Ch 170
Viewers 8k

အပိုင်း (၁၇၀)


 ရုပ်လေးမဆိုးတဲ့ သောက်ရူး

ညလယ်ကြီးတွင် ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်တွင် မိုးရွာနေသည်ကို မြင်နေရသည်။ ဆောင်းရာသီ၏ မိုးစက်များသည် ရေခဲတုံးများလို အေးစက်နေသည်။ ကျန်းလော့သည် မိုးသံများကြောင့် နိုးလာပြီး ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ဆံပင်ရှည်များသည် လည်တိုင်တစ်ဝိုက်တွင် ရစ်ပတ်ကျဆင်းနေသည်။ 

ကျန်းလော့သည် အိပ်ရာမှနိုးလာပြီး ခြောက်သွေ့နေသောကြောင့် အိပ်ရာပေါ်မှထကာ ဧည့်ခန်းသို့သွား၍ ရေငှဲ့သောက်လိုက်သည်။ ဂျင်ဆင်းကလေးလေးသည် သူ့ကိုယ်ပေါ်တွင် အင်္ကျီစဆွဲ၍ လိုက်လာသောကြောင့် တန်းလန်းလေးဖြစ်နေကာ အိပ်ချင်မူးတူးနှင့် ပြောလိုက်သည်။ 

“ဖေဖေ ကလေးလေးလည်း နည်းနည်း ရေငတ်လာသလိုပဲ ” 

ဂျင်ဆင်းကလေးလေးသည် ပထမဆုံးအကြိမ်အဖြစ် ဆောင်းတွင်းကို လူ့အသိုင်းအဝိုင်းတွင် ကုန်ဆုံးတာ ဖြစ်ပြီး အပူဒဏ်ကို အခုမှ စ၍ ခံစားဖူးတာ ဖြစ်သည်။ နွေးထွေးခြင်းသည် အားလုံးအတွက်ကောင်းမွန်သော်လည်း အနည်းငယ်တော့ ခြောက်သွေ့စေသည်။ ကျန်းလော့သည် သူ့အတွက် ရေတစ်ဖန်ခွက်ငှဲ့၍ စားပွဲပေါ်တင်ပေးလိုက်သည်။ ဂျင်ဆင်းလေးသည် ရေကို ဖြည်းဖြည်းချင်းသောက်သည်။ 

ရေများသည် လည်ချောင်းထဲသို့ ဖြည်းဖြည်းချင်း ကျသွားပြီး အနည်းငယ် စိုစွတ်သွားစေသည်။ ဧည့်ခန်းထဲမှ စားပွဲသည် အခုအချိန်အထိ မရှင်းလင်းရသေးကာ ဟင်းပွဲလက်ကျန်များသည် အေးစက်ပြီး ဆီများဝေ့နေသည်။ ဂျင်ဆင်းကလေးလေးသည် ရေတစ်ခွက်လုံး ကုန်အောင်သောက်ပြီး အနည်းငယ် အားပြန်ပြည့်လာသည်။ ထို့နောက် ကျန်းလော့ လက်ချောင်းကို နှုတ်ခမ်းမွှေးနှင့် ပုတ်၍ လေသံလေးနှင့် ပြောသည်။ 

“ဖေဖေ တံခါးရှေ့မှာ တစ်ယောက်ယောက် ရှိနေတယ်” 

ကျန်းလော့သည် တံခါးကို ကြည့်၍ ပျင်းရိစွာ ထရပ်လိုက်က..။

“ဒီမှာ ငြိမ်ငြိမ်လေးနေ’ 

သူသည် တံခါးနားသွား၍ ဖိနပ်ဗီရိုထဲမှ အိတ်ဆောင်ဓားလေးထုတ်လိုက်သည်။ ဓားအိမ်ကို ချွတ်၍ လက်ထဲတွင် တင်းတင်းကိုင်ထားကာ ချောင်းကြည့်ပေါက်မှ အပြင်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် မှောင်မည်းနေပြီး ဘာမှ မမြင်ရပေ။ သို့သော် ဂျင်ဆင်းလေးက အပြင်မှာ တစ်ယောက်ယောက်ရှိနေသည်ဟု ပြောသည်။ ထို့ကြောင့် သေချာပေါက် တစ်စုံတစ်ယောက်တော့ ရှိရမည် ဖြစ်သည်။ 

ကျန်းလော့သည် တံခါးလက်ကိုင်ကို ဖြည်းဖြည်းချင်းလှည့်၍ တံခါးကို တွန်းဖွင့်လိုက်သည်။ ကော်ရစ်တာမှ မီးရောင်များ ဖြတ်ခနဲလင်းလာသည်။ တံခါးအပြင်ဘက် နံရံကိုမှီ၍ စိုရွှဲနေသော အနက်ရောင်ဝတ်လူတစ်ယောက် ထိုင်နေသည်။ ကြမ်းပြင်သည် ထိုလူ့ထံမှ ရေများကြောင့် စိုရွှဲနေပြီး ထိုသူမည်မျှကြာအောင် ထိုင်နေမှန်း မသိရပေ။ ၎င်းသည် ဒူးနှစ်ဖက်ပေါ်တွင် မျက်နှာကို မှောက်ထားသောကြောင့် မည်သူမှန်း မသိရပေ။ 

ကျန်းလော့ တံခါးဖွင့်ပြီး စက္ကန့်တော်တော်များများကြာမှ ထိုသူသည် ခေါင်းမော့လာပြီး ရင်းနှီးသည့် မျက်နှာကို ဖော်ပြလာသည်။ 

ကျန်းလော့သည် မျက်မှောင်ကုတ်လိုက်ပြီး သူ့လက်ထဲမှ ဓားကို သိမ်းလိုက်ကာ..။ 

“ချီယယ်” 

ချီယယ်၏ မျက်နှာသည် ပြာနှမ်းနေပြီး နှုတ်ခမ်းများသည် အေးခဲနေမှုကြောင့် ခရမ်းရောင်ဖြစ်နေသည်။ သူ့မျက်လုံးများသည် ကြောင်တောင်တောင်နှင့် အသိစိတ်လွတ်နေသလိုမျိုး ကျန်းလော့ကို တစ်ခဏလောက် ငေးကြည့်နေပြီး နှုတ်ခမ်းများသည် တုန်ယင်နေသည်။ 

“...ကျန်းလော့” 

သူသည် နှာခေါင်းသံဖြင့် သိမ်ငယ်စွာ အသနားခံလိုက်သည်။ 

“ငါ့ကို ချီယုံနဲ့ တွေ့ခွင့်ပေးပါ” 

........................ 

ချီယယ် မည်ကဲ့သို့ လုယုံရိတိုက်ခန်းလိပ်စာ ရသွားမှန်း မည်သူမှမသိကြပေ။ ဘာဖြစ်လာမှန်းလည်း မသိပေ။ ကျန်းလော့သည် သူ့ကို အိမ်ထဲခေါ်ခဲ့ပြီး တခြားသူများကို ခေါ်လိုက်သည်။ ချီယယ်၏ ဆံပင်များသည် အေးခဲနေပြီး သူ ရေခဲပြီး သေသွားလျှင်တောင် မထူးဆန်းတော့ပေ။ 

တခြားသူများအားလုံး ချီယယ်ကို သေချာပြုစုပေးဖို့ အလုပ်များနေချိန်တွင် ကျန်းလော့သည် ဧည့်သည်ခန်း အဝင်စတွင် မတ်တပ်ရပ်နေပြီး ကြည့်နေသည်။ ထို့နောက်အေးစက်စွာ မေးလိုက်သည်။ 

“မင်း ဘာလို့ ချီယုံ့ကို တွေ့ချင်ရတာလဲ” 

ကျန်းလော့သည် ချီယယ် ခေါင်းငုံ့သွားချိန်တွင် သူ့လက်ချောင်းများ ထိန်းမရအောင် တုန်ယင်နေသောကြောင့် ခေါင်းကုတ်လိုက်သည်။ ချီယယ်သည် အကြာကြီး တိတ်ဆိတ်နေပြီး အသံတိတ် ခေါင်းယမ်းပြလိုက်သည်။ ကျန်းလော့သည် တံခါးဘောင်ကို မှီရပ်နေပြီး လက်ပိုက်ထားသည်။ သူသည် ဘဝကြီးတစ်ခုလုံး ကုန်းကောက်စရာမရှိအောင် ပျက်စီးသွားသလို ဖြစ်နေသော ချီယယ်ကို ကပ်ဘေးတစ်ခုလို စောင်းကြည့်နေသည်။ သူသည် နောက်ထပ် မေးခွန်းတစ်ခု ထပ်မမေးတော့ပေ။ 

“ကြားနာမှု ပြီးသွားမှ ဆက်ပြောကြတာပေါ့” 

ချီယယ်သည် ကြားနာမှု စသည်ကိုပင် မစောင့်နိုင်တော့အောင် တအား မွန်းကြပ် စိတ်ပျက်နေသည့် အခြေအနေတွင် ရှိနေသည်။ သူသည် တစ်နေ့လုံး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့သလို ရေပင်မသောက်နိုင်ခဲ့ပေ။ ကျန်းလော့နှင့် တခြားသူတို့ ရွှမ်လင်းရုံးတော်ကို သွားတော့မည့်အချိန်တွင် ချီယယ်သည် သူ့ကိုပါ ခေါ်သွားပေးရန် တောင်းဆိုခဲ့သည်။ 

ကောကျူက လက်မခံနိုင်စွာ ပြောလိုက်သည်။ 

“ငါတို့ မင်းအဖေနဲ့ တရားရင်ဆိုင်ရမှာ ဆိုတော့ မင်းမသွားတာ ပိုကောင်းမယ်” 

ချီယယ်၏ အသံသည် ခြောက်သွေ့အက်ကွဲနေသည်။ 

“ငါ့ကို အတူခေါ်သွားပေးပါကွာ” 

သူတို့သည် သူ့ကို ခေါ်သွားပေးလိုက်ရသည်။ 

ရွှမ်လင်းတရားရုံးတော်ကို ရောက်သည်နှင့် ဌာနမှူးရှုသည် သူတို့ကို စောင့်နေလေသည်။ သူတို့ကို တစ်လကြာအောင် မတွေ့ခဲ့ရသော်လည်း လူအိုကြီးသည် အဆင်ပြေနေပုံရကာ ရွှင်ပျနေပြီး ပါးပြင်သည်ပင် ပန်းရောင်သမ်းနေသည်။ ကျန်းလော့တစ်ယောက် အချိန်မှီရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး 

“မဆိုးဘူး မဆိုးဘူး တစ်ယောက်ကနေ အားလုံး အကုန်တော်ကြတယ် မင်းတို့က စိတ်ဝိညာဉ်ကောင်းကြတာပဲ” 

(လေးစားမှုရှိတယ်လို့ ပြောချင်တာ) 

ထိုင်းမှိုင်းနေသော ချီယယ်ကို မြင်သောအခါ ဌာနမှုးရှုသည် ဘာမှမပြောရုံသာမကပဲ ပြုံးပြီး နှုတ်ခမ်းမွှေးသပ်၍ ချီယယ်ကို အရင်ဆုံး သွားထိုင်ရန်ပင် ပြောလိုက်သေးသည်။ 

ချီယယ်ထွက်သွားသောအခါမှ ဌာနမှူးရှု၏ မျက်နှာသည် လေးနက်တည်ကြည်သွားပြီး 

“သူ့ကို သတင်းနှိုက်ဖို့ ချီယွမ်က လွှတ်လိုက်တာလား” 

ဝမ်ယမ်လန်သည် ခေါင်းခါပြလိုက်ပြီး 

“သူက ကျန်းလော့အတွက်ရောက်လာတာ” 

ဌာနမှူးရှုသည် အံ့ဩသွားပြီး တစ်စုံတစ်ယောက်မှ ကြားနာမှု စတော့မည်ဟု မပြောလာခင်အထိ အကြာကြီး စဉ်းစားနေကာ ကျောင်းသားများကို တရားလိုစင်မြင့်ထက်သို့ ခေါ်ဆောင်သွားခဲ့သည်။ ရွှမ်လင်းတရားရုံးတော်သည် ရွှမ်ရွှီလောကအဖွဲ့အစည်းမှ ကိစ္စရပ်များကို အဓိကကိုင်တွယ်ဖြေရှင်းသော ရုံးတော်ဖြစ်ကာ သာမန်တရားရုံးများ၏ လုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်သော ရုံးတော်ဖြစ်သည်။ 

ကျန်းလော့ မထိုင်ရသေးခင်မှာပင် ချေပမည့်ဘက်ခြမ်းတွင် ချီယွမ်နှင့် ချီကျုံးယဲ့တို့ ဝင်လာကြသည်ကို မြင်လိုက်ရသည်။ သူတို့သည် မျက်တွင်းများ ချောင်ကျနေကြပြီး ဘိုသီဘတ်သီပုံများပေါက်နေကြကာ ရက်အတော်ကြာ မအိပ်ထားကြမှန်း သိသာနေသည်။ သူတို့ပုံစံများသည် လုံးဝ ရှုပ်ထွေးနေပြီး ယခင်က ချမ်းသာကြွယ်ဝ မောက်မာတတ်သော ပုံစံတို့မှာ လုံးဝပျက်စီးသွားပြီ ဖြစ်သည်။ သူတို့ကို ကြည့်လိုက်သည်နှင့် ဤလူနှစ်ယောက်သည် အချင်းချင်း မသင့်မြတ်ကြပုံပေါက်နေပြီး သူတို့သည် လုံးဝပြိုလဲနေကြသည်။ 

သူတို့နှစ်ယောက်သည်လည်း ကျန်းလော့ကို မြင်ကြသည်။ ဆံပင်အနက်နှင့်ကောင်လေးသည် မတ်မတ်ရပ်နေပြီး သူ့ပုံစံသည် သေချာစွာ အနားယူထားကာ အားအင်အပြည့်နှင့် တောက်ပနေသည်။ ချီယွမ်နှင့် ချီကျုံးယဲ့တို့ ကြည့်နေသောအခါ သူသည် တမင်တကာ ဆွပေးချင်သောကြောင့် ထေ့ငေါ့စွာ ပြုံးပြလိုက်သည်။ 

ချီယွမ်သည် ဒေါသမီးတောက်လာပြီး စိတ်ကို လျော့ချပြီး ပေါက်ကွဲမိတော့မည့်အချိန်တွင် ရောက်နေသည့် နေရာကို သတိရသွားကာ ချက်ချင်း စိတ်ထိန်းလိုက်သည်။ 

‘ဒီကောင်ကများ အတင့်ရဲလို့..’ 

သူသည် ထျန်းရှိဖူနှင့် ကံကြမ္မာယုံသူတို့၏ သဘောထားများကို သတိရသွားကာ သူ့ခေါင်းပေါ်သို့ ရေအေးများလောင်းချလိုက်သလို ခံစားလိုက်ရသည်။ သူ့မျက်လုံးများသည် အရိပ်ထဲတွင် သတ်ဖြတ်ချင်စိတ်များ လွန်ကဲလာပြီး ကျန်းလော့ကို စိုက်ကြည့်နေသည်။ 

‘အနှေးနဲ့အမြန် တစ်နေ့ကျရင်တော့..’ 

ကျန်းလော့နှင့် ချီယုံတို့ နှစ်ယောက်လုံးကို ရှင်းပစ်မှာဖြစ်ကြောင်း သူ့စိတ်ထဲတွင် ကျိန်နေသည်။ ပရိတ်သတ်များထိုင်ရာ နေရာဘက်တွင် လူအနည်းငယ်သာ ရှိနေသည်။ ကိစ္စသည်အလွန်ကြီးသောကြောင့် လူထုရှေ့တွင် ချပြ၍ မဖြစ်ပေ။ ထို့ကြောင့် နီးစပ်ရာ အတွင်းကျကျ သိထားပြီးသား လူများနှင့်သာ တရားရုံးကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 

ကျန်းလော့သည် စုတ်ပြတ်နုံချာနေကြသော ချီ(ယုံ)မိသားစုနှင့် ချီ(ယယ်)မိသားစုတို့၏ အကြီးအကဲများကို ကျေနပ်စွာ မျက်ခုံးပင့်လိုက်သည်။ ထို့နောက် စင်္ကြံန်ခန်းဖြစ်သော ပရိတ်သတ်များ ထိုင်ရာဘက်ခြမ်းသို့ အမှတ်တမဲ့ကြည့်လိုက်မိရာ အခန်းအလယ်တည့်တည့်တွင် ချောမောခန့်ညားသော အမျိုးသားတစ်ယောက် စိတ်အေးလက်အေး ထိုင်နေသည်ကို မြင်လိုက်ရသည်။ 

ဗီလိန်သည် ခြေတံရှည်များချိတ်ထိုင်နေပြီး သူ့ခေါင်းကို လက်ထောက်ထားပြီး တရားရေးခြံဘက်သို့ တည့်တည့် ကြည့်နေသည်။ သူသည် ခေတ်နောက်ပြန်ဆွဲသွားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနည်းငယ်အေးသောကြောင့်ထင်သည် ကုတ်အနက်တစ်ထည်ကို ထပ်ဝတ်ထားသည်။ သက္ကလပ်ဦးထုပ် အမာသားကို ဆောင်းထားပြီး မျက်လုံးနှင့် မျက်ခုံးကို ဖုံးထားသေးသည်။ သူ၏ ဖြူဖျော့ဖျော့မျက်နှာ အောက်ပိုင်းကိုသာ မြင်ရသော်လည်း မည်သူမှန်း ကျန်းလော့ကတော့ တန်းသိလေသည်။ 

သူသည် သမ္မတခေတ်ဦးပိုင်းမှ လူချမ်းသာ လူကြီးလူကောင်းများကဲ့သို့ ဝတ်စားကာ လက်အိတ်ဖြူတို့ကို လည်း စွပ်ထားသေးပြီး ရှည်လျားသော လမ်းလျှောက်တုတ်ကို အားပြုထားသေးသည်။ 

မကောင်းဆိုးဝါးသည် ပေါ်ပေါ်ထင်ထင် ရောက်လာသော်လည်း မည်သူကမှ သူ့ကို မြင်ရပုံမပေါ်ပေ။ ရုံးတော်မှ အထက်ပိုင်း လူကြီးများပင် မသိကြပုံရကာ ဌာနမှူးရှု ချီယွမ် ချီကျုံးယဲ့တို့သည်ပင် ရုံးတော်အခန်းထဲတွင် မကောင်းဆိုးဝါးတစ်ကောင် ရောက်နေကြောင်း သေးသေးလေးမှပင် သတိထားမိပုံမရပေ။ 

ထိုသူသည် ဦးထုပ်အောက်မှ အရိပ်မိုးနေသော မျက်လုံးများဖြင့် ကျန်းလော့ကို စိုက်ကြည့်နေသည်။ အေးစက်ပြီး တောင့်တင်းနေသော နှုတ်ခမ်းတစ်စုံသည် ရုတ်တရက် လေးကိုင်းသဏ္ဍာန် ကွေးတက်သွားပြီး သေစေနိုင်လောက်သော အပြုံးတစ်ခု ပေါ်လာသည်။ 

ကျန်းလော့သည် အံ့ဩစိတ်လှုပ်ရှားသွားပြီး စိတ်ဝင်စားစရာ လက်ဆောင်ကို မြင်လိုက်ရသော ကလေးတစ်ယောက်လို နှလုံးခုန်သံမြန်လာသည်။ သို့သော် ဟန်မပျက်စေရဘဲ မသိချင်ယောင်ဆောင်နေသည်။ သူသည် မကောင်းဆိုးဝါးကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်၍ သူ့နှုတ်ခမ်းသည် အသံတိတ် လှုပ်ခတ်သွားသည်။ 

“သောက်ရူး” 

‘ဒီအရူးက ဘာကြီး ဝတ်လာတာလဲဟ’ 

‘ဘာလဲ Role-playလား’ 

‘ဒါပေမဲ့ အဲဒီဝတ်စုံကြီးလို့တော့ မပြောနဲ့နော် တော်တော်တော့ တူနေတယ်ဟ’ 

ကျန်းလော့သည် မကောင်းဆိုးဝါးကို ရင်းနှီးနေသော အပြင်အဆင်ကို ရှာရန် ဦးနှောက်ကို အလုပ်ပေးနေချိန်တွင် တော်တော်ကြာအောင် စိုက်ကြည့်နေသည်။ ထိုအဝတ်အစားနဲ့ပုံစံကို မှတ်မိရန် ကျန်းလော့အတွက် အရမ်းမကြာလိုက်ပေ။ သူသည် ထိုဝတ်စုံကို မှန်လောကထဲမှ ဆယ်ကျော်သက် ချီယုံ့အခန်းထဲမှ အဖြူအမည်း ဓာတ်ပုံထဲမှ သက်လတ်ပိုင်း လူတစ်ယောက် ဝတ်ထားသည်ကို မြင်ခဲ့ဖူးသည်။ 

ဓာတ်ပုံထဲမှ သူသည် အသက်သုံးဆယ်ဝန်းကျင်လောက်ဖြစ်ကာ ထိုသူသည် ယခု ချီယုံဝတ်ထားသည်နှင့် ဆင်တူသော အဝတ်မျိုးဝတ်ထားခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်နှင့် ယခုလက်ရှိအချိန်အထိ ချီမိသားစု၏ အသက်သုံးဆယ်ထိသာ နေရသော မျိုးဆက်များကို တွက်ကြည့်လျှင် ထိုဓာတ်ပုံထဲမှသူမှ ချီယုံ၏ အဘိုးဖြစ်လိမ့်မည်။ 

သို့သော် တွေးစရာတစ်ခု ရှိသည်မှာ ချီယုံက အဘယ့်ကြောင့် ရုံးချိန်းကြားနာမှုကို သူ့အဘိုးဖြစ်သူပုံစံအတိုင်း ဝတ်စားလာရပါသနည်း။ 

ကျန်းလော့သည် သူ့နှလုံးသားကို ကြောင်လက်သည်းများဖြင့် လာရောက်ကုတ်ခြစ်နေကြသလို ယားကျိကျိဖြစ်နေပြီး သူ့ဝိညာဉ်သည်ပင် သိချင်လွန်းသောကြောင့် တဖျစ်ဖျစ်မြည်နေသလို ဖြစ်နေသည်။ သူသည် စိတ်မထိန်းနိုင်ပဲ ချီယုံ့ကို ပြန်ကြည့်လိုက်ပြန်ကာ အကြောင်းပြချက်ကို သိအောင် ကြိုးစားကြည့်နေသည်။ 

သူ့ဘေးမှ ယယ်ရွှင်သည် ကျန်းလော့လက်ကို ဆွဲ၍ ထူးဆန်းသော မျက်နှာထားဖြင့် ကျန်းလော့ ကြည့်ရာသို့ လိုက်ကြည့်လိုက်သည်။ 

“ကျန်းလော့ မင်းက ဘယ်ကို ကြည့်နေတာလဲ” 

ကျန်းလော့က ပြောသည်။ 

“မင်းမမြင်ရဘူးလား” 

ယယ်ရွှင်က မေးသည်။ 

“ဘာကို မြင်ရမှာလဲ” 

“ဘာမှ မဟုတ်တော့ဘူး” 

ကျန်းလော့သည် အကြည့်လွှဲလိုက်ပြီး တမင်တကာ ပြောလိုက်သည်။ 

“ရုပ်ကလေးမဆိုးတဲ့ သောက်ရူးတစ်ကောင်ပါကွာ ဘာမှကြည့်စရာမရှိဘူး” 

######