Ch 2
Viewers 2k

💊 Chapter 2



ပိုဆိုးသည်မှာ ဝမ်ကျင်းပြောသမျှအားလုံးက သူ မကြာခဏလုပ်နေကျဖြစ်ပြီး ကျိုးကြောင်းဆီလျော်သည်ဟု တွေးခဲ့သောအရာများပင်။ ထိုသူက ဤအရာအားလုံးကို သူ့သွေးခုန်နှုန်းကို စမ်းသပ်ရုံမျှဖြင့် တကယ်ကို တွက်ချက်နိုင်ခဲ့ပေသည်။


ပိုင်မူနင်တွင် လုံးဝသဘောတူယုံကြည်လိုက်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ တရုတ်တိုင်းရင်းဆရာဝန်တစ်ဦးရှေ့တွင် လျှို့ဝှက်ချက်များဟူ၍ မရှိသည်မှာ အမှန်ပင်။


သူ ထိတ်လန့်အံ့အားသင့်နေဆဲအခိုက်အတန့်မှာပင် ဝမ်ကျင်းက အလေးအနက်လေသံဖြင့် ထပ်မံပြောလာသည်။

“လူငယ်လေး မင်းရဲ့လက်ကိုပဲ အမြဲတမ်းအားမကိုးနဲ့တော့ ချစ်သူရည်းစားလေး ထားပါဦး” 


ပိုင်မူနင်: “...?”


သူ၏ခေါင်းမှာ ချက်ချင်းငုံ့ကျသွားပြီး မျက်နှာပျက်လောက်အောင် ရှက်ရွံ့သွားရသည်။ သူ့အနေဖြင့် တရုတ်တိုင်းရင်းဆေးဆရာဝန်၏ အရည်အချင်းကို သံသယမဝင်ခဲ့သင့်ပေ။ ယခုမူ သူ့ကိုယ်ပိုင်လုပ်ရပ်များ၏ အကျိုးဆက်ဖြစ်သည့် စွမ်းဆောင်ရည်မရှိခြင်းကို ခံစားနေရပေပြီ။


အရေးကြီးဆုံးအချက်မှာ ဝမ်ကျင်းပြောသည်မှာ အတိအကျ မှန်ကန်နေခြင်းပင်။


ဝမ်ကျင်းတွင် ပိုပြီးပြောစရာရှိပုံပေါက်နေသော်လည်း ပိုင်မူနင်က သနားစဖွယ်ပုံလေးဖြင့် ချက်ချင်းပင် အရှုံးပေးလိုက်သည်။


 â€œá€’á€ąá€Ťá€€á€şá€á€Źá€á€™á€ş ကျွန်တော်မှားတာပါ ကျေးဇူးပြုပြီး ကျွန်တော့်ကို အကုန်ပုံမချွတ်ချပါနဲ့တော့[အကုန်မဖော်ထုတ်ပါနဲ့တော့] အနည်းဆုံး ဘောင်းဘီတစ်ထည်လောက်တော့ ချန်ပေးပါဦး”


ဝမ်ကျင်းက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ကာ တစ်စက္ကန့်ခန့် ရပ်နားပြီးနောက် ပြောလိုက်သည်။

“ကိုယ်က မင်း အခု သွားဆေးယူလို့ရပြီလို့ ပြောမလို့” 


ပိုင်မူနင်: “...?”


ငါက ကြိုတွေးပြီး ကြောက်နေခဲ့မိတာပဲကိုး...


–


လုံးဝကို အရှုံးပေးလိုက်ရပြီးနောက် ပိုင်မူနင်မှာ တိုင်ပင်ဆွေးနွေးခန်းမှ ထွက်လာကာ ဝမ်ကျင်းရေးပေးထားသည့် ဆေးစာကို ယူ၍ ငွေရှင်းကောင်တာသို့ ဦးတည်သွားလိုက်သည်။


ဝမ်ကျင်းက တစ်ပတ်တာအတွက် သောက်သုံးနိုင်သည့် ဆေးခုနစ်ထုပ်ကို ညွှန်ကြားပေးခဲ့သည်။ သူ့အနေဖြင့် ဆေးရုံတွင် အပိုအခကြေးငွေပေးကာဖြင့် ဆေးဖော်ခိုင်းနိုင်သလို သူ့ကိုယ်သူ အိမ်သို့သယ်ကာ ပြင်ဆင်၍လည်းရသည်။


ဆေးထုပ်ကို အိတ်ထဲတွင် အလုံပိတ်ထားခြင်းဖြစ်သောကြောင့် အပူပေးပြီး သောက်ရုံမျှသာဖြစ်ရာ အဆင်ပြေ၏။


[T/N - တိုင်းရင်းဆေးရည်ပါ အဲဒါက ရေနွေးပူခွက်ထဲ ဆေးအိတ်လေး ၅မိနစ်လောက်စိမ်ထားပြီးဖောက်သောက်ရုံပဲ]


ငွေတောင်းခံလွှာကို တစ်ချက်ကြည့်လိုက်ရာ စုစုပေါင်း  ယွမ်၂၀၀ကျော်သာရှိကြောင်း ပိုင်မူနင်သိလိုက်ရသည်။ သူ စိတ်ထဲမှ တွေးလိုက်သည်မှာ ဝမ်ကျင်းက ပါးစပ်ဆိုးကာ အဆိပ်ပြင်းသည့်စကားတို့ကိုသာ ဆိုတတ်သော်လည်း သူ၏စိတ်နှလုံးကမူ မည်းနက်မနေဟူ၍။ ဤစျေးနှုန်းက တကယ်ကို သင့်လျော်ပေသည်။


သူက အမြဲတမ်း အလွန်ဆင်းရဲခဲ့ပြီး ငွေကိုဂရုတစိုက်သုံးစွဲသည့် အကျင့်ရှိခဲ့သည်။ ဆေးရုံများအပေါ် သူ၏ခံစားချက်ကို စကားလုံးတစ်လုံးတည်းဖြင့် ခြုံပြောရလျှင်ဆိုပါက 'ဈေးကြီးခြင်း' ပင်။ ရိုးရိုးအအေးမိခြင်းကို ကုသလျှင်ပင် ယွမ်တစ်ထောင်ခန့် ကုန်ကျရသည်ဟု သူအမြဲလိုလိုခံစားခဲ့ရသည်။


သို့သော် ယခုမူ သူက ဤတရုတ်ရိုးရာဆေးခန်းတွင် ကျောက်ကပ်အားနည်းခြင်းအတွက် ယွမ် ၂၀၀ ကျော်ဖြင့် ကုသမှုခံယူနေရသည်။ ယခုဆိုလျှင် သူ့အနေဖြင့် ဆရာဝန်ပြရန် တတ်နိုင်သွားသည့်အတွက် ရုတ်တရက် ပျော်ရွှင်မှုကို ခံစားလိုက်ရလေ၏။


သူ၏ဆေးများကို ရောစပ်ပေးနေစဉ် ပိုင်မူနင်က ဝမ်ကျင်းနှင့်သူ့ကြား အပြန်အလှန်ဆက်ဆံမှုကို စတင်သုံးသပ်နေမိသည်။ ဝမ်ကျင်းက နူးညံ့ပြီး ကြင်နာတတ်သူပမာ ခံစားချက်ကို ပေးသော်လည်း စိတ်အတွင်းပိုင်းတွင်မူ အနှီသူက လုံးဝနူးညံ့ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် ထိုသူမှာ အတော်လေး အေးစက်ပြီး လျစ်လျူရှုတတ်သူဖြစ်ချေ၏။


ဒီလိုမျိုးစရိုက်နဲ့လူက တစ်ယောက်ယောက်နဲ့ ခံစားချက်အရ ပတ်သက်မိပြီး လုံးဝလက်မလွှတ်နိုင်လောက်တာမျိုးအထိ ဖြစ်နိုင်ပါ့မလား… သူက တကယ်ကို သူများလူရဲ့ အငယ်အနှောင်းကောင်လေး ဖြစ်နိုင်ပါ့မလား…


သူကမူ ဝမ်ကျင်းမှာ သူနှင့် လမ်းခွဲမည်ဟုဆိုလာပါက 'ကောင်းပြီ' ဟုသာ ပြောပြီး ဒုတိယအကြိမ်တွေးမနေဘဲ မေ့ပျောက်ပစ်လိုက်မည့်လူမျိုးဟု ခံစားရသည်။


ပိုင်မူနင်၏ခေါင်းပေါ်တွင် အမေးသင်္ကေတကြီးတစ်ခု ထွက်ပေါ်လာပြီး သူ လူမှားနေပြီများလားဟူ၍ သံသယဝင်လာရသည်။


အဲလိုဆိုရင် ဓာတ်ပုံနဲ့ အလုပ်အကိုင်ကိုကျ ဘယ်လိုဖြေရှင်းရမှာလဲ…


ပိုင်မူနင် ငွေရှင်းကောင်တာဘက်သို့ လှမ်းကြည့်လိုက်ရာ ဖော်ရွေပုံပေါက်သည့် အမျိုးသမီးငယ်တစ်ဦးက ငွေပေးချေမှုများကို ကိုင်တွယ်နေသည်။ ထို့ကြောင့် ပိုင်မူနင်က အချက်အလက်များကိုမေးမြန်းနိုင်ရန် ထိုနေရာသို့သွားလိုက်လေသည်။


“ရှောင်ကျယ်ကျဲလည်း ဒီဂိမ်းကို ဆော့တာလား ဘယ် server မှာလဲ” 


ပိုင်မူနင်က သူမ၏အလုပ်ကွန်ပြူတာပေါ်တွင် ဂိမ်းနှင့်ပတ်သက်သည့် ပစ္စည်းအချို့ကို သတိပြုမိသွားသည်၊၊ ထို့ကြောင့် သူက ရင်းနှီးနိုင်ရန် ထိုအရာဖြင့် စကားစရန် အသုံးပြုလိုက်ခြင်းပေ။


အမျိုးသမီးငယ်လေးက သူ့ကို ပြုံးပြလာသည်။ 

“မင်းလည်း ကြိုက်တာလား ငါက အရှေ့ခရိုင်အမှတ်သုံးမှာ” 


ဂိမ်းအကြောင်း ခဏတာ စကားပြောပြီးနောက် ပိုင်မူနင်က သူမကို WeChat တွင် သူငယ်ချင်းအဖြစ် ထည့်လိုက်ပြီး တစ်ချိန်ချိန်တွင် သူမနှင့်အတူ duo queue[နှစ်ယောက်တွဲ] ဆော့ရန်ပင် စီစဉ်ခဲ့သည်။


ထို့နောက် သူက အခွင့်အရေးယူ၍ မေးလိုက်လေသည်။

 â€œá€€á€ťá€šá€şá€€á€ťá€˛ ဒေါက်တာက တစ်ဦးတည်းသောသားလား” 


“ဒီကလေး မင်းက စိတ်ဝင်စားစရာကောင်းအောင် မေးတတ်တာပဲ လူအများစုက ဒေါက်တာဝမ်မှာ ရည်းစားရှိလားဆိုတာကိုပဲ သိချင်ကြတာ မင်းကတော့ ထူးခြားချက်” 

အမျိုးသမီးငယ်က သူမ၏ဖုန်းကို ချလိုက်ပြီး ပိုင်မူနင်အား အသေးစိတ်စစ်ဆေးကြည့်ရှုကာ ပြောလိုက်သည်။

“လာပါ ပြောပါဦး မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ” 


ပိုင်မူနင်အနေဖြင့် ဝမ်ကျင်းတွင် ရုပ်ချင်းဆင်သောညီအစ်ကိုရှိနိုင်ခြေ ရှိမရှိကို ပယ်ချရန်အတွက်သာ ထိုမေးခွန်းကို မေးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူ့အနေဖြင့် ထိုမေးခွန်းက အနည်းငယ် ရုတ်တရက်ဆန်ကြောင်း ဝန်ခံရမည်ပင်။ ယခု သူ ထိုအခြေအနေကို ဖြေရှင်းရန်အတွက် အကြောင်းပြချက်တစ်ခုခုကို ရှာဖွေရပေမည်။


ပိုင်မူနင်က သူ့ခေါင်းကိုကုတ်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော်က ဒေါက်တာဝမ်နဲ့ မတွေ့ခင်က အပြင်မှာ တစ်ခါလောက် ဆုံဖူးတယ်ထင်တယ် ဒါပေမဲ့ အခု ဒေါက်တာဝမ်နဲ့  ခံစားချက်မတူဘူး အဲဒါကြောင့် ကျွန်တော်က လူများမှားနေတာလားလို့ တကယ်တမ်း ကျွန်တော်ဆုံခဲ့တာက ဒေါက်တာဝမ်ရဲ့ ညီများလားဆိုပြီး တွေးမိသွားတာ” 


“ဒေါက်တာဝမ်မှာ ညီ-မရှိပါဘူး ညီမလေးတစ်ယောက်ပဲ ရှိတယ် ငါတို့အားလုံး သူ့ကို တွေ့ဖူးကြတယ်လေ သူက ထူးထူးခြားခြား အရမ်းချစ်စရာကောင်းတဲ့ကောင်မလေးပဲ” 


ပိုင်မူနင်က “ဪ” ဟုသာဆိုလိုက်ပြီး ကျေးဇူးတင်စကားပြောကာ သူ၏ဆေးကို စောင့်ဆိုင်းခန်းထဲတွင် ထိုင်စောင့်ရန် ထွက်သွားလိုက်သည်။


ယခုမူ သူ့အနေဖြင့် ရုပ်ချင်းဆင်သည့် ညီအစ်ကိုရှိခြင်းကြောင့် လူမှားယွင်းမှုဖြစ်နိုင်ခြေကို ဖယ်ထုတ်နိုင်ပြီဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ရာက သူ့အတွက် အဆင်မပြေဖြစ်နေဆဲပင်။


မကြာမီမှာပင် အဖြူရောင်ကုတ်အင်္ကျီများဝတ်ထားသည့် လူနှစ်ဦး လမ်းလျှောက်သွားသည်ကို သူ တွေ့လိုက်ရသည်။ ထိုသူတို့ထဲမှ တစ်ဦးမှာ ဝမ်ကျင်းပင်ဖြစ်သည်။


သူ့ဘေးက အမျိုးသားက ပိုင်မူနင်နှင့် အသက်တူတူနီးပါးရှိပြီး အရပ်အနည်းငယ်ပုကာ ပို၍အားမာန်ပြင်းသည်။ သူက ဝမ်ကျင်း၏လက်မောင်းကို ဆွဲကာပြောလိုက်သည်။

“မြန်မြန်ပြောစမ်းပါဦး မင်းနဲ့ အဲဒီ့ရည်းစားကောင်လေးနဲ့က ဘယ်လိုလဲ” 


ယောက်ျားတွေကိုကြိုက်တယ်... လိင်စိတ်ခံယူချက် အတည်ပြု...


ဝမ်ကျင်း၏အသံမှာ အလွန်တိုးသောကြောင့် ပိုင်မူနင်က သူပြောသည်တို့ကို နားမထောင်နိုင်ခဲ့ပေ။ သို့သော် သူ့သူငယ်ချင်း၏မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် အံ့အားသင့်စရာ တစ်စုံတစ်ရာပင် ဖြစ်ရပေမည်။


ထိုအမျိုးသားက အံ့သြစွာဖြင့် သူ၏ပါးစပ်ကို ပိတ်လိုက်သည်။ 

“အဲဒါဆို မင်းက တတိယလူဖြစ်နေတာလား”


“ပြီးတော့ မင်းက သူ့နဲ့ဆက်တွဲနေတုန်းပဲလား ညီအစ်ကိုရေ မင်းကို အချစ်နဲ့ပတ်သက်ရင် ဒီလောက် ရူးလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး” 


ထိုနှစ်ဦး လမ်းလျှောက်သွားသည်နှင့်အမျှ သူတို့၏စကားသံများမှ ပိုင်မူနင်၏အကြားအာရုံမှ တိုးဖျော့ကာ သွားသည်။


သို့သော် ယခုမူ တစ်ချက်မှာ သေချာသွားပြီဖြစ်သည်။ ဤအလုပ်ကို လက်ခံရတော့မည်။ ဝမ်ကျင်းက အခြားသူတစ်ဦး၏ ဆက်ဆံရေးတွင် တတိယလူဖြစ်နေသည်။


စောင့်ဆိုင်းခန်းထဲတွင် ထိုင်နေရင်း ပိုင်မူနင်က သူ၏ဖုန်းကို ထုတ်ယူကာ သူ၏အလုပ်ရှင်ထံသို့ စာတစ်စောင် ပေးပို့လိုက်သည်။


[ပိုင်မူနင်- မစ္စကျိုး မင်္ဂလာပါ...ကျွန်တော် အလုပ်လက်ခံပါ့မယ်...]


×××××


ပိုင်မူနင်က အသေးစား ပြဿနာလေးဖြစ်သည့် မှဲ့ကို အလိုအလျောက်လျစ်လျူရှုလိုက်သည်။ နောက်ဆုံး၌ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အမာရွတ်မကျန်ဘဲ မှဲ့ဖယ်ရှားရန်မှာ လွယ်ကူပြီး အံ့သြစရာမဟုတ်တော့ပေ။


အဓိကအချက်မှာ ကျန်အရာအားလုံးက တိုက်ဆိုင်နေခြင်းပင်။ သို့ဖြစ်ရာ သူ့အနေဖြင့် အခက်အခဲမရှိဘဲ ယုံကြည်မှုရှိရှိ လှုပ်ရှားနိုင်ချေပြီ။


အလုပ်ရှင်က ပစ်မှတ်မှာ ငယ်ရွယ်ပြီး တက်ကြွမှုအပြည့်ရှိသည့် အမျိုးသားများကို နှစ်သက်ကြောင်းပြောခဲ့သည်။ ထိုသို့မဟုတ်လျှင် အလုပ်အပ်ရန် သူ့ကို ရှာခဲ့မည်မဟုတ်ပေ။ သူက စံသတ်မှတ်ချက်များနှင့် ကိုက်ညီသူဟု ထင်ခဲ့၏။


တက်ကြွမှုအပြည့်ရှိခြင်းက သူ၏အားသာချက်ဖြစ်သော်လည်း သူ့တွင် ပြဿနာတစ်ခုက ရှိနေသေးသည်။ သူ့ခမျာ မကြာသေးမီကမှ ကျောက်ကပ်အားနည်းခြင်းဟူသော ရောဂါကို ရှာဖွေတွေ့ရှိထားသည်။ ဤသို့ဖြစ်နေလျက်ဖြင့် သူ့တွင် အင်အားအပြည့်ရှိကြောင်း မည်သို့သက်သေပြရမည်မသိပေ။


ယင်းက သေချာပေါက် စဉ်းစားရမည့် မေးခွန်းတစ်ခုပင်။


—


စနေနေ့ဖြစ်သည့်အတွက် ပုံမှန်ထက် လူနာပိုများနေသည်။ စန်းဝမ်ခန်းမမှာ လူအများ အဝင်အထွက်များပြားကာ အလုပ်များနေသဖြင့် ဆေးရရန် အချိန်ယူလိုက်ရသည်။


တရုတ်ဆေးဝါးများကို အနှစ်ထုတ်သည့်ဆေးပြုတ်အိုးထဲသို့ ထည့်လိုက်သည်နှင့် မကြာမီပင် 

ရေနွေးငွေ့များက ထူထဲထဲတစ်လှည့် ခပ်ပါးပါးတစ်လှည့်များ ထွက်လာပြီး ဆေးနံ့များက လေထဲတွင် ပျံ့နှံ့၍သွားသည်။ ၎င်းက သူ့နှာခေါင်းပေါက်များမှတစ်ဆင့် ဝင်ရောက်လာရာ မနှစ်မြို့ဖွယ်မရှိသော်လည်း ခါးသက်သည့်ရနံ့ဖျော့ဖျော့က စိတ်မသက်မသာဖြစ်စေသည်။


ပိုင်မူနင်မှာ ကော်ဖီကိုပင် ခါးသည်ဟု ယူဆထားသူဖြစ်လေရာ ဤဆေးဖက်ဝင်ဆေးရည်ကို မည်သို့သောက်ရမည်ကို မသိပေ။ 

သကြားနဲ့နို့ ထည့်လို့များ ရနိုင်မလား…


ယင်းကို သူ စိုးရိမ်နေစဉ်မှာပင် သူ့အလုပ်ရှင်တစ်ယောက်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။ အလုပ်အပ်သူမှာ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းနေဆဲဖြစ်သည့် အိမ်ရှင်မဖြစ်သည်။


သူမနှင့် ခင်ပွန်းဖြစ်သူတို့က တက္ကသိုလ်တွင် တွေ့ဆုံခဲ့ကြပြီး ချစ်သူသက်တမ်းမှာ လေးနှစ်ရှိကာ ဘွဲ့ရပြီးသည်နှင့် လက်ထပ်ခဲ့ကြသည်။ မယိမ်းယိုင်သော အချစ်နှင့် ကံကြမ္မာ၏ ပြယုဂ်ဖြစ်သည့် "ကျောင်းဝတ်စုံမှ မင်္ဂလာဝတ်စုံသို့" ဟူသည့် ရေပန်းစားသော စကားစုတစ်ခု ရှိခဲ့သည်။ သို့သော်လည်း အချစ်ဆိုသည်က နေ့စဉ်ဘဝ၏ သာမန်ကိစ္စများနှင့် ရောထွေးသွားသည်နှင့် တစ်ပြိုင်နက် ၎င်းမှာ ထိခိုက်လွယ်လာသည်။ တစ်ချိန်က မယိမ်းယိုင်ခဲ့သောအချစ်နှင့် ခိုင်မာသည့် စိတ်ဆုံးဖြတ်ချက်တို့က ဟာသတစ်ခုသက်သက်အဖြစ် တိတ်တဆိတ်ပြောင်းလဲသွားခဲ့သည်။


မကြာသေးမီကပင် သူမ၏ခင်ပွန်းသည် ဖောက်ပြန်နေကြောင်း သူမ သိခဲ့ရသည်။ သူမက ငိုယိုခြင်းမပြုခဲ့သလို မိသားစုအတွင်း အရှုပ်အထွေးတစ်ခုခုကိုလည်း မဖြစ်ပွားစေခဲ့ဘဲ သူတို့၏အိမ်ထောင်ရေးကိုသာ အလေးအနက်ထားပြီး ကြည့်ရှုစောင့်ရှောက်ခဲ့သည်။


အလေးအနက်စဉ်းစားပြီးနောက် သူမက အနှီအငယ်အနှောင်းအား စုံစမ်းရန်နှင့် ကွာရှင်းမှုတွင် အကောင်းဆုံးရလဒ်ရရှိရန်အတွက် ခင်ပွန်းဖြစ်သူ၏ အိမ်ထောင်ရေးဖောက်ပြန်မှုဆိုင်ရာ အထောက်အထားများကို စုဆောင်းပေးရန် ပိုင်မူနင်ကို လာရှာခဲ့သည်။ အစပိုင်းတွင် အလုပ်အပ်သူက အိမ်ထောင်ရေးကို ပြန်လည်ထိန်းသိမ်းလိုသဖြင့် အငယ်အနှောင်းတားဆီးရေးဝန်ဆောင်မှုကိုသာ ရွေးချယ်ခဲ့သည်။ သို့သော် ပြန်စဉ်းစားပြီးနောက် သူမက 'တခြားသူ သုံးပြီးသားအမှိုက်ကို ဘာလို့ သိမ်းထားရမလဲ…ရွံစရာကောင်းတယ်မလား'  စသဖြင့် တွေးမိသွားခဲ့ချေ၏။ ထို့ကြောင့်ပင် သူမက စိတ်ပြောင်းသွားပြန်သည်။


ဤကိစ္စက လက်ရှိတွင် ပြီးပြတ်သွားပြီးဖြစ်၍ ပိုင်မူနင်မှာ အလုပ်ရှင်က အဘယ်ကြောင့် ထပ်မံဆက်သွယ်လာရသည်ကို မသေချာပေ။


“လီကျဲ ဘာဖြစ်လို့လဲ..”


လီလီက ပြောသည်။

"ရှောင်နင် မင်းက လူတွေကို ကျိန်ဆဲရတဲ့အလုပ်ကိုရော လက်ခံလား... လာမယ့်ကြာသပတေးနေ့ကျရင် ငါ ကွာရှင်းဖို့ အရပ်ဘက်ရေးရာဌာနကိုသွားမလို့... ငါ့အတွက် စကားပြောပေးမဲ့သူတစ်ယောက်လိုတယ်" 


ထိုလူယုတ်မာအား ဖယ်ထုတ်ပြီးချိန်မှစ၍ လီလီက အားမာန်အပြည့်ရှိနေသည်။ သူမ၏လေသံတွင်ပင် ပျော်ရွှင်မှုအရိပ်အယောင်များ ပါဝင်နေသည်။


ပိုင်မူနင်၏ ဝန်ဆောင်မှုအမျိုးမျိုးမှာ နယ်ပယ်ကျယ်ပြန့်လှသည်။ သူက အခြားသူများအတွက် ပြောရေးဆိုခွင့်ရှိသူ[ကျိန်ဆဲသူ] လုပ်ပေးခြင်း၊ ဘလိုင်းဒိတ်ကိုယ်စား သွားပေးခြင်း၊ ငတုံးအယုတ်တမာများနှင့် ပတ်သက်ရခြင်း၊ အငယ်အနှောင်းစနိုက်ကြော်တို့အား စုံစမ်းထောက်လှမ်းရခြင်း စသည်ဖြင့် မည်သည့်အရာကိုမဆို လက်ခံလုပ်ဆောင်ပေးသည်။


ဆိုရလျှင် ပိုက်ဆံရနိုင်သရွေ့ သူက မည်သည့်အရာကိုမဆို လက်ခံလုပ်ဆောင်သည်။


“လီကျဲ ကျွန်တော်လက်ခံတယ်… တောင်းဆိုချင်တဲ့ အချက်တွေရှိလား”


တစ်စုံတစ်ဦးကို ဆဲဆိုရခြင်းကလည်း အလုပ်ရှင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည့် အတတ်ပညာတစ်ခုပင်ဖြစ်ပြီး ဖြစ်ကတတ်ဆန်းလုပ်ရုံဖြင့် မလုံလောက်ပေ။ ပိုင်မူနင်က သူ၏ချဉ်းကပ်ပုံကို သုံးမျိုးခန့် ခွဲခြားထားသည်။ ပထမအမျိုးအစားမှာ ရိုင်းစိုင်းစွာဆဲဆိုခြင်းဖြစ်ပြီး ပစ်မှတ်၏ မိဘများ၊ မောင်နှမများ နှင့် ဘိုးဘွားများ အထိ ဆက်တိုက်ဆိုသလို နှုတ်ဆက်[ဆဲဆို]ခြင်းပင်ဖြစ်သည်။ ပို၍ ရိုင်းပြလေ ကောင်းလေပင်။ ဤနည်းလမ်းက အသက်ကိုသေချာထိန်းချုပ်ရှူရန်နှင့် ချောမွေ့စွာ စီးဆင်းဖို့ရာလိုအပ်ပြီး အခြားတစ်ဖက်သားကို လွတ်လမ်းမရှိအောင်ပြုလုပ်ခြင်းပင်။


ဒုတိယအမျိုးအစားကမူ ယဉ်ကျေးစွာဆဲဆိုခြင်းဖြစ်ပြီး ဘိုးဘွားများကိုမူ နှုတ်မဆက်[မဆဲဆို]ခြင်းပင်။ ယင်းအစား ၎င်းကမူ ချက်ကျလက်ကျဖြင့်အထောက်အထားများကို ကိုးကားလျက် ပစ်မှတ်ကို အကြောင်းပြချက်ခိုင်လုံစွာ ဆဲဆိုခြင်းပင်။ ဤနည်းလမ်း၏သော့ချက်ကမူ ယုတ္တိကျခြင်းနှင့် စဥ်ဆက်မပြတ်ဆဲဆိုခြင်းပင်ဖြစ်ပြီး တစ်ဖက်လူကို အလွန်တုန်လှုပ်သွားစေလိမ့်မည်။


တတိယအမျိုးအစားမှာ အဆင့်မြင့် ဆဲဆိုခြင်းဖြစ်ပြီး သိမ်မွေ့သောလမ်းကြောင်းကို လိုက်သည်။ ၎င်းကမူ ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများကို ရှောင်ကြဉ်ပြီး ယင်းအစား ထိုလူ နားမလည်နိုင်သည့် ရှုပ်ထွေးသော စကားစုများသုံးကာ ကျိန်ဆဲခြင်းဖြစ်သည်။ ယင်းစကားစုများကြောင့် တစ်ဖက်လူများမှာ သူတို့အား ရမ်းကားဆဲဆိုကျိန်ဆဲနေခြင်း ရှိမရှိကို သေချာမသိနိုင်ပါဘဲ ရှုပ်ထွေးသွားစေပြီး လုံးဝပြန်လှန်ပြောဆိုနိုင်စွမ်း မရှိတော့ပေ။


“အဲ့ဒီနေ့ကျရင် ငါ့ယောက်ျားဟောင်းကို အရပ်ဘက်ရေးရာဌာနမှာ စိတ်ဆင်းရဲဒုက္ခရောက်ပြီး နာကျင်ခံစားရစေချင်တယ် သူ ပြန်ပြီးတောင် ငြင်းလို့မရနိုင်လောက်အောင် အင်အားမရှိ ဖြစ်နေစေချင်တယ်”


ပိုင်မူနင် နားလည်လိုက်သည်။ အလုပ်ရှင်မှာ အဆင့်မြင့် ကျိန်ဆဲမှုကို လိုအပ်နေသည်။

“နားလည်ပါပြီ လီကျဲ ကျွန်တော့်ဘက်က အေးဆေးပဲ”


အချိန်ကို အတည်ပြုပြီးနောက် ပိုင်မူနင်က ဖုန်းပြောဆိုမှုကို အဆုံးသတ်လိုက်သည်။


သူ့ဖုန်းကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ကျင်းက ဖုန်းပြောရင်း တန်းလန်း သူ၏တိုင်ပင်ဆွေးနွေးခန်းမှ ထွက်လာ၏။


၎င်းမှာ အရေးကြီးသော ဖုန်းခေါ်ဆိုမှုတစ်ခုဖြစ်ပုံရသည်။ ပိုင်မူနင်က အကြောင်းအရာကို ရှင်းရှင်းလင်းလင်းမကြားရသော်လည်း ဝမ်ကျင်း၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိပြုမိသည်။ အတိအကျဆိုရလျှင် သူက ဖုန်းချချင်နေပုံရသည်။


ဝမ်ကျင်းက အလျင်စလိုပင် အမြန်လှမ်းထွက်သွားရာ ပိုင်မူနင်က သူပြောလိုက်သည့်စကားအချို့ကို ခပ်တိုးတိုး ကြားလိုက်ရလေ၏။ 

“မင်းရဲ့ရည်းစားနဲ့ ဘယ်တော့ လမ်းခွဲမှာလဲ”


“ငါစိတ်ရှည်တာက အကန့်အသတ်ရှိတယ် ငါ့ကို လာရှာရအောင် ဖိအားမပေးနဲ့”


ဝမ်ကျင်းမှာ တကယ်ပင် အချစ်ရူးတစ်ယောက်ဖြစ်ပုံရသည်။ သူက အေးစက်ပြီး သီးသန့်ဆန်ပုံရကာ နူးညံ့သိမ်မွေ့ဟန်ဆောင်နေသော်လည်း မထင်မှတ်ထားစွာဖြင့် ဆက်ဆံရေးနှင့်ပတ်သက်လာသောအခါတွင် လုံးဝဆင်ခြင်တုံတရားမရှိပေ။


ပိုင်မူနင် သူ့ဖုန်းကို ကြည့်လိုက်သည်။ သူ့အနေဖြင့် ဝမ်ကျင်း၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ရယူရန်လိုအပ်သည်။ မဟုတ်ပါက သူ့ဘက်က လွယ်လွယ်ကူကူ ဆက်သွယ်နိုင်မည်မဟုတ်ပေ။


စန်းဝမ်ခန်းမတွင် ဆက်သွယ်ရန်အချက်အလက်များ ရှိသည်မှာ မှန်သော်လည်း ယင်းတို့က ဝမ်ကျင်းနှင့် တိုက်ရိုက်ချိတ်ဆက်ပေးနိုင်မည်မဟုတ်သည့် ဖောက်သည်ဝန်ဆောင်မှုလိုင်းများသာဖြစ်သည်။ ၎င်းတို့မှာ သူ့အတွက် အသုံးမဝင်ပေ။


ထို့အပြင် သူ့အနေဖြင့် ဆေးရုံသို့ ဆက်တိုက်လာကာ စစ်ဆေးမှုလုပ်နေနိုင်မည်မဟုတ်ပေ။ ၎င်းက သူ၏ပိုက်ဆံအိတ်လေးအတွက် အဆင်မပြေပေ။ အကောင်းဆုံးချဉ်းကပ်ပုံမှာ ဝမ်ကျင်း၏ ဆက်သွယ်ရမည့်အချက်အလက်များကို ရယူလျက် စတင်စကားပြောကာ လက်ဦးမှုယူပြီး ဖြားယောင်းခြင်းပင်။


သူ၏စိတ်ကို ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီးနောက် ပိုင်မူနင်က ဝမ်ကျင်းနောက်သို့ အားတက်သရောပြေးလိုက်သွား၏။ ဝမ်ကျင်းက သူ၏နောက်တွင် ရုတ်တရက်ပေါ်လာသော အမြီးလေးကို သတိပြုမိပြီး မျက်မှောင်ကြုတ်လျက် လှည့်ကြည့်လိုက်သည်။


ပိုင်မူနင်က သူ၏သတိပေးသလိုအကြည့်ကို ဖမ်းမိလိုက်ပြီး နှုတ်ခမ်းလှုပ်ရုံမျှဆိုလိုက်ချေ၏။

"ဒေါက်တာဝမ် ကျွန်တော် ခင်ဗျားနဲ့ စကားပြောဖို့လိုတယ်..."


ဝမ်ကျင်းက နောက်ကလိုက်လာသူကို ဂရုမစိုက်ဘဲ စန်းဝမ်ခန်းမအပြင်သို့ တန်းတန်းမတ်မတ်ထွက်သွားကာ ဆက်လက်၍ဖုန်းပြောနေသည်။


ယဉ်ကျေးမှုအရ ပိုင်မူနင်က သူ့နောက်သို့မလိုက်တော့ဘဲ အဝင်ဝတွင် ရပ်စောင့်နေခဲ့သည်။


မှန်တံခါးမှတစ်ဆင့် ဝမ်ကျင်း၏ ဖုန်းကိုဆုပ်ကိုင်ထားသော လက်ဖဝါးပေါ်ရှိ ထင်ရှားသောသွေးပြန်ကြောများကို သူသတိထားမိသည်။ စကားပြောဆိုမှုက သာယာချမ်းမြေ့ပုံရမနေပေ။ ဆိုရလျှင် ၎င်းသည် သူ၏သွေးပေါင်ချိန်ကို မြင့်တက်[သွေးတိုး]စေပုံပင်။


ယခုအချိန်တွင် ကျင်းနန်၌ ဆောင်းရာသီသို့ ရောက်နေပြီဖြစ်ပြီး ယမန်နေ့ကပင် နှင်းကျခဲ့သေးသည်။ သို့တိုင် ဝမ်ကျင်းကမူ ပါးလွှာသော အဖြူရောင်ကုတ်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး အေးကြောင်း ခံစားရသည့် လက္ခဏာပင် မပြပေ။


မျှော်လင့်ထားတဲ့အတိုင်း အရပ်ရှည်ပြီး သန်မာတဲ့ယောက်ျားတွေက အအေးဒဏ်ခံနိုင်ကြတာပဲ အား...


-----


စာရေးသူ၏မှတ်ချက်


ဝမ်ကျင်းရဲ့ ရည်းစားကောင်လေးအခြေအနေက အထင်လွဲမှုတစ်ခုပါ…



💊💊💊