး၊ နောက်ပိုင်း သူ အနှစ်တစ်ရာဂူပိတ်ကျင့်ကြံဖို့ပြောခဲ့တယ်။ အနှစ်တစ် ရာကြာပြီးတဲ့နောက် သူ ပုံမှန်အတိုင်းပြန်ဖြစ်ပြီလို့ထင်ခဲ့ပေမဲ့၊ သူက သူ့တပည့်တွေနဲ့အတူတောင်ပေါ်ကဆင်းလာပြီး ကပ်ဘေးကို ဖြေရှင်းတဲ့အခါ လင်ရှန်းရှန်းကိုသတ်ဖို့ အတင်းအကျပ်တောင်းဆိုခဲ့တယ်၊ ဒါတင် မကသေးဘူး၊ သူက မကောင်းဆိုးဝါးပညာရပ်ကို ပါလေ့ကျင့်တော့တာပဲ၊ အဲ့မှာ သူ့ကျင့်ကြံဆင့်က ထပ်ခါထပ်ခါကျသွားပြီး ဂိုဏ်းထဲကပ်ရောဂါတွေ ဖြစ်ကုန်တော့တာပဲ၊ အဲ့တာ  တကယ် အရှက်ရစရာပဲ!"


အမျိုးသမီးငယ်တစ်ဦးက အံ့ဩပြီး "ဘယ်လိုပဲဖြစ်ဖြစ် ကျီချောင်ချင်က ဂိုဏ်းချုပ်ကျိုးနဲ့စေ့စပ်ထားပြီးသားပဲလေ၊ ဂိုဏ်းချုပ်ကျိုးက စေ့စပ်မှုကိုအရင်ဖျက်ပြီးမှ လင်ရှန်းရှန်းနဲဇာတ်လမ်းစမှ တရားဝင်ဖြစ်မှာမဟုတ်ဘူးလား..."


"မင်း ဘာသိလို့လဲ!" 


တစ်စုံတစ်ယောက်က အမျိုးသမီးအား ဖြတ်ပြောလိုက်သည်။


"ဂိုဏ်းချုပ်ကျိုးက ဒီလိုလုပ်ဖို့ အတင်းအကြပ်အခိုင်းခံရတာ! ကျီချောင်ချင်လို လူမျိုးက စေ့စပ်မှုကိုဖျက်ဖို့ သဘောတူမယ်လို့ မင်း ထင်နေတာလား?"


"ဟုတ်တယ်၊ သူ သေသွားပြီဆိုတော့ ဂိုဏ်းချုပ်ကျိုးနဲ့သခင်မလေးရှန်းရှန်းတို့ နောက်ဆုံးလက်ထပ်နိုင်ပြီပေါ့။"


"ဟုတ်တယ်၊ ကျီချောင်ချင် သေသင့်တယ်!"


...


ဝူကျန့်ချောက်ကမ်းပါးအောက်ခြေတွင် လေအေးများ တိုက်ခတ်နေပြီး သရဲနှင့် ဝံပုလွေများအော်သံအားလေထဲသဲ့သကြားနေရ သည်။ ဤနေရာတွင် အလင်းရောင်အလွန်မှိန်လျက်ရှိပြီး မကောင်းဆိုးဝါးစွမ်းအင်များ တစ်နှစ်ပတ်လုံးတည်ရှိနေသောကြောင့် အရောင်အသွေးတောက်ပမှုမှန်သမျှကို ဝါးမျိုပစ်လိုက်သည်။


ချောက်သည် အသက်မဲ့မှုများနှင့် သေခြင်းတရားများပြည့်နှက်နေသည်။


ကျီချောင်ချင် ရုတ်တရက် မျက်လုံးများဖွင့်လာပြီး တစ်ကိုယ်လုံးနာကျင်မှုအားခံစားရကာ ရုတ်တရက်ထထိုင်လိုက်သည်။ အချိန်မီ သွားများကိုမကြိတ်ထားမိပါက နာကျင်မှုကြောင့်အော်ဟစ်မိမည်မှာ သေချာသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဝိဉာဉ်သွေးကြော စီးဆင်းမှအား ခံစားရန် လက်ကိုဆန့်ထုတ်လိုက်သော်လည်း သူ့သွေးကြောများ ခြောက်သွေ့၍ပိတ်ဆို့နေသည်ကို တွေ့ရှိလိုက်ရ သည်။ ဤသည်မှာ သူ ချောက်ကမ်းပါးပေါ်မှပြုတ်ကျစဉ်ကရှိခဲ့သော ခန္ဓာကိုယ်ဖြစ်ကြောင်းထင်ရှားသည်။ သူ မသေခဲ့ပေ!


လွန်ခဲ့သောအနှစ်တစ်ရာက ကျီချောင်ချင်၏ခန္ဓာကိုယ်သည် ပေတစ်ထောင်ရှိ မကောင်းဆိုးဝါးစွမ်းအင်များကြောင့် တိုက်စားခံခဲ့ရပြီး အချိန်ကြာမြင့်စွာကတည်းကပျက်စီးခဲ့ရသည်။ သူ ကပ်ဘေးတစ်ခု ကြုံရမည်ဟုတွက်ချက်ထားသောကြောင့် နှစ်တစ်ထောင်သား ရွှေဖရုံဥနွယ်ကို အသုံးပြု၍ ခန္ဓာကိုယ်အသစ်အား စောစီးစွာတည်ဆောက်ခဲ့သည်။


မူလခန္ဓာကိုယ်အသက်မဲ့သွားသည့်အခါ ဝိဉာဉ်သည် ခန္ဓာကိုယ်အသစ်ဆီသို့ သူ့အလိုလိုရောက်ရှိသွားမည်ဖြစ်သည်။ ထို့နောက် သူ ကောင်းကင်တည်သရွေ့ ဆက်လက်အသက်ရှင်နေနိုင်ပေမည်။ သို့သော် နှစ်တစ်ထောင်သားရွှေဖရုံဥနွယ်ဖြင့် တည်ဆောက်ထား သောခန္ဓာကိုယ်သည် လုံးဝရင့်ကျက်လာသည့်အခါ ဝိဉာဉ်ဝင်ရောက်ခြင်းမရှိပါက မကြာမီညှိုးနွမ်းသွားမည်ဖြစ်သည်။


ကျီချောင်ချင်သည် သေဆုံးရန်အတွက် အချိန်အားဂရုတစိုက်ရွေးချယ်ခဲ့သော်လည်း သူ မသေဆုံးခဲ့သည်ကိုမမျှော်လင့်ခဲ့ပေ။ ကျီချောင်ချင် မည်မျှကြာကြာသတိမေ့မြောနေခဲ့သည်မှန်း မသိသော်လည်း ရွှေဖရုံဥနွယ်သည် ရင့်ကျက်မှုအဆင့်ကိုကျော်လွန် သွားဖွယ်ရှိသည်ဟု သူ ခန့်မှန်းနိုင်သည်။ ကျီချောင်ချင် ကျိန်ဆဲမိတော့မလိုဖြစ်နေချိန်တွင် ဝူကျန့်ချောက်ကမ်းပါးအောက်ရှိ လေတိုက်ခတ်သံသည် အခြားအရာတစ်ခုနှင့်ရောနှောနေသည်ကို ကျီချောင်ချင် အာရုံခံမိလိုက်သည်။


ရုတ်တရက်၊ ကျီချောင်ချင်မျက်လုံးများထက်မြလာပြီး သူ့အသက်ကယ်မှော်လက်နက်ဖြစ်သော ရေခဲချိုးဖျက်ယပ်တောင်ကို စိတ်ထဲမှ ဆင့်ခေါ်လိုက်သည်။ မမျှော်လင့်ဘဲ ယပ်တောင်သည် လုံးဝတုံ့ပြန်မှုမရှိခဲ့ပေ။ သူ လက်ကိုလှုပ်ယမ်းလိုက်ရာ အလင်းကဲ့သို့ အရောင်ရှိသော ဓားရှည်တစ်ချောင်း သူ့လက်ထဲပေါ်လာခဲ့သည်။


ထို့နောက် ကျီချောင်ချင် ဓားရှည်အားဆုပ်ကိုင်၍ သူ့နောက်ကျောဘက်သို့ ဝှေ့ယမ်းလိုက်သည်။ သူ့နောက်ရှိ လူသည် ပေါ့ပေါ့ပါးပါး ရှောင်လိုက်သည်။ ထို့အစားကျီချောင်ချင်သည် သူ့လှုပ်ရှားမှုကိုလွဲချော်သွားပြီး မသက်မသာရပ်နေမိသည်။ သူ မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် အနက်ရောင်ဝတ်ထားသော အမျိုးသားတစ်ဦး တိတ်ဆိတ်စွာရပ်နေသည်ကိုတွေ့လိုက်ရသည်။


ထိုသူ၏ စိတ်နေစိတ်ထားမှာအေးစက်ပြီး ကမ္ဘာလောကနှင့် အဆက်အသွယ် ပြတ်တောက်နေပုံရသည်။ သူ့အသားအရေသည် ဆီးနှင်းထက်ပိုဖြူကာ မျက်ခုံးများသည် ပန်းချီကားပမာလှပတင့်တယ်နေပြီး၊ သူ့မျက်နှာထက်ရှိအေးစကမှုမှာ လူများအား သူ့ထံမှ ဝေးကွာစေသော လျစ်လျူရှုမှုကိုဖော်ပြနေသည်။ သူသည် တစ်နှစ်ပတ်လုံးအရည်မပျော်သော ဆီးနှင်းဖုံးလွှမ်းနေသော တောင်တန်း နှင့်အလားသာန်တူပြီး၊ မှောင်မိုက်သောညတွင် ခမ်းနားထည်ဝါသောပင်လယ်နှင့်လည်း ဆင်တူသည်။ သူသာ လူသားလောက တွင်ရှိနေပါက ထင်ရှားကျော်ကြားသောမိသားစုမှ မြင့်မြတ်ပြီးကာအထီးကျန်သည့် လူငယ်တစ်ဦးဖြစ်ပေမည်။


၎င်းသည် နတ်ဘုရားလမ်းစဉ်ကျင့်ကြံသူဖြစ်ပါက အဓိကဂိုဏ်းကြီးတစ်ခုမှ တောက်ပထူးချွန်သော နတ်ဘုရား တစ်ပါးဖြစ်ပေမည်။ ဤသူ ရုပ်ရည်သည် လောကတွင် ရှားပါးသည်။ ကျီချောင်ချင်သည် လှပသူများအားနှစ်သက်ပြီး၊ ထိုကဲ့သို့ ထူးခြားသော စိတ်နေ သဘောထားရှိသူများကို အထူးနှစ်သက်သည်။ တစ်ချက်ကြည့်ပြီးနောက် သူ သူ့ဓားကိုသိမ်းလိုက်သည်။ သူ့မျက်နှာပေါ်အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ့ကိုယ်သူ ပိုဖော်ရွေဟန်ဆောင်ကာ- "ရှင်က ဘယ်သူလဲ? ရှင် ကျမကို ကယ်ခဲ့တာလား?"


ဤလူမှလွဲ၍ ဤနေရာတွင် အသက်ရှင်နေသော လူ မရှိပေ။ သူသည် ဝိဉာဉ်စွမ်းအင်အားလုံးဆုံးရှုံးခဲ့သော်လည်း အသက်ရှင်နိုင်ခဲ့ သည်။ ထိုသူ သူ့အားကယ်ဆယ်ခဲ့သည်မှာ ဖြစ်နိုင်ခြေအလွန်များသည်။ သို့သော် သူ့ရည်ရွယ်ချက်ကိုမူ မသိရသေးပေ။


"မသိဘူး၊ ဟုတ်တယ်"


အသံမှာ အနည်းငယ်အက်ကွဲပြီး ခံစားချက်မဲ့နေသည်။ သူ့အားဖြေကြားပြီးနောက် ထိုသူ လှည့်ထွက်သွားခဲ့သည်။ မသိဘူး၊ မသိဘူး ဆတာ ဘာကို ဆိုလိုတာလဲ ? သူ ကိုယ်တိုင်က သူ ဘယ်သူလဲဆိုတာမသိဘူးလား ? ကျီချောင်ချင်သည် ထိုသူ လမ်းလျှောက်ပုံမှာ တည်ငြိမ်ပြီး သိုင်းပညာရှင်တစ်ဦးကဲ့သို့ဖြစ်သော်လည်း လမ်းလျှောက်သည့်အခါ ကျင့်ကြံသူ၏အရှိန် အဝါအား မဖော်ပြထားသည်ကို တွေ့လိုက်ရသည်။


သူ့ကျင့်ကြံမှုသည် အလွန်မြင့်မားသဖြင့် ကျီချောင်ချင်မမြင်နိုင်ခြင်း သို့မဟုတ် သူသည် သိုင်းပညာလေ့ကျင့်သော သာမန်လူတစ်ဦး သာဖြစ်နိုင်သည်။ သို့သော် နောက်တစ်ခုဖြစ်ရန် လုံးဝမဖြစ်နိုင်ပေ။ သာမန်လူတစ်ဦးသည် ဝူကျန့်ချောက်ကမ်းပါးထဲသို့ခြေချပါက အရှင်လတ်လတ်ဆုတ်ဖြဲခံရမည်ဖြစ်သည်။ သို့သော် ပထမတစ်ခုဖြစ်ပါက... ပေ့ပင်းတောင်ထွတ် မှ ကျီချောင်ချင် မသိသော သန်မာ သူတစ်ဦးသည် ဤလောကတွင် မည်သို့တည်ရှိနိုင်မည်နည်း။ ကျီချောင်ချင်သည် အလျင်အမြန်နောက်မှလိုက်သွားခဲ့သည်-


"ရုပ်ချောချောနဲ့သာ့ကော ဝူကျန့်ချောက်ကမ်းပါးအောက်ခြေမှာ မကောင်းဆိုးဝါး စွမ်းအင်တွေရှိတယ်လို့ပြောကြတယ် တစ်နှစ်ပတ်လုံး နေရောင်ခြည်မရှိဘူးတဲ့၊  နေရာတိုင်းမှာ နတ်ဆိုးတွေနဲ့ သားရဲတွေပြည့်နေတာ  ရှင် ဒီကို ဘယ်လိုရောက်လာ တာလဲ? ရှင်က နတ်ဆိုး ဒါမှမဟုတ် သားရဲ ? မဟုတ်ဘူး၊ ရှင့်ဆီမှာ မကောင်းဆိုးဝါးစွမ်းအင်မရှိဘူးဆိုတော့ ရှင်က ကျင့်ကြံသူလား?"


သူအဓိပ္ပာယ်မရှိသည်များကို ပြောဆိုကာ ထိုအမျိုးသားနှင့် ပိုမိုနီးကပ်လာခဲ့သည်။ ထိုသူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့မျက်လုံးများသည် အဝေးရှိ အမှောင်ထုထဲသို့ကျရောက်သွားသည်။ ကျီချောင်ချင်လည်း ရပ်တန့်လိုက်ပြီး ညာဘက်လက်ကို သူ့နောက်ဘက်တွင် ထားကာ၊ သူ့လက်ထဲရှိ ဓားရှည်သည် ဓားမြှောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။


နှစ်ဦးကြား အကွာအဝေးသည် အလွန်နီးကပ်သည်။ အကယ်၍ ထိုသူလှည့်လာပြီး တိုက်ခိုက်လာပါက ဓားမြှောင်သည် သူ့ လည်ပင်းအား ချက်ချင်းထိုးဖောက်လိမ့်မည်။ သူ့ကျောပြင်သည် မတ်မတ်ဖြစ်ပြီး သူ့ဆံပင်နက်များသည်သေသပ်ကာ၊ ၎င်း၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသောလည်ပင်းမှာ အနည်းငယ်ပေါ်နေသည်။


အကယ်၍ ၎င်းအားထိုးဖောက်လိုက်ပါက ဆီးနှင်းများထဲတွင် အနီရောင်ဇီးပန်းကျလာသကဲ့သို့ လှပပေလိမ့်မည်။ 


"မလှုပ်နဲ့" ဆက်ပြီး သူ ပြောလာသည်မှာ "မြွေတစ်ကောင် ရှိတယ်"


ခဏမျှရပ်တန့်ပြီးနောက် ကျီချောင်ချင် အမှောင်ထုထဲတွင် မြေပြင်ပေါ်၌ မြွေတစ်ကောင်လျှောသွားသည့် ပွတ်တိုက်သံကို တကယ်ကြားလိုက်ရသည်။ ကျီချောင်ချင်သည် သူ့ဝိဉာဉ်စွမ်းအင်နှင့် စွမ်းရည်များ အားလုံးကိုဆုံးရှုံးခဲ့ပြီး လုံးဝအသုံးမဝင်သူ ဖြစ်သွားခဲ့သော်လည်း သားရဲတစ်ကောင်ချဉ်းကပ်လာသည်ကို မသိနိုင်စရာအကြောင်းမရှိပေ။


ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိတော့သည်။ ၎င်းမှာ ဤသူ စွမ်းရည်များသည် အမှန်ပင်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခြင်းပင်။ ဤအချက်ကိုတွေးလိုက်မိသောအခါ ကျီချောင်ချင် သူ့လက်ထဲရှိ ဓားမြှောင်ကိုသိမ်းလိုက်ပြီး သူ့မျက်နှာ ထက်ထိတ်လန့်ဟန်ပေါ်လာသည်။ မကောင်းဆိုးဝါးသားရဲနှင့် တွေ့ဆုံသော သာမန်လူတစ်ဦးကဲ့သို့ပင်- "တကယ်လား? မြွေက ဘယ်မှာလဲ? ကျမတို့ ဘာလုပ်သင့်လဲ!"


နောက်တစ်စက္ကန့်တွင် ထိုသူသည် ကျီချောင်ချင်၏လက်မောင်းကို ရုတ်တရက်ဆွဲကိုင်လိုက်ပြီး နှစ်ဦးသားလျင်မြန်စွာနောက်သို့ ဆုတ်သွားခဲ့သည်။ ထို့နောက် ၎င်းနှစ်ဦးရပ်နေခဲ့သောနေရာအား ပုံးလုံးခန့်အထူရှိသော အနီရောင်မြွေပွေးကြီးတစ်ကောင်မှာ ရုတ်တရက် သိမ်းပိုက်လိုက်သည်။


ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးသည် အဆိပ်အလွန်ပြင်းပြီး တစ်ကိုယ်လုံးနီရဲလို့နေသည်။ သူတို့ရှေ့မှ တစ်ကောင်သည် အနည်းဆုံး ရာစုနှစ်တစ်ခုစာလောက်ကျင့်ကြံခဲ့ပြီးဖြစ်ကာ၊ ၎င်း၏အကိုက်ခံရပါက သာမန် ကျင့်ကြံသူတစ်ဦးပင် ချက်ချင်းသေဆုံး သွားနိုင်သည်။


ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးသည် သူ့တိုက်ခိုက်မှုလွဲချော်သွားသော်လည်း ရပ်မသွားဘဲ ထိုနှစ်ဦးထံသို့လှုပ်ရှားလာခဲ့သည်။


ကျီချောင်ချင်သည် ဝူကျန့်ချောက်ကမ်းပါးမှပြုတ်ကျခဲ့သော်လည်း သူ့ခန္ဓာကိုယ်တွင် အဆောင်လက်ဖွဲ့တစ်ထ်ကြီးကျန်ရှိနေ သေးသည်။ ၎င်းသည် မြွေအားတစ်ချက်တည်းနှင့် ကြေမွသွားစေရန်လုံလောက်သည်။ သို့သော် သူသည် လုံးဝ ကြောက်ရွံ့ထိတ် လန့်နေပုံရသည့်အတိုင်း ကြောက်ရွံ့ဟန်ဆောင်ကာ ရှန်ကျွန်းနောက်ကွယ် အသည်းအသန်ရှောင်တိမ်းလိုက်ပြီး 


"ရုပ်ချောချောနဲသာ့ကောရေ ကျူးမီးငှားးးး!"


ထိုသူသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ့ရင်ဘတ်ထဲမှ ရေခဲချိုးဖျက်ယပ်တောင်အားဆွဲထုတ်လိုက်သည်။ ယပ်တောင်သည် ချက်ချင်း ဆိုသလို ဆီးနှင်းကဲ့သို့ဖြူဖွေးသော ဓားရှည်အဖြစ်သို့ပြောင်းလဲသွားသည်။ သူသည် ရွှေအူတိုင်အဆင့်ရှိအနီရောင်မြွေပွေးတုံ့ပြန်လာ နိုင်သည်ထက် ပိုမိုလျင်မြန်စွာလေထဲသို့ ခုန်တက်ပြီး မြွေဦးခေါင်းကိုရိုက်ချလိုက်သည်!


သူ့လှုပ်ရှားမှုများသည် ပြတ်ပြတ်သားသားရှိပြီး အပိုအလိုလုံးဝမရှိပေ! ကျီချောင်ချင်အတွက် ပိုမယုံနိုင်စရာကောင်းသည်မှာ ဤသူသည် သူ့ကျင့်ကြံမှုအဆင့်အားထုတ်ဖော်ပြသခြင်းမရှိသည့်အပြင် ဝိဉာဉ်စွမ်းအင် သို့မဟုတ် မကောင်းဆိုးဝါးစွမ်းအင် လုံးဝမရှိခြင်းပင်။ ဤနည်းစနစ်သည် မကြုံစဖူးဖြစ်ကာ သူ့သတ္တိသည် သာမန်လူများတွင်လုံးဝမရှိနိုင်ပေ။


ပိုအရေးကြီးသည်မှာ သူသည် သူ့အသက်အားအဆုံးအဖြတ်ပေးသော မှော်လက်နက်ဖြစ်သည့် ရေခဲချိုးဖျက်ယပ်တောင်အား တကယ်ထိန်းချုပ်နေနိုင်ခြင်းပင်!