Ch 13&14
Viewers 972

Ch 13.1


(ကြောက်လည်းကြောက် လုပ်လည်းလုပ်ချင်နေတဲ့ ကျန်းအာ့ဖန်)


ယဲ့ကွမ်ရှန်က ကျွမ့်‌လောင်လီ့နဲ့အတူ စုန်းဖုန်းကျွန်းကို သွားသည်။ ဒါက ယဲ့လီတို့မိသားစု အစကတည်းကစီစဉ်ပြီးသားဖြစ်သည်။


မသွားခင်မှာ အတွင်းရေးမှူးကျန်းတုံးကျုံးအစား ရေကာတာကိစ္စကိုဆွေးနွေးခဲ့သည်။


အရင်ဘဝတွင် ကျန်းတုံးကျုံးလုပ်ပေးခဲ့တာတွေကို ကျေးဇူးပြန်ဆပ်လိုက်တာပဲဖြစ်သည်။


ညဘက်မှာတော့ ကျန်းတုံးကျုံးက ဟူရုံလန်ကို "ယဲ့အိမ်ကလူတွေ လောင်စန်းမရှိတုန်း လျောင်ချူရှင်းတို့သားအမိတွေကို နှိပ်စက်နေမှာစိုးလို့ သေချာစောင့်ကြည့်ထားဦး။"


ဟူရုံလန်က ခေါင်းငြိမ့်ပြီး "ကျွန်မလည်း စောင့်ကြည့်နေပါတယ်။ ဒီနေ့ သူများတွေကိုလည်း ပြောထားတယ် ကြည့်ပေးပါဦးလို့။"


ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်အနောက်မြောက်ဘက်ကို သွားမဲ့ကိစ္စကို ပြန်ပြောရင်း ခုနက ယဲ့ကွမ်ရှန်ပြောခဲ့တဲ့စကားကို ထပ်ပြောလိုက်သည်။


"လူကြီးမင်းမောင် ကျွန်တော့်ကို လိုအပ်တယ်ဆိုရင်.....ဒီစကားက ပြောသွားတာ အရမ်းကောင်းတယ်!"


ဟူရုံလန်က နားထောင်ပြီး ခဏလောက်ကြာမှ "အရမ်းကောင်းတယ်! ကျွန်မသာဆို ဒီလိုစကားကောင်းမျိုး ပြောထွက်မှာမဟုတ်ဘူး။"


"ဟုတ်တယ်!" ကျန်းတုံးကျုံးက ယပ်ခတ်ပြီး ခြင်တွေကိုမောင်းထုတ်ရင်း "လောင်စန်းပြောလိုက်တဲ့ ဒီစကားနဲ့တင် ဒီနှစ်နာမည်စာရင်းကို ငါသေချာပေါက် လောင်စန်းအတွက် ယူပေးရမယ်။ သမဝါယမအသင်းက မပေးချင်ဘူးဆိုရင် ငါ လက်ထောက်ဒါရိုက်တာကျိန့်ကို သွားပြောရမယ်။"


ဟူရုံလန်က "အရင်က လက်ထောက်ဒါရိုက်တာကျိန့်ရဲ့ အဖွဲ့ကဆိုပြီး အနိုင်ကျင့်မနေနဲ့ဦး။"


ကျန်းတုံးကျုံးက တဟားဟားဖြင့်ရယ်ပြီး "အရင်က စစ်တိုက်တုန်းကလည်း ငါ့ကိုပြောတာ မနည်းပါဘူး။"


သူတို့လင်မယားနှစ်ယောက် စကားပြောနေချိန် ယဲ့လီနဲ့ လျောင်ချူရှင်းကတော့ ဘာယူသွားရမလဲဆိုတာကို အခန်းထဲတွင် ဆွေးနွေးနေသည်။


ယဲ့လီက လေးနှစ်ပဲရှိသေးတယ်ဆိုပေမဲ့ လျောင်ချူရှင်းကတော့ သူမကို လူကြီးတစ်ယောက်လို့ပဲမြင်ပြီး ကိစ္စတွေကိုတိုင်ပင် ဖြစ်သည်။


"အနောက်မြောက်ဘက်က အရမ်းအေးတယ်။ အနွေးထည်တွေ၊ အိုးခွက်ပန်းကန်တွေ အကုန်ပြင်ဆင်ထားရမယ်။"


ယဲ့လီက ခေါင်းငြိမ့်ပြီး "အဲ့ဒီဘက်မှာက လယ်ယာသုံးပစ္စည်းတွေ ပေးတယ်ဆိုတော့ ယူသွားစရာ မလိုတော့ဘူး။"


ယဲ့ဇီက မျက်လုံးလေး ကလယ်ကလယ်ဖြင့် "သားတို့ကဘယ်သွားကြမလို့လဲ?"


"မမတို့က အနောက်မြောက်ဘက်ကို သွားရမှာ။"ယဲ့လီက မောင်လေးလက်ကို ဆုပ်ကိုင်လိုက်ပြီး "အဲ့ဒီမှာဆို ဘယ်သူကမှ မမတို့ကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး။"


"တကယ်လား?" ယဲ့ဇီက ဝမ်းသာပြီးမှ ခေါင်းလေးငုံ့သွားကာ "အဘိုးနဲ့ အဘွားတို့လည်း သွားမှာလား?"


ယဲ့လီက အသံချိုသာစွာဖြင့် "မသွားပါဘူး။ အဖေရယ်၊ အမေရယ်နဲ့ မမတို့ရယ် မိသားစုလေးယောက်ပဲသွားမှာ။"


"အရမ်းကောင်းတာပဲ။" ယဲ့ဇီက ပျော်ရွှင်စွာဖြင့် မျက်လုံးပြူးလာသည်။


မောင်လေးပျော်နေတာမြင်တော့ ယဲ့လီကလည်း ပျော်နေသည်။


လျောင်ချူရှင်းက ပြောင်းဖူးကို နှစ်ပိုင်းပိုင်းပြီး ပန်းကန်ထဲထည့်ကာ ယဲ့ဇီကို ပေးလ်ုက်သည်။


"မား ခဏလေး။" ယဲ့လီက ယဲ့ဇီမမြင်အောင် ကွယ်လိုက်ပြီး အမဲသားတစ်ကျင်းကို ထုတ်လာခဲ့သည်။


လျောင်ချူရှင်းက အမဲသားကို တိတ်တိတ်လေးယူလိုက်ပြီး ယဲ့ဇီကိုကျောပေးကာ သတိကြီးစွာဖြင့် အမျှင်များဖြစ်အောင် လုပ်လိုက်သည်။


ပြီးတာနဲ့ ဟူရုံလန်ပေးထားတဲ့ မုန်ညင်းဥမျှင်နဲ့နယ်ပြီး ပန်းကန်ထဲထည့်လိုက်သည်။

(T/N မုန်ညင်းဥဆိုတာက မုန်ညင်းပင်ရဲ့အမြစ်ပါ။)


ယဲ့ဇီက တစ်လုပ်စားပြီးနောက် ပျော်ရွှင်စွာဖြင့် "မား ဒီအနီရောင်အမျှင်က အရမ်းစားကောင်းတာပဲ။ ကြွပ်ရွနေတာတွေရော ပျော့နေတာတွေရော ပါတယ်။"


"‌ဒါက မုန်ညင်းဥမျှင်လေ။" ယဲ့ဇီက ပျော်ရွှင်စွာနဲ့ စားနေတာကို မြင်တော့ လျောင်ချူရှင်း မျက်ရည်ဝဲလာသည်။


ကလေးက ၄ နှစ်တောင်ရှိပြီဆိုပေမဲ့ အရင်တစ်ခေါက်စားခဲ့တဲ့ မြွေဟင်းရည်ကလွဲပြီး အသားတစ်လုပ်တောင် မစားဖူးသေးဘူး။


အနီရောင်အမျှင်က အသားဆိုတာတောင် မသိရှာဘူး။


အမေတစ်ယောက်အနေနဲ့ ကျရှုံးလိုက်တာ။


ယဲ့ဇီက ပြောင်ဖူးပန်းကန်တစ်ခုလုံးကို ပြောင်နေအောင်စားပြီး သက်ပြင်းချကာ "ဒီနေ့စားတာ ဗိုက်ပြည့်သွားပြီ။ အနီရောင်မုန်ညင်းဥမျှင်က အရမ်းစားကောင်းတယ်။"


ပြီးတော့ သနားစရာရုပ်လေးဖြင့် လျောင်ချူရှင်းကိုကြည့်ကာ "မနက်ဖြန်လည်း မုန်ညင်းဥမျှင်စားလို့ရလား?"


ကလေးအတွက်တော့ ဗိုက်ပြည့်အောင်စားနိုင်တယ်ဆိုတာက အရမ်းကိုပျော်ရွှင်နေရပြီ။


လျောင်ချူရှင်းက ပြုံးပြီး "စကားနားထောင်ရင် နောက်ဆိုခဏခဏစားလို့ရတယ်။"


ယဲ့လီနဲ့ လျောင်ချူရှင်းကတော့ ယဲ့ဇီကို ပေါက်စီမ‌ကျွေးရဲသေးပေ။ ပါးစပ်မလုံဘဲ အကုန်ထုတ်ပြောနေမှာစိုးလို့ပင်။


နောက်နှစ်မှ ရိုးရိုးစကားကို တစ်နိုင်ငံလုံးမှာသင်ကြားမှာဖြစ်သည်။

(T/N တရုတ်မှာ simplified နဲ့ traditional ဆိုပြီး နှစ်မျိုးရှိပါတယ်။ simplified က တရုတ်ပြည်မကြီးမှာ သုံးပြီး traditional က ထိုင်ဝမ်မှာ သုံးပါတယ်။)


အနောက်မြောက်ဘက်မှာ လူပေါင်းမျိုးစုံရှိတော့ အားလုံးက ကိုယ့်ဒေသစကားကို ပြောကြမှာမို့ စကားပြောတာ အဆင်ပြေတော့မှာမဟုတ်ဘူး။


အဲ့ဒီအချိန်မှ ယဲ့ဇီက ထုတ်ပြောလာရင်လည်း ဘယ်သူမှနားလည်မှာ မဟုတ်ဘူး။


ယဲ့ဇီက ခေါင်းကို လျောင်ချူရှင်း ရင်ဘက်မှာကပ်လိုက်ပြီး "သား နောက်ဆိုရင် သေချာပေါက် စကားနားထောင်မှာပါ။"


နောက်တစ်နေ့မှာတော့ ကျန်းတုံးကျူံးက ချန်းနျန်တုကိုသွားပြီး အလုပ်တင်ပြရင်းနဲ့ ယဲ့ကွမ်ရှန်အလုပ်ရဖို့ကိုလည်း ပြောခဲ့‌သေးသည်။


လျောင်ချူရှင်းကတော့ ယဲ့ကွမ်ရှန်ရဲ့အလုပ်ကို ယူလိုက်ပြီး ထော်လာဂျီသုံးပြီး ဂျုံစေ့တွေပို့သည်။


Ch 13.2


(ကြောက်လည်းကြောက် လုပ်လည်းလုပ်ချင်နေတဲ့ ကျန်းအာ့ဖန်)


ဟူရုံလန်က လျောင်ချူရှင်းဆီသွားပြီး ဂျုံစေ့ကိုပေးလိုက်သည်။


ကလေးတချို့က စူးစမ်းလိုစိတ်ဖြင့် ယဲ့လီနဲ့ ယဲ့ဇီအနားကို သွားပြီး "နင့်အဖေက တကယ်ပဲ နင့်ရဲ့အဘိုးကို တိုင်လိုက်တာလား?"


ယဲ့လီက သူမကို စကားလာပြောတဲ့ကလေးကို ကြည့်လိုက်ပြီး ပြုံးကာ "အဘိုးက လူဆိုး! အဲ့တာကြောင့် အဖေက တိုင်ရတာ။"


ကလေးဆိုတော့ နားမလည်ဘဲခေါင်းလေးငြိမ့်ကာ "ငါတို့က လူဆိုးနဲ့မကစားဘူးဆိုတော့ ယဲ့ကျင်းကျစ်နဲ့လည်း ကစားလို့မရတော့ဘူး။"


ယဲ့ကျင်းကျစ်က ရောက်လာပြီး အဲဒီစကားပြောတဲ့ ကလေးကို တွန်းလိုက်တာ "ဘယ်သူ့ကို လူဆိုးလို့ပြောနေတာလဲ?"


ကလေးက ဂျုံပင်တွေကြားထဲလဲကျသွားပြီး ငိုချလာသည်။


ယဲ့လီက ယဲ့ကျင်းကျစ်ကို ကြည့်လိုက်ပြီး လျောင်ချူရှင်းဘက်လှည့်ကာ "အမေ ယဲ့ကျင်းကျစ် သမီးကိုအနိုင်ကျင့်နေတယ်။" ပြောပြီးတာနဲ့ လဲကျနေတဲ့ကလေးကို သွားထူလိုက်သည်။


ငါက ငယ်သေးတော့ နင့်ကိုမနိုင်ဘူး! ဒါပေမဲ့ ငါ့အမေကတော့ နိုင်တယ်။


ယဲ့လီက လျောင်ချူရှင်းကို အော်ပြောလိုက်တာကိုကြားပြီး ယဲ့ကျင်းကျစ် ကြောက်သွားသည်။


ပြန်သွားတော့မဲ့အချိန်မှာ ယဲ့ဇီက တံခါးနားမှာလဲနေတာကိုတွေ့တော့ ယဲ့ကျင်းကျစ်က ယဲ့ဇီကို "ဘာကြည့်တာလဲ? ဆက်ကြည့်နေမယ်ဆိုရင် ကန်လိုက်မယ်!"


"ယဲ့ကျင်းကျစ် နင်ဘယ်သူ့ကို ကန်ချင်နေတာလဲ? လျောင်ချူရှင်း ရောက်လာသည်။


ယဲ့ကျင်းကျစ်က လျောင်ချူရှင်းရောက်လာတာတွေ့တော့ အဲ့ဒီနေ့က လျောင်ချူရှင်း ကျန်းအာ့ဖန်ကို ရိုက်တဲ့ပုံစံကိုပြန်သတိရပြီး နှလုံးခုန်မြန်လာပေမဲ့လည်း စိတ်ငြိမ်အောင်ထားလိုက်ပြီး "တစ်မိသားစုလုံးမှာ တစ်ယောက်မှ မကောင်းကြဘူး။"


ကျန်းတုံးကျုံး ပြောတာမှန်သည်။ ယဲ့ကွမ်ရှန်မရှိတာနဲ့ ယဲ့အိမ်ကလူတွေက ယဲ့လီနဲ့ လျောင်ချူရှင်းကို ပြဿနာရှာကြသည်။


ဟူရုံလန်က ကျန်းအာ့ဖန်ကို "ကိုယ့်သမီးကို လာခေါ်! အကြီးဆိုပြီး ကိုယ့်ထက်ငယ်တဲ့ကလေးတွေကို လိုက်အနိုင်ကျင့်နေတယ်။ နင့်အိမ်က ကလေးကလည်း ကလေးပဲ သူများအိမ်က ကလေးကလည်း ကလေးပဲ။ အဲ့တာကို ဘာလို့အနိုင်ကျင့်ရတာလဲ?"


ကျန်းအာ့ဖန်က စိတ်တိုစွာဖြင့် လက်ထဲက ဂျုံပင်ကိုပစ်ချပြီး "ခေါင်းဆောင်ဟူ နင့်စကားက မဟုတ်သေးပါဘူး။ လျောင်ချူရှင်းက ငါ့သမီးကို အနိုင်ကျင့်တော့ နင်ဘာမှမပြောဘူးလား?"


"ငါက နင့်သမီးကို ဘယ်လိုအနိုင်ကျင့်နေလို့ဆိုတာ ပြောကြည့်စမ်းပါ။" လျောင်ချူရှင်းက ရယ်လိုက်သည်။


ဒီနေရာက ရိက္ခာထားတဲ့နေရာဆိုတော့ လျောင်ချူရှင်းက သူမကို မရိုက်နိုင်လောက်ဘူးထင်ပြီး ခါးထောက်ကာ "နင်ခုနက ငါ့သမီးကို အော်လိုက်တယ်!"


လျောင်ချူရှင်းက မျက်လုံးမှေးပြီး ကျန်းအာ့ဖန်ကို ကြည့်ကာ "နင့်သမီး ခုနက ငါ့သားကိုကန်တယ်!"


ကျန်းအာ့ဖန်က ခါးထောက်ထားတာကို ဖြုတ်လိုက်ပြီး "ဒါပေမဲ့ ငါ့သမီးက တကယ်မကန်လိုက်ဘူးလေ မဟုတ်ဘူးလား?"


"သူသာ တကယ်ကန်လိုက်ရင် ငါအော်နေမှာ မဟုတ်ဘူး တစ်ခါတည်းရိုက်လိုက်မှာ!" လျောင်ချူရှင်းက အင်္ကျီလက်ကိုဆွဲတင်ပြီး "နင်မယုံရင် စမ်းကြည့်လို့ရတယ်။ ငါ နင်တို့သားအမိကို မရိုက်ဘူးလားဆိုတာ။"


ကျန်းအာ့ဖန်က အနောက်ကိုဆုတ်ရင်း ပါးစပ်ကလည်း အော်ရင်းဖြင့် "ငါကအကြီးဆိုတော့ အလျှော့ပေးလိုက်မယ် နင့်လိုမိန်းမမျိုးနဲ့ ပြိုင်မပြောတော့ဘူး။ မိမရှိ ဖမရှိနဲ့ အဲ့ဒါကြောင့် ယဉ်ကျေးရကောင်းမှန်း မသိတာ။"


သူမပြောလို့တောင်မပြီးသေးဘူး လျောင်ချူရှင်းက သူမရဲ့ဗိုက်ကို ထိုးလိုက်သည်။


ကျန်းအာ့ဖန်က မျက်လုံးပြူးပြီး အော်သံတောင် ထွက်မလာတော့ဘူး။


နည်းနည်းလောက်ကြာပြီးမှ အသက်ရှုနိုင်ပြီး အော်တော့သည်။


"လျောင်ချူရှင်း နင် ငါ့ကို ထိုးရဲတယ်?"


"ငါ့ကို ထပ်ပြောနေမယ်ဆိုရင် သေအောင်လုပ်ပစ်မယ်!"


လျောင်ချူရှင်းက သူမရဲ့ပုခုံးကို တစ်ချက်ကန်လိုက်ပြီး ကျန်းအာ့ဖန်ခန္ဓာကိုယ် ရှေ့နောက်လည်သွားအောင် ထပ်ကန်လိုက်သည်။


"ထမင်းကျွေးတာပဲ မှတ်မိပြီး အရိုက်ခံရတာတော့ မမှတ်မိဘူး! အရင်တစ်ခေါက်က ရိုက်ပြီးတာတောင် ထပ်ပြီးစိန်ခေါ်ရဲသေးတယ်?"


ကျန်းအာ့ဖန်က လက်သီးကိုဆုပ်လိုက်ပြီး ယဲ့လောင်အာ့ကို ကြည့်ကာ "လောင်အာ့ နင့်မိန်းမအရိုက်ခံနေရတာတောင် ဘာမှမလုပ်တော့ဘူးလား?"


ယဲ့လောင်အာ့က လူအုပ်ထဲမှာပဲနေပြီး မကြားသလိုလုပ်နေသည်။


ဒီမိန်းမကတော့ သူပြောထားတာတွေကို နားမထောင်ဘူး။


အဖေက တရားစီရင်ခံရတော့မှာကို လျောင်ချူရှင်းကို သွားစိန်ခေါ်နေသေးတယ်? အိမ်ကလူတွေ သေတာ မမြန်မှာစိုးလို့လား?


ကျန်းအာ့ဖန်က ယဲ့ထန်ရှစ်ကို ကြည့်ကာ "အမေ......"


ယဲ့ထန်ရှစ်က နဖူးကိုကိုင်ပြီး အာ့ယိုးဆိုကာ "ငါ ဘာလို့ဒီလောက်မူးနေရတာလဲ?"


အိမ်ကလူတွေအကုန်လုံးက မကူပေးတော့ ကျန်းအာ့ဖန်က ပါးစပ်ပိတ်ပြီး အသံထပ်မထွက်ရဲတော့ပေ။


ယဲ့လီက ယဲ့ဇီအနားသွားကာ "လန့်သွားသေးလား?"


ယဲ့ဇီက မယုံနိုင်စွာဖြင့် "အမေက ဒီလောက်တောင်တော်တာလား? အဒေါ်နှစ်ကိုတောင် ရိုက်လိုက်နိုင်တာလား?"


"သေချာတာပေ့ါ အမေကအတော်ဆုံးပဲ။" ယဲ့လီက ပြုံးပြီး ယဲ့ဇီရဲ့လက်ကို ကိုင်လိုက်ကာ "နောက်ဆိုရင် မမတို့မိသားစုက ပိုပြီးတော့ အခြေအနေကောင်းလာမှာ။"


လျောင်ချူရှင်းက လူတွေအများကြီးရှေ့မှာ ကျန်းအာ့ဖန်ကို ရိုက်လိုက်တာကို အမျိုးသမီးအဖွဲ့ဝင်တွေက ဘာမှမပြောဘဲ သဘောတောင်ကျနေသေးသည်။


"အရင်က သိမ်သိမ်မွေ့မွေ့နဲ့ သူများအနိုင်ကျင့်တာပဲခံနေတာ။ အခုလို ဒေါသထွက်လာတော့လည်း ဗြောက်လိုပါပဲလား? အရမ်းမိုက်တယ် ငါကြိုက်တယ်!"


"သူသာ ငါတို့ဆီလာမယ်ဆိုရင် အလုပ်လုပ်တာပဲဖြစ်ဖြစ် ရေခပ်တာပဲဖြစ်ဖြစ် ငါတို့ပထမရမှာ သေချာတယ်။ အဲ့ဒီယောက်ျားတွေကို ခြေထောက်အောက်မှာထားနိုင်ပြီ။"


Ch 14.1


(ဦးလေးလျောင်ရှုရွှယ်)


ညဘက်တွင် ကျန်းတုံးကျုံးက ချန်းနျန်တုကနေပြန်လာတော့ ပြုံးပျော်ပြီး သီချင်းလေးညည်းရင်း ပြန်လာသည်။


သူဒီလောက်ပျော်နေတာမြင်တော့ အန်တီတစ်ချို့က "အတွင်းရေးမှူးကျန်း လမ်းမှာ ပိုက်ဆံကောက်ရခဲ့တာလား?"


"ပိုက်ဆံကောက်ရတာထက်တောင် ပျော်သေးတယ်!" ကျန်းတုံးကျုံးက တဟားဟားဖြင့်ရယ်သည်။


ယဲ့ကွမ်ရှန်ကတော့ ပြန်မလာသေးဘူး။


လုံးဝညဉ့်နက်သွားပြီး လျောင်ချူရှင်းက ရွာထိပ်မှာထိုင်စောင့်နေတာတောင် ပြန်မလာသေးဘူး။


စော်ဇီဂုံက လိုက်ကာက ရောင်းထွက်သွားပြီး အခုအရေးကြီးဆုံးက ခြွေတာနဲ့နေလှန်းတာပဲဖြစ်သည်။


ကျန်းတုံးကျုံးက လယ်ထဲကနွားနှစ်ကောင်နဲ့ လှန်းထားတာတွေ သယ်ဖို့လုပ်နေသည်။


အချိန်ကုန်တာ အရမ်းမြန်သည်။ ယဲ့ကွမ်ရှန်က လုပ်သားငါးယောက်နဲ့ စုန်းဖုန်းယွီကိုသွားတာ ငါး‌ရက်တောင်ရှိနေပြီဖြစ်သည်။


ဒီငါးရက်အတွင်းမှာ ဘာသတင်းမှမကြားရဘူး။


လျောင်ချူရှင်းက မနေနိုင်တော့တာကြောင့် ကျန်းတုံးကျုံးဆီသွားပြီး "အတွင်းရေးမှူးကျန်း ကျွန်မနဲ့ စုန်းဖုန်းယွီကိုအတူတူသွားရအောင်။"


ရေကာတာပြင်တာက ရွာထဲက ရေသုံးတဲ့ကိစ္စကိုဖြေရှင်းနိုင်တယ်။ ပြင်လို့မရခဲ့ရင် စုန်းဖုန်းယွီတို့ဘက်က ယဲ့ကွမ်ရှန်ကို ခြိမ်းခြောက်နိုင်သည်။


ယဲ့လီလည်း စိတ်ပူနေသည်။


အရင်ဘဝမှာ ကျန်းတုံးကျုံးကို အဘိုးကြီးယဲ့က ခေါ်သွားပြီးနောက် ရေကာတာကိစ္စကြောင့် နှစ်ရွာလုံးရန်ဖြစ်ခဲ့ကြပြီး လူပေါင်းများစွာ သေခဲ့ကြရသည်။


ကျန်းတုံးကျုံးလည်း စိတ်ပူနေသည်။


ဒါပေမဲ့ သူက အတွင်းရေးမှူးဖြစ်တာကြောင့် စိတ်ပူတာကို ထုတ်ပြလို့မရဘူး။


"ငါ လောင်စန်းကို ယုံကြည်တယ်။ သတင်းမရတာလည်း သတင်းကောင်းပါပဲ။"


"‌ဒါပေမဲ့လည်း သွားကြည့်ကြမယ်လေ!" လျောင်ချူရှင်းက မျက်မှောင်ကျုံ့လိုက်ပြီး "ကျွန်မက စုန်းဖုန်းယွီကဆိုတော့ မိဘအိမ်ပြန်တယ်လို့ပဲ ပြောလိုက်မယ်။"


ကျန်းတုံးကျုံးက စဉ်းစားပြီးတော့ သဘောတူမလို့ဘဲ ရှိသေးတယ် ရိက္ခာသိုလှောင်ခန်းကနေ စကားသံတွေကြားလိုက်ရသည်။


"ရှုရွှယ်? မင်းတို့ စုန်းဖုန်းယွီက ကိစ္စတွေပြီးသွားပြီလား? နှစ်ပတ်လောက်မတွေ့တာ မုတ်ဆိတ်မွေးလည်း မရိတ်ဘူး။ ငါက ကျန်းဖေးပန်းချီကားထဲကနေ ထွက်လာတာလားလို့။"


ဒီအသံကြားပြီးတာနဲ့ ခန္ဓာကိုယ်တောင့်တင်း‌တဲ့လူတစ်ယောက်က သိုလှောင်ခန်းထဲဝင်လာသည်။


အရပ်က ၇ ပေလောက်ရှိနေတော့ အဲဒီမှာရပ်လိုက်တာနဲ့ လူဆိုးဆိုတဲ့ ခံစားချက်ကြီးကို ရလိုက်သည်။


ဒီလိုလူကိုတွေ့လိုက်တာနဲ့ ယဲ့လီက လက်လှမ်းလိုက်ပြီး ပျော်ရွှင်စွာနဲ့ "ဦးလေး!?"


အရင်ဘဝမှာ ယဲ့ကွမ်ရှန်နဲ့ လျောင်ချူရှင်းက ပျောက်သွားတာမဟုတ်ဘဲ လုပ်ကြံခံလိုက်ရတာဆိုပြီး လျောင်ရှုရွှယ်က သံသယဝင်ပြီး စုံစမ်းပေးဖို့ သွားတိုင်ခဲ့သည်။


နောက်တော့ လျောင်အိမ်က စွပ်စွဲခံရတော့ လျောင်ရှုရွှယ်က မခံချင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုသတ်သေသွားသည်။


အဲ့ဒီနောက်ပိုင်းမှာတော့ ယဲ့လီနဲ့ ယဲ့ဇီကို ဘယ်သူကမှ ဂရုမစိုက်တော့ဘူး။


"ရှောင်လီ!" လျောင်ရှုရွှယ်က ယဲ့လီကို ပွေ့ချီလိုက်ပြီး မုတ်ဆိတ်မွှေးတွေနဲ့ မျက်နှာကိုပွတ်တော့ ယဲ့လီက ရယ်ပြီး "ဦးလေးကို အရမ်းလွမ်းနေတာ။"


လျောင်ရှုရွှယ်က ယဲ့လီကိုပွေ့ရင်း ကျန်းတုံးကျူံးကိုနှုတ်ဆက်လိုက်ပြီး ယဲ့ဇီကိုကြည့်လိုက်တော့ ယဲ့ဇီက အံ့ဩစွာဖြင့် "ဦးလေး?"


လျောင်ရှုရွှယ်က ယဲ့ဇီခေါင်းနာမှာစိုးပြီး မပွေ့ရဲတာကြောင့် ပြုံးလိုက်ပြီး "ရှောင်ဇီ သက်သာသွားပြီလား?"


ယဲ့ဇီက ခေါင်းမော့ပြီး ပျော်ရွှင်စွာနဲ့ "ဦးလေး သားဘာမှမဖြစ်တော့ပါဘူး။"


ယဲ့ဇီက အရမ်းလိမ္မာတာကိုတွေ့တော့ လျောင်ရှုရွှယ်စိတ်ထဲ ဝမ်းနည်းသွားရသည်။


‌နောက်လှည့်ပြီး လူအုပ်ထဲရှာကြည့်လိုက်တော့ ကြမ်းပြင်ပေါ်မှာ တံမြက်စည်းလှည်းနေတဲ့ ယဲ့လောင်အာ့ကို တွေ့လိုက်ရသည်။


တစ်ချက်လောက် မဲ့ပြုံး ပြုံးလိုက်ပြီး ‌ခြေလှမ်းအကျယ်ကြီးလှမ်းကာ ယဲ့လောင်အာ့ကို ကန်လိုက်သည်။

"အမှိုက်ကောင်!"


"အမလေး...." ယဲ့လောင်အာ့ကို မြေကြီးပေါ်ထိုင်ချသွားစေသည်။ အစကတည်းက ကောင်းကောင်းမရပ်နိုင်တာကို လျောင်ရှုရွှယ်က ကန်လိုက်တော့ သူအဝေးကို လွင့်ထွက်သွားသည်။


"လျောင်ရှုရွှယ်? မင်းဒါလာလုပ်တာလဲ? ဒီနေရာက စော‌ဇီဂုံနော် မင်းလုပ်ချင်တိုင်း လုပ်လို့ရတယ်လို့ ထင်နေတာလား?" ‌ယဲ့လောင်အာ့က လျောင်ရှုရွှယ်ကို စိတ်တိုစွာဖြင့် ကြည့်လိုက်သည်။


Ch 14.2


(ဦးလေးလျောင်ရှုရွှယ်)


"ထွီး!" ဒါက လျောင်ရှုရွှယ်ရဲ့အဖြေပဲ ဖြစ်သည်။ နောက်ပြီးတော့ "လာရိုက်လိုက်လေ!"


ယဲ့လောင်အာ့ "......."


ယဲ့ကွမ်ရှန်နဲ့ အဖွဲ့ဝင်တွေကလည်း သိုလှောင်ခန်းထဲရောက်လာသည်။


သူတို့ပြန်လာတာမြင်တော့ ကျန်းတုံးကျုံးက သွားပြီး "ပြန်လာကြပြီလား?"


ယဲ့ကွမ်ရှန်က ရယ်ရင်းဖြင့် ခေါင်းငြိမ့်လိုက်ကာ "ငါတို့ စော်ဇီဂုံရဲ့မျက်နှာကို အိုးမဲမသုတ်ဘဲ ပြန်လာခဲ့ပြီ။"


ကျန်းတုံးကျုံးက ယဲ့ကွမ်ရှန်ရဲ့ မျက်လုံးထဲကနေ ပျော်ရွှင်မှုတွေကို မြင်တွေ့လိုက်ရပြီး "သွားမယ် သွားမယ် ရေသွားသောက်လိုက်ဦး။" လျောင်ရှုရွှယ်ကိုပါ ခေါ်ပြီး "ရှုရွှယ် သွားမယ်လေ။"


ပြီးတော့မှ ဟူရုံလန်နဲ့ လျောင်ချူရှင်းတို့ကို မျက်စပစ်ပြလိုက်ပြီး "နင်တို့နှစ်ယောက် အိမ်ပြန်ထမင်းဟင်းချက်ပြီး လာပို့လိုက်ဦး။"


လျောင်ရှုရွှယ်ကတော့ ယဲ့လီကိုပွေ့ပြီး အနောက်ကနေ လိုက်သွားသည်။


သိုလှောင်ခန်းကနေ ထွက်လာတဲ့အချိန် လျောင်အိမ်က အမဲရောင်မြည်းကို အပြင်မှာချည်ထားတာကို ယဲ့လီမြင်တော့ ရယ်ပြီး "ဦးလေး သာ့ဟေးလည်း ရောက်လာပြီပဲ။"

(T/N တာ့ဟေးနဲ့ သာ့ဟေး အတူတူပဲနော်)


ယဲ့လီ နာမည်ခေါ်တာကို ကြားတော့ သာ့ဟေးက အော်လာသည်။


ဧည့်ခန်းထဲရောက်တော့ ကျန်းတုံးကျုံးက အားလုံးကို ရေထည့်ပေးသည်။


ယဲ့ကွမ်ရှန်က ရေသောက်ပြီးမှ "ရေကာတာကိစ္စက ဖြေရှင်းပြီးသွားပြီ။"


"တကယ်လား?" ကျန်းတုံးကျုံးက ပျော်ပြီး အံဩစွာဖြင့် ရေဘူးကိုချလိုက်ပြီး "စုန်းဖုန်းယွီဘက်ကရော ဘာတွေတောင်းဆိုသေးလဲ?"


သူတို့ပြောတာကတော့ သူတို့မှာ ယောက်ျားလေးတွေက အပြင်ထွက်အလုပ်လုပ်နေတော့ မိန်းကလေးနဲ့ ကလေးတွေပဲရှိတော့ ယောက်ျားလေးအင်အားနည်းတယ်တဲ့။"


"အဲ့ဒါ ငါတို့စော်ဇီဂုံရွာကို နှစ်ရွာပေါင်းပြီး တစ်ရွာတည်းဖြစ်အောင်လုပ်မယ်၊ ပြီးတော့ ရိက္ခာတွေအလဲလှယ်လုပ်ကြမယ်တဲ့။ မင်းသဘောတူရင် ငါတို့စုန်းဖုန်းယွီက အတွင်းရေးမှူးနဲ့ သွားဆွေးနွေးလိုက်တော့မယ်။"


"ဘာ? ဒါကဘယ်လိုတောင်းဆိုမှုကြီးလဲ?" ကျန်းတုံးကျုံးက စိတ်တိုစွာဖြင့် "ငါ သူတို့အတွင်းရေးမှူးဆီ သွားလိုက်ဦးမယ်။"


"ရေကာတာပြင်တဲ့အချိန် သူတို့ဘက်ကလည်း အလုပ်သမားတွေလွှတ်ပေးမယ်တဲ့ ဒါပေမဲ့ မိန်းကလေးတွေပဲ လွှတ်မှာ....."ယဲ့ကွမ်ရှန်က ထပ်ပြောသည်။


"ငါတို့မှာ ယောက်ျားလေးအလုပ်သမားများတယ်။မိန်းကလေးတွေကို မလုပ်ခိုင်းလည်းရတယ်။" 


ကျန်းတုံးကျုံးက မျက်လုံးမှေးပြီး ယဲ့ကွမ်ရှန်ကို ကြည့်ကာ "သူတို့ဘက်က ဘာတွေထပ်တောင်းဆိုသေးလဲ? ပြောကြည့်။"


ယဲ့ကွမ်ရှန်က လျောင်ရှုရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး "ငါက ဒီတောင်းဆိုချက်နှစ်ခုကိုပဲ ပြန်ပြောပေးတာ ကျန်တာကိုတော့ မင်းတို့အတွင်းရေးမှူးအချင်းချင်း ပြောကြ။ ဒီတစ်ခေါက်မှာ ငါ့ယောက်ထက အများကြီးကူညီထားတာ။"


သူက လျောင်ရှုရွှယ်ကို လက်ညှိုးထိုးပြီး "သူ လျောင်အိမ်ရဲ့ အလုပ်ရုံကို စုန်းဖုန်းယွီကို ပေးလိုက်တယ်....."


"ဘာ?" လျောင်ရှုရွှယ်က အလုပ်ရုံကို စုန်းဖုန်းယွီကို ပေးလိုက်မယ်လို့ ကျန်းတုံးကျုံးက မထင်ထားဘူး။ ခဏလောက်ကြာမှ လက်မထောင်လိုက်ပြီး "ရက်ရောလိုက်တာ!"


လျောင်ရှုရွှယ်က ရယ်လိုက်ပြီး "နောက်ဆိုရင် ယောက်ဖနောက်ပဲ လိုက်ကပ်နေရတော့မှာ။"


"မင်းကလည်း အနောက်မြောက်ဘက်ကိုသွားမလို့လား?" ကျန်းတုံးကျုံးက လျောင်ရှုရွှယ်ရဲ့စကားကို နားလည်လိုက်သည်။


လျောင်ရှုရွှယ်က ခေါင်းငြိမ့်ပြီး "ငယ်ရွယ်တုန်းလေး နေရာအသစ်သွားပြီး ဗဟုသုတတွေသွားယူမလို့။"


လျောင်ရှုရွှယ်ရဲ့စကားကိုကြားပြီး ကျန်းတုံးကျူံးက လေးစားကာ "မင်းတို့တွေက တော်လိုက်တာ။"


စော်ဇီဂုံနဲ့ စုန်းဖုန်းယွီကို ပေါင်းမယ်လို့ကြားတော့ တစ်ချို့ကပျော်ပြီး တစ်ချို့‌ကတော့ စိတ်ညစ်နေကြသည်။


"ဘာတွေကြောက်နေတာလဲ? အတွင်းရေးမှူးကျန်း ရှိနေတာပဲကို သူစီစဉ်ပါလိမ့်မယ်။ ငါကတော့ ရိက္ခာခွဲမယ့်ကိစ္စပဲစိတ်ဝင်စားတယ် ကျန်တာစိတ်မဝင်စားဘူး။" တစ်ချို့ကတော့ ကောင်းကင်ကြီးပြုတ်ကျ‌လာရင်တောင် ကျန်းတုံးကျုံးခံထားပေးတယ်ဆိုတဲ့ပုံစံနဲ့ ပြောနေကြသည်။


တစ်ချို့ကတော့ စိတ်ညစ်နေကြသည်။


"ရွာနှစ်ရွာပေါင်းပြီး တစ်ရွာတည်းဖြစ်သွားရင် အတွင်းရေးမှူးကျန်းက ခေါင်းဆောင်မှာလား စုန်းဖုန်းယွီတို့ဘက်က ခေါင်းဆောင်မှာလား?"


"မဟုတ်တာတွေ စိတ်ပူနေတယ်။ ဆွေးနွေးပြီးသွားရင် ချန်းနျန်တုကိုသွားပြီး ဖြေရှင်းပေးရမှာပေါ့။"


"မင်းတို့သတင်းကြားပြီးပြီလား? ယဲ့လောင်စန်းက အနောက်မြောက်ဘက်ကို သွားမလို့တဲ့......"


"ဘာ? ယဲ့လောင်စန်းက အနောက်မြောက်ဘက်ကိုသွားမယ်? အဲ့ဒါကဘယ်နားမှာလဲ? အရမ်းဝေးလား?"


"မသိဘူး....."


ညရောက်တော့ လျောင်ရှုရွှယ်က ကျန်းတုံးကျုံးတို့အိမ်မှာ အိပ်သည်။


ကျန်းတုံးကျူံးက သူ့ကို ဧည့်ခန်းမှာ အခင်းပြင်ပေးတော့ လျောင်ရှုရွှယ်က ငြင်းကာ "နွေရာသီကြီးကို အပြင်မှာပဲအခင်း ခင်းပြီး အိပ်တော့မယ်။ အထဲမှာက ပူအိုက်နေတာပဲ။"


"အဲ့‌‌ဒါဆို ငါ ခြင်ထောင် ထောင်ပေးမယ်။" ဟူရုံလန်က ပြောရင်းနဲ့ အခန်းထဲက ခြင်ထောင်ကိုဖြုတ်ပြီး လျောင်ရှုရွှယ်အတွက်လုပ်ပေးနေသည်။


ယောက်ျားသုံးယောက် အပြင်မှာ အခင်းခင်း၊ ခြင်ထောင် ထောင်ပြီး ခြင်ထောင်ထဲမှာ စကားပြောနေကြသည်။


သူတို့စကားပြောနေတာကို ကြားတော့မှ ယဲ့လီက ဒီရက်တွေအတွင်း ယဲ့ကွမ်ရှန်ကြုံတွေ့ခဲ့ရတာတွေကို သိရတော့သည်။

"ဒီလောက်ရန်ဖြစ်တတ်တာ ငါတို့အမျိုးသမီးအဖွဲ့ထဲကို မဝင်ရင်တော့ နှမြောစရာပဲ။"