အခန်း (၆) ကယ်တင်ခြင်း
ဧည့်သည်များ ပြန်သွားကြပြီး မကြာမီတွင် ဆုဝန်သည် ဟိုဘက်ခြံထဲသို့ ရှန်လင်း၏ ညီမဖြစ်သူ ရှန်ယာယာကို ရှာရန် သွားလေသည်။
စာအုပ်ထဲတွင် ရှန်ယာယာသည် ယောက်မဖြစ်သူ ဆုဝန်ကို ကောင်းကောင်းဆက်ဆံသူတစ်ဦး ဖြစ်သည်။
ရှန်ယာယာသည် ငယ်စဥ်က သူမမိသားစုသည် နွမ်းပါးသောကြောင့် သူမသည် အစားကောင်းကောင်း မစားခဲ့ရ၊ အဝတ်ကောင်းကောင်း မဝတ်ခဲ့ရသည်ကို ဆုဝန်သိပေသည်။
ရှန်ယာယာကို သွားမရှာခင် ဝမ်လော့ရွှယ်အတွက် မနေ့မနက်ကလုပ်ထားသော ပဲနီလေးဘီစကစ်မုန့်ကို ဆီစိမ်စက္ကူဖြင့် ပတ်လိုက်သည်။
ဆုဝန်လုပ်သော ဒင်းဆမ်းသည် အလွန် အရသာရှိသည်။ ဝမ်လော့ရွှယ်ကမူ ဆုဝန်လုပ်သော ပဲနီလေးမုန့်ကို အကြိုက်ဆုံးဖြစ်သည်။ ထို့ကြောင့် သူမသည် မကြာခဏလုပ်ပေးခိုင်းလေ့ရှိလေသည်။
ဆုဝန်သည် ထိုမုန့်မျိုးကို တစ်စမျှပင် သိမ်းမထား။ သို့သော် ရှန်ယာယာအတွက် ပဲနီလေးမုန့်ကို ထုပ်လိုက်သည်။ သူမသည် ခြောက်နှစ်သာ ရှိသေးသည်။ ထိုအသက်အရွယ်သည် ဤသို့အချိုများကို အလွန်နှစ်သက်သည့် အရွယ်ဖြစ်သည်။
ရှန်မိသားစု ခြံဝန်းထဲတွင် မည်သူမျှမရှိပါ။ ရှန်ယာယာသည်လည်း အိမ်တွင်မရှိပေ။ ဆုဝန်သည် ကလေးများ မကြာခဏ ကစားလေ့ရှိသော ရွာထဲသို့သွားလိုက်သည်။ ရှန်ယာယာသည်လည်း ကလေးတစ်ယောက်ပင် ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း ထိုနေရာသို့ ပျော်ရွှင်စွာ ကစားရန် မကြာခဏသွားလေ့ရှိသည်။
ဆုဝန်သည် အချိန်ကိုက်ပင် ရောက်သွားသည်။ သူမရွာထဲသို့ ရောက်သောအခါ အဝတ်အဟောင်း အစုတ်ကလေး ဝတ်ထားပြီး မျက်ရည်များကိုသုတ်ကာ ကျိုးနေသော ကြက်တောင်ကလေးကို ကိုင်လျက် ငိုနေသည့် ရှန်ယာယာကို တွေ့လိုက်သည်။
အစိမ်းရောင်ပန်းကလစ်လေး ပန်ထားသော မိန်းကလေးငယ်လေးက ရှန်ယာယာနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေပြီး ဝံ့ဝံ့ကြွားကြွားပြောလိုက်သည်။
“ရှန်ယာယာ နင်က ပန်းကလစ်လေးတစ်ခုတောင် မပန်နိုင်ဘဲနဲ့ ငါတို့နဲ့ ကစားဖို့ မထိုက်တန်ပါဘူး”
အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးသည် ခေါင်းဆောင်ဖြစ်ဟန်တူသည်။ သူမနောက်မှ မိန်းကလေးငယ်များ အားလုံး၏ ခေါင်းတွင် ပန်းကလစ်ရောင်စုံလေးများ ပန်ထားကြသည်။ သို့သော် ရှန်ယာယာ၏ ဆံပင်တွင်တော့ ဘာမှ ပန်မထားပေ။
ဆုဝန်သည် ဤအစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးအကြောင်းကိုသိသည်။ စာအုပ်ထဲတွင် သူမငယ်စဥ်ကတည်းက အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးသည် အခြားကလေးများနှင့် ရှန်ယာယာ ကစားမည်ကို ခွင့်မပြုခဲ့ပေ။ နောက်ပိုင်း ရှန်မိသားစု ချမ်းသာလာသောအခါမှ ထိုမိန်းမငယ်လေးသည် ရှန်ယာယာနှင့် ပတ်သက်၍ လွန်စွာ စိတ်ဝင်စားလာခဲ့လေသည်။
ရှန်ယာယာသည် သူမ၏ ကြက်တောင်အကျိုးလေးကို ကိုင်ကာ ထိုနေရာတွင် တွေတွေကြီး ရပ်နေလေသည်။
ဆုဝန်သည် ရှန်ယာယာကို အကြပ်အတည်းမှ လွတ်မြောက်အောင် ကူညီရန်သွားဖို့လုပ်နေစဥ် ပွင့်ဖတ်ပန်းကလစ် ပန်ထားသော မိန်းမငယ်လေးတစ်ဦးသည် အစိမ်းရောင် ပန်းကလစ်နှင့် ကောင်မလေး၏ စကားကို သဘောမတူဘဲ မဝံ့မရဲ ပြောလိုက်သည်။ “ငါ့မှာ ပန်းကလစ်နှစ်ခုတောင် ရှိတယ်။ ငါ ယာယာ့ကို တစ်ခုပေးလိုက်ရင် သူ့မှာလဲ ရှိသွားမှာပဲ မလား”
ပွင့်ဖတ်ပန်းကလစ် ပန်ထားသော ကောင်မလေးသည် သူမ၏ အင်္ကျီလက်မှ နောက်ထပ် ပန်းကလစ်တစ်ဖက်ကို ယူကာ ရှန်ယာယာအား လှမ်းပေးရန်ပြင်လိုက်သည်။ ထိုစဥ်...
ပွင့်ဖတ်ပန်းကလစ်နှင့် ကောင်မလေး ရှေ့သို့ တစ်လှမ်းလှမ်းလိုက်သောအခါ အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးသည် သူမကို ရှန်းယာယာ့ဆီ တွန်းထုတ်လိုက်သည်။
သူမ၏ မျက်နှာမှာ အသက်နှင့် မလိုက်အောင် ခက်ထန်နေသည်။
“နင့် ကလစ်ကလဲ နင့်အမေ ပိတ်စတွေကို ဖြဲပြီး ချုပ်ပေးထားတာမလား။ နင်လဲ ရှန်ယာယာလိုပဲ ကလစ်လေးတောင် မဝယ်နိုင်တဲ့ ဆင်းရဲတဲ့ သူတွေ၊ ခုကစပြီး နင် ရှန်ယာယာနဲ့ ကစားလို့ရပြီ”
ပွင့်ဖတ်ပန်းကလစ်နှင့် ကောင်မလေးသည် အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးကို ကြည့်လိုက်သည်။ ထို့နောက် ရှန်ယာယာကိုပါ တစ်ဖန်ပြည့်ကြည့်ပြီး၊ နှုတ်ခမ်းကို ကိုက်ကာ ရှန်ယာယာဘက်သို့ နောက်ဆုတ်ရင်း လှမ်းလိုက်သည်။
ဆုဝန် ထပ်၍ကြည့်မနေနိုင်တော့။ သူမသည် အနိုင်ကျင့်သည့် မြင်ကွင်းများကို တက္ကသိုလ်ကတည်းက ရင်းနှီးပြီးသား ဖြစ်သည်။
ဆုဝန်သည် သူမကိုယ်သူမ ရှေ့ထွက်ရန် မလုပ်ချင်သော်လည်း သူမလက်ထဲမှ ပဲနီလေးမုန့်ကို ထုတ်ကာ ရှန်ယာယာဆီ လျှောက်သွားလိုက်သည်။
“ယာယာ ငါနင့်အတွက် ပဲနီလေးဘီစကစ်မုန့် ယူလာတယ်” ဆုဝန်ကပြောလိုက်သည်။
ရှန်ယာယာက လှမ်းကြည့်သည်။ သူမတို့ ဘေးအိမ်က အစ်မဆုဝန်ပင်။ ဆုဝန်သည် တစ်ခါတစ်ရံ သူမအလုပ်များကို ကူလုပ်ပေးတတ်သည်။ သို့သော် အစားအသောက်ပေးသည်မှာ ရှားသည်။ ဟိုဘက်ခြံက အဒေါ်ဝမ်သည် အလွန်ရက်စက်သည်။ အစ်မဆုဝန်ပင် တစ်ခါတလေ ဝဝလင်လင် မစားရပေ။
ရှန်ယာယာသည် ဆုဝန်လက်ထဲမှ ရွှေရောင်သန်းနေသော ပဲနီလေးဘီစကစ်မုန့်ကို ကြည့်ပြီး မယုံကြည်နိုင် ဖြစ်နေသည်။
ဆုဝန်သည် ဘာမှမတတ်နိုင်သော်လည်း သူမလက်ထဲမှ ပဲနီလေးပေါင်မုန့်အပိုင်းလေးကို ရှန်ယာယာအား လှမ်းပေးလိုက်သည်။
အစိမ်းရောင်ပန်းကလစ်နှင့်ကောင်မလေးသည် ဆုဝန်ကို စိတ်ဆိုးမာန်ဆိုး ကြည့်၍နေသည်။
အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေး ဒေါသထွက်သွားသည်ကို မျက်စိထောင့်မှ လှမ်းမြင်လိုက်သော ဆုဝန်သည် ထုပ်ပိုးထားသော ပဲနီလေးဘီစကစ်မုန့်ဂျုံသားကို လေဖြင့် မှုတ်ထုတ်ရင်း ဆီစိမ်စက္ကူကို ဖြည်လိုက်သည်။
ဆုဝန်သည် တစ်ဖက်သို့ ပြန်လှည့်ကာ ပွင့်ဖတ်ပန်းကလစ်နှင့် ကောင်မလေးအား ပဲနီလေးမုန့်ပေးပြီး
“မင်းက ယာယာရဲ့ သူငယ်ချင်းကောင်းပဲ၊ မင်းကိုလည်း တစ်ခုပေးမယ်” ဟု ပြောလိုက်သည်။ ပဲနီလေးမုန့်အမှုန်များသည် လေထုထဲတွင် ရှိနေဆဲဖြစ်ပြီး မွှေးကြိုင်၍ ဆီအိနေသော ရနံ့လေးက လူအများအား သွားရည်ကျစေသည်။
ရွာရှိကလေးများအတွက် သရေစာမုန့်မှာ အနည်းငယ်သာရှိသည်။ ပဲနီလေးဘီစကစ်မုန့်သည်မူ အကောင်းဆုံးမုန့် ဖြစ်ပေသည်။
ရုတ်တရက်ဆိုသလို မိန်းကလေးငယ်များသည် ဆုဝန်လက်ထဲမှ ပဲနီလေးဘီစကစ်မုန့်ဆီသို့ ရောက်လာကြသည်။
ပဲနီလေးဘီစကစ်မုန့်သည် ရွှေရောင်အဆင်းရှိပြီး ကြွပ်ဆတ်သော အပေါ်ယံဂျုုံသားလေးနှင့် ဖုံးထားသည်။ အနံ့မှာလဲ မွှေးပျံ့၍ ချိုအီနေသည်။
ရှန်ယာယာနှင့် ပွင့်ဖတ်ပန်းကလစ်နှင့် ကောင်မလေးသည် ပဲနီလေးမုန့်ကို ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ ပေါင်မုန့်အပြင်ဘက်ရှိ ဂျုံသားသည် ကြွပ်ရွနေပြီး အတွင်းသားသည် နူးညံ့နေသည်။ ရှန်ယာယာနှင့် ပွင့်ဖတ်ပန်းကလစ်နှင့် ကောင်မလေးသည် တစ်ကိုက်ပြီး တစ်ကိုက် ပါးစပ်နှင့်အပြည့် စားနေတော့သည်။
အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးကို ကြောက်ရွံ့ပြီး ရှန်ယာယာနှင့် အတူမကစားဝံ့ကြသူ မိန်းကလေးငယ်လေးများသည် စားနေသောနှစ်ယောက်အား ပါးစပ်လေးအဟောင်းသားနှင့် ငေးကြည့်နေကြသည်။
ထိုမုန့်သည် ရွာထဲရှိ ဒင်းဆမ်းဆိုင်များတွင် ရောင်းသော ဒင်းဆမ်းမုန့်များထက် ပို၍ ဆွဲဆောင်မှုက ရှိလှသည်။ မိန်းကလေးငယ်လေးများသည် မတတ်နိုင်သည့်အဆုံး တံတွေးကိုသာ မြိုချနေရလေသည်။
ဆုဝန်သည် သူမလက်ထဲတွင် ကျန်နေသော ပဲနီမုန့်ကို မြှောက်လိုက်ကာ ကျန်သော ကောင်မလေးများအား “ဒီထဲကကော ဆုဝန်ရဲ့ သူငယ်ချင်း ဘယ်သူကျန်သေးလဲ” ဟုမေးလိုက်သည်။ သူတို့ပါးစပ်မှ ဖွင့်ဟပြောသည်ကိုပင် မစောင့်ဘဲ ဆီစိမ်စက္ကူနှင့် ထုပ်ပိုးထားသော ပဲနီမုန့်ကို ဖြည်ချလိုက်ကာ ရှန်ယာယာလက်ထဲသို့ ထည့်ပေးလိုက်သည်။
“ညီမလေးရဲ့သူငယ်ချင်းဟုတ်တဲ့ ဘယ်သူမဆို ပေးချင်တဲ့သူကို ပေးလိုက်နော် ဟိုအတူ မကစားခိုင်းတဲ့ အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးက လွဲလို့ပေါ့” ဟုပြောလိုက်သည်။
ယခုအခါ မိန်းကလေးများသည် ရှန်ယာယာဘေးတွင် ဝိုင်းလာကြသည်။
“ယာယာ ငါက နင့်ရဲ့ သူငယ်ချင်းကောင်းပါနော် ငါ့ကိုလဲ နင့်ရဲ့ ပဲနီလေးဘီစကစ် ပေးပါ”
“ယာယာ ငါလဲ နင့်ရဲ့ သူငယ်ချင်းကောင်းနော်”
“ငါလဲ နင့်ရဲ့ သူငယ်ချင်းကောင်းပါနော်”
“သူငယ်ချင်းတို့ ငါတို့အားလုံးက အမျိုးတွေလိုပဲနော်”
ဆုဝန်သည် ပဲနီလေးမုန့် ဝေပေးရန် ရှန်ယာယာအား အချက်ပြလိုက်သည်။
ဟန်ဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ ရှန်ယာယာကို နောက်မှ အေးအေးဖြည်းဖြည်း ပြောပြရမည်။ ယခုအချိန်ကစပြီး အရေးကြီးတဲ့အရာက ငါ့ဒေါသကို ဖော်ပြတတ်ဖို့ပဲ။
ဒင်းဆမ်းအနည်းငယ်နဲ့ အစိမ်းရောင်ပန်းကလစ်နဲ့ ကောင်မလေးကို သင်ခန်းစာပေးဖို့က အရှုံးတော့ မရှိပါဘူး။
အစိမ်းရောင်ပန်းကလစ်နဲ့ ကောင်မလေးသည် တစ်ဖက်သို့ ပြောင်းသွားကြသော သူမသူငယ်ချင်း တစ်ယောက်ပြီး တစ်ယောက်ကို ကြည့်နေသည်။ သူမမျက်နှာကြီးသည် ဒေါသထွက်၍ စိမ်းပုပ်လာသည်။
အစိမ်းရောင်ပန်းကလစ်နဲ့ ကောင်မလေးသည် အေးစက်စက်ဖြင့် သူမမေးကိုမြှောက်ကာ သရော်ရင်း ပြောလိုက်သည်။
“နင်တို့မိသားစုက အရမ်းဆင်းရဲတာလေ၊ နောက်အနာဂတ်မှာ နင်တို့ လူတိုင်းကိုဘာတွေ ဝေပေးမလဲ ကြည့်ဦးမယ်” ဟုပြောလိုက်သည်။
ပဲနီမုန့်စားနေသော ကလေးများသည် အစိမ်းရောင်ပန်းကလစ်နှင့် ကောင်မလေးကို အာရုံစိုက်ဖို့ အချိန်ပင် မရှိပေ။
ရှန်ယာယာသည်လည်း သူမကို လျစ်လျူရှုကာ ဆုဝန်၏ဘေးသို့သွားပြီး ဆုဝန်လက်ကို ကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။ “အစ်မဆုဝန် အစ်မသာ ကိုကိုရဲ့ မိန်းမဖြစ်မယ်ဆို အရမ်းကောင်းမှာပဲ”
ရှန်မိသားစုသည် ဝမ်မိသားစုနှင့် ဘေးချင်းကပ်လျက် ဖြစ်သည်။ ရှန်ယာယာသည် ဝမ်မိသားစုက ဆုဝန်ကို ဆူသည်ကို ကြားနေရသည်။ ဝမ်မိသားစုက ဆုဝန်အား ဆိုးရွားစွာ ဆက်ဆံသည်ကိုလဲ သူမသိသည်။
ဆုဝန်သည် ပြုံးကာ ရှန်ယာယာ၏ ခေါင်းလေးကို အသာအယာ ပုတ်ပေးလိုက်လေသည်။
----------------------