Ch 44
Viewers 2k

အခန်း (၄၄)

တုန်းဖုန်းစံအိမ်တော်မှ အိမ်ထိန်းဝမ်သည် မျက်မှောင်ကြုတ်လိုက်သည်။ "ဘာပြောတယ် သူတို့က ရှန်းခယ့်လိုင်ကို သွားတယ် ဟုတ်လား" 

မိန်းမငယ်လေးကလည်း အမြန်ပြန်ပြောလိုက်သည်။ "သူဌေး သူတို့က တုန်းဖုန်းစံအိမ်တော်ကိုလည်း ခဏလာသွားပါသေးတယ်" 

အိမ်ထိန်းဝမ်သည် တစ်ချက်ကြည့်လိုက်ကာ "သူတို့ အဲ့မှာနေတာ ကြာလှနေပြီကို ဘာလို့ငါ့ကိုလာပြီး မပြောပြရတာလဲ" ဟုမေးလိုက်သည်။ 

မိန်းမငယ်လေးသည် အနည်းငယ် မကျေနပ်ဟန်ဖြင့် ပြောလေ၏။ "သူဌေးရဲ့ ရုံးဆီပြန်သွားတော့ သူတို့က စားသောက်ဆိုင်သေးလေးတွေမှာ အမြဲ ခဏပဲနေတာပါ။ အဲ့တော့ သူတို့ ရှန်းခယ့်လိုင်ကို သွားတော့လဲ ခဏပဲဝင်သွားပြီး ပြန်ထွက်လာမယ်လို့ ထင်ခဲ့မိတာ။ ကျွန်မ ခဏစောင့်နေပါသေးတယ်။ ဒါပေမဲ့ သူတို့ ထွက်မလာကြဘူးလေ။ ကျွန်မတွေးလိုက်မိတာက နည်းနည်းထပ်ပြီး စောင့်ရင် ကောင်းမယ်လို့ပေါ့။ သူတို့ထွက်လာလာချင်းပဲ ကျွန်မလဲ ခုလာပြီး တင်ပြတာပါပဲ။ အဲဒါ ဘာများ မှားယွင်းနေလို့လဲရှင်" 

အိမ်ထိန်းဝမ်သည် လူနှစ်ယောက်သုံးယောက်လောက်ကို လွှတ်လိုက်ရမှာဟု နားလည်သွားသည်။ ခုတော့ တစ်ယောက်တည်းက တကယ့်ကို အလုပ်ရှုပ်ရပေပြီ။ 

အိမ်ထိန်းဝမ်သည် လူမိုက်အချို့နှင့် တွေ့ဆုံပြီး သိပ်မဝေးလှသော ရှန်းခယ့်လိုင်သို့ လွှတ်လိုက်သည်။ 

တုန်းဖုန်းစံအိမ်တော်နှင့် ရှန်းခယ့်လိုင်တို့သည် ချင်းကျိုးစီရင်စုတွင် အကြီးမားဆုံးနှင့် ဇိမ်ခံအကောင်းဆုံး တည်းခိုဆောင်များ ဖြစ်ကြ၏။ တုန်းဖုန်းစံအိမ်တော်သည် ပို၍ ကြာရှည်တည်ရှိခဲ့ပြီး ဂုဏ်သတင်းလဲ ပိုကြီးသည်။ ရှန်းခယ့်လိုင်သည် အသစ်ဖွင့်သော တည်းခိုဆောင်ဖြစ်ပြီး သူ့ဂုဏ်သတင်းသည် တုန်းဖုန်းစံအိမ်တော်လောက် မကြီးပေ။ 

မည်သို့ပင်ဖြစ်စေ၊ လွန်ခဲ့သော နှစ်အနည်းငယ်က ရှန်းခယ့်လိုင်သည် တုန်းဖုန်းစံအိမ်တော်နှင့် တူညီသောအဆင့်ကို လိုက်မီနိုင်ခဲ့သည်။ သို့သော် အဆင့်အနည်းငယ်ကတော့ ကွာခြားနေသေး၏။ ရှန်းခယ့်လိုင်၏ စီးပွားရေးက တုန်းဖုန်းစံအိမ်တော်ထက် ပိုကောင်းလာချိန်တွင် တစ်ခုမဟုတ် တစ်ခု ဖြစ်လာတတ်သည်။ ဧည့်သည်များ စားသော အစားအစာများထဲတွင် ပိုးဟပ်များကို တွေ့ကြရခြင်း (သို့မဟုတ်) တုန်းဖုန်းစံအိမ်တော်သည် ရှန်းခယ့်လိုင်နှင့် ဟင်းပွဲချင်း တူတူဖြစ်သော်လည်း ဟင်းပွဲပြင်ဆင်ပုံမှာ ရှန်းခယ့်လိုင်ထက် ပို၍ အဆင့်အတန်းမြင့်နေပြီး စားချင်စဖွယ် ဖြစ်နေခြင်းတို့ကြောင့်ပင် ဖြစ်ပေမည်။ 

ရှန်းခယ့်လိုင်၏ သူဌေးဖြစ်သူသည် တုန်းဖုန်းစံအိမ်တော်နှင့် ပတ်သက်၍ တစ်ခုခုလုပ်ရန်လိုနေသည်မှာ တွေးစရာပင် မလိုပေ။ ညစ်ပတ်ယုတ်ညံ့သော နည်းလမ်းများစွာလဲ ရှိ၏။ တုန်းဖုန်းစံအိမ်တော်ကလဲ ရှန်းခယ့်လိုင်ကို တုံ့ပြန်ရန် ထိုသို့နည်းလမ်းများကို သုံးနိုင်သည်။ သို့သော် ရှန်းခယ့်လိုင်ကမူ ထိုသို့သော နည်းလမ်းများကို မသုံးပါ။ 

နောက်ဆုံးတွင် ရှန်းခယ့်လိုင်သည် တုန်းဖုန်းစံအိမ်တော်နှင့် တိုက်ခိုက်ရန် မတွေးထားပေ။ 

တစ်နှစ်လုံးအတွင်း တုန်းဖုန်းစံအိမ်တော်သည် ရှန်းခယ့်လိုင်ထက် နှာတစ်ဖျားသာနေခဲ့သည်။ တုန်းဖုန်းစံအိမ်တော်သည် အချိန်တိုင်း ဟင်းပွဲအသစ်များကို ထပ်၍ ထပ်၍ မိတ်ဆက်နေ၏။ ဤသည်ကပင် တုန်းဖုန်းစံအိမ်တော်နှင့် ရှန်းခယ့်လိုင်၏ ကျော်ကြားမှုကို ပို၍ကွာခြားစေသော မျဉ်းတစ်ကြောင်းဖြစ်သည်ဟု ဆိုနိုင်ပေ၏။

ထို့အ‌ကြောင်းပြချက်ကြောင့်ပင် ရှန်လင်းနှင့် ဆုဝန်တို့သည် တုန်းဖုန်းစံအိမ်တော်သို့ ဦးစွာ သွားလိုခဲ့ခြင်း ဖြစ်ပေသည်။ 

ထိုအချိန်တွင် ရှန်းခယ့်လိုင်မှ သူဌေးလီသည် ဆုဝန်၏ နို့လက်ဖက်ရည်ကို ငွေတုံးတစ်ရာနှင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့၏။ 

 သူဌေးလီသည် သမာသမတ်ကျကျ သင့်တော်သော ‌ဈေးနှုန်းကို ပေး၏။

ရှန်လင်းက သူဌေးလီကို ပြောသည်။ "သူဌေးလီ ဈေးထက်မတိုးပေးချင်ဘူးလား" သူဌေးလီ၏ အဖြေမှာ ရိုးရှင်းလှသည်။ 

"ကောင်လေး မင်းတို့ရဲ့ အညွှန်းစာက တကယ့်ကိုကောင်းပါတယ်။ နှစ်ပေါင်းများစွာ စားသောက်ဆိုင်စီးပွားရေးကို လာပ်လာခဲ့တဲ့ ငါ့ရဲ့အတွေ့အကြုံအရဆို မင်းတို့ရဲ့ လက်ဖက်ရည်ဟာ နာမည်ကြီးမှာပဲ။ ငါ့အတွေးပဲ ဆိုပေမဲ့ပေါ့ကွာ၊ ရှန်းခယ့်လိုင်ကသာ ဒီလက်ဖက်ရည်ကို စရောင်းလိုက်ရင် သုံးလအတွင်း လုံးဝ နာမည်ကြီးသွားလိမ့်မယ်။ ပြီးတော့ ညစာစားတဲ့လူတွေ အများကြီးဟာ ဒီလက်ဖက်ရည်သောက်ဖို့အတွက် လာကြလို့ ရောင်းကောင်းလိမ့်မယ်။ ငွေလဲရတဲ့အပြင် တစ်ချိန်တည်းမှာ ငါ့ရဲ့ရှန်းခယ့်လိုင်ဟာ ဖောက်သည်များများရတဲ့အတွက် ငါ့အတွက်တော့ ကံကောင်းမှုကြီးပေါ့ကွာ။ ဒါပေမဲ့ တို့ချင်းကျိုးစီရင်စုမှာ အရည်အချင်းရှိတဲ့လူတွေ အများကြီးရှိတယ်။ သုံးလလောက် ကြာပြီးတာနဲ့ အခြားစားသောက်ဆိုင်တွေကလဲ ဒီလက်ဖက်ရည်ဖျော်စပ်နည်းကို ရသွားကြလိမ့်မယ်။ သုံးလတောင် ကြာချင်မှ ကြာမှာပါ။ အဲ့အတွက် ငါတို့ ရှန်းခယ့်လိုင်ဟာ ဒီလက်ဖက်ရည်အပေါ်မှာ နှစ်လကျော်လောက်ပဲ အကျိုးအမြတ် ရနိုင်တယ်။ နာမည် ကြီးလာနိုင်တယ်ဆိုတာ ငါ့တွက်ချက်မှုတစ်ခုပါပဲ။ အကယ်၍ တစ်ခုခု အမှားအယွင်းဖြစ်ခဲ့ရင်လဲ ငါပဲ အရှုံးအမြတ်ကို ရင်ဆိုင်ရမှာ မဟုတ်လား" 

ဆုဝန်နှင့် ရှန်လင်းတို့နှစ်ယောက်လုံးသည် ရှန်းခယ့်လိုင်မှ သူဌေးလီပြောသည်များမှာ မမှားကြောင်း သိကြသည်။ သိူ့သော် စီးပွားရေးဟူသည် ဤသို့သော အရာပင် ဖြစ်၏။အချိန်ကိုက် နေရာကိုက် လူများ၏ အာရုံစိုက်မှုကို နည်းလမ်းမျိုးစုံဖြင့် ရအောင်လုပ်ရမည်ဖြစ်သည်။ သို့မှသာ ပိုက်ဆံများ ဆုံးရှုံးနိုင်မှု မရှိတော့မှာ ဖြစ်‌ေပ၏။

ရှန်းခယ့်လိုင်မှ သူဌေးက ဆက်၍ ပြောသည်။ "အကယ်၍ လိုလားတယ်ဆိုရင် နောက်ထပ် ငွေတုံးဆယ်တုံး ထပ်တိုးပေးပါမယ်။ ဒါပေမဲ့ ဒီဖျော်စပ်နည်းကို ငါ့ကိုရောင်းပြီးပြီဆိုကတည်းက ဖျော်စပ်နည်းကို လုံးဝ လျှို့ဝှက်ထားရမယ်။ နောက်တစ်ယောက်ကို လုံးဝ ထပ်ရောင်းလို့ မရတော့ဘူးနော်။ ငါတို့က စာချုပ်ချုပ်ပြီးသား ဖြစ်သွားပြီ။ မင်းတို့ ဘယ်လိုထင်ကြလဲ''

ဆုဝန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ဒါဖြစ်သင့်တဲ့အရာပါပဲ။ ဒီကိစ္စအဆင်ပြေတာနဲ့ ကျွန်မတို့ အစိုးရရုံးကိုသွားပြီး စာရွက်စာတမ်းလုပ်ပြီး လွှဲပြောင်းပေးမှာပါ။ အခြားသူကို ဖျော်စပ်နည်း လုံးဝပေးမှာ မဟုတ်ပါဘူး" 

ရှန်းခယ့်လိုင်မှ သူဌေးလီကလဲ ပြန်ပြောသည်။ "မိန်းမငယ်လေး ရပါတယ်။ ဆိုတော့ မိန်းကလေးက ဖျော်စပ်နည်းကိုသာ ရေးပါ။ ဒီ ငွေတုံးတစ်ရာ့တစ်ဆယ်ဟာ မိန်းမငယ်လေးအဖို့ပါပဲ" 

သူသည် ငွေတုံးတစ်ရာကို ယူလာပြီးဖြစ်သည့်အတွက် နောက်ထပ် ငွေတုံးဆယ်တုံးကို ယူလာရန် ရှောင်းအာကို အမိနိ့ပေးလိုက်သည်။ 

ရှန်းခယ့်လိုင်မှ သူဌေးလီသည် မကောင်းသောသူတစ်ဦးမဟုတ်ကြောင်း ဆုဝန်ပြောနိုင်သည်။ သူသည် မျှတသောသူတစ်ဦးသာ ဖြစ်၏။ ဆုဝန်နှင့် ရှန်လင်းတို့သည် နို့လက်ဖက်ရည်ဖျော်စပ်နည်းကို ငွေတုံးတစ်ရာနှင့်သာ ရောင်းရန် စီစဉ်ထားကြသည်။ သူဌေးလီကမူ ငွေတုံး တစ်ရာ့တစ်ဆယ်ကြိ ပေး၏။ သူသည် သူတို့နှစ်ဦး မျှော်လင့်ထားသည်ထက်ပင် သာလွန်နေသည်။ 

မီးဖိုချောင်ထဲမှ လူများသည် ဖျော်စပ်နည်းကိုယူပြီး ဆုဝန်ရေးသောဖျော်စပ်နည်းမှာ အမှန်ဟုတ်မဟုတ် သေချာမကြည့်ရှုရသေးခင်ပင် သူဌေးလီသည် ငွေတုံးတစ်ရာ့တစ်ဆယ်ကို သူတို့ဆီတိုက်ရိုက်ပေး၏။ မည်မျှ ဖြောင့်မတ်လိုက်သော လူကြီးနည်း။ 

ဆုဝန်နှင့် ရှန်လင်းတို့သည် ပိုက်ဆံများနှင့် ငွေတုံးများကို ပြန်ယူမသွားလိုပါ။ သို့သော် ရှောင်းအာကိုမူ စုတ်တံနှင့် စာရွက်တောင်းလိုက်သည်။ အကြောင်းမှာ ဆုဝန်သည် ဖျော်စပ်နည်းကို အချက်အလိုက် ရေးလိုသောကြောင့် ဖြစ်လေ၏။ 

ဆုဝန်သည် ဤနည်းကို သူမကိုယ်ပေါ်တွင် သယ်ဆောင်ကာ မသွားလိုပါ။ အကယ်၍ မကောင်းသောလူတစ်ဦးဦးနှင့် သူမတွေ့ခဲ့မိပါလျှင် ကာကွယ်နိုင်မည် မဟုတ်ပေ။ သူမခေါင်းထဲတွင် မှတ်ထားခြင်းကသာ အလုံခြုံ စိတ်အချရဆုံး ဖြစ်ပေမည်။ 

ဆုဝန် စာလုံးအနည်းငယ် ရေးပြီးလျှင်ပြီးချင်းပင် သူမသည် တုန်းဖုန်းစံအိမ်တော်မှ အိမ်ထိန်းဝမ်သည် အစေခံအချို့နှင့်အတူ အသည်းအသန် လာနေသည်ကို တွေ့လိုက်ရ၏။

ယခုအချိန်တွင် ရှန်လင်းနှင့် ဆုဝန်တို့ ရှန်းခယ့်လိုင်သို့ ခဏလေး ရောက်နေသည်ကို သိသည်နှင့် တုန်းဖုန်းစံအိမ်တော်မှ အိမ်ထိန်းဝမ်သည် လူမိုက်အချို့ကိုခေါ်ကာ အမြန်ရောက်လာခဲ့သည်။ 

တုန်းဖုန်းစံအိမ်တော်သည် စီးပွားရေးလောကထဲတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့တာဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော စားသောက်ဆိုင်မျိုးတွင် ကိစ္စတစ်ခုခုကြောင့် တစ်စုံတစ်ယောက်က ပြဿနာ လုပ်ခဲ့ပါလျှင် ဖြေရှင်းနိုင်ရန် လူမိုက်များကို ခန့်ထားတတ်၏။ 

ထိုလူမိုက်များသည် အလွန် ရက်စက်ကြမ်းကြုတ်လှသောကြောင့် ရှန်းခယ့်လိုင်တံခါးဝမှ ကောင်လေးများသည် သူတို့ကို မတားဆီးနိုင်ခဲ့ပေ။ အိမ်ထိန်းဝမ်သည် ထိုလူများကို ဦးဆောင်ပြီး ရှန်းခယ့်လိုင်၏ အတွင်းခန်းသို့ တည့်တည့်မတ်မတ်လျှောက်လာပြီး ထိုမှလူများထဲတွင် ဆုဝန်နှင့် ရှန်းခယ့်လိုင်မှ သူဌေးလီကို သူရှာတွေ့သွား၏။ 

ဆုဝန်က စာရေးနေတာကို ရပ်လိုက်သည်။ 

တုန်းဖုန်းစံအိမ်တော်မှ အိမ်ထိန်းဝမ်သည် အရပ်အမောင်းအားဖြင့် ပု၏။ သို့သော် သူ၏မျက်နှာတွင် ခက်ထန်ကြမ်းကြုတ်သော ပုံစံရှိနေလေသည်။ ထိုအချိန်တွင် သူသည် ပြုံးချင်သလိုလို မပြုံးချင်သလိုလိုနှင့် ရှန်းခယ့်လိုင်မှ သူဌေးလီကို ပြောလိုက်သည်။ "ဟေး သူဌေးလီ၊ တို့တုန်းဖုန်းစံအိမ်တော်နဲ့ ဖျော်စပ်နည်းအညွှန်းနေရာမှာ ယှဉ်ပြိုင်ချင်တာလားကွ" 

ရှန်းခယ့်လိုင်မှ သူဌေးလီကမူ နှိမ့်လဲမနှိမ့်ချ၊ အကြောကြီးနှင့်လဲ မနေပါ။ 

"ဒီသခင်လေးနဲ့ ကျုပ်နဲ့က စီးပွားရေးလုပ်နေတာ။ ဘာကြောင့်များ တုန်းဖုန်းစံပိမ်တော်နဲ့ ဖျော်စပ်နည်းအတွက် ယှဉ်ပြိုင်နေရမှာလဲဗျာ။ တုန်းဖုန်းစံအိမ်တော်က ဒီနည်းလမ်းကို ဝယ်ယူထားပြီး မို့လို့လားဗျ" တုန်းဖုန်းစံအိမ်တော်မှ အိမ်ထိန်းဝမ်သည် ခေါင်းတညိတ်ညိတ်နှင့် ဆက်ပြောသည်။ 

"ပုံမှန်တိုင်းဆို ငါနဲ့ ဒီလူငယ်လေးနှစ်ယောက်နဲ့က တုန်းဖုန်းစံအိမ်တော်အဖို့ သဘောတူညီချက်ကို ညှိနှိုင်းနေကြတာကွ" 

ဆုဝန်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ ဤလူသည် တကယ့်ကို ရုန့်ရင်းကြမ်းတမ်းလှသည်။ အမှန်နှင့် အမှားကို ဝေခွဲမရဖြစ်အောင် လုပ်ပစ်သည်။ မျက်လုံးဖွင့်လျက်နှင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောနိုင်၏။ 

ရှန်လင်းကလဲ မတ်တတ်ရပ်ကာ ပြောလိုက်သည်။ "အိမ်ထိန်းဝမ် ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ရက်ကလဲ ညှိနှိုင်းတာမျိုး မလုပ်ခဲ့ဖူးပါဘူး။ ခင်ဗျားဘက်က ငွေတုံးနှစ်ဆယ် ပေးပေမဲ့ ကျွန်တော်တို့ မရောင်းချင်ခဲ့ဘူးပဲလေ။ ဒီရောင်းဝယ်မှုက အကျုံးမဝင်ခဲ့ပါဘူး၊ အဲ့အတွက် နောက်ဝယ်သူ ရှာတဲ့နေရာမှာ ကျွန်တော်တို့ကို လာတားနေလို့မရဘူးဗျ" အိမ်ထိန်းဝမ်က အေးစက်စွာ ပြန်တုံ့ပြန်၏။ 

"ငါ့ပိုင်နက်ဖြစ်တဲ့ ချင်းကျိုးစီရင်စုမှာ စားသောက်ဆိုင်တွေနဲ့ ပတ်သက်တဲ့ကိစ္စမှန်သမျှ ငါတို့ တုန်းဖုန်းစံအိမ်တော်ရဲ့ စည်းမျဉ်းတွေကို လိုက်နာကြရမယ်။ မင်းရဲ့ ဖျော်စပ်နည်းဟာ ငါတို့တုန်းဖုန်းစံအိမ်တော်ထဲကို ရောက်ပြီးဖြစ်တာကြောင့် ငါ့ဟာပဲ။ အခြားဟာတွေက ဘာမှအကျူံးမဝင်တဲ့ ပမွှားသာသာပဲ" 

ဆုဝန်က ဝင်ပြော၏။ "အိမ်ထိန်းဝမ် ကျွန်မတို့ လွန်ခဲ့တဲ့နှစ်ရက် တုန်းဖုန်းစံအိမ်တော်ကို လာခဲ့တုန်းက ကျွန်မတို့နဲ့အတူ ဖျော်စပ်နည်းကို ယူမလာခဲ့ပါဘူး။ အဲ့ချိန်မှာ ယူမလာခဲ့တဲ့ ပစ္စည်းပဲဟာကို ဘယ်လိုလုပ် တုန်းဖုန်းစံအိမ်တော်ရဲ့ ပစ္စည်းဖြစ်ရမှာပါလဲရှင်" 

အိမ်ထိန်းဝမ်သည် သစ္စာမရှိဘဲ လိမ်လည်လှည့်ဖျားတတ်သော ကလိမ်ကကျစ်ဉာဏ် ရှိသောကြောင့် ရှန်းခယ့်လိုင်မှသူဌေးကို ခြိမ်းခြောက်နိုင်သော်လည်း သူသည် ဆုဝန်ကိုတော့ မခြိမ်းခြောက်နိုင်မှန်းကို သိ၏။ ဟုတ်ပေသည်။ ဖျော်စပ်နည်းသည် ဆုဝန်၏ စိတ်ထဲတွင်သာ ရှိသောအရာဖြစ်၏။ 

အိမ်ထိန်းဝမ်သည် ရှန်းခယ့်လိုင်သူဌေး၏ စားပွဲကို လှမ်းကြည့်လိုက်သည်။ ငွေတုံးတစ်ရာနှင့် တစ်ဆယ်ကို တွေ့သောအခါ ပြုံးပြီး ဆုဝန်ကို ကြည့်လိုက်သည်။ "မိန်းကလေးဆု လွန်ခဲ့တဲ့နှစ်ရက်က ကိစ္စကို ဗွေမယူပါနဲ့။ ကျွန်တော်က စရုံလေးရယ်ပါ။ ဘာကြောင့်များ အဲ့လောက်စိတ်ဆိုးရတာလဲ။ ဒီလိုလုပ်၊ ရှန်းခယ့်လိုင်က ငွေတုံးတစ်ရာ့တစ်ဆယ် ပေးတယ်ဆိုရင် ကျွန်တော်က ငွေတုံးတစ်ရာ့ငါးဆယ်နဲ့ ပေးဝယ်မယ်

ထိုနေ့က အိမ်ထိန်းဝမ်သည် ဆုဝန်နှင့် ရှန်လင်း၏ အဝတ်များကိုကြည့်ရုံနှင့် သူတို့သည် လူချမ်းသာများ မဟုတ်မှန်း သိပေ၏။ ထို့ကြောင့် သူတို့ကို‌ ငွေများများပေးရန် မလိုပေ။ 

မူလက သူသည် ထိုဖျော်စပ်နည်းကို တန်ကြေးနည်းနည်းနှင့် ဝယ်ယူလိုခဲ့သည်။ ထို့နောက် တန်ကြေးမြင့်သောအရာကို ရယူနိုင်သဖြင့် ကံကောင်းပေမည်။ သို့သော် ယခုအချိန်တွင်မူ ဈေးသည် ဆက်၍သာတက်သွားနိုင်သည်။ ငွေတုံးတစ်ရာ့ငါးဆယ်ကျော်လျှင် ထိုဖျော်စပ်နည်းကို ဝယ်ယူရန်အတွက် သူကိုယ်တိုင် ဆုံးဖြတ်၍မရပေ။ သူ့သခင်ကို မေးရတော့မည် ဖြစ်၏။ 

အကယ်၍ သူ့သခင်အား ဤအကြောင်းကို ပြောပြခဲ့လျှင် ပိုက်ဆံရရန်လဲ ခက်ခဲသွားမည် ဖြစ်သည်။ 

ယခုသူသည် ငွေတုံးတစ်ရာ့ငါးဆယ်ကို ပေးခဲ့၏။ သူသာ သူ့သခင်ကို ငွေတုံးတစ်ရာ့ငါးဆယ်ပေးလျှင် သူသည် ငွေသုံးဆယ့်ငါးတုံးကို ရနိုင်မည် ဖြစ်သည်။ 

ဆုဝန်က ပြော၏။ "အိမ်ထိန်းဝမ်၊ ကျွန်မတို့က ရှန်းခယ့်လိုင်နဲ့ ညှိနှိုင်းဆွေးနွေးမှု လုပ်ပြီးသွားပြီ။ ကျွန်မတို့ စာချုပ်ကို မချိုးဖောက်နိုင်ပါဘူး" 

အိမ်ထိန်းဝမ်သည် အနည်းငယ် ပျာသွား၏။ ဤဖျော်စပ်နည်းသည် အလွန်အလုပ်ဖြစ်ကြောင်း သူကိုယ်တိုင် မြင်ထားပြီး ဖြစ်သည်။ အကယ်၍ ရှန်းခယ့်လိုင်ကသာ ဒါကို တကယ်ဝယ်သွားနိုင်ခဲ့ပါလျှင် နောက်လအနည်းငယ်အကြာတွင် တုန်းဖုန်းစံအိမ်တော်ကို ကျော်တက်သွားနိုင်လိမ့်မည်။ အကယ်၍ ထိုသို့သာဆိုပါလျှင် ပိုင်ရှင်သည် ပို၍ အလားအလာကောင်းသော အိမ်ထိန်းတစ်ဦးဦးကို ပြောင်းလိုက်ပေလိမ့်မည်။ 

သူ့သူဌေးသည် ရလဒ်ကိုသာ အာရုံစိုက်သောလူတစ်ဦးဖြစ်၏။ 

အိမ်ထိန်းဝမ်သည် ဈေးကိုထပ်မြှင့်၍ ပေးပြန်သည်။ "တုန်းဖုန်းစံအိမ်တော်က ငွေတုံးတစ်ရာ့နှစ်ဆယ် ကမ်းလှမ်းမယ်ကွာ" 

ရှန်လင်းက ပြောသည်။ "အိမ်ထိန်းဝမ်နဲ့ စီးပွားရေးအကြောင်းကြောင့် ကျွန်တော်တို့ စာချုပ်ကို မဖောက်ဖျက်နိုင်ပါဘူး" 

အိမ်ထိန်းဝမ်သည် ပို၍ ဒေါသထွက်လာကာ "ငွေတုံး တစ်ရာ့ငါးဆယ်ကွာ" ဟုပြောလိုက်သည်။ 

ဆုဝန်က ပြောသည်။ "အိမ်ထိန်းဝမ် ကျွန်မတို့က ခု တုန်းဖုန်းစံအိမ်တော်နဲ့ ညှိနှိုင်းမှု ပြီးဆုံးခဲ့ပြီးပါပြီ။ အိမ်ထိန်းဝမ်ဘာသာ ငွေတုံးတစ်ထောင်ပေးပေး၊ ငွေတုံးနှစ်ထောင်ပေးပေး စာချုပ်ကိုတော့ မချိုးဖောက်နိုင်ပါဘူး" 

ထိုအချိန်တွက် ရှန်းခယ့်လိုင်မှ သူဌေးလီက "အိမ်ထိန်းကြီး၊ သူတို့တွေက ရိုးသားပြီး ဖြောင့်မတ်ကြတယ်။ သူတို့က အကျိုးအမြတ်တစ်ခုအတွက်နဲ့ ကျွန်တော်လီနဲ့ သဘောတူညီချက်ကို ပြောင်းလဲမဲ့သူတွေ မဟုတ်ဘူး။ ဒီနှစ်ယောက်က ခုလို ဖြောင့်မတ်မှန်ကန်နေမှတော့ ကျွန်တော့်ဘက်ကလဲ ဒီဖျော်စပ်နည်းကိုသုံးပြီး နောက်တစ်နှစ်အကြာမှာ ငွေတုံးတစ်ရာ့တစ်ဆယ် ရှာနိုင်တဲ့အချိန်အထိ စောင့်ပါမယ်။ အဲ့လိုနဲ့ ရက်အနည်းငယ်ကြာရင် နို့လက်ဖက်ရည် ထပ်ရောင်းရတဲ့အခါ ကျွန်တော်လီဟာ ရတဲ့အကျိုးအမြတ်ရဲ့ ဆယ့်ပုံတစ်ပုံကို ဒီနှစ်ယောက်ကို ခွဲဝေပေးပါမယ်' 

သူဌေးလီသည် အိမ်ထိန်းဝမ်ကို ထပ်ကြည့်လိုက်ပြီး "အိမ်ထိန်းဝမ် ဒီကမ္ဘာပေါ်မှာလေ ဘုရင်က ချမှတ်ထားတဲ့ စည်းမျဉ်းဆိုတာလဲ ရှိပါသေးတယ်။ ချင်းကျိုးစီရင်စုအတွင်းမှာ တုန်းဖုန်းစံအိမ်တော် တစ်ခုတည်း အာဏာကြီးမားနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ရှန်းခယ့်လိုင်ဟာ နှစ်ပေါင်းဒါဇင်လောက်အကြာ တုန်းဖုန်းစံအိမ်တော်နဲ့ ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ကျွန်တော့်ရဲ့နောက်ကွယ်မှာလဲ အင်အားကြီးတဲ့လူတွေ ရှိပါသေးတယ်။ တစ်လျှောက်လုံး ကျွန်တော်ဟာ တုန်းဖုန်းစံအိမ်တော်နဲ့ ထိပ်တိုက်မရင်ဆိုငိချင်ခဲ့ဘူး။ ဒါပေမဲ့ အိမ်ထိန်းဝမ်ဟာ အကြင်နာကင်းမဲ့စွာ ခက်ခက်ခဲခဲတွေ လုပ်နေပြီး ထိပ်တိုက်တွေ့ဆုံရင်ဆိုင်ချင်တယ် ဆိုရင်လဲ ရှန်းခယ့်လိုင်က ကျွန်တော်ဟာ ဒုက္ခတွေကို ကြောက်မနေပါဘူး" 

ပြောပြီးနောက် သူဌေးလီသည် လေချွန်လိုက်သောအခါ ရုတ်တရက်ဆိုသလို သံချပ်ကာ ဝတ်ဆင်ထားသော လူကြီးနှစ်ဦးသည် ပြတင်းပေါက်မှ ခုန်ပျံကာ ဝင်လာသည်။ 

အိမ်ထိန်းဝမ်သည် ထိတိလန့်သွား၏။ သူထင်ရာစိုင်းနေရဲရသည့် အကြောင်းအရင်းမှာ သူ့အနောက်တွင် တစ်စုံတစ်ဦး ရှိနေခြင်းကြောင့်သာ ဖြစ်သည်။ သူသည် တောက်လျှောက်စုံစမ်းခဲ့ရာ သူဌေးလီသည် ဘာနောက်ခံအင်အားမှ မရှိဘဲ ဟိုးအောက်ခြေမှ စားသောက်ဆိုင်အသေးလေးဖွင့်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သူသိထားသည်။ 

မည်သို့ပင်ဖြစ်စေ၊ ယခု သူပြောလိုက်သောစကားသည် စဉ်းစားစရာပင် ဖြစ်၏။ အကယ်၍ သူ့နောက်ကွယ်တွင် အင်အားကြီးမားသော တစ်စုံတစ်ဦး ရှိနေပြီး ထိုလူကလဲ တကယ့်ကို အင်အားကြီးမည်ဆိုခဲ့ပါလျှင် သူသည် ကြက်ငှက်နွားအစာပင် ဖြစ်သွားနိုင်သည်။ 

ပြတင်းပေါက်မှ ဝင်လာသော လူနှစ်ယောက်ကို ကြည့်လိုက်သောအခါ ထိုလူများသည် စစ်တပ်တွင်သာ သုံးသော သံချပ်ကာများကို ဝတ်ဆင်ထား၏။ 

အိမ်ထိန်းဝမ်သည် တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "ဒါက သာမန် ထွက်လာတဲ့ မကောင်းမကန်း ဖျော်စပ်နည်းလေးသာသာပဲ။ ငါတို့ တုန်းဖုန်းစံအိမ်တော်မှာ ထူးခြားတဲ့ ဖျော်စပ်နည်းတွေမှ ပုံအောလို့ကွာ ဘယ်လောက်ပဲ စီးပွားရေးကို အထောက်အကူပြုနေပါစေ၊ ငါကတော့ အဆင့်နိမ့်နိမ့် အဆုံးသတ်မဲ့ပစ္စည်းကို စိတ်မဝင်စားဘူး" 

ထို့နောက် ထို အိမ်ထိန်းသည် သူ့လက်ကိုယမ်းကာ သူ့လူမိုက်များကို သွားစေလိုက်သည်။ 

တုန်းဖုန်းစံအိမ်တော်မှ အိမ်ထိန်းဝမ်တို့ ထွက်သွားပြီးသောအခါ ရှန်းခယ့်လိုင်မှ သူဌေးလီသည် ရှန်လင်းနှင့် ဆုဝန်တို့ကို သူ့သီးသန့်အိမ်တော်သို့ခေါ်ကာ မပြီးပြတ်သေးသော စီးပွားရေးကို ဆက်ဆွေးနွေးလေ၏။ 

ရှန်းခယ့်လိုင်မှ သူဌေးဖြစ်သူသည် တကယ့်ကို ဖြောင့်မတ်တည်ကြည်သောသူဖြစ်သည်။ အိမ်ထိန်းဝမ်သည် ယခုအချိန်တွင် ပြဿနာရှာရန် လာရောက်ပါသော်လည်း သူဌေးလီသည် သူက ဆုဝန်ကို တစ်နှစ်စာ ဝေစုကို ဝေမျှပေးမည်ဟုပြောခဲ့သည်။ 

ထိုနည်းဖြင့် သူဌေးလီ၏ သဘောထားကို နားလည်နိုင်၏။ ထို့ကြောင့် ရှန်လင်းသည် ဆုဝန်လုပ်ထားသော ကိတ်မုန့်ကိုယူကာ ဆက်လျှောက်လာသည်။ ရှန်လင်းသည် သူဌေးလီအား ဤသည်မှာ သုံးလအကြာကြိုးစားခဲ့သော အကောင်းဆုံး ကိတ်နှင့် နို့လက်ဖက်ရည်ဖြစ်ကြောင်း ပြောလေ၏။ 

သူဌေးလီသည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကြင်လည်ခဲ့သည်။ ထို့ကြောင့် သူသည် အမှန်တရားကို ခွဲခြားနိုင်သည်။ နို့လက်ဖက်ရည်နှင့် ကိတ်မုန့်သည် ဝယ်သူများကို တကယ်ဆွဲဆောင်နိုငိ၏။ ထို့ပြင် သူတို့ကို ခွဲခြားထားခြင်းက အတူချပေးခြင်းထက် ပို၍ ဆွဲဆောင်မှု ရှိပေ၏။ 

ဆုဝနိသည် ခွက်ကိတ်များနှင့် သဏ္ဌာန်တူသည့် ကိတ်မုန့်များကို ပြုလုပ်သည်။ သို့သော် ခွက်အစစ်များထဲတွင် ထည့်ထားခြင်းဖြစ်၏။ ခွက်ကိတ်များ၏ အားသာချက်မှာ ကြာရှည်ခံခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူဌေးလီနှင့် စီးပွားရေးအကြောင်း အကြာကြီးပြောနေကြသော်လည်း အနေအထားသည် ယိုယွင်းသွားခြင်း မရှိပေ။ ခွက်ကိတ်များသည် အရသာရှိလှသောကြောင့် သူဌေးလီသည် ကိတ်မုန့်လုပ်နည်းကိုပါ ဝယ်ရန် တစ်ခါတည်း ဆုံးဖြတ်ချက်ချလိုက်သည်။ ဈေးမှာမူ နို့လက်ဖက်ရည်နှင့် အတူတူပင်ဖြစ်၏။ ဈေးအတိုင်း ပြန်ရပြီးပါလျှင် သူသည် တစ်နှစ်လျှင် အကျိုးအမြတ်၏ ဆယ်ပုံတစ်ပုံကို မျှဝေပေးမည်ဖြစ်သည်။ 

ကိတ်လုပ်နည်းသည် ပို၍ကောင်းသည်။ သို့သော် လက်တွေ့ပြုလုပ်ရာတွင် ရှန်းခယ့်လိုင်မှ လူများအား ကြိမ်ဖန်များစွာ လေ့ကျင့် သင်ကြားပေးရ၏။ သူဌေးလီသည် ဆုဝန်အား နောက်ထပ် ရက်အနည်းငယ်ကြာထပ်နေရန်ပြောပြီး သူဌေးလီ၏ မိန်းမကိုပါ ပြုလုပ်နည်း သင်ကြားပေးရန် တောင်းဆို၏။ 

သူဌေးလီသည် ဆုဝန်နှင့် ရှန်လင်းနောက်သို့ လူတစ်ဦးထည့်လိုက်ပြီး ရှန်ရှီးနှင့် ရှန်ယာယာကိုပါ တည်းခိုခန်းမှ သူဌေးလီ၏ နေအိမ်သို့ ခေါ်ဆောင်လာစေ၏။ 

သူဌေးလီ၏ သီးသနိ့အိမ်တွင်နေခြင်းက ပို၍ အန္တရာယ်ကင်းမည်ဟု ရှန်လင်းကလဲ တွေးမိသည်။ ဆုဝန်သည် သူဌေးလီ၏ အမျိုးသမီးအား ခွက်ကိတ်လုပ်နည်းကို လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သင်ကြားပေးခဲ့၏။ 

သူဌေးလီ၏ အမျိုးသမီးသည်လည်း ဆုဝန်နှင့် ရှန်လင်းတို့အား သူတို့အိမ်တွင် ရက်အနည်းငယ် ထပ်နေရန်ပြောပြိး သူတို့နှစ်ယောက်အား ချင်းကျိုးစီရင်စုသို့ အလည်အပတ်ပို့ပေး၏။

သူဌေးလီနှင့် စီးပွားရေးညှိနှိုင်းမှုသည် ယခုအချိန်တွင် ချောချောမွေ့မွေ့ပြီးသွားသည်။ ဆုဝန်သည် အနာဂတ်တွင်လည်း သူတို့ အတူတူ ပူးပေါင်းဆောငိရွက်နိုင်မည်ဟု မျှော်လင့်ထား၏။

ဆုဝန်သည် သူဌေးလီ၏ အမျိုးသမီးအား ခွက်ကိတ်လုပ်နည်းသင်ပေးနေစဉ်အတွင်း ရှန်းခယ့်လိုင်သည် ဆုဝန်၏ နည်းလမ်းအတိုင်း နို့လက်ဖက်ရည်ကို အမြန်ဆုံး ရောင်းချလေ၏။ နှစ်ရက်မျှအကြာတွင် ငွေကြေး အာဏာရှိကြသော လူတို့သည်ပင် ရှန်းခယ့်လိုင်သို့ လာရောက်ကာ အရသာရှိလှသော အစားအစာဖြစ်သည့် ယန်ဇီတောက်ရှင်းကို မြည်းစမ်းကြလေတော့သည်။ 

ဤသည်မှာ ရှန်းခယ့်လိုင်ကပေးထားသော နာမည်ပင်ဖြစ်၏။ နို့လက်ဖက်ရည်ဟူသော နာမည်သည် ရိုးစင်းလွန်းလှသည်။ ထို့ပြင် ထိုနာမည်ကိုကြားသည်နှင့် ဤအစားအစာကို ဘာနှင့် လုပ်ထားမှန်း လူတို့သည် သိနိုင်ကြသည်။ ဤနည်းကို နောက်မှတွေ့တွေ့ အခုတွေ့တွေ့၊ ယန်ဇီတောက်ရှင်းဟူသည့် နာမည်ကတော့ တစ်ချိန်ချိန်တွင် ခေတ်နောက်ကျကျန်ခဲ့ပေလိမ့်မည်။ 

ရုတ်တရက်ဆိုသလို ရှန်းခယ့်လိုင်တွင် ခုံအလွတ် မရှိတော့သည်အထိ ရောင်းရလာသည်။ ပထမဆုံးနေ့တွင် ဧည့်သည်အရေအတွက်သည် တစ်ဝက်ခန့် ပိုများလာသည်။ ဒုတိယနေ့တွင် နှစ်ဆဖြစ်လာကာ ထိုင်စရာနေရာပင် မရှိတော့ချေ။ 

မည်သို့ဖြစ်စေ၊ ရှန်းခယ့်လိုင်ထက် နာမည်ကြီးခဲ့သော တုန်းဖုန်းစံအိမ်တော်သည် ယခင်နှင့်မတူဘဲ လူအနည်းငယ်သာ ရှိလေသည်။ 

ရှန်ရှီးသည် လွန်ခဲ့သော ရက်အနည်းငယ်က သမားတော်ကျန်း ညွှန်ကြားပေးထားသော ဆေးများကို သောက်ပြီး ကျန်းမာရေးပိုကောင်းလာသည်ကို သာမန်မျက်စိနှင့် ကြည့်ရုံဖြင့်ပင် သိနိုင်သည်။ 

ဆုဝန်နှင့် ရှန်လင်းတို့သည် ချင်းကျိုးစီရင်စုမှ မြင်းများနှင့် လှည်းများရောင်းချသည့်နေရာကို သွားပြီး မြင်းတစ်ကောင်နှင့် ရထားလုံးတစ်လုံးကို ဝယ်ယူခဲ့လေသည်။ 

ရှန်လင်းတို့မိသားစုနှင့် ဆုဝန်သည် ရွာတွင် ရက်အတန်ကြာ မရှိသောကြောင့် ရွာရှိ အတင်းပြောစကားများတွင် သူတို့မိသားစုက မပါမဖြစ် ဖြစ်နေလေ၏။ 

စကားများသောရွာသားများသည် ရှန်လင်းသည် ချင်းကျိုးစီရင်စုကို အမျိုးသမီးရှန်၏ ရောဂါကိုကုရန် သွားရောက်ခြင်းဖြစ်ပြီး အစားအစာများနှင့် ပြန်လာသည်ဟု ပြောနေကြသည်။ 

ချင်းယွင်တောင်တီတွင် တစ်စုံတစ်ဦး၏ ဖျားနာမှုကို ကုသခြင်းသည် မွဲတေစေနိုင်လေရာ ချင်းကျိုးစီရင်စုတွင် သမားတော် သွားပြလျှင် ပိုကုန်ကျမည်ဆိုတာ ပြောရန်မလိုအပ်တော့ချေ။