Ch 6
Viewers 8k

🥬 Chapter 6

🥬 My wife is gone (2)




“လင်”


သူ အသံနိမ့်နိမ့်ဖြင့်ခေါ်လိုက်ပြီး ပုံမှန်အားဖြင့် ဆိုဖာပေါ်တွင် ထိုင်ကာ နေ့ခင်းလက်ဖက်ရည်သောက်တတ်သည့် လူငယ်အား မတွေ့ရချေ။


“လင်ပေါင်” သူ ထပ်ခေါ်လိုက်သည်။ ညင်သာသောလေသံ ကြောင့် နောက်မှလိုက်လာသော ရှုယွမ်ကျိုး လဲကျလုနီးပါး ဖြစ်သွားပြီး ဆိုဖာနောက်ကျောကို အမြန်ဖမ်းဆုပ်လိုက်ရာ လဲကျမည့် ဘေးမှရှောင်ရှားနိုင်ခဲ့သည်။


ဒါ... ဒါ သူ သိတဲ့ ဥက္ကဌလင်းကော ဟုတ်ရဲ့လား ??


ရှုယွမ်ကျိုး ချွေးများတစိုစိုဖြစ်နေပြီး သူသည် တစ္ဆေမြင်လိုက်ရသကဲ့သို့ပင်။ သူ ရှက်ရွံ့နေပြီး ဒီနေရာမှာဆက်နေသင့်သ လား မနေသင့်လား မသိတော့ပေ။


တုံ့ပြန်မှုမရှိသောအခါ လင်းဖုန်း မျက်လုံးများထဲ စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားပြီး သူ့အသံကိုကျယ်လောင်စွာမြှင့်ကာ အိမ်အကူကိုခေါ်သည်။ 


“အန်တီဟယ်၊ အန်တီဟယ်”


ကြီးမားသောဗီလာထဲ လင်းဖုန်း၏နက်ရှိုင်းသောအသံသာ ပဲ့တင်ထပ်နေသည်။


ရှုယွမ်ကျိုး အံ့အားသင့်သွားသည်။


ကိစ္စတွေက ပိုကြီးလာပြီ!


ဥက္ကဌဇနီးသည် အိမ်မှာ မရှိရုံသာမက အိမ်အကူပင် ပျောက်နေ သည်။ ဒါ... သူတို့ ပြန်ပေးဆွဲခံလိုင်ရတာ များလား ??


လင်းဖုန်းသည် သူ့အင်္ကျီအိတ်ကပ်ထဲမှ မိုဘိုင်းဖုန်းကိုထုတ်ကာ အိမ်အကူ၏ နံပါတ်ကိုရှာကာ ခေါ်ဆိုလိုက်သည်။


မကြာမီတွင် တစ်ဖက်လူက ဖုန်းကိုင်လိုက်သည်။


“အန်တီဟယ်၊ ဘယ်ရောက်နေတာလဲ” လင်းဖုန်း မေးလိုက်သည်။


“အော် ? မစ္စတာလင်းလား ? ပြန်ရောက်ပြီလား” အန်တီဟယ်ပျော်ရွှင်စွာပြောဖြေသည်။ 


“မစ္စတာစုက လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ရှင့်ကို သတိရနေတာ!”


လင်းဖုန်း မျက်မှောင်ကြုတ်ကာ “ချွမ်” ဟူသော စကားလုံးအဖြစ်သို့ရောက်သွားပြီး သူ့ စိတ်ထဲရှိ ဒေါသကိုဖိနှိပ်ကာအေးစက်စွာ ပြောလိုက်သည်။ 


“ကျနော့်ကို ဖြေ၊ ခင်ဗျား ဘယ်မှာလဲ၊ စုလင် ဘယ်မှာလဲ”


အန်တီ ဟယ်က အမြန်ဖြေလိုက်သည်။ 


“မနေ့က မစ္စတာစုက ကျွန်မကိုနှစ်ရက်နားခိုင်းတယ်၊ ပြီးတော့ ကျွန်မ အိမ်ပြန်လိုက်တယ်၊ ကျွန်မ ထွက်လာတုန်းက မစ္စတာစု အိမ်မှာ ရှိနေတုန်းပဲ!”


လင်းဖုန်း မေးသည်။ 


“ခင်ဗျား မသွားခင်၊ သူ ခင်ဗျားကို တစ်ခုခုမှာလိုက်သေးလား”


အန်တီဟယ် ခဏစဉ်းစားပြီးပြောသည်။ 


“မှာသလိုလိုပဲ၊ အော် မစ္စတာစုက မစ္စတာလင်း ပြန်လာရင် စာကြည့်ခန်းကို သွားဖို့ပြောတယ်၊ စားပွဲပေါ်မှာ ရှင့်အတွက် တစ်ခုခုရှိတယ်”


လင်းဖုန်း ဖုန်းချလိုက်ပြီး စာကြည့်ခန်းသို့အပေါ်ထပ်သို့ အမြန် လျှောက်သွားသည်။


ရှုယွမ်ကျိုးသည် သူ့ခေါင်းပေါ်မေးခွန်းအမှတ်အသားဖြင့် သူ့နောက်သို့လိုက်ကာ အပေါ်ထပ်လိုက်သွားခဲ့သည်။


အိမ်အကူရဲ့ဖုန်းနံပါတ်ရှိနေမှတော့ ဘာလို့အစောကြီးကတည်း ကဖုန်းခေါ်ပြီးမမေးလိုက်တာလဲ ? ဥက္ကဌလင်းရဲ့ အတွေးတွေက နားလည်ဖို့ တကယ်ခက်တယ်။


လင်းဖုန်း စာကြည့်ခန်းတံခါးတွန်းဖွင့်လိုက်ပြီး ဝင်လိုက်သည် နှင့် ထမင်းစက္ကူပုံတစ်ပုံအားနင်းမိသည်။ သူ ရှုပ်ပွနေသော စာကြည့်ခန်းကို မြင်သောအခါ သူ့မျက်နှာသည် တိမ်ဖုံးစပြုလာသည်။


နောက်မှလိုက်လာသော ရှုယွမ်ကျိုးသည် ရှုပ်ပွနေသော စာအုပ်များ၊ ကူးယူရေးသားထားသော စာများ၊ ပန်းချီကားများ၊ ဘောပင်များစသည်တို့ကို စိုက်ကြည့်နေပြီး ထိုနေရာအားသူခိုးဝင်ဖောက်ထွင်းခံခဲ့ရသည်ဟု အလေးအနက်သံသယဝင်လာမိသည်။


လင်းဖုန်းသည် ထိုအရာများကိုမျက်ကွယ်ပြုပြီး စာရေးစားပွဲဆီသို့ တည့်တည့်လျှောက်သွားသည်။ စားပွဲပေါ်မိုဘိုင်းဖုန်း တစ်လုံးနှင့် ဖိုင်တစ်ခုချထားသည်။ “ကွာရှင်းစာချုပ်” ဟူသော စကားလုံးများက သူ့မျက်လုံးများထဲဝင်လာသောအခါ သူ့မျက်နှာသည် ချက်ချင်းအရောင်ပျက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးပစ်ခံရသကဲ့သို့ဖြစ်သွားရသည်။ သူ့ ဦးနှောက်က တဝီဝီမြည်နေပြီး ခွဲစိတ်ထားသော နဖူးပေါ်ရှိဒဏ်ရာမှာ ရုတ်တရက် ထိုးကိုက်လာသည်။ သူ့ မျက်လုံးများဝေဝါးသွားပြီး သူ၏အရပ်ရှည်သော ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ယင်သွားသည်။


ရှုယွမ်ကျိုး လန့်သွားပြီး သူ့အားထောက်မရန် ရှေ့သို့ တက်လှမ်းသည်။ သူ ဘာဖြစ်တာလဲလို့ မေးမလို့ရှိသေး “ကွာရှင်းစာချုပ်” ဟူသော စာရွက်အားမြင်လိုက်ရသောအခါ သူ အံ့သြတကြီး ပါးစပ်အဟောင်းသားဖြစ်သွားရသည်။


ဘာ ?


မစ္စစ်လင်းက ကွာရှင်းတော့မယ်!


ကွာရှင်းတာ !



ခဏတာ မူးဝေခြင်းပြီးနောက် လင်းဖုန်း သတိပြန်ဝင်လာပြီး မာစတာအိပ်ခန်းသို့သွားရန် လှည့်လိုက်သည်။


ရှုယွမ်ကျိုး ချီတုံချတုံဖြင့် သူ့နောက်သို့လိုက်သွားရပြန်သည်။


မာစတာအိပ်ခန်းတံခါးဖွင့်လိုက်သောအခါ ရှုပ်ပွနေသောမြင် ကွင်း သည် စာကြည့်ခန်းထက်ပင် ပိုအဆမတန်ဖြစ်နေသည်။


ဗီရိုများ၏တံခါးများ အားလုံးပွင့်နေပြီး အဝတ်အစားများဟိုနေရာ ဒီနေရာပစ်ချထားသည်။ ခုတင်ထက် အဝတ်အစားများပုံခံနေသည်။ “သူခိုး” သည် ပစ္စည်းများကို မသိနားမလည်သူဖြစ်ပုံရပြီး ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ် အဝတ်အ စားများကိုပင် ပေါ့ပေါ့ပါးပါးကြမ်းပြင်ပေါ်ပစ်ချထားသည်။


လင်းဖုန်း ကြမ်းပြင်ပေါ်ရှိ အဝတ်အစားများကိုရှောင်ရှားပြီး အိပ်ခန်းထဲသို့ဝင်သွားသည်။ ခုတင်ပေါ် ထိုင်လိုက်ပြီး သူ မိုဘိုင်းဖုန်းကိုထုတ်ကာ ဖုန်းခေါ်လိုက်သည်။


ခဏအကြာတွင် တစ်ဖက်လူက ဖုန်းကိုင်လိုက်ပြီး လင်းဖုန်း တိုက်ရိုက်မေးလိုက်သည်။ 


“လင်းကျိုး၊ စုလင် ဘယ်မှာလဲ ?”


စုမိသားစုအိမ်ဟောင်း 


စုလင် သတိပြန်ဝင်လာပြီး တစ်ရှူးတစ်ရွက်ထုတ်ကာ ခေါက်ဆွဲပြုတ်ရည်စင်ထားသောစားပွဲကို သုတ်လိုက်သည်။ သူ လင်းကျိုးအား ပေါ့ပေါ့ပါးပါးမေးလိုက်သည်။ 


“သူ မင်းဆီ ဖုန်းခေါ်လာတယ်ပေါ့၊ မင်း ဘာပြောလိုက်လဲ ?”


လင်းကျိုး ဖုန်းမျက်နှာပြင်မှတစ်ဆင့် စုလင်အား ကြည့်လိုက်သည်။ သူ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်ပြီး သူ့နှုတ်ခမ်းကို သာမကိုက်ခဲ့ပါက ရိုးရှင်းသောလေသံဖြင့် လှည့်စားခံရပေလိမ့်မည်။


“လင်းဖုန်းက မင်း ဘယ်သွားလဲလို့ ငါ့ကို မေးတယ်”


“မင်း သူ့ကို ဘယ်လိုပြန်ဖြေလိုက်လဲ”


စုလင် အသုံးပြုပြီးသော တစ်ရှူးအားစားပွဲဘေးရှိ အသစ်ဝယ်ထားသော အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။


လင်းကျိုး လက်ဆန့်တန်းကာ “ညီအစ်ကို သစ္စာရှိမှုကိုပြပြီး ပါးစပ်ပိတ်ထားရတာပေါ့”


စုလင် လက်ခုပ်တီးလိုက်ပြီး ဖုန်းကိုစိုက်ကြည့်သည်။ “တိတိကျကျ ဘယ်လိုပြန်ပြောလိုက်တာလဲ”


လင်းကျိုး ပြုံးလိုက်ပြီး သူ စိတ်မရှည်တော့ဘူးဆိုတာသိသောကြောင့်ပြောလိုက်သည်။ 


“မင်း ဘယ်သွားလဲဆိုတာ ငါ မသိဘူးလို့ပြောလိုက်တယ်”


“ယုံသွားလား” စုလင် လှပသေ အဖြူအနက် မျက်လုံးတစ်စုံဖြင့် မေးလာသည်။


“သူ သေချာပေါက် မယုံဘူးပေါ့” 


လင်းကျိုးသည် သူ့ ချောမွေ့သော မေးစေ့ကို ပွတ်သပ်ပြီး နေ့လယ်က ဖုန်းခေါ်ဆိုမှုအားပြန်အောက်မေ့လိုက်သည်။


လင်းဖုန်း သူ့အား မေးလာသည်။


 â€œá€…á€Żá€œá€„á€ş ဘယ်သွားလဲ”


သူ ဖြေလိုက်သည်မှာ “စုလင်လား ? စုလင် နေ့တိုင်းအိမ်မှာရှိနေတာ မဟုတ်ဘူးလား”


လင်းဖုန်း- “သူ အိမ်မှာမရှိဘူး”


လင်းကျိုးက အရူးလုပ်လိုက်သည်။ 


“အိမ်မှာ မရှိဘူးလား ? မဖြစ်နိုင်ပါဘူး! သူက အိမ်တွင်းပုန်းပဲကို သူ ဘယ်ကိုသွားနိုင်မှာတဲ့လဲ ? ပန်းခြံကို ပုံကြမ်းဆွဲဖို့များ ထွက်သွားတာလား ??”


လင်းဖုန်း- “သူ ငါ့ကိုကွာရှင်းစာချုပ် ထားခဲ့တယ်”


လင်းကျိုး ထိတ်လန့်သော လေသံဖြင့်မေးလိုက်သည်။ 


“ဘာ? ကွာရှင်းသဘောတူစာချုပ် ? မဟုတ်သေးဘူး... မစ္စတာလင်း၊ ခင်ဗျား စုလင်ကိုစော်ကားမိတာများ တစ်ခုခုလုပ်ခဲ့မိ သေးလား၊ မဟုတ်ရင် သူ ဘာလို့ ခင်ဗျားကိုကွာရှင်းမှာလဲ”


လင်းဖုန်း အသံနက်နက်ဖြင့် ပြန်ပြောလာသည်။ 


“မလုပ်ဘူး!”


လင်းကျိုး သံသယဖြစ်ဟန်ဖြင့် 


“တကယ်လား ? ဒါမှမဟုတ်... ခင်ဗျား သေချာစဉ်းစားကြည့် ပါလား”


“ငါ သူ့ကိုတုံ့ပြန်မှုရှိခဲ့တယ်၊ ပြီးတော့ သူ့ကိုအကောင်းဆုံးဘဝနဲ့ အကောင်းဆုံးအရည်အသွေး‌တွေပေးခဲ့တယ်”


“ရုပ်ပိုင်းဆိုင်ရာတော့ စိတ်ကျေနပ်တယ်၊ စိတ်ပိုင်းဆိုင်ရာကရော ? မစ္စတာလင်း၊ ကျွန်တော် ခင်ဗျားကို မစ္စတာလင်းလို့ခေါ်မယ်၊ ကုမ္ပဏီရဲ့သူဌေးတစ်ယောက်အနေနဲ့ အလုပ်နဲ့ ခင်ဗျားဇနီး ဘယ်ဟာပိုအရေးကြီးတယ်လို့ထင်လဲ ? ဒါမှမဟုတ် အလုပ်ကြိုးစားသူတစ်ဦးအနေနဲ့ ခင်ဗျားဇနီး နေမကောင်းဖြစ်တာ၊ အထီးကျန်တာ၊ ဝမ်းနည်းတာ၊ မကျေနပ်တာကို ခင်ဗျား ပထမဆုံးအကြိမ် ခံစားမိနိုင်မလား”


လင်းဖုန်း ခဏတာတိတ်ဆိတ်သွားသည်။ ထို့နောက် သူ ထပ် ပြောလာသည်။ 


“ငါနဲ့ သူ့ကြားကကိစ္စ မင်းနဲ့မဆိုင်ဘူး”


လင်းကျိုး ဒေါသတကြီးရယ်လိုက်သည်။ 


“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ! ငါနဲ့ မဆိုင်ဘူး! ဒါပေမဲ့ ငါ ပြောချင်တာက အိမ်မှာ ဇနီးယူထားတာ အလှပန်းအိုးမဟုတ်ဘူး၊ အလှဆင်ပစ္စည်းမဟုတ်သလို ခင်ဗျားရဲ့စုဆောင်းပစ္စည်း မဟုတ်ဘူး၊ စုလင်က လူတစ်ယောက်! လူတွေမှာ ခံစားချက် တွေရှိတယ်၊ သူတို့ စောင့်ဆိုင်းရတဲ့အတွက် စိတ်မသက်မသာ ဖြစ်မယ်၊ ဝမ်းနည်းမယ်၊ အထီးကျန်မယ်၊ မကျေနပ်မှုတွေ ရှိမယ်! ခင်ဗျားအတွက် သူ စုမိသားစုနဲ့ ဆက်ဆံရေးဖြတ်ခဲ့တယ်၊ ခင်ဗျားအတွက် သူအလုပ်ရှာဖို့ အပြင်မထွက်ဘဲ အိမ်မှာ စိတ်လိုလက်ရနေပေးခဲ့တယ်၊ ခင်ဗျား ကံကောင်းတယ်၊ သူ့မင်္ဂလာပွဲမှာ ဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးတာလည်း မခံရဘူး၊ ပုံမှန်အခမ်းအနားတွေမှာလည်း အခေါ်မခံရဘူး၊ ဒါ အိမ်မွေးတိရစ္ဆာန်တစ်ကောင်မွေးတာနဲ့ ဘာများ ကွာခြားနေလို့လဲ”


လင်းဖုန်း ထပ်ခါတလဲလဲ မေးခွန်းထုတ်ခံရပြီးနောက်ပြင်းပြင်း ထန်ထန်အသက်ရှူနေရသည်။ သိသိသာသာ ဒေါသထွက်နေပုံပင်။


သူ့ အဖြေကိုမစောင့်ဘဲ လင်းကျိုး ရက်စက်စွာဖုန်းချလိုက်သည်။


“ဟေး၊ ဒီလောက်ပဲ” လင်းကျိုးက ဗီဒီယိုထဲမှ စုလင်အားပြော လိုက်သည်။


စုလင် သူ့နဖူးကို ပွတ်သပ်ကာ “လင်းဖုန်း အရမ်းဒေါသထွက်နေမှာပဲ”


လင်းကျိုး ပခုံးတွန့်လိုက်သည်။ 


“သူက ငါ့ယောက်ျား မဟုတ်ဘူး၊ သူ ဒေါသထွက်တာကို ငါ ဂရုမစိုက်ဘူး”


စုလင် သက်ပြင်းချသည်။ 


“သူ... စကားအပြောမတတ်ဘူး”


လင်းကျိုး မျက်ခုံးပင့်လိုက်သည်။ 


“စကား အပြောမတတ်ဘူး—ပွင့်ပွင့်လင်းလင်းပြောရရင် ပျင်းစရာကောင်းတယ်!”


စုလင်- “...”