Ch 75
Viewers 12k

အခန်း (၇၅) – မင်းလက်ဖဝါးဖြန့်ပေး

 

ကျီကျောက် ထွက်ပြေးသွားတာကိုမြင်တော့ ရှန်းယောင်က မျက်လွှာချလိုက်ကာ သူ့နှလုံးသားထဲတွင် ဝမ်းနည်းနာကျင်သော ခံစားချက် ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။

 

ကွာရှင်းစာချုပ်တွင် လက်မှတ်ရေးထိုးသောအခါတွင် သူသည် မိမိကိုယ်မိမိ လေးစားမှုကို ထိန်းသိမ်းထားလိုခဲ့ခြင်းကြောင့် ဖြစ်သည်။

 

အခုတော့ သူ ဒါကို တကယ်နောင်တရနေမိပြီ။

ကျီကျောက်သည် မီးဖိုဆောင်ထဲသို့ ရောက်ရှိသွားပြီး စကားပြောနေသော လက်ထောက်ဆိုင်ရှင်ယို့ဆီသို့ လျှောက်သွားခဲ့သည်။

 

“အာ့ထောင်၊ ဘာဖြစ်လို့လဲ။ နင့်ကြည့်ရတာ စိတ်ပျက်လက်ပျက်ဖြစ်နေပုံပေါက်နေတယ်။ နင့်ယောကျာ်း နေမကောင်းပြန်ဘူးလား။”

 

“မဟုတ်ပါဘူး” ကျီကျောက်က အလျင်စလို ခေါင်းခါပြီး ပြုံးလိုက်သည်၊ “လက်ထောက်ဆိုင်ရှင် ကျွန်မ နွေရာသီမှာ စားဖို့ အထူးသင့်တော်တဲ့ အရသာလည်း အရမ်းရှိတဲ့ အစားအစာကို ရုတ်တရက် တွေးလိုက်မိလို့ပါ။ ရှင် နားထောင်ဖို့ စိတ်ဝင်စားလား။”

 

“လာ၊ ငါတို့ ဧည့်ခန်းမှာ ထိုင်ပြီး ဖြည်းဖြည်းချင်း စကားပြောရအောင်၊ ဟုတ်ပြီလား။”

 

အခုဆိုရင် လက်ထောက်ဆိုင်ရှင်ယို့သည် ကျီကျောက်၏ ဟင်းချက်လက်ရာနှင့် ပတ်သက်ပြီး အကြွင်းမဲ့ ယုံကြည်နေပါပြီ။

 

ထို့ကြောင့် သူသည် ကျီကျောက်က အရသာရှိတဲ့ အစားအစာကို ထပ်စဉ်းစားမိတယ်လို့ဆိုတဲ့အခါ သူ့မျက်လုံးတွေက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားခဲ့သည်။

 

“တကယ်တော့ ကျွန်မ ပြောပြချင်တဲ့ အစားအစာကို တပ်ပန်ယာကီလို့ခေါ်တယ်။” သူတို့နှစ်ယောက် ထိုင်ပြီးနောက် ကျီကျောက်က ဖြည်းဖြည်းလေး ပြောလိုက်သည်၊ “ဥပမာအားဖြင့် မနေ့က ကင်းမွန်ရဲ့ နောက်ထပ်ဟင်းချက်နည်းတစ်မျိုးပဲ။ အဲ့တာထက် ပိုအရသာရှိတဲ့ ကင်းမွန်တပ်ပန်ယာကီလို့ခေါ်တယ်။”

 

“ဒါပေါ့၊ တပ်ပန်ယာကီ အမျိုးမျိုးရှိတယ်။ ကင်းမွန်နဲ့ ချက်ပြုတ်တဲ့ ဟင်းချက်နည်းတွေက အကန့်အသတ် မရှိဘူး။” ကျီကျောက်က ပြုံးပြီး မိတ်ဆက်ပေးသည်၊ “ဥပမာအားဖြင့်၊ သံပြားကို အသုံးပြုပြီး ကြက်တောင်ပံ၊ ဝက်လည်ပင်း၊ ပုဇွန်နဲ့ အခြားဟင်းသီးဟင်းရွက်တွေအများကြီးနဲ့ ရောသီပြီး သံမီးဖိုးပေါ်မှာ ကင်တဲ့ တပ်ပန်ယာကီကို ပြုလုပ်လို့လည်း ရတယ်။ ဒါ့အပြင် တပ်ပန်ယာကီ အရသာ ထမင်းကြော်နဲ့ တပ်ပန်ယာကီခေါက်ဆွဲတွေကလည်း သိပ်မဆိုးပါဘူး။”

 

“အာ့ထောင် နင်ပြောတဲ့ သံပြားက ဘာကိုပြောတာလဲ” လက်ထောက်ဆိုင်ရှင်ယို့က သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။

 

“ကျွန်မကို စုတ်တံနဲ့ စာရေးစက္ကူ ပြင်ပေးလို့ အဆင်ပြေမလား။ ကျွန်မ အဲဒီပုံစံကို ရေးဆွဲပြမယ်။”

 

ကျီကျောက်က တစ်ခဏတာမျှ စဉ်းစားကြည့်ပြီးနောက် သူမ စိတ်ထဲက သံမီးဖိုပုံစံကို ရေးဆွဲပေးလိုက်သည်။

 

“ထင်းကို ဒီအောက်မှာ ထည့်လို့ ရတယ်။ အပေါ်က သံပြားမှာလည်း လိုအပ်ချက်တွေ ရှိတယ်။ အလျား၊ အနံ တစ်မီတာ ရှိတာက အကောင်းဆုံးပဲ။ ဒါက ပိုအဆင်ပြေတယ်” ကျီကျောက်က သူမ ဆွဲပြထားတဲ့ ပုံစံကို လက်ထောက်ဆိုင်ရှင်ယို့အား လက်လွှဲပေးလိုက်သည်၊ “ဒီလို သံမီးဖိုမျိုးကို ပြုလုပ်နိုင်တဲ့ ပန်းပဲသမားကို ရှာဖို့ လွယ်နိုင်မလား။”

 

“ကောင်းပြီ၊ ငါ မှတ်မိတယ်။” လက်ထောက်ဆိုင်ရှင်ယို့က ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

 

ဟုန်ရှင်းစားသောက်ဆိုင်မှ ထွက်ခွာပြီးနောက် ရှန်းယောင်သည် ကျီကျောက်နှင့် အနီးနားရှိ ရွှေဆိုင်သို့ လိုက်ပါသွားခဲ့သည်။

 

“ရှန်းယောင်၊ ဒီဘူးသီးပုံစံ ငွေနားကပ်လေးတွေက ကြည့်ကောင်းတယ်လို့ ရှင်ထင်လား” ကျီကျောက်က ဈေးကောင်တာ အထက်မှာ ချထားတဲ့ နားကပ်တစ်စုံကို တစ်ချက်ကြည့်ပြီး ဝမ်းသာအားရ မေးလိုက်သည်။

 

“မင်းကြိုက်ရင် ဝယ်လိုက်လေ။”

 

“ကျွန်မ မဝတ်ချင်ပါဘူး။ ကျွန်မ အမေ့အတွက် ဝယ်ပေးချင်လို့ပါ” ကျီကျောက်က ချိုမြိန်စွာ ပြောလိုက်သည်၊ “မနေ့က နိုင်ငံခြားကုန်သည်က ကျွန်မကို ဆုလာဘ်အနေနဲ့ ငွေငါးလျန်း ပေးခဲ့တယ် မဟုတ်လား။ ကျွန်မ အမေနဲ့ မရီးနှစ်ယောက်အတွက် လက်ဆောင်ဝယ်ပေးချင်လို့ပါ။”

 

“မင်းအတွက်ရော ဘယ်မှာလဲ။”

 

“ကျွန်မအတွက် မလိုပါဘူး။”

 

ကျီကျောက်သည် သလဲသီးပုံသဏ္ဍာန်နှင့် အသက်ဝင်နေသေည့် လိပ်ပြာပုံသဏ္ဍာန် နားကပ် နှစ်ရံကိုလည်း ရွေးချယ်ခဲ့ပါသည်။

 

ကျီကျောက်သည် အကြီးဆုံးမရီးကို သလဲသီးပုံသဏ္ဍာန် ငွေနားကပ်တစ်ရံကို ပေးလိုက်သောအခါ အကြီးဆုံးမရီးက ကမန်းကတန်း လက်ခါပြီး ငြင်းပယ်လိုက်သည်၊ “ဟင့်အင်း၊ အာ့ထောင်၊ ငါ နင့်ဆီကနေ တန်ဖိုးကြီးလက်ဆောင်ကို လက်မခံနိုင်ဘူး။”

 

“အကြီးဆုံးမရီး ကျွန်မ မရီးကို သလဲသီးပုံသဏ္ဍာန်ငွေနားကပ်ပေးတာက ကလေးများများ ရနိုင်ပါစေလို့ ကိုယ်စားပြုတယ်လေ” ကျီကျောက်က ပြုံးရယ်ကာ စကားဆိုလိုက်သည်။ ထို့နောက် သူမသည် အကြီးဆုံးမရီးရှန်း၏ လက်ဖဝါးထဲသို့ ငွေနားကပ်တစ်ရံကို ထည့်ပေးလိုက်သည်။ အကြီးဆုံးမရီး ပြန်မတုံ့ပြန်နိုင်ခင်မှာ သူမသည် ရှန်းယောင်၏ လက်ကောက်ဝတ်ကို ဆွဲပြီး ထွက်ပြေးခဲ့သည်။

 

“ဒီအာ့ထောင်ကတော့” အကြီးဆုံးမရီးရှန်းက စိုးရိမ်တကြီး လိုက်ဖမ်းခဲ့ပေမယ့် အခုဆိုင်မှာ သူမ တစ်ဦးတည်းသာ ရှိနေသဖြင့် သူမကို လိုက်မဖမ်းမိနိုင်ခဲ့ပါဘူး။

 

အကြီးဆုံးမရီးရှန်းသည် သူမ၏ လက်ဖဝါးကို ဖွင့်ကာ သူမ၏ လက်ဖဝါးပေါ်တွင် တိတ်တဆိတ် လဲလျောင်းနေသော သလဲသီးပုံသဏ္ဍာန် ငွေနားကပ်တစ်ရံကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် တဖြည်းဖြည်း နီရဲလာခဲ့သော်လည်း သူမ၏ နှုတ်ခမ်းထောင့်စွန်းတွေကတော့ အနည်းငယ် ကျယ်ပြန့်လာခဲ့သည်။

 

တစ်ဖက်တွင်မူ ရှန်းယောင်သည် ကျီကျောက်နှင့်အတူ နွားလှည်းဖြင့် ရွာသို့ ပြန်လာခဲ့သည်။

 

“အာ့ထောင် မင်းလက်ဖြန့်ကြည့်” ရှန်းယောင်က သူ့ဘေးမှာ ထိုင်နေတဲ့ ကျီကျောက်ကို ရုတ်တရက် ဘေးတိုက် ခိုးကြည့်ပြီး တိုးတိုးလေး ရယ်လိုက်သည်။