Ch 125
Viewers 4k

125 01

 အနာဂတ်က အလားအလာရှိတယ်


ထိုအခြေအနေသည် အမှန်ပင် မမျှော်လင့်ထားသော အံအားသင့်စရာ ကိစ္စတစ်ခု ဖြစ်နေသည်။


ချိုင်ကောသည် ယခင်က ညဘက် ကောင်းကောင်း မအိပ်ထားခဲ့ချေ။ ထို့အပြင် မနက်ပိုင်းအစောကြီး ထထားရသေးသည်။


အချိန်ကွာဟချက်ကြောင့် Gp Bမှပွဲများက Gp A၏ မနက်ပိုင်းတွင် ကျင်းပသလို ဖြစ်နေသည်။


မော့က မဲကိစ္စနှင့်ပတ်သက်သော weibo postကို တင်ခဲ့သောအခါ ချိုင်ကောက weiboကို ကြည့်ခါစ ဖြစ်နေသည်။


သူတို့သည် တစ်နိုင်ငံတည်းမှ ပြိုင်ပွဲဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် အရွက်ကောကလည်း moonlitနှင့် ဆက်ဆံရေးကောင်းမွန်သည်။ (မဟာဆရာသခင်က သူ့ဆီကနေတစ်ဆင့် ပိုက်ဆံအများကြီး လုပ်ထားတာကြောင့်) ထို့အပြင် moneyသည် gloryတွင် “lucky mascot” ဖြစ်လေသည်။ ထိုအတွက်ကြောင့် အရွက်ကောက RRကို အမှန်တကယ် သဘောကျသည်။


သူသည် ထိုpostကို ယဥ်ကျေးမှုအရ forwardပေးရုံသာ မကသေးလေဘဲ ပို၍များပြားသော ကျော်ကြားမှု ရရှိနိုင်ရန်အလို့ငှာ ထိုကြွယ်ဝသော ပုဂ္ဂိုလ်ကြီး၏အသင်းစကားများကိုပင် ဖြန့်ပေးသေးသည်။


ဒါပေမဲ့ ဘယ်သူက ထင်ထားမှာလဲ။ သူက မဲပေါက်သွားတယ်။


ကံကောင်းမှုသည် အလွန်မှော်ဆန်သော အရာဖြစ်သည်။ လူတစ်ယောက်က ပထမဆုကို ရချင်လေလေ ထိုသို့ဖြစ်ရန် ခက်ခဲလေလေဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုအကြောင်းအရာကို မတွေးလေလေ ကောင်းကင်ပေါ်မှ ပြုတ်ကျလာတတ်လေလေဖြစ်သည်။


ပိုင်ချိုင်တစ်ယောက်တည်းကသာ စိတ်ထွေပြားသွားခြင်းမဟုတ်ချေ။ တစ်နိုင်ငံလုံးက အလားတူ ပေါက်ကွဲသွားခြင်းဖြစ်သည်။


“အရာအားလုံးကို အများရှေ့ ထုတ်ပြန်ထားတာကြောင့်သာမဟုတ်ရင် ခေါင်းဆောင်မော့က နောက်ကွယ်ကနေ ကြိုးကိုင်နေတယ်လို့တောင် သံသယ ဝင်မိလောက်တယ်”


“whiteလား FTWရဲ့ အထောက်အပံ့ကစားသမား မဟုတ်လား”


“သေစမ်း ကြွယ်ဝခြင်းနတ်ဘုရားက တကယ်ကို ကြွယ်ဝခြင်းနတ်ဘုရားပဲ၊ ဒီလိုတောင် ဖြစ်လာတယ်”


“ပိုင် white....သူ့ရဲ့မျက်နှာက ဖြူတယ်၊ ချိုင်...ကြွယ်ဝတယ်....မားမား ငါ့အနေနဲ့ အခုနာမည်ပြောင်းရင် နောက်ကျနေပြီလား”


“ငါ သမိုင်းတစ်ခေါက် ပြန်လည်မွေးဖွားတာကို မျက်မြင် တွေ့ကြုံလိုက်ရတာပဲ၊ gloryရဲ့ No1 အကြွယ်ဝဆုံး ပုဂ္ဂိုလ်က gloryရဲ့ ကံအကောင်းဆုံးပုဂ္ဂိုလ်ကို မဲနှိုက်လိုက်တယ်”


“moneyနဲ့ ကြွယ်ဝခြင်းနတ်ဘုရားက shipဖို့ တော်တော်လိုက်ဖက်တဲ့စုံတွဲလို့ ငါ တိတ်တိတ်လေး ပြောချင်တယ်”


လုဖုန်း၏ Cpများက မဟာတံတိုင်း တည်ဆောက်ရန် လုံလောက်နေပြီဆိုလျှင် ပိုင်ချိုင်ကလည်း နောက်ကျန်ရစ်ခဲ့ခြင်း မရှိချေ။ သို့သော် လုဖုန်းသည် အမြဲတစေ Gongဖြစ်တတ်ပြီး ပိုင်ချိုင်က အမြဲတစေ Shouဖြစ်နေသည်။ နှစ်ယောက်၏ အခြေအနေက မတူညီပေ။


မော့ဟွေ့(ခေါင်းဆောင်မော့၏ နာမည်အရင်း)သည် ရလဒ်ကြောင့် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရသည်။ သူက အင်တာနက်တစ်ခွင် အနှံ့ချိုင်ကောထံ လှမ်းအော်သည်။


“နတ်ဘုရားပိုင် badass”


ပိုင်ချိုင်...


“......”


Money...


“မစိုးရိမ်ပါနဲ့၊ ငါFTWဆီကို တိုက်ရိုက် ကားမောင်းလာခဲ့မယ်”


Porsche..cayenneသည် အနည်းဆုံး ယွမ်တစ်သန်း တန်လေသည်။


သံသယဝင်ရန် မလိုလောက်အောင် ပိုက်ဆံကို လောဘကြီးသော ချိုင်ကောအတွက် ကြီးမားသည့် ဆွဲဆောင်မှုကြီးဖြစ်သည်။


ဒါပေမဲ့...။


ချိုင်ကောသည် သူ၏ တည်ဆောက်ထားသော ကာရိုက်တာကို ထိန်းသိမ်းရန်လည်း လိုအပ်သည်။ အထူးသဖြင့် အင်တာနက်ပေါ်တွင်ဖြစ်သည်။ ထိုအတွက်ကြောင့် သူသည် idolတစ်ယောက် ဖြစ်ရခြင်းက ဝန်ထုပ်ဝန်ပိုးတချို့ ရှိသည်ဟုပင် ခံစားနေရသေးသည့်တိုင်အောင် ထိန်းထိန်းသိမ်းသိမ်း ဖြေလိုက်သည်။


“ခေါင်းဆောင်မော့ တကယ်တော့ ဒါက အရမ်းကို မသင့်တော်....”


Money...


“ရပါတယ်။ အများအရှေ့မှာ တရားဝင် မဲနှိုက်ထားတာပဲ၊ ဒါက မင်းရဲ့ ကံကောင်းမှုလေ”


ချိုင်ကောသည် ထိုသို့သော စကားလုံးမျိုးကို အလွန်ကြားချင်နေခြင်း ဖြစ်သည်။


သူ့ရဲ့ကံက ပေါက်ကွဲလောက်အောင် ကောင်းနေတာ။


Moneyက သူနဲ့ဆက်ပြီး စကားပြောပြန်သည်။


“မင်းတို့တွေ ဒီနေ့ပြန်မှာလား”


ချိုင်ကောကလည်း သူတို့၏အတွင်းရေးကိစ္စများကို မဖော်ထုတ်လိုသဖြင့် ဝေဝေဝါးဝါးသာ ပြောသည်။


“အင်း ဒီနေ့ အသင်းတိုင်းနီးပါး ပြန်မှာပဲ”


Money....


“ကောင်းပြီ အိမ်ကျမှ တွေ့မယ်”


ပိုင်ချိုင်...


“....”


ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။ သူသာ သူ့လက်ထဲကို ရောက်လာတဲ့ ယွမ်တစ်သန်းကို ငြင်းလိုက်မယ်ဆိုရင် သေရလိမ့်မယ်။

125 02

ထိုအချိန်တွင် ဝေ့ရှောင်းက အိမ်သာထဲတွင်သာ ရှိနေသေးပြီး သူ၏မိသားစုမှ အရွက်လေးက ကံကောင်းသွားကြောင်း မသိသေးပေ။


ယွမ်ဇယ်ကလည်း သူ့ကို RRသည် ဒုတိယနေရာတွင် ရှိကြောင်းပြောပြီးနောက် ဝေ့ရှောင်းက နားလည်သွားသည်။


သူက မျက်ခုံး ပင့်လိုက်၏။


“ခေါင်းဆောင်ယွမ် ဆိုလိုတာက ငါတို့ပြည်တွင်းမှာတောင် ချန်ပီယံရှစ် မရနိုင်ဘူးပေါ့လေ”


ယွမ်ဇယ်သည် ကောင်းကင်နှင့်မြေပြင်ကိုပင် မကြောက်ရွံ့သည့် အကြောက်အလန့်မဲ့သော သူ၏ပုံစံလေးကို သဘောကျသည်။ ထို့ကြောင့် သူ၏ခေါင်းပေါ်သို့ ရေအေးကို အပုံးလိုက် လောင်းချင်သွားသည်။


“ငါက မင်းထက် Eveရဲ့အဆင့်ကို ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်တယ်၊ RRက ဘယ်လောက်ပဲနိုင်နိုင် သူတို့ရဲ့အင်အားကို လျှော့တွက်လို့တော့ မရဘူး”


သူက ဆက်ပြောသည်။


“မင်းက proကို နိုင်သွားတာက အခြေအနေချင်း မတူဘူး၊ Eveက အရှိန်အဟုန် အပြည့်နဲ့ ရှိနေတာ၊ ရှဲ့ဟယ်ကလည်း ပြိုင်ဘက်ကို ဘယ်တော့မှ အထင်မသေးဘူး”


RRသည် ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင် နိုင်နိုင်သေးသည်။ ထို့ကြောင့် ဒီနှစ်အသင်းများက မည်မျှကြမ်းတမ်းကြောင်း ပြသရန် လုံလောက်သည်။


ဝေ့ရှောင်းသည်လည်း ဒီအခြေအနေလောက်နှင့် မကြောက်သွားပေ။ အပြန်အလှန်အနေဖြင့် သူသည် ပို၍ပင် အင်အားတက်ကြွလာသည်။


“ကောင်းတာပေါ့”


ယွမ်ဇယ်က မျက်ခုံး ပင့်သည်။


ဝေ့ရှောင်းက ရေပန်းခလုတ်ကို ပြန်ပိတ်လိုက်ရင်း ခေါင်းကိုလှည့်ကာ ကြည့်သည်။


“ပြည်တွင်းပြိုင်ပွဲတွေကသာ တအား အားနည်းနေရင် globalပြိုင်ပွဲ ဝင်ရောက်တဲ့အခါ ငါမင်းကို ပေါက်ထွက်သွားအောင် လုပ်နိုင်ရင် ပိုယုံကြည်မှု ရှိချင်မှရှိလိမ့်မယ်”


သူ၏ စကားလုံးများ၏ အဓိက အဓိပ္ပါယ်အရ....ပြည်တွင်းပြိုင်ပွဲတွေက ကြမ်းတမ်းလေလေ အခြေအနေက ပိုကောင်းလေလေ ဖြစ်သည်ဟု ရည်ရွယ်သည်။ တရုတ်ပြည်တွင်း အတွင်းရှိ အဖွဲ့တိုင်းကသာ ဒယ်ဒီများကဲ့သို့ ကြမ်းတမ်းနေခဲ့မည်ဆိုလျှင် FTWကလည်း တောက်လျှောက် သတ်ဖြတ်၍ လာနိုင်သည်။ ဒီနည်းအားဖြင့် globalပြိုင်ပွဲရောက်ချိန်တွင် ကျယ်ပြောသောလမ်းကြီးကို ချိုးဖြတ် ဖွင့်နိုင်ပေလိမ့်မည်။


ဒုက္ခဝေဒနာ မခံစားရဘဲ သက်တံ့တွေ မကျလာဘူး။


တရုတ်နိုင်ငံကြီးတစ်ခုလုံးကသာ မှင်တက်နိုင်မည်ဆိုလျှင် FTWသည်လည်း အစစ်အမှန် အင်အားကြီးမားသော အသင်းတစ်ခုအဖြစ် ချန်ပီယံကို အနိုင်ရပေလိမ့်မည်။


ယွမ်ဇယ်က ခြေမွခံလိုက်ရပြီး ပါးစပ်ထဲမှ သကြားလုံးကိုပင် ကိုက်လိုက်သည်။ သူ၏အနက်ရောင် မျက်ဝန်းတစ်စုံက ဝေ့ရှောင်းကို စိုက်ကြည့်ချိန်တွင် လေးနက်သွားသည်။


“ကောင်းတယ်”


ဝေ့ရှောင်းက လက်ကို အခြောက်ခံရင်း ပြောသည်။


“globalမှာ တွေ့မယ်”


ယွမ်ဇယ်...


“ငါ မင်းကို နိုင်ဖို့ စောင့်နေမယ်”


ဝေ့ရှောင်း..


“ငါ ချန်ပီယံရှစ် အနိုင်ရသွားတာကိုလည်း မင်း စောင့်ကြည့်နေရလိမ့်မယ်”


ယွမ်ဇယ်က FTW၏ ပြည်တွင်းချန်ပီယံရှစ်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ ဝေ့ရှောင်းကမူ သူ့အား FTWက global ချန်ပီယံရှစ် အရယူသွားခြင်းကို ကြည့်စေလိုသည်။


ယွမ်ဇယ်သည် ထိုပိန်ပါးသော လူငယ်၏ နောက်ကျောပြင်ကို စိုက်ကြည့်နေရင်း တစ်ဖက်သူ၏ကိုယ်အတွင်း အသက်စွမ်းအင်များ ပြည့်ဝနေမှုကို ခံစားမိသောအခါ သူ၏လက်ချောင်းထိပ်များကပင် အနည်းငယ် လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။


သေချာပေါက်ကိုပဲ....။


ဒီကောင်လေးက အမြဲတစေ သိမ်းပိုက်စိုးမိုးချင်တဲ့ ပြင်းထန်တဲ့စိတ်ဆန္ဒကို လှုံ့ဆော်ပေးနိုင်တယ်။


လမ်းလျှောက် ထွက်လာပြီးနောက် ဝေ့ရှောင်းက ဖုန်းကိုထုတ်လျက် ရှဲ့ဟယ်က ခေါ်ထုတ်သွားခြင်းကို ခံလိုက်ရသည့် ခေါင်းဆောင်ထံ wechatစာပို့လိုက်သည်။


“ခေါင်းဆောင် ခေါင်းဆောင် ခေါင်းဆောင်။ gp Bရဲ့ ဆောင်းတွင်းလေ့ကျင့်ရေးစခန်းဘက်မှာ RRက ဒုတိယနေရာ ရသွားတယ်၊ moonlitက ရှဲ့ဟယ်ကို နိုင်သွားတာ၊ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ၊ မြန်မြန်လေး အိမ်ပြန်ရအောင်၊ ဒီနှစ်ရဲ့ ပြည်တွင်းပြိုင်ပွဲတွေက တော်တော်လေး ပျော်ဖို့ကောင်းတော့မှာ၊ ပုံမှန်seasonတွေက ဘယ်အချိန်စတာလဲ၊ အရင်ဆုံး လေ့ကျင့်ရေးmatchပွဲအတွက် ကြိုချိန်းထားရအောင်၊ နေ့တိုင်းလိုလို RRနဲ့ တစ်နေ့ ဆယ်ပွဲလောက် ကစားရင် ဘယ်လိုလဲ၊ RRက သဘောမတူဘူးဆိုရင်လည်း ငါmoonlitလေးကို သွားရှာလိုက်မယ်၊ ဂိမ်းတစ်ခု ရဖို့ကတော့ သေချာတယ်”


လုဖုန်း...


“.....”

125 03

သူသည် voice messageအစား ထိုစာကို ပို့လိုက်ခြင်းဖြစ်သည်။ သူ၏စကားပြောသော အရှိန်နှုန်းက မီးပန်းများ ဖောက်နေသလိုမျိုး ဖြစ်နေပြီး ဆူညံကာ မြန်ဆန်သည်။


လုဖုန်းကလည်း သူ၏စကား နောက်ဆုံးအပိုင်းကို သေချာနားလည်လိုက်ပြီး ပြန်ဖြေသည်။


“dateဟုတ်လား”


ဝေ့ရှောင်းက voice messageကို clickနှိပ်ကာ ဖွင့်လိုက်ပြီးနောက် သူ၏နားများကပင် သာယာလွန်းစွာ ထုံထိုင်းသွားသည်။ ထို့နောက် အလျင်စလို အတည်ပြုပေးရ၏။


“ငါ ဆိုလိုတာက dateတစ်ခု စီစဥ်ပေးမယ်လို့ပါ”


ထို့နောက် သူသည်လည်း ထိုစကားက ရည်မှန်းချက် ကြီးနေလွန်းကြောင်း သိလိုက်သဖြင့် စာကို ခပ်မြန်မြန် ပြန်ဖျက်လိုက်သည်။


လုဖုန်း....


“ငါ ကြားလိုက်တယ်”


ဝေ့ရှောင်းသည် ဒုက္ခရောက်နေသည်ဖြစ်စေ မရောက်နေသည်ဖြစ်စေ အရင်ဦးဆုံး ဆိုးနွဲ့ရန် ဆုံးဖြတ်လိုက်၏။


“ခေါင်းဆောင် ငါ မှားပါတယ်၊ အနာဂတ်မှာ ငါမင်းနဲ့ပဲ dateမှာပါ၊ နောက်ပြီး...”


လုဖုန်း...


“.....”


သူသည် အခြေအနေကို မြင်လိုက်ရုံနှင့် ကိစ္စက ဖြေရှင်းပြီးကြောင်း သိလိုက်သည်။ ထိုအတွက်ကြောင့် အဓိကလိုရင်းကို ခပ်မြန်မြန် ပြန်သွားသည်။


“ဆိုတော့ ငါတို့ ပြန်သွားတဲ့အခါ လေ့ကျင့်ရေးmatchပွဲတွေကို စီစဥ်ရင်ဘယ်လိုလဲ”


လုဖုန်းက သူ့ကို မေးသည်။


“အောက်ထပ်မှာပဲလား” 


ဝေ့ရှောင်း..


“ဓာတ်လှေကားထဲ ဝင်နေတာ”


လုဖုန်း..


“အိတ်တွေ လာသိမ်းတော့၊ ငါတို့သိပ်မကြာခင် လေဆိပ်ကို ထွက်ရတော့မယ်”


ဝေ့ရှောင်း..


“လာပြီ”


သူသည် ဗန်ကားထဲ ရောက်မှသာ ဝေ့ရှောင်းအနေဖြင့် ချိုင်ကော၏ ကံကောင်းမှုကို သိလိုက်သည်။


“အိုး ချိုင်ကော အံ့သြစရာပါပဲလား”


ဝေ့ရှောင်းက အံ့သြသွားသည်။


ရှောင်နင်လေး၏ မေးစေ့က မြေပင်ကို ထိမတတ်ပင် အံ့သြသွား၏။ ယွဲ့ဝမ်လဲ့ကမူ အံ့သြလွန်းသဖြင့် အာလူးကြော်ထုပ်ကိုပင် ပစ်ချမိသွားသည်။ ထို့နောက်မှသာ တည်ငြိမ်သွားသည်။


ချိုင်ကောက ထိန်းထိန်းသိမ်းသိမ်း ပြောလာသည်။


“မျှော်...တကယ်ကို မမျှော်လင့်ထားဘူး၊ တော်တော်လေးကို မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာပါ၊ နောက်ပြီး ကောင်းတဲ့ကိစ္စတွေ မကြာခဏလုပ်တော့ ကောင်းတဲ့ရလဒ်တွေ ဖြစ်လာသလိုပါပဲ”


ဝေ့ရှောင်းက သူ့အတွက် အမှန်တကယ် ပျော်သွားသည်။


“ကောင်းပြီ ကောင်းပြီ လုံလောက်ပြီ၊ ချိုင်ကော မင်းရဲ့လက်သေးသေးလေးတွေက ကံကောင်းတတ်မှန်း ငါ အရင်ကတည်းက သိထားပြီးသား၊ ဒါပေမဲ့ ဒီလောက်အထိ ကံကောင်းမယ်လို့တော့ မထင်ထားဘူး”


ယခင်ကဆိုလျှင် free matchingကာလအတောအတွင်း ဝေ့ရှောင်းက ပျော်ရွှင်စွာ ကစားနိုင်ခဲ့သည်မှာ ချိုင်ကော၏ ခေါင်းဆောင်အဆင့် ပြိုင်ဘက်များကို ဆွဲယူပေးသော ကံကောင်းမှုကြောင့် ဖြစ်သည်။


ထိုသို့ပြောပြီးပြီးချင်း ပိုင်ချိုင်၏ နှုတ်ခမ်းက တွန့်သွားသည်။ သူသည်ပင် မည်သည့်အတွက်ကြောင့် သူ၏ကံကောင်းမှုက ထိုမျှအထိ ဖောက်ခွဲမှု ပြင်းထန်နေကြောင်း ခပ်ရေးရေး နားလည်လာသည်။


သေချာပေါက်ကိုပဲ ဒါက လူတစ်ယောက်ရဲ့ ကာရိုက်တာအရ စည်းမျဥ်းတွေ ချမှတ်ထားသလိုပဲ။ သူက ဆောင်းတွင်းလေ့ကျင့်ရေး စခန်းတစ်ခုလုံး တောက်လျှောက် အနိုင်ကျင့်ခံခဲ့ရတာ မဟုတ်လား။ ဒါကြောင့် ရုတ်တရက် အဆုံးသတ်မှာ ကံကောင်းတဲ့ လက်ဆောင်အိတ်ကြီး ရတာပေါ့။


ကျစ်....တကယ်ကို ဈေးစစ်နေရသလိုပဲ။

125 04

ပိုင်ချိုင်သည် ၁၅ရက်ခန့်ကြာပြီးနောက် နောက်ထက် porshceတစ်စီးသာ ရရှိမည်ဆိုလျှင် ထပ်မံပြီး အနိုင်ကျင့်ခံ ချင်သွားသည်။


ပိုင်ချိုင်က မဲပေါက်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ရှန်းလျှိုနှင့် ကြိုတင်ပြင်ဆင်မှု လုပ်ထားပြီးလေပြီ။ ထိုအခြေအနေက အနုစိတ် ကိုင်တွယ်ရမည့် ကိစ္စဖြစ်သည်။


တခြားသော ကစားသမားများကလည်း ထိုမဲနှိုက်သည့်ဖြစ်စဥ်ကို တောက်လျှောက်forwardရင်း ကူညီပေးကြသည့်အတွက် သာမန်ကိစ္စဖြစ်နေသေးသည်။ အထူးသဖြင့် ပိုင်ချိုင်ကဲ့သို့ လူတိုင်းနှင့် ရင်းနှီးလွန်းသော (အတင်းအဖျင်းဧက္ကရာဇ်မှန်း မသိကြတဲ့အခြေအနေ မျိုးပေါ့) အခြေအနေမျိုးကြောင့် သူသည် မကြာခဏဆိုသလို သတင်းစကားများ ဖြန့်ပေးနေကျ ဖြစ်သည်။ ဒီနည်းအားဖြင့် ခေါင်းဆောင် မော့၏ weibo postကို forwardခြင်းက အထူးတလည် မထူးခြားပေ။


ဒါပေမဲ့ ရုတ်တရက်ကြီး ဒီမဲနှိုက်တဲ့ ပလတ်ဖောင်းက မှော်ဆန်သွားလို့ ချိုင်ကောကို မျက်လုံးမှိတ်ပြီး ပြေးဖက်လိုက်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။


ပိုင်ချိုင်သည် အပျော်လွန်ကောင်း လွန်လောက်သည်။ သို့သော် ထိုမျှအထိ မရိုးရှင်းကြောင်းကိုလည်း နားလည်နေသေးပြန်၏။


ပထမဦးဆုံးအနေဖြင့် weibo accများက clubအပိုင် ဖြစ်နေသေးသည်။ သူ၏ ကံကောင်းသော လက်သေးသေးလေးက ထိုကားကို ရသွားလိမ့်မည်ဆိုလျှင်ပင် FTW.white weibo accက FTW အပိုင်ဖြစ်သည်။ ထို့ကြောင့် စာချုပ်ပါအချက်အလက်များအရ ကားကလည်း clubအပိုင်ဖြစ်သည်။


ရှန်းလျှို၏ အမူအယာကမူ ထိုသတင်းကို ကြားပြီးပြီးချင်း မှင်တက်သွားသည်။ သူ၏စိတ်အတွင်း အတွေးများက ပြည့်နှက်လာသည်။


ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဖြစ်လာတာလဲ။


သို့သော် သူသည် ဒီလိုကိစ္စကြီးအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်သဖြင့် လုဖုန်းကိုဖုန်းဆက်ကာ သူ မေးမြန်းချင်သည့် အရေးကြီးသော ကိစ္စရှိကြောင်း ပြောလိုက်ရသည်။


လုဖုန်းက အပေါ်ထပ်သို့ တက်ခါစဖြစ်သည်။ ထိုအကြောင်းကို ကြားသောအခါ ချက်ချင်းလိုလို ပိုင်ချိုင်ကို သွားမေးသည်။


“မင်းမှာ ကားမောင်းလိုင်စင် ရှိလား”


ပိုင်ချိုင်က မွေးရပ်မြေကိုပြန်ပြီး ဝက်မွေးချင်ခဲ့သည်မှာ တစ်နှစ်ခွဲခန့်သာ ကြာသေးသည်။ ထို့ကြောင့် သူသည် ထိုမျှအဆင့်မြင့်သော အရာမျိုးကို သွားသင်ရန် အချိန်မရှိခဲ့ပါချေ။


လုဖုန်း..


“ဒါဆိုရင် ကားလိုချင်လား”


ပိုင်ချိုင်က ချက်ချင်းခေါင်းခါသည်။


“မလို....မလိုပါဘူး မလိုပါဘူး”


လုဖုန်း..


“ဒီလိုဆိုရင် ဘယ်လိုလဲ၊ ကားကတော့ ကလပ်မှာရှိနေလိမ့်မယ်၊ ဒါပေမဲ့ ငါမင်းကို တူညီတဲ့တန်ဖိုးကို ပိုက်ဆံနဲ့ ရှင်းပေးမယ်”


ပိုင်ချိုင်..


“!”


လုဖုန်းက သူ့ကို မေးသည်။


“ဒါမှမဟုတ် ကားကိုပဲ သိမ်းထားချင်လား”


ပိုင်ချိုင်က ခေါင်းကို ခပ်ကြမ်းကြမ်း ခါသည်။ ထို့နောက် သူ့ကိုယ်သူ ခပ်မြန်မြန် ရပ်တန့်လိုက်ရ၏။ နှလုံးတစ်ချက် ဖြတ်ခုန်သွားပြီးနောက်တွင် သူ၏အသံကို ပြန်ရှာနိုင်သည်။


“မဟုတ်ဘူး ခေါင်းဆောင် ဒါက...”


အချက်ကျကျ ပြောရသော် ကားသည် ကလပ်အပိုင် ဖြစ်လေသည်။


အား။


သူ၏ကံကောင်းမှုလေးက ကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည့်တိုင်အောင် ကလပ်က သူ့ကို ပိုက်ဆံ အပြည့်အဝ ချေပေးရန် မလိုအပ်ပါပေ။


လုဖုန်း...


“အများကြီး တွေးမနေနဲ့၊ မင်းက မဲပေါက်သွားတာဆိုတော့ မင်းအပိုင်ပေါ့”


ပိုင်ချိုင်..


“....”


လုဖုန်း၏ နှုတ်ခမ်းထောင့်စွန်းများက အသာကော့သွားပြန်သည်။


“မင်းရဲ့ကံက တော်တော် ကောင်းတယ်”


ရိုးရှင်းသော စကားလုံး အနည်းငယ် ဖြစ်သော်လည်း ပိုင်ချိုင်၏ နှလုံးသားကမူ ထိုးတက်လာပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်သွားသည်။ သူသည် FTWနှင့် တစ်ဘဝလုံးစာ စာချုပ် ချုပ်ဆိုချင်သွား၏။ ဒီနည်းအားဖြင့် baseကိုမှီခိုပြီး တစ်ဘဝလုံး ရှင်သန်သွားတော့မည်။ မည်သည့်အခါမှ ထွက်မသွားတော့ပေ။


ဒီလောက်ကောင်းတဲ့ ခေါင်းဆောင်၊ ဒီလောက်ကောင်းတဲ့ သူဌေး၊ ဒီလောက်ကောင်းတဲ့ ကလပ်ကို ဘယ်မှာ သွားရှာရမှာလဲ အား...။


နောက်ပိုင်းတွင် FTWက သူ့အား ကားအတွက် ပိုက်ဆံအပြည့် ပေးချေလေသည်။ ချိုင်ကောက အလကားနေရင်း အပို ၁.၂သန်းကို ရရှိလိုက်ပြီး အပျော်လွန်လွန်းသဖြင့် မနက်ခင်းတိုင်းလိုလို ထတိုင်း သူ၏ဘဏ်အကောင့်ကို သွားသွားစစ်လေ့ရှိသည်။


သို့သော် ထိုအရာများအားလုံးက နောက်ပိုင်းမှသာ ဖြစ်လာမည် ဖြစ်သည်။


ချန်းဖုန်းက လူတိုင်း တက်ပြီးသည်အထိ စောင့်ပြီးမှသာ အလေးအနက်ထားကာ ပြောသည်။


“မင်းတို့တွေ gp Bရဲ့ rankingတွေ ကြည့်ပြီးပြီလား”


ဝေ့ရှောင်း..


“RRက ဒုတိယတဲ့”


ထိုအချိန်တွင် စွက်ခနဲမြည်သံနဲအတူ ချန်းဖုန်းက လက်ထဲမှ ပိုစတာကို ဖွင့်ပြသည်။ ထို့နောက်.....။


FTW၏ ဝိညာဉ်ပန်းချီဆွဲဆရာ ချန်းဖုန်း၏ ကိုယ်ပိုင်လက်ရာကို မြင်နိုင်သည်။

125 05

ပိုင်ချိုင်နှင့် ယွဲ့ဝမ်လဲ့တို့က ထိုအခြေအနေကို ကြုံဖူးသဖြင့် မျက်လုံးကို အုပ်လိုက်ချင်ကြသည်။


ဝေ့ရှောင်းနှင့် နင်ကျယ်ဟန်ကမူ အသစ်ဖြစ်နေသည့်အလျောက် အခြေအနေကို နားမလည်ကြဘဲ စိတ်ဝင်တစား ကြည့်လိုက်မိသည်။ ထို့နောက်....။


နင်ကျယ်ဟန်...


“....”


ဝေ့ရှောင်း...


“ကျွတ်”


ထန်ချန်းက ချီးကျူးသည်။


“ဆွဲထားတာက တော်တော်လေး အံ့သြဖို့ကောင်းတယ်၊ ဘယ်သူကမှ နားမလည်နိုင်လောက်အောင် တော်တော်လေးကို ပန်းဆန်တဲ့ နည်းလမ်းနဲ့ ဆွဲထားတာပဲ”


ချန်းဖုန်းက သူ၏ခေါင်းကို ဖြတ်ခနဲရိုက်သည်။ နတ်ဘုရားထန်က ပါးစပ်ပိတ်သွားသည်။


ထိုပိုစတာသည် အမှန်ပင် မှော်ဆန်သည်။ ဒါကို ဘယ်လိုဖော်ပြရမလဲ။


ပိုစတာကို မြင်သောသူတိုင်းကလည်း သူတို့၏စိတ်တွင် တူညီသောအတွေးကိုသာ တွေးမိလိုက်သည်...သူတို့ ဒီစာရွက်အတွက်ပဲ စိတ်မကောင်း ဖြစ်တာ။ နောက်ပြီး ဒီဘောပင် ပစ္စည်းတွေ နောက်ပြီး ဆွဲထားတဲ့ ဒီတက်ဘလက်အတွက်တောင်....။


သူတို့သည် ပါဝင်ပစ္စည်းများအတွက်သာ စိတ်မကောင်း ဖြစ်သွားကြသည်။ အကြောင်းမူကား ပုံနှင့်ကာရိုက်တာက အကျည်းတန်လွန်းသောကြောင့် ဖြစ်သည်။ ဆိုးရွားစွာ ဆွဲထားသည်လောက် မရိုးရှင်းတော့ပေ။ အရာရာဟာ မည်းမှောင်နေပြီး လိုင်းကြောင်းများကလည်း ကောက်ကွေး တွန့်လိမ်နေသေးကာ ကိစ္စတစ်ခုလုံးက ကျောဆင်းသလို ခံစားချက်မျိုးကို ပေးစွမ်းသည်။


ဝေ့ရှောင်းသည် အကြောင်းအရာတချို့ကို ခပ်ရေးရေး ဆွဲထုတ်လိုက်နိုင်သည်။


“ဒါက ပုံမှန်seasonအတွက် အသင်းတွေရဲ့စာရင်းလား”


ချန်းဖုန်းက မျက်လုံး လှန်သည်။


“ပေါက်ကရတွေ”


ဝေ့ရှောင်း..


“....”


သူသည် တစ်စုံတစ်ရာကို ဝေဖန်နိုင်ခြင်းကတင် မှင်တက်ဖွယ် ကောင်းနေခဲ့ပြီးသား ဖြစ်သည်။ ထို့အပြင် တစ်ဖက်သူက သူ့ကို အထင်သေးနေသေးသည်။


ဝေ့ရှောင်း၏ နှလုံးသားက အနည်းငယ် ခါးသည်းသွားပြီး သူ၏ခေါင်းဆောင်ဆီသို့ ပြန်သွားလိုက်သည်။


ချန်းဖုန်း၏ ပိုစတာနှင့် ပတ်သက်ပြီး ရည်ရွယ်ချက် တစ်ခုသာရှိသည်။ ဒီနည်းအားဖြင့် ကစားသမားများအား ပြည်တွင်းပြိုင်ပွဲများ မည်မျှအန္တရာယ်များကြောင်း ပြောပြနိုင်ရန် ဖြစ်သည်။


“မင်းတို့ ဆောင်းတွင်းလေ့ကျင့်ရေးစခန်းမှာ တတိယနေရာကို ရထားတာနဲ့ပဲ ဂုဏ်ယူမနေကြနဲ့”


“ဒီနှစ်တရုတ်နိုင်ငံက တော်တော်လေးကို အင်အားကြီးပြီး လွှမ်းမိုးနိုင်မှု ပြင်းထန်နေတယ်”


“မင်းတို့ မြင်လား၊ ဒါက RR၊ RRက မနှစ်က global top4ကို နိုင်သွားတာ”


သူသည် မည်းနက်နေသော အရောင်ခြယ်ထားသည့် ရှုပ်ထွေးလွန်းသော ဘောလုံးကြီးတစ်လုံးကို လက်ညှိုးထိုးပြီး ဖြောင့်မတ်မှန်ကန်လွန်းစွာ ပြောသည်။


ဝေ့ရှောင်းက လက်မြှောက်သည်။


ချန်းဖုန်းက မေးကို အသာမော့ပြ၏။


“ပြော”


ဝေ့ရှောင်း...


“moneyက တအားချမ်းသာတာ၊ ဒီတော့ RRက ရွှေတွေ အပြည့်ပြီးပြီး တောက်ပနေတာ မဟုတ်ဘူးလား”


FTWမှ အကောင်ငယ်လေး သုံးကောင်က မထိန်းနိုင်ကြပေ။


“ဖူး”


ဝေ့ရှောင်းက လုဖုန်းကို မျက်လုံးမှိတ်ပြသည်။


“ဟုတ်တယ်မလား ခေါင်းဆောင်”


လုဖုန်း...


“အင်း”


နည်းပြချန်း..


“....”

125 06

သောက်ကျိုးနည်းကို အွန်းတာလား။


ဒီလိုအသံနှုန်း၊ ဒီလိုအလိုလိုက်မှုမျိုးနဲ့ ကလေးတွေက ပိုပိုပြီးပဲ ကောင်စုတ်လေးတွေ ဖြစ်လာကြလိမ့်မယ်။


ချန်းဖုန်းက ထိုပိုစတာကို လုပ်သည့် မူရင်းရည်ရွယ်ချက်က အသင်းကို တည်ငြိမ်စေရန် သူတို့၏သွေးကို အေးစေရန် ဖြစ်သည်။ ဒီနည်းအားဖြင့် ပြည်တွင်းပြိုင်ပွဲက ပေါ့သေးသေး သဘောထား၍မရသည့် ဆူးများပြည့်နှက်နေသော ချုံပုတ်ဖြစ်ကြောင်း သိစေရန်သာ ဖြစ်သည်။


ထိုအခြေအနေကို ဖန်တီးရန်အလို့ငှာ သူသည် နေ့လယ်စာပင် မစားထားရသေးဘဲ ငရဲလို ပိုစတာကို ဆွဲထုတ်နိုင်ရန် နာကျင်ပင်ပန်းမှုအပြည့်နှင့် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့်....။


ဒီအရူးလေးဝေ့ ဒီနေရာမှာ ရှိနေသရွေ့ လူတွေကို အေးစက်အောင် လုပ်ဖို့က ပြတင်းပေါက်အပြင်ဘက် ထွက်နေမှရမယ်။


တစ်ယောက်ချင်းစီတိုင်းက ကောင်းကင်ပေါ်သို့ မြောက်တက်နေကြပြီးလေပြီ။ ချန်းဖုန်းက ပြောလိုက်၏။


“RRက အရမ်းသန်မာတယ်၊ သူတို့က Eveကိုတောင် လှန်ပစ်နိုင်တာ”


ဝေ့ရှောင်း၏ မျက်လုံးက တောက်ပသွားသည်။


“training matchစီစဥ်လိုက်တော့”


ချန်းဖုန်း..


“TPTက ဒေတာအမြောက်အမြားကို စုဆောင်းထားတယ်၊ သူတို့က Y1ကို ကိုင်တွယ်နိုင်လုနီးပါးပဲ”


ဝေ့ရှောင်း...


“training matchကို စီစဥ်လိုက်တော့”


ချန်းဖုန်း..


“ဒီနေ့ 3Uကလည်း တော်တော်လေး သန်မာတယ်....”


ဒီတစ်ကြိမ်တွင် ဝေ့ရှောင်းက စကားကို ပြောင်းပြောသည်။


“မစိုးရိမ်ပါနဲ့၊ ငါasleepနဲ့ training matchကို စီစဥ်ပြီးသား”


နည်းပြချန်း...


“.....”


ဗန့်ထဲမှလူများက သူ၏စကားများကြောင့် သဘော ကျသွားကြသည်။


ကားမောင်းသည့် နှစ်နာရီအတောအတွင်း ပင်ပန်းနေသော ကလေးများအားလုံးက တစ်ယောက်ပြီးတစ်ယောက် အိပ်ပျော်သွားကြသည်။


ဝေ့ရှောင်းက လုဖုန်း၏ပခုံးကိုမှီပြီး တိတ်တိတ်ဆိတ်ဆိတ် သပ်သပ်ရပ်ရပ် အိပ်သည်။


လုဖုန်းက သူ့ကို ငုံ့ကြည့်သည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းနှင့် ဖျော့တော့သည့်အပြုံးက ပေါ်ထွက်လာသည်။


ဆောင်းတွင်းလေ့ကျင့်ရေးက ပြီးဆုံးသွားပြီဖြစ်ပြီး FTWကလည်း သုံးနေရာကိုသာ ရရှိခဲ့သည့်တိုင်အောင် gp Aပင်ဖြစ်စေ gp Bအတွက်ပင်ဖြစ်စေ ထင်သလောက် မတောက်ပခဲ့ပေ။ သူတို့သည် L&Pနှင့် Proကို ရှုံးသွားသည်။


သူတို့သည် ဒေါ်လာတစ်သန်းခန့် ဘောနပ်စ်ကို ဆုံးရှုံးသွားခဲ့ပြီး အရှိန်အဟုန်ကလည်းRRလောက် လေးစားဖွယ် မကောင်းပေ။ သို့သော်.....။


ဒီနှစ်၏ FTWက အလွန်ခြားနားလေသည်။


သူတို့သည် လတ်ဆတ်သော သွေးအသစ်များကို အထိုးခံထားရပြီး မျက်နှာသစ်များပါသည့် အစအသစ်လည်း ဖြစ်နေသေးသည်။


ဝေ့ရှောင်းနှင့် စတွေ့ခဲ့ချိန်က လုဖုန်းက ပြောဖူးသည်။


“မင်းက အတွေ့အကြုံ မရှိသေးဘူး၊ ဒါပေမဲ့ မင်းရဲ့အနာဂတ်က အလားအလာရှိတယ်”


လက်ရှိ FTWကလည်း ထိုစကားကို အမွေဆက်ခံထားသည်။


သူတို့တွင် အတွေ့အကြုံ မရှိသေးပေ။ သို့သော် အနာဂတ်က အလားအလာ အပြည့်နှင့်ဖြစ်သည်။


အနိုင်ရဖို့အတွက် For The Win. 


လူငယ်တစ်ယောက်၏ အိပ်မက်က စတင်ခါစသာ ဖြစ်နေသေးသည်။


******