Ch-2
ကျိုးထောင်ဟွာ
မျက်လုံးလှိမ့်လိုက်မိ၏။သူ့တူမအရင်းကိုပင် သေခါနီးလူအိုကြီးထံ
ကိုယ်လုပ်တော်တစ်ဦးအဖြစ် ပို့ဖို့လုပ်နေသူမှာ
မည်သို့သောကြင်နာတတ်သူဖြစ်ပါသနည်း။သူကတအားကြင်နာတတ်တာပေါ့လေ။
"သူ့ရဲ့အရေးမပါတဲ့စကားတွေကိုနားထောင်မနေပဲ
မင်္ဂလာဝတ်စုံမြန်မြန်ဝတ်ပေးပြီး သွားပို့ချေတော့"
ကျိုးကျားရွာမှနေ
မြို့ရောက်ရန်ဆယ်မိုင်ခန့် လမ်းလျှောက်သွားရမည်ဖြစ်ရာ အခါတော်ချိန်မလင့်စေရန်
အဘွားစွင်းမှ လောဆော်လိုက်၏။
ဒီကလေးစုတ်က
သူတို့ရှေ့မှာ တစ်ကယ်ကြီးလျှာရိုးမရှိလျှောက်ပြောပြီး သူ့သားအငယ်ဆုံးလေးကိုတောင်
ကျိန်ရဲသေးတယ်ပေါ့လေ။
ကျိုးထောင်ဟွာမှာ
အချိန်လုံလုံလောက်လောက်ဆွဲခဲ့ပြီး အချိန်ကျပြီကိုမြင်သော်
သူမနှုတ်ခမ်းထောင့်တို့မှာ ဖြည်းဖြည်းချင်းပင့်တက်သွားလေ၏။
သူမသည်
စိတ်ထဲမှနေ နံပါတ်သုံးခုအား တိတ်တိတ်လေးရေတွက်နေလိုက်သည်။
"သုံး
နှစ် တစ် အချိန်ကျပြီ"
ချွေးမဝမ့်ဘေးမှနေ
လျှောက်လာသော ကျိုးစန်းရှစ်မှာ ဘန်းကနဲအသံကျယ်ကြီးမြည်ကာ ရုတ်ချည်းလဲကျသွားလေ၏။
အစ၌ပုံမှန်ဖြစ်နေပုံပေါ်သည့်
သူ့မျက်နှာမှာ ဤအခိုက်အတန့်၌ စာရွက်တစ်ရွက်လို သွေးရောင်မရှိဘဲ ဖြူဖျော့နေကာ
မျက်တွင်းကျ၍ နှုတ်ခမ်းတို့သည်လဲ ခြောက်သွေ့ကွဲအက်နေတော့သည်။
ချွေးမဝမ့်မှာ
ထိတ်လန့်လွန်းသွား၍ သူမလက်ထဲရှိ မင်္ဂလာဆောင်ဝတ်စုံမှာ လွတ်ကျသွားပြီး
ကျိုးစန်းရှစ်ထံအမြန်ပြေးကာ စိုးရိမ်တကြီး အော်ခေါ်လိုက်၏။
"စန်းရှစ်
စန်းရှစ်"
ချွေးမဝမ့်မှာ
အကြိမ်ပေါင်းများစွာဆက်တိုက်အော်နေပေသိ မည်သည့်တုံ့ပြန်မှုကိုမှ
ရမလာခဲ့ပေ။သူ့ရင်ဘတ်မှ တိမ်ဖျော့ဖျော့လှုပ်ရှားမှုကိုသာ သူမ,မတွေ့ခဲ့ပါလျှင် သူသေသွားပြီဟု
ထင်မှတ်မိလောက်၏။
အဘွားစွင်းမှာလဲ
ကြောက်ရွံ့သွားတော့သည်။ကျိုးစန်းရှစ်မှာ အငယ်ဆုံးသားဖြစ်ပြီး
သူမအဖိုးတန်လေးဖြစ်၏။သူသည် သူမအချစ်ရဆုံးသားထွေးဖြစ်ကာ
သူမ၌ကောင်းတာတစ်ခုခုရှိတိုင်း သူ့ကိုသာအမြဲအရင်တွေးမိလေသည်။သူကဘယ်လိုလုပ်
ရုတ်တရက်ကြီးမေ့လဲသွားရတာလဲ။
"အငယ်ဆုံးလေး
ထပါဦး"
အဘွားစွင်းမှာ
ထိတ်လန့်လွန်းသွားပြီး သူမမျက်ရည်တို့အား အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
ကျိုးထောင်ဟွာမှာ
ဤသည်အားမြင်သည်နှင့် နံရံအားအမြန်ထောက်ရပ်ကာ ထွက်ပြေးတော့၏။ခြေတစ်လှမ်း,လှမ်းပြီးသော်
သူမကိုယ်မှာ ပျော့ခွေသွားပြီး ကတုန်ကယင်ဖြစ်လာတော့သည်။သူမ
ကိုယ်ဟန်ထိန်းရန်လုပ်လိုက်၏။
သူမ၌ခွန်အားမရှိသော်ငြား
ပြင်းပြသောအသက်ရှင်သန်လိုစိတ်မှာ ကျိုးထောင်ဟွာအားတံခါးဆီရောက်သည်ထိ
ထောက်ပံ့ပေးနိုင်ခဲ့ကာ အော်ချလိုက်တော့သည်။
"ကယ်ကြပါဦး"
အိမ်ထဲရှိအဘွားစွင်းနှင့်
ချွေးမဝမ့်တို့မှာ ကြောင်အမ်းသွားတော့၏။ကောင်မစုတ်လေးက ဘယ်သွားဖို့လုပ်နေတာလဲ။
"ခွေးမလေး
မပြေးနဲ့"
အဘွားစွင်းမှ
ကျိုးထောင်ဟွာနောက်သို့ အသည်းအသန်လိုက်ဖမ်းနေသည်ကိုမြင်လိုက်ရာ
ဝမ့်သည်လည်းနောက်မှကပ်လျက် လိုက်ပါလာသည်။
ရွာရှိလူအများစုမှာအပြင်သို့အလုပ်သွားလုပ်နေကြသော်လည်း
အိမ်တိုင်းလိုလိုတွင် လူတစ်ယောက်စ နှစ်ယောက်စတော့ကျန်ရှိနေပါသေး၏။အကယ်၍သာ
တစ်ရွာလုံးထံနှိုးဆော်မိသွားပါက ဤကိစ္စအားဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
"!!!"
ကျိုးထောင်ဟွာနှလုံးမှာ
လည်ချောင်းထိ ဆောင့်တက်လာသလိုခံစားနေရပြီး ခြံတံခါးအားအမြန်ဖွင့်ကာ
အသက်လုပြေးထွက်လာလိုက်သည်။သူမခန္ဓာကိုယ်ထဲတွင်
အင်အားတစ်စိုးတစ်စိမှမရှိသလောက်ဖြစ်နေသော်လည်း ခိုင်မာသောစိတ်ဓာတ်ခွန်အားမှနေ
သူမအားပြေးလွှားရင်း အော်ဟစ်အကူအညီတောင်းရန် ထောက်ပံ့ပေးထားလေ၏။
နောက်မှကပ်လျက်လိုက်လာသော
ခြေသံများကြောင့် သူမစိတ်ဓာတ်များပြိုလဲလုနီးပါး ဖြစ်သွားရသည်။အဘွားစွင်းနှင့်
ဝမ့်တို့ကဲ့သို့ သာမန်လူနှစ်ယောက်ထံမှနေ
သူမမည်သို့ပိုပြီးမြန်မြန်ပြေးနိုင်ပါမည်နည်း။
"ခွေးမစုတ်လေး......အဘွားကနင်ကောင်းဖို့အတွက်
လုပ်နေတာလေ၊လီအိမ်တော်ဆိုတာ
ရွှေစံအိမ်အသိုက်အမြုံကြီးပဲ၊အိမ်တော်ထဲသာရောက်နိုင်ရင်
နင့်ဘဝကောင်းစားသွားတော့မှာပဲမလား၊အဘွားက နင့်အတွက်
အကောင်းဆုံးကြင်ဖော်ရှာပေးထားတာလေ၊နောက်ကျရင်နင်
အဘွားကိုကျိန်းသေကျေးဇူးတင်နေမိဦးမှာ"
အဘွားစွင်းသည်အနားကပ်လာပြီး
ကျိုးထောင်ဟွာ၏အင်္ကျီကော်လံအနောက်ဘက်အား လှမ်းဆွဲလိုက်သည်။
ကျိုးထောင်ဟွာမှာ
စိတ်ပျက်အားငယ်သွားရပြီး
နောက်ဆုံးမျှော်လင့်ချက်မီးစလေးငြိမ်းတော့မည်ဟုထင်နေစဉ်......ရုတ်ချည်းဆိုသလို
သူမရှေ့တွင်လူတစ်ယောက် ပေါ်လာသည်အား တွေ့လိုက်ရ၏။
မနက်ခင်းနေရောင်ခြည်သည်
အရပ်ရှည်ရှည်ဖြင့်သန်မာသောလူငယ်တစ်ဦးပေါ် ဖြာကျနေပြီး
သူ၏ငွေရောင်ဆံနွယ်ရှည်တို့မှာလဲ နေရောင်အောက်တွင်တလက်လက် တောက်ပနေလေသည်။
ထိုခဏ၌ပင်
အားအင်ကုန်ခမ်းနေသော ကျိုးထောင်ဟွာခန္ဓာကိုယ်ထဲသို့ နောက်ဆုံးလက်ကျန်ခွန်အားများ
စီးဝင်လာ၏။သူမ၏ ပြင်းပြသောအသက်ရှင်လိုစိတ်မှာ ထိုလူငယ်ဆီတည့်တည့်တိုးဝင်သွားစေပြီး
သူနှင့်ခေါင်းချင်းတိုက်မိသွားတော့သည်။
ကျိုးထောင်ဟွာ
ဟန်ချက်ပျက်သွားပြီး နောက်ပြန်လဲကျသွားစဉ် ရုတ်တရက်ဆိုသလိုသူမခါးထက်မှနေ
ထိန်းထားပေးသည့်အားတစ်ခုသက်ရောက်လာပြီး သူမအားလက်တစ်ဖက်မှဖမ်းထားပေးလာ၏။
ကျိုးထောင်ဟွာမှမော့ကြည့်လိုက်ရာ
ထိုလူငယ်ထံတွင် ထင်ရှားပေါ်လွင်သောမျက်နှာပေါက်ရှိပြီး မျက်မှောင်အသာကြုံ့နေကာ
နှာတံထင်းထင်းအောက်ရှိနှုတ်ခမ်းလွှာမှာတော့စေ့ပိတ်ထားလေသည်။ဤလူသည်
ချောမောရုံသာမကယောက်ျားပီသမှုလည်းရှိနေရာ
ကျိုးထောင်ဟွာသဘောကျရသည့်ပုံစံမျိုးအတိအကျပင်ဖြစ်၏။
အံ့ဩစရာကောင်းသည်မှာ
ဤလူသည်ကြောက်မက်ဖွယ်ကောင်းလှသည့်
လူသတ်ငွေ့များနှင့်ရွှေရောင်ကုသိုလ်အလင်းတန်းများကို
တစ်ပြိုင်တည်းပိုင်ဆိုင်ထားခြင်းပင်။
သိပ်သည်းသောလူသတ်ငွေ့များမှ
သူ့အားဖုံးလွှမ်းထားသော်လည်း ထိုမှောင်မိုက်မှုထဲတွင်
ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်နှင့်တူသောစူးရှတောက်ပ၍အရှိန်အဝါကြီးမားသည့်
ရွှေရောင်အလင်းတန်းတစ်ခုမှာ ပုန်းကွယ်နေလေသည်။
"ကယ်ပါဦး"
ကျိုးထောင်ဟွာ
ထိုလူငယ်၏လက်အားတင်းတင်းဆုပ်ကိုင်ထားလိုက်သည်။
သူတို့လက်ချောင်းများထိတွေ့မိလိုက်သည်နှင့်
အစော၌ဗလာကျင်းနေသော သူမခန္ဓာကိုယ်တွင်းဝယ် ဝိညာဉ်စွမ်းအင်များတိုးဝင်လာသည်ကို
ကျိုးထောင်ဟွာအံ့ဩတကြီး တွေ့ရှိလိုက်ရ၏။
အချိန်ကြာလာသည်နှင့်အမျှ
သူမခန္ဓာကိုယ်ထဲမှဝိညာဉ်စွမ်းအင်များမှာ ဖြည်းဖြည်းချင်းပြန်ပြည့်လာသလိုပင်။
ဤထူးခြားသော
တွေ့ရှိချက်ကြောင့် ကျိုးထောင်ဟွာသည် ထိုလူငယ်၏အခြားလက်တစ်ဖက်ကိုပါ
အမြန်လှမ်းဆွဲလိုက်သည်။ထိုအခါမှသာ သူမသံသယတို့သည်
အမှန်ဖြစ်ကြောင်းအတည်ပြုလိုက်နိုင်တော့၏။
ထိုကောင်လေးနှင့်အရေပြားချင်းထိတွေ့လေလေ
သူမအနေဖြင့်ဝိညာဉ်စွမ်းအင်များပိုရလာလေလေပင်။
ချက်ချင်းဆိုသလိုပင်
ကျိုးထောင်ဟွာ ထိုကောင်လေးထံ
ကွဲပြားသောအကြည့်တစ်ချက်ဖြင့်ကြည့်လိုက်မိသည်။ငါ့ရဲ့*မိုဘိုင်းပါဝါဘဏ်*လေးလားဟ။
ကျိုးထောင်ဟွာ၏
အော်ဟစ်အကူအညီတောင်းသံမှာ ကျယ်လောင်လွန်းလှသဖြင့် အိမ်နီးနားချင်းများမှာ
ချက်ချင်းပင်သတိထားမိသွားကြသည်။
ရွာသားများမှာ
စပ်စုရသည်ကိုဝါသနထုံကြသူများဖြစ်၍ ဆူဆူညံညံအသံကြားသည်နှင့်
လူအတော်များများစုရုံးရောက်ရှိလာကြတော့၏။
အဘွားစွင်းမျက်နှာမှာ
ဖြူဖျော့သွားရသည်။ကျိုးထောင်ဟွာမှ တစ်ခုခုပြောလိုက်၍ ရွာသားများကြားသွားမည်ကို
စိုးရိမ်လှရာ အမြန်ပင်ဆူပူငေါက်ငမ်းလိုက်တော့သည်။
"နင်
ကျေးဇူးမသိတတ်တဲ့ကောင်မလေး၊အဘွားက နင့်အတွက်ကောင်းမွန်တဲ့ အိမ်ထောင်ရေးတစ်ခု
ရှာပေးထားတာကိုတောင် နင်ကငြင်းပြီးတော့ အဆင့်အတန်းမတူတဲ့ဒီဒုက္ခအိုးနဲ့
ခိုးရာလိုက်ပြေးဖို့ကြိုးစားနေတယ်ပေါ့လေ၊အိုး......ဘုရားရေ!ရှန်းမင်ဆိုတာ
တစ်ကောင်ကြွက်နတ်ဆိုးကြယ် သူ့နားကပ်ရင်
ကံဆိုးတာထက်ပိုပြီးသေတောင်သေနိုင်တယ်နော်၊နင်ကဘာလို့ ဒီနတ်ဆိုးကောင်ကိုမှ
ရွေးရတာလဲ၊နင့်မိဘတွေမှာ သားသမီးဆိုလို့ နင်တစ်ယောက်တည်းပဲမွေးထားခဲ့တာ
သူတို့အိမ်မှာမရှိတုန်း ငါကတော့ နင်ဒီလိုမီးပုံထဲခုန်ဆင်းတာကို
ရပ်ကြည့်မနေနိုင်ဘူး၊ရှန်းမင်......လွှတ်လိုက်စမ်း ငါ့မြေးမလေးက နင့်ကိုဘယ်တော့မှ
လက်ထပ်မှာမဟုတ်ဘူး"
ရှန်းမင်မျက်မှောင်ကြုံ့လိုက်သည်။လက်ထပ်ရမယ်ဆိုတာ
ဘာပြောတာလဲ။သူနဲ့ကျိုးထောင်ဟွာနဲ့က ဘာမှမပတ်သက်ကြဘူးလေ။
ကျိုးထောင်ဟွာ၏ဂုဏ်သိက္ခာ
ထိခိုက်မည်အားစိုးရိမ်သဖြင့် ရှန်းမင်မှာသူ့လက်ကို ချက်ချင်းပြန်ဆွဲထုတ်လိုက်သည်။
ကျိုးထောင်ဟွာ
: "???"
ဘထ္ထရီကအားအပြည့်မသွင်းရသေးဘူးလေ
ရပ်လိုက်လို့မရဘူး။
ကျိုးထောင်ဟွာသူ့လက်အားပြန်ဖမ်းကိုင်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့
ရှန်းမင်အံ့ဩသွားရ၏။မယုံကြည်နိုင်ဟန်ဖြင့် သူကျိုးထောင်ဟွာထံ
ခေါင်းစောင်းကြည့်လိုက်သည်။
"သူက....."
"ရှန်းမင်ကော(အစ်ကိုရှန်းမင်)......ကျွန်မထမင်းမစားရတာသုံးရက်ရှိပြီ
ခေါင်းတွေလဲအရမ်းမူးနေလို့ ကူညီပါဦးနော်"
ကျိုးထောင်ဟွာမှာ
သနားစဖွယ်အမူအရာဖြင့်ပြောလိုက်ပေသိ သူ့လက်ကိုတော့လုံးဝမလွှတ်ပေးခဲ့ပေ။
"အိုး.....ဘုရားရေ
ထောင်ဟွာကရှန်းမင်နဲ့ ခိုးရာလိုက်ပြေးတော့မလို့လား"
"ကျိုးအာ့ရှုနဲ့သူ့မိန်းမတို့အိမ်ပြန်ရောက်ရင်တော့
ဒေါသပေါက်ကွဲကုန်ကြတော့မှာပဲ"
"ဟုတ်ပါ့.....သူတို့အပင်ပန်းခံပြုစုပျိုးထောင်ထားတဲ့သမီးလေးက
ဒီလိုနတ်ဆိုးကြယ်နဲ့ ခိုးရာလိုက်ပြေးဖို့လုပ်နေတာလေ၊ဒါရှန်းမင်က
တမင်မြှူဆွယ်သွေးဆောင်ခဲ့တာပဲဖြစ်ရမယ်၊အဘွားစွင်းအချိန်မီတားလိုက်နိုင်တာ
တော်သေးတာပေါ့......"
အနားရှိရွာသားများမှာ
ကျိုးထောင်ဟွာနှင့်ရှန်းမင်တို့ထံ
လက်ညှိုးထိုးကာကဲ့ရဲ့ရှုတ်ချသောမျက်လုံးများဖြင့် အတင်းအဖျင်းပြောဆိုနေကြသည်။
ထိုအသံများအားကြားလိုက်ရသည့်ကျိုးထောင်ဟွာ၏
အကြည့်များမှာအေးစက်သွားတော့၏။ဒီအဘွားကြီးက ငါ့ကိုတစ်ကယ်ပြန်ဆော်နေတာပဲ။
ရှေးခေတ်ကာလတွင်
အမျိုးသမီးတစ်ဦး၏ဂုဏ်သိက္ခာမှာ
အသက်နှင့်ထပ်တူအရေးကြီးလှသည်။ဂုဏ်သိက္ခာသာညှိုးနွမ်းသွားပါလျှင်
ဤလောက၌ခေါင်းမော့နေနိုင်တော့မည်မဟုတ်သလို သူမမိဘများဖြစ်သော
ကျောက်အာ့ရှု၊ချမ်ရှီနှင့်အပြစ်ကင်းသောရှန်းမင်တို့ပါ နာမည်ပျက်ရပေလိမ့်မည်။
လူများမှာစကားပြောမိလေလေ
အရှိန်ပိုရလာလေဖြစ်နေ၏။ထို့ကြောင့်ပင် သူမလဲအသံကိုမြှင့်ကာ ဘေးနားရှိရွာသားများထံ
အော်ပြောလိုက်သည်။
"ဦးလေးတို့
ဒေါ်လေးတို့ အစ်ကိုကြီးနဲ့အစ်မကြီးတို့......ရှန်းမင်ကောနဲ့ကျွန်မက
ဘာမှမပတ်သက်ပါဘူး၊သူကစေတနာနဲ့ ကျွန်မအသက်ကိုကယ်ခဲ့တာပါ၊ကျွန်မမိဘတွေ
အိမ်မှာမရှိတုန်း တေးနှစ်ဆယ်အတွက်နဲ့ ကျွန်မအဘွားက
ကျွန်မကိုလီယွမ်ဝေရဲ့ကိုးယောက်မြောက်ကိုယ်လုပ်တော်အဖြစ် အတင်းအကြပ်ပေးစားဖို့
လုပ်နေတာပါ"
"ကျွန်မသေရင်သေပါစေ
အဲဒီလိုမလုပ်နိုင်ဘူးလို့ပြောတော့ ကျွန်မကိုထမင်းလဲမကျွေး ရေလဲမတိုက်ဘဲ
အိမ်ထဲမှာသုံးရက်တောင် ပိတ်လှောင်ထားခဲ့တာ၊ဒီနေ့ကျမှ
ကျွန်မဦးလေးနဲ့အဒေါ်ကိုခေါ်လာပြီး
ကျွန်မကိုလီအိမ်တော်ဆီအတင်းပို့ဖို့လုပ်လာတယ်လေ"
"ခုနက
ကျွန်မဦးလေးရုတ်တရက်ကြီး သတိလစ်သွားလို့ အဲ့အချိန်ကိုအခွင့်ကောင်းယူပြီးပြေးလာရင်း
ရှန်းမင်ကောနဲ့ဆုံခဲ့တာပါ၊ပြီးတော့ကျွန်မမှာ ဘာပစ္စည်းမှလဲပါမလာဘူးလေ၊တစ်ကယ်လို့
ကျွန်မသာခိုးရာလိုက်ပြေးမှာဆိုရင် ပစ္စည်းတွေထုတ်ပိုးပြီး
နေ့ခင်းကြောင်တောင်ကြီးလိုက်ပြေးပါ့မလား"
"ရှန်းမင်ကောကိုလဲ
ကြည့်ပါဦး၊သူတောင်ပေါ်ကနေအမဲလိုက်ပြန်လာပြီး အိမ်ရှေ့လမ်းကနေဖြတ်လာတာ
သိသာနေတာပဲကို မယုံရင် ကျွန်မရဲ့အိမ်ခန်းထဲ သွားကြည့်ကြပါလား၊ကျွန်မဦးလေး
ခုထိသတိမရသေးဘဲလဲနေတုန်းပဲ"
"လူကြီးမင်းတို့......ကျေးဇူးပြုပြီး
ရွာလူကြီးကိုခေါ်ပေးကြပါဦး၊ကျွန်မအတွက် တရားမျှတမှုရအောင်
ဆုံးဖြတ်ပေးဖို့တောင်းဆိုပါတယ်"
ကျိုးထောင်ဟွာ
အားနည်းနေသောသူမခန္ဓာကိုယ်ထဲမှ လက်ကျန်အင်အား,အားလုံးကိုသုံးကာ
အသံချဲ့စက်ဖြင့်အော်နေသကဲ့သို့ အသံကုန်အော်ဟစ်လိုက်သည်။သူမအသံမှာ
ကျိုးကျားရွာအရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားတော့၏။
မည်သူမှမကူညီလျှင်ပင်
ရွာလူကြီးကြားသွားသည်ထိအော်နိုင်သောမာန်ဟုန်မျိုး သူမတွင်ရှိသည်။
အဘွားစွင်းမှာ
ဟန်ကို့မဖို့နိုင်သည်ထိတုန်လှုပ်သွားရ၏။ဒီခွေးမစုတ်လေးက ဘာလို့ ဒီလောက်အာပြဲရတာလဲ။