Ch 84
Viewers 13k

အခန်း (၈၄) – ဒါပေါ့

 

“အကြီးဆုံးမရီး စိတ်မပူပါနဲ့” ကျီကျောက်က အလျင်အမြန် ခေါင်းညိတ်သည်၊ “ညီမ ဒီစကားတွေကို အမေ့ကို လုံးဝ မပြောပါဘူး။”

 

“ကောင်းတယ်၊ ကောင်းတယ်” အကြီးဆုံးမရီးရှန်းက စိတ်သက်သာရာရာစွာ ပြုံးလိုက်သည်။ တကယ်တော့ ငါ အမေ့ကို ဒီအကြောင်း မပြောပါချင်ဘူး၊ ဒါပေမယ့် ငါလည်း ဒီကိစ္စကို သေချာမဆုံးဖြတ်ရသေးပါဘူးလေ…”

 

တစ်နည်းဆိုရသော် သူမသည် သူမ၏ နှလုံးသားထဲတွင် နောက်ဆုံးကြိုးမျှင် တစ်မျှင်ကို ကိုင်ဆွဲထားဆဲ ဖြစ်သည်။

 

သူမဟာ သူမရဲ့ ကိုယ်ပိုင်ရင်သွေးရဖို့ မျှော်လင့်နေဆဲ ဖြစ်သည်။

 

“အကြီးဆုံးမရီး ညီမ ရုတ်တရက်ကြီး နည်းနည်းလောက် ဗိုက်ဆာလာလို့၊ ညီမ ဗိုက်ကို ဖြည့်တင်းဖို့ အဆာပြေ နည်းနည်းစားလို့ရအောင် ခေါ်သွားပေးပါလား။”

 

“ဒါပေါ့၊ လာ… ငါ နင့်ကို အရှေ့ကို ခေါ်သွားပေးမယ်။”

 

ကျီကျောက်က မီးဖိုချောင်ထဲမှ ထွက်လာပြီး အကြီးဆုံးမရီးရှန်းနောက်ကနေ လိုက်သွားခဲ့ကာ၊ သူမက အကြီးဆုံးမရီးရှန်း၏ အင်္ကျီလက်ကို ဆွဲကိုင်ကာ ကမန်းတန်း ပြောလိုက်သည်၊ “အကြီးဆုံးမရီး ညီမတို့ သီးသန့်စကား ပြောလို့ ရမလား။”

 

အကြီးဆုံးမရီးရှန်းက သူမ နှလုံးသားထဲမှ သံသယများကို ဖျောက်ဖျက်လိုက်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

 

သူတို့နှစ်ဦးသား အိမ်နောက်ဖေးရှိ ပင်မခန်းထဲသို့ လျှောက်ဝင်လာရင်း ကျီကျောက်က သူမ၏ လက်မောင်းကို ညင်သာစွာ ခါယမ်းကာ နူးနူးညံ့ညံ့ ပြုံးပြလိုက်သည်၊ “အကြီးဆုံးမရီး အစ်မကို ညီမ အရင်က ပြောခဲ့တဲ့ နည်းလမ်းကို မကြိုးစားကြည့်ဖူးလား။”

 

“ဘာကိုလဲ” အကြီးဆုံးမရီးက ကျီကျောက်၏ ကြည်လင်ပြီး အပြစ်ကင်းစင်တဲ့ မျက်ဝန်းတွေကို ဇဝေဇဝါကြည့်နေရင်း တစ်ချိန်က ကျီကျောက် ပြောပြဖူးတဲ့ ‘ကလေးရဖို့ လျှို့ဝှက်ချက်’ က ရုတ်တရက် သူမ စိတ်ထဲမှာ ပေါ်လာပြီး သူမ၏ ပါးပြင်တွေ ချက်ချင်းဆိုသလို အပူတက်ကာ နီမြန်းသွားခဲ့သည်။

 

“ငါ…”

 

“ငါ အကြိမ်အနည်းငယ် စမ်းကြည့်ဖူးတယ်…” အကြီးဆုံးမရီးက ရှက်ရွံ့စွာ ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လာခဲ့သည်၊ “အစကတော့ နင့်အစ်ကိုကြီး ပူးပေါင်းပေးဖို့ ဆန္ဒရှိပေမယ့် နောက်တော့ သူ ဆန္ဒလျော့လာတယ်…”

 

“အကြီးဆုံးမရီး အစ်မ စောစာ ပိုပျော်ချင်ရင် အစ်မ ဒီထက်ပိုပြီး ကြိုးစားရလိမ့်မယ်။ နောက်ပြီး အစ်မရဲ့ ခန္ဓာကိုယ်ကိုလည်း ကောင်းကောင်း ဂရုစိုက်ရမယ်” ကျီကျောက်က ပြုံးပြီး ပြောသည်၊ “အရင်ဆုံး ညီမတို့က ကောင်းမွန်တဲ့ အနေအထိုင် အလေ့အကျင့်ကို မွေးမြူရမယ်၊ ညဉ့်နက်မှ မအိပ်သင့်ဘူး။ ပြီးတော့ အစ်မ စိတ်ဓာတ်ကိုလည်း ထိန်းညှိတတ်ဖို့ သင်ယူထားရမယ်။ အခုထိ ကိုယ်ဝန်မဆောင်နိုင်သေးတဲ့အတွက် အမြဲတမ်း စိတ်ဓာတ်ကျမနေပါနဲ့၊ နောက်တစ်ခုကတော့ အစ်မ ဘယ်လို စားသောက်ရမယ်ဆိုတာကို နားလည်ဖို့ပဲ။”

 

“အာ့ထောင် ငါ နင်ပြောချင်တာကို နားလည်ပါတယ်” အကြီးဆုံးမရီးရှန်းက ခေါင်းငုံ့ကာ သူမ၏ မျက်လုံးထဲတွင် ခါးသီးမှုများ ပြည့်နှက်နေသည်၊ “အဲ့တာကို နားလည်ပေမယ့် ငါ… ငါ အပြစ်ရှိသလို ခံစားရတယ်။ ငါ နင့်အစ်ကိုကြီး လက်ထပ်ခဲ့တာ နှစ်အများကြီး ကြာပြီ ဆိုပေမယ့် ငါ့ဗိုက်က မလှုပ်ရှားသေးဘူး။ ငါ… ငါ နင့်အစ်ကိုကြီး၊ ငါတို့မိဘတွေနဲ့ ရှန်းမိသားစု ဘိုးဘေးတွေကိုတောင် မျက်နှာမပြဝံ့ဘူး…”

 

အကြီးဆုံးမရီးရှန်းက သူမ၏ မျက်လုံးများကို စိတ်ပျက်လက်ပျက် မှေးမှိတ်လိုက်တော့ ကြည်လင်သော မျက်ရည်စီးကြောင်း နှစ်ကြောင်းက သူမ ပါးပြင်ပေါ်သို့ လျှောကျလာခဲ့သည်။

 

“အကြီးဆုံးမရီး အစ်မ ဒီလိုမျိုး တွေးလို့ ဘယ်ဖြစ်မလဲ” ကျီကျောက်က သူမကို အမြန်နှစ်သိမ့်ပေးသည်၊ “ကိုယ်ဝန်ဆောင်တာနဲ့ ကလေးမီးဖွားတာတွေက အမျိုးသမီးတိုင်းရဲ့ တာဝန် မဟုတ်ဘူး။”

 

“ဘာလဲ” အကြီးဆုံးမရီးရှန်းက တိတ်တဆိတ် မျက်တောင်ခတ်ပြီး စိတ်ရှုပ်ထွေးစွာ မျက်ခုံးပင့်လိုက်သည်၊ “ကလေးမမွေးဖွားနိုင်တာက ယောကျာ်းတွေမှာလည်း တာဝန်ရှိတာလား။”

 

“ဒါပေါ့” ကျီကျောက်က ဆန်စေ့ကောက်နေတဲ့ ကြက်ကလေးကဲ့သို့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်သည်၊ “ယင်နဲ့ ယန် လို့ ခေါ်တဲ့ ဓာတ်နှစ်မျိုးရှိတယ်။ အမျိုးသမီးတွေ ယင်ဓာတ်အားနည်းရင် ဒါမှမဟုတ် အမျိုးသားတွေ ယန်ဓာတ်အားနည်းရင် ကိုယ်ဝန်ရဖို့ ခက်ခဲတယ်။”

 

“ဒါပေမယ့်… ဒါပေမယ့် နင့်အစ်ကိုကြီးရဲ့ ကျန်းမာရေး အတော်လေး ကောင်းနေတယ်မလား” အကြီးဆုံးမရီးရှန်းက ငေးတိငေးကြောင် ပြောလာခဲ့သည်။

 

“အဟမ်း၊ ကောင်းပြီ၊ အမျိုးသားနဲ့ အမျိုးသမီး လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စွမ်းဆောင်နိုင်စွမ်း ကောင်းမွန်တာနဲ့ သားသမီး ရနိုင်လိမ့်မယ်လို့ မဆိုလိုဘူး” ကျီကျောက်က ခေါင်းကုတ်ပြီး စဉ်းစဉ်းစားစား စကားဆိုလာခဲ့သည်၊ “ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး စာကြောင်း အနည်းငယ်လောက်နဲ့ ရှင်းပြလို့ ရတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် အကြီးဆုံးမရီး အစ်မရဲ့ ကိုယ်ပိုင်သွေးသား လိုချင်ရင် အစ်မရဲ့ စိတ်ပိုင်းဆိုင်ရာကို အရင်ဆုံး ချိန်ညှိရမယ်၊ အစားအသောက်ကို အာရုံစိုက်ရမယ်၊ ပြီးတော့ ပဲအမျိုးမျိုးနဲ့ ငါးများများ စားရမယ်။”

 

“ဟုတ်ကဲ့” အကြီးဆုံးမရီးရှန်း အားတက်သရော ခေါင်းညိတ်သည်၊ “ငါ အားလုံးကို သေသေချာချာ မှတ်ထားပါ့မယ်။”

 

“အချိန်လည်း လင့်နေပြီ။ အကြီးဆုံးမရီး ညီမတို့ အရင်ပြန်နှင့်တော့မယ်။”

 

“အာ့ထောင်” အကြီးဆုံးမရီးရှန်းက သူမ၏ အင်္ကျီလက်ကို ရုတ်တရက် ဆွဲကိုင်လိုက်သည်။ သူမကို ကြည့်ရတာ အလွန်ရှက်ရွံနေပုံရပြီး သူမ၏ မျက်လုံးတွေက အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံပင်၊ သို့သော် သူမ စိတ်ထဲမှာ သူမ လိုချင်တဲ့ အရာကို ရယူဖို့ သတ္တိရှိရှိ စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်သည်၊ “အာ့ထောင်၊ တတိယမတ်လေး တကယ်ကောင်းတယ်။ သူ… သူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒဏ်ရာရခဲ့တော့ သူ့ခါးကို ထိခိုက်သွားမှာ ငါစိုးရိမ်တယ်၊ ဒါ့ကြောင့် နင်တို့နှစ်ယောက် လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး လိုက်လျောညီထွေ မဖြစ်ရင်တောင် သူ့ကို အပြစ်မတင်ပါနဲ့။”

 

ကျီကျောက်တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ကြည့်ရတာ အကြီးဆုံးမရီးက အထင်လွဲနေပုံပင်။

 

ကျီကျောက်က ဒါကို ရှင်းပြခါနီးတွင် ရှန်းယောင်၏ ပုံရိပ်သည် ရုတ်တရက် သူမ မြင်ကွင်းထဲ ပေါ်ပေါက်လာခဲ့သည်။