Ch 191
Viewers 8k

အပိုင်း (၁၉၁) 


တစ္ဆေဆေးမှင်ကြောင် ဆင်းသက်လာရာ မူလအစ။

အောက်ဖဲလှန်နေသော မြင်ကွင်းဟုပြောလျှင် ပိုမှန်ပေမည်။ 

ကျန်းလော့သည် အလွန်ရှက်ရွံ့နေပြီး မြေကျင်းတစ်ခုသာ ရှိနေလျှင် ဝင်ပုန်းပစ်လိုက်ချင်သည်။ 

သို့သော် သနားစရာကောင်းစွာပင် ဤနေရာတွင် ဘာကျင်းမှ ရှိမနေပေ။ ထို့ကြောင့် သူသည် ချီယုံ့ကို ပါးစပ်ပိတ်ဟု ပြောဖို့သာ ရွေးချယ်နိုင်သည်။ 

ကျန်းလော့သည် အနီးနားခြုံပုတ်ပေါ်မှ လက်တစ်ဖက်အပြည့် နှင်းတစ်ဆုပ်ယူလိုက်ပြီး ချီယုံ့လည်ပင်းကို ဖိပွတ်ပစ်လိုက်သည်. 

သူသည် ချီယုံ့ကို ဇွတ်အတင်းတွန်းလွတ်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း လျင်မြန်သော အရှိန်ဖြင့် ချီယုံသည် ကျန်းလော့၏ လည်စည်းကို လှမ်းဆွဲလိုက်ပြီး သူ့ဘက်သို့ ဆောင့်ဆွဲပစ်လိုက်သည်။ ကျန်းလော့သည် ကိုးယို့ကားယားဖြင့် ကျိန်ဆဲရင်း မကောင်းဆိုးဝါး၏ လက်မောင်းများကြားထဲ ရောက်သွားပြန်သည်။ 

ချီယုံသည် ပြုံး၍ မေးလိုက်သည်။ 

“မင်းလေးက ဘာလို့ ထွက်ပြေးရတာတုန်း” 

ကျန်းလော့သည် အားအပြည့်ဖြင့် ပြန်ပြောလိုက်သည်။ 

“မင်းကရော ဘာလို့ ငါ့ကို ဆွဲထားရတာတုန်း” 

အားရပါးရပြုံးလိုက်ပြီး မကောင်းဆိုးဝါးသည် ကျန်းလော့ကို ရေကန်နားသို့ ဆွဲသွားသည်။ 

လမ်းခနလောက် လျှောက်ပြီးနောက် ချီယုံသည် ကျန်းလော့ကို ရေကန်ထဲသို့ ပွေ့သွားပြန်သည်။ 

ကျန်းလော့ အောက်ငုံ့ကြည့်လိုက်သောအခါ ရေခဲများအောက်တွင် ရေသရဲများကို တွေ့ရပြီး  သူတို့မျက်လုံးများသည် ဆိုးယုတ်မှုများနှင့် ကြောက်မက်ဖွယ်ကောင်းသော အမှောင်စွမ်းအားများ ပြည့်နှက်နေကြသည်။ 

ချီယုံသည် ရေခဲပေါ်တွင် မတ်တပ်ရပ်နေပြီး ကျန်းလော့ကို ချပေးလိုက်ရင်း 

“ရေခဲပြင်စကိတ်စီးရတာ ကြိုက်လား” 

ကျန်းလော့သည် ချက်ချင်း သတိပေးသံများ ဒေါင်ဒေါင်မြည်အောင် ကြားလိုက်ရသလို သတိအနေအထားဖြစ်သွားပြီး ခြေတစ်လှမ်းနောက်ဆုတ်သွားကာ လေးနက်စွာ ပြောလိုက်သည်။ 

“မကြိုက်ဘူး ငါ လုံးဝ မကြိုက် ဘူး” 

သို့သော် မကောင်းဆိုးဝါးသည် သူ့ကို ကြည့်ပြီး အပြုံးနက်နက်ကြီး ပြုံးလိုက်ရာ ကျန်းလော့သည် ထိုအပြုံးကြီးကို ကြည့်၍ ရုတ်တရက် ညာဘက်မျက်ခွံသည် နှစ်ကြိမ်လောက် လှုပ်ခတ်သွားတော့သည်။ တစ္ဆေဆန်ဆန် ပုန်းကွယ်နေသော လက်တစ်ဖက်သည် ရုတ်တရက် ကျန်းလော့ရှေ့တွင် ပေါ်လာသည်။ တစ္ဆေလက်ကြီးသည် ကျန်းလော့လက်ကို ဆုပ်ကိုင်လိုက်ပြီး  ကျန်းလော့ကို ရေခဲပြင်ကို ဖြတ်ပြီး လွင့်ထွက်သွားအောင် တွန်းလွတ်ပစ်လိုက်သည်။ 

တစ္ဆေလက်များသည် လျပ်စီးကဲ့သို့ လျင်မြန်ပြီး ကျန်းလော့၏ လည်စည်းသည် နောက်ဘက်တွင် လွှင့်နေအောင် ကျန်ခဲ့လေတော့သည်။ ခါးသက်သော လေအေးတို့သည် သူ့မျက်နှာကို ဖြတ်တိုက်သွဦးပြီး ကျန်းလော့၏ နှလုံးသားလေးသည် ဆွဲထုတ်ပြီး မိုးကုတ်စက်ဝိုင်းကျော်အောင် ပစ်ပေါက်ခံရသလို ခံစားလိုက်ရပြီး အရှိန်အဟုန်နှင့်  ပြန်ကျလာသလို ခံစားလိုက်ရကာ ချက်ချင်း ခြေထောက်များ ပျော့ခွေသွားတော့သည်။ 

သို့သော် ယခုဖြစ်နေသည်များမှာ ပုံရိပ်ယောင်များ မဟုတ်ပေ။ နောက်ခနလေးမှာပင် ကျန်းလော့သည် တစ္ဆေလက်ကြီးမှ သူ့ကို အားပြင်းပြင်းဖြင့် ထပ်မံ၍ လွင့်ပစ်ခြင်းကို ခံလိုက်ရပြန်သည်။ 

“ချီယုံ မင်း ဆိုက်ကို....... မား” 

ကျန်းလော့မျက်နှာသည် ပြာနှမ်းနေပြီး ထုံထိုင်းစေသော မန္တာန်အောက် ရောက်သွားသလိုပင် ရေခဲပြင်ပေါ်တွင် ပျော်ပျော်ကြီး လျှောစီးနေရတော့သည်။ 

ကျန်းလော့သည် မည်သို့ စကိတ်စီးရမည်ကို သိသော်လည်း ယခုတွင် သူသည် စကိတ်ဖိနပ်တို့အစား သာမန်ဖိနပ်ကိုမှ ပို၍ လျှောထွက်စေနိုင်သော သားရေအောက်ခံပါသော ဖိနပ်ဖြင့် အရှိန်လွန်ပြီး လျှောလျှောထွက်သွားနေသည်။ 

ကျန်းလော့သည် သူ့ဖိနပ်များနှင့် အောက်မှ ရေခဲပြင်တို့ ပွတ်တိုက်သွားသည်ကို ခံစားမိသည်။ သနားစရာကောင်းလောက်အောင် အူများ အသည်းများ ပြောင်းပြန်လှန်သွားသလို ခံစားနေရသည့် အခိုက်အတန့်တွင် ကျန်းလော့သည် ရုတ်တရက် တစ်ကိုယ်လုံး ပေါ့ရွှတ်နေသလို ခံစားလိုက်ရချိန် မကောင်းဆိုးဝါးသည် ရုတ်တရက် ပေါ်ထွက်လာပြီး သူ့ခါးကို လှမ်း၍ကိုင်လိုက်ကာ ရေခဲပြင်ပေါ်တွင် မိမိုက်စွာ နှစ်ပတ်လောက် လှည့်လိုက်လေသည်။ 

မကောင်းဆိုးဝါးသည် ကပွဲတွင် ကနေသော မင်းသားတစ်ပါးလို ကျက်သရေရှိနေပြီး ကျန်းလော့သည် မကောင်းဆိုးဝါး၏ လက်မောင်းထဲမှ မင်းသမီးလေးလို ဖြစ်နေသည်။ 

သူသည် ကျန်းလော့နှင့်အတူ လှည့်လိုက်ပြီး ကျန်းလော့ကို လက်မောင်းထဲမှ လှိမ့်ထုတ်လိုက်ကာ ရပ်ပေးလိုက်သည်။ 

“စကိတ်စီးတာ မိုက်တယ်” 

သူသည် ငြင်းမရအောင် အရင်ဦးစွာ ချီးမွမ်းလိုက်ပြီး 

“ကိုယ်တို့ကတော့ ကပွဲထဲမှာဆို အကအတော်ဆုံး စုံတွဲဆု ရမှာ” 

ကျန်းလော့သည် အံတင်းတင်းကြိတ်လိုက်ပြီး 

“မင်းသာ မပါရင်  ပိုပြီး ပြီးပြည့်စုံနေမှာ” 

ကျန်းလော့၏ ပုခုံးများနှင့် ခါးကို မကောင်းဆိုးဝါးသည် ဆွဲယူလိုက် တွန်းလွတ်လိုက် ထပ်ခါထပ်ခါ လုပ်ချင်သလို လုပ်နေသည်။ ကျန်းလော့သည် သူ့ကို ကမ္ဘာမြေဆွဲအား မသက်ရောက်တော့သလို ခံစားနေရပြီး သူသည် စွန်တစ်လက်ဖြစ်သွားသလို ကောင်းကင်ထက်တွင် ပျံသန်းပြီး လေဟုန်စီးနေသလို ခံစားရသည်။ 

ကျန်းလော့သည် သူ့မျက်နှာကို ဖြတ်တိုက်သွားသော လေများကို ဆက်တိုက် ခံနေရပြီး သူ့မျက်စိရှေ့မှ မြင်ကွင်းများသည် ဆက်တိုက်ပြောင်းလဲနေကာ သူ့ကိုယ်သူ ဘာဖြစ်နေပြီဟုတောင် မတွေးတတ်တော့ပေ။ 

သူ့မျက်နှာသည် နီရဲလာပြီး နဖူးထောင့်များ ချွေးများစီးကျလာကာ မကောင်းဆိုးဝါးသည် ထိုချွေးများကို သုတ်ပေးလိုက်သည်။ ကျန်းလော့သည် တစ်ကိုယ်လုံး အားပျော့နေပြီး မကောင်းဆိုးဝါး တွန်းလိုက်တိုင်း လဲကျသွားပြီး ရေခဲအောက်မှ ရေသရဲနှင့် အနမ်းပေးမိတော့မည့် အချိန်တိုင်းတွင် မကောင်းဆိုးဝါးသည် အချိန်မှီ ပြန်ဆွဲပွေ့သွားတတ်သည်။ 

‘အရမ်းကောင်းတာပဲ’ 

မော်တော်ဆိုင်ကယ်စီးခြင်းနှင့် ယခုအလုပ်ခံနေရသလို ခံစားချက်သည် မတူသော်လည်း အလွန်ပြင်းထန်စွာ မြန်မြန် စွန့်စားလုပ်ကိုင်ရသည်ကတော့ အတူတူ ဖြစ်သောကြောင့် ကျန်းလော့သည် အလွန်ပျော်နေသလို ခံစားရသည်။ 

သို့သော် နှစ်ခုလုံးသည် ပျော်စရာကောင်းပြီး သူ၏ အဒရီနယ်လင် ဟော်မုန်းများသည် ပျော်ရွှင်စွာ စိမ့်ထွက်လာတော့သည်။ 

ကျန်းလော့သည်  မကောင်းဆိုးဝါးနှင့် မြေပြင်ထက်မှ ကောင်းကင်ပေါ်သို့ ပျံသန်းသွားရလောက်အောင် ကမ္ဘာအစွန်းထိ ရောက်သွားအောင် ကခုန်နေရသော ခံစားချက်တို့ကို စတင်၍ နှစ်ခြိုက်သဘောကျလာတော့သည်။ 

နောက်ဆုံး အခေါက်တွင် မကောင်းဆိုးဝါးသည် သူ၏ တစ္ဆေလက်များကို ပြန်ထုတ်ပြီး ကျန်းလော့ကို လျင်မြန်စွာ လှည့်လိုက်ပြန်ပြီး ရေကန်အလယ်ထိ တွန်းလွတ်လိုက်ပြန်ကာ သူသည်လည်း ရေကန်အစွန်းမှ ကျန်းလော့နားသို့ မြန်ဆန်စွာ တိုးကပ်သွားသည်။ 

နှစ်ယောက်လုံးသည် ဇာတ်ကျိုးကျမတတ် အရှိန်အဟုန်ဖြင့် နီးကပ်လာပြီး နီးကပ်လာသော အခိုက်အတန့်တွင် မကောင်းဆိုးဝါးသည် ကျန်းလော့၏ ခါးကို ဆွဲဖက်လိုက်ပြီး ရေကန်အလယ်တွင် ဝိုင်းကြီးပတ်ပတ် လှည့်ပစ်လိုက်သည်။

ကျန်းလော့သည် ယနေ့ဒိတ်ကို အလွန်ချစ်သွားသည်။ (နှစ်သက်တယ်လို့ သုံးလို့ရပေမဲ့ ချစ်တယ် လို့ပဲ သုံးလိုက်ပါတယ်) 

သူတို့ပြန်ရောက်သောအခါ ကျန်းလော့၏ ဖိနပ်အောက်ခံသည် စုတ်ပြဲသွားပြီး ဖြစ်သည်။ 

ချဲ့ကားခြင်းမဟုတ်ပါဘဲ ကျန်းလော့သည် လမ်းမကြီးထက်တွင် ငါးကီလိုမီတာလောက် စကိတ်စီးပြီး သွားလိုက်ရသလို ခံစားလိုက်ရသည်။ 

အိမ်ပြန်ရောက်သည်နှင့် ကျန်းလော့သည် အိပ်ရာပေါ်သို့ ပုံကျသွားတော့သည်။ မောပန်းနေပြီး မျက်လုံးများစင်းလာကာ အလွန်ပြင်းထန်သော လေ့ကျင့်ခန်း၏ အကျိုးဆက်ဖြင့် တစ်ကိုယ်လုံး အားမရှိတော့သလို ဖြစ်နေသည်။ 

“တကယ့်ကို ကောင်းသောညလေး ဖြစ်ခဲ့ပါတယ်” 

ချီယုံသည်  ကျန်းလော့ဘေးတွင် ရပ်၍ အဝတ်ချွတ်နေရင်း နက်ခ်တိုင်ကို ဖြည်နေပြီး 

“ကြိုက်လား” 

ကျန်းလော့သည် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ 

သူသည် ခက်ခဲစွာ အိပ်ရာပေါ်တွင် လှိမ့်လိုက်ပြီး တကယ့်ကို အမိုက်စား ခန္ဓာကိုယ်ရှိသည့် ချီယုံ့ဘက်သို့ လှည့်လိုက်သည်။ သင်သည် ချီယုံ ရှပ်အင်္ကျီဝတ်ထားချိန်တွင် မည်မျှ ဆွဲဆောင်မှု အားကောင်းကြောင်း မြင်နိုင်ပြီး အင်္ကျီချွတ်လိုက်ချိန်တွင် ထိန်းမရအောင် ထန်လာနိုင်ပေသည်။ ကျန်းလော့သည် ချီယုံ၏ တစ္ဆေဆေးမှင်ကြောင်ကို စိုက်ကြည့်နေပြီး 

“အဲဒီ တစ္ဆေဆေးမှင်ကြောင်ကို ဘယ်ကနေ ရလာတာလဲကွာ” 

“သိချင်လို့လား” 

ချီယုံသည် သူ့ကုတ်အင်္ကျီကို ဘေးတွင် ထားလိုက်ပြီး ကျန်းလော့ဘက်သို့ ခေါင်းစောင်းကြည့်လိုက်ကာ 

“ဒါဆိုရင် မင်းကိုယ့်ကို မင်းဘယ်နေရာက လာတယ်ဆိုတာကို အရင်ပြောပြရမယ်” 

ကျန်းလော့သည် တစိမ့်စိမ့် ချင့်ချိန်ကြည့်လိုက်ပြီး အလဲအလှယ်လုပ်လို့ ကောင်းသော မေးခွန်းဖြစ်နေသည်ကို သိသော်လည်း စပ်စုလိုမှုက သူ့ကို အဆုံးတွင် အနိုင်ယူသွားသည်။ 

“ကောင်းပြီလေ ဒါပေမဲ့ မင်းရဲ့ တစ္ဆေဆေးမှင်ကြောင် ဘယ်ကရလာလဲ အရင်ပြောပြရမယ်” 

ချီယုံသည် မျက်ခုံးပင့်လိုက်ပြီး 

“ကျန်းလော့ မင်းက ကိုယ်ပြောပြီးလို့ မင်းစကားတည်လိမ့်မယ်လို့ ကိုယ် ဘယ်လိုမှ မယုံဘူး” 

ကျန်းလော့သည် စိတ်မရှည်တော့ဘဲ 

“မင်းက ဘာလို့ အဲဒါကို စိုးရိမ်နေရတာလဲ ပြီးတော့ ယောက်ျားတစ်ယောက်အနေနဲ့ ငါက ကောင်းပြီလို့ပြောနေတာကို မင်းက ငါလိမ်မှာကို ကြောက်နေသေးတာလား” 

ချီယုံသည် ဖြည်းညင်းစွာ ရှပ်အင်္ကျီကြယ်သီးများ ဖြုတ်နေရင်း အိပ်ရာဘေးသို့လျှောက်လာကာ 

“မင်းပြောတာ မှန်ပါတယ် ကိုယ် မင်းလိမ်သွားမှာ ကြောက်နေတာ” 

သူ့ရင်ဘတ်သည် လုံးဝ ဟာလာဟင်းလင်း ပေါ်နေပြီး သူထိုပုံစံဖြင့် အနားကပ်လာခြင်းသည် ကျန်းလော့ရင်ကို ဖိုးသိုးဖတ်သပ်ဖြစ်လာစေသည်။ ချီယုံသည် ထိုအချိန်တွင် အလွန်တရာ စိတ်လှုပ်ရှားနေစေသလို ခံစားမှုများ ပေးနေပြီး ကျန်းလော့သည် အန္တာရာယ်ရှိသည်ဆိုသော အသိဖြင့် စိတ်မသက်သာမှုတို့ကို တပြိုင်ထဲ ခံစားနေရကာ သူ၏ အကာအကွယ်ကို တခြားသော ရင့်ကျတ်ပြီး လူကြီးတစ်ယောက်က ထိုးဖောက်ဝင်ရောက်လာသလို ခံစားနေရသည်။ 

သို့သော် သူသည် စိတ်တိုလာသလို ဟန်ဆောင်၍ ထရပ်လိုက်ပြီး စာရွက်နှင့် ဘောလ်ပင်န်ကို ယူ၍ တမင်သက်သက် ထေ့ငေါ့သော အသံဖြင့် 

“ငါ မင်းကို အိုင်အိုယူ ရေးပေးရင် ရလား ပြီးတော့ အိုး မင်း လက်မှတ်ကော လိုချင်သေးလား လက်ဗွေရာယူမလား” 

ချီယုံသည် တည်ငြိမ်သော အသံဖြင့် 

“ကျေးဇူးပြု၍..” 

ကျန်းလော့ “............” 

သူသည် ချီယုံ့ကို လှည့်စားသည့်အကွက် ပေါ်သွားသောကြောင့် မွန်းကြပ်သွားပြီး သူ့ကို တကယ်ကြီး အိုင်အိုယူ ရေးပေးလိုက်ရလေသည်။ သူသည် ချီယုံ့ကို သူဘယ်နေရာက လာသည်ဆိုတာ ပြောပြနိုင်ပြီး ချီယုံသာ သူ့ကို တစ္ဆေဆေးမှင်ကြောင်၏ လျှို့ဝှက်ချက်ကို ပြောပြမည်ဆိုလျှင် သူသေချာပေါက် ပွင့်ပွင့်လင်းလင်း ပြောပြမည်ဟု တွေးထားသည်။ 

ချီယုံသည် လက်မှတ်ထိုးထားသော စာရွက်ကို ကြည့်လိုက်ပြီး လက်မခံခင် အရင် စေ့စပ်စွာ ဖတ်ကြည့်သေးသည်။ 

ကျန်းလော့သည် မျက်လုံး လှိမ့်လိုက်ပြီး 

“ပြောတော့ မင်းရဲ့ တစ္ဆေဆေးမှင်ကြောင်ကို ကံကြမ္မာယုံသူဆီက ရလာတာလား” 

“အင်း” 

ချီယုံသည် ကျန်းလော့ကို အိပ်ရာပေါ်မှ ဆွဲထူလိုက်ပြီး ထိုင်ပေးလိုက်ကာ လက်ကိုယူ၍ သူ့ခါးပတ်ပေါ် တင်ပေးလိုက်သည်။ ထို့နောက် ကျန်းလော့ကို ခါးပတ်ဖြည်ပေးရန် လက်ဟန်ပြလိုက်ကာ 

“ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေက တစ္ဆေတက်တူးကို လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်လောက်ထဲက လက်ဆင့်ကမ်းလာကြတာ” 

ကျန်းလော့သည် တိုက်ရိုက်ပဲ ထိုဆိုက်ကိုကောင်ကို သင်းကွက်ပစ်လိုက်ချင်သည်။ သို့သော် ယခု သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ညီမျှစေရန်နှင့် ခန္ဓာကိုယ် ထပ်မံပြီး ဖြိုဖျက်ခြင်းတို့ကို တားဆီးရန် သူ့စွမ်းအားများကို အသုံးမပြုနိုင်ပေ ။ 

ထို့အပြင် ........................... 

သူသည် ချီယုံ၏ သွယ်လျသော လက်ချောင်းဖြူဖြူများကို  ကြည့်၍ နှုတ်ခမ်းကိုက်လိုက်ကာ ဘာကိုမှ အလွန်အကျွံ မလုပ်မိပေ။ 

သူ့လက်သည် ခနလောက် ခါးပတ်ပေါ်ရောက်နေသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် အောက်ပြန်ကျသွားပြီး မလုပ်ဖို့ အတင်းခုခံနေသော်လည်း နတ်မကြိုက် သကြားမကြိုက်သော မကောင်းဆိုးဝါးက လက်ကို ပြန်ဖမ်းခဲ့သည်။ 

“အဲဒါက ကံကြမ္မာယုံသူ ပိုင်လုဘုရားကျောင်းက ထွက်သွားခဲ့တဲ့ အချိန်မဟုတ်ဘူးလား” 

“တကယ်တော့ ကံကြမ္မာယုံသူက ဟောကိန်းကို နှစ်ကြိမ်ထုတ်ခဲ့တာ” 

ချီယုံသည် သူနှင့် မဆိုင်သလို ပြောနေသည်။ 

“တစ်ကြိမ်က လွန်ခဲ့တဲ့ နှစ်နှစ်ရာက နောက်တစ်ကြိမ်က လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က” 

ထိုစကားနှစ်ခွန်းနှင့်ပင် ချီယုံသည် တစ္ဆေဆေးမှင်ကြောင် ဆင်းသက်လာရာ အရင်းအမြစ်ကို ဖော်ပြပြီးသွားလေပြီ 

လွန်ခဲ့သော နှစ်နှစ်ရာခန့်က ကံကြမ္မာယုံသူသည် နတ်စွမ်းအားများကို စုပ်ယူ ကျင့်ကြံကာစ အချိန်တွင် သူကိုယ်တိုင်အတွက် ဟောကိန်းတစ်ခု ထုတ်ခဲ့သည်။ 

ဟောကိန်းသည် သူ့ကို ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်မှ နောက်မျိုးဆက်တစ်ယောက်က သတ်လိမ့်မည်ဟု ဆို၏။ ထိုသို့သော အဆုံးသတ်ကို ရှောင်ရှားရန် ကံကြမ္မာယုံသူသည် နှင်းမုန်တိုင်း တိုက်နေသောအချိန်တွင် မုန်တိုင်းဒဏ်သင့်သလို ချီမိသားစု တိုက်ရိုက်မျိုးဆက် ဘိုးဘေးများ အိမ်တော်ရှေ့သို့ အရောက် သွားခဲ့သည်။ 

သူတို့၏ ကြင်နာမှုကို ပြန်ပေးဆပ်ရန် ကံကြမ္မာယုံသူသည် ချီမိသားစု၏ တိုက်ရိုက်မျိုးဆက် ဘိုးဘေးကို မျိုးရိုးစဉ်ဆက် စိတ်ဝိညာဉ်ကို အဆင့်မြှင့်ပေးနိုင်မည့် တစ္ဆေဆေးမှင်ကြောင်ကို ပြန်ပေးခဲ့သည်။ သို့သော် တစ္ဆေဆေးမှင်ကြောင်သည် သခင်ကို တန်ပြန်နိုင်သော စွမ်းအား ရှိနေသည်။ 

နှစ်နှစ်ရာခန့်က ဆူပူ၍ မတည်ငြိမ်သော ကာလကြီးတွင် ချီမိသားစု ဘိုးဘေးများ၏ စွမ်းအားသည် အားကောင်းသည်ထက် အားကောင်းလာခဲ့သည်။ သူသည် ကံကြမ္မာယုံသူကို တစ္ဆေဆေးမှင်ကြောင် ချီးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ ကံကြမ္မာယုံသူသည် တစ္ဆေဆေးမှင်ကြောင်တွင် သူ၏ ကိုယ်ပိုင်မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို ထည့်သွင်းခဲ့ပြီး ထိုတစ္ဆေဆေးမှင်ကြောင်ကို ချီမိသားစု ဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။ 

ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များ တစ္ဆေဆေးမှင်ကြောင် ရရှိသွားသည်နှင့် ချီမိသားစု အိမ်တော်ခွဲများသည် ကံကြမ္မာယုံသူကို သွားရောက် ရှာဖွေခဲ့ကြပြီး ခယဝတ်တွား ငိုယို၍ သူတို့ အိမ်တော်ခွဲများကို အသက်ရှူပေါက်ပေးရန် တောင်းဆိုကြသည်။ 

မဟုတ်လျှင် ပင်မအိမ်တော်သာ စွမ်းအားကြီးလာခဲ့လျှင် သူတို့သည် ပင်မအိမ်တော် လက်အောက်တွင် ဖိနှိပ်ခံရပြီး အခိုင်းအစေများ ဖြစ်လာပေလိမ့်မည်။ သူတို့သည် လွတ်လမ်း မရှိနိုင်တော့ပေ။ 

ကံကြမ္မာယုံသူသည် ကျိုးကြောင်းသင့်သည်ဟု ခံစားရသောကြောင့် ချီမိသားစုကို နောက်ထပ် ကျိန်စာတစ်ခု ထပ်တိုက်လိုက်သည်။ အိမ်တော်ခွဲမိသားစုများကို ပင်မအိမ်တော် တိုက်ရိုက်မျိုးဆက်တို့မှ အန္တာရာယ်မပေးနိုင် မထိခိုက်စေရဟူသော ကျိန်စာ ဖြစ်သည်။ 

ထို့နောက်ပိုင်းတွင် ကံကြမ္မာယုံသူသည် အတုအယောင်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် တန်ဖိုးကြီးကြီးမားမား မပေးဘဲ နောက်ထပ် သူ့ကိုယ်သူအတွက် ဟောကိန်းထုတ်မရတော့ပေ။ 

လွန်ခဲ့သော နှစ်သုံးဆယ်ခန့်အချိန်အရောက်တွင် ကံကြမ္မာယုံသူသည် အကြီးအကျယ် စွန့်စားပြီး သူကိုယ်တိုင်၏ အနာဂတ်ကို ထပ်၍ ကြည့်ခဲ့ပြန်သည်။ အံ့ဩစရာကောင်းစွာပင် လွန်ခဲ့သော နှစ်နှစ်ရာက ဟောခဲ့သော ဟောကိန်းအတိုင်း သူ၏ ယခုတစ်ကြိမ်ဟောကိန်းသည် တစ်စက်ကလေးမှ မပြောင်းလဲခဲ့ပေ။ 

သူသည် သေချာပေါက် ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များကို သခင်ကို ဆန့်ကျင်ဝါးမြိုတတ်သည့် တစ္ဆေဆေးမှင်ကြောင်ပေးခဲ့ပါလျက် တစ္ဆေဆေးမှင်ကြောင်အပြင် ကျိန်စာတစ်ခု ထပ်လောင်းပေးခဲ့သေးသည်ကို အဘယ့်ကြောင့် မပြောင်းလဲရပါသနည်း။ 

ကံကြမ္မာယုံသူသည် ထိုနေ့တွင်တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူသွားခဲ့သည်။ 

မကောင်းဆိုးဝါးသည် နှစ်မြုုပ်နေသော မျက်လုံးများဖြင့် မျက်နှာပေါ်မှ သွေးကြောများသည် မကောင်းဆိုးဝါး၏ မျက်နှာထား ခက်ထန်မှုကြောင့် ထင်ရှား အေးစက်နေပြီး သတိမထားမိစွာ ကျန်းလော့၏ လက်ချောင်းများကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသည်။  ထို့နောက် မကျေနပ်ချက်အပြည့်ဖြင့် လှောင်ပြောင်ဟန်စွက်ပြီး ပြောခဲ့သည်။ 

“သူ ကိုယ့်လက်ထဲမှာ သေကိုသေရမယ်” 

ကျန်းလော့သည် ကံကြမ္မာယုံသူအပေါ်ထားသည့် သူ့အထင်အမြင်များသည် အောက်ဆုံးထိ ထိုးကျသွားသည်ကို သိလိုက်ပြီး နိမ့်ကျလွန်း၍ ချီယုံတို့၏ တစ္ဆေဆေးမှင်ကြောင်သည် ကံကြမ္မာယုံသူ၏ မကောင်းဆိုးဝါး စိတ်ဝိညာဉ်မှန်း သိသွားသည်တောင် အံ့ဩရုံမှလွဲ၍ ဘာမှ မခံစားရတော့ပေ။ 

ကံကြမ္မာယုံသူ၏ သန့်စင်မှုအရှိန်အဝါသည် အလွန်စင်ကြယ်နေသည်မှာ အံ့ဩစရာတော့ မရှိပေ။ သူ၏ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များကို ထည့်ပေးလိုက်သောကြောင့် ဖြစ်သည်။ 

ထို့အပြင် ထိုမကောင်းဆိုးဝါး စိတ်ဝိညာဉ်သည် ချီယုံ၏ အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံသွားရပြီဖြစ်သည်။ 

ကျန်းလော့သည် မြူးထူးစေသော အထိအတွေ့ပေးချင်ပုံရကာ ခါးပတ်ကို တင်းတင်းကိုင်၍ ရုတ်တရက် ပျော်သွားပြီး မျက်ခုံးများ ပင့်လာသည်။ 

“ကံကြမ္မာယုံသူက မင်းမွေးလာတုန်းထဲက ချန်ပိုင်တောင်ပေါ်မှာ  ပုန်းနေခဲ့တာ ပြီးတော့ ဆင်းမလာရဲလို့ မင်းသေသွားမှ သူဆင်းလာခဲ့တာလေ သူ့ကို မင်းဘယ်အချိန် သတ်မလဲဆိုတာ မသိတော့ သူက ဆင်းမလာရဲဘဲ တစ်ချိန်လုံး ပုန်းနေရတော့တာပေါ့” 

################