အပိုင်း (၁၈၈)
ကိုယ့်ချစ်သူဖြစ်ပေးပါ (၁)
တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့ကို မည်းမှောင်နေသော မျက်နှာဖြင့် အချိန်အကြာကြီး ကြည့်နေပြီး
“မင်းက ကံကြမ္မာယုံသူနဲ့ လုံးလုံး မတူဘူးပဲ”
ကျန်းလော့က ပြောသည်။
“ခင်ဗျား ဘာလို့ ကျွန်တော့်ကို အဲဒီလူနဲ့ နှိုင်းယှဉ်နေရတာလဲ ဘာလဲ သူက ကျွန်တော့်ကို အတုအယောင် နတ်ဘုရားဖြစ်လာမယ်လို့ ခင်ဗျားကို ပြောထားလို့လား”
ကျန်းလော့ရှေ့တွင် ပြောသင့်တာထက် ပြောမိသွားသည်ကို သတိထားမိသွားပြီး တာအိုဆရာတော် ဝေ့ဟယ်သည် ချက်ချင်း ပါးစပ်ပိတ်သွားပြီး နောက်ထပ် စကားတစ်ခွန်းမှ ပြောချင်တော့ပုံ မရတော့ပေ။
ကျန်းလော့က အေးဆေးစွာ ပြောသည်။
“တာအိုဆရာတော်ဝေ့ဟယ် ဆရာတော်လည်း ဆရာတော့်လူတွေ ကံကြမ္မာယုံသူရဲ့ အသက်သွေးကြောဖြစ်နေတာကို ပျော်မနေပါဘူး ဆရာတော်က ယုံကြည်မှု ယိမ်းယိုင်နေတဲ့အပြင်ကို ကံကြမ္မာယုံသူ လုပ်နေတာတွေကို သံသယတောင် ဝင်နေသေးတယ် ဟုတ်တယ်မလား”
တာအိုဆရာတော်ဝေ့ဟယ်သည် ကျန်းလော့မှ သူ့ကျောရိုးကို ပုတ်လိုက်သလို တောင့်ခနဲဖြစ်သွားပြီး
“ပေါက်ကရတွေ ကျုပ် ဘယ်တုန်းကမှ ကံကြမ္မာယုံသူရဲ့ ဆုံးဖြတ်ချက်တွေကို သံသယမဝင်ခဲ့ဖူးဘူး”
တစ်စုံတစ်ယောက်၏ ရှေ့တွင် လျှို့ဝှက်ထားသော အတွေးများ ပေါ်သွားခြင်းထက် မည်သည့် ကိစ္စကများ ကြီးမားဦးပါမည်နည်း။
ပြီးခဲ့သော စကားပြောခဲ့ချိန်တွင် ကျန်းလော့က တာအိုဆရာတော် ဝေ့ဟယ်ကို ကံကြမ္မာယုံသူကို မုန်းသလားဟု မေးခဲ့သော်လည်း တာအိုဆရာတော် ဝေ့ဟယ်သည် မသိလိုက်ဘဲ ကျန်းလော့ကို “မင်းကျတော့ရော” ဟူ၍ လွတ်ခနဲ ထွက်သွားခဲ့သည်။
သူသည် ချီယုံ့အပေါ် ကျန်းလော့ထားသော ခံစားချက်များနှင့် ကံကြမ္မာယုံသူအပေါ် သူထားသော ခံစားချက်များကို နှိုင်းယှဉ်ကြည့်၍ ပြောခဲ့သည်။ သို့သော် ကျန်းလော့နှင့် ချီယုံတို့သည် ရန်သူများ ဖြစ်ကြသည်။
ကျန်းလော့နှလုံးသားသည် သန်မာသည်ထက် သန်မာလာပြီး တည်ငြိမ်အေးဆေးလာကာ
“တာအိုဆရာတော် ဝေ့ဟယ် ဆရာတော်ရဲ့ သစ္စာတရားက ကံကြမ္မာယုံသူကိုလား ဒါမှမဟုတ် ကံကြမ္မာယုံသူရဲ့ ဟောကိန်းကိုလား တကယ်လို့ ဆရာတော်သာ ကံကြမ္မာယုံသူ တစ်ယောက်ထဲအတွက်နဲ့ လျန်ရွှီနဲ့ တခြားသူတွေကို ဖုံးကွယ်ထားခဲ့ပြီး ကံကြမ္မာယုံသူကို သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ထဲက နတ်ဘုရားနေရာမှာ အစားထိုးခွင့်ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော့်အမြင်မှာ ဆရာတော်က ဆိုးဝါးပြီး အတ္တကြီး တကိုယ်ကောင်းဆန် ကိုယ့်အတွက်ကိုယ်ပဲ တွေးတတ်တဲ့ မကောင်းဆိုးဝါးတွေနဲ့ ဘာမှမထူးတော့ဘူး”
ဒေါသပုန်ထနေသော တာအိုဆရာတော် ဝေ့ဟယ်သည် ထိုစကားများကို နားထောင်ပြီးနောက် ရုတ်တရက် ငြိမ်ကျသွားခဲ့သည်။
“မင်း ဘာတွေ သိထားတာလဲ”
“လျန်မိသားစုက လောကကြီးရဲ့ အရေးအခင်းတွေကနေ ရှောင်ဖယ်နေတယ်ဆိုပေမဲ့ ကျုပ်တို့ထဲက တစ်ယောက်ကမှ အားနည်းမနေကြဘူး”
တာအိုဆရာတော် ဝေ့ဟယ်သည် အားတင်း၍ ပြောနေသည်။
“ရွှမ်ရွှီလောကကြီးရဲ့ အနာဂတ်က ကျုပ်တို့အားလုံး တစ်ဦးတစ်ယောက်ချင်းဆီတိုင်းနဲ့ ဆက်နွယ်နေတာ ရွှမ်ရွှီလောကကြီးရဲ့ အနာဂတ်အတွက် ကျုပ်တို့ လျန်မျိုးနွယ်တစ်ခုလုံးက မတွေဝေဘဲ စတေးနိုင်တယ် ငယ်ရွယ်တဲ့ နှောင်းပိုင်း မျိုးဆက်တွေကို ပယောဂအထက်လမ်း ပညာနဲ့ နတ်ဆေးပညာကိုပဲ သင်ယူခိုင်းရတဲ့ အကြောင်းအရင်းက သူတို့ရဲ့ အားနည်းတဲ့ မိသားစုဝင်တွေကို ကယ်တင်နိုင်အောင်လို့ သူတို့ကိုယ်ထဲမှာ စည်းခတ်ထားတဲ့ နတ်ဘုရားတွေရှိကြတယ် အသက်အန္တာရာယ်ကြုံလာရင် သူတို့ကိုယ်သူတို့ စတေးပြီး ရန်သူတွေနဲ့ တိုက်ခိုက်နိုင်မှာ မို့လို့ပဲ”
ဝေ့ဟယ်၏ မျက်လုံးများသည် အနည်းငယ် စိုစွတ်လာပြီး
“ကျုပ်နှလုံးသားထဲမှာ နာကျင်မနေဘူး လို့များ မင်းထင်နေတာလား ကျုပ်တစ်မိသားစုလုံးက အငယ်လေးတွေကို သူများတွေလို သက်တမ်းအရှည်ကြီးနဲ့ အပူအပင်ကင်းကင်း နေမသွားစေချင်ဘူးလို့ ထင်နေလား ဒါပေမဲ့ ရွှမ်ရွှီလောကကြီးရဲ့ ဟောကိန်းက လက်တစ်ကမ်းပဲ လိုတော့တယ် ပြီးတော့ ကျုပ်လို လူအိုကြီးက အသက်ရှင်နေတာ ဒီလောက်ဆို လုံလောက်နေပြီ ကျုပ်လဲ သူများတွေနဲ့ ထူးမခြားနား သာမန်ပဲ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ နောက်မျိုးဆက်တွေကျတော့ရော ကျုပ်တို့နောက်က မျိုးဆက်ငယ်တွအတွက်ကရော အဲဒီ ရွှမ်ရွှီလောက အရှုပ်အထွေးတွေကြား ညှပ်ပါသွားမဲ့ သာမန်လူတွေ အတွက်ကရော ဘယ်သူက ဘာလုပ်ပေးမှာလဲ ပြီးတော့ရော သူတို့ဘယ်လိုများ ဆက်ရှင်သန်နိုင်ကြမလဲ”
“ကျုပ် ကံကြမ္မာယုံသူရဲ့ စကားကို နားထောင်ခဲ့တာက ကံကြမ္မာယုံသူက လုံလောက်အောင် သန်မာပြီး စွမ်းအားကြီးလို့ နွေးထွေးပြီး ကြင်နာတတ်လို့ ပြီးတော့ သူ့မှာ ကျုပ်တို့ကို ကမ္ဘာပျက်မဲ့ ဟောကိန်းကနေ လွတ်သွားစေနိုင်တဲ့ သော့ချက်ရှိနေလို့ တိုင်းပြည်တစ်ခုရဲ့ အတက်အကျအတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ် ကျုပ်တို့ ဒီတိုင်း တကိုယ်ကောင်းဆန်ဆန် ပုန်းမနေချင်ဘူး”
တာအိုဆရာတော် ဝေ့ဟယ်၏ အသံသည် ပိုပိုပြီး ကျယ်လာပြီး
“တကယ်လို့ ဘယ်သူကမှ ဘာမှမလုပ်ခဲ့ရင် ဘယ်သူကများ တိုင်းပြည်ကြီးကို ကယ်တင်မှာလဲ ဘယ်သူကများ ဒီရွှမ်ရွှီလောကကြီးကို ကယ်တင်မှာလဲ မင်း ဘာသိလို့လဲကွ၊ ကျုပ်တို့က ရွှမ်ရွှီလောကကြီးရဲ့ ကောင်းကျိုးအတွက် ကျုပ်တို့ကိုယ်ကျုပ်တို့ စတေးနေကြတာ ဘာတစ်ခုမှ မသိကြတဲ့ မင်းတို့ လူငယ်တွေအတွက် စတေးပေးနေကြတာ”
“ကျုပ်တို့ တစ်မျိုးလုံး သေသွားရင်တောင် ကျုပ်ဝန်ခံနိုင်တယ် ကျုပ်လုပ်ခဲ့သမျှ လုပ်ရပ်တိုင်းအတွက် မရှက်ခဲ့ဖူးဘူး ဒါပေမဲ့ ကျုပ်အပြစ်ရှိသလို ခံစားရတဲ့ တစ်ခုတည်းသော အရာက ကျုပ်တို့ မိသားစုရဲ့ ကလေးတွေကိုပဲ တခြားသူတွေအတွက်ကတော့ ကျုပ်သူတို့ကို ဘာတစ်ခုမှ အကြွေးမတင်နေဘူး”
ကျန်းလော့၏ နှလုံးသားသည်လည်း မီးများတောက်မတတ် ဒေါသထွက် ပူလောင်လာကာ
“ခင်ဗျားက ချီယုံနဲ့ ကျုပ်အပေါ် အကြွေးတင်မနေဘူးလို့ ပြောရဲတယ်ပေါ့လေ”
ဝေ့ဟယ်သည် ပါးစပ်ပွင့်သွားပြီး သူအကြွေးတင်မနေပါဘူးဟု ပြောချင်သော်လည်း ကျန်းလော့၏ မီးတောက်နေသော မျက်လုံးများကို ကြည့်မိသောအခါ လည်ချောင်းထဲမှ စကားများ ထွက်မလာတော့ပေ။
တာအိုဆရာတော် ဝေ့ဟယ်သည် ကံကြမ္မာယုံသူ၏ အလိမ်အညာများကြား လုံးဝပိတ်မိနေသော သနားစရာလူတစ်ယောက် ဖြစ်သည်။ သူတစ်ယောက်ထဲကပဲ လွန်ကဲစွာ လိမ်ညာခံခဲ့ရပြီး သူကိုယ်တိုင်သာမက သူ့တစ်မိသားစုလုံးပါ လှည့်စားခံနေရခြင်း၏ အကျိုးဆက်တို့ကို ကြောက်မက်ဖွယ်ကောင်းစွာ ရင်ဆိုင်နေရသည်။ တစ်မိသားစုလုံးသည် ကံကြမ္မာယုံသူ၏ အသုံးချခံ ပစ္စည်းများ ဖြစ်လာခဲ့သည်။
စိတ်ဝိညာဉ်ကို ယွမ်ထျန်းကျုးအဖြစ် ပြောင်းလဲခံလိုက်ရသော ချီယုံကရော..
လျန်ရွှီနှင့် တခြားသူများအတွက်ကရော..
ကျန်းလော့သည် သူ့ဒေါသများကို မနည်း ချိုးနှိမ်ထားရပြီး
“တာအိုဆရာတော် ဝေ့ဟယ် ကံကြမ္မာယုံသူ ခင်ဗျားကို ဒါတွေပြောတုန်းက ခင်ဗျား တစ်ခါမှ သံသယမဝင်ခဲ့ဖူးဘူးလား”
တာအိုဆရာတော် ဝေ့ဟယ်သည် မွန်းကြပ်တောင့်တင်းစွာ ပြောလိုက်သည်။
“ကံကြမ္မာယုံသူက အလိမ်အညာတွေ မပြောဘူး”
ကျန်းလော့၏ လက်သီးဆုပ်များသည် အလွန်ကို မာကြောနေအောင် ကျစ်ကျစ်ဆုပ်ထားမိပြီဖြစ်သည်။
လူအိုကြီးသည် ကံကြမ္မာယုံသူမှ လျန်မိသားစု၏ မျိုးဆက်ငယ်များကို လုပ်ခဲ့သော လုပ်ရပ်အပေါ် ရှင်းလင်းစွာ မကျေနပ်ပါသော်လည်း သူ၏ မကျေနပ်မှုများနှင့် သဘောထားမတိုက်ဆိုင်မှုများကို ခေါင်းမာစွာ ချိုးနှိမ်ထားခဲ့သည်။
သူ့စကားနှစ်ခွန်းနှင့်တင်ပင် ကျန်းလော့သည် ခေါင်းများထိုးကိုက်လာတော့သည်၊
သို့သော် သူသည် ဘာမှ ထပ်မပြောတော့ပေ။ ဝေ့ဟယ်သည် ကျန်းလောသည် ကံကြမ္မာယုံသူ သူ့ကို ပြောသမျှကို ပြောပြလိုက်ပြီး ကျန်းလော့ကို ယုံကြည်လာစေဖို့ ရည်ရွယ်ချက်ဖြင့် ပြောပြခဲ့ခြင်းဖြစ်ကာ သူ့ကိုယ်သူလည်း ယိမ်းယိုင်လာသော ယုံကြည်ချက်တို့ကြောင့် ပြန်လည် အယုံသွင်းနေရခြင်း ဖြစ်သည်၊
ကံကြမ္မာယုံသူ တာအိုဆရာတော် ဝေ့ဟယ်ကို ပြောခဲ့သော စကားများသည် ကျန်းလော့ ထင်ထားသည်များနှင့် တစ်ထပ်ထဲကျနေပြီး ချီယုံက လောကကြီးကို ဖျက်ဆီးမည်ဆိုပြီး ခြိမ်းခြောက်ထားခြင်းတို့လည်း ပါနေသည်၊
ဤရွှမ်ရွှီလောကကြီး၏ အထက်ပိုင်း ပုဂ္ဂိုလ်တစ်ယောက်ချင်းစီတိုင်းသည် ကံကြမ္မာယုံသူ၏ စကားတို့ကို ယုံကြည်နေခဲ့သည်။ ကံကြမ္မာယုံသူသည် အတုအယောင်နတ်ဘုရားတစ်ပါးဖြစ်ပြီး ရွှမ်ရွှီလောက၏ အစောင့်အရှောက်ဖြစ်တာနှင့်ပင် သူ့စကားကို လူတိုင်းက ယုံကြည်နေကြသည်။
ထို့ကြောင့်ပင် ကံကြမ္မာယုံသူပြောခဲ့သည့် ဟောကိန်းကို လူတိုင်းက ချက်ချင်းယုံသွားခဲ့ကြခြင်း ဖြစ်သည်။ ကံကြမ္မာယုံသူ ဝေ့ဟယ်ကို ပြောခဲ့သော ဖြေရှင်းနိုင်သည့် နည်းလမ်းနှစ်ခုမှာ ချီယုံ့ကို သတ်ရန်နှင့် ချီယုံ့စိတ်ဝိညာဉ်ကို တခြားသူများ၏ စိတ်ဝိညာဉ်တို့ကို သန်မာလာစေနိုင်သော ယွမ်ထျန်းကျူးအဖြစ် မွမ်းမံပစ်ပြီး ရွှမ်ရွှီလောကကြီး၏ ပျက်စီးလာမည့် အခြေအနေကို ဖြေရှင်းပစ်ရန် ဖြစ်သည်။
ကျန်းလော့က မေးခွန်းထုတ်ခဲ့သည်။
“ယွမ်ထျန်းကျူးလေးလုံးနဲ့ ပျက်စီးနေတဲ့ ကမ္ဘာကြီးကို ကယ်တင်မယ်ပေါ့ အဲဒါကို ခင်ဗျားရဲ့မျိုးနွယ်က လူလေးယောက်စားလိုက်ရင်တောင် အများဆုံး အဲ့ဒီလူလေးယောက်ကိုပဲ သန်မာလာအောင် လုပ်ပေးနိုင်လိမ့်မယ်”
ထိုသံသယသည် သူ့စိတ်ထဲတွင် အချိန်အကြာကြီး ကိန်းအောင်းနေခဲ့သော အရာဖြစ်ပြီး ချီယွမ်က ယွမ်ထျန်းကျူးကို သူ့မိသားစုအတွက် သိမ်းမထားဘဲ တခြားသော အရည်အချင်းရှိပြီး ပါရမီပါသူများအတွက် သုံးမည်ဆိုထဲက တစ်ခုခုမှားနေသလို ခံစားမိခဲ့ခြင်း ဖြစ်သည်။
ဝေ့ဟယ်၏ မျက်လုံးများသည် တလက်လက်တောက်ပနေပြီး သူ့စကားများကြောင့် လွှမ်းမိုး ခံလိုက်ရသလိုပင်။ ကျန်းလော့သည် သူထိုသို့ ဖြစ်သွားသည်ကို မြင်သည်နှင့် တစ်ခုခု မှားနေကြောင်း သိသွားခဲ့ပြီး အေးစက်စွာ ပြောသည်။
“ဘာလို့လဲဆိုတော့ ယွမ့်ထျန်းကျူးက ချီယုံရဲ့ တစ္ဆေဆေးမှင်ကြောင်လိုပဲ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် သယ်သွားနိုင်တာမို့ပဲ”
“...........”
တာအိုဆရာတော် ဝေ့ဟယ်သည် ဘာမှ ပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားတော့သည်။
ကျန်းလော့သည် ခန့်မှန်းလေ ပို၍ မြင်လာလေ ဖြစ်ကာ
“ချီယုံက ချီမိသားစုရဲ့ နောက်ဆုံးမျိုးဆက်မို့လို့ တစ္ဆေဆေးမှင်ကြောင်က ဆက်ပြီး တည်ရှိတော့မှာ မဟုတ်တော့လို့လေ ဒီတော့ တစ္ဆေဆေးမှင်ကြောင်နဲ့ ပေါင်းစည်းနေတဲ့ ချီယုံရဲ့ စိတ်ဝိညာဉ်ကို မင်းတို့က ယွမ်ထျန်းကျူးအဖြစ် သန့်စင်လိုက်ပြီး ရွှမ်ရွှီလောကထဲက လူလေးယောက်ကို ရွေးချယ်ပြီး ပေးလိုက်မယ် အဲဒီလူလေးယောက်ကလည်း ချီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်လိုမျိုး ဖြစ်လာမှာ ဒါပေမဲ့ သူတို့ကတော့ ချီမိသားစု တိုက်ရိုက်မျိုးဆက်တွေလိုမျိုး အိမ်တော်ခွဲတွေကို အန္တာရာယ်ပေးခွင့်မရှိဘူးဆိုတဲ့ ကျိန်စာကတော့ ပါလာမှာ မဟုတ်ဘူး အဲ့ဒီမိသားစုတွေက ချီမိသားစုကလိုမျိုး ပြိုင်ဘက်ကင်းစိတ်ဝိညာဉ်အဖြစ် မွေးဖွားလာကြမှာ တစ္ဆေဆေးမှင်ကြောင်ရဲ့ အစွမ်းနဲ့လေ အဲဒါက ခင်ဗျားတို့ပြောနေတဲ့ ရွှမ်ရွှီလောကကြီးကို ကယ်တင်ပြီး အသစ်ပြန်တည်ဆောက်မဲ့ ဖြေရှင်းနည်းလား ဘာလဲ ယွမ်ထျန်းကျူးကို လေးခုခွဲထားလို့ ဒီလိုမျိုး ချီမိသားစုက ချီယုံ့လို ဘယ်သူမှ စွမ်းအားကြီးမလာတော့ဘူးလို့ တွေးမိလို့လား”
ကျန်းလော့သည် ထိုအချက်ကို ခန့်မှန်းမိတုန်းက သူ့ကိုယ်သူ အများကြီး တွေးမိနေပြီဟု ထင်ထားခဲ့သည်။ သို့သော် သူပြောသည်များကို နားထောင်နေသည့် တာအိုဆရာတော် ဝေ့ဟယ်၏ မျက်နှာထားကို မြင်သောအခါ သူထင်တာ မှန်နေကြောင်း သိလိုက်ရသည်။
ကျန်းလော့ “.......................”
ကျန်းလော့က ပြောသည်။
“ခင်ဗျားတို့က တကယ့်ကို နှလုံးသားမည်းနက်နေတဲ့ လူတွေပါလား”
အကယ်၍ ကျန်းလော့သာ ယွမ်ထျန်းကျူး စားမိမည် ဆိုပါလျှင် သူ၏ မျိုးဆက်များသည် ချီမိသားစုကဲ့သို့ ဖြစ်လာမည်ဖြစ်သော်လည်း ချီမိသားစုထက်တော့ အနည်းငယ် ပိုကောင်းနိုင်သည်မှာ သူတို့လို အိမ်တော်ခွဲများကို မထိခိုက်စေရဟူသော ကျိန်စာ ပါလာတာပဲ ရှိမည်လား။ ကျန်းလော့သည် အကျယ်ကြီး အော်ရယ်ပစ်လိုက်ချင်သည်။
“တာအိုဆရာတော် ဝေ့ဟယ် ဒီလိုမျိုး အဝေးကြီးက ကိစ္စတွေအထိ ထောင့်စေ့အောင် တွေးနိုင်မြင်နိုင်တဲ့ ကံကြမ္မာယုံသူကို ခင်ဗျား လူကောင်းလို့ ထင်နေသေးတာလား ဖြစ်မလာသေးတဲ့ အနာဂတ်အတွက် အပြစ်မဲ့တဲ့ သူတွေကို စတေးပစ်နေတဲ့ လုပ်ရပ်က လုပ်သင့်တဲ့ ကောင်းတဲ့ လုပ်ရပ်လား”
ခေါင်းမာနေဆဲဖြစ်သော တာအိုဆရာတော် ဝေ့ဟယ်သည်..
“ဒီနေ့ မိုးသည်းတယ်နော်”
“ပြီးတော့ ကံကြမ္မာယုံသူက ခင်ဗျားကို ဟောကိန်းကို လိမ်ညာပြီး ပြောခဲ့တာဆိုရင်ရော”
ကျန်းလော့ အေးစက်စွာ ပြောခဲ့သည်။
“ခင်ဗျားတို့ ချီယုံ့ကို လုပ်ခဲ့တဲ့ လုပ်ရပ်က ရွှမ်ရွှီလောက ကပ်ဘေးရဲ့ တကယ့် တရားခံ အစစ်အမှန် ဖြစ်နေရင်ရော ဘယ်လိုလုပ်မလဲ”
တာအိုဆရာတော် ဝေ့ဟယ်သည် ကျန်းလော့စကားများကြောင့် ဒုက္ခများနေသည်။
“ငါ မင်းကို ပြောပြီးပြီလေ ကံကြမ္မာယုံသူက လိမ်လို့ မရဘူးလို့”
“သူက ခင်ဗျားကို ဖြစ်တည်မှုတိုင်းက အထူတူပဲလို့ ပြောမယ် ကမ္ဘာပေါ်က သက်ရှိသက်မဲ့ အားလုံးက သူ့မျက်စိထဲမှာ ဘာမှ ထူးခြားနေတာမျိုး မရှိဘဲ အားလုံးတန်းတူပဲလို့ ပြောတယ်”
ကျန်းလော့က ပြောသည်။
“ဒါပေမဲ့ သူက ခင်ဗျား.. ခင်ဗျား မိသားစုကို စတေးပစ်တာကို ကြည့်နေခဲ့တယ် ချီယုံက လူတွေအများကြီးကို ထိန်းချုပ် သတ်ဖြတ်နေတာကိုလည်း ဝင်မစွက်ဖက်ခဲ့ဘူး သူကတကယ်ပဲ ချီယုံ့ကို မသတ်နိုင်တာ ဟုတ်ရဲ့လား မဟုတ်ရင် ချီယုံ့ကို မသတ်ချင်တာလား”
“သူက ခင်ဗျားကို သူ့လမ်းမှာ ရပ်ပေးဖို့ပြောတယ် ပြီးတော့ သူ့အတွက် သူများတွေကို ဒုက္ခပေးရမဲ့ လုပ်ရပ်တွေကို လုပ်ခိုင်းတယ် ဒါပေမဲ့ သူကတော့ ခင်ဗျားနောက်မှာ ခြောက်သွေ့အက်ကွဲတဲ့ထိ ပုန်းနေတယ် ကျွန်တော်ကတော့ သူ ချီယုံ့ကို မသတ်နိုင်လို့လို့ ထင်တယ် နတ်ဘုရားဖြစ်မဲ့ လမ်းကြောင်းကို ပျက်စီးသွားမှာမို့လို့ ဒီလောက်ကြီးတဲ့ တန်ဖိုးကို မစတေးနိုင်လို့ ချီယုံ့ကို သူကိုယ်တိုင် မသတ်ချင်တာလို့ ထင်တယ်”
“သူ့မှာ တကိုယ်ကောင်းဆန်တဲ့ နှလုံးသားရှိနေတယ် ဒီလို အတ္တကြီးတဲ့ ကံကြမ္မာယုံသူက နတ်ဘုရားတစ်ပါး ဖြစ်လာပါ့မလား သူပြောသမျှ စကားတိုင်းက မှန်ကန်နိုင်ပါ့မလား သူထုတ်ခဲ့တဲ့ ဟောကိန်းက ချီယုံက သူ့ကို သတ်မယ်ဆိုတာလား ချီယုံက ရွှမ်ရွှီလောကကြီးကို ဖျက်ဆီးပစ်မယ်ဆိုတာလား ”
မေးခွန်းများသည် မိုးခြိမ်းသံတစ်ခုလိုပင် တာအိုဆရာတော် ဝေ့ဟယ်သည် လုံးဝကြီး အာရုံလွဲသွားတော့သည်။
ကျန်းလော့သည် စပြီးမှတော့ အဆုံးထိ သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအချက်တို့က ကံကြမ္မာယုံသူ၏ တစ်ကိုယ်ကောင်းဆန် အတ္တကြီးမှုတို့ကို သက်သေပြနိုင်လျှင် သဘောရိုးသာ ရှိသော လူကောင်းတစ်ယောက်အနေဖြင့် သူတို့အပေါ် အလွန်ကောင်းသည်ဟု သတ်မှတ်ထားသောသူက မကောင်းသော ရည်ရွယ်ချက်များထားနေသည်ကို ရှာတွေ့သွားလျှင် ရုတ်တရက် စကားတစ်ခွန်းမှ မပြောနိုင်အောင် ဆွံ့အသွားမည်မှာ ပုံမှန်သာ ဖြစ်သည်။
ကံကြမ္မာယုံသူ ပြောခဲ့သော စကားများနှင့် လုပ်ရပ်များသည် သေချာတွေးကြည့်မိပြီးနောက် တာအိုဆရာတော် ဝေ့ဟယ်၏ အမြင်တို့သည် လုံးဝပြောင်းလဲသွားတော့သည်၊
တာအိုဆရာတော် ဝေ့ဟယ်သည် ရုတ်ချည်း နောက်လှည့်သွားပြီး အခန်းအပြင်သို့ ထွက်သွားကာ
“အဲဒါ ကျုပ်ကိစ္စပါ မင်းဝင်ပါစရာမလိုဘူး ဒီတာအိုဆရာတော်က အရင်ထွက်သွားပါရစေ”
ကျန်းလော့သည် ဆရာတော်ဝေ့ဟယ်၏ အလျင်စလို ထွက်သွားသော နောက်ကျောကို ကြည့်၍ ကျန်းလော့ ပြုံးလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် မကောင်းဆိုးဝါးသည် အေးဆေးစွာ အခန်းထဲသို့ ပြန်ဝင်လာပြီး နည်းလမ်းတကျ ကျန်းလော့ကို ချီ၍ ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်သည်။
ရေချိုးခန်းထဲတွင် အသစ်စက်စက် ရေချိုးဇလား တစ်ခု ရှိနေပြီး ရေများ အပြည့်ဖြည့်ထားလေသည်။ ထိုရေချိုးကန်ထဲသို့ ကြွက်သားများ နာကျင်နေရုံသာ ဖြစ်သော ကျန်းလော့ကို ချီယုံသည် ခြေလက်များကျိုးနေသည်ဟု သဘောထားနေလား မသိသော ချီယုံက ကိုယ်တိုင်ချီ၍ ဂရုတစိုက်
ထည့်ပေးလိုက်လေသည်။
အပိုင်း (၁၈၈(၂)))
ကိုယ့်ချစ်သူဖြစ်ပေးပါ (၂)
ကျန်းလော့သည် ရေချိုးကန်၏အစွန်းတွင် တင်ထားပြီး ချီယုံအဝတ်ချွတ်ပေးခြင်းကို ခွင့်ပြုပေးထားလိုက်သည်။ စိုသွားသော ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်တို့သည် ရေချိုးကန်ဘေးကြမ်းပြင်ပေါ်သို့ ရောက်သွားပြီဖြစ်သည်။
ကျန်းလော့သည် မကောင်းဆိုးဝါး၏ အကြည့်တို့ကြောင့် အလွန်ရှက်ရွံ့နေသော်လည်း စားနေကြ ပလေးဘွိုင်းကြီးလို ခပ်တည်တည်နှင့် ငြိမ်နေလိုက်သည်။
“လှလို့ ကြည့်နေတာလား”
မကောင်းဆိုးဝါးသည် ရယ်မောလိုက်ပြီး ကျန်းလော့ခြေထောက်ကို မလိုက်သည်၊ ထို့နောက် ကျန်းလော့၏ အတွင်းခံကို ဒူးခေါင်းနားမှ ဆွဲချွတ်ပေးလိုက်သည်။
“ကြိုက်လို့”
ကျန်းလော့သည် မကောင်းဆိုးဝါး၏ လှုပ်ရှားမှုများကြောင့် အလွန်ရင်ခုန်နေပါသော်လည်း စိတ်ထိန်းကာ လက်နှစ်ဖက်က ရေချိုးကန်ဘောင်ကို တင်းကျပ်စွာ ကိုင်ထားခဲ့သည်။
“ဟမ့် ဒါတွေက မင်း အလကားကြည့်လို့ရတာတွေ မဟုတ်ဘူး မင်းကြည့်ချင်ရင် အဖိုးအခပေးရမှာ”
မကောင်းဆိုးဝါးသည် ကျန်းလော့ခြေထောက်ကို ရေချိုးကန်ထဲ ငြင်သာစွာ ချပေးလိုက်ပြီး သူ့အင်္ကျီအိတ်ထဲမှ အနီရောင် စာရွက်နှစ်ရွက်ကို ထုတ်လိုက်သည်။
“ဒီလောက်ဆို လောက်သလား”
ကျန်းလော့သည် ထိုရင်းနှီးနေသော ပိုက်ဆံအနီရောင် နှစ်ရွက်ကို ကြည့်ကာ
“..... အဟမ်း အဆင်ပြေပါတယ် ဒီလောက်ဆိုလည်း ”
မကောင်းဆိုးဝါးသည် ယွမ်နှစ်ရာကို လိပ်လိုက်ပြီး ကျန်းလော့ ခေါင်းနားလေးမှ သွားတိုက်တံခွက်ထဲသို့ ထည့်ပေးလိုက်သည်။ ကျန်းလော့နှင့် ချီယုံတို့သည် အကြိမ်ပေါင်းများစွာ ပွင့်လင်းရိုးသားစွာ တွေ့ကြုံပြီးကြပြီဖြစ်ပြီး အကယ်၍ နှစ်ယောက်လုံးသာ တုံးလုံးဖြစ်နေပါလျှင် ကျန်းလော့သည် ယခုလောက် အများကြီးတွေးမိနေမှာ မဟုတ်ပေ။ သို့သော် ယခုတွင် သူကသာ တုံးလုံးကြီး ရေချိုးကန်ထဲတွင် ရေချိုးပေးခံနေရပြီး ချီယုံကတော့ ဝတ်စုံအပြည့်ကို အလွှာအထပ်ထပ် ဝတ်ဆင်ထားခြင်းသည် ကျန်းလော့ကို ခံစားရ မသက်မသာ ဖြစ်လာစေသည်။
ထို့ကြောင့် ချီယုံသူ့ကို ရေချိုးပေးနေချိန်တွင် သူသည် ချီယုံ့ကုတ်အင်္ကျီ တမင်တကာ ရေစိုသွားအောင် လုပ်လိုက်သည်။ မကောင်းဆိုးဝါးသည် အကြောင်းပြချက်တချို့ကြောင့် စိတ်ကောင်းဝင်နေပုံရကာ စိတ်ရှည်စွာဖြင့် ကုတ်အင်္ကျီကို ချွတ်ပစ်လိုက်သည်။
လုံးဝကြီး အာရုံဖမ်းစားနိုင်သော ကွက်တိကျနေသော ရှပ်အင်္ကျီနှင့် လက်ပြတ်ကုတ်အင်္ကျီတို့ကို ဖော်ပြသလို ဖြစ်သွားသည်။ မကောင်းဆိုးဝါး လူယုတ်မာကောင်သည် မည်သူ့ကို ဆွဲဆောင်ချင်နေသည်မသိ သူ့အင်္ကျီမှ လက်ကြယ်သီးများဖြုတ်ကာ တံတောင်ဆစ်ထိ လိပ်တင်လိုက်သည်။
သူသည် ကျန်းလော့ကိုယ်ပေါ်မှ သွေးများနှင့် ဖုန်မှုန့်များကို ပြောင်စင်အောင် ဆေးကြောပေးနေသည်မှာ သူ၏ တန်ဖိုးထားရသော အကန့်အသတ်ထုတ် တန်ဖိုးကြီးပစ္စည်းများ စုဆောင်းထားသည့်ထဲမှ အကြိုက်ဆုံး အလှဆုံးသော ပစ္စည်းလေးကို သန့်ရှင်းပေးနေပုံဖြင့် လှုပ်ရှားမှုတိုင်းသည် နူးညံ့နေသည်။
သို့သော် သူဆေးကြောပေးနေချိန်တွင် ကျန်းလော့ကို ရေချိုးကန်ထဲမှ ဆွဲဆွဲဆေးပေးနေရသောကြောင့် မကောင်းဆိုးဝါး၏ အဖြူရောင်ရှပ်အင်္ကျီရင်ဘတ် တစ်ခုလုံး ရွှဲရွှဲစိုနေတော့သည်။ ကျန်းလော့ကို ဆွဲ၍ နောက်ကျောကို ဆေးကြောပေးနေချိန်တွင် နောက်ကျောကို သူ့ရင်ဘတ်နှင့် ကပ်လိုက်သလို ဖြစ်သွားကာ သူ့အင်္ကျီတစ်ထည်လုံး ရစရာမရှိအောင် စိုသွားတော့သည်။
ကျန်းလော့၏ တစ်ကိုယ်လုံးသည် မကောင်းဆိုးဝါး၏ လက်မောင်းထဲရောက်နေပြီး မသိလျှင် မကောင်းဆိုးဝါး၏ ရင်ခွင်ထဲ ဝင်ထိုင်နေသလိုပင်။ သူ၏ ဆံပင်နက်နက်များသည် စိုရွှဲနေပြီး အချောင်းလိုက်အချောင်းလိုက် ဖြစ်နေသည်မှာ မြွေသေးသေးလေးများနှင့်ပင် တူသေးသည်။
လူသားခန္ဓာကိုယ်သည် ရှည်လျားပြီး စွမ်းအားကြီးကာ လှပသော ကြွက်သားလိုင်းပြေပြေများနှင့် အရည်ရွှမ်းသည့် သစ်သီးတစ်လုံးလိုပင်။ ကျန်းလော့၏ ခါးသည် သန်မာပြီး ပျော့ပြောင်းနူးညံ့နေကာ မသိလျှင် အာသာရမ္မက်တို့ကို မထိန်းချုပ်နိုင်စေသော အန္တာရာယ်များသော မြေခွေးပေါက်လေးလို ဖြစ်နေသည်။ သို့မဟုတ် ရှေးခေတ်မှ အီဂျစ်ဘုရင် ဖာရို၏ ပျော့ပြောင်းသော ကိုယ်လုပ်တော်များကဲ့သို့ လှပပြီး မြင်ရုံနှင့် ဆန္ဒပြင်းပြလာစေသည်။
မကောင်းဆိုးဝါးသည် ကျန်းလော့ကို နောက်မှ သိုင်းဖက်ထားပြီး ကျန်းလော့ဂုတ်ပိုးပေါ်သို့ အနမ်းတစ်ပွင့်ခြွေလိုက်သည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ကြောင့် ထိန်းချုပ်ရခက်ခဲနေသော ကြောက်စရာကောင်းသော တစ္ဆေသွေးကြောများ ပေါ်လာနေသည်။
ကျန်းလော့၏ မျက်နှာသည် အပူချိန်ကြောင့် အနည်းငယ်နီရဲနေပြီး သူ့နှုတ်ခမ်းတို့သည် စိုစွတ်နေသည်။ အမောတကောအသံတို့က အဆင်မပြေဖြစ်နေ၍လား အဆင်ပြေလွန်းနေလို့ ထွက်လာတဲ့ အသံလား သေချာမပြောနိုင်ပေ။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပေသည်။
မကောင်းဆိုးဝါး၏ လက်များသည် ကျန်းလော့ခါးပေါ်မှ မှဲ့သုံးလုံးပေါ်သို့ ပြေးလွှားပွတ်တိုက်နေသည်။ ဤမှဲ့သုံးလုံးသည် သူကသာ ကောင်လေး၏ ပိုင်ရှင်ဖြစ်သည်ဟူသော အမှန်တရားကို ပြီးပြည့်စုံစေသည့် လှပမှုလေးဖြစ်ပြီး ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာအထိ တွယ်နေတော့မည့် တစ္ဆေဆေးမှင်ကြောင်လည်း ဖြစ်သည်။
ကျန်းလော့ကိုယ်ပေါ်တွင် ထိုမှဲ့သုံးလုံးကို မြင်လိုက်တိုင်း ရှင်းပြမရသော ခံစားချက်တို့သည် မကောင်းဆိုးဝါး၏ ဝိညာဉ်အတွင်းပိုင်းထဲတွင် မြင့်တက်လာတတ်သည်။
ကျန်းလော့အပေါ်ထားရှိသော ချစ်ခြင်းတရား ကရုဏာသက်မှုနှင့် နူးညံ့မှုတို့သည် ထိုမှဲ့သုံးလုံးကို မြင်လိုက်တိုင်း ပြင်းပြစွာ မက်မောသော ဆန္ဒတို့မြင့်တက်လာပြီး အချိန်တိုင်း ကောင်လေးကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပစ်ချင်လာစေသည်။
သူလုပ်ချင်တာအားလုံးသည် ကျန်းလော့ကို ဆွဲဖိ၍ ကြမ်းတမ်းပစ်လိုက်ချင်သည် ကောင်လေး၏ အိပ်ရာပေါ်မှ သူ့အောက်တွင် ငိုယိုပြီး အော်ညည်းကာ ကျလာမည့် မျက်ရည်များကို မြင်ချင်လာသည်။
သို့သော် ယခုတွင် မကောင်းဆိုးဝါးသည် သူ့ဆန္ဒအလိုကို ကျန်းလော့ မလိုက်လျောနိုင်သေးမှန်း သိသည်။ ထို့ကြောင့် မကောင်းဆိုးဝါးသည် ဆန္ဒများကို ဖိနှိပ်ထားပြီး အနည်းငယ်သာ စိတ်ဝင်စားအောင် စိတ်အာရုံကို သေချာထိန်းချုပ်ထားသည်။
သတိမထားမိလိုက်စွာ မကောင်းဆိုးဝါး၏ နှုတ်ခမ်းတို့သည် အတွေးတို့နှင့် ဆန့်ကျင်စွာ ကျန်းလော့၏ ကျောရိုးတလျှောက်ကို ဖိဆွဲသွားမိနေပြီး တင်ပါးနားထိ နမ်းနေမိသည်။ ကျန်းလော့သည် တုန်ယင်နေပြီး သူ့စိတ်တို့သည် ရုတ်တရက် ရှင်းလင်းသွားသည်။
မကောင်းဆိုးဝါး၏ မသိသာသော မျက်ဝန်းတို့ထဲမှ နီဆွေးဆွေး အရိပ်အယောင်တို့သည် စူးရှလာပြီး သူ့ကို အကောင်လိုက် မျိုချချင်နေသည့် နတ်ဆိုးတစ်ကောင်လို ဆာလောင်နေသည်။
သူသည် ကျန်းလော့ကို မျက်လုံးများ မှေးကျဉ်း၍ ကြည့်လိုက်သော်လည်း ကျန်းလော့ကို ဆွဲပွေ့ပြီး ရှေ့ဆက်မည့်အစား ပြန်သတိရသွားသော အမူအယာသို့ ပြောင်းသွားပြီး။
“မင်းကိုယ့်ကို ယင်ယန်လက်ကောက်နဲ့ ဆင့်ခေါ်ပြီး ကိုယ်တို့ အပြန်အလှန် သဘောထားအရ မင်းကိုယ့်ကို အကြွေးတင်နေတဲ့ ကတိတစ်ခု ရှိသေးတယ်နော်”
ကျန်းလော့သည် သက်ပြင်းနက်နက် ရှိုက်လိုက်ပြီး အနည်းငယ်သော စိုးရိမ်မှုတို့ကို ထိန်းချုပ်၍
“မင်း ဘာလိုချင်လဲ”
မကောင်းဆိုးဝါးက ပြောသည်။
“ကိုယ့်ချစ်သူ ဖြစ်ပေးပါ”
ကျန်းလော့၏ နှလုံးသားသည် ထိန်းချုပ်မရအောင် ခုန်သွားတော့သည်။ မကောင်းဆိုးဝါး စကားမပြောခင်တွင် ကျန်းလော့သည် ထိုစကားနှင့် ဆင်တူသည် တောင်းဆိုမှုမျိုးကို ခန့်မှန်းထားသော်လည်း ချီယုံ့မှ တကယ်ကြီး တောင်းဆိုလာသောအခါ အနည်းငယ် ကြောင်တက်တက် ဖြစ်သွားတော့သည်။
‘ငါသဘောမတူချင်ပါဘူးနော်’
ကျန်းလာ့သည် စိတ်ထဲတွင် ပြောနေသည်။
‘ငါက ဒါကို တောင်းဆိုချက်ကြောင့် လုပ်ပေးမှာ တစ္ဆေကို ဆင့်ခေါ်ရမဲ့ ယင်ယန်လက်ကောက်ရဲ့ လှုပ်ရှားမှု လေးခုကြောင့် ငါသာ ငြင်းလိုက်ရင် ငါ့ကို တန်ပြန်သက်ရောက်တာတွေ ရှိလာမှာ၊ ငါက ဖိအားပေးနေလို့သာ ဒီလိုလုပ်ရမှာ မဟုတ်ရင် သေချာပေါက် သူနဲ့ ချစ်သူဖြစ်ဖို့ သဘောတူမှာ မဟုတ်ဘူး’
သူသည် လည်ချောင်းရှင်းလိုက်ပြီး။
“...... အဟမ်း ကောင်းပြီး ငါသဘောတူ တူတယ်”
‘ဒီတိုင်း ချစ်သူလေးပဲ မလား’
ကျန်းလော့သည် သူ့နှုတ်ခမ်းများ ထိန်းမရအောင် အပေါ်ထိ ကွေးလာခြင်းကို မနည်း ထိန်းချုပ်နေရသည်။
သူတို့နှစ်ယောက် ချစ်သူများ ဖြစ်သွားလျှင်တောင် နှစ်ယောက်စလုံးသည် ရှားစောင်းစေးနှင့် မျက်ချေးတို့ ဖြစ်နေကြဆဲ ဖြစ်သည်ကိုတော့ ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။
ယခုအချိန်တွင် ချစ်သူများ ဖြစ်နေကြလျှင်တောင် အနာဂတ်တွင် ဆက်လက်ပြီး ချစ်သူဖြစ်နေကြမည်ဟု မဆိုလိုပေ။ ချီယုံသည် ကျန်းလော့ကို ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်လာပြီး သူ့ရင်ဘတ်ထဲတွင် ရေနွေးအိုးဆူနေသလို တပွက်ပွက် ဖြစ်နေသည်။ သူ့မျက်လုံးမျာသည် ပူပြင်းတောက်လောင်နေပြီး ကျန်းလော့သည် ထိုပူပြင်းသော အကြည့်များကြောင့် သူ့ကိုယ်သူ အရည်ပျော်သွားတော့မည်ဟု ခံစားမိလာသည်။
သူ့မျက်လုံးများသာ တကယ့်မီးတောက်များဆိုလျှင် ကျန်းလော့သည်လည်း တကယ်ကြီး အရည်ပျော် နေလောက်ပေပြီ။
ကျန်းလော့သည် ချီယုံမှ သူ့ခြေထောက်ကို ရုတ်တရက် ဆွဲယူလိုက်ပြီး ကျန်းလော့ကို သူ့ကိုယ်ကြီးနှင့် ဖိလာသောအခါ တစ်ကိုယ်လုံး ပူတက်လာတော့သည်။
“ကိုယ့်အချစ်လေး”
မကောင်းဆိုးဝါး၏ ဝေဝါးစွာ တုန်လှုပ်မှုတချို့ ဖြင့် အက်ကွဲနေပြီး
“ကိုယ်တို့ အနမ်းဖလှယ်သင့်တယ် မထင်ဘူးလား”
‘အနမ်း’
‘အိုး အခုက အနမ်းဖလှယ်ရမဲ့ အချိန်ပေါ့ ဪ..’
ကျန်းလာ့သည် တစ်စက်ကလေးမှ လှုပ်ရှားမှုမရှိဘဲ မကောင်းဆိုးဝါး စလာမှာကို စောင့်နေလေသည်။ မကောင်းဆိုးဝါး ခေါင်းငုံ့လာသည်နှင့် ကျန်းလာ့သည် စိတ်အားထက်သန်စွာ မကောင်းဆိုးဝါး၏ လည်ပင်းကို လက်နှင့် လှမ်းဖက်လိုက်ပြီး ပူလောင်ပြင်းပြသော အနမ်းတို့ဖြင့် စိတ်ပါလက်ပါ ခစားလိုက်လေသည်။
ကျန်းလော့၏ စိတ်ခံစားချက်တို့သည် ထင်မှတ်မထားစွာ မြင့်တက်လာပြီး မကောင်းဆိုးဝါးကို ဖက်ထားသော လက်များ တင်းကျပ်လာလေသည်။
မကောင်းဆိုးဝါးသည်လည်း ကျန်းလော့၏ နောက်ကျောကို မထိန်းချုပ်နိုင်စွာ ပွတ်သပ်နေပြီး ချီယုံ့လက်ဖဝါးများသည် စိတ်မရှည်စွာ ကျန်းလာ့တစ်ကိုယ်လုံးကို ပွေ့ဖက်ထားချင်သည့်နှယ် မီးထွက်မတတ် ပူလောင်နေသည်။
ဒါ အရမ်းမိုက်တယ် လုံးဝကို ကြိုက်တယ်။
အခန်းထဲမှ လေထုသည် ပူပြင်းတောက်လောင်ပြီး စိုစွတ်ခြင်းတို့ ရောထွေးနေသည်။ ကျန်းလော့သည် တောက်လောင်သော ပူပြင်းသည့် အနမ်းကြောင့် နောက်ဆုံးလက်ကျန် အသိစိတ်ကို ရုန်းကန် ထိန်းသိမ်းနေရသည်။ သို့သော် တကယ်တမ်း စဉ်စားမိနေသည်မှာ ချီယုံ မရပ်အောင် မည်သို့ လုပ်ရမည်ကို တုံ့ဆိုင်းတုံ့ဆိုင်း တွေးမိနေခြင်း ဖြစ်သည်။
သို့သော် ထိုတွေဝေနေခြင်းကို ကျန်းလော့သည် စိတ်ထဲမှ ချက်ချင်းထုတ်ပစ်လိုက်သည်။
‘ဘာဖြစ်လဲကွာ ငါတို့က အခု ချစ်သူတွေလေ ဆက်လုပ်တော့ရော ဘယ်သူ့ဂရုစိုက်ရမှာလဲ’
‘ငါတို့ လမ်းမခွဲမချင်း ဒီလိုဖြစ်တာက သာမန်ပါပဲ ဘာမှစိုးရိမ်နေစရာမလိုဘူး ဆက်လုပ်’
ကျန်းလာ့၏ နောက်ဆုံးလက်ကျန် အသိစိတ်လေးသည် ညစ်ညမ်းသော အတွေးများကြားတွင် ပြိုကွဲသွားလေတော့သည်။ သူ့လက်များသည် ချီယုံ့အင်္ကျီများထဲ တိုး၍ ဝင်သွားသည်။
မကောင်းဆိုးဝါးသည် အဝတ်အစားများကို ဖစ်တင်ဖြစ်မှ ဝတ်တတ်သူဖြစ်သောကြောင့် အဝတ်များသည် သူ့ကိုယ်နှင့် ကွက်တိကျနေပြီး ကုတ်လက်တိုနှင့် ရှပ်အင်္ကျီတို့သည် ကွက်တိကျနေပြီး ရေစိုနေသောအခါ ပို၍ပင် ခန္ဓာကိုယ်နှင့်ကပ်နေတော့သည်။ သို့သော် ကြယ်သီးများနှင့် နက်ခ်တိုင်တို့ကတော့ လျော့တိလျော့ရဲနှင့် မသပ်မရပ်ဖြစ်နေကြသည်။
ထိုပုံစံသည် မကောင်းဆိုးဝါးကို အရိုင်းဆန်ဆန် စွဲဆောင်မှု ရှိနေစေသည်။
ကျန်းလော့၏ ရှပ်အင်္ကျီကို အပိုင်းလိုက် အပိုင်းလိုက် ဆွဲချွတ်နေပြီး လက်ဖဝါးများကတော့ ပြီးပြည့်စုံကျစ်လစ်နေသည့် ဝမ်းဗိုက်ကြွက်သားများကို ဖိကပ်ထားသည်။
မကောင်းဆိုးဝါးသည် အလိုလိုက်တတ်သော လူကြီးတစ်ယောက်ကဲ့သို့ ခပ်ဟဟ ရယ်မောလိုက်ပြီး နက်ခ်တိုင်ကို ချွတ်ပေးလိုက်ကာ ကျန်းလော့ရင်ဘတ်ကို ထပ်၍ နမ်းရှိုက်လိုက်ပြန်သည်။
ရေချိုးကန်ထဲမှ ရေများသည် အပြင်သို့ ထပ်ကာထပ်ကာ လျှံထွက်ကုန်ကြသည်။ ရေများသည် ပြင်းပြသော လှုပ်ရှားမှုတို့ကို သည်းမခံနိုင်တော့ပုံပင်။ ကြမ်းပြင်ပေါ်တွင် နက်ခ်တိုင်တို့နှင့် အင်္ကျီတို့သည် ရေများ လျှံကျလာသောကြောင့် စိုကုန်ကြသည်။
စိုထိုင်းမှုတို့သည် အလွန်ပြင်းထန်သောကြောင့် မျက်နှာကျက်တွင် ရေစက်ရေပေါက်များပင် သီးနေပြီး တစက်စက် ကျလာသည်အထိပင်။
ရေချိုးကန်ထဲတွင် လူသားတစ်ယောက်နှင့် မကောင်းဆိုးဝါး ဝိညာဉ်တို့သည် ကမ္ဘာပျက်မိရက်မတိုင်ခင် နောက်ဆုံးရက်ဟု ယူဆကာ ချစ်သူဆိုသော ခေါင်းစဉ်အောက်တွင် အလွန်တရာ ပြင်းပြတောက်လောင်သော စိတ်ဆန္ဒတို့ကို တစ်ယောက်ခန္ဓာကိုယ်တစ်ယောက် ပွတ်သပ်ကိုင်တွယ်ရင်း ပုံဖော်နေကြလေသည်။
အသားချင်းတစ်ကြိမ်ထိလိုက်တိုင်း ခြောက်သွေ့သော မမြင်ရသော မီးတောက်တစ်ခု တောက်လောင်လာသလို သံလိုက်အချင်းချင်း ဆွဲငင်ငနေကြသလို နောက်ထပ် ထိုသို့သော အခြေအနေမျိုး ထပ်မရှိနိုင်တော့သလို ပြင်းပြစွာ လှုပ်ရှားနေကြပြီး ဆိုရိုးတစ်ခုကို နှစ်ယောက်သား သက်သေပြဖို့ ကြိုးစားနေသလိုပင် အားကြိုးမာန်တက် လှုပ်ရှားနေကြသည်။
“မင်းရဲ့ ချောမောမှုတွေက တခြားလူတစ်ယောက်ကို မင်းအတွက် အဆုံးစွန်ထိ ရူးသွပ်သွားစေတယ်”
“သူက မင်းနဲ့အတူ သေသည်အထိ အဖော်ပြုသွားဖို့ ဆန္ဒရှိလာလိမ့်မယ်”
ချီယုံသည် အလွန်ကြောက်စရာကောင်းနေလောက်အောင် စိတ်ကောင်းဝင်နေပြီး သူ့ကိုယ်သူ မချုပ်တည်းနိုင်တော့အောင် ပြုံးရွှင်နေပြီး ဆက်တိုက် ရယ်မောမိနေသည်။
ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ဆိုးသော တစ္ဆေသွေးကြောများသည် ဖြည်းညင်းစွာ ပျောက်ကွယ်လာကြသည်။
ချီယုံသည် ကျန်းလော့ နေမကောင်းဖြစ်နေကြောင်း သိနေပြီး သူသည် အဆုံးထိသွားဖို့ မရည်ရွယ်ထားသော်လည်း ဤသို့သော အခြေအနေမှ ရုန်းထွက်ရန်မှာ သေရမည်ထက်တောင် ခက်ခဲနေသေးသည်။
ကျန်းလော့သည် ကာမတဏှာစိတ်တို့ ပြည့်နှက်နေသော တစ္ဆေတစ်ကောင် မဟုတ်သေး.. လူသားဖြစ်ပြီး သူ့ကို သေချင်စိတ်ပေါက်လာအောင် ပြုစားနေသည့် မိစ္ဆာလေး ဖြစ်သည်။
ချီယုံသည် သူ့ကိုယ်သူ အလွန်ထိန်းချုပ်ဖိနှိပ်ထားသောကြောင့် အာခေါင်များ ခြောက်လာပြီး အက်ကွဲနာကျင်လာသလို ခံစားရကာ သူ့လက်ချောင်းရိုးများသည် တောင့်တင်းနေကာ စိတ်ဆန္ဒတို့ကို အသားကုန် ထိန်းချုပ်ပစ်နေသည်။
ရန်လိုမှုတို့မြင့်တက်လာပြီး သူ့မျက်ဝန်းထောင့်များသည် မပျော်ရွှင်တော့စွာ အောက်ငိုက်စိုက်ကျလာလေသည်။ သို့သော် သူ့အောက်မှ ကျန်းလော့ကတော့ မကောင်းဆိုးဝါးကို ကြင်နာပေးရသည့် အတွက် နောင်တရှိပုံမပေါ်ဘဲ စိတ်လိုလက်ရ တစ်ကိုယ်လုံးပေးနေသည်ဆိုခြင်းက မကောင်းဆိုးဝါးကို စိတ်ဆန္ဒများ ထိန်းချုပ်ဖို့ ပို၍ ခက်ခဲသွားစေသည်။
သို့သော ပြင်းပြတောက်လောင် ချိုမြိန်နေသော လေထုလေးသည် ရုတ်တရက် ကျန်းလော့ထံမှ နာနာကျင်ကျင် ညည်းညူနေသံတို့ ထွက်လာသောအခါ ပျက်စီးသွားတော့သည်။
ကျန်းလော့၏ လက်များသည် မကောင်းဆိုးဝါးကို ဖက်တွယ်ထားရာမှ ပြေကျသွားပြီး တစ်ကိုယ်လုံး ရေချိုးကန်ထဲမှ ရေထဲသို့ နစ်မြုပ်သွားတော့သည်။ မကောင်းဆိုးဝါးသည် ကျန်းလော့ကို ရေထဲ မနစ်သွားစေရန် ပွေ့ထားလိုက်ပြီး တင်းကျပ်စွာ ဖက်ထားလိုက်သော်လည်း ကျန်းလော့သည် ဆက်တိုက်ဆိုသလို သွေးများ အန်ထွက်လာခဲ့သည်။
မကောင်းဆိုးဝါးသည် ကျန်းလော့ နှုတ်ခမ်းပေါ်မှ သွေးများကို ထပ်ခါထပ်ခါ သုတ်ပေးနေပြီး ကျန်းလော့သည် နာကျင်မှုကို ပထမနှစ်ခေါက်တုန်းကထက်စာလျှင် ခံနိုင်ရည်ရှိလာသည်ဟု ထင်မိသည်။
သူသည် ဇွတ်အတင်း အသိစိတ်မျှင်တချို့ ဆွဲထုတ်ကာ သတိလစ်မသွားစေရန် တောင့်ခံထားပြီး တုန်ယင်နေသည်။
“ပြော တစ် ခု ခု ပြော ပေး......”
သူ့ကို အာရုံပြောင်းစေရန် တစ်ခုခု ပြောပေးစေချင်ပါသည်။
“....................”
မကောင်းဆိုးဝါးသည် နင့်နဲသော အသံဖြင့် ပြောသည်။
“ မင်းရဲ့သွေးတွေက ပူနေတယ်”
‘အရမ်းကြီး ပူနေတယ်’
ကျန်းလော့သည် မကောင်းဆိုးဝါး၏ ပွေ့ဖက်မှုကို ခံယူနေသော သူ့ကိုယ်သူ အတင်းငုံ့ကြည့်လိုက်ပြီး သူတို့နှစ်ယောက်၏ ထိတွေ့မှုကြောင့် သူ့ခန္ဓာကိုယ်က တကယ်ပဲ ပူနွေးနေကြောင်း သိလိုက်ရသည်။
‘ငါ့သွေးတွေက အရမ်းကြီး ပူသွားတော့တာလား’
ကျန်းလော့သည်လည်း မူးမိုက်လာသည်။ သူသည် လူသားတစ်ယောက်ဖြစ်ပြီး ချီယုံကတော့ တစ္ဆေတစ်ကောင် ဖြစ်သည်။ ချီယုံသည် အလွန်အေးပြီး သူကတော့ သေချာပေါက် ပူနွေးခြင်းကို ခံစားရနိုင်သည်။
နာကျင်မှုသည် တစ်မိနစ်တိတိ ကြာမြင့်ခဲ့ပြီး ကျန်းလော့အတွက်တော့ တစ်နာရီလောက် ကြာသွားသလို ခံစားရသည်။ နာကျင်မှုရပ်သွားသောအခါ သူ့လက်မောင်းများသည် တွန့်လိမ်နေပြီး ရေချိုး သန့်စင်ထားသော တစ်ကိုယ်လုံးသည် ချွေးအေးများ အလွှာလိုက် ရွှဲနစ်နေလေတော့သည်။
မကောင်းဆိုးဝါးသည် သူ့ကို ရေချိုးကန်ထဲမှ ပွေ့ထုတ်လိုက်ပြီး အမူအယာကင်းမဲ့စွာဖြင့် ရေကန်ထဲကို ရေသန့်များ ပြန်ဖြည့်လိုက်သည်။ ထို့နောက် ကျန်းလော့ကို လျင်မြန်စွာ ဆေးကြောပေးလိုက်ပြီး သဘက်တစ်ထည်ယူ၍ ခြောက်နေအောင် တစ်ကိုယ်လုံး တစ်နေရာမကျန် သေချာသုတ်ပေးလိုက်သည်။
ကျန်းလော့သည် မျက်လုံးမှိတ်လိုက်ပြီး သူ့မျက်နှာကို သုတ်ပေးမည်ကို ခွင့်ပြုပေးလိုက်သည်။ ကျန်းလော့သည် မကောင်းဆိုးဝါးမှ သူ့ကို အဝတ်အစားတို့ အလျင်စလို ဝတ်ပေးလာချိန်တွင် ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရယ်မောလိုက်တော့သည်။
မကောင်းဆိုးဝါးသည် လက်အိတ်စွပ်နေရင်း။
“ဘာတွေ ရယ်နေတာတုန်း”
“မင်းရဲ့ ဆားဗစ်က ရှယ်မိုက်နော်”
ကျန်းလော့၏ နှုတ်ခမ်းတို့သည် ပြုံးဖြဲဖြဲ ဖြစ်နေပြီး
“မင်းလိုမျိုး အိမ်တော်ထိန်းတစ်ယောက်ကို ငှားဖို့ဆို တစ်ရက်ကို ဘယ်လောက်လောက် ပေးရမလဲ သိချင်လိုက်တာ”
မကောင်းဆိုးဝါး၏ နှုတ်ခမ်းတို့သည် ကွေးတက်သွားပြီဂ ကျန်းလော့ကို ရေချိုးခန်းထဲမှ ပွေ့ထုတ်သွားလိုက်သည်။
“ကိုယ်က မင်းကို အဝတ်ဝတ်ပေးမှာထက်ကို ချွတ်ဖို့ပဲ လုပ်နေမှာသေချာတယ်”
“ဒါဆိုလည်း အဲ့ဒါကို ဒီညအကောင်အထည်ဖော်လိုက်လေ”
ကျန်းလော့သည် “ဝူး ဝူး” အသံတို့လုပ်လိုက်ပြီး နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
“ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် ငါလည်း လုပ်နိုင်နေပြီလို့ ခံစားနေရတယ်”
ထန်ပိသည် ကျန်းလော့စားချင်သော အမဲသားခေါက်ဆွဲသွားဝယ်ပြီး ပြန်ရောက်လာပြီဖြစ်သည်။
အမဲသားခေါက်ဆွဲအပြင် ဆန်ပြုတ်ပွဲသေးတစ်ပွဲနှင့် ဆားရည်စိမ်ဟင်းသီးဟင်းရွက်များလည်း ပါသေးကာ လက်ဖက်ကြက်ဥနှစ်လုံးပါ ဝယ်လာလေသည်။ ကျန်းလော့သည် ထမင်းနံ့ရသည်နှင့် တက်ကြွလာတော့သည်။ သူသည် ချက်ချင်းအောက်ငုံ့၍ ခေါက်ဆွဲများကို တူနှင့် မွှေလိုက်သည်။ သို့သော် နှစ်လုပ်လောက်သာ စားရသေးသည် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲ ဆူညံသံများ ကြားလိုက်ရလေသည်။
ထန်ပိသည် ချက်ချင်း အပြင်ဘက်သို့ အခြေအနေကြည့်ရန် ထွက်သွားပြီး နာရီဝက်ကြာပြီးနောက် ပြန်ရောက်လာသည်။
“ဟွာပိ သတိလက်လွတ်ဖြစ်သွားတုန်း လျန်မိသားစုဝင်တစ်ယောက် ကြိုးချည်ထားတာက လွတ်သွားတာပါ ဟွာပိသူ့ကို ပြန်မိသွားတော့ ရုတ်တရက်ကြီး တခြားပုံစံတစ်မျိုး ပြောင်းသွားပြီး ဟွာပိနဲ့ကျွန်တော်တို့ နှစ်ယောက်ပေါင်းတာတောင် မနည်းထိန်းလိုက်ရတယ်”
ကျန်းလော့က သိချင်စွာ မေးလိုက်သည်။
“လွတ်သွားတာက ဘယ်သူလဲ”
ထန်ပိက ပြောသည်။
“လျန်ပင်းလို့ခေါ်တဲ့ ယောက်ျားလေးတစ်ယောက်”
ကျန်းလော့သည် ကြက်ဥတစ်လုံး ကိုင်၍ တံခါးအပြင်ဘက်သို့ စားရင်း လျှောက်သွားသည်။
လျန်ပင်းကို ဟွာပိက ဖမ်းမိသွားသောအချိန်တွင် သေခြင်းရှင်ခြင်း ချောက်ကမ်းပါးရောက်နေသည်ဟု လျန်ပင်းက ခံစားမိသွားသောကြောင့် ခန္ဓာကိုယ်ထဲမှ စည်းခတ်ထားသော နတ်ဘုရားက နိုးထလာခြင်း ဖြစ်သည်။ နတ်ဘုရား၏ ထိန်းချုပ်ခံထားရသောကြောင့် လျန်ပင်းသည် သတိမရှိတော့ဘဲ မြင်ရာ အကုန်တိုက်ခိုက်သော ရူးသွပ်နေသော သူတစ်ယောက်ဖြစ်သွားခဲ့သည်။
သူတို့သာ လျန်မိသားစုဝင်များကို ကြိုးနဲ့ ဆွဲမထားကြဘူးဆိုလျှင် ဟွာပိနှင့် ထန်ပိတို့သည် လျန်ပင်းကို ဖမ်းချုပ်ထားနိုင်ပေလိမ့်မယ်။
ဤအချိန်တွင် လျန်ပင်းကို ခုံတစ်လုံးပေါ်တင်၍ ကြိုးတုပ်ထားသည်။ သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော အမူအယာ ဖြစ်သွားပြီး သူ့ဘယ်ဘက်ပါးနှင့် ညာဘက်ပါးတို့တွင် နှုတ်ခမ်းမွှေးကဲ့သို့ အမွှေးမည်းမည်း သုံးချောင်းစီ ပေါက်နေကြသည်။ သူ့လက်သည်းများသည် ဟွာပိနီးပါး ရှည်လျားလာပြီး သူ့နှာခေါင်းသည်လည်း ဗျံတစ်ကောင်၏ နှာခေါင်းကဲ့သို့ ထောင်နေပြီး သူ့ဘယ်ညာမှ လူများကို ဒေါသတကြီး မာန်ဖီပြနေသည်။ သူ့ပုံစံသည် လူတိုင်းကို ရန်သူထင်နေကြောင်းသိသာပေသည်။
သူ့ပုံစံသည် ဖျံနီညိုတစ်ကောင်နှင့် တူနေသည်။
ခုံသည် လျန်ပင်း၏ လှုပ်ရှားမှုကြောင့် ယိုင်နဲ့လာပြီး တကျွီကျွီမြည်လာသည်။
လျန်ပင်း၏ အနီးနားတွင် ရှိနေသောကြောင့် တိုက်ခိုက်ခံလိုက်ရသော မိသားစုဝင်အချို့ဖြစ်သော သက်ကြီးမိသားစုဝင်များသည် ဝမ်းနည်းနေကြပြီး လူငယ်များကတော့ မျက်ရည် နှာရည်များထွက်လာအောင် အသည်းအသန်ငိုကြွေးနေကြပြီး အားလုံးသည် မယုံနိုင်ဖြစ်နေကြသည်။
“လျန်ပင်း မင်းဘာဖြစ်တာလဲကွာ ငါတို့ကို မခြောက်ပါနဲ့”
“ဝူး.. ဘယ်လိုလုပ်ပြီး ဒီလိုကြီး ပြောင်းသွားတာတုန်း”
ဟွာပိသည် ထိုနေရာမှ အနည်းငယ်လှမ်းသောနေရာတွင် စိမ်းပုတ် မည်းနက်နေသော မျက်နှာဖြင့် ရက်စက်စွာ ကြည့်နေလေသည်။
ကျန်းလော့သည် သူ့ကြက်ဥကို တစ်ကိုက်ကိုက်လိုက်ပြီး ခေါ်လိုက်သည်။
“ဟွာပိ”
ဟွာပိသည် သူ့ကို ကြည့်လိုက်ပြီး စိတ်မပါစွာ လျှောက်လာသည်။
“ဘာအတွက် ခေါ်တာ”
“သူက ဒီလိုမျိုး လူမြင်ကွင်းကြီးမှာ ပုံပြောင်းသွားတာလား”
ဟွာပိသည် ခေါင်းညိတ်လိုက်ပြီး မျက်နှာထားသည် အလွန်ခက်ထန်သွားသည်။
အသံတို့ဆူညံလွန်းသောကြောင့် သတိလစ်နေသော လျန်ရွှီနိုးလာတော့သည်။ သူမသည် သက်တောင့်သက်သာ မဖြစ်စွာ မျက်လုံးများ ပွင့်လာပြီး လျန်ပင်း၏ မျက်နှာကို မြင်လိုက်ရသည်။
လျန်ပင်းသည် သူမအကြည့်တို့ကို သတိထားမိစွာ သူမဘက်လှည့်ပြီး ခက်ထန်စွာ မာန်ဖီလိုက်သည်။
လျန်ရွှီသည် မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်ပြီး စက္ကန့်အနည်းငယ်လောက် အတွေးလွန်သွားကာ ရုတ်တရက် ခေါင်းမော့လာပြီး တာအိုဆရာတော် ဝေ့ဟယ်ကို ရှာလိုက်သည်။
ဝေ့ဟယ်သည် လျန်ပင်းကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေပြီး တစ်စုံတစ်ခုကို အာရုံရသလို လျန်ရွှီကို ကြည့်လိုက်သည်။
လျန်ရွှီသည် မျက်လုံးထဲမှ မျက်ရည်များကျလာပြီး တာအိုဆရာတော်ဝေ့ဟယ်ကို တောင်းပန်ခယစွာ ပြောလိုက်သည်။
“ဆရာဦးလေး ကျွန်မကိုယ်ထဲက စည်းခတ်ထားတဲ့ နတ်ဘုရားကို သုံးလိုက်ပါ ကျေးဇူးပြုပြီး ကျွန်မရဲ့ ညီမလေး မောင်လေးတွေကို ကျွန်မနာကျင်ခဲ့သလို မခံစားရအောင် လုပ်ပေးပါ”
ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူငယ်ချင်းများနှင့် ချစ်ခင်ရသော သူများကို ဒဏ်ရာရအောင် လုပ်မိခြင်း၏ နာကျင်မှုကို သူမမခံစားနိုင်ပေ။
တာအိုဆရာတော် ဝေ့ဟယ်သည် လက်သီးကျစ်ကျစ် ဆုပ်ထားလေသည်။
သူသည် သူ့မိသားစုမျိုးနွယ်စုထဲမှ လူများကို တစ်ယောက်ချင်းစီတိုင်း လိုက်ကြည့်နေပြီး ရုတ်တရက် သူ့ကိုယ်သူ သံသယဝင်လာသည်။
သူ ဇွတ်အတင်းလျှောက်လှမ်းနေတဲ့ လမ်းက မှန်ကန်ပါရဲ့လား
ကံကြမ္မာယုံသူ ပြောခဲ့ လုပ်ခဲ့တာတွေက … တကယ်ပဲ ရွှမ်ရွှီလောကကြီးရဲ့ ကောင်းကျိုးအတွက်ဆိုတာ ဟုတ်ရဲ့လား
#########