Ch 137
Viewers 8k

အပိုင်း (၁၃၇)


 မကောင်းဆိုးဝါးနှင့် နည်းလမ်းကောင်း 

ဝမ်ယမ်လန်နှင့် အတန်းဖော်များသည် လျန်အိမ်တော်သို့ ရောက်နေသည်မှာ နှစ်ရက်ရှိသွားပြီဖြစ်သည်။ သုံးရက်ဆိုသော အချိန်နီးလာလေ သူတို့သည် ငြိမ်ငြိမ်မနေနိုင်တော့ဘဲ စိတ်သောကရောက်ကာ မီးတောက်နေပြီဖြစ်သည်။ 

မနက်စောစောတွင် လုယုံရိသည် ကျိုးကျုံးချိုးနှင့် ဝမ်ယမ်လန်တို့ လျန်မိသားစု၏ ဆရာသခင်များအိမ်မှာ ညီအစ်ကိုတပည့်များနှင့် သွားတွေ့ပြီး ပြန်လာမည့် အချိန်ကို စောင့်နေသည်။ သူတို့ပြန်လာသောအခါ သူကအရင် ဦးအောင်မေးခဲ့သည်။ 

“ကျန်းလော့တောင်အောက်ဆင်းလာတာကို စောင့်ဖို့ပဲ ပြောလိုက်တာမလား” 

ကျိုးကျုံးချိုးသည် အမူအယာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ 

“ငါသူတို့ကို ခနခနသွားမေးတယ် ဒါပေမဲ့ အိမ်တော်မှာ လျန်အိမ်က ဂျူနီယာတပည့်တွေပဲ ရှိတာ အကြီးတွေအားလုံး လုံးဝမရှိသလို ပျောက်နေတယ် သူတို့ပြောတာတော့ နောက်နှစ်ရက်အတွင်း ကျန်းလော့ဆင်းလာမှာမို့လို့ အေးအေးဆေးဆေးစောင့်တဲ့ ဒါပေမဲ့ အခုတောင် နှစ်ရက်ကုန်သွားပြီ ကျန်းလော့ ဆင်းမလာသေးဘူး ဝမ်ယမ်နဲ့ငါ သူတို့ကို ဝေ့ဟယ်နေတဲ့ နေရာမေးတော့လဲ သူတို့ပြောတာ မရှင်းဘူး တောင်ပေါ်ကို လမ်းလျှောက်တက်သွားရင် အဲ့ဒီကို ရောက်မယ်တဲ့ ဒီက ဘယ်သူမှ ငါတို့ကို လိုက်ပို့ပေးချင်တဲ့ပုံမရဘူး ” 

လုယုံရိသည် စိတ်တိုလာကာ လမ်းထလျှောက်နေသည်။ 

“ဒါဆိုငါတို့ ဘယ်လိုလုပ်ကြမလဲ ငါတို့ဒီတိုင်းပဲ တက်သွားကြရအောင်ဟာ ငါဒီမှာဆက်စောင့်နေရရင် ရူးသွားတော့မယ်” 

“ဟုတ်တယ် ဒီနည်းလမ်းပဲရှိတော့တယ်” 

ဝမ်ယမ်လန်သည် နားဆွဲများထည့်ထားသော  အိတ်ကပ်ရှိသော ရင်ဘက်ကို ပွတ်သပ်၍ လေးနက်စွာ ပြောလိုက်သည်။ 

“တောင်ပေါ်မှာ လူနေတဲ့ နေရာတွေ အများကြီးရှိတာ ဒါပေမဲ့ ငါတို့တစ်နေရာချင်းရှာရင် တာအိုဆရာတော်ဝေ့ဟယ် နေတဲ့ နေရာကို ရောက်သွားမှာပါ ကျန်းလော့ ဆင်းလာမှာကို စောင့်နေလို့ မဖြစ်တော့ဘူး ငါတို့ တောင်ပေါ်တက်သွားကြရအောင်”

ကောကျူသည် အနည်းငယ်တွေဝေစွာဖြင့် 

“ဒါပေမဲ့ ကျန်းလော့ဆင်းလာတာနဲ့ ငါတို့တက်သွားတာနဲ့ လမ်းလွဲသွားမှာ ကြောက်တာ” 

ဤဖြစ်နိုင်ချေကိုလည်း ဖယ်ထားလို့မရသောကြောင့် သူတို့နှစ်ရက်တိတိ လျန်အိမ်မှာနေနေခဲ့ခြင်းဖြစ်သည်။ ယယ်ရွှင်က ပြောသည်။ 

“ဒါဆို ဒီမှာ တစ်ယောက်က စောင့်နေခဲ့ရင်ရော” 

ယယ်ရွှင်သည် ထရပ်လိုက်ပြီး ဝမ်ယမ်လန်ကို ခိုင်မာစွာကြည့်လိုက်သည်။ 

“ငါကတော့ ကျန်းလော့ကို သွားရှာမှာပဲ” 

တုံ့ဆိုင်းခြင်းကင်းစွာ သူတို့သည် လိုအပ်သည်များ ထုတ်ပိုးပြီးသည်နှင့် တောင်ပေါ်သို့ သုတ်ခြေတင်တော့သည်။ တောင်ပေါ်တွင် နှင်းများသည် တချို့နေရာများတွင် လူတစ်ဝက်လောက် နှစ်ဝင်သွားလောက်အောင် ထူထပ်နေသည်။ လုယုံရိတို့သည် ကံကောင်းစွာပင် သူတို့အားလုံးသည် ကျန်းမာသန်စွမ်းကြပြီး အားနည်းသူမပါပေ။ 

နှစ်နာရီကြာအောင် တက်သွားကြပြီးနောက် ကျိုးကျုံးချိုးသည် ဟိုကြည့်သည်ကြည့်ကြည့်လိုက်သော်လည်း နေရာတိုင်းသည် ဖြူဖွေးနေသည်။ သူမသည် ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်၍ သူမ၏ စိုးရီမ်ကြောင့်ကျမှုများကို ချထား၍ အားတင်းကာ ဆက်လျှောက်သည်။ 

တာအိုဆရာတော်ဝေ့ဟယ်နေထိုင်သော အိမ်တော်တွင် အစီအရင်တစ်ခုရှိနိုင်သည်။ သူတို့သည် ထိုနေရာကို ရှာချင်လျှင် ကံကိုယုံပြီးသာ ကြိုးကြိုးစားစားရှာရမည်ဖြစ်သည်။ 

“ကျုံးချိုး မင်းက လျန်အိမ်တော်နဲ့ ရင်းနှီးတယ်မလား လျန်ရွှီနဲ့ဆို သူငယ်ချင်းကောင်းတောင် ဖြစ်နေသေးတာ ”

လုယုံရိသည် ချွေးစို့ပြီး မောပန်းစွာမေးသည်။ 

“တာအိုဆရာတော် ဝေ့ဟယ်က ဘယ်လိုလူမျိုးလဲ ကျန်းလော့က သူနဲ့တွေ့ရင် တကယ်ကြီး အန္တာရာယ်ရှိနိုင်တာလဦး” 

သူတို့သည် သုဘရာဇာ၏ စကားများကြောင့်သာ ကျန်းလော့ အန္တာရာယ်ထဲ ကျရောက်နေမှန်းသိရပြီး မည်သည့်အန္တာရာယ်မျိုး ကျရောက်နေမှန်းတော့ မသိတာမို့ ခန့်မှန်းကြည့်ကြရုံသာ တတ်နိင်သည်။ 

“ဝေ့ဟယ်လား သူက အရမ်းကို ကာကွယ်တတ်တဲ့ အကြီးအကဲ တစ်ယောက်ပါပဲ” 

ကျိုးကျုံးချိုးသည် ထူးဆန်းသော မျက်နှာထားနှင့် ပြောလိုက်သည်။ 

“ငါအထက်တန်းကျောင်းမှာတုန်းက ငါက ငါ့ပုံစံနဲ့ငါနေခဲ့တာ တခြားသူတွေက ကောင်မလေးချောချောလေးတွေ ကောင်လေးတွေကို ဖလစ်ကြတာပေါ့ ဒါပေမဲ့ ငါက သူများနဲ့ မတူဘူးထင်ပါတယ် ငါက သရဲမလေးတွေကိုပဲ လိုက်ဖလစ်နေခဲ့တာ အဲ့တုန်းက ငါတော်တော်ဆိုးခဲ့တာ ငါက သရဲတွေနဲ့ပဲ အဆင်ပြေတယ်ဆိုပြီး သက်သေပြဖို့လုပ်တော့ ငါသေတော့မလိုတောင် ဖြစ်သွားသေးတယ် တစ်ချိန်တုန်းက အဆောင်မှာ ကြိုးဆွဲချသေသွားတဲ့ သရဲမတစ်ကာင်ကိုတွေ့ခဲ့တယ် ကောင်မလေးက အရမ်းကို အပြစ်ကင်းတဲ့ပုံစံလေးမို့လို့ မထိန်းနိုင်ဘဲ စကားသွားပြောမိတယ် အဲ့မှာ သူမက ငါ့နောက်လိုက်တော့တာပဲ” 

သူမသည် စိတ်ရှုပ်ထွေးနေသော အတိတ်ကိုပြန်သတိရသည့် အကြည့်များပေးလာကာ 

“သရဲမက ငါ့အိမ်ထိလိုက်လာပြီး ငါ့ကောင်မလေးလုပ်ဖို့ ဇွတ်အတင်းလိုက်ပြောနေတာ ငါ့ဘေးမှာ ရှိတဲ့ မိန်းကလေးတိုင်းကိုသဝန်တိုလာတယ် လျန်ရွှီက အဲ့ဒီသရဲမကြောင့် သေတော့မလိုဖြစ်သွားခဲ့တာ အဲ့အကြောင်းကို တာအိုဆရာတော် ဝေ့ဟယ်လဲ သိသွားရော သူက ချက်ချင်း ငါ့အိမ်ရောက်လာတယ်” 

ကျိုးကျုံးချိုးသည် တုန်ယင်နေပြီး 

“သူက အဲ့ဒီသရဲမကို အိမ်သာထဲတန်းဆွဲခေါ်သွားပြီး အိမ်သာခွက်ထဲနှစ်ချပစ်လိုက်တာ သရဲမက ထွက်ပြေးဖို့လုပ်ပေမဲ့ သူက သူမကို ခွက်ထဲအသေဆွဲနှစ်ထားတာ ............... နောက်ဆုံးသူမကို လျန်အိမ်တော်က ထျန်ပိရေကန်ထဲမှာ ပြန်တွေခဲ့တယ် သူမကိုထျန်ပိရေကန်ထဲကရေနဲ့ နေ့တိုင်း ရေချိုးခိုင်းတယ် ရေပမာဏကို သေချာထိန်းချုပ်ထားတော့ ရေစင်ကြောင့်သူမ မသေသွားနိုင်ဘူး သူမက အရမ်းကို နာကျင်နေခဲ့တာ အဲ့လောက်နဲ့ ပြီးသွားတယ် ထင်လား မပြီးသေးဘူးဟ” 

“သုံးလကြာတော့ ငါလျန်ရွှီကိုတွေ့ဖို့ လျန်အိမ်တော်ကို သွားလည်တော့ သရဲမက အသက်ရှိတုန်းဆိုတာ တွေ့လိုက်ရတဲ့ အပြင်ကို သူမက လုံးဝ ထာဝရအသက်ရှင်တဲ့သူလို ပြောင်းလဲနေတာ ငါသူမကို ငါ့မျက်စိရှေ့တင် နေရောင်ထဲပြေးထွက်သွားပြီး ကမ္ဘာကြီးငြိမ်းချမ်းဖို့ သူမကိုယ်သူမ စတေးမယ်ဆိုပြီး လိုလိုချင်ချင်သတ်သေသွားတာကို မြင်လိုက်ရတာ သူမပြောခဲ့တာ သူမလို မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ဖြစ် လျော့သွားရင် ကမ္ဘာကြီးက လူတွေပိုပြီး နေလို့ကောင်းလာမှာတဲ့”  

 ယယ်ရွှင်သည် သေချာနားထောင်ပြီး တွေးမိကာ 

“ဦးနှောက်ဆေးတာနဲ့ တူသလိုပဲ” 

ကျိုးကျုံးချိုးသည် ပုခုံးတွန့်လိုက်ပြီး 

“ငါလည်း အမြဲတမ်း လျန်အိမ်တော်ရဲ့ ရေစင်က တစ္ဆေသရဲတွေကိုတောင် ဦးနှောက်ဆေးနိုင်တဲ့ ဂုဏ်သတ္တိရှိနေတယ် ထင်ခဲ့တာ ” 

ထိုစကားများသည် လျန်ရွှီရှေ့တွင် ဘယ်တုန်းကမှ မပြောရဲခဲ့သော စကားများဖြစ်သည်။ 

ထန်ပိသည် သူတို့ပြောသမျှကို တိတ်ဆိတ်စွာ နားထောင်နေသည်။ ထိုအချိန်တွင် သူ့နှာခေါင်းသည် ရုတ်တရက် ရှုံ့ပွရှုံ့ပွဖြစ်လာကာ အနောက်မြောက်ဘက်သို့ ကြည့်လိုက်သည်။ 

“လုယုံရိ” 

သူကပြောသည်။ 

“သွေးနံ့ရတယ်” 

လူတစ်စုသည် ချက်ချင်း သတိအနေအထားဖြစ်သွားပြီး သူ့ကို စိတ်ပူသော မျက်ဝန်းများဖြင့် ဝိုင်းကြည့်နေကြသည်။ လုယုံရိသည် အလောတကြီး ပြောလိုက်သည်။ 

“ဘယ်နားမှာလဲ” 

ထန်ပိက ပြောသည်။ 

“ငါ့နောက်လိုက်ခဲ့ကြ” 

သူသည် ရှေ့က ထွက်သွားပြီး သူတို့အားလုံးသည် နှင်းထုကြားတွင် ထန်ပိနောက်သို့ ခပ်သွက်သွက်လိုက်ကြသည်။ ထန်ပိသည် သွေးနံ့ရသောနေရာတည့်တည့်သို့ လျှောက်သွားသည်။ သူတို့ထိုနေရာရောက်သောအခါ အဖြူရောင်နှင်းအလွှာလိုက်ပြန်ဖုံးထားတာတောင် နီရဲနေသေးသော သွေးကွက်ကြီးကို တွေ့လိုက်သည်။ မြင်ရုံနှင့်ပင် သွေးများ မည်မျှများမှန်း သိနိုင်သည်။ 

ထန်ပိသည် ထိုသွေးများ မည်သူဟာမှန်း အနံ့ခံပြီးဖြစ်သော်လည်း သေချာအောင် လက်မြှောက်လိုက်ပြီး နှင့်းပွင့်နီနီများကို ပါးစပ်ထဲထည့်ကြည့်လိုက်ကာ မတ်တပ်ရပ်၍ ပြောလိုက်သည်။ 

“ကျန်းလော့သွေးတွေပဲ” 

လုယုံရိသည် အသက်အောင့်ထားမိလိုက်သည်။ 

‘ဒီလောက်သွေးတွေ အများကြီးထွက်ရအောင် ဘယ်လိုဒဏ်ရာမျိုး ရခဲ့လို့လဲကွာ’ 

သူသည် အထိတ်တလန့်ဖြစ်သွားပြီး အလောတကြီးပြောလိုက်သည်။ 

“ဒါဆိုလဲ အနံ့ခံကြည့် ကျန်းလော့ဘယ်ရောက်နေလဲ အခု အနံ့ခံကြည့်လို့” 

ထန်ပိသည် အနံ့ခံနေပြီးဖြစ်သည်။ 

အပူချိန်နိမ့်နိမ့်သည် အနံ့များပျံ့နှံ့မှာကို လျော့ချပေးသည်။ တောင်ပေါ်တွင် လေငြိမ်နေသော်လည်း အနည်းငယ် အနံ့ခံလို့တော့ရနေဆဲဖြစ်သည်။ လေငြိမ်နေတာရယ် အပူချိန်လျော့ကျမှုသည် ထန်ပိ၏ အနံ့ခံအာရုံကို သက်ရောက်မှုရှိပြီး လေတစ်ချက်တိုက်တိုင်း ရနံ့တည်နေရာကို သေချာရှာကြည့်နေသည်။ သူသည် အနံ့ရလိုက်ပုံဖြင့် စတင်ပြီး တခြားဘက်သို့ လှည့်၍ အမြန်လျှောက်သွားသည်။ 

သူ့နောက်မှလူများသည်လည်း မြန်မြန်သွက်သွက်လိုက်လာကြသည်။ ထန်ပိသည် သူ့ခေါင်းထဲမှ ပြောလိုက်သည်။ 

“ဟွာပိ” 

ဟွာပိသည် သေသည်အထိ အနိုင်ကျင့်ခံခဲ့ရသော အာဃာတကြီးမားသော မြေခွေးတစ်ကောင်ဖြစ်ပြီး သူ၏ အစွမ်းမှာ ခေါင်းထဲမှ တခြားတစ်ယောက်နှင့် ဆက်သွယ်လို့ရခြင်းဖြစ်သည်။ မကြာခင်တွင် အေးစက်စက် ဟွာပိ၏အသံကို ကြားလိုက်ရသည်။ 

“ဘာကိစ္စ” 

ယခု ကျန်းလော့အပေါ်ထားသည့် သခင်ဖြစ်သူ၏ သဘောထားကို သူမသိသောကြောင့် ထန်ပိသည် ဤကိစ္စကို သခင်ဖြစ်သူကို ပြောသင့်မပြောသင့် စဉ်းစားနေသည်။ အံ့ဩစရာကောင်းစွာပင် သူသည် သခင်ဖြစ်သူမှ ကျန်းလော့ အားနည်းနေချိန်ကို အခွင့်ကောင်းယူ၍ သတ်ပစ်လိုက်မည်ကို မလိုလားပေ။ 

သူ့အတွေးများသည် မူမှန်မနေတော့ပေ။ သူသည် အားတင်း၍ ပြောလိုက်သည်။ 

“သခင်နဲ့အတူတူရှိနေလား” 

“အင်း ငါတို့ ဂူထဲမှာ သခင်နဲ့ရှိနေတာ” 

ဟွာပိ၏အသံသည် အနည်းငယ် ခက်ထန်လာသည်။ 

“လူသားက ဘာပြောလွတ်လိုက်တယ်မသိဘူး သခင်က တနေ့လုံး ခနခန ငေးငိုင်နေတာပဲကွာ သခင်စိတ်နဲ့ကိုယ်နဲ့မကပ်တာ အကြာဆုံးက တစ်နာရီကျော်တွယ်ဟ ငါတို့သခင့်အုတ်ဂူထဲဝင်လာတုန်က သခင်က ခေါင်းတလားကို ကြည့်ပြီး “ကျန်း...” ဘာဆိုလား အဲ့စကားပဲ ထပ်ကာထပ်ကာ ရွတ်နေတာ သူဘာမှထုတ်မပြောရင်တောင် အဲ့ဒီလူသားနာမည်ကို ခေါ်နေတာမှန်း ငါသိတယ်၊ အဲ့ဒီလူသား သခင့်ခေါင်းထဲကို ဘယ်လိုဟာတွေ ရိုက်သွင်းလိုက်တယ် မသိဘူး သခင်က လုံးဝကို တခြားလူတစ်ယောက်လို ပြောင်းလဲသွားတာပဲ” 

ဒီတိုင်းဆို သခင်က ကျန်းလော့ကို မသတ်လောက်သေးဘူး 

ထန်ပိသည် စိတ်သက်သာရာရသွားပုံဖြင့် ပြောလိုက်သည်။ 

“သခင့်ကို ကျန်းလော့ ဒဏ်ရာရသွားတယ်လို့ ပြောပေး” 

ဟွာပိသည် လူသား၏သတင်းကို ကြားသောအခါ စိတ်တိုသွားသော်လည်း ကျန်းလော့ဒဏ်ရာရနေသည်ဆိုသောအခါ ဒေါသမဟုတ်သော ရှုပ်ထွေးသော ခံစားချက်တစ်မျိုး ခံစားလို်ကရသည်။ ထို့နောက် မမေးဘဲ မနေနိုင်စွာ မေးလိုက်သည်။ 

“ဒဏ်ရာပြင်းလား” 

“ငါမသိသေးဘူး” 

ထန်ပိက ပြောသည်။ 

“အခုထိ လိုက်ရှာနေတုန်းပဲ” 

ဟွာပိဘက်မှ ဘာမှပြောသံမကြားရတော့ပေ။ ထန်ပိသည် စကားပြောလို့ပြီးသွားပြီဟု ထင်လိုက်သော်လည်း နှစ်လှမ်းလောက်သွားလိုက်ပြီး ရုတ်တရက် ကြောက်စရာကောင်းသော ဟွာပိ၏အသံကို ကြားလိုက်ရပြန်သည်။ 

“ထန်ပိ ကျန်းလော့ကို ရှာတွေ့ရင် ငါ့ကို အရင်လာပြောနော် သေချာပေါက် အရင်ပြောနော်” 

“ငါသိပြီ” 

လေတိုက်ရာအရပ်သည် ပြောင်းလဲသွားပြန်သည်။ 

အေးစက်နေသော လေထုထဲမှ သွေးနံ့သည် ပြင်းထန်လာသောကြောင့် ထန်ပိသည် အရှိန်ကို မြင့်လိုက်သည်။ 

သူတို့နီးလာလေလေ သွေးနံ့ပိုရလေဖြစ်သည်။ ထို့အပြင် မြေပြင်ပေါ်တွင် ခြေရာများသည်လည်း ရှင်းရှင်းလင်းလင်း မြင်လိုက်ကြရသည်။ 

လုယုံရိသည် မြေပြင်ပေါ်မှ ခြေရာများကို မြင်သောအခါ စိုးရိမ်စိတ်များ ပြင်းထန်လာသည်။ သူသည် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်ပြီး ရုတ်တရက် အေးခဲသွားသည်။ 

“ရှေ့နားမှာ လူတစ်ယောက်ဖြတ်သွားနေတယ်” 

ယယ်ရွှင်သည် မျက်လုံးကို မှေးလိုက်ပြီး အဝေးသို့ကြည့်ကြည်လိုက်ရာ သူ့မျက်နှာသည် ဖြူဖျော့သွားပြီး 

“အဲ့ဒါ ကျန်းလော့ပဲ” 

အုပ်စုလိုက်ကြီးသည် မီတာတစ်ဒါဇင်ကျော်လောက်ကို ဆယ်စက္ကန့်လောက်နှင့် ရောက်ဿွားကြသည်။ လူလေးငါးခြောက်ယောက်သည် အမြန်ပြေးနေကြပြီး မည်သူမှ နောက်ကောက်ကျမကျန်နေပေ။ သူတို့သည် သတိလစ်နေသော လူနားသို့ အတူတူရောက်သွားကြသည်။ 

သတိလစ်နေသော သူမှာ တကယ်ကြီး ကျန်းလော့ဖြစ်နေသည်။ ကျန်းလော့သည် ဘောလုံးတစ်လုံးလို ကွေးနေပြီး သူ့ရှပ်အင်္ကျီဘေးဘက်သည် နှင်းများကြောင့် စိုရွှဲနေသည်။ သူ့မျက်နှာသည် နီရဲနေကာ သူ့ဆံပင်များသည် ရှုပ်ပွနေပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ သူ့နှုတ်ခမ်းများသည် သွေးမလျှောက်တော့ပဲ ခရမ်းပုတ်ရောင်ဖြစ်နေသည်။ လုယုံရိသည် သူ့ကို ဂရုတစိုက် ဆွဲထူလိုက်သည်။ ခွမ့်ကျိန်းသည် ချက်ချင်း သူဝတ်ထားသော ဂျက်ကတ်ကို ချွတ်ကာ ကျန်းလော့ကို ခြုံပေးလိုက်ပြီး သူတို့သည် တီးတိုးခေါ်လိုက်သည်။ 

“ကျန်းလော့ ကျန်းလော့ ကျန်းလော့” 

ကျန်းလော့၏ မျက်တောင်များ လှုပ်ခတ်လာသည်။  

ကျိုးကျုံးချိုးသည် အသံနိမ့်နိမ့်ဖြင့် ကျိန်ဆဲလိုက်ပြီး 

“ကောကျူကို ငါတို့နဲ့ ခေါ်လာခဲ့သင့်တာ ဒီမှာ ဆေးပညာတတ်တဲ့သူရော တိုက်စရာဆေးရော ပါမလာဘူး သူဆိုရင်အနည်းဆုံး သွေးကြောစမ်းပေးပြီး တစ်ခုခုလုပ်ပေးနိုင်လောက်မှာ” 

ဝမ်ယမ်လန်သည် လက်မြှောက်လိုက်ပြီး ကျန်းလော့နဖူးကို ထိလိုက်သည်။

“ပူလိုက်တာ” 

ကျန်းလော့မျက်ခွံများသည် လှုပ်ခတ်သွားပြန်ပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်ရာ သူ့ဘေးပတ်လည်တွင် ဝိုင်းထိုင်နေကြသော လူများကို အံ့ဩစွာ ကြည့်လိုက်သည်။ 

“မင်းတို့ပါလား” 

သူသည် တကယ်တော့ လုံးဝကြီး သတိလွတ်နေတာ မဟုတ်ပေ။ သူ့နောက်သို့ တစ်ယောက်ယောက်လိုက်လာနေသလို ခံစားမိသောကြောင့် ပုန်းစရာနေရာလဲ မရှိသောကြောင့် သူ့နောက်ဘာလိုက်လုပ်လဲ သိချင်သောကြောင့် သတိလစ်နေဟန်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

သူနိုးလာသည်နှင့် လူများသည် စိတ်လျော့သွားကာ သက်ပြင်းချလိုက်ကြသည်။ ဝမ်ယမ်လန်သည် အလောသုံးဆယ်ပြောလိုက်သည်။ 

“တောင့်ထားဦး ငါတို့မင်းကို တောင်အောက်ခေါ်သွားမယ်” 

“ငါတောင်အောက် ဆင်းသွားလို့မရဘူး” 

ကျန်းလော့သည် အားလျော့စွာပြောလိုက်သည်။ 

“ငါက ဒီတိုင် လမ်းလျှောက်ထွက်လာတာရယ် တောင်ထိပ်မှာ အစီအရင်တစ်ခုရှိတယ်က သရဲနံရံကြီးလိုပဲ ဝင်လို့ပဲရမယ် ထွက်လို့မရဘူး ဒီနေရာထိဆင်းလာပြီး ပိုဝေးဝေးသွားလိုက်ရင် တောင်ထိပ်ကို ပြန်ရောက်သွားရော” 

“ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ” 

ယယ်ရွှင်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ 

“မင်း ရှောင်ဖန်းကို ကြိုးစားကြည့်စေချင်လား” 

“မင်းတို့ပြန်ကြတော့ တာအိုဆရာတော် ဝေ့ဟယ်နေတဲ့ နေရာ ငါသိတယ်” 

ကျန်းလော့သည် လုယုံရိကို လက်ဟန်ခြေဟန်ပြပြီး သူ့ကို ဆွဲထူစေကာ သူ့မျက်လုံးများသည် ကျိုးကျုံးချိုးနောက်မှ ထန်ပိမျက်နှာပေါ်သို့ ရောက်သွားသည်။ 

“မင်းတို့ ဘယ်လိုဖြစ်လို့ ငါ့ကို လာရှာကြတာလဲ” 

ဝမ်ယမ်လန်က ပြောသည်။ 

“အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က  မင်းဆီကို တစ်ခုခုယူသွားပေးဖို့ပြောလို့လေ” 

သူသည် အိတ်ထဲမှ နားဆွဲကို ထုတ်၍ ကျန်းလော့ကို ပေးကာ သုဘရာဇာပြောခဲ့သော စကားများကို အကုန်ပြန်ပြောပြလိုက်သည်။ ကျန်းလော့သည် နားဆွဲကို ယူပြီး လက်ဖဝါးထဲ ဆုပ်ကိုင်ထားလိုက်ကာ သုဘရာဇာက သူ့ကို ထျန်ပိရေကန်တွင် ဆေးကြောစေချင်တာလား သိချင်လာသည်။ 

သို့သော် အသုဘပစ္စည်းအရောင်းဆိုင်ပိုင်ရှင်၏ စကားများသည် အမှန်တကယ် ယုံကြည်ဖို့ ထိုက်တန်ပါရဲ့လား

ဤနားဆွဲတစ်စုံက သူ့ကို နာကျင်စေမည်လား 

ကျန်းလော့သည် လှုပ်ရှားမှု တစ်ခုလေးတောင် မလုပ်ဘဲ နားဆွဲကို သိမ်းလိုက်ကာ တွေးရင်း ပြောလိုက်သည်။ 

“သူပြောတာ တရားစီရင်ရေးနေ့က ဆယ်ရက်အတွင်းလို့ပြောတာ ဟုတ်လား အခုနဲ့ဆို ဘယ်နှစ်ရက်ကျန်သေးလဲ” 

ဝမ်ယမ်လန်က ပြောလိုက်သည်။ 

“ခုနှစ်ရက်” 

‘ခုနှစ်ရက်’ 

အကယ်၍ ကျန်းလော့သာ ဤခုနှစ်ရက်သည်းခံနိုင်လျှင် ဤအကြောင်းပြချက်ကို သုံး၍ တောင်ပေါ်မှ ထွက်နိုင်လိမ့်မည်ဖြစ်သည်။ ထိုအကြောင်းပြချက်ဖြင့် သူထွက်သွားလျှင် လျန်မျိုးနွယ်များနှင့် ကံကြမ္မာယုံသူတို့ တုံ့ပြန်ပုံကိုလည်း သိရမည် ဖြစ်သည်။ 

သို့သော် ဤခုနှစ်ရက်ကို မည်သို့ တောင့်ခံရမည်နည်း 

သုဘရာဇာ၏ စကားများသည် မရေရာကာ သဲကွဲမှုမရှိပေ။ ကျန်းလော့သည် သူ့ကို မယုံကြည်ပေ။ သူသည် မျှော်လင့်ချက်အလုံးစုံကို ဘာမှန်းမသိသော နားဆွဲတစ်စုံပေါ်တွင် ပုံအောမထားရဲပေ။ တကယ်တမ်းတွင်လည်း သူသည် ကျိယောင်ဇီကို ကောင်းကောင်းမသိပေ။ 

ထို့ကြောင့် ကျန်းလော့သည် သူ့အတွက် သေချာသော လွတ်လမ်းတစ်ခုရှာထားရမည်ဟု တွေးလိုက်သည်။ 

သူ့မျက်လုံးသည် ထန်ပိပေါ်သို့ ရောက်သွားပြန်သည်။ ထန်ပိမှတ်ဉာဏ်ပြန်ရသွားပြီဆိုတာကို ကျန်းလော့သိတာကြာပြီဖြစ်သည်။ ထန်ပိသည် သူငယ်ချင်းများကို သစ္စာရှိသော အရူးလေးမဟုတ်တော့ပေ။ သို့သော် ထန်ပိသည် စီဝမ်ကွေးတစ်ကောင်အဖြစ် သူတို့နားမှာဆက်နေခဲ့သည်။ 

ချီယုံသာ နောက်ကွယ်မှ အမိန့်ပေးမထားဘဲ သူ့သဘောနှင့်သူနေနေတာလို့တော့ ကျန်းလော့မယုံပေ။ 

ကျန်းလော့၏ စိတ်အစဉ်သည် ထန်ပိ ချီယုံ့ကိုခေါ်လာပေးအောင် လုပ်ဖို့ အတွေးဝင်သွားသည်။ သူ့စိတ်သူ ထိန်းချုပ်ရန် ချီယုံ့ကို မြင်နေတွေ့နေရဖို့လိုသောကြောင့်  ချီယုံကို အသုံးချရန် စိတ်ကူးလိုက်သည်။ 

သို့သော် မကောင်းဆိုးဝါးကို အသုံးချခြင်းသည် နှစ်ဦးနှစ်ဖက် ရှုံးနိမ့်စေမည့် သားရိုင်းကောင်ကြီးနှင့် သက်ပုတ်ရတာထက်တောင် ခက်ခဲနေသေးသည်။ ကျန်းလော့၏ ခံစားချက်များသည် ထူးဆန်းနေပြီး ရောထွေးနေသည်။ 

ဒေါသထွက်ခြင်းနှင့် ရူးသွပ်ခြင်းတို့ အချိန်မရွေးပွင့်ထွက်နိုင်သော စိတ်မမှန်သည့်  မကောင်းဆိုးဝါးကိုမှ မျှော်လင့်နေမိသည်။ သူ့ကိုယ်သူ မကျေနပ်မိသော်လည်း မကောင်းဆိုးဝါးကို လွှမ်းမိုးချင်နေသေးသည်။ အကယ်၍ မကောင်းဆိုးဝါးကို ဒီတစ်ခေါက် အသုံးပြုခဲ့လျှင် သူတို့နောက်တစ်ခေါက် အိပ်ရာထဲသို့ ရောက်သွားနိုင်သည်ကို သူနားလည်ထားသည်။ 

အဘယ့်ကြောင့်ဆိုသော် မှန်လောကထဲမှ ထွက်လာတုန်းက ချီယုံပြောခဲ့သော ကိစ္စမှာ ................. လူးလိမ့်ဖို့ ဖြစ်သောကြောင့်ပင်။ ကျန်းလော့သည် ထိုအကြောင်းတွေးရင်း တောင်ပေါ်မှ လျန်အိမ်တော် အဝင်ပေါက်ဆီသို့ လျှောက်သွားသည်။ 

တစ်ဘက်တွင် သူ့ခန္ဓာကိုယ်သည် သေခြင်း၏ ခြိမ်းခြောက်မှုကို တောင့်မခံနိုင်တော့ပေ။ သူ့အသိစိတ်ကို စုစည်းထားရန် ပြင်းထန်သော နည်းလမ်းများသုံးဖို့ သူ့ခန္ဓာကိုယ်က လက်မခံနိုင်အောင် အားနည်းနေပြီဖြစ်သည်။ 

တစ်ခြားတစ်ဘက်တွင်လည်း သူသည် တောင်ပေါ်မှ ထွက်မသွားနိုင်ဘူးဆိုထဲက ကျိယောင်ဇီ သု့ကို နားဆွဲပေးရသည့် အကြောင်းအရင်းကို ဖော်ထုတ်ရမည်။ တာအိုဆရာတော် ဝေ့ဟယ်နှင့် ကံကြမ္မာယုံသူတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲရယ် ကျန်းလော့က မည်သည့်နေရာတွင် ဝင်ရောက်သရုပ်ဆောင်နေရာသည်ကို ရှာဖွေရမည်။ 

မကောင်းဆိုးဝါးတစ်ယောက်ထဲကသာလျှင် သူ့စိတ်ဆန္ဒများကို နှိုးဆွပေးနိုင်ပြီး ခံစားချက်ကင်းမဲ့သည့် အနေအထားမှ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်မည်ဖြစ်ပြီး သူစိတ်ကိုပုံမှန်အတိုင်းထိန်းသိမ်းထားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ 

ကျန်းလော့သည် သူ့အတွေးအခေါ်များဖြင့် ပိတ်မိနေပြီး မကောင်းဆိုးဝါးလိုချင်သော လမ်းကြောင်းပေါ်သို့ ရောက်မှန်းမသိ ရောက်သွားသည်။ 

သို့သော် သူချီယုံ့ကို တစ်ခါပြောဖူးသည်မှာ “တစ်ခေါက်ထဲပဲ” ဟူ၍ ဖြစ်သည်။ 

အစတုန်းက ကျန်းလော့သည် မှန်လောကထဲမှ ထွက်လာသည်နှင့် ချီယုံ့ကို ကျောခိုင်းပစ်ရန် ကြံစည်ထားပြီး သူနှင့် နောက်တစ်ကြိမ်အိပ်ချင်နေသည့် ထိုမကောင်းဆိုးဝါးကို သင်ခန်းစာပေးဖို့ ပြင်ဆင်ထားခဲ့သည်။ 

သို့သော် ယခုတွင်တော့.................. 

ကျန်းလော့သည် စုတ်သပ်လိုက်သည်။ သူသည် အချိန်အခါကို လိုက်၍ လိုက်လျောညီထွေနေရမည်ကို မသိသူမဟုတ်ပေ။ သူဆေးမိတုန်းက မကော်ငးဆိုးဝါးနှင့် အိပ်လိုက်ရန် မကောင်းဆိုးဝါးကို သူကအရင်သွားရှာသည်ကို ကြည့်လျှင် သူသည် အကျိုးသင့် အကြောင်းသင့် တွေးခေါ်တတ်သူမှန်း သိနိုင်ပါသည်။ သူ့ကိုသာ ပျော်ရွှင်တက်ကြွလာစေမည်ဆိုလျှင် သူသည် ဘာပဲလုပ်ရလုပ်ရ အဆင်ပြေသော်လည်း ကျန်းလော့သည် မကောင်းဆိုးဝါးကို သူ့ကိုလွယ်သည်ဟု မြင်သွားမှာကို မလိုချင်ပေ။ 

ကျန်းလော့သည် သူအမှန်တကယ် အိပ်ဖို့လိုနေလျှင်တောင် မကောင်းဆိုးဝါးကို သူတကယ်လိုချင်နေကြောင်း ဘယ်တော့မှ ပြမည်မဟုတ်ပေ။ သို့သော် သူသည် ထျန်ပိရေကန်ကြောင့် ဒုက္ခများနေရပြီဖြစ်သည်။ 

ယခုအချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်သော အဖြစ်မှ သာမန်သူလိုငါလို လူမျိုး ဖြစ်သွားပြီဖြစ်သည်။ အဘယ့်ကြောင့် သူထိုသို့သော သာမန်လူဖြစ်သွားကြောင်း သိလဲဆိုလျှင် သူသည် ချီယုံ တစ်ခုခု ဖြစ်သွားမည်ကို အတွေးနဲ့တောင် မတွေးကြည့်နိုင်တော့သောကြောင့် ဖြစ်သည်။ 

‘ဒါကြီးက အရမ်းကြောက်ဖို့ကောင်းတယ်’ 

တစ်စက္ကန့်လောက်တွေးပြီးနောက် ကျန်းလော့သည် ရှေ့ဆက်မလျှောက်တော့ပဲ သူကသာ မကောင်းဆိုးဝါးနှင့် ပတ်သက်ပြီး တစ်ခုခုကို အရင်လုပ်ရန် တွေးလိုက်သည်။ မကောင်းဆိုးဝါး သူ့ဆီရောက်လာအောင် အရင်ဖြားယောင်းရမည်။ ပြီးလျှင် ချီယုံ သူ့ကို အဲ့တာလုပ်ဖို့ တောင်းဆိုလာအောင်လည်း  မြူဆွယ်ရမည်။ 

ဤသို့သောနည်းလမ်းဖြင့် ကျန်းလော့သည် သူ၏ သိက္ခာသမာဓိရှိသော ပုံရိပ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး တည်ကြည်လေးနက်သည့် သူတော်ကောင်း ပုံရိပ်လေးဆက်လက်တည်ရှိနေအောင် ကျန်းလော့ ကြိုးစားရမည် ဖြစ်သည်။ 

ဘာပဲဖြစ်ဖြစ် အဲ့တာကို လုပ်ချင်တဲ့သူက မကောင်းဆိုးဝါးပဲ သူမဟုတ်ဘူး ပြီးတော့ သူက အဲ့တာကို မလုပ်ချင်လို့် ပတ်ပြေးနေတဲ့သူပဲလေ 

‘ဟုတ်တယ် ငါလေးက အပြစ်ကင်းတယ်’ 

ကျန်းလော့သည် အဘယ့်ကြောင့် သူ့ကိုယ်သူစကားတွေအများကြီးပြောပြီး အယုံသွင်းနေမှန်း မသိတော့ပေ။ သို့သော် ထိုသို့ စကားအများကြီးပြောခြင်းဖြင့် သူစိတ်အေးလာရသည်။ 

နောက်တစ်ဆင့်လုပ်ရမည်မှာ ချီယုံပေါ်လာအောင် မသိမသာ ဆွဲဆောင်ရမည်။ 

အစီအရင်သည် အလွန်အားကောင်းသည်။ မကောင်းဆိုးဝါး ချီယုံနှင့် ထန်ပိတို့ တောင်ပေါ်တက်လာနိုင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ထို့အပြင် အပြင်ဘက်မှာ အစစ်အမှန် အိပ်ခဲ့လျှင် သူ့ကိုယ်ပေါ်တွင် အမှတ်များ ကျန်ခဲ့မည်ဖြစ်ပြီး ချီယုံနှင့် အိပ်မက်ထဲမှာ တွေ့ခြင်းကသာ နှစ်ဦးနှစ်ဖက် အန္တာရာယ်ကင်းမည့် နည်းလမ်းဖြစ်သည်ဟု ကျန်းလော့တွေးမိသည်။ 

အားလုံးအဆင်သင့်ဖြစ်ပြီ 

‘ဒါပေမဲ့ ငါချီယုံရောက်လာအောင် ဘယ်လို ဆွဲဆောင်ရမလဲ’ 

ကျန်းလော့သည် မျက်လုံးမှေးလိုက်ပြီး အကြံတစ်ခုကို အသည်းအသန် တွေးတောနေသည်။ 

#######################