Chapter (10)
Viewers 362

Chapter (10)

စာသင်ခန်း (၁၀)



အ​လောင်း ထပ်​တွေ့တာလား?


ယန်ကျစ်ချန်၏ နှလုံးခုန်သံတို့ ဆူညံသွားသည်။


သူနှင့် ရွှီကျားရန်တို့ နှစ်ယောက်စလုံး ဝမ်ရှင်းယွီအကြောင်းကို တွေး​ကြည့်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။


ဒါက တူညီတဲ့ အခြေအနေ ဖြစ်နိုင်လား။


"နောက်တော့...အထက်တန်း ဒုတိယနှစ် တန်းခွဲ ၄ က သေတဲ့ ကျောင်းသားတွေ ပိုများလာတယ်။" ရွှီကျင့်၏ အသံလည်း အနည်းငယ် တုန်ခါသွားသည်။ 


“ခြွင်းချက်မရှိ သူတို့အကုန်လုံး အရေခွံခွာခံရပြီး သူတို့ရဲ့အလောင်းတွေကို မတွေ့ခင်အထိ ကျောင်းလာကြတယ်တဲ့။ သေပြီးတဲ့နောက် ကျောင်းထဲမှာ ခဏကြာအောင် ပုန်းအောင်းနေခဲ့တာ ဖြစ်မယ်။”


"ချန်ယွဲ့ကွမ်းရဲ့နောက်ကွယ်မှာ ကျန်ခဲ့တဲ့ သရဲက ဒုတိယနှစ် တန်းခွဲ ၄ ကို သတ်လိုက်တယ်ဆိုတဲ့ ကောလဟာလတွေ အများကြီးရှိတယ်။ ဒါပေမဲ့ သူတို့အရေခွံကို ဘယ်သူကမှ ရှာမတွေ့သလို ဘယ်လိုသေဆုံးသွားတယ်ဆိုတာ ဘယ်သူမှ မသိဘူး။"


"နောက်ပြီးတော့ရော?" ယန်ကျစ်ချန် မနေနိုင်စွာ ဝင်မေးလိုက်သည်။


"နောက်ပိုင်းကိုတော့ ငါ့သူငယ်ချင်းလည်း မသိဘူးတဲ့" ရွှီကျင့်က ခေါင်းခါသည်။ 


“ရဲတွေရောက်လာပြီး တစ်ယောက်ယောက်ကို ခေါ်သွားပုံရတယ်တဲ့။ အဲဒီနေ့မှာ အထက်တန်း ဒုတိယနှစ် တန်းခွဲ ၄ တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားတယ်။ တံခါးဖွင့်ပြီးတဲ့ နောက် ကျောင်းသား ၂ ယောက် ပျောက်သွားပေမယ့် နောက်တော့ ဘယ်သူမှ မသေ​တော့ဘူးတဲ့”


"အထက်တန်း ဒုတိယနှစ်ရဲ့ တန်းခွဲ ၄ ကို လုံးဝဖျက်သိမ်းပြီး တခြားအတန်းတွေကို ပြန်ပြောင်းထားရတယ်။ လူသေထားတဲ့ စာသင်ခန်းဆိုတော့ ပိတ်ထားလိုက်ရတယ် ပြောတယ်။"


ယန်ကျစ်ချန် ပိုမေးချင်သော်လည်း ကျန့်ယွိဟန်က ထိုအချိန်တွင် သူ့လက်နှစ်ဖက်ကို ဝှေ့ယမ်းရင်း စကားဝိုင်းကို ဖြတ်​တောက်လိုက်သည်။


"ဘာလို့ဒီအကြောင်း ပြောနေတာလဲ။ ငါတို့ ဒီည အိပ်မက်မမက်​တော့ဘူးမလား။ ဒီဟာတွေကို မင်းတို့ဘာလို့ စိတ်ပူနေသေးတာလဲ။ ဘာပဲဖြစ်ဖြစ် ငါကတော့ ဘာကိုမှဂရုမစိုက်ဘူး။ ငါအသက်ရှင်နေသရွေ့တော့ ဘာမှအရေးမကြီးဘူး။"


ရွှီကျင့်လည်း နှုတ်ခမ်းကို ဖွဖွကိုက်ရင်း :“ကောင်းပြီ… ငါလည်း တခြားဘာမှ မသိဘူး။ သူကလည်း ငါ့ကို အများကြီး ထပ်မပြောတော့ဘူး” 


ရွှီကျားရန်: "အဆင်ပြေပါတယ်။ ဒီကိစ္စက နောက်ဆုံးတော့ ပြေလည်သွားပါပြီ။ ငါတို့ တခြားဘာကိုမှ မကြည့်ဘူး၊ မတွေးဘူး။ မကြာခင် ငါတို့ဘဝဟောင်းကို ပြန်သွားနိုင်ပြီ။"


“ဟုတ်တယ်” ရွှီကျင့် ပြုံးပြီး :"နောက်ဆုံးတော့... ငါတို့ရဲ့ အရင်ဘဝတွေဆီကို ပြန်သွားနိုင်ပြီ။"


သူတို့ဘဝဟောင်းကို တကယ်ပြန်သွားနိုင်ပါ့မလား။


ထိုသွေးတစ်စက်၏ အကျိုးသက်ရောက်မှုသည် ယန်ကျစ်ချန်ကို စိတ်မသက်မသာ ဖြစ်စေသေးသည်။ ထိုအေးစက်နေသော ရောင်ဝါသည် ကြောက်မက်ဖွယ်ကောင်းသော အိပ်မက်များကို အမှန်တကယ် တားဆီးနိုင်ပါ့မလား၊ သို့မဟုတ် မမျှော်လင့်ထားသည့် တစ်စုံတစ်ခုသော အဖြစ်အပျက်တစ်ခု ဖြစ်လာနိုင်ခြေ တစ်သောင်းတွင် တစ်ပုံပင် ရှိနေမလား သူတို့ မသိနိုင်ချေ။


မည်သို့ပင်ဆိုစေ သေခြင်းတရားမှာ တကယ်သေရသည်ပင်။ 


သို့သော်လည်း သူတို့မှာ ထိုလူငယ်ကို ရှာမတွေ့သလို၊ လေးထောင့်မျက်နှာကျ ရဲအရာရှိတောင်မှ သူတို့ကို ထပ်ရှာဖို့ မလာ​တော့ချေ။ ရေချိုးခန်းထဲကိုတော့ မရောက်​ဖြစ်ခဲ့ကြ။ ယန်ကျစ်ချန်သည် လက်ရှိအချိန်တွင် သူ့ကံကြမ္မာကို လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိ​တော့ပေ။


သူတို့သည် ဧည့်ခန်းထဲတွင် တစ်နေကုန် ထိုင်နေခဲ့သည်။


ထိုနေ့ညတွင် လွန်ခဲ့သည့် ရက်အနည်းငယ်က မောပန်းနွမ်းနယ်မှုများကြောင့် စောစော အိပ်ယာဝင်ခဲ့ကြသည်။


မအိပ်ခင်မှာ ယန်ကျစ်ချန် သူ၏ဖုန်းကို စစ်ကြည့်ခဲ့သေး၏။ စုန့်ကွမ်းနန် ယခုထိ စာမပို့သေးချေ။ 


လူဆိုသည်မှာ ပြောင်းလဲသည်ချည်းပင်။ 


ယန်ကျစ်ချန် တွေးမိသည်။


လမ်းမခွဲခင်မှာ တစ်ဖက်လူသည် အမြဲတမ်း စက္ကန့်ပိုင်းလေးအတွင်း ချက်ချင်း ပြန်ဖြေတတ်သည်။ လမ်းခွဲပြီးနောက်တွင် သူသည် အမှန်တကယ် အရေးမပါလှတော့ပေ။ ဤသည်ကို တွေးပြီး သူ၏ ကြိုးစားချင်စိတ်ကို ရပ်တန့်လိုက်ကာ ဧည့်ခန်းထဲက ကုတင်တစ်လုံးကို ရွေး၍ လှဲအိပ်လိုက်သည်။


ယနေ့ ဖြစ်ပျက်ခဲ့သည်များက သူထင်ထားသည်ထက် ပိုများလှသည်။ မယုံနိုင်လောက်အောင် ပင်ပန်းနေသော်လည်း ယန်ကျစ်ချန် အိပ်မပျော်သေးပေ။ အချိန်က ညသန်းခေါင်သို့ တဖြည်းဖြည်း တိုးလာသည်။


"မနက်ဖြန် ငါပြန်ပြီးရင် ကောင်းကောင်းအိပ်တော့မယ်။" 


ကျန့်ယွိဟန်က ရေရွတ်လိုက်သည်။ 


"ဒီမှာ အိပ်ရာက အရမ်းကြမ်းတယ် ငါ လုံးဝအိပ်လို့မရဘူး။"


တစ်ဆင်တည်း ရွှီကျင့်အသံက: "ငါ အရမ်းအိပ်ချင်နေပြီ...ငါ အရမ်းပင်ပန်းနေပြီ၊ တကယ်ပင်ပန်းနေပြီ။"


"ဟုတ်တယ်" ရွှီကျားရန်၏ အသံက ပဲ့တင်ထပ်လျက် : "အရမ်းပင်ပန်းတယ်။"


ယန်ကျစ်ချန်မှာ ထိုအသံများကို နားထောင်နေစဥ် ရုတ်တရက် သူ့မျက်ခွံများ မှိန်သွားသလို ခံစားလိုက်ရလေသည်။ ပတ်ဝန်းကျင်က အသံများ တဖြည်းဖြည်း တိုးရှလာသည်။ 


ထို့နောက် ထိန်းမနိုင်သိမ်းမရ အိပ်ပျော်သွား၏။ 


မထင်မှတ်ဘဲ စုန့်ကွမ်းနန်ကို အိပ်မက်မက်ပြန်ပြီ။ သွေးဖုံးနေသည့် သူ့အကြောင်းကို အိပ်မက်မက်ပြီး အနှီမရင်းနှီးသော ချောက်ကမ်းပါးကိုလည်း အိပ်မက်မက်သည်။ 


ကြောက်မက်ဖွယ် ကောင်းသော ကွက်ကွက်ကွင်းကွင်း ထိုအိပ်မက် ပြီးဆုံးသွား၍ မျက်လုံးများကို ဖွင့်လိုက်သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စာသင်ခန်းထဲတွင် သူ့ကိုယ်သူ ပြန်တွေ့လိုက်ရ၏။ 


ပြဿနာက ထင်ထားသည့်အတိုင်း ဤမျှလောက်ဖြင့် မပြီးသေးချေ။ 


အိပ်မက်ထဲတွင် မှုန်ဝါးနေသော အသိစိတ်များ ပျောက်ကွယ်သွားကာ ကြောက်ရွံ့ထိတ်လန့်မှုတစ်ခု အစားထိုးလာသည်။ အမည်မသိလူငယ် ချန်ထားခဲ့သော သွေးများက ဘာမှမလုပ်ပေးနိုင်ပေ။ 


သူတို့မျှော်လင့်ထားသည့် အရာများ၊ ကယ်တင်ခဲ့ရပြီဟု ထင်ခဲ့သည်များက လုံးဝ အသုံးမဝင်​နေခဲ့။ 


အချိန်ရေတွက်မှု မပြီးခင် ယန်ကျစ်ချန်နှင့် ရွှီကျားရန်တို့ဟာ စာသင်ခန်းထဲက အပြေးအလွှား ထွက်ရင်း စင်္ကြံပေါ်ကို ပြေးဆင်းလိုက်ကြသည်။ သူတို့အနောက်၌ ဖရိုဖရဲ ကွဲအက်နေသော ခြေသံများကလည်း ပိုနီးကပ်လာခဲ့သည်။


သူတို့ မယုံနိုင်လောက်အောင် မြန်မြန်ဆန်ဆန် ပြေးနေသော်လည်း ဘာကြောင့် ၎င်းတို့ကို ချန်မထားခဲ့နိုင်လေသလဲ မသိ။ ယန်ကျစ်ချန် နောက်ကြောင်း ပြန်ကြည့်ချင်သော်လည်း ကြောက်စိတ်က သူ၏သိချင်စိတ်ကို မျိုချသွားခဲ့သည်။ 


သူ့ဘေးတွင်ရပ်နေသော ရွှီကျားရန်မှာလည်း နဖူးပေါ်ရှိ သွေးစွန်းထင်းနေသော အမှတ်အသားမှာ အိပ်ပျော်သွားခြင်းကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း မညည်းညူနိုင်သေးပေ။ 


စကားဖလှယ်ရန် အချိန်မရှိကြသော်လည်း စုန့်ကွမ်းနန်ကို အိပ်မက်မက်သောအခါက ကျန့်ယွိဟန်နှင့် ရွှီကျင့်တို့က သူ့ကို စွန့်ပစ်ခဲ့ကြောင်းတော့ ယန်ကျစ်ချန် သိနေပါသေးသည်။ ရွှီကျားရန် တစ်ဦးတည်းသာ ကျန်ရှိတော့ပြီး သူ့ကို နှိုးပြီး ခေါ်ထုတ်လာခဲ့၏။ 


'မခံစားရဘူး' ဟူသည်မှာ မဖြစ်နိုင်သော်လည်း ယခုအချိန်ဟာ ပျော်ရွှင်စရာ အချိန်အခါ မဟုတ်တာလည်း အသေအချာပင်။ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ် ပြေးသွားကာ သူတို့နောက်မှ ခြေသံများကလည်း အနီးကပ် လိုက်လာသည်။


မကြာခင် အချိန်လေးအတွင်း၌ နှစ်ယောက်သား ပထမထပ်ကို ရောက်သွားခဲ့သည်။ 


ကျန့်ယွိဟန်၏ ငိုယိုကာ လွတ်မြောက်သွားပုံကို ဉာဏ်ဖြင့် တွက်ချက်ကြည့်နိုင်သည်။ သို့သော်လည်း ထောင့်တစ်ဝိုက် အရောက်တွင် ပုံရိပ်အသစ်တစ်ခု ပေါ်လာ၏။


ဝမ်ရှင်းယွီပင်။


ဝမ်ရှင်းယွီသည် သေမင်းတမန်အလား ဖြူဖျော့နေပြီး သူ(မ)၏ဆံပင်သည် တစ္ဆေမိန်းမပျိုကဲ့သို့ ဖြာကျလျက် ရှိသည်။ သူ(မ)၏ မျက်လုံးများသည် အသက်မဲ့ကာ တောက်ပြောင်ခြင်းမရှိဘဲ သူ(မ)နှင့် တကယ့်အလောင်းကို ခွဲခြား၍ မရတော့ပေ။


သူ(မ) ရပ်တန့်လိုက်ပြီးသည်နှင့် သူမ၏ အသက်မဲ့ မီးခိုးရောင် သူငယ်အိမ်များက သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်လာသည်။ အရှေ့တွင် ဝမ်ရှင်းယွီ၊ အနောက်တွင်တော့ ကျူးယန် ဖြစ်ပြီး နတ်ဆိုးများက သူတို့နှစ်ယောက်ကို စင်္ကြံမှာ ပိတ်ဆို့ထားလေ၏။


ယန်ကျစ်ချန်၏ သူငယ်အိမ်တို့ ကျုံ့ဝင်သွားသည်။ ထူးဆန်းသော လေပြင်းတစ်ချက် သူအနောက်မှ ရုတ်တရက် တိုးဝင်လာသည်။ ချာကနဲ လှည့်ကြည့်လိုက်သည့် အခိုက်၌ ကျူးယန်၏ သွေးစွန်းနေသော မျက်နှာက သူ၏အမြင်အာရုံထဲ လုံးဝ ပြည့်လျှံသွားတော့သည်။ 


'မကောင်းတော့ဘူး!'


ယန်ကျစ်ချန် အောက်ကို လှိမ့်ချလိုက်သဖြင့် ကျူးယန် ဆန့်ထားသော လက်ကို သီသီလေး ရှောင်နိုင်သွားခဲ့သည်။ သို့သော် ထိုလှုပ်ရှားမှုက ယန်ကျစ်ချန်နှင့် ရွှီကျားရန်ကို ခွဲထုတ်ပစ်နိုင်ခဲ့၏။ ကျူးယန် သူ့ဆီ လှည့်လာပြီး ငုံ့နေသည်ကို မြင်သောအခါ ယန်ကျစ်ချန် အော်လိုက်သည်။ 


"မင်းအရင် ပြေး!"


ရွှီကျားရန် လန့်သွားသည်။ ထိုအခိုက် ယန်ကျစ်ချန်သည် လမ်းဆုံလမ်းခွ၏ တစ်ဖက်သို့ လှည့်ပြေးသွားခဲ့ပြီ။ မျှော်လင့်ထားသည့်အတိုင်း ကျူးယန်သည်လည်း လိုက်သွားခဲ့သည်။


ခြေသံများက သူ့နောက်၌ ဆက်တိုက် လိုက်လာ၏။ ယန်ကျစ်ချန် ရှေ့ကို လှမ်းကြည့်လိုက်ရာ စင်္ကြံအဆုံးတွင် မီးခိုးပြာရောင် နံရံတစ်ခုကို တိုက်ဆိုင်စွာ တွေ့လိုက်ရသည်။ ထို့နောက် အားကုန်သုံး၍ ပြေးသွားခဲ့သည်။


ပစ်မှတ်သို့ ရောက်သည်နှင့် ကပ်လျက် သန့်စင်ခန်းထဲသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့လိုက်သည်။ သန့်စင်ခန်းမှာ ပျက်စီးယိုယွင်းနေပြီ ဖြစ်ကာ မှန်သည်လည်း အပိုင်းပိုင်း ကွဲအက်ပြီး နံရံတွင် တွယ်ကပ်နိုင်ရုံသာ ရှိတော့၏။ မှန်မျက်နှာပြင်မှာ မည်းမှောင်ကာ စုတ်ပြတ်သတ်နေပြီး ဘောင်များကို သံချေးတို့က ဖုံးအုပ်ထားသည်။


မနေ့က အပေါ်ထပ် သန့်စင်ခန်းကို ရောက်ဖူးသောကြောင့် အခန်း မည်မျှရှိကြောင်း သဘာဝကျကျ မှတ်မိပါ၏။ ထို့ကြောင့် ရောက်သည်နှင့် တံခါးကို တွန်းဖွင့်ဝင်ပြီး သော့ခတ် ပိတ်ခိုင်းထားလိုက်သည်။


ဝုန်း!


ကျူးယန် အမြန်ပြေးဝင်လာသော်လည်း တံခါးကို တိုက်မိသွားခဲ့သည်။ 


သူ၏အင်အားကြောင့် ပျက်စီးလွယ်သော သစ်သားတံခါးကို ဝုန်းခနဲ တုန်လှုပ်စေခဲ့သည်။ ယန်ကျစ်ချန်သည် ကျူးယန်၏ ထပ်ခါတလဲလဲ ဝင်ဆောင့်နေခြင်းကို တားဆီးရန် သူ့ခန္ဓာကိုယ်ကို အသုံးပြုထားရကာ သွားများကိုလည်း အံကြိတ်ထားခဲ့သည်။


'ငါ့ကို မမြင်ပါစေနဲ့...' 


နောက်ဆုံးအကြိမ်က ကဲ့သို့ပင် သူ့ကို မတွေ့လိုက်ရသောအခါ ရပ်တန့်သွားခဲ့သည်။ မိနစ်အတော်ကြာအောင် ပြင်းပြင်းထန်ထန် ဝင်ဆောင့်ပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ခြင်းပင်။ 


ယန်ကျစ်ချန် စမ်းသပ်သည့်အနေဖြင့် တံခါးကို ဆောင့်ကန်လိုက်သေးသည်။


'သွားပြီလား မရှိတော့ဘူးလား'


ယန်ကျစ်ချန် တွေးပြီး အာရုံကြောတို့ တင်းမာလာခဲ့သည်။ ထွက်သွားသည့် ခြေသံကို သူ မကြားရသောကြောင့် ထွက်သွားခြင်း ​မဖြစ်နိုင်ပေ။ သို့သော်လည်း 'အဲဒီအရာက ဘာကို လုပ်နေတာလဲ' သူ မသိနေချေ။ 


အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားတိုင် သူ၏ရင်ဘတ်ထဲမှ မကျေမနပ်မှုကလည်း ပြင်းထန်လာသည်။ 


သန့်စင်ခန်းသည် သေမင်းတမန် ရောက်လာသည့်အလား တိတ်ဆိတ်နေ၏။ အမျိုးအမည်မသိသော ဝေဒနာက ယန်ကျစ်ချန်၏ ကျောရိုးကို တုန်လှုပ်သွားစေခဲ့သည်။ ရုတ်တရက် သည်းထိတ်ရင်ဖို ရုပ်ရှင်ထဲမှ မြင်ကွင်းတစ်ခု သူ့စိတ်ထဲ၌ တဖြည်းဖြည်း ပေါ်လာသည်။ 


...ဘယ်လိုမှ မဖြစ်နိုင်ဘူး။


အေးစက်သော ကြိုတင်သတိပေးချက် တစ်ခုက ယန်ကျစ်ချန်၏ ကျောရိုးကို တဆက်ဆက် တုန်လှုပ်သွားစေခဲ့သည်။ ထိုအခိုက် သူ၏ လည်ပင်းသည် ရုတ်ချည်း တင်းမာလာပြီး ဖြည်းဖြည်းချင်း ကြွလာချေ၏။


မျက်နှာကျက်မှာ မီးခိုးရောင်ဖြစ်ကာ ထူထဲသော ပင့်ကူအိမ်များဖြင့် ဖုံးအုပ်ထားသည်။


သူ၏မျက်လုံးတို့သည် နံရံပေါ်သို့ ရွေ့သွားသည့်အခိုက် ထိုသွေးပြတ်ဖွယ် မျက်​နှာ​ကြီးကို မြင်​လိုက်ရလေသည်​။


ယိမ်းနွဲ့နေသော ဦးခေါင်းအောက်တွင် ရှည်လျားပြီး ပါးလွှာသော လည်ပင်းတစ်ခု ရှိသည်။ လည်ပင်းပေါ်ရှိ အရေပြားသည် အမြွှာများကဲ့သို့ ကွဲကွာသွားကာ အောက်ဘက်တွင် မည်းမှောင်ပြီး ပုပ်ပွနေသော ခန္ဓာကိုယ်ကို ပေါ်လွင်လာစေသည်။


မျက်နှာအ​ရေ​ပြားသည် ခေါင်းကို ဖုံးအုပ်ထားသည့် မျက်နှာဖုံးကဲ့သို့ ဖော်မပြတတ်။


ကျူးယန်။


ကျူးယန်။ 


သူ၏ ပြင်းထန်စွာ ထိတ်လန့်မှုကြောင့် ယန်ကျစ်ချန် အသံတစ်သံမျှ မထုတ်နိုင်ခဲ့ပေ။ သူ့ဦးနှောက်က အဆက်မပြတ် တုန်ခါနေပြီး သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ 'ထွက်ပြေးရမယ်၊ မြန်မြန် ထွက်ပြေးရမယ်' ဟုပင်။ 


ယန်ကျစ်ချန် သန့်စင်ခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ ကြောက်စရာကောင်းသော ခန္ဓာကိုယ်တစ်ခု သူ့မျက်စိရှေ့၌ ပေါ်လာသည်။ ထို​ခန္ဓာကိုယ်သည် အလွန်ရှည်လျားပြီး ပါးလွှာသော အရေပြားသည် ၎င်းအားတုတ်ချောင်း သို့မဟုတ် သန်ကောင်ပုံစံဖြင့် မရေမတွက်နိုင်အောင် တွယ်ကပ်နေ၏။ အားပြင်းပြင်းသာ ရိုက်ချလိုက်လျှင် အစိတ်စိတ်အမွှာမွှာ ပြိုကျသွားလောက်သည်။


'ဒါက သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ။'


ကျူးယန်၏ တခဏတာ အာရုံစူးစိုက်မှုကို အခွင့်ကောင်းယူကာ ယန်ကျစ်ချန်တစ်ယောက် ကြားထဲမှ ညှစ်ထုတ်ကာ အိမ်သာထွက်ပေါက်ဆီသို့ အသည်းအသန် ပြေးသွားလိုက်သည်။


သို့သော် ဝေးဝေးသို့ မပြေးရသေးခင်မှာပင် နစ်မြုပ်သွားနိုင်လောက်သည့် လေသံက သူ့ကို ဖြတ်ကျော်သွားချေပြီ။ ဆိုးဝါးလှသော အနံ့အသက်က သူ့နှာခေါင်းပေါက်များထဲ တိုးဝင်လာစဥ် အရိုးလက်က သူ့ခြေကျင်းဝတ်ကို ဖမ်းကိုင်ထားပြီ ဖြစ်သည်။ 


ယန်ကျစ်ချန် ဟန်ချက်ပျက်သွားကာ မြေပြင်ပေါ်သို့ ဗုန်းကနဲ လဲကျသွားသဖြင့် သူ့ခေါင်းသည်လည်း တခဏချင်း တုန်ခါသွားသည်။


ထိုစက္ကန့်အနည်းငယ် အတွင်းမှာပဲ ကျူးယန်သည် သူ့ခြေထောက်ကို ဆွဲယူပြီး နောက်ပြန်ဆုတ်ဖို့ ကြိုးစားနေပါပြီ။ 


'မဟုတ်ဘူး!'


ယန်ကျစ်ချန် အပြင်းအထန် ရုန်းကန်နေသော်လည်း ကျူးယန်၏လက်သည် သံကုပ်သဖွယ် သူ့ခြေချင်းဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ အနည်းငယ်မျှပင် အလျှော့မပေးဘဲ ဖြစ်နေသည်။


ယခုသင်ကြားရေး အဆောက်အအုံသည် သေလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ သူ၏ သေလုမြောပါး ရုန်းကန်မှုကို မည်သူမျှ သတိမပြုမိကြပေ။ ယန်ကျစ်ချန်မှာ တစ်စုံတစ်ခု သူ၏ အရေပြားထဲ စိမ့်ဝင်နေသကဲ့သို့ သူ၏ ခြေကျင်းဝတ်တွင် ထူးဆန်းလှသည့် နာကျင်ကိုက်ခဲမှုကို ခံစားခဲ့ရသည်။


'မဟုတ်ဘူး… မဟုတ်ဘူး!'


'သူ တကယ်ပဲ သေတော့မှာလား။'


သူ၏ တုန်လှုပ်ချောက်ချားသော မြင်ကွင်းကြောင့် ယန်ကျစ်ချန်၏ အကြည့်များမှာ ကျိုးပဲ့နေသော မှန်ကိုသာ မြင်နိုင်ခဲ့သည်။ အမှောင်မှန်က အလင်းတန်းတစ်ခုမှ ရောင်ပြန်မဟပ်နေပါ။ 


သူ၏ခြေကျင်းဝတ်မှ နာကျင်မှုသည်လည်း ပိုပြင်းထန်လာသည်။ သူ့အသိစိတ်က တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပိုလို့တောင် ပြင်းထန်လှသော နာကျင်မှုများ ထွက်ပေါ်လာလေ၏။ 


ထိုအချိန်တွင် မှန်၏ မှုန်ဝါးသော ရောင်ပြန်ဟပ်မှုထဲတွင် ဖြူဖျော့သော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။ သူ့အတွင်းစိတ်ထဲ​၌ ထိုမျက်နှာအား ထူးဆန်းစွာ ရင်းနှီးနေသလို ခံစားနေရသည်။


ထိန်းမနိုင်သိမ်းမရ အဓိပ္ပာယ်မဲ့သော ခံစားချက်တစ်ခုသည် ယန်ကျစ်ချန်၏ နှလုံးသားအား ကြောက်ရွံ့မှုစွာဖြင့် လွှမ်းခြုံထားခဲ့သည်။


မသေခင်မှာ သူဘာကြောင့် စုန့်ကွမ်းနန်ကို မြင်ယောင်နေသေးတာလဲ။ 


ထိုအချိန်တွင် သန့်စင်ခန်းထဲ၌ စူးစူးရဲရဲ ကျယ်လောင်သော အရာကြီးတစ်ခု တိုက်မိသွားခဲ့သည်။ ဘေစင်ရှေ့ရှိ မှန်ကြီး အပိုင်းပိုင်းကွဲအက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သန့်စင်ခန်း တစ်ခုလုံးရှိ အပူချိန်များ ကျဆင်းသွားကာ ယန်ကျစ်ချန်၏ ခန္ဓာကိုယ် တောင့်တင်းလာသွားသည်။


တစ်စုံတစ်ခု လိမ်ကောက်နေသည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများ ဖြာထွက်လာကာ မှန်ကြီး ပြုတ်ကျသွားခဲ့သည့်နေရာမှ တွားသွား ထွက်လာခဲ့သည်။


'မဟုတ်ဘူး၊ မဟုတ်ဘူး...'


ယန်ကျစ်ချန်၏ ရှုပ်ယှက်ခတ်နေသော စိတ်ထဲတွင် အဓိပ္ပာယ်မဲ့ အော်ဟစ်နေသံများ ပြင်းထန်လာသည်။


၎င်းက စုန့်ကွမ်းနန်ပင်။ 


တကယ် စုန့်ကွမ်းနန်။ 


သို့သော် ယခု စုန့်ကွမ်းနန်သည် သူမှတ်မိသော ခပ်ခွာခွာလူနှင့် လုံးဝ မတူတော့ပါ။ အိပ်မက်ထဲကအတိုင်း သွေးစွန်းနေသော တာအို၀တ်စုံကို ဝတ်ထားသည်။ သူ့ခါးတွင်လည်း ခေါင်းလောင်းများ ချိတ်ထား၏။ 


နောက်ပြီး သူ၏မျက်​နှာမှာ ​သေ​လောက်​​အောင်​ ဖြူ​ဖျော့နေသည်​။


သွေးစွန်းနေသော အလောင်းကောင်ထံမှ စူးစူးဝါးဝါး အော်သံကြီး ထွက်လာသည်။ ၎င်းက သူ့ခြေထောက်ကို လွှတ်လိုက်ပြီး တံခါးဆီသို့ အလောသုံးဆယ်ဖြင့် ပြေးထွက်သွားတော့သည်။


လွတ်သွားပြီ။


သို့သော် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါသည် အနည်းငယ်မျှပင် လျော့ပါးမသွားခဲ့။ ယန်ကျစ်ချန်တစ်ယောက် မီးမှိန်မှိန်ဖြင့် ဖုံးအုပ်ထားသည့် သန့်စင်ခန်းကို တင်းမာစွာ လှည့်ကြည့်လိုက်သည်။ သူ စုန့်ကွမ်းနန်ကို မြင်နေရသော်လည်း စိတ်သက်သာရာ မရလာပေ။


ဆန့်ကျင်ဘက်အားဖြင့် မြင်သာထင်သာ ရှိလုနီးပါး ကြောက်ရွံ့မှုများကသာ သူ့ကို လုံးဝ မလှုပ်မယှက် ဖြစ်သွားစေသည်။ သူ့ရှေ့တွင် ရပ်နေသော စုန့်ကွမ်းနန်ကို အေးစက်စွာ၊ ထုံထိုင်းစွာ စိုက်ကြည့်နေမိ၏။ 


ထိုစဥ် စုန့်ကွမ်းနန်က သူ့ခေါင်းကို လှမ်းကိုင်လိုက်သည်။


စူးရှရှ ကိုက်ခဲလုနီးပါး နာကျင်မှုတစ်ခု သူ့လက်ချောင်းထိပ်များမှတစ်ဆင့် ယန်ကျစ်ချန်၏အသားထဲ ​ဖောက်ဝင်လာသည်။ နာကျင်ခြင်းနှင့်အတူ ထူးဆန်းသော အနက်ရောင် မြူခိုးများသည် ယန်ကျစ်ချန်၏ မျက်လုံးတစ်ခုလုံးကို ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသကဲ့သို့ အမြင်အာရုံတစ်ခုလုံးပေါ် ပြည့်နှက်သွားသည်။


နာကျင်မှုကြောင့် ယန်ကျစ်ချန် သတိလစ်သွားလုနီးပါး ဖြစ်သွားခဲ့သည်။ နွေးထွေးသော သွေးများက သူ့ပခုံးများအောက်သို့ စီးကျလာသလို ခံစားလိုက်ရသည်။


"စုန့်...ကွမ်းနန်..."


ယန်ကျစ်ချန်ခမျာ အားနည်းပြီး စိတ်ပျက်အားငယ်သော အသံ​လေးကိုသာ ထိန်းနိုင်ခဲ့သည်။


"မင်း...ဘာလို့လဲ..."


"ယန်ကျစ်ချန်"


စုန့်ကွမ်းနန်ဆီက အသံထွက်လာသည်။ ထိုအသံသည် နတ်ဆိုးတစ်​ကောင်၏ ပဲ့တင်သံကဲ့သို့ သူ၏ အသံများအား ဖုံးအုပ်သွား​လေ၏။ 


"မင်းကိုယ့်ကိုသတ်​ခဲ့တာ။ ကိုယ် မင်းအသက်​ကို ပြန်ယူမယ်​!"




***


Aurora Novel Translation Team