Ch-4
ကျိုးထောင်ဟွားစကားအဆုံးတွင်
ရွာသားများမှာရွာသမားတော်ကြီးဖြစ်သူ ကျိုးရှန်းဖျင်အတွက်လမ်းဖယ်ပေးလိုက်ကြသည်။
"ဦးလေးရှန်းဖျင်......ကျွန်မသားထွေးလေးကို
မြန်မြန်ကြည့်ပေးပါဦး၊သူခုနလေးတင် အကောင်းကြီးရှိနေတာကို
ရုတ်တရက်ကြီးမေ့လဲသွားလို့ပါ"
ကျိုးစန်းရှီအကြောင်းပြောရင်း
အဘွားစွင်းမျက်လုံးများတွင် မျက်ရည်များ
ပြန်လည်ဝဲတက်လာပြန်သည်။ကျိုးစန်းရှီ၏မျက်နှာသွင်ပြင်မှာ ပုံမှန်အသွင်ရှိမနေသည်မှာ
သိသာလှ၏။လူ့အသက်နှင့်ဆိုင်သောကိစ္စဖြစ်သဖြင့် ကျိုးရှန်းဖျင်လည်းမနှောင့်နှေးဝံ့ဘဲ
ကျိုးစန်းရှီဘေးအမြန်သွားလိုက်သည်။
ကျိုးရှန်းဖျင်၏ဆေးပညာမှာ
ဖခင်ဖြစ်သူထံမှ ဆင်းသက်လာခြင်းပင်။သူသည် သေလုဆဲဆဲလူများကို အကြိမ်ကြိမ်
ကယ်တင်နိုင်ခဲ့သူဖြစ်ပြီး ပတ်ဝန်းကျင်ရှိကျေးရွာများတွင်လဲ အလွန်ကျော်ကြားလှသည့်
သမားတော်ကြီးတစ်ဦး ဖြစ်သည်။
အကယ်၍
သူမှကယ်နိုင်သည်ဟုဆိုပါက ထိုသူမှာဧကန်မုချ အသက်ရှင်မည်ဖြစ်ပြီး
သူမကယ်နိုင်ပါဟုဆိုလာလျှင်တော့ မည်သည့်နတ်ဆေးသမားတော်ပင့်လာစေကာမူ
မတတ်နိုင်တော့ပေ။
အဘွားစွင်းနှင့်ဝမ့်တို့
ကျိုးရှန်းဖျင်ထံရင်တထိတ်ထိတ်ဖြင့်ကြည့်နေကြစဉ်မှာပင်
ကျိုးစန်းရှီ၏သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် သမားတော်ကြီးမျက်နှာမှာ
သိသိသာသာပျက်ယွင်းသွားသည်ကို တွေ့လိုက်ရသည်။
ကျိုးရှန်းဖျင်
သွေးခုန်နှုန်းကိုနောက်ထပ် သုံးကြိမ်တိုင်တိုင် သေချာစမ်းသပ်ပြီးနောက်ဆုံးတွင်မှ
လက်ကိုပြန်ရုတ်ကာ သက်ပြင်းချရင်းခေါင်းယမ်းပြလိုက်၏။
"ငါလဲမတတ်နိုင်တော့ဘူး.....အိမ်ပြန်ပြီး
နာရေးအတွက်သာပြင်ကြတော့"
အမ်!
"ဘာပြောလိုက်တယ်"
ကျိုးရှန်းဖျင်စကားကြောင့်
ထိုနေရာရှိလူတိုင်းမှာ မှင်တက်သွားကြသည်။ကျိုးစန်းရှီရဲ့အသက်ကဖြင့်
ငယ်ငယ်လေးရှိသေးတာကို.....
"နင်.....ဒီသမားတော်အတုကတော့
ငါ့သားက ဘယ်လိုလုပ်ပြီးမကယ်နိုင်တော့တာဖြစ်ရမှာလဲ၊ခုနလေးကတောင်
သူကအကောင်းကြီးပါဆို"
အဘွားစွင်းမှာ
ကျိုးရှန်းဖျင်ထံအော်ဟစ်ဆဲဆိုတော့သည်။
သူမကိုယ်တိုင်ပင်
ကျန်းကျန်းမာမာရှိနေသေးသည်ကို သူမထက်အသက်ငယ်သည့် သားဖြစ်သူမှာသူမထက်အရင်
ဘယ်လိုလုပ်သေနိုင်ပါမည်နည်း။
ကျိုးရှန်းဖျင်ရှေ့တွင်
ဝမ့်အမြန်ဒူးထောက်ကာ ဦးတိုက်တောင်းပန်တော့သည်။
"အဘိုးရှန်းဖျင်.....ကျေးဇူးပြုပြီးစန်းရှီကို
ကယ်ပေးပါဦး၊ဘယ်လောက်ပဲပေးရပေးရ ကျွန်မပေးပါ့မယ် ဒါမှမဟုတ် သူ့ကို
စမ်းတိုက်ကြည့်ဖို့ ဆေးတစ်မျိုးမျိုးဖြစ်ဖြစ်ဖော်ပေးပါနော်"
သူမကဖြင့်
အသက်ငယ်ငယ်လေးရှိသေးတာကို မုဆိုးမဖြစ်ရတော့မှာလား။ကလေးနှစ်ယောက်ကို
သူမတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ပြုစုပျိုးထောင်ရမှာလဲ။
ဝမ့်ကြောက်လန့်တကြားဖြစ်နေရှာလေပြီ။
အဘွားစွင်း၏ဆဲဆိုမှုကြောင့်
ကျိုးရှန်းဖျင်မျက်နှာမှာ ပြာနှမ်းသွားသော်လည်း မတတ်နိုင်သည့်အဆုံးသက်ပြင်းချကာ
ဝမ့်ထံခေါင်းယမ်းပြလိုက်သည်။
ဘေးနားရှိရွာသားများမှာလည်း
ဝမ့်အားဝိုင်းဝန်းနှစ်သိမ့်လိုက်ကြ၏။
"ဝမ့်အားယွင်.....စန်းရှီကိုမြန်မြန်အိမ်ပြန်ခေါ်သွားလိုက်ပါတော့၊သူအသက်ရှူနေတုန်းလေး
ကလေးတွေကိုနောက်ဆုံးစကားလေးဘာလေးပြောသွားလို့ရတာပေါ့"
ဝမ့်မှာရှိုက်ကြီးတငင်ငိုကြွေးရင်း
စိတ်ဓာတ်များပြိုလဲနေပြီဖြစ်သည်။ရွာသားများ၏အကြံပေးချက်အားကြားသောအခါ
သူမသည်ကျိုးစန်းရှီအားထူကာ အိမ်ပြန်ရန်ပြင်လိုက်၏။သို့သော်
ရုတ်တရက်သူမခေါင်းထဲသို့ အတွေးတစ်ချက်ဝင်လာလေသည်။အစောတုန်း၌
ကျိုးထောင်ဟွားပြောခဲ့သည့်စကားများကို သတိရသွားခြင်းပင်။
နတ်ဆေးသမားတော်ကြီးကျိုးရှန်းဖျင်ပင်
မတတ်နိုင်တော့ဟုဆိုထားသဖြင့် ကျိုးထောင်ဟွားစကားကိုမယုံသင့်မှန်း သိသော်လည်း
အားကိုးရာမဲ့နေသည့်အချိန်တွင် ကောက်ရိုးတစ်မျှင်အားဆွဲမိဆွဲရာဆွဲလိုက်ခြင်းပင်။
"စန်းရှီကမကောင်းတဲ့အတွေးတွေ
ဖုံးလွှမ်းသွားလို့မေ့လဲတာလို့ နင်ပြောခဲ့တယ်နော်......အဲဒါတစ်ကယ်ပဲလား"
ဝမ့်သွားနေရာမှရပ်ကာ
ကျိုးထောင်ဟွားထံလှည့်မေးလိုက်သည်။
အကယ်၍သာ
ထိုစကားအမှန်ဆိုပါက စန်းရှီအားကယ်တင်နိုင်သေးသည်ဟုဆိုလိုခြင်းမဟုတ်ပါလား။
"အမှန်ပဲ
ဒါပေမယ့်မကောင်းတဲ့အတွေးတွေဖုံးလွှမ်းသွားတာက ဦးလေးကိုမေ့လဲသွားစေတဲ့
နောက်ဆုံးတွန်းအားတစ်ခုသာသာပဲ၊အဓိကကတော့ သူ့အသက်ကိုနှုတ်ယူချင်နေတဲ့
နတ်ဆိုးတစ်ကောင်ကသူ့ကိုပူးကပ်နေတာ"
ဤစကားအားကြားလိုက်သောအခါ
အဘွားစွင်းတစ်ယောက်အသက်ရှူမှားသွားရပြီး အလျင်စလိုမေးလိုက်သည်။
"နင့်မှာငါ့သားကိုကယ်နိုင်တဲ့
နည်းလမ်းရှိလား ရှိတယ်ဆိုရင် သူ့ကိုကယ်ပေးပါ"
ကျိုးထောင်ဟွားခေါင်းငြိမ့်ပြလာသဖြင့်
အဘွားစွင်းနှင့်ဝမ့်တို့မှာ တစ်ပြိုင်နက်တည်းသက်ပြင်းချနိုင်သွားကြသည်။
မမျှော်လင့်သည်မှာ
ကျိုးထောင်ဟွားဆက်ပြောလာသည့်စကားဖြစ်၏။
"ဦးလေးကိုကယ်ပေးလို့ရပေမယ့်
ပိုက်ဆံတော့ပေးရမယ်"
ပိုက်ဆံပေးရမည်ဟုကြားလိုက်ရသဖြင့်
အဘွားစွင်းမျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး ငေါက်ငမ်းလိုက်၏။
"သူက
နင့်ဦးလေးအရင်းခေါက်ခေါက်ကြီးလေ၊ဒါကိုတောင် နင်ကပိုက်ဆံတောင်းရဲသေးတယ်လား"
ကျိုးထောင်ဟွားမှာ
ထိုတာဝန်ဝတ္တရားဆိုင်ရာဖိအားပေးမှုကို အမှုမထားပါဘဲ
ခနဲ့တဲ့တဲ့ဖြင့်ပြန်ပြောလိုက်သည်။
"ဦးလေးအရင်းဖြစ်နေလို့ပဲ
လီယွမ်ဝေဆီကနေ တေးနှစ်ဆယ်ရဖို့အတွက်နဲ့
ကျွန်မကိုကိုးယောက်မြောက်ကိုယ်လုပ်တော်အဖြစ်
ပို့ဖို့လုပ်ခဲ့တာပဲမဟုတ်ဘူးလား၊အရင်နှစ်နှစ်ကကျွန်မ သေလုမျောပါးဖြစ်နေတဲ့အချိန်
ဆေးကုစရာပိုက်ဆံမရှိလို့ အဖေအဘွားဆီလာတောင်းပန်တုန်းကရော အဘွားကပိုက်ဆံမပေးတဲ့အပြင်
အိမ်ပေါ်ကပါကန်ထုတ်ခဲ့တာပဲလေ"
"နောက်ဆုံးရွာသားတွေကသာ
ကျွန်မအဖေကိုပိုက်ဆံချေးပေးခဲ့ကြလို့ ကျွန်မအသက်ရှင်ခဲ့ရတာ၊အဲ့လိုသာမဟုတ်ရင်
ကျွန်မဆိုတာလွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သေနေလောက်ပြီ"
"အဘွား......ဦးလေးရဲ့အသက်ကို
ကယ်ချင်တယ်ဆိုရင် ကျွန်မကိုတေးနှစ်ဆယ်ပေးပါ"
သူမဆေးကုသစရိတ်အတွက်
မိသားစုမှာဆယ်တေးအကြွေးတင်ခဲ့ရာ ယခုရှစ်တေးပေးရန်ကျန်နေသေး၏။
ယနေ့အဘွားစွင်းတို့မှာ
သူမအားလီယွမ်ဝေဆီတွင် တေးနှစ်ဆယ်နှင့်ရောင်းပြီး*ကံကောင်းခြင်းအဆောင်*အဖြစ်
လဲလှယ်ရန်ကြံစည်ခဲ့ကြသည်မဟုတ်ပါလား။ယခုကျိုးစန်းရှီကိုယ်ထဲရှိနတ်ဆိုးအားနှင်ထုတ်ရန်အတွက်
အဘွားစွင်းထံမှနေ တေးနှစ်ဆယ်ပြန်တောင်းမည်ဖြစ်သည်။
ဘာရယ်!
အဘွားစွင်းမျက်နှာမှာ
ဟန်မဆောင်နိုင်သည်ထိပျက်ယွင်းသွားရသည်။ဤကောင်မစုတ်လေးမှာ
တေးနှစ်ဆယ်အားတစ်ကယ်တောင်းဝံ့နေသည်ပင်။
"နင်ငါ့ကို
ဓားပြပဲတိုက်လိုက်ပါတော့လား"
တေးနှစ်ဆယ်တောင်လေ။
လီအိမ်တော်မှရလာနိုင်မည့်
တေးနှစ်ဆယ်အပြင် ယခုတေးနှစ်ဆယ်သာထပ်ပေးရမည်ဆိုပါက တစ်နေ့တည်းတွင်ပင်သူမမှာ
တေးလေးဆယ်တောင်ဆုံးရှုံးသွားရပြီဖြစ်၏။
ဤမျှများပြားသည့်ငွေပမာဏဖြင့်ဆိုလျှင်
သူမမိသားစုတစ်စုလုံးမစားမသောက်ဘဲ အနှစ်နှစ်ဆယ်တိုင်တိုင် အလုပ်လုပ်ရမည်ပင်။
တစ်ဖက်တွင်
တေးနှစ်ဆယ်၊အခြားတစ်ဖက်တွင်တော့ သူမအချစ်ဆုံးသားထွေးလေး။
အဘွားစွင်းဝေခွဲမရဖြစ်နေစဉ်မှာပင်
ဝမ့်သည်သူမရှေ့ဒူးထောက်ချလာ၏။
"အမေ.....စန်းရှီကိုကယ်ပေးပါဦး၊သူ
သေလို့မဖြစ်ဘူးလေ"
အဘွားစွင်းလဲ
သူမသားထွေးလေးအားမည်သို့လက်လွှတ်နိုင်ပါမည်နည်း။
သူမစိတ်အားတင်းကာ
ကျိုးထောင်ဟွားအားပြောလိုက်သည်။
"ငါ့မှာတေးနှစ်ဆယ်မရှိဘူး၊ရွာမှာက
ကောက်ပဲသီးနှံထွက်နှုန်းမကောင်းတဲ့အပြင်
မြို့ထဲမှာလဲအလုပ်ကနေ့တိုင်းရှိတာမဟုတ်ဘူး၊ဆယ်တေးပဲပေးနိုင်မယ် ဒါအကုန်ပဲ၊ဒါပေမယ့်
နင်ငါ့သားထွေးအသက်ကိုကယ်ပေးမယ်လို့ ကတိပေးရမယ်"
"အရင်ဆုံးပိုက်ဆံပေးပါ"
ကျိုးထောင်ဟွား
အဘွားစွင်းထံလက်ဖြန့်ပြလိုက်သည်။အချိန်တွေအများကြီး ရှိပါသေးတယ်လေ။အဘွားစွင်းဆီမှ
ပိုက်ဆံကိုတော့ တစ်ချိန်မဟုတ်တစ်ချိန် သူမ ကျိန်းသေရအောင်ပြန်ယူမည်ဖြစ်၏။
အဘွားစွင်းမှာ
သူမနှလုံးသားအားဆွဲနှုတ်ခံရသကဲ့သို့နာကျင်စွာဖြင့် ဆယ်တေးကိုထုတ်ပေးလိုက်သည်။
ကျိုးထောင်ဟွား
ထိုငွေကိုရင်ဘတ်ထဲချက်ချင်းထည့်လိုက်ပြီးနောက် အဘွားစွန်းအားအိမ်ပြန်ကာ
ကြက်ဖကြီးတစ်ကောင်ယူလာရန်ပြောလိုက်၏။
"ငါပိုက်ဆံလည်း
ပေးပြီးပြီလေ၊ရသမျှအခွင့်အရေးအကုန်ယူမနေနဲ့"
အဘွားစွင်းမှာ
ကျိုးထောင်ဟွားတစ်ယောက်လောဘတက်၍ ကြက်ဖကိုပါထပ်လိုချင်နေသည်ဟု
ထင်လိုက်သည်။ကျိုးထောင်ဟွား စိတ်လေဟန်ဖြင့်ကြည့်ကာပြောလိုက်၏။
"ဒါကယဇ်ပူဇော်တဲ့အခမ်းအနားမှာသုံးဖို့လေ၊အဘွားကသူ့ကို
ကယ်မှာလား မကယ်ဘူးလား၊မြန်မြန်မယူလာရင်တော့ ဦးလေးကတစ်ကယ်သေတော့မှာနော်"
တစ်ကယ်တော့
ရှန်းမင်ဆီမှရရှိထားသည့် ဝိညာဉ်စွမ်းအားများနှင့်ဆိုလျှင်ပင်
ကြက်သွေးမလိုအပ်သော်ငြား ကျိုးစန်းရှီကဲ့သို့လူမျိုးအတွက်
သူမဝိညာဉ်စွမ်းအားများကို အလဟဿအကုန်အကျမခံချင်ရုံသာဖြစ်သည်။
ဤစကားအားကြားသောအခါ
အဘွားစွင်းသည် ဝမ့်အားအိမ်အမြန်ပြန်ကာ ကြက်ဖတစ်ကောင်ဖမ်းလာရန်
တိုက်တွန်းတော့၏။အကယ်၍သာ သူမသားသေသွားခဲ့လျှင် ဤကောင်မစုတ်လေးအား
ဘယ်တော့မှခွင့်လွှတ်နိုင်မည်မဟုတ်ပေ။
ကျိုးရှန်းဖျင်နှင့်အခြားရွာသားများမှာတော့
အဘွားစွင်းတို့သားအမိသည် အားကိုးရာမဲ့နေပြီဖြစ်သဖြင့်
နတ်ဆိုးပူးကပ်သည်ဆိုသောစကားကို ယုံကြည်နေကြသည်ဟုထင်ကာ
ခေါင်းယမ်းနေကြတော့သည်။ကျိုးစန်းရှီမသေခင်တွင်
ကလေးများနှင့်နောက်ဆုံးအကြိမ်တွေ့ခွင့်ရရန်အိမ်ပြန်ခေါ်သွားသင့်သည်လေ။
ရွာလူကြီးမှာတော့
ကျိုးထောင်ဟွားအတွက် အနည်းငယ်စိုးရိမ်နေမိသည်။အဘွားစွင်း မည်မျှရက်စက်တတ်သည်ကို
သူသိနေသည်လေ။အကယ်၍ ကျိုးထောင်ဟွားသာ လှည့်စားနေခြင်းဖြစ်ပါက အဘွားစွင်းတစ်ယောက်
သူမအားရက်ရက်စက်စက်ကလဲ့စားချေပေလိမ့်မည်။
"ထောင်ဟွား......ကျိုးစန်းရှီကိုယ်ထဲမှာ
တစ်ကယ်ပဲနတ်ဆိုးပူးနေတာလား၊တာအိုပညာတွေကို မင်းတစ်ကယ်ရောနားလည်တာဟုတ်ပါတယ်နော်၊သူတို့တွေကျိုးစန်းရှီကိုအိမ်ပဲပြန်ခေါ်သွားခိုင်းတာ
ပိုကောင်းမယ်ထင်တယ်"
ကျိုးထောင်ဟွား
ရွာလူကြီးထံနှစ်သိမ့်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ရွာလူကြီးအဘိုး
မစိုးရိမ်ပါနဲ့၊ကျွန်မဘာလုပ်နေတယ်ဆိုတာကို ကျွန်မသိပါတယ်"
ကျိုးထောင်ဟွား
ဝမ့်ထံမှကြက်ဖကို လက်ခံရရှိလိုက်သည့်အချိန်တွင် သူမအရှိန်အဝါတစ်ခုလုံး
ပြောင်းလဲသွားတော့သည်။သူမထံမှနေ ယုံကြည်အားကိုးထိုက်သောခံစားချက်တစ်ခု
ထွက်ပေါ်လာသည်ကိုပင် ရွာလူကြီး ချက်ချင်းခံစားလိုက်ရ၏။
ကျိုးထောင်ဟွား
ကြက်ဖကိုကျိုးစန်းရှီ အနားယူလာကာ ကြက်ဖအမောက်ကို
လက်သည်းဖြင့်ဆိတ်လိုက်သည်။ပူပူနွေးနွေးကြက်သွေးများမှာ အမောက်မှတစ်ဆင့်
ကျိုးစန်းရှီနဖူးပေါ်သို့တည့်တည့်စီးကျသွားတော့၏။သူမလက်ထိပ်တွင်
ဝိညာဉ်စွမ်းအင်အချို့ကိုစုစည်းလိုက်ပြီး ကြက်သွေးဖြင့်အဆောင်တစ်ခုကို
ရေးဆွဲလိုက်သည်။
အဘွားစွင်းမှာ
ခနဲ့တဲ့တဲ့ဖြင့်ပြောလာ၏။
"ငါ့သားမျက်နှာပေါ်မှာ
ဘာတွေလျှောက်ဆွဲနေတာလဲ၊ဒါကြီးကကုသဖို့နည်းလမ်းလို့ပြောနေတာလား၊သူကဘာလို့
ခုထိနိုးမလာသေးတာလဲ"
အဘွားစွင်းအမြင်မှာတော့
ဤသည်မှာရိုးရာဓလေ့တစ်ခုထက်ပို၍ အဓိပ္ပာယ်မရှိသောလုပ်ရပ်ဟုသာထင်နေမိသည်။
သူမတစ်ကယ်ပင်
စိတ်ဖောက်ပြန်သွားခဲ့၍သာ ဤကောင်မစုတ်လေးစကားအား ယုံခဲ့မိခြင်းပင်။