Ch 131
Viewers 8k

အပိုင်း (၁၃၁)


 မင်းကိုယ့်ကို ငြင်းဆန်ချင်နေတာလား

ချီထျန်သည် အကြိမ်ပေါင်းများစွာ နမ်းသော်လည်း အမျိုးသမီးသည် လုံးဝတုံ့ပြန်မှုမရှိပေ။ သို့သော် သူသည် ထိုအမျိုးတုံ့ပြန်ပြန် မတုံ့ပြန်ပြန်ဂရုမစိုက်ဘဲ သူ့လက်နှင့် ပေါင်ကိုသွားကိုင်လိုက်သောအခါ သူ့လက်တစ်ခုလုံး ရေထဲနှစ်လိုက်ရသလို ခံစားလိုက်ရသည်။ 

သူ့လက်ကို မြန်မြန်လွတ်လိုက်ပြီး ကြည့်ရင်း တွေးမိသည်မှာ 

‘ဒီခွေးမက ရေချိုးလာတာလား’ 

သို့သော် အခုချိန်ထိတိုင်အောင် ရေများ မည်သို့ စိုရွှဲနေနိုင်ပါမည်နည်း။ 

သူသည် ဂရုမစိုက်ဘဲ အမျိုးသမီး၏ခန္ဓာကိုယ်ကို ဆက်၍  ကိုင်တွယ်လိုက်သော်လည်း အမျိုးသမီး၏ ခန္ဓာကိုယ်မှ ရေများသည် ပိုများလာကာ အိပ်ရာခင်းများသည်ပင် သူမအောက်တွင် ရွှဲနစ်လာပြီဖြစ်သည်။ 

နောက်ဆုံးတွင် ချီထျန်သည် တစ်ခုခုမှားနေသလို ခံစားလာရသည်။ 

သူဆုပ်ကိုင်လိုက်တုန်းက အမျိုးသမီး၏ ခြေထောက်သည်အေးစက်နေသည်။ သူကြည့်လိုက်သောအခါ သူမခြေထောက်တွင် ခရမ်းပုတ်ရောင်အကွက်များသည် တစ်ကွက်ပြီးတစ်ကွက်ပေါ်လာကာ ဖြူဖွေးသော ခြေထောက်သည် စိမ်းဖန့်ဖန့်ဖြစ်လာသည်။ 

ခရမ်းပုတ်ရောင်...........

သေပြီးသားအလောင်းတွေမှာပဲ ဒါမျိုးရှိနိင်တာ............... 

ချီထျန်သည် အနည်းငယ်ကြောက်ရွံ့လာသော်လည်း ဤအမျိုးသမီးကို သူ့မိခင်က ခေါ်လာသောကြောင့် အရမ်းကြီးမကြောက်မိချေ။ သို့သော် စိတ်ဝင်စားမှုပျောက်သွားသောကြောင့် သူမကို မလုပ်ချင်တော့ပေ။ 

ချီထျန်သည် အမျိုးသမီးပေါ်မှ ထရန်ပြင်လိုက်သော်လည်း အမျိုးသမီး၏လက်များသည် သူ့ကို ချုပ်နှောင်ထားပြီးနေပြီ ဖြစ်သည်။ 

တောက်ပသော အနီရောင်လက်သည်းနီဆိုးထားသော လက်ချောင်းများသည် သူ့မျက်လုံးများကို ထိုးဖောက်လိုက်ပြီး သွေးထွက်လာစေသည်။ ချီထျန်၏ မျက်နှာသည် ရုတ်တရက်ပြောင်းလဲသွားကာ မွန်းကြပ်နာကျင်စွာ ခေါင်းမော့လိုက်ပြီး အမျိုးသမီး၏ မျက်နှာကိုကာထားသော ဦးထုပ်ကို ဆွဲဖယ်ပစ်လိုက်ရာ လှပသော မျက်နှာတစ်ခု ပေါ်လာသည်။ 

ချီထျန်သည် မည်သူမှန်းမမှတ်မိသော်လည်း ထိုမျက်နှာကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလို ခံစားရကာ ရုတ်တရက် ထုတ်ပြောလိုက်မိသည်။ 

“အား....” 

သူမုဒိန်းကျင့်ခဲ့သော အစေခံမိန်းကလေးဖြစ်နေပြီး မနေ့ညက မတော်တဆ သတ်ခဲ့မိကာ ရေကန်ထဲချခဲ့သော အစေခံဖြစ်နေသည်။ 

သူမကိုသူမှတ်မိသွားတာ သေချာသောအခါ အမျိုးသမီး၏ သွေးမရှိသော မျက်နှာသည် ရုတ်တရက်လှုပ်ရှားလာကာ ရက်စက်စွာ ပြုံးပြလာသည်။ သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ချီထျန့်လည်ပင်းကို ရုန်းမရနိုင်အောင် အားကုန်ညစ်ထားသည်။ ချီထျန်သည် အမျိုးသမီးကြောင့် နံရံတွင်ကပ်နေကာ အမျိုးသမီး၏ လက်သည် သူ့ကိုလည်ပင်းမှ ဆွဲမြှောက်ထားပြီး ချီထျန်ကို အိပ်ရာပေါ်မှ နံရံဆီသို့ ဆွဲကပ်ပစ်လိုက်သည်။ ချီထျန်သည် လေထဲတွင် တွဲလောင်းကျနေသည်။ 

ချီထျန်၏မျက်နှာသည် ပြာနှမ်းနေကာ အသက်ရှူကျပ်လာပြီး ‘ဟိုး ဟိုး’ ဟူသော အသဗံသာ ထွက်နိုင်တော့သည်။ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အမျိုးသမီးကို ပါးစပ်အပြည့်သွေးများမှုတ်ထုတ်လိုက်သည်။ အမျိုးသမီးသည် သွေးများကြောင့်နောက်ဆုတ်သွားကာ သူ့ကို ခက်ထန်သော ခွင့်မလွတ်နိုင်သော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။ 

ချီထျန်သည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ကျသွားပြီး မတုံ့ဆိုင်းရဲဘဲ အချုပ်ခန်းတံခါးကို တွန်းဖွင့်ကာ အပြင်ဘက်သို့ ကြောက်လန့်တကြားထွက်ခွာသွားတော့သည်။ 

သရဲမသည် သူ့နောက်သို့ ဆက်တိုက် လိုက်နေသည်။ ရုတ်တရက် သူ့အမေသူ့ကို ထိုင်စောင့်နေတာ မြင်သောအခါ ချီထျန်သည် အလွန်ကြောက်ရွံ့လာသည်။ သူ့ဆီသို့ သူ့ကို သတ်ချင်နေသော သရဲမတစ်ကောင်ခေါ်လာသော သူ့အမေကို ကျိန်ဆဲလိုက်သော်လည်း သူ့အမေကို ဆွဲပြီး ပြေးသည်။ 

သူ့မိခင်သည် နောက်မှ သရဲမကို လှည့်ကြည့်လိုက်ပြီး  မယုံနိုင်စွာ ပြောလိုက်သည်။ 

“သူမ သူမက” 

ချီထျန်သည်  သူ့အမေကို စိုက်ကြည့်လိုက်သည်။ ပြောချင်သည်မှာ ‘စကားမပြောနဲ့’ 

သူ့အမေသည် ကြောက်ရွံ့သွားပြီး ပါးစပ်ပိတ်ကာ ချီထျန်နှင့် လိုက်ပြေးနေသည်။ သို့သော် ချီထျန်သည် ခလုတ်တိုက်သွားပြီး ထောင့်တစ်ထောင့်သို့ သူမနှင့်အတူ လဲကျသွားတော့သည်။ 

အမေနှင့် သားသည် အချင်းချင်းဖက်ထားကြပြီး သူတို့ဆီလာနေသော သရဲမကို ကြောက်လန့်စွာ ကြည့်နေကြသည်။ ချီထျန်၏မျက်လုံးများသည် သူ့အမေကိုကြည့်၍ ရက်စက်စွာ တောက်ပသွားသည်။ 

သူ့အမေကို သရဲမဆီတွန်းပို့လိုက်လျှင် အသက်ရှင်ဖို့ အချိန်ဆွဲထားနိုင်မည်။ 

ဟုတ်သည် သူ့ထံတွင် နည်းလမ်းတစ်ခုကျန်သေးသည်။ 

သူ့ကို အလွန်ချစ်သော အမေသည် သူ့ကို အပြစ်မတင်လောက်ပေ။ သူနှင့်သူ့အမေ အန္တာရာယ်အကြီးကြီး ကြုံခဲ့စဉ် သူငါးနှစ်အရွယ်တုန်းက သူမလုပ်ခဲ့သည့်အတိုင်း သူ့ကို မြန်မြန်ပြေးဖို့ပင် ငိုကြွေးပြီးပြောနေလိမ့်မည်။ 

သူသည် သူ့အမေကို သရဲမဆီသို့ တွန်းထုတ်လိုက်သည်။ 

..................... 

သူသည် သူ့အမေကို ငါးနှစ်အရွယ်တုန်းကပင် သတ်ခဲ့သည်။ ချီထျန်သည် မွန်းကြပ်လာပြီး သူ့မိခင်ကို လှည့်ကြည့်လိုက်သည်။ သူ့မိခင်သည် သတ္တိကြောင်တကိုယ်ကောင်းဆန်စွာဖြင့် သူ့ကို အတင်းအကျပ်ဖက်တွယ်ထားသည်။ သူ့အမေ၏ ကြင်နာနွေးထွေးသော မျက်နှာတွင် အပြုံးတစ်ချက်လက်သွားပြီး တဖြည်းဖြည်းချင်း ပုတ်သိုးဆွေးမြေ့နေသော အလောင်းကောင်အဖြစ် ပြောင်းလဲသွားသည်။ 

သူမမျက်နှာရှိ သွေးသံရဲရဲ အသားစများသည် တစ်ဖဲ့ချင်းပဲ့ကျနေကာ ချီထျန့်လက်ထဲသို့ ရောက်လာသည်။ 

“အိုး မေ့သားလေး အမေ့ကို အန္တာရာယ်ထဲ တွန်းထုတ်ပြန်ပြီလား” 

ချီထျန့်လက်မောင်းများသည် တုန်ခါလာပြီး သူ့မျက်နှာသည် ကြောက်လန့်မှုကြောင့် ဖြူရော်လာကာ သူ့အမေကို လွတ်၍ သူမတို့နှင့် ဝေးရာသို့ လှိမ့်ပြေးသွားတော့သည်။ 

အလွန်ကြောက်ရွံ့နေကာ ကျောရိုးထဲမှ အေးစက်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ခါနေပြီးသေးများထွက်ကျကုန်သည်။ တကိုယ်လုံးနံစော်နေသော ချီထျန်သည် သူ့အနံ့သူ ဂရုမစိုက်နိုင်သေးပေ။ 

သူ့နောက်သို့ လိုက်နေသော သရဲမသည် နှစ်ကောင်ဖြစ်သွားပြီး ချီထျန်သည် ဘောင်းဘီထဲ သေးပေါက်ချထားကာ သူ့မျက်နှာတစ်ပြင်လုံး မျက်ရည်များနှပ်များဖြင့် ပေပွနေသည်။ သူပြေးနေသောလမ်းတွင် ရဲအရာရှိတစ်ယောက်သည် စိုးရိမ်စွာ လက်ယမ်းပြနေပြီး 

“ဒီဘက်ကိုလာ ရဲစခန်းက မလုံခြုံတော့ဘူး ငါတို့ထွက်သွားမှ ဖြစ်မယ်” 

ချီထျန်သည် ကောက်ရိုးတစ်မျှင်တွေ့သကဲ့သို့ အရာရှိ၏ဘေးသို့ အမြန်ပြေးလာသည်။ အရာရှိသည် သူ့လက်ထဲမှ သော့ကိုကိုင်ကာ တံခါးဘက်သို့ ဦးဆောင်ပြေးသွားသည်။ 

ကော်ရစ်တာတစ်ခုလုံသည် တိတ်ဆိတ်နေကာ အရာရှိက ရုတ်တရက်ပြောလိုက်သည်။

“ကျုပ်မင်းကို ဇာတ်လမ်းတစ်ပုဒ်ပြောပြပါရစေ” 

ချီထျန်သည် တစ်စက်ကလေးမှ နားထောင်မနေချင်ပေ။ သို့သော် တိတ်ဆိတ်နေတာက ပိုကြောက်စရာကောင်းသောကြောင့် အရာရှိပြောသမျှကို နားထောင်နေလိုက်သည်။ 

အရာရှိသည် သူ့ကို တိုတောင်းသော တစ္ဆေသရဲဇာတ်လမ်းတစ်ပုဒ်ပြောပြကာ ထိုအကြောင်းကိုနားထောင်ပြီးသည်နှင့် ချီထျန်သည် တုန်ရင်လာပြီး သူ့ဖနဖူးပေါ်မှာ ချွေးအေးများစိးရကျလာသည်။ ထို့ကြောင့် သူသည် အရာရှိကို မပြောဖို့ မတားလိုက်ရသည်ကို နောင်တရနေတော့သည်။ 

တစ္ဆေသရဲဇာတ်လမ်းသည် ကြောက်စရာကောင်းကာ အဓိကဇာတ်ဆောင်သည် သူ့ကိုယ်သူသေသည်အထိ ပြန်စားလိုက်သည် ဆိုသောကြောင့် ချီထျန်သည် ထိုအကြောင်းတွေးမိရုံနှင့်ပင် တုန်ယင်လာတော့သည်။ 

သူတို့သည် ပြောရင်း အရှေ့တံခါးဆီသို့ ပြေးနေကြသည်။ အရာရှိသည် သော့ကို ဆွဲထုတ်လိုက်ကာ တံခါးဖွင့်လိုက်သည်။ ချီထျန်သည် သူအရင်ဦးအောင်ထွက်သွားသော်လည်း ရုတ်တရက်အေးခဲသွားသည်။ ပုကျိုးတစ်မြို့လုံး၏ နေရာတိုင်းတွင် မီးလောင်နေသည်။ 

မရေမတွက်နိုင်သော မီးတောက်များသည် ကောင်းကင်နားထိ အလျှံတညီးညီးတောက်လောင်နေကာ လူများ၏ အော်ဟစ်ငိုယိုသံများနှင့် တစ္ဆေများ၏ ရယ်မောသံများ ဆူညံနေသည်။ 

ပုကျိုးမြို့တော်သည် အရှင်လတ်လတ် မြေပြင်ပေါ်က ငရဲအဖြစ် ပြောင်းလဲသွားလေပြီ။ 

ချီထျန်သည် မြင်နေရသော မြင်ကွင်းကို မယုံနိုင်စွာ အေးခဲသွားပြီး 

“ဘာတွေဖြစ်ကုန်တာလဲ” 

“သရဲတွေအကုန် ထွက်ပြေးသွားပြီ ဒီမြို့ကြီးက တစ္ဆေမြို့တော် ဖြစ်သွားပြီ” 

အရာရှိသည် သူ့နားသို့ လမ်းလျှောက်လာပြီး 

“တစ်ယောက်ယောက်က ပုကျိုးတစ်မြို့လုံးက လူတွေကို သတ်ပစ်ပြီး သူတို့အသက်တွေကို တစ်နေရာရာမှာ အသုံးချဖို့ လုပ်နေတယ်ထင်တယ်” 

ချီထျန်သည် တုန်ယင်သွားပြီး 

“လူတိုင်းကို သတ်တယ် ဒါဆို ကျုပ် ကျုပ်ရော အဲ့ဒီထဲပါသေးလား ...........” 

အရာရှိက ပြောသည်။ 

“မင်းက သေပြီးသားမဟုတ်ဘူးလား” 

ချီထျန့်နှလုံးခုန်သံသည် ရပ်တန့်သွားပြီး အရာရှိကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ 

“ခင်များ ဘာကိုဆိုလိုတာလဲ” 

အရာရှိကပြောသည်။ 

“မင်းခြေထောက်ကို မင်း ပြန်ကြည့်လိုက်ပါဦး” 

ချီထျန်သည် အောက်ငုံ့ကြည့်လိုက်ရာ အလွန်တိုးသော အသံဖြင့် 

“ငါ့ ခြေထောက် ငါ့ခြေထောက်တွေက ပြောင်းပြန်ဖြစ်နေတယ်” 

သူသည် နောက်ပြန်လှည့်နေသော ခြေချောင်းများကို ညွှန်ပြ၍ ကြောက်လှန့်စွာ ပြောလိုက်သည်။ 

“မဟုတ်မှ မင်းမေ့သွားပြီလား” 

အရာရှိသည် တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။ 

“မင်းခြေထောက်တွေကို ချီယုံချိုးပစ်လိုက်တာလေ မင်းလက်မောင်းလဲ ကျိုးသွားတယ် မင်းလျှာကို မင်းပဲကိုက်ပစ်လိုက်တာ အရင်က မင်းစကားမပြောနိုင်ဘူး အခု မင်းစကားပြောနိုင်နေပြီလေ” 

ချီထျန်သည် အေးခဲသွားသည်။ ဟုတ်သည် သူစကားပြောနိုင်နေသည်။ 

အရာရှိကပြောလိုက်သည်။ 

“မင်းသေသွားပြီ” 

ချီထျန်သည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ 

“ငါသေသွားပြီ” 

အရာရှိက ပြောသည်။ 

“မင်းငါ့ကို မယုံရင် ကြည့်” 

ချီထျန်သည် ဘာကိုကြည့်ရမှန်းမသိသော်လည်း သူ့လက်များသည် ရုတ်တရက် ထိန်းချုပ်မှုလွတ်သွားကာ သူ့ပါးစပ်သည်လည်း သူ့ဦးနှောက်မှ ခိုင်းသည့်အတိုင်း မလုပ်တော့ပေ။ သူ့ပါးစပ်သည် အကျယ်ကြီးဟသွားကာ သူ့မေးရိုးပင်ပြုတ်ထွက်မတတ် ပွင့်ဟသွားကာ သူ့လက်မောင်းတစ်ဖက်ကို တလုတ်ထဲ မျိုချလိုက်သည်။ 

သူ့မျက်လုံးများသည် ကြောက်လန့်မှုကြောင့် ပြူးကျယ်သွားပြီး သူ့ပါးစပ်သည် ပို၍ ပို၍ မြန်လာကာ သူ့လက်တစ်ခုလုံးကို ဝါးစားနေပြီး နောက်လက်တစ်ဖက်ကို တောင် ဝါးမြိုတော့မည်.......................... 

တကယ်တမ်းတွင် ချီထျန်သည် မြေပြင်ပေါ်တွင် လှဲလျောင်းသေဆုံးနေသည်။ 

သူ့ဗိုက်သည် ပူဖောင်းနေကာ သူ့ပါးစပ်တွင် သွေးများနှင့်အမြုပ်များထွက်နေပြီး သူ့မျက်နှာတစ်ပြင်လုံးသည် အလွန်ကြောက်ရွံ့နေကာ တောင့်တင်းနေသည်။ 

စခန်းထဲမှ နောက်ထပ်သရဲနှစ်ကောင်ထွက်လာပြိး သူတို့သည် မြေပြင်ပေါ်တွင် လဲနေသော ချီထျန်ကို လစ်လျူရှု၍ နောက်မှ အရာရှိဆီသို့ သွားလိုက်ကြသည်။ 

အရာရှိသည် မျက်နှာကို မော့လိုက်ရာ သူ့တွင် အင်္ဂါငါးရပ်ပျောက်ဆုံးနေပြီး မျက်နှာသည် ဗလာကြီးဖြစ်နေသည်။ 

သူသည် မီးတောက်များတောက်လောင်နေပြီး အော်သံများ အကြားရဆုံးနေရာဘက်သို့ ကြည့်လိုက်ကာ 

“မြို့ထဲမှာ လူသားတွေ မရှိသလောက်ဖြစ်နေပြီ ကျန်းအိမ်ကို သွားရအောင်” 

ချီယုံသည် အိပ်ရာပေါ်တွင် လှဲလျောင်းနေရင်း ကျေနပ်စွာပြုံးနေသည်မှာ ပါးစပ်နားရွက်တက်ချိတ်မတတ်ဖြစ်နေပြီး စာအုပ်ကိုပင် ပေါက်ထွက်သွားတော့မတတ်ပင်။ 

ကျန်းလော့သည် ကုတင်အတွင်းဘက်တွင် လှဲနေသည်။ သူသည် အိပ်ဖို့ကြိုးစားသော်လည်း အကြောင်းပြချက်တချို့ကြောင့် သူ့ညာဘက်မျက်ခွံသည် အဆက်မပြတ်ခုန်လှုပ်နေကာ သူ့ကို မကောင်းတာများဖြစ်နေပြီဆိုသော သတိပေးနေသည်။ 

သို့သော် ကျန်းလော့သည် ဘာမှားနေမှန်း မသိပေ။ ထို့ကြောင့် စိတ်ပေါ့ပါးသွားအောင် သူကအရင် ချီယံဒ့ကို စကားစပြောလိုက်သည်။ 

“ဘာစာအုပ်ဖတ်နေတာလဲ” 

“ဒီလိုပါပဲ အမျိုးစုံပါတဲ့ စာအုပ်ပေါ့” 

ချီယုံသည် စာအုပ်ကို ဘေးချလိုက်ပြီး သူ့ကိုကြည့်ပြီး ပြုံးလိုက်ကာ 

“အိပ်မပျော်လို့လား” 

ကျန်းလော့သည် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ ချီယုံကထပ်ပြီး ပြုံးလိုက်ကာ ရုတ်တရက် ထထိုင်လိုက်သည်။ 

“ကိုယ်လဲ အိပ်မပျော်မှတော့ တစ်ခုခုလုပ်ကြရအောင်လေ” 

ကျန်းလော့သည် မျက်ခုံးပင့်လိုက်ပြီး အနည်းငယ်ရွှင်လန်းသွားကာ 

“တခြားတစ်ခုခုလား” 

အခန်းထဲမှဖယောင်းတိုင်မီးသည် ရုတ်တရက်ငြိမ်းသွားသည်။ ကျန်းလော့သည် ချက်ချင်းသတိကပ်သွားပြီး သူ့ကို လေတစ်ချက်ဖြတ်တိုက်သွားသလို ခံစားမိပြီးနောက် ချီယုံသည် သူ့ကို ဆွဲ၍ အေးစက်စက်နံရံကို ကပ်လိုက်သည်။ 

ကျန်းလော့သည် မစိုးရိမ်မိပဲ သူ့နှုတ်ခမ်းထောင့်များ ကွေးတက်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်၍ အမှောင်နှင့် ကျင့်သားရသွားအောင် လုပ်လိုက်သည်။ 

‘ဘာအရူးထပြန်တာလဲဟ’ 

‘ဘာလဲ ဒင်းက စည်းချင်းထိုး ချင်တာလား’ 

ကျန်းလော့သည် လက်ကိုရုန်းလိုက်သော်လည်း သူ့ရှေ့မှသူမှာ အနာဂတ်မှ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော မကောင်းဆိုးဝါးချီယုံမဟုတ်ပေ။ ထို့ကြောင့် ကျန်းလော့သည် ထိုသူ၏ဆုပ်ကိုင်ထားမှုမှ အလွယ်တကူမရုန်းထွက်နိုင်ခဲ့ပေ။ ကျန်းလော့သည် သူ့နှလုံးသားပါးစပ်ဝထိရောက်လာသည်ဟုထင်မိကာ မရုန်းတော့ဘဲ ချီယုံဘာဆက်လုပ်မလဲ သိရအောင် ငြိမ်ငြိမ်နေလိုက်သည်။  

ကျန်းလော့သည် ပို၍ ဆိုးဝါးသော အကြံကို တွေးထားပြီးဖြစ်သည်။ 

မကောင်းဆိုးဝါးသ အခုထိ ဤအခန်းထဲမှ ဗီဒိုထဲရှိနေသေးရင်ကောင်းမည်။ ထိုမကော်ငးဆိုးဝါးသည် သူ့ကို မှန်လောကထဲမှ ချီယုံနှင့် နီးစပ်သွားမှာကို စိုးရိမ်နေသည်လေ။ ကျန်းလော့သည် ထိုသူမြင်သွားပြီး စိတ်တိုပြီးထွက်လာအောင် တမင်တကာ ငြိမ်သက်နေလိုက်သည်။ 

ကျန်းလော့သည် အဘယ့်ကြောင့် မကောင်းဆိုးဝါးက ထိုကိစ္စကို ဂရုစိုက်သည်ကို မတွေးပေ။ သူတို့ကိုတွေ့လျှင်မည်သို့ တုံ့ပြန်မည်ကို ပိုသိချင်နေသည်။ သူသည် အမှောင်ထုထဲမှ စိတ်လှုပ်ရှားမှုကို ရင်ခုန်စွာစောင့်နေသည်။ သူ့ခြေထောက်များသည် စိတ်ပေါ့ပါးသလို ပြေလျော့သွားသောအခါ သူ့ခန္ဓာကိုယ်မှ ကြွက်သားများသည် တောင့်တင်းသွားပြီး သူ့တစ်ကိုယ်လုံးသည် ချီယုံသို့မဟုတ် အမှောင်ထဲမှ မကောင်းဆိုးဝါးမှ တိုက်ခိုက်လာမည်ကို ပြန်တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ 

ကျန်းလော့မျက်နှာနားကပ်လျက်တွင် အသက်ရှူသံတစ်ခု နီးကပ်လာသည်။ ကျန်းလော့သည် ချီယုံတစ်ခုခုပြောလာမှာကို စောင့်နေသော်လည်း မမျှော်လင့်ထားစွာပင် ချီယုံသည် ရုတ်တရက် သူ့မျက်နှာနားသို့ တုံ့ဆိုင်းတုံ့ဆိုင်းကပ်လာကာ သူ့နှုတ်ခမ်းကို တစ်ချက်ထိလိုက်သည်။ 

ကျန်းလော့မျက်လုံးအစုံသည် လင်ကွင်းလို ပြူးကျယ်သွားသည်။ 

မျက်လုံးလှိမ့်လိုက်ပြီး သူ့အံ့ဩမှု ပျောက်ကွယ်သွားချိန်တွင် အကျိုးအမြတ်တစ်ခု ရလိုက်သလို ခံစားလိုက်ရသည်။ လုံလောက်စွာ သေချာသွားသည်။ ဆယ်ကျော်သက်ချီယုံသည်လည်း သူ့ကို စိတ်ထဲထည့်ထားသည်။ ကျန်းလော့သည် ပြုံးလိုက်သော်လည်း မြန်မြန်အပြုံးကို ထိန်းချုပ်လိုက်သည်။ ပြုံးချင်တာကို မနည်းထိန်းချုပ်နေရသောကြောင့် နှစ်ချက်လောက် ချောင်းဆိုးလိုက်ကာ 

“သခင်လေးချီ ဒါကမင်းပြောတဲ့ ညီအစ်ကိုကောင်းဆိုတာလား” 

သခင်လေးချီသည် ပျင်းရိသော အသံဖြင့် ပြောလိုက်သည်။ 

“မင်းကနာမည်အရ ကိုယ့်ဇနီးလေ” 

တစ်ခါမှ လိင်မဆက်ဆံဖူးသော ဆယ်ကျော်သက်လေးကို ကြည့်၍ ကျန်းလော့သည် သူဟန်ဆောင်ပြလိုက်လျှင် ဖြစ်သွားမည့် မျက်နှာကို မြင်ယောင်၍ အူမြူးလာသည်။ 

ကျန်းလော့သည် ခြေထောက်ကို အပေါ်မြှောက်လိုက်ကာ သူ့ခြေသလုံးသည် ချီယုံ့ခန္ဓာကိုယ်ကို ပွတ်သပ်နေပြီး ချီယုံ့နှလုံးသားကို သွားရန်စနေသည်။ 

“ဖူးရန်ဟုတ်လား သခင်လေးချီက ဒီစကားလုံးအတိုင်း ဖြစ်အောင်လုပ်တော့မလို့လား ကျွန်တော်က မင်းနဲ့ သူငယ်ချင်းဖြစ်ဖို့ပဲ ရည်ရွယ်ခဲ့တာ မင်းနဲ့ ဒီလိုပုံစံမျိုး ဆက်ဆံရေးမရှိချင်ဘူး” 

“အဆင်ပြေပါတယ်” 

သခင်လေးချီက ပြောသည်။ ကျန်းလော့မျက်ခွံပေါ်သို့ အလွန်နူးညံ့စွာ ဖိကပ်နမ်းလိုက်ပြီး 

“ကိုယ်ကတော့ ကိုယ့်ပုံစံအတိုင်းလုပ်ရတာ ပိုပျော်တာမို့ ကိုယ်အဆင်ပြေတဲ့အတိုင်းပဲ လုပ်လိုက်မယ်” 

သူပြောပြီးသွားသောအခါ သူ့နှုတ်ခမ်းသည် ကျန်းလော့အရေပြားပေါ်သို့ ဖိကပ်နေသလို ထင်ရပြီး သူ့အသက်ရှူရာမှ ထွက်လာသော ပူနွေးသောလေသည် ကျန်းလော့လည်ပင်းပေါ်သို့ ခပ်ဖွဖွရှိုက်ခတ်နေသည်။ 

“ကိုယ်အကြီးအကဲတွေဆီက ကြားခဲ့တာရှိတယ် အဲ့တာကို စမ်းကြည့်ရအောင် ဟမ်” 

ကျန်းလော့သည်  ဒေါကန်သွားပြီး 

‘နှာဘူးကောင်က အနာဂတ်ကဖြစ်ဖြစ် ငယ်သေးတာဖြစ်ဖြစ်အတူတူပဲ’ 

သူသည် ချီယုံငယ်လေးကို ဆော့ကစားရင်း မကောင်းဆိုးဝါးကို စနောက်ချင်သည်။ 

‘သူကငါနဲ့ ဘာကိုစမ်းကြည့်ချင်နေတာလဲ’ 

သူသည် သူ့ကိုယ်ခံပညာကို သုံ၍ ချီယုံ့လက်ထဲမှ လွတ်အောင် ရုန်းတော့မည့်အချိန်တွင် ရုတ်တရက် သူ့လက်ကောက်ဝတ်နှစ်ဖက်ဆီမှ အေးစက်သော အထိအတွေ့ကို ထပ်ပြီး ခံစားခဲ့ရသည်။ 

ချီယုံကိုင်ထားသော လက်အပေါ်မှ မမြင်ရသော သရဲတစ်ကောင်က ကျန်းလော့လက်ကို အုပ်ကိုင်ထားသလိုပင် ဖြစ်နေသည်။ 

နောက်တစ်ခနတွင် သူ့ဂုတ်ပေါ်သို့ အေးစက်သော အထိအတွေ့တစ်ခု ထိကပ်လာပြီး မမြင်ရသော တစ်ခုခုက ကျန်းလော့ဂုတ်ကို နမ်းနေသလိုအထိအတွေ့မျိုးဖြစ်သည်။ သို့သော် ကျန်းလော့နောက်တွင် နံရံကြီးသာ ရှိသည်။ 

ထိုအထိအတွေ့သည် သူ့နောက်ကျောတစ်ယောက် ပွတ်သပ်နေပြီး သူ့ခါးနားထိရောက်လာသောအခါ ကျန်းလော့မျက်နှာသည် အနည်းငယ်ဖြူဖျော့သွားသည်။ 

ထိုအထိအတွေ့သည် သေချာပေါက် ချီယုံဖြစ်ရမည်။ 

‘မအေးဘေး သူတောင်းစား စိတ်ပျက်စရာမကောင်းဆိုးဝါးကောင်’ 

ကျန်းလော်သည် တွေဝေနေတာကို ရပ်လိုက်ပြီး သူ့လက်ကိုလိမ်လိုက်ပြီး ရုန်းထွက်လိုက်သည်။ 

သို့သော် သူ့လက်များသည် လူသားလက်တစ်စုံနှင့် မကောင်းဆိုးဝါးလက်တစ်စုံ၏ တပြိုင်ထဲ အချုပ်ခံထားရသောကြောင့် လုံးဝမရုန်းနိုင်ဖြစ်နေသည်။ သို့မဟုတ်ပါလျှင် အစောကြီးထဲက ရုန်းပြီး အခန်းအပြင်သို့ ပြေးထွက်သွားပြီးဖြစ်သည်။ 

ရှေ့တွင်လူသားချီယုံရှိပြီး နောက်တွင် မကောင်းဆိုးဝါးရှိနေသောကြောင့် ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။ 

ချီယုံသည် ခေါင်းမော့လိုက်ပြီး ညနက်နက်၏ မမှောင်ထဲတွင် ကျန်းလော့ကို ကြည့်ကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်လိုက်သည်။ 

“မင်းကိုယ့်ကို ငြင်းဆန်ချင်နေတာလား” 

########################