Ch 9
Viewers 3k

(9)


နေ့လည် နှစ်နာရီ၊ ပြင်ပအပူချိန်- ၃၈.၅။


ကျင်းရန်နှင့် လူတစ်စုမှာ တွန်းလှည်းကို လက်ဖြင့် တွန်း၍  ပူပြင်းသော နေရောင်အောက်တွင် ဖြည်းညှင်းစွာ လှုပ်ရှားသွားနေခဲ့ကြသည်။ ကူလီအဖြစ်လုပ်ဆောင်မည့် ကောင်လေးများအပြင် ကောင်မလေးအနည်းငယ်လည်း ပါဝင်သေးသည်။ 

    

အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဆိုအရ ယောက်ျားလေးများသက်သက်ဆိုပါက ငယ်ရွယ်သော ကျောင်းသားများအတွက် ဝမ်းနည်းကြေကွဲသွားစေလိမ့်မည်ဖြစ်ပြီး ထိုငယ်ရွယ်သော ကျောင်းသားများကို ထောက်ထားစာနာသောအားဖြင့် မိန်းကလေးများသည်လည်း ဤတာဝန်တွင် ပါဝင်ဖို့ ဖြစ်လာခဲ့ကြသည်။


မိန်းကလေးတွေက အထူးတလည်ကောင်းမွန်စွာ ဝတ်ဆင်လာခဲ့ကြသည်။ သူတို့က ထီးများကို ကိုင်ဆောင်ထားခဲ့ကြပြီး လန်းဆန်းစေမည့် စကတ်တိုကိုဝတ်ဆင်ကာ မိတ်ကပ်ခပ်ပါးပါးကို လိမ်းခြယ်ထားပြီး သူတို့၏ ဆံပင်များမှလည်း မွှေးပျံ့သည့်ရနံ့များကို ရရှိနေခဲ့သည်။


ရှန်ကျစ်ရှောင်းက အလွန် အားကျနေခဲ့ပြီး ကျင်းရန်ဘက်ကို လှည့်ပြောလာချေသည်။


“ထုန်ထုန်က အတော်လေးလှတာပဲ” 


ကျင်းရန်မှာ နေရောင်နှင့် ထိတွေ့ခံနေရပြီး ပေါက်ကွဲလုနီးပါးဖြစ်နေကာ စကားပြောချင်စိတ်မရှိတော့ဘဲ လေသံနှင့်သာ တုံ့ပြန်ခဲ့သည်။


“အမ်”


ထိုအခိုက်တွင် သူ့၏ ဦးခေါင်းထက်မှနေရောင်မှာ ရုတ်တရက်အနည်းငယ်အားလျော့သွားခဲ့ရပြီး ကျင်းရန်တစ်ယောက် ပန်းရနံ့တချို့ကို အနံ့ရရှိခဲ့သည်။ ထုန်ထုန်က သူ့၏ ဘေးနားသို့ အပြုံးတစ်ခုဖြင့် လျှောက်လာခဲ့ကာ သူမကိုင်ထားသည့် ထီးကို ကျင်းရန်ဆီသို့ အုပ်မိုးပေးလာခဲ့ခြင်းပင်။


ကျင်းရန် အလျှင်အမြန် ပြောလိုက်မိသည်။


“ငါက နေပူတာကို မကြောက်ဘူး၊ မင်း ကိုယ့်ဘာသာကိုယ် ဆောင်းထားသင့်တယ်”


ထုန်ထုန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလာသည်။


“ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ထီးကိုကိုင်ထားရမှာပဲလေ၊ လူတစ်ယောက်နှင့် လူနှစ်ယောက်ကြားက ကွာခြားမှု မရှိဘူး”


တခြားအတန်းဖော်များ၏ရှေ့တွင်ဖြစ်၍ ကျန်းရန်က ခေါင်းညိတ်ပြပြီး ပြောရုံသာ တတ်နိုင်ခဲ့သည်။


“ကျေးဇူးတင်ပါတယ်”


ဘေးပတ်ဝန်းကျင်ရှိ အတန်းဖော်များမှာ အတင်းအဖျင်းပြောချင်သည့်အကြည့်များဖြင့်ဖလှယ်လာကြပြီး ကျိယွမ်ရှီးကလည်း လေချွန်လာခဲ့သည်။ ကျင်းရန်၏ သူ့ကိုပြန်ကြည့်လာသည့် အကြည့်ထဲတွင်တော့ လူသတ်ချင်သည့် အရိပ်အယောင်များဖြင့် ပြည့်နေခဲ့သည်။


ကစားကွင်းထဲရှိ နည်းပြဆရာသည်လည်း တက္ကသိုလ်မှ သတင်းရရှိထားခဲ့ပြီး ကျောင်းသားများ လွတ်လပ်စွာ သွားလာပြီး စားနိုင်ရန်အတွက် အဖွဲ့ကို သတိအနေအထားမှ ဖျက်သိမ်းပေးထားခဲ့သည်။


ရန်ချင်းလင်တစ်ယောက် သစ်ပင်ရိပ်တွင် ထိုင်ကာ သူ့၏ဖုန်းကို ကြည့်နေခဲ့ပြီး စတော့ဈေးကွက် မပိတ်ခင်တွင် စတော့ရှယ်ယာ အနည်းငယ်ကို ရောင်းချခဲ့သည်။ သူနှင့် အတန်းတူ ကျောင်းသား  အများအပြားကတော့ သူနှင့်အတူ ထိုင်ကာ ပူပြင်းလွန်းသည့်ရာသီဥတုအကြောင်းကို ညည်းညူနေခဲ့ကြသည်။


ထိုအခိုက်တွင် ကောင်လေးတစ်ယောက်က ရန်ချင်းလင်၏ ပုခုံးကိုထိလိုက်ပြီး မေးလာချေသည်။


“ဟေး ချင်းလင်၊  ငါ မနေ့က မင်းနဲ့ ကျင်းရန်တို့ အိပ်ဆောင်အောက်ထပ်မှာ စကားအတူပြောနေတာတွေ့လိုက်တယ်၊ ဒီတော့ မင်းတို့တွေက  တကယ်ကြီး တစ်ယောက်နဲ့တစ်ယောက် သိနေကြတာလား?”


ရန်ချင်းလင်မှ ပြန်မဖြေရသေးခင် တခြားသော ကောင်လေးတစ်ယောက်က ဝင်မေးလာသည်။


“ကျင်းရန်? အဲဒါ ဘယ်သူလဲ?”


“ငါတို့ကျောင်းက ကျောင်းမြက်လေးလေ၊ ငါတို့ထက်တစ်နှစ်ကြီးတယ်၊  သူက အရမ်းကိုချောတာ၊ နောက်ပြီး သူက လူချမ်းသာ ဒုတိယမျိုးဆက်လို့ ငါကြားထားတယ်၊ ကောင်မလေးတွေ တော်တော်များများက သူ့ကို အရမ်း ကြိုက်ကြတယ်၊ ဒါပေမယ့် တစ်နှစ်တောင် ကြာသွားတာတောင် သူ့ကို ဘယ်သူမှ ဖြုတ်ချလို့မရနိုင်ခဲ့ဘူး” 


ထိုကောင်လေးက ပြုံးပြီးဆက်ပြောလာခဲ့သည်။ 


“ဒါပေမယ့် အခုတော့ အမြဲတမ်းစိမ်းလန်းနေတဲ့ သူ့ရဲ့ကျောင်းမြက်လေးရာထူးက ပြုတ်သွားပြီလို့ ခန့်မှန်းရတာပဲ”


အခြားကောင်လေးကလည်း စကားဝိုင်းထဲတွင် ပါဝင်လာခဲ့ကြသည်။


“အိုး၊ ငါ အဲဒါကို သိတယ်၊ အဲဒီအကြောင်းကို ငါ ဖိုရမ်ပေါ်မှာ တွေ့ခဲ့တယ်၊ ကျောင်းစတက်တဲ့နေ့မှာ ချင်းလင်က အဲဒီရွှယ်ကျန်းနဲ့အတူ လမ်းလျှောက်နေခဲ့တာ___  ချင်းလင်မင်းတကယ်ပဲ သူနှင့် ရင်းနီးတာလား”


ရန်ချင်းလင် ထိုရွှယ်ကျန်း၏  ရက်စက်ကြမ်းကြုတ်သောအမူအရာလုပ်ထားသည့် မျက်နှာဖြင့် သူတို့ကြားမှဆက်ဆံရေးအား လျှို့ဝှက်ထားရမည့်အကြောင်းကို  ပြောပြနေသည်ကို ပြန်တွေးမိခဲ့ပြီး သူ့၏ ပါးစပ်ထောင့်များက အနည်းငယ် ကွေးညွတ်သွားရသည်။


“မရင်းနှီးဘူး”


သူတို့က ဇနီးခင်ပွန်းအဖြစ် တရားဝင်ဆက်ဆံရေးတစ်ခုရှိနေရုံပါပဲ။


ရုတ်တရက် အနီးအနားတွင်ရုန်းရင်းဆန်ခတ် အခြေအနေများ ဖြစ်လာခဲ့ကာ တစ်စုံတစ်ယောက်၏  အော်ဟစ်သံထွက်ပေါ်လာပြီး မကြာခင် မိန်းကလေးအဖွဲ့ထဲမှ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လာခဲ့ကြသည်။


“ဘာဖြစ်နေတာလဲ?”


“ကြည့်ရတာ  အကြီးတန်းက စီနီယာတွေ  ဒီကို အစားအသောက်တွေ လာကျွေးနေတာထင်တယ်...”


“အကြီးတန်း” ဟူသော စကားကိုကြားသည်တွင် ရန်ချင်းလင်တစ်ယောက် မတ်တပ်ထရပ်လိုက်ပြီး အကြည့်တစ်ချက်လောက်ဖြင့် ကျင်းရန်အား မြင်တွေ့လိုက်ရချေသည်။


ပူပြင်းသောနေရောင်အောက်တွင် ကျင်းရန်က  အပြာနုရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားကာ ချောမောပြီး တက်ကြွသွက်လက်နေခဲ့ပြီး အလွန်သဘာဝဆန်လွန်းနေခဲ့သောကြောင့် ရန်ချင်းလင်အား  နွေရာသီ၏ ပင်လယ်ပြင်ကိုတောင် သတိသွားစေသည်။


သူက လှည်းငယ်လေးကို တွန်းနေခဲ့ပြီး သူ့ဘေးနားတွင်တော့ ထီးကိုင်ထားသည့် မိန်းကလေးတစ်ယောက်ရှိနေခဲ့သည်။ သူတို့နှစ်ယောက်လုံးက အလွန် နီးကပ်စွာရှိနေခဲ့ကြပြီး အကယ်၍တစ်ယောက်ယောက်ကသာ ဂရုမစိုက်မိပါက ကျန်တစ်ယောက်၏လက်ကို ထိလိမ့်မည်။


ထိုမိန်းကလေး..  ရန်ချင်းလင်အနေနဲ့ နောက်ဆုံးအကြိမ်တွင် သူမက ကျင်းရန်နှင့်အတူ နို့လက်ဖက်ရည်ဝယ်နေခဲ့သော ရွှယ်ကျဲဖြစ်ကြောင်း မှတ်မိနေခဲ့သည်။


ရန်ချင်းလင် မျက်ခုံးကို အသာပင့်မ,လိုက်သည်။


ကွန်ယက် အင်ဂျင်နီယာ တက္ကသိုလ်မှ ကျောင်းသားသစ်များ အားလုံးက ယခုအချိန်တွင် ကစားကွင်းထဲ၌ စစ်ရေးလေ့ကျင့်ဖို့အတွက် ရှိနေခဲ့ကြသည်။ လုပ်ငန်း၏ သဘောသဘာဝအရ အမျိုးသားနှင့် အမျိုးသမီးကြားမှ အရေအတွက် ကွာဟချက်မှာ အလွန်ကြီးမားနေချေသည်။ 

  

  ယောက်ျားလေးများအတွက် အဖွဲ့ငါးဖွဲ့ရှိနေချိန်တွင် မိန်းကလေးများအတွက်တော့ တစ်ဖွဲ့သာရှိနေသည်။  

ကျင်းရန်နှင့် တခြားလူများက ကျောင်းတွင်းရှိ မိန်းကလေးများအတွက် ရေခဲဂျယ်လီများတွေကို  တစ်ယောက်ပြီးတစ်ယောက် ဝေငှပေးခဲ့သည်။


ကွမ်းကျိုးမှလာသည့် ကျောင်းသူလေးတစ်ဦးက ကျင်းရန်နှင့် စကားအနည်းငယ်ပြောခဲ့ပြီး ကျင်းရန်၏ ဝီချက်အားလည်း တောင်းယူသွားခဲ့သည်။


ကျောင်းသူလေးများက အနည်းငယ်သာရှိနေသောကြောင့်  ကျင်းရန်က အလုပ်ကိစ္စကို မြန်ဆန်စွာ ပြီးမြောက်ခဲ့ပြီး ဘေးတွင်ထွက်ရပ်ကာ ကျန်ရှိနေသည့် လူများပြီးစီးမည့်အချိန်ကို စောင့်နေခဲ့သည်။   


တစ်ဖက်တွင် ရွှယ်တိများကို ဂရုစိုက်ကာ ဝေငှပေးနေခဲ့ကြသည့် မိန်းကလေးများဘက်တွင်တော့ သူတို့ အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်နေခဲ့ကြသော်လည်း သူတို့ တွေ့ချင်သည့်သူကို မတွေ့ကြရသေးပေ။


“နင်တို့ထဲက ဘယ်သူ ရန်ချင်းလင်ကို တွေ့လိုက်မိသေးလဲ”


“မတွေ့ဘူး... ထူးဆန်းလိုက်တာ၊ ငါ ခုနတုန်းကပဲ သူ့ကို ဟိုဘက်မှာ တွေ့လိုက်သေးတယ်၊ အခုတော့ ဘယ်ကိုထွက်သွားတာလဲ မသိဘူး မတွေ့မိတော့ဘူး”


“သေစမ်း!  သူက ဒီမှာမရှိဘူးဆိုရင်  ငါ့က ဘာအတွက် မိတ်ကပ်နဲ့ ဆံပင်တွေကို ပြင်ဆင်လာခဲ့ရတာလဲ”


“ကျယ်မေ့တို့ ၊စလုပ်ကြမယ်၊  အနည်းဆုံး ကျင်းရန်က ဒီမှာ ရှိနေတုန်းပဲလေ၊ ဒါက အချိန်ဖြုန်းတယ်လို့တော့ ပြောလို့မရပါဘူး”


“ဟေး ရန်ချင်းလင် ဟိုဘက်မှာရှိတယ်! ကြည့်လိုက်! သူနဲ့ ကျင်းရန်က အတူတူရှိနေတာ!”


*


ရုတ်တရက် သူ၏ ပုခုံးပေါ်သို့ ဖြတ်ခနဲအရိုက်ခံလိုက်ရသောကြောင့် ကျင်းရန် ခေါင်းပြန်မော့ကြည့်လိုက်ချိန်တွင် တစ်ဖက်မှ ကောင်လေး၏အကြည့်နှင့် ဆုံစည်းသွားခဲ့ရသည်။


“မင်္ဂလာနေ့လည်ခင်းပါ ရွှယ်ကျန်း”


ရန်ချင်းလင်၏ လေသံမှာ သာမန်စီနီယာများကို နှုတ်ဆက်နေသကဲ့သို့ သဘာဝကျစွာရှိနေခဲ့သည်။


သို့သည်လည်း ကျင်းရန်မှာ သူ၏စကားအား ပေါ့ပေါ့တန်တန် မယူဝံ့ပါချေ။ 


“ဘာလဲ”


“ဟိုဘက်က ရွှယ်ကျဲတွေက ကျွန်တော့်ကို ရေခဲဂျယ်လီပေးဖို့ မေ့သွားပုံရတယ်၊အဲဒါ ရွှယ်ကျန်း အစားထိုးပြီး ပေးလို့ရမလား”


ကျင်းရန်က သူ့၏စကား ယုံကြည်ခြင်းမရှိပါချေ။ သို့နှင့် လှောင်ရယ်ကာ ပြောလိုက်လေသည်။


“သူတို့က မင်းကိုပေးဖို့ မေ့သွားတယ်ပေါ့? တကယ်လို့ မင်းသာ အဲဒါကို ပြုတ်ကျသွားတယ်ဆိုရင်တောင် သူတို့က နောက်တစ်ခွက်ပေးဖို့ မေ့မှာမဟုတ်ဘူး”


ရန်ချင်းလင်က သူ့၏လက်များကို ဖြန့်ပြီး အပြစ်ကင်းသည့်ပုံနှင့် ပြောလာသည်။


“ဒါပေမယ့် ကျွန်တော် တကယ်ပဲ မရခဲ့ဘူး”


ကျင်းရန် ရန်ချင်းလင်၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ကောင်လေး၏ ပါးပြင်များမှာ အနည်းငယ်နီရဲနေခဲ့ပြီး နဖူးပေါ်တွင်လည်း ချွေးအလွှာပါးပါးတို့ ရှိနေခဲ့သည်။ ထို့အပြင် နှုတ်ခမ်းများမှာလည်း ရေဓာတ်ကုန်ခမ်းမှုကြောင့် အနည်းငယ် ခြောက်ကပ်နေလေသည်။


ဤကဲ့သို့ ရာသီဥတုမျိုးတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရသည်မှာ အမှန်တကယ့်ကို  ပင်ပန်းဆင်းရဲလွန်းနေလိမ့်မည်။


ကျင်းရန် လှည်းပေါ်မှ ရေခဲဂျယ်လီတစ်ဘူးကို လှမ်းယူကာ ရန်ချင်းလင်အား ပရဟိတတစ်ခုအဖြစ် ပေးလှူသလို ပေးလိုက်သည်။


“ယူသွားလိုက်”


ရန်ချင်းလင် ပြုံးလိုက်လေ၏။


“ကျေးဇူးတင်ပါတယ် ရွှယ်ကျန်း”


ရေခဲဂျယ်လီအတွက် ပါဝင်ပစ္စည်းကို ရေခဲသေတ္တာထဲမှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး အေးခဲနေသေးတုန်းပဲဖြစ်ကာ  မြေပဲ၊ နှမ်းစေ့နဲ့ ချိုမြသည့် အသီးအနှံများကိုလည်း ထည့်သွင်းထားခဲ့ပြီး အေးစိမ့် ချိုမြနေခဲ့သည်။


ရန်ချင်းလင် ပါးစပ်ထဲသို့ တစ်ဇွန်းထည့်လိုက်ပြီးနောက် သူ့၏ပါးစပ်ထောင့်ကို လျှာနှင့် အသာလျက်လိုက်ကာ တီးတိုးပြောလာခဲ့သည်။


  “တကယ်ကို ချိုမြိန်လွန်းတာပဲ” 


ကျင်းရန် စိတ်အခြေအနေ ဆိုးရွားသွာဖြင့် ပြောလိုက်သည်။


“မင်းကို ချိုမြန်စေရင် အကောင်းဆုံးပဲပေါ့”


“ကောင်းပြီ”


? ? ?


ကျင်းရန် : “သောက်ကျိုးနည်း  မင်းက ဘာကို “ကောင်းပြီ”လို့ပြောနေတာလဲ”


“ ရွှယ်ကျန်း ကျွန်တော့်ဆီကိုလာပြီး ကျွန်တော့်ကို ချိုမြိန်လာမှာကို စောင့်နေမယ်”


ကျင်းရန်: “...”


ဒီတော့ သူက ဘာလို့ သွားပြီးမေးချင်ခဲ့ရတာလဲ? အရင်တုန်းက စနောက်ခံထားခဲ့ရတာက မလုံလောက်သေးဘူးလား? ဒါမှမဟုတ် လုံလောက်အောင် မရက်စက်သေးဘူးလို့ ထင်နေခဲ့လို့လား?! 


သို့သော်လည် ဤကဲ့သို့အရာမျိုးမှာ တစ်ကြိမ်ပြီးတစ်ကြိမ်ပေါ်လာပြီးလျှင် ရင့်ကျက်သွားလိမ့်မည်။ ကျင်းရန်က အရင်အချိန်များကဲ့သို့ မဟုတ်တော့ဘဲ ပြန်လည်တိုက်ခိုက်ရန် သင်ယူခဲ့ပြီ။


“ပေးမယ်၊ ပေးမယ်!” 


ကျင်းရန် ရန်ချင်းလင်၏နံဘေးမှ လှည်းကို ကန်ချလိုက်သည်။


“တကယ်လို့  ဒါက မလုံလောက်သေးရင် မင်းအတွက်  ခွက်တစ်ရာလောက် လက်ကားရောင်းပေးဖို့ ကန်တင်းကို သွားမှာပေးမယ်! ဒါဆို မင်းလည်း ရွှယ်ကျန်းဆီကနေ နေ့တိုင်း ရေခဲဂျယ်လီစားနိုင်တာပေါ့.  မင်း ပျော်ပြီလား?”


ရန်ချင်းလင် သက်ပြင်းချပြီး ပြုံးလိုက်သည်။


“ပျော်တယ်”


ကျင်းရန်တစ်ယောက် “ဖာ့ခ်” ဟုသော ဆဲဆိုသံကို ထိန်းထားနိုင်ဖို့အတွက် လုံလောက်သော စွမ်းအားမရှိခဲ့ချေ။


“ရန်ချင်းလင် ၊ မင်းက တကယ်ကိုအဆိပ်ပြင်းတာပဲ”


ရန်ချင်းလင် စကားပြောခါနီးတွင် ရုတ်တရက် တစ်စုံတစ်ခုကို မြင်လိုက်ပုံရပြီး သူ၏မျက်လုံးများက မှောင်မှိတ်သွားခဲ့ကာ နက်ရှိုင်းသည့်အသံဖြင့် ခေါ်လာခဲ့သည်။


“ကျင်းရန်__”


**