အခန်း (၅၃) - ကျေးဇူးပြုပြီး
ကျွန်မ ဒူးထောက်အရိုအသေပေးတာကို လက်ခံပေးပါ
ရှန်းယောင်ဟာ
ဝူချင်းရှီလေ့ကျင့်ခန်း၏ လှုပ်ရှားမှုပုံစံတွေကို လေ့လာပြီးတဲ့အခါ ကျီကျောက်ဟာ
ကြော့ရှင်းပြေပြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားခဲ့သည်။
“ရှန်းယောင်” ကျီကျောက်သည်
ရုတ်တရက် သူနဲ့ မျက်နှာချင်းဆိုင်ပြီး လေးနက်တဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်မ ဒူးထောက်အရိုအသေပေးတာကို လက်ခံပေးပါ”
ဒီလူက တကယ့်ကို အံ့ဩစရာကောင်းသည်။
သူက ဝူချင်းရှီကို တစ်ကြိမ်ကြည့်ရုံနဲ့ ကောင်းကောင်းကစားနိုင်သည်။
“မင်း ဒူးနာသွားလား” ရှန်းယောင်က
စိုးရိမ်တကြီး မေးမြန်းလိုက်သည်။ သူက သူမ၏ ဒူးခေါင်းကို စစ်ဆေးရန် သူမရှေ့
မသိစိတ်အရ ထိုင်ချလိုက်သည်။
ရယ်ရမလို ငိုရမလို ဖြစ်သွားတဲ့
ကျီကျောက်တစ်ယောက် သူ့ကို အလျင်စလို ရှင်းပြလိုက်ရသည်။ “တကယ်တော့ ဒီစာကြောင်းရဲ့
အဓိပ္ပါယ်က ရှင့်ကို ကျွန်မ အရမ်းလေးစားတယ်လို့ဆိုလိုတာပါ။”
“ဒီလိုလား” ရှန်းယောင်က
နားလည်သဘောပေါက်သွားဟန် ပြုံးလိုက်သည်။
ရှန်းယောင်သည် သဘာဝအတိုင်း
ရုပ်အဆင်း ပြေပြစ်သည်။ သူ့ရဲ့ မျက်နှာအသွင်အပြင်က ရှင်းလင်းပြတ်သားပြီး
ဖီးနစ်မျက်လုံးများပါ ရှိသည်။
ဒါပေမယ့် သူ
ပြုံးလိုက်တဲ့အခါမှာတော့ ကျီကျောက်က သူမတူအောင်ကြည့်ကောင်းလှတဲ့ သခင်ငယ်လေး ဆိုတဲ့
စကားလုံးရဲ့ အဓိပ္ပါယ်ကို နောက်ဆုံးမှာ နားလည်သွားခဲ့ပါသည်။
သူပြုံးလိုက်တဲ့အခါ သူ့မျက်နှာက
မြို့တစ်မြို့ကို ဝယ်ယူနိုင်သည်။
မသိလိုက်ဘဲ ကျီကျောက်တစ်ယောက်
အနည်းငယ် စွဲလမ်းသွားပုံရသည်။
ကျောက်လန်ဟွာထံမှ ရုတ်တရက်
ထွက်ပေါ်လာတဲ့ အသံကြောင့် ကျီကျောက်တစ်ယောက် သူမရဲ့ စိတ်ကူးယဉ်အတွေးတွေထဲကနေ
ရုန်းထွက်လာနိုင်ခဲ့သည်။
“အာ့ထောင် ငါ့လက်ကိုကြည့်ပါဦး။
အမေလုပ်တာ မှန်ကန်ရဲ့လား။” ကျောက်လန်ဟွာက ဝူချင်းရှီလေ့ကျင့်ခန်းကို စိတ်ဝင်တစား
ကစားနေရင်း ရွှင်မြူးစွာ မေးမြန်းလိုက်သည်။
“အမေ အမေက
ကောင်းကောင်းလုပ်နိုင်တာပဲ။” ကျီကျောက်က မဆိုင်းမတွ ချီးကျူးလိုက်သည်။ “ဒါပေမယ့်
အမေ ညာဖက်လက်ကို နည်းနည်းမြင့်အောင် မြှောက်နိုင်ရင် ပိုကောင်းလိမ့်မယ်။”
“ဒီလိုလား။”
“ဟုတ်တယ် အမေ”
ရှန်းယောင်သည် ရင်ကို
နွေးထွေးသွားစေသော မြင်ကွင်းကို ဘေးကနေ ရပ်ကြည့်နေခဲ့သည်။ သူ့ရဲ့ လှပသော
နှုတ်ခမ်းပါးလေးသည် အသာလေး ကွေးညွှတ်သွားပြီး ပြုံးရယ်သွားခဲ့မိသည်။
နာရီဝက်အကြာတွင်
ဝူချင်းရှီလေ့ကျင့်ခန်း လေ့ကျင့်ပြီးနောက် ကျောက်လန်ဟွာသည် လန်းဆန်းတက်ကြွမှုကို
ခံစားခဲ့ရသည်။
နံနက်စာစားသောက်ပြီးနောက်
ကျီကျောက်သည် ကျောက်လန်ဟွာနှင့်အတူ ခရိုင်မြို့သို့ ထွက်လာခဲ့သည်။
ရှန်းကျီအစာသွပ်မုန့်ဆိုင်။
အကြီးဆုံးမရီးရှန်းသည်
အိမ်နောက်ဖေးရှိ မီးဖိုချောင်လေးကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
သန့်ရှင်းရေးလုပ်ဆောင်နေပြီးဖြစ်သည်။
“အစ်မ၊ အစ်မရဲ့ တတိယခယ်မရှန်းက
အရမ်းတော်လား။” ဖုန့်ချွင်းယန်သည် အစ်မဖြစ်သူ၏ အလုပ်များနေသော
နောက်ကျောကိုကြည့်ပြီး ကျီကျောက်ကို အနည်းငယ် စိတ်ဆိုးသွားသည်။ “အရင်က
အဒေါ်လန်ဟွာရဲ့ အချစ်ဆုံးချွေးမက အစ်မဖြစ်ခဲ့ဖူးပေမယ့် အခု…”
“နင်က ကလေးပဲရှိသေးတယ်။
အဓိပ္ပါယ်မရှိတာတွေ သိပ်မပြောနဲ့။” အကြီးဆု့းမရီးရှန်းက သူမ ညီမလေး၏ ပါးကို
ဆွဲညစ်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။ “တကယ်တော့ အာ့ထောင်က မဆိုးပါဘူး။ ငါ
အရင်က သူ့ကို ကောင်းကောင်း မသိခဲ့လို့ပါ၊ ဒါ့ကြောင့် ငါ နင့်အရှေ့မှာ
အဲ့လိုမျိုးတွေ ပြောခဲ့မိတာ…”
“ငါကတော့ ကျီအာ့ထောင်က
အကြံကြီးလွန်းတယ်လို့ပဲထင်တယ်။ ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ သူမက တကယ်တမ်း
ရှန်းမိသားစုထဲက လူတိုင်း သူမကို အလင်းရောင်သစ်လေးလို မြင်အောင်
ပြုလုပ်ချင်နေတာလေ။” ဖုန့်ချွင်းယန်က နှုတ်ခမ်းစူပြီး ပြောသည်။ “သူမက အကြံကြီးပြီး
ခရိုင်မြို့ပေါ် လာချင်နေတာ၊ ဒါပေမယ့် အဆုံးမှာတော့ အစ်မကြီးပဲ ဒီဆိုင်အတွက်
အရမ်းကြိုးစားခဲ့ရတာ… အဒေါ်လန်ဟွာလည်း အတူတူပဲ။ အခု အဒေါ်လန်ဟွာက သူမရဲ့
ချော့မြူစကားတွေကို နားယောင်နေပြီပဲ မဟုတ်လား။ အစ်မ ငါ့စကားလုံးတွေ နင့်ကို
နားဝင်ဆိုးစေတာဖြစ်ချင်ဖြစ်မယ်။ ကျီအာ့ထောင် စီးပွားရေးလုပ်ဖို့အတွက် ဒါက
မဖြစ်နိုင်တာ မဟုတ်ဘူး၊ ဒါပေမယ့် သူက ငါတို့ရဲ့ အစာသွပ်မုန့်ဆိုင်ကို
ငှားရမ်းနိုင်တယ်မလား။”
“အစ်မ ဒီမုန့်ဆိုင်က နင်နဲ့
ခဲအိုတို့ နှစ်အတော်ကြာ လုပ်ကိုင်လည်ပတ်ခဲ့တဲ့ မိသားစုပိုင်ပစ္စည်းတစ်ခုပါ။
ငါတို့ဖုန့်မိသားစုက မုန့်မျိုးစုံလျှို့ဝှက်နည်း သုံးဆယ်ကျော်ကို
မထုတ်ပေးနိုင်ခဲ့ရင် ဒီဆိုင်ရဲ့ စီးပွားရေးက ပိုကောင်းလာပါ့မလား။” ဖုန့်ချွင်းယန်က
ဒီအကြောင်းကို ပိုတွေးလေလေ သူ့အစ်မအတွက် ပိုခံစားလာရလေလေပါပဲ။
“ချွင်းယန် နင်
အရမ်းအတွေးလွန်နေပြီ။” အကြီးဆုံးမရီးရှန်းက ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ “အမေက
ဒီမုန့်ဆိုင်ကို ငါနဲ့ တာ့လန်တို့ရဲ့ ပိုင်ဆိုင်မှုလို့ အရင်ကတည်းက ပြောခဲ့ဖူးတယ်။
သူတို့ကို လစဉ်ထောက်ပံ့ကြေး နည်းနည်းလောက် ပေးနေသရွေ့ အဆင်ပြေတယ်လို့ပြောထားတယ်။”
“အခုတော့ ဒီစကားက အမှန်ပဲ၊
ဒါပေမယ့် နောင်အနာဂတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာ အာမမခံနိုင်ဘူး” ဖုန့်ချွင်းယန်က
အလေးအနက်ပြောသည်၊ “အစ်မ ငါ့ရဲ့ နားဝင်ဆိုးစေတဲ့ စကားတွေကို ဗွေမယူပါနဲ့။ မိဘတွေက
အငယ်ဆုံးကလေးကို အချစ်ဆုံးဆိုတဲ့ ရှေးဆိုရိုးလည်း ရှိခဲ့တာပဲ မဟုတ်လား။ ဒါ့အပြင်
တတိယအစ်ကိုရှန်းက မကျန်းမာဘူး။ ကျီအာ့ထောင်က ငါတို့မုန့်ဆိုင်ကို
အကြံဉာဏ်မထုတ်ဘူးလို့ အာမခံချက် မရှိဘူး။”
ဖုန့်ချွင်းယန်၏
ခွဲခြမ်းစိတ်ဖြာတဲ့ စကားတွေကို ကြားပြီးနောက် အကြီးဆုံးမရီးရှန်း၏ စိတ်ထဲ
တုန်လှုပ်ချောက်ချားသွားခဲ့မိသည်။
မနက်မိုးလင်းတော့ ကျောက်လန်ဟွာက
ကျီကျောက်ကို မုန့်ဆိုင်ကို ခေါ်သွားခဲ့သည်။
“အမေ တတိယခယ်မလေး”
အကြီးဆုံးမရီးရှန်းက ကမန်းကတန်း နှုတ်ဆက်ဖို့ ထွက်လာခဲ့ပေမယ့် သူမ၏ မျက်နှာပေါ်ရှိ
အပြုံးက အနည်းငယ် ဖျော့တော့နေခဲ့သည်။
“အကြီးဆုံးချွေးမ
ဘာဖြစ်နေတာလဲ။ နင် နေမကောင်းဘူးလား။” ကျောက်လန်ဟွာက စိုးရိမ်စိတ်ဖြင့် သူမ၏ နဖူးကိုစမ်းပြီး
အဖျားမရှိကြောင်း အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။