Ch 116
Viewers 12k

အခန်း (၁၁၆) - လျန်း ၃၀ မဟုတ်ဘူး၊ ဒါက လျန်း ၃၀၀ ပဲ

 

ရှန်းယောင်က သူမကို ကြင်နာမှုအပြည့်နှင့် ကြည့်နေခဲ့သည်။

 

ကျီကျောက်သည် သူ့အကြည့်တွေကြောင့် စိတ်မသက်မသာဖြင့် အဝေးကို အကြည့်လွဲလိုက်သော်လည်း သူမ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာခဲ့သည်။

 

“အမေ အာ့ထောင်ရဲ့ တင်ပါး ဒီလောက် ပြည့်ဖြိုးတယ်ဆိုတာ သမီး တစ်ခါမှ သတိမထားမိဘူး” ဒုတိယမရီးရှန်းက ရုတ်တရက် အံ့အားသင့်စွာ ပြောလာခဲ့သည်၊ “အာ့ထောင်က အနာဂတ်မှာ သေချာပေါက် သားယောကျာ်းလေး မွေးဖွားလိမ်မ့ယ်။”

 

ဒုတိယမရီးရှန်း၏ စကားလုံးတွေက တကယ့်ကို အံ့အားသင့်စရာပါပဲ။

 

ကျီကျောက်သည် ပြင်းထန်စွာ သီးသွားပြီး အကြိမ်ကြိမ် ချောင်းဆိုးသွားခဲ့သည်။

 

ရှန်းယောင်က ကမန်းကတန်း ချဉ်းကပ်လာပြီး သူမ၏ နောက်ကျောကို ညင်သာစွာ ပွတ်သပ်ပေးခဲ့သည်၊ “အာ့ထောင် မင်း အဆင်ပြေရဲ့လား။”

 

“ရပါတယ်၊ ကျွန်မ အဆင်ပြေပါတယ်” ကျီကျောက် သူမ၏ လက်ကို အမြန်ဝှေ့ယမ်းပြီး ကျောက်လန်ဟွာကို ပြောလိုက်သည်၊ “အမေ ဒီစကတ်ရဲ့ ခါးအတိုင်းအတာက ကွက်တိပဲ။ ပြင်စရာ မလိုတော့ဘူး။ ကျေးဇူးပါ အမေ၊ ကျေးဇူးပါ ဒုတိယမရီး။”

 

“ငါတို့က မိသားစုတွေပဲ၊ ဒီလို ယဉ်ကျေးနေစရာ မလိုပါဘူး” ကျောက်လန်ဟွာက အပြုံးနှင့် ပြောသည်၊ “ဒီရက်ပိုင်းအတွင်း အမေက နင့်ကို ဆောင်းဦးရာသီမှာ ဝတ်ဖို့ နောက်ထပ် အင်္ကျီနှစ်ထည် ချုပ်ပေးဦးမယ်။”

 

ကျီကျောက်သည် ကျေးဇူးတင်စွာ ပြုံးပြီး နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။

 

မွန်းတည့်ခါနီးတွင် လက်ထောက်ဆိုင်ရှင်ယို့သည် ရထားလုံးဖြင့် ရှန်းမိသားစု ခြံဝင်းတံခါးဝသို့ ရောက်လာခဲ့သည်။

 

သူ ရထားလုံးပေါ်မှ ဆင်းဆင်းချင်း လေထုထဲမှာ ပျံ့နှံ့နေသော မွှေးရနံ့ကို ရှုရှိုက်လိုက်မိသည်။

 

လက်ထောက်ဆိုင်ရှင်ယို့သည် ပြင်းထန်သော မွှေးရနံ့ကြောင့် တံတွေးတစ်လုတ်ကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ရှန်းမိသားစု ခြံဝင်းထဲသို့ အလျင်အမြန် လျှောက်ဝင်သွားခဲ့သည်။

 

“လက်ထောက်ဆိုင်ရှင်ယို့ ကျေးဇူးပြုပြီး ထိုင်ပါဦး” ရှန်းတာ့ရှန်က သူ့လက်တွေကို စိတ်လှုပ်ရှားစွာ သုတ်ကာ အပြုံးဖြင့် ကြိုဆိုနှုတ်ဆက်လိုက်သည်၊ “အာ့ထောင်က သိုးကောင်လုံးကင်ကို ခြံဝင်းထဲမှာ စားသောက်တာက စိတ်လှုပ်ရှားဖို့ အကောင်းဆုံးလို့ပြောတယ်၊ ဒါကြောင့် ကျွန်တော် လက်ထောက်ဆိုင်ရှင်ယို့ကို ဒီမှာ ထိုင်ဖို့ ဒုက္ခပေးရပါဦးမယ်။”

 

ရှန်းမိသားစု အိမ်ခြံဝင်းအလယ်တွင် စက်ဝိုင်းတစ်ခု ဖန်တီးထားသည်။

 

စက်ဝိုင်းအလယ်တွင် သစ်သီးထင်းပုံကြီး တစ်ပုံရှိပြီး တံကျင်နှင့် သီထားသော သိုးကောင်လုံးကင် ရှိလေသည်။

 

တံကျင်ကို အနည်းငယ် လှည့်နေခဲ့ပြီး သိုးကောင်လုံးကင်သည် အနီရောင် တောက်ပနေပြီး ၎င်းထံမှ ထုတ်လွှတ်နေသော အနံ့သည် လူအများကို သွားရည်ယိုစေသည်။

 

“လက်ထောက်ဆိုင်ရှင်ယို့” ကျီကျောက်သည် မီးဖိုချောင်ထဲမှ ပန်ကိတ်တွေကို ထုတ်ယူလာပြီး သူ့ကို အပြုံးနှင့် ကြိုဆိုနှုတ်ဆက်သည်၊ “ကျေးဇူးပြုပြီး ထိုင်ပါဦး။”

 

လက်ထောက်ဆိုင်ရှင်ယို့သည် ဧည့်သည်အဖြစ် ဆက်ဆံခံရပြီး သူ ရောက်နေရာ အရပ်တွင် နာခံမှုရှိစွာ စောင့်ဆိုင်းခဲ့သည်။

 

ကျီကျောက်က ပြုံးပြီး ဓားမြှောင်တစ်ချောင်းကို ထုတ်ယူကာ သိုးသား တစ်ပိုင်းကို သပ်သပ်ရပ်ရပ် ဖြတ်တောက်ပြီး ပါးပါးလေး လှီးဖြတ်လိုက်သည်။

 

သူမ၏ ကျွမ်းကျင်လှသော ဓားကိုင်စွမ်းရည်က ရှိနေသူအားလုံးကို ကြက်သေ သေသွားစေသည်။

 

“ကျွန်မတို့ သိုးသားကို စစားတော့မယ်ဆိုရင် တစ်ဆင့်ပြီး တစ်ဆင့် စားသောက်ရမယ်။ တစ်ပြိုင်နက် အများကြီး မစားရဘူး၊ မဟုတ်ရင် သိုးသားက အဆီများတယ်လို့ ခံစာရလိမ့်မယ်” ကျီကျောက်က အနည်းငယ် ပြုံးပြီး နူးညံ့သိမ်မွေ့စွာ ရှင်းပြသည်၊ “ကြက်ကောင်လုံးကင်ကို စားသောက်တဲ့အတိုင်းပဲ သိုးကောင်လုံးကင်ကို မြည်းစားကြရအောင်။”

 

ကျီကျောက်သည် သူမ လှီးဖြတ်ထားသော သိုးကောင်လုံးကင် အသားပြားများကို လက်ဖဝါးအရွယ် ပန်ကိတ်ပေါ်တွင် တင်ပြီးနောက် ထိုအပေါ်မှာ သခွားသီးအချပ်များနှင့် လျှို့ဝှက်ဆော့စ်ကို စမ်းလိုက်သည်။ ထို့နောက် သူမသည် ပန်ကိတ်ကို ညင်သာစွာ လှိမ့်ပေးကာ လက်ထောက်ဆိုင်ရှင်ယို့ရှေ့ ပန်းကန်ချပေးလိုက်သည်၊ “အရသာ ဘယ်လိုရှိလဲဆိုတာ မြည်းစမ်းကြည့်ပါဦး။”

 

လက်ထောက်ဆိုင်ရှင်ယို့သည် ပထမအလုတ် ကိုက်စားလိုက်သည်နှင့် သူ့မျက်လုံးများသည် ချက်ချင်းဆိုသလိုပင် ပြူးကျယ်သွားခဲ့သည်။

 

သူက အစပိုင်းတွင် ဖြည်းဖြည်းချင်း ကိုက်ဝါးရာမှ နှုတ်သွက်လာခဲ့သည်။

 

“မွှေးလိုက်တာ။”

 

လက်ထောက်ဆိုင်ရှင်ယို့၏ တုံ့ပြန်မှုကို ကြည့်ပြီး ကျီကျောက်သည် သူမ၏ သိုးကောင်လုံးကင်ကို ကင်တာ အောင်မြင်ကြောင်း သိလိုက်ရသည်။

 

ကျီကျောက်က ပြုံးပြီး သိုးသားပန်ကိတ်လိပ်ကို ဆက်လုပ်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ သူမက ဒါကို ရှန်းယောင်အား ပေးလိုက်သည်။

 

“ရှင်… ရှင်ရော မြည်းကြည့်ချင်လား။”

 

ရှန်းယောင်က တိတ်တဆိတ် မျက်ခုံးပင့်ကာ သူ့မျက်ဝန်းထဲရှိ အပျော်တွေက သိသာထင်ရှားသည်။

 

“ဒါက အရသာရှိတယ်။”

 

သိုးကောင်လုံးကင်သည် အောင်မြင်မှု ကြီးကြီးမားမား ဖြစ်ပြီး အပျော်ဆုံးလူမှာ လက်ထောက်ဆိုင်ရှင်ယို့ ဖြစ်သည်။

 

“သခင်မကြီးမာရဲ့ မွေးနေ့ပွဲက လာမယ့် သုံးရက်အတွင်းမှာပဲ။ မနက်ဖြန်ကျရင် နင့်ကို လာကြိုပြီး ဟုန်ရှင်းစားသောက်ဆိုင်ကို လိုက်ပို့ပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်၊ ဟုတ်ပြီလား” လက်ထောက်ဆိုင်ရှင်ယို့က ပြုံးပြီး ပြောသည်၊ “အာ့ထောင် ငါ သူဌေးနဲ့ ဆွေးနွေးပြီးပြီ။ ဒီသိုးကောင်လုံးကင်ကို နင်ချက်ပြုတ်နိုင်သရွေ့ ငါတို့ မင်းကို ဆုလာဘ် အများကြီးပေးမယ်။”

 

ကျီကျောက်သည် လက်ထောက်ဆိုင်ရှင်ယို့ ထောင်ပြသော လက်သုံးချောင်းကို စိုက်ကြည့်ကာ မျက်တောင်ခတ်လိုက်သည်၊ “လျန်း ၃၀ လား။ ဒါက အရမ်းများလွန်းတယ် မဟုတ်လား။”

 

“လျန်း ၃၀ မဟုတ်ဘူး၊ လျန်း ၃၀၀ ကို ပြောတာ။”