ကောင်းကျိုးမပေးသော သမီးပျို
အပိုင်း(၂)
ဇာမဏီငှက်မိသားစုဝင်တစ်ဦးဖြစ်နေပြီး အတွင်းအားနှင့်မှော်ပညာရပ် တစ်ခုမှ လေ့ကျင့်မရသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေပါတယ်။ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုမရှိတဲ့အပြင်ကျပ်ပါမပြည့်ဖြစ်နေပါသေးတယ်။လုံးဝသံသယဖြစ်စရာမလိုတာကတော့ လူကသာ၁၃နှစ်ပြည့်ပြီးတာ အတွေးအခေါ်ကလေးနှစ်သားသာသာအဆင့်မှာတင် ရပ်တံ့ခဲ့တာပါ။သူမကို ဇာမဏီမိသားစုရဲ့ ဂုဏ်ပျက်စေသူ အမှိုက်သခင်မလေးအဖြစ် သတ်မှတ်ထားကြပါတယ်။
သူမအိပ်ယာရှေ့ရပ်နေသူနှစ်ယောက်ဟာဇာမဏီမိသားစုရဲ့လူငယ်မျိုးဆက်သစ်တွေပါ။ကွာခြားတာဆိုလို့ သူတို့ဟာ သူမထက် အသက်ပိုကြီးတာရယ် အရည်အချင်းရှိတာရယ်ပါပဲ။နှစ်ယောက်စလုံးဟာ အတွင်းအားပညာရပ်နဲ့မှော်ပညာရပ်တွေမှာ ထူးချွန်ကြလို့ ဇာမဏီမိသားစုရဲ့ အနာဂတ်ကြယ်ပွင့်တွေလို့ အသိအမှတ်ပြုထားကြပါတယ်။
သူတို့နှစ်ယောက်လုံးလုပ်တာဆိုလို့ အတွင်းအားနဲ့မှော်ပညာတွေ တိုးတက်အောင်လေ့ကျင့်တာအပြင် သူမကို အနိုင်ကျင့်ပြီး ကျေနပ်နေကြတာရယ်ပဲရှိပါတယ်။
အဲ့မောင်နှမနှစ်ယောက်ကြောင့်လည်း ရှန်ယန်ရှောင် ယခုလို အနာတရတွေဖြစ်ကာ ကုတင်ပေါ်လှဲလျောင်းနေရခြင်းဖြစ်ပါတယ်။
ရှန်ယန်ရှောင်ရဲ့ ကျပ်မပြည့်မှုကို အခွင့်ကောင်းယူကာ မှော်သတ္တဝါတွေကို ချုပ်နှောင်ထားတဲ့ နေရာကို ဝင်စေခဲ့တာပါ။ရလာဒ်အနေနဲ့ကတော့ အခုလို ကုတင်ပေါ်မှာ လှဲလျောင်းနေရတာပါပဲ။အဲ့နေရာကို စောင့်ကြပ်သူကသာ မသိခဲ့ပါက မှော်သားရဲတွေရဲ့ပါးစပ်အတွင်း သက်ဆင်းနေရမှာဖြစ်ပါတယ်။
တခြားလူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို သေချာနားလည်ပြီးတဲ့အခါမှသာ ရှန်ယန်ရှောင်လည်း ထိုမောင်နှမနှစ်ယောက်နဲ့ စာရင်းရှင်းမယ့်အချိန်ရောက်တာပါ။
သို့ပေမယ့်လည်း ဒီအချိန်မှာ ထိုမောင်နှမနှစ်ယောက်လုံးဟာ သူတို့ရဲ့ အဖိုးဖြစ်သူ ဇာမဏီမိသားစုခေါင်းဆောင်က ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှာကို ကြောက်လန့်နေတာ သိသာထင်ရှားနေပါတယ်။သူတို့သတိမထားမိတာကတော့ သူတို့ခြိမ်းခြောက်နေသူဟာ အရင်ကရှိမြဲဖြစ်တဲ့ အူကြောင်ကြောင် မျက်ဝန်းနေရာမှာ စူးရှထက်မြက်တဲ့ အကြည့်အဖြစ်
ပြောင်းလဲနေတာကိုပါ။
"မင်းအတွက် အကောင်းဆုံးကတော့ ငါတို့နှစ်ယောက် စိတ်တိုလာအောင် မလုပ်ဖို့ဘဲ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်းသိလာမှာနော်"ဟု ရှန်ကျီယီဟာ သူမ၏နှုတ်ခမ်းကို ကွေးကာ သူမရဲ့တုံးအတဲ့ ညီမဖြစ်သူကို ကြည့်ရင်းပြောလိုက်ပါတယ်။သားရဲတွင်းကို ချိုးဖျက်တဲ့ပြစ်မှုကိုသာမကြောက်ခဲ့ပါက ဒီငတုံးမအတွက်နဲ့ သူမလေကုန်ခံနေမည်မဟုတ်ပေ။
ရှန်ယန်ရှောင်ဟာ သူမရဲ့ မျက်ခုံးအစုံကို ပင့်ကာ အတွေးတစ်ချက်နှင့်ပင် သူမ၏ ထက်မြက်သော အကြည့်ကို ရူးကြောင်ကြောင်ပုံပေါက်ရန် ပြောင်းလဲလိုက်ပါတယ်။မျက်တောင်ခတ်လိုက်ပြီးတဲ့အခါ ရှန်ကျီယီကို ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်ပါတယ်။
"အစ်မ ငါနင့်ကို ပြောသားပဲ ဒီငတုံးမက ဘာမှနားလည်မှာမဟုတ်ပါဘူးလို့။ဘဘကိုပြန်ပြောတောင်မှ ဘဘက ယုံမနေပါဘူးဟာ။အဲ့ဒါကို ဘာလို့လေကုန်ခံနေမှာလဲဟာ"ဟု မောင်ဖြစ်သူ ရှန်ကျီဝေက စိတ်မရှည်စွာ ပြောလိုက်ပါတယ်။
သူမ၏မောင်ကို ပြန်မပြောသေးဘဲ ဒါဏ်ရာများနဲ့ ရှန်ယန်ရှောင်ကို အကဲခတ်နေပါတယ်။ခါတိုင်းလိုမျိုး နာခံတတ်တဲ့ပုံစံတွေ့မှသာလျှင် စိတ်ချသွားပါတော့တယ်။သူမမောင်ကိုခေါ်ကာ အခန်းထဲကနေ ထွက်သွားပါတော့တယ်။
ရှန်ယန်ရှောင်ရဲ့ ဒါဏ်ရာတွေကို သူမကဘာလုပ်နေရမှာလဲ။သားရဲတွင်းမှာ သေသွားတောင်မှ မျက်စိစပါးမွှေးစူးစရာ အမှိုက်တစ်စ လျော့သွားရုံအပြင် ဘာမှမဖြစ်။သူတို့အဖိုးဖြစ်သူစုံစမ်းသိရှိသွားမှာကို မကြောက်ရလျှင် အခုလိုလည်း လေကုန်ခံနေမှာမဟုတ်ပေ။
မောင်နှမနှစ်ယောက်လုံး ထွက်သွားပြီးမှသာ ရှန်ယန်ရှောင်မျက်နှာပေါ်ရှိ အမူအယာပြောင်းကာ တစ်ခြားလူတစ်ဦးကဲ့သို့ ဖြစ်သွားသည်။ကုတင်ပေါ်မှနေ ဝှီကနဲခုန်ဆင်းလိုက်သည်။
ရုတ်တရက်လှုပ်ရှားမှုကြောင့် ခါးတစ်ဝိုက်ရှိ အနာတို့က နာကျင်သွားလေသည်။အံကိုကြိတ်ကာ သူမတစ်ကိုယ်လုံးရှိ အနာရတို့ကို စစ်ဆေးလိုက်သည်။စိတ်ထဲတွင် မဲ့လိုက်မိသည်။
ကံတရားက သူမကို ယခုလို အခွင့်အရေးပေးလာမှတော့ ဒီဘဝအသစ်ကို သေချာဂရုတစိုက် ရှင်သန်ဖို့လုပ်ဆောင်ရမှာက သူမ၏တာဝန်ပဲလေ။သို့သော်လည်း အရင်ဘဝက ရှန်ယန်ရှောင်နှင့်ယခု ရှန်ယန်ရှောင်တို့၏ တူညီမှုမရှိတာတွေက အများအပြားပင်ဖြစ်နေသည်။
အမှိုက်၊ငတုံးမ ဟုတ်လား။
ဒီဖော်ပြချက်နှစ်ခုဟာ သူမရဲ့အစိတ်အပိုင်း ဘယ်တော့မှ မဖြစ်စေရ။