Ch 37
Viewers 13k

အခန်း (၃၇) - ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ

 

“အဲ့ဒီကောင်မလေး အာ့ထောင်ရဲ့ ဘဝက ဒီလောက်တောင် သနားစရာကောင်းလိမ့်မယ်လို့ မထင်ထားဘူး” ရှန်းမိသားစုအိမ်ခြံဝင်းတွင် ကျောက်လန်ဟွာက ဟင်းသီးဟင်းရွက်တွေကို ကောက်ကိုင်ရင်း သက်ပြင်းချလိုက်သည်။

 

“ဟုတ်တယ်နော် အမေ” ဒုတိယမရီးရှန်းက စောဒက မတက်ဘဲ မနေနိုင်ပေ။ “ကျီမိသားစုအဖွားက သူ့ရဲ့ မြေးအရင်းကိုတောင် မလိုချင်ဘူးလို့ မထင်ထားဘူး… အာ့ထောင်က တကယ်သနားဖို့ကောင်းတယ်။”

 

“ဒါပေမယ့် အမေ အခု အာ့ထောင်က နောက်ထပ် ဆီပုလင်းသေးသေးလေးပါ ပါလာတော့ သူ့ကို တတိယမောင်လေးနဲ့ ရင်ကြားစေ့ပေးချင်သေးရဲ့လား” ဒုတိယမရီးရှန်းက စပ်စပ်စုစု မေးလိုက်ပါသည်။

 

“ဒါက ထူးဆန်းတယ်” ကျောက်လန်ဟွာက အတင်းတုပ်နေသော ဒုတိယမရီးရှန်းကို သံသယစိတ်ဖြင့် စိုက်ကြည့်လိုက်သည်။ ကျောက်လန်ဟွာက မျက်ခုံးပင့်ပြီး “အာ့ထောင် ရှန်းမိသားစုဆီ ပြန်ရောက်လာရင် နင် စိတ်မဆိုးဘူးလား” ဟု မေးလိုက်သည်။

 

“ကျွန်မ သူ ယူလာတဲ့ ကြက်တွေ ငါးတွေ အများကြီး စားခဲ့ပြီးပြီ။ ဒါတောင်မှ အရင်က အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဒေါသထွက်နေသေးရင် အဲ့တာက ကျွန်မ အရမ်းစိတ်မပြည့်ရာ မရောက်ဘူးလား” ဒုတိယမရီးရှန်းက တခစ်ခစ်ရယ်ရင်း ပြောလာခဲ့သည်။

 

တကယ်တော့ ကျီအာ့ထောင်ရဲ့ ကံက အရမ်းကောင်းတာကြောင့် ဖြစ်လေသည်။

 

ကျီအာ့ထောင်က ကြက်တွေ ငါးတွေကို ခဏခဏ ပြန်ယူလာသရွေ့ ကျီအာ့ထောင်နဲ့ တတိယမတ်လေးတို့ ပြန်လည်သင့်မြတ်သွားတာကို သူမ စိတ်မရှိဘူး။

 

ထိုအခြင်းအရာမှ သူမ အကျိုးအမြတ်တွေ ရမယ်ဆိုရင် သူမ ဘာဖြစ်လို့ သဘောမတူရမှာလဲ။

 

“ဒီနေ့ နေက အနောက်ကနေ ထွက်လာတာလား။ ငါ့ဒုတိယချွေးမက ရုတ်တရက်ကြီး ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပလာသလိုပဲ။”

 

“အမေ…” ဒုတိယမရီးရှန်းက ရှက်ချင်ယောင်ဆောင်ပြီး အဝေးသို့ အကြည့်လွှဲလိုက်သည်။

 

ကျောက်လန်ဟွာက သူမကို ရယ်ရွှင်မြူးစွာကြည့်နေခဲ့သည်။

 

“တကယ်တော့ အာ့ထောင်က စိတ်ရင်းမှန်နဲ့ နောင်တရနေတာ၊ ဒါပေမယ့် အာ့ထောင်က စန်းလန်ကို မကြိုက်မှာ ငါစိုးရိမ်တယ်” ကျောက်လန်ဟွာက ခူးဆွတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးကို ရေဆေးပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားခဲ့သည်။

 

ထိုအချိန်၊ မြေကမ္ဘာဘုရားကျောင်းတွင်။

 

ကျီကျောက်နှင့် ကျီချန်တို့သည် မြေကမ္ဘာဘုရားရုပ်တုရှေ့တွင် ဒူးထောက်ထိုင်နေကြသည်။

 

“တပည့်တော်ကျီကျောက်က အရိုအသေပြုပါတယ်။ တပည့်တော်မ မြေကမ္ဘာဘုရားကို နောက်တစ်ကြိမ် အနှောင့်အယှက် ပေးရပါဦးမယ်” ကျီကျောက်သည် လက်အုပ်ချီပြီး ရိုသေလေးမြတ်စွာ သုံးကြိမ်တိုင်တိုင် အရိုအသေပြုခဲ့သည်။

 

“ချန်ချန်၊ အစ်မလို လိုက်လုပ်ချေ”

 

“အစ်မ…” ကျီချန်သည် သူမ၏ လှုပ်ရှားမှုများကို တုပကာ ကိုးရိုးကားရားဖြင့် သုံးကြိမ်တိုင်တိုင် ကန်တော့ခဲ့သည်။

 

သို့ရာတွင် သူ့ရဲ့ လှုပ်ရှားမှုတွေက အားပြင်းလွန်းလှသဖြင့် သူ့နဖူးတွင် မြေမှုန့်တွေတောင် သဲလွန်စ ကျန်ရှိနေခဲ့သည်။

 

“ချန်ချန် မနာဘူးလား” ကျီကျောက်က သူ့နဖူးလေးကို ချစ်ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ သူမသည် အရှေ့ကို ကိုင်းကာ သူ့နဖူးပေါ် လေမှုတ်ပေးလိုက်သည်။ ထို့နောက် ကျီကျောက်သည် ကျီချန်၏ မျက်ဝန်းတွေကို အသေအချာကြည့်ကာ တိုးတိုးလေး ရှင်းပြခဲ့သည်၊ “နောက်အခါတွေကျရင် ဒီလောက် အပြင်းအထန် ကန်တော့စရာ မလိုဘူး။ မြေကမ္ဘာဘုရားကို စိတ်ရင်းမှန်နဲ့ ကိုးကွယ်ဆည်းကပ်ရုံနဲ့တင် ရပါတယ်။”

 

ကျီချန်သည် ဘာမှ ပြန်မပြောပေမယ့် သူ့ရဲ့ ကြည်လင်တောက်ပသော မျက်ဝန်းနက်တစ်စုံတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

 

“ဗိုက်ဆာပြီလား” ကျီကျောက်သည် သူ့ဝမ်းဗိုက်ထဲမှ အသံကိုကြားတော့ ပိုပြီး ကူကယ်ရာမဲ့သွားခဲ့သည်။

 

“ဒီမှာထိုင်ပြီး အစ်မ ပြန်လာတာကို စောင့်နေ၊ ဟုတ်ပြီလား။”

 

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီးနောက် ဦးညွှတ်ကန်တော့ပြီး မြေကမ္ဘာဘုရားကျောင်း အပြင်ဘက် ထွက်လာခဲ့သည်။ သိပ်မကြာခင်မှာပဲ သူမ ပြန်ရောက်လာခဲ့သည်။

 

ကျီကျောက်သည် ကျီချန်ထံ မြက်ကြိုးချည်ထားသည့် နှံကောင်ကို လက်လွှဲပေးပြီး နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်၊ “ချန်ချန် အစ်မ အခု ရိက္ခာသွားရှာလိုက်ဦးမယ်။ မင်းက ဒီမှာနေပြီး ဘယ်မှ မသွားနဲ့၊ ဟုတ်ပြီလား။”

 

ကျီချန်သည် သူ့ရှေ့က နှံကောင်ကို စိုက်ကြည့်ရင်း အကြည့်မလွဲနိုင်ဘူး။

 

သူတို့ရဲ့ အစာအိမ်ကို ဖြည့်တင်းနိုင်ဖို့အတွက် ကျီကျောက် ထွက်လာခဲ့သည်။

 

သို့ပေမယ့် သူမ၏ ကံက တကယ်ကောင်းတယ်။ ခဏလောက် လမ်းလျှောက်ပြီးနောက် သူမသည် တစ်ကောင်တည်း ကျက်စားနေတဲ့ တောကြက်တစ်ကောင်ကို တွေ့လိုက်ရသည်။

 

ကျီကျောက်သည် အခွင့်အရေးကို အရယူပြီး လျင်မြန်စွာ လှုပ်ရှားခဲ့သည်။

 

ကျီကျောက်သည် သူမလက်ထဲက ဓားဖြင့် အင်းဆက်တွေကို စားဖို့ ခေါင်းငုံ့နေတဲ့ တောကြက်ကို မြန်မြန်ဆန်ဆန်၊ တိကျသေချာပြီး အကြင်နာကင်းမဲ့စွာ ချိန်ရွယ်ထားခဲ့သည်။

 

ကျီကျောက်သည် ခဏလောက် စဉ်းစားပြီး အနီးနားက ကြာကန်ထဲမှ ကြာရွက်အချို့ကို ခူးဆွတ်လာခဲ့သည်။

 

သူမ မြေကမ္ဘာဘုရားကျောင်းသို့ပြန်ရောက်ပြီးနောက် သူမသည် လေထုထဲမှ သင်းပျံ့သော မွှေးရနံ့ကို ရှုရှိုက်လိုက်ရသည်။

 

ကျီကျောက်သည် အလျင်စလို လမ်းလျှောက်လာခဲ့ပေမယ့် သူမရှေ့က မြင်ကွင်းက သူမကို အံ့အားသင့်သွားစေခဲ့သည်။

 

“ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ” ကျီကျောက်သည် သူမလက်ထဲက အရာဝတ္ထုများကို အောက်ချပြီး သူမမျက်နှာကို ပေါ့ပေါ့ပါးပါး သုတ်လိုက်သည်။ သူမသည် ရှန်းယောင်ကို အံ့အားတသင့် ကြည့်လိုက်သည်၊ “ချန်ချန်က အမြဲလိုလို တခြားသူတွေနဲ့ ရင်းနှီးလိုတဲ့ ဆန္ဒမရှိဘူး။ ရှင် သူ့ကို အစားအစာ တကယ်ကျွေးလို့ရတယ်လား”

 

“လောကကြီးမှာ ဘယ်အရာမှ မခဲယဉ်းဘူး၊ လုပ်ချင်စိတ်ရှိဖို့ပဲ လိုအပ်တာပါ” ရှန်းယောင်က သူ့နှုတ်ခမ်းတွေကို တိတ်တဆိတ် ကွေးညွှတ်ပြီး သူမကို ပြန်ကြည့်ကာ ခပ်ဖွဖွ ပြုံးပြလိုက်သည်။