အပိုင်း (၁၆၀)
မောလ် စည်းမျဉ်းများ
‘လွန်ခဲ့တဲ့နှစ်နှစ်ရာကျော်ကလား’
ကျန်းလော့သည် ကံကြမ္မာယုံသူ၏ အတွင်းပိုင်း နယ်မြေတွင် “ပိုင်လု”ဟု ခေါ်သော ဘုရားကျောင်းကို တွေ့ခဲ့ရသည်။ ထိုဘုရားကျောင်းသည် ကောကျူပြောသလို ကျို့ခန်းဘုရားကျောင်း၏ ယခင်တုန်းက နာမည်ဖြစ်ခဲ့ပါလျှင် ကံကြမ္မာယုံသူ၏ အသက်သည် အနည်းဆုံး နှစ်နှစ်ရာရှိပြီဟု ဆိုလိုခြင်းဖြစ်သည်။
ကျန်းလော့သည် ချက်ချင်း ပြောလိုက်သည်။
“ငါတို့ နိုးလာရင် ငါ့ကို ကျို့ခန်းဘုရားကျောင်းကို တစ်ခေါက်လောက် ခေါ်သွားပေးလို့ရမလား”
ကောကျူက ဖော်ရွေစွာပြောသည်။
“ဒါပေါ့”
သူတို့ပြောပြီးနောက် ဝမ်ယမ်လန်သည် ကျန်းလော့ကို စစ်ဆေးသလို ကြည့်လိုက်သည်။ ဝမ်ယမ်လန်သည် ကျန်းလော့ကို ကောင်းကောင်းနားလည်သည်ဟု ထင်ထားပြီး သူတို့သည် သူယုံကြည်ရသော သူငယ်ချင်းများ ဖြစ်သည်ဟု ယုံကြည်ထားသောကြောင့် တိုက်ရိုက်ပဲ မေးလိုက်သည်။
“ကျန်းလော့ မင်းဘာလုပ်ချင်နေတာလဲ”
“ငါအတည်ပြုဖို့ လိုတာ တစ်ခုရှိနေလို့ကွာ”
ကျန်းလော့သည် သူ့ကို သေချာကြည့်နေသော ဝမ်ယမ်လန်ဘက်သို့ လှည့်၍ မျက်နှာချင်းဆိုင်ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီတစ်ခုခုကို ငါမင်းတို့ကို ပြောပြလို့မရသေးဘူး”
ဝမ်ယမ်လန်သည် စိတ်ဆိုးမာန်ဆိုးကြည့်လိုက်ပြီး ပုခုံးတွန့်လိုက်သည်။
“အိုကေလေ ဒါဆိုလည်း မင်းပြောမဲ့ အချိန်ထိ စောင့်မယ်”
ကျိုးကျုံးချိုး “ဟေး”
“နင်တို့ ငတုံးတွေလို လုပ်နေတာ ရပ်ပေးလို့ရမလား လုပ်ရမဲ့ဟာကိုပဲ အာရုံစိုက်ကြရအောင်ပါဟာ မင်းတို့ဖြတ်လာတဲ့ လမ်းမှာ ဟိုတယ်ဘေးက အဆောက်အဦးကြီးကို တွေ့ခဲ့ကြလား”
“မင်းပြောတာ ဒီဟာကြီးလား”
စိုင်လောင်အာသည် ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး အိပ်ရာဘေးမှ လိုက်ကာကို ဆွဲလိုက်သည်။ ထို့နောက် အထပ်မြင့် အဆောက်အဦးကြီးကို ညွှန်ပြလိုက်ကာ
“တစ္ဆေအဆောက်အဦးလား”
“အမဲလိုက်အိမ်တော် အဆောက်အဦးတဲ့လား”
ကျန်းလော့သည် မျက်ခုံးပင့်လိုက်သည်။ လုယုံရိသည် သိချင်စွာ ပြောလိုက်သည်။
“ဒါ ငါတို့ဒီကိုလာတုန်းက စီးလာတဲ့ တက္ကစီ ဒရိုင်ဘာပြောတဲ့ ကွေဝူးအဆောက်အဦးဆိုတာလား”
(ကွေဝူးတာ့ရှား = တစ္ဆေအမဲလိုက်အဆောက်အဦး)
စိုင်လောင်အာက ပြောသည်။
“ဒီဟိုတယ်က ဧည့်သည်နှစ်ယောက်ပြောတာ ကြားတာတော့ သူတို့က ဒီအဆောက်အအုံကို ကွေတာ့ရှားလို့လဲ ခေါ်ကြတယ်တဲ့ အဲဒီအဆောက်အဦးထဲမှာ တစ်ဆယ့်ရှစ်ထပ်ရှိတယ်တဲ့ ပြီးတော့ မင်းနေတဲ့နေရာ မြင့်လေ သရဲတွေက ပိုကြောက်စရာကောင်းလေတဲ့ ပြီးတော့ ငါကြားသေးတာက အဲဒီက အပေါ်ဆုံးအလွှာမှာ စွမ်းအားအကြီးဆုံး သရဲတစ်ကောင်နေတာတဲ့”
သူပြောလို့ ပြီးသွားပြီးနောက် သူ့ကို တည့်တည့်ကြီးကြည့်နေကြသော မျက်လုံးခုနှစ်စုံကို တွေ့လိုက်ရသည်။ စိုင်လောင်အာသည် သူတို့ကို ကြောင်ကြည့်နေပြီး
“ဘာ ဘာလဲ ဘာမှားနေလို့လဲ”
“စိုင်လောင်အာ မင်းအခု တရုတ်စကားပြောသွားတာ မွှတ်နေတာပဲရော”
လုယုံရိသည် အံ့ဩတကြီးပြောလိုက်သည်။
“မင်းရဲ့ ဝေါဟာရအသုံးအနှုန်းရော မင်းရဲ့ သံနေသံထားရော ရှယ်ပဲဟေ့ မင်းတော့ ဘာသာပြန် လုပ်စားလို့ ရနေပြီ ငါ့ကောင်”
စိုင်လောင်အာသည် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး
“ငါလည်း ဘယ်လို ဖြစ်သွားမှန်း မသိလိုက်ဘူး ဒါပေမဲ့ ငါ့တရုတ်စာ စကေးက ရုတ်တရက်ကြီး အရမ်းကောင်းလာတယ်ကွာ ”
ကျန်းလော့သည် ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီး သူ့အကြည့်တို့သည် အထပ်မြင့် အဆောက်အဦးကြီးတွင် ငြိတွယ်နေသည်။
‘ထိပ်ဆုံးအလွှာမှာ ချီယုံရှိနေမှာပေါ့ ဟုတ်တယ်မလား ဟမ့်’
‘မင်း သူ့ရှာတွေ့ရင် ဒီအိပ်မက်ကနေ နိုးထနိုင်မယ်ပေါ့’
ထိုအချိန်တွင် ဝမ်ယမ်လန်က သူ့ဖုန်းကို သူတို့ဘက်သို့ ထောင်ပြလိုက်ပြီး
“ရှာတွေ့ပြီ”
ကွေဝူးတာ့ရှားနှင့်ပတ်သက်သော ဖိုရမ်ဖြစ်ပြီး ကွေဝူးတာ့ရှား၏ အောက်ဆုံးအလွှာကို ဓာတ်ပုံရိုက်က ဖိုရမ်ကာဗာ တင်ထားသည်။ မြို့ထဲတွင် ကွေဝူးတာ့ရှားထက်ပိုမြင့်သော အဆောက်အဦးများ ရှိသော်လည်း ကွေဝူးတာ့ရှားလောက်တော့ မည်သည့်အဆောက်အဦးကမှ ကြောက်စရာကောင်းမနေပေ။ ကောင်းကင်ပေါ်မှ ငုံ့ကြည့်လျှင် ကွေဝူးတာ့ရှားသည် ခေါင်းတလားအကြီးကြီးထောင်ထားသလို မြင်ရပြီး လူများကို ကြောက်ရွံ့၍ အသက်ရှူမဝဖြစ်စေသည်။
ထိုဖိုရမ်ထဲမှ ပို့စ်တစ်ခုကို ကျန်းလော့ စိတ်ဝင်စားသွားသည်။
[၈ထပ် : နောက်ကျရင်တော့ ဘာဖြစ်မလဲ မသိပေမဲ့ မြေညီထပ်က ရှော့ပင်းမောလ်နဲ့ ငါးလွှာက ရွှန်ရှင်းဂျင်မ်အထိကွာ အဲ့က ဈေးဆိုင်တွေက တစ်မျိုးကြီး ကျောချမ်းစရာကောင်းနေတယ် ငါအဲဒီကို သွားရမှာ ကြောက်လာပြီ]
မြေညီထပ်မှ ရှော့ပင်းမောလ်တွင် ဈေးရောင်းပွဲတော် အကြီးကြီး ရှိသောကြောင့် လူများစွာသည် ထိုကွေဝူးတာ့ရှားထဲ ဝင်ခွင့်ရရန် မနက်အစောကြီးထဲက တန်းစီစောင့်နေကြသည်။ သို့သော် ကံမကောင်းစွာပင် သူတို့၏ ကွေဝူးတာ့ရှားထဲသို့ နေ့စဉ် လူငါးရာကိုသာ ဝင်ခွင့်ပြုပေသည် ထို့ကြောင့် မင်းသွားချင်လျှင်ပင် လူပြည့်သွားလျှင် ဘယ်လိုမှ ဝင်ရမှာ မဟုတ်ပေ။
[၃၉ထပ် : ဒီနှစ်ရက်အတွင်း ကွေဝူးတာ့ရှားက အရမ်းထူးဆန်းလာတာ ဘာလို့လဲ မင်းတို့သိကြလား]
[၄၄ထပ် : အဲတာ့ အပေါ်ဆုံးထပ်က တစ်ယောက်က သူနဲ့ ချိန်းထားတဲ့ လူသားကို စောင့်နေတာလို့တော့ ပြောသံကြားတာပဲ]
[၇၆ထပ် : အပေါ်ဆုံးလွှာလား မဖြစ်နိုင်တာကွာ ဟားဟား ဟားဟား ကဲ အဲ့အကြောင်းမပြောနဲ့တော့ အဲဒီလူသားကို ဖိတ်စာပို့လိုက်ရင်တောင် ဘယ်လိုလူမျိုးက ကွေဝူးတာ့ရှားထဲ လာပြီး အပေါ်ဆုံးလွှာကို အသက်ရှင်ရက် တက်သွားနိုင်မှာလဲ]
ကျန်းလော့သည် စကားလုံး တစ်လုံးချင်းစီကို သေချာ အာရုံစိုက်ပြီး ဖတ်သည်။ ချီယုံသည် ကျန်းလော့အတွက် အသင့်တော်ဆုံး လမ်းကြောင်းတစ်ခုကိုတော့ အလွယ်ကူဆုံးနီးပါး ဖွင့်ပေးထားပေသည်။ မင်းသာ သန်မာရင် ငါ့ဆီကို တက်လာခဲ့ ဆိုသော အဓိပ္ပာယ်ဖြစ်ပါလိမ့်မည်။
ချိန်းဆိုထားသည့် နေ့ကျော်သွားလျှင် မင်းက လုံလောက်အောင် မသန်မာသောကြောင့်ဟု အမည်တပ်လိုက်မှာ ဖြစ်သည်။ သူသည် ကျန်းလော့ကို မထိတထိ လာစနေမှန်း သိသာသည်။ ကျန်းလော့သည် သူချိန်းထားတဲ့နေ့အကြောင်း ဂရုမစိုက်သော်လည်း အရှုံးအနိုင်ကိုတော့ ဂရုစိုက်သည်။
ချီယုံ့ထောင်ချောက်ကို အားပေးနေသော လူများ ရှိနေသလို ကျန်းလော့ထင်လာပြီး ထိုအော်ဟစ်အားပေးသံများသည် ကျန်းလော့နားထဲသို့ လော်စပီကာနှင့် လာအော်နေသလို တစ်စက္ကန့်လေးမှ စကားတစ်လုံးမှ လွတ်မသွားပေ။
ဤဖိတ်ခေါ်ခြင်းကသာ စီးချင်းထိုး တိုက်ပွဲဖိတ်ကြားလွှာ သို့မဟုတ် သူ့စိတ်ကို လှုံ့ဆော်ခြင်းဖြစ်လျှင် ကျန်းလော့ လက်ခံလိုက်မည် ဖြစ်သည်။ သူအပေါ်ဆုံးထပ်ထိ တက်သွားပြီး ချီယုံနှင့် သွားတွေ့ကာ မကောင်းဆိုးဝါးပြောသော ကြမ်းရမ်းသည့် ဒိတ်ဆိုသည်ကို သွားလိုက်မည်။
ပို့စ်ကို တိတ်ဆိတ်စွာ ဖတ်နေသော ခွမ့်ကျိန်းသည် သိချင်လာကာ
“ဘာလို့သူတို့က ကွေဝူးကို သွားချင်နေကြတာလဲ”
“ငါလည်း အဲဒါကို ထူးဆန်းနေတာပဲ”
ကောကျူသည် မေးစေ့ကို ပွတ်လိုက်ပြီး
“သူတို့ပြောထားတာတွေကို ကြည့်ရတာ သရဲအများစုက ကွေဝူးတာ့ရှားထဲမှာ ပြီးတော့ အဲဒီက သရဲတွေက လူတွေကို အမဲလိုက်သလို လိုက်ပြီး သတ်ဖြတ်နေတာ လုံးဝ ခန့်မှန်းလို့မရတာကွာ လူတွေက အဲ့ထဲမှာ အချိန်မရွေးသေသွားနိုင်တယ် ဒီလောက် အန္တာရာယ်များနေတာတောင် သူတို့က ဘာလို့ အဲဒီကို သွားချင်နေကြသေးတာတုန်း ”
ကျန်းလော့သည် တက္ကစီဒရိုင်ဘာ၏ ကားပေါ်မှ သွေးစွန်းနေသော ဟာရူအိ အရုပ်လေးကို တွေးမိပြီး ပြောလိုက်သည်။
“ကွေဝူးတာ့ရှားထဲမှာ တစ္ဆေသရဲတွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ သက်ကယ်အဆောင်လေးတွေ ရှိလို့ ဖြစ်နိုင်တယ်”
သူကပြောသည်။
“ငါတို့လည်း ကွေဝူးတာ့ရှားထဲ သွားသင့်တယ် ထင်လား ကွေဝူးတာ့ရှားကြီးက အရမ်း သိသာထင်ရှားလွန်းနေတယ် ငါတို့ရသမျှ အချက်အလက်တွေကုန်လုံးက အဲဒီကို သွားဖို့ ပြောနေသလိုပဲ ပြီးတော့လဲ တစ်ယောက်ယောက်က တမင်တကာကို ငါတို့ကို အဲ့ကို ရောက်သွားအောင် လမ်းညွှန်နေသလိုပဲ”
ဝမ်ယမ်လန်သည် သူ့ဖုန်းကို ပြန်သိမ်းလိုက်ပြီး
“ငါလည်း အဲဒါပဲ တွေးနေတာ”
ကျိုးကျုံးချိုးမျက်နှာသည် အစိမ်းရောင်ဖြစ်သွားကာ
“ငါဒီကိုရောက်ရောက်ချင်း အရမ်းကြောက်စရာကောင်းတာနဲ့ ရင်ဆိုင်ခဲ့ရပြီးပြီဟ မနေ့ညကဟာကြီးက တကယ်ရွံစရာကောင်းတာဟာ အဲဒီ ကွေဝူးတာ့ရှားထဲကဟာက ပိုကြောက်စရာကောင်းမှာ သေချာတယ် ”
ထိုသို့ပြောလိုက်တာကလွဲလျှင် သူမသည် သွားဖို့ မငြင်းပေ သို့သော် သူမကိုယ်သူမ ပြန်အားပေးနေသည်။
“ဒါပေမဲ့ ဒါတွေအားလုံးက အိပ်မက်ပဲလေ ဒီတော့ စာမေးပွဲဖြေနေရတယ်ပဲ သဘောထားလိုက်ကြတာပေါ့ တစ်ခုပြီးတစ်ခုရောက်လာတော့ စိတ်လှုပ်ရှားရတာပေါ့”
‘တစ်ခုပြီးမှ တစ်ခုလာလို့ တော်သေးတာပေါ့’
ကျန်းလော့သည် သူမကိုယ်သူမ ယုံကြည်ချက်မြင့်တင်နေတာကို ကြည့်၍
“ဟုတ်တယ် ငါလည်း စိတ်လှုပ်ရှားဖို့ကောင်းတယ် ထင်တယ်”
အားလုံး ဆုံးဖြတ်ပြီးကြပြီးနောက် သူတို့သည် ဟိုတယ်မှ ထွက်ကာ ကွေဝူးတာ့ရှားဆီသို့ ထွက်လာကြသည်။ အနည်းငယ်စောနေသေးသော်လည်း နေရာမရမည်စိုး၍ အမြန်သွားကြသည်။ ကွေဝူးတာ့ရှားရှေ့တွင် လူတန်းရှည်ကြီး ရှိနေပြီး သာမန်ကာလျှံကာကြည့်လိုက်လျှင်ပင် ငါးရာကျော်နေပြီဖြစ်ကြောင်း မြင်နိုင်သည်။ ထိုနေရာတွင် တန်းစီနေသည့် နောက်တစ်တန်းရှိနေသေးပြီး ထိုအတန်းသည် လူနည်းသည်။
ကျန်းလော့သည် သူ့ရှေ့မှလူ၏ နောက်ကျောကိုပုတ်လိုက်ကာ
“ဦးလေး ဒီအုပ်စုက ဘာလို့ လူများနေပြီး ဟိုဘက်က လူနည်းနေတာလဲဗျ”
ထိုသူသည် ကျန်းလော့ကို စကားပြောချင်ပုံမရသော်လည်း လှည့်ကြည့်ပြီး ကျန်းလော့မျက်နှာကို မြင်သောအခါ ချက်ချင်း ပြောင်းလဲသွားသည်။
“အဲဒါက ဗွီအိုင်ပီတွေလေ မင်းမှာသာ ကွေဝူးတာ့ရှားထဲက ဆိုင်တစ်ဆိုင်ဆိုင်ရဲ့ အသင်းဝင်ကတ်ရှိရင် မင်းအလှည့်ကျော်ပြီး တစ်ခါထဲ တင်သွားလို့ရတယ် ကျုပ်တို့လို သာမန်လူတွေကတော့ သူတို့ကို မနာလို ပြီး မုန်းနေရုံပဲ တတ်နိုင်တယ် ဟေး ညီလေး မင်း ငွေအများကြီးလိုချင်လာ အစ်ကိုကြီးမှာ စီးပွားရေးတစ်ခုရှိ...”
ကျန်းလော့သည် ထိုသူကို ဖြတ်ပြောလိုက်သည်။
“ကတ်တစ်ကတ်ကို လူဘယ်နှစ်ယောက်လောက် အထဲခေါ်သွားလို့ရလဲ”
သူ့ရှေ့မှ လူသည် ရယ်လိုက်ပြီး
“ဟီးဟီးဟီး”
ဟိုလိုလို သည်လိုလိုနှင့် ပြောလိုက်သည်။
“ဒါပေါ့ သူတို့ ခေါ်ချင်သလောက် ခေါ်သွားနိုင်တယ် ဒါပေမဲ့ သူတို့သာ လူအများကြီးခေါ်သွားရင် တစ်ရက်ကို လူငါးရာပဲ အဝင်ခံတာလေ သူတို့သာ အဲ့လိုလုပ်ရင် သူတို့ ကျုပ်တို့လက်ထဲမှာ သေသွားမှာပေါ့ သူတို့တွေ ကျုပ်တို့လက်ထဲမှာ မသေရင်တောင် ကွေဝူးတာ့ရှားထဲမှာ သေမှာပဲ”
ကျန်းလော့၏ နှုတ်ခမ်းတို့ တွန့်သွားကြပြီး တမင်တကာပြောလိုက်သည်။
“ဦးလေး ကျွန်တော့်ကို ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ”
သူသည် ရွှန်ရှင်းဂျင်မ်ကတ်ကို ထုတ်၍ ထိုလူ၏ မျက်နှာရှေ့တွင် လက်နှစ်ချောင်းကြားညှပ်၍ ဝေ့ရမ်းပြလိုက်သည်. ထို့နောက်သူသည် သူငယ်ချင်းများကို ခေါ်၍ ဝင်ပေါက်သေးဆီသို့ သွားလိုက်ပြီး နောက်မှ မုန်းတီးနာကျည်းသည့် အကြည့်များကို လျစ်လျူရှုထားလိုက်သည်။
ဝန်ထမ်းတစ်ယောက်သည် သူ့ကတ်ကို စစ်ဆေး၍ သူတို့ကို ကွေဝူးတာ့ရှား မြေညီထပ် တံခါးဖွင့်ပေးလိုက်သည်။
ထိတ်လန့်စွာ ကြည့်နေသော လူအိုကြီးသည် သူတို့ကို ဒေါသပုန်ထပြီး ခုန်ဆွခုန်ဆွကျန်ခဲ့ကာ ကျိန်ဆဲတော့သည်။
“မင်း မင်းတို့အားလုံး အသက်ရှင်ရက် ထွက်လာကြစမ်းပါ”
သူ့ရှေ့မှာ ရပ်နေသော အမျိုးသမီးသည် ဒေါသကြီးပြီး လောဘတက်နေသော မျက်လုံးများဖြင့် သူတို့ကို ကြည့်နေကာ
“သူတို့က ကြည့်ကောင်းကြတာပဲ သူတို့ထွက်လာရင် မသတ်နဲ့ သူတို့ကို ရောင်းလိုက်ရင် ငွေတွေ အများကြီး ရမှာ”
လူအိုကြီးသည် အလျင်စလိုပြောသည်။
“အဲဒီဆံပင်အရှည်နဲ့တစ်ယောက်ကို ငါလိုချင်တယ် မျက်နှာဆေးခြယ်ထားတဲ့ သရဲတစ်ကောင်နဲ့ ကျုပ်ရင်းနှီးတယ် ကျုပ်ဆီက သူ့ကိုလာလုဖို့ မစဉ်းစားကြနဲ့”
........
အဆောက်အဦးထဲတွင် ဆိုင်ခန်းကျယ်များသည် တံခါးများဖွင့်ထားပြီး ဖြစ်ပြီး ဆိုင်ရှင်များသည် သက်ဆိုင်ရာ ဆိုင်များတွင် သူတို့အလုပ်သူတို့လုပ်နေကြသည်။ မောလ်လမ်းပေါ်တွင် လူအနည်းငယ်သည် ဟိုဟိုသည်သည် လျှောက်သွားနေကြကာ ဘယ်ဖက်နှင့် ညာဖက်တွင် ဆိုင်နှစ်ဆိုင်စီရှိပြီး မျက်နှာကျက်မှ ကြမ်းပြင်အထိ မှန်ချပ်ကြီးများဖြင့် ကာရံထားသည်။
ဆိုင်ရှင်များသည် ဆိုးယုတ်ပြီး ကြောက်စရာကောင်းသော မျက်လုံးများဖြင့် ဝင်ထွက်သွားလာနေကြသော လူသားတိုင်းကို အသေးစိတ်လိုက်ကြည့်နေသည်။ ကျန်းလော့သည် ဓာတ်လှေကား အမှတ်အသားကိုကြည့်နေသည်။ ဓာတ်လှေကားသည် မောလ်နှင့် အနည်းငယ် ဝေးသောနေရာတွင် ရှိနေကာ ထိုနေရာသို့ ရောက်ရန် သူတို့အားလုံး မောလ်တစ်ခုလုံးကို ဖြတ်လျှောက်သွားရမည်ဖြစ်သည်။
လူတိုင်း အလွယ်တကူမြင်နိုင်သော နံရံတွင် မြေညီထပ် ရှော့ပင်းမောလ်၏ စည်းမျဉ်းများကို သေချာ ရေးသားထားသည်။
1. မောလ်ထဲတွင် မိနစ်နှစ်ဆယ်တစ်ခါ ဆိုင်တံခါးများဖွင့်ပြီး ဆိုင်ရှင်များအားလုံး ဆိုင်အပြင်ဘက်သို့ ပြေးထွက်ရမည်။
2. ကျေးဇူးပြု၍ ခင်ဗျားတို့နဲ့ ကိုက်ညီတဲ့ အရာတစ်ခုကို ခင်ဗျားတို့ကိုယ်တိုင် ဝယ်ယူပေးပါ။ ဒေါ်လာနှစ်ရာနှင့် အထက်ကို အသုံးပြုပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
######