Ch 8
Viewers 13k

အခန်း (၈) - ပျက်စီးနေသော မြေကမ္ဘာဘုရားကျောင်း

 

ကျီကျောက်တစ်ယောက် ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။ အဆုံး၌ သူမသည် ထောင့်တစ်နေရာတွင် ပြန်ထိုင်ချပြီး မြေကြီးပေါ် ဟိုခြစ်ဒီခြစ် လုပ်ရန် သစ်ကိုင်းတစ်ချောင်း ကောက်ယူခဲ့သည်။

 

ကြည့်ရတာ ရှန်းမိသားစုက သူမကို လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမယ့်ပုံမပေါ်ဘူး။

 

ဒါ့ကြောင့် သူမသည် နေထိုင်စရာ နေရာတစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေဖို့ တွေးရပေမည်။

 

မနေ့က သူမ ဝက်စာမြက်တွေ စုဆောင်းဖို့ အနောက်တောင်ပေါ်သွားစဉ်က ရိုးရှင်းတဲ့ မြေကမ္ဘာဘုရားကျောင်းတစ်ကျောင်းကို တွေ့ခဲ့သည်။

 

ထို့အပြင် မြေကမ္ဘာဘုရားကျောင်းသည် ရှန်းမိသားစု နေထိုင်ရာနှင့် သိပ်မဝေးလှပေ။ ၄မိုင် ၅မိုင်ခန့်သာ ကွာဝေးသည်။

 

ကျီကျောက်သည် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။ သူမသည် ဆုံးဖြတ်ချက်ချပြီးနောက် မြေကမ္ဘာဘုရားကျောင်းသို့ ချက်ချင်း ထွက်ခွာလာခဲ့သည်။

 

ထို့ကြောင့် ကျောက်လန်ဟွာသည် ကျီကျောက်အတွက် ကြက်စွပ်ပြုတ် တစ်ပန်းကန် ယူလာပေးသည့်အခါတွင် သူမသည် ခြံတံခါးအပြင်ဘက်တွင် ပျောက်ကွယ်သွားပြီးဖြစ်သည်။

 

“အမေ” ဗိုက်ပြည့်အောင် စားသောက်ပြီးသည့် ဒုတိယမရီးသည် သူမဗိုက်ကိုကိုင်ကာ တံခါးဆီသို့ လျှောက်လာခဲ့သည်၊ “ကျီအာ့ထောင် ထွက်သွားပြီလား။”

 

“သူမ ထွက်သွားပြီထင်တယ်။”

 

“ကျန်တဲ့ ကြက်စွပ်ပြုတ်ကိုရော ဘာလုပ်မလဲ။ ကျွန်မကို ပေးနိုင်မလား။”

 

“နင် နှစ်ပန်းကန်တောင် သောက်ပြီးပြီလေ” ကျောက်လန်ဟွာက သူမကို ဒေါသတကြီး စိုက်ကြည့်ပြီး “နင် စိတ်ကျေနပ်တဲ့အထိ စားမလို့လား။” ဟု မေးလိုက်သည်

 

“အမေ အဲဒါစားချင်တာက အမေ့မြေးပါ၊ ကျွန်မ မဟုတ်ဘူး” ဒုတိယမရီးရှန်းက သူမကို အပြစ်ကင်းစွာ ကြည့်ပြီး နှုတ်ခမ်းစူလိုက်သည်။

 

“ကျန်တဲ့ ကြက်စွပ်ပြုတ်ကို နင့်အတွက် နင့်မရီးကို နေ့လည်ကျရင် ခေါက်ဆွဲ နည်းနည်းလောက် ချက်ခိုင်းလိုက်ချေ။”

 

“ဟုတ်ကဲ့”

 

ကျောက်လန်ဟွာသည် စကားအနည်းငယ်ပြောပြီး ခြင်းတောင်းကို ကျောပိုးကာ ထွက်သွားခဲ့သည်။

 

ယခုနှစ်ပိုင်း အဆင်မပြေသောကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်က အိမ်နီးနားချင်း ညီအစ်မ ကွေ့ဟွားနှင့် အနောင်တောင်ပေါ်မှာ စားသုံးနိုင်သော တောင်ပေါ်ထွက်ကုန်များ ရှာဖွေရန် ချိန်းထားခဲ့သည်။

 

“အစ်မ ကွေ့ဟွား”

 

“လာပြီ” ကြက်စာကျွေးနေတဲ့ အစ်မကွေ့ဟွားသည် ရင်းနှီးတဲ့အသံကိုကြားတော့ ကပျာကယာ တုံ့ပြန်ပြီး ခြံဝင်းထဲက အမြန်ထွက်လာခဲ့သည်။

 

“မနေ့က နင့်မိသားစုမှာ ပြဿနာ အကြီးကြီးတက်ခဲ့တော့ ချိန်းထားတာကို နင်မေ့သွားပြီလို့ ငါထင်နေတာ” အစ်မကွေ့ဟွားသည် သူ့လက်မောင်းကို ခင်မင်ရင်းနှီးစွာ ဆုပ်ကိုင်ထားပြီး “ညီမလန်ဟွာ နင့်ရဲ့ စန်းလန်က ကျီအာ့ထောင်နဲ့ သေချာပေါက် ကွာရှင်းလိမ့်မယ်။ ငါ နင့်ကိုပြောမယ်၊ အဲဒီကျီအာ့ထောင်က အရမ်းဆွဲဆောင်နိုင်လွန်းတယ်။ ရှေးစကားကို မပယ်ရှားကောင်းဘူး။ မိန်းမလှတွေက အရမ်းပြဿနာများတယ်။”

 

ကျောက်လန်ဟွာသည် မျက်နှာပေါ်မှာ တင်းတိပ်အပြည့်နှင့် မျက်စိစွေစောင်းနေသော အစ်မကွေ့ဟွားကို တိတ်တဆိတ် စိုက်ကြည့်ကာ မပြုံးတပြုံး မျက်နှာဖြင့် ပြောလိုက်သည်၊ “ရှင် ဒီလိုမျိုး ပုံသေကားချပ်ပြောလိုက်လို့ မရဘူး။ ဒီကမ္ဘာမှာ မိန်းမလှတွေ အများကြီးရှိတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်တယ်လို့ မပြောနိုင်ဘူးလေ။”

 

“ကျွတ်စ်… ငါ နင့်ကို ဆက်မပြောတော့ပါဘူး။ စိတ်ထဲမထားပါနဲ့။”

 

“ကောင်းပြီ၊ ကောင်းပြီ၊ ငါ နင့်အကြောင်း မသိတာမှမဟုတ်တာ” ကျောက်လန်ဟွာက အလျင်စလို ပြောလိုက်သည်၊ “ငါတို့ တောင်ပေါ်ကို တစ်ချက်သွားကြည့်ရအောင် မြန်မြန်သွက်သွက်လေး လုပ်ချေ။ ငါတို့နောက်ကျရင် ဘာမှ ရှာမတွေ့မှာ စိုးရိမ်ရတယ်။”

 

“ကောင်းပါပြီ” သူတို့နှစ်ယောက်သား ခြေထောက်အရှိန်ကိုမြှင့်ကာ အနောက်တောင်ဘက်ဆီ ခပ်သွက်သွက် လျှောက်သွားခဲ့သည်။

 

တစ်ချိန်တည်းမှာပင် ကျီကျောက်သည် ရိုးရှင်းသော မြေကမ္ဘာဘုရားကျောင်းဆီသို့ ရောက်ရှိနေပြီဖြစ်သည်။

 

သူမသည် ဘုရားကျောင်းထဲသို့ လျှောက်ဝင်သွားသော်လည်း ထူထဲသော ဖုန်မှုန့်များကြောင့် နောက်ပြန်ဆုတ်ပြီး ချောင်းဆိုးသွားခဲ့ရသည်။

 

အဟွတ် အဟွတ်...

 

ဂရုတစိုက်ကြည့်ရှုပြီးနောက် မြေကမ္ဘာဘုရားကျောင်း၏ အရွယ်အစားသည် သိပ်မသေးကြောင်း သူမ တွေ့လိုက်ရသည်။ အနည်းဆုံး တစ်ဆယ်စတုရန်းမီတာခန့်ကျယ်ဝန်းပေသည်။

 

ဘုရားကျောင်း၏ အမြင့်ကတော့ ၄ ပေ ၁၁ လက်မခန့်ပဲရှိကာ နိမ့်လွန်းသည်။

 

အရပ် ၅ ပေ ၅ လက်မရှိသော ကျီအာ့ထောင်သည် ဘုရားကျောင်းထဲ ဟိုဟိုဒီဒီ သွားလာဖို့ ခန္ဓာကိုယ်ကို ကိုင်းညွှတ်ပြီး သွားလာခဲ့ရသည်။

 

ကျီကျောက်သည် မြေပြင်ပေါ်တွင် လဲကျနေသည့် မြေကမ္ဘာဘုရားကို ထူမတ်ပေးပြီးနောက် လေးလေးစာစား ဒူးထောက်ကာ ဦးသုံးကြိမ်ချခဲ့သည်။

 

“မြေကမ္ဘာဘုရား၊ ကျွန်မက ရှင့်ကို ကိုးကွယ်ဆည်းကပ်သူပါ။ ဒီအတောအတွင်း ကျွန်မ ရှင့်ကို ဒုက္ခပေးရပါဦးမယ်။ စိတ်မပူပါနဲ့၊ ကျွန်မ ဒီမှာ အလကားနေမှာ မဟုတ်ပါဘူး” ကျီကျောက်သည် ရိုးရိုးသားသားပြောသည်၊ “ကျွန်မ ခဏနေကျရင် ဘုရားကျောင်းတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ပေးမယ်။ အနာဂတ်မှာ ကျွန်မ ပိုပြီးချမ်းသာကြွယ်ဝလာတဲ့အခါ ရှင့်ကို အရသာရှိတဲ့ အစားအသောက်တွေ ကပ်လှူပေးမယ်။ ကျွန်မ အချမ်းသာဆုံးမိန်းမဖြစ်လာတဲ့အခါကျရင် ရှင့်ကို ရွှေချပေးမယ်။”