အပိုင်း (၁၂၇)
အတိတ် VS အနာဂတ်
ဘေးပတ်တတ်လည်မှ လူများ၏ ပြောသံဆိုသံများသည် ချီယုံ့နားထဲသို့ အပ်များပျံဝဲလာသလိုပင် စူးစူးရှရှကြားနေရသည်။ ချီယုံသည် ထိုလူများ၏သံများကြားတွင် ကျန်းလော့အသံကို မကြားပေ။
သို့သော် ကျန်းလော့သူ့ကို ကြည့်နေမည်ကို သူသေချာကြည့်သည်။ ချီယုံသည် သူ့ကို လူတွေဘယ်လိုထင်မည် သူ့အကြောင်း မဟုတ်တရုတ် ကောလဟလတွေကို ယုံကြည်ကြမည်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ပေ။
သူသည်းခံခဲ့သည်။ စိတ်ဓာတ်ကျမသွားဘဲ သည်းခံခဲ့သည်။ အချိန်ကောင်းကို စောင့်နေသော မြွေပွေးကဲ့သို့ ပြန်ကိုက်ရမည့်အချိန်ကို သည်းခံစောင့်ဆိုင်းခဲ့သည်။
ချီယုံသည် သူ့ကို အိမ်တော်ခွဲများ ဆက်တိုက် ရွှံ့ထဲထိုးချနေသည်ကို အမြဲတမ်းခွင့်ပြုမထားနိုင်သောကြောင့် ကြင်နာသိမ်မွေ့သော မျက်နှာဖုံးဆင်မြန်းကာ ထိုဆိုးဝါးသော အရာများကို သူလုပ်တာမဖြစ်နိုင်ကြောင်း အိမ်တော်ခွဲများက သူ့ကိုသူတို့လုပ်ရပ်များ ပုံချနေကြောင်း လူများယုံကြည်ကြရန် သိမ်မွေ့ဟန်ဆောင်နေခဲ့သည်။
သို့မှသာ တကယ်ကိစ္စအကြီးကြီးဖြစ်လာလျှင် သူကအရင် လက်ဦးမှုယူနိုင်မှာဖြစ်သည်။ အိမ်တော်ခွဲများနှင့် အပြိုင်လိုက်ငြင်း၍ ရန်ပြိုင်ဖြစ်နေလျှင် သူ့ပုံစံအမှန်ကို သာ ချပြထားခဲ့လျှင် သူ့ကိုယုံကြည်မည့်သူ ရှိမှာမဟုတ်တော့ပေ။
သို့သော် ယခုအချိန်တွင် ချီယုံသည် လူအုပ်ကြီးအလယ်တွင် ရပ်နေပြီး ကျန်းလော့သူ့ကို မည်သို့တွေးထင်နေမည်ကို သိချင်နေသည်။
သူ့ “ဇနီး” သည် သူ့တွင် ဤကဲ့သို့အတိတ်မျိုးရှိနေမည်ဟု သိမထားမှာကို ကြောက်မိသည်။ ကျန်းလော့သည် အိမ်တော်ခွဲမှလူများကို ရှုပ်ထွေးစွာ ကြည့်လေသည်။
‘ချီယုံကဘယ်သူလဲ’
‘အကြင်နာမဲ့ ရက်စက်စွာ အသတ်ခံခဲ့ရသော မကောင်းဆိုးဝါး သူတော်ကောင်းယောင်ဆောင်တတ်သော ရူးသွပ်နေသောသူ သူ့ပျော်ရွှင်မှုအတွင် ဆိုးယုတ်ခြင်းများကို တုံ့ဆိုင်းခြင်းမရှိလုပ်နိုင်တဲ့သူ’
‘အိမ်တော်ခွဲတွေက သူ့အပေါ် ရေဆိုးတွေ လောင်းချနေတာကို ဆယ်ကျော်သက်လေးက ပျော်ရွှင်သည်းခံနေနိုင်တာလား’
ချီယုံ ဤကဲ့သို့ ဆိုးဆိုးရွားရွား အနိုင်ကျင့်ခံနေရတာကို ကျန်းလော့ ပျော်နေသင့်သည်။ သို့သော် သူ့မျက်လုံးများသည် တဖြည်းဖြည်းအေးစက်လာပြီး နှလုံးသားသည် ဒေါသထွက်လွန်း၍ မီးတောက်မတတ်ဖြစ်နေသည်။
ပျော်ရွှင်ကျေနပ်နေရမည့်အစား သူ့သည် အဆုံးစွန်ထိ သည်းမခံနိုင်လောက်အောင် ဒေါသထွက်နေသည်။
ကျန်းလော့သည် တစ်စုံတစ်ခုကို ဝန်ခံလိုက်ရန် မရှက်ပေ။ မကောင်းဆိုးဝါးသည် သူအမုန်းဆုံး ရန်သူဖြစ်ပြီး သူသွားသွား ရန်စသော သူ၏ ပြိုင်ဘက်ဖြစ်သည်။
ချီယုံသန်မာလာလေ ချီယုံ့ကို အနိုင်ပိုင်းချင်သည့် စိတ်လှုပ်ရှားမှု ပိုတိုးလာလေ ဖြစ်သည်။ အချိန်အကြာကြီး ရန်စောင်နေကြပြီးနောက် ကျန်းလော့နှင့် ချီယုံတို့သည် တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုပြီး ရင်းနှီးလာသလို ဖြစ်နေပြီ။
သူတို့နှစ်ယောက်သည် အမြဲလိုလို သွေးနှင့် မီးခိုးများသာ ကျန်အောင် တိုက်ခိုက်နေကြသော်လည်း တကယ်တမ်းတွင် ဓားသွားထက်တွင် သေခြင်းရှင်ခြင်းကို အလောင်းအစားလုပ်၍ အတွဲညီညီကခုန်နေကြခြင်းပင် ဖြစ်သည်။
ထိုသို့ နားလည်ထားသော်လည်း တစ်ယောက်နှင့်တစ်ယောက် နူးနူးညံ့ညံ့ဆက်ဆံခွင့် မပြုကြဘဲ သူတို့ အတူလူးလိမ့်ပြီးကြရင်တောင် ကျန်းလော့သည် အိပ်ရာပေါ်မှဆင်းသည်နှင့် ချီယုံ့နောက်ကျောထဲသို့ ဓားနှင့် ထထိုးဖို့လည်း ဝန်မလေးပေ။ ချီယုံ့သူ့ကို အိပ်ရာပေါ်မှာ အသက်ရှူချိန်မရအောင် နှိပ်စက်သော အခါ ကျန်းလော့သည် တစ်စက်လေးမှ မတုံ့ဆိုင်းပဲ သူ့ကို သတ်ပစ်နိုင်သည်ဟူ၍ တွေးထားသည်။
ဤသည်မှာ သူတို့၏ လုပ်ရိုးလုပ်စဉ်သာ ဖြစ်သည်။ ကျန်းလော့နှင့် ချီယုံတို့ နှစ်ယောက်လုံးသည် ထိုသို့ လုပ်ရသည်ကို ပျော်ကြသည်လေ။
သို့သော် ဤမုန်းစရာကောင်းသောသူသည် အခုထိ ကြီးပြင်းမလာသေးပေ။ ဤကဲ့သို့ သောက်သုံးမကျသော အိမ်တော်ခွဲမှ ရွံစရာသခင်လေးတစ်ယောက်၏ အနိုင်ကျင့်ခြင်းကို ခေါင်းငုံ့နေသည်။
ထိုသူသည် ကျန်းလော့၏ ရန်သူကို သိမ်ငယ်အရှက်ခွဲနေသည်။
ကျန်းလော့ပင်လျှင် ချီယုံ့ကို ဤကဲ့သို့ အခြေအနေမျိုး ရောက်အောင် အနိုင်မကျင့်ဖူးပေ။
ထိုအချိန်တွင် ချီထျန်သည် ဒီည မည်သူ့ဆီသွားရမလဲ စဉ်းစားမရဖြစ်နေပြီး ရုတ်တရက် သူ့နောက်မှ ရယ်သံတစ်ခုကြားလိုက်ရသည်။
ချီထျန်၏ လှပသော အတွေးများ နှောက်ယှက်ခံလိုက်ရပြီး ချီယုံ့၏ အသစ်စက်စက် ယောက်ျားဇနီးကို လှည့်ကြည့်လိုက်သည်။ ထိုသူသည် နှုတ်ခမ်းကို ကွေး၍
“ဟား ခွီး ဆောရီး ဒီကိစ္စ ရယ်စရာကောင်းလွန်းလို့ မရယ်ပဲမနေနိုင်တော့ဘူး”
ချီထျန်၏ မျက်နှာသည် အမျိုးသမီးတစ်ဦးကဲ့သို့ လှပသော မျက်နှာနှင့် ကောင်လေးကို ကြည့်၍ ဝင်းလက်လာသည်။
“ဘာတွေများ ဒီလောက်စိတ်ဝင်တစားဖြစ်နေရတာလဲ”
ဆံပင်အနက်နှင့် လူငယ်လေး၏ ကြက်သွေးရောင်နှုတ်ခမ်းများသည် ကော့တက်လာပြီး
“မင်းလေ မင်းက ရယ်စရာကောင်းနေလို့”
ချီထျန်သည် ကြောင်အသွားပီဲး အားရဝမ်းသာပြုံးလိုက်သည်။ သူသည် ချီယုံ့ကိုလှောင်ပြောင်စွာကြည့်၍ ကျန်းမိသားစုမှ ဤသခင်လေးသည် အလွန်သိတတ်ပြီး အကင်းပါးသည်ဟု တွေးလိုက်သည်။
ချီယုံကျဆုံးတော့မှာကို သိ၍ သူ့ပေါင်ကို လာဖက်ဖို့ ဆုံးဖြတ်လိုက်သည်ဟု တွေးသည်။ ကျန်းလော့သည် သူ့ကို ထပ်၍ ပြုံးပြလိုက်ရာ ချီထျန်သည် ချောင်းဟန့်လိုက်ပြီး တည်ကြည်လေးနက်ပုံပေါက်အောင် ပြောလိုက်သည်။
“ကိုယ်က ဘယ်နေရာများ ဒီလောက်စိတ်ဝင်စားဖို့ကောင်းနေတာလဲ ”
“အော် အလိမ်အညာတွေကို အမှန်တရားဘက်တော်သားကြီးလို မှင်သေသေလိမ်နိုင်လို့လေ”
ဆံပင်အရှည်နှင့် အလှလေးသည် ဆယ်ကျော်သက်ကောင်လေး၏ ဘေးသို့ဝင်ရပ်ကာ ကောင်လေး၏လက်ကိုဆွဲ၍ မျက်နှာတွင် သိမ်မွေ့သည့် အပြုံးတစ်ခု ဆင်မြန်းကာ ချီထျန်ကို ကြည့်သောအကြည့်တွင် အထင်သေးမှုများ ထင်ဟပ်နေသည်။
“ချီယုံနဲ့ ကျွန်တော်က အခုမှ ညားခါစပဲ ရှိသေးတာ ကျွန်တော်တို့ နေ့ရောညရော အတူရှိနေကြတာကို မနေ့ညကတောင် အတူနေခဲ့ကြသေးတယ် ကျွန်တော်က ရုပ်ဆိုးလို့လား ဒါမှမဟုတ် သခင်လေးချီက ဒီလောက်အေးနေတဲ့ ညနက်ကြီးမှာ ကျွန်တော်နဲ့ နွေးနွေးထွေးထွေးအိပ်နေမဲ့အစား ရေကန်ဘေးသွားပြီး ဒီလိုအစေခံတစ်ယောက်နဲ့ အမှားလုပ်ပါ့မလား ”
ချီယုံသည် ကျန်းလော့ကို ထိတ်လန့်စွာ ဘေးသို့ လှည့်ကြည့်လိုက်သည်။ ခ
ချီထျန့်မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် တုန်ယင်လာကာ
“မင်း မင်းက ချီးနဲ့ပြည့်နေတဲ့ အမှိုက်ပဲ”
ကျန်းလော့သည် ပျင်းရိစွာ ပြောလိုက်သည်။
“ ကျုပ်က အမှန်ကို ပြောနေတာ ဘယ်လိုလုပ်ပြီး ချီးပိတ်နေတဲ့ အမှိုက်ဖြစ်သွားတာလဲ”
ချီထျန်က ပြောသည်။
“သူတစ်ယောက်ယောက်ကို သတ်ပြီး ရေကန်ထဲချနေတာကို ငါမြင်ခဲ့တာကွ ပြီးတော့ ဒီကောင်က ငါ့ကို လျှို့ဝှက်ထားဖို့လဲ ပြောသေးတယ် ဒီတော့ မင်းက ငါပြောတဲ့ ချီးထုတ်မဟုတ်ဘူးလို့ ငြင်းရဲသေးလား”
သူပြောပြီးသွားသောအခါ ကျန်းလော့သည် သူ့စကားကို လုံးဝနားထောင်မနေကြောင်း သိသွားသည်။ သူပြောတာကို နားထောင်မနေသော်လည်း ချီယုံ့ကိုတော့ ချိုသာသိမ်မွေ့စွာ နှစ်သိမ့်နေသည်။
ချီယုံသည်ကျန်းလော့ကို ကြည့်နေပြီး နောက်ဆုံးတွင် ရယ်ချလိုက်သည်။
ချီထျန်သည် ပြာနှမ်းနေပြီး ဒေါသထွက်သွားသည်။
“ငါပြောတာကို နားထောင်နေရဲ့လားကွ”
သူ့ဒေါသကို အထုတ်ဖြည်ပြမည့်တော့်မည့်အချိန်တွင် ကျန်းလော့သည် သူ့ကို သာမန်ကာလျှံကာ ကြည့်လာပြီး
“ဒါဆိုလည်း မင်းကဘာလို့ ချီးထုတ်မဟုတ်တာလဲ”
“ချီယုံ့လည်ပင်းက အမှတ်တွေကို မမြင်ဘူးလား”
ချီထျန်သည် ကျန်းလော့စကားကြောင့် မသိလိုက်ဘဲ ချီယုံလည်ပင်းကြားကို ကြည့်မိသွားသည်။ ကျန်းလော့သည် ရယ်လိုက်ပြီး
“ဒီမှာလေ ဒါတွေက သူငါနဲ့ အတူရှိခဲ့ပါတယ်ဆိုတဲ့ သက်သေပဲလေ ပြီးတော့လဲ သူသာ တကယ်ကြီး တစ်စုံတစ်ယောက်ကို မုဒိန်းကျင့်ခဲ့ရင် အဲ့ဒီအစေခံက သူ့လည်ပင်းကို ပြန်နမ်းပါ့မလား”
ချီထျန်သည် မိုက်ကနဲဖြစ်သွားအောင် သွေးတက်လာပြီး ထွက်လာကာ ကျန်းလော့အနားသို့ တိုးသွားပြီး လက်မြှောက်လိုက်ကာ
“စောက်ပေါက်ပိတ်ထား”
သူပါးမရိုက်လိုက်နိုင်ခင် ချီထျန့်လက်ကောက်ဝတ်ကို ချီယုံက လှမ်းဖမ်းလိုက်သည်။ ချီယုံသည် သူ့လက်ကို ကျိုးမတတ်ဆုတ်ကိုင်ထား၍ နာကျင်လာသောအခါ ချီထျန်သည် ချီယုံ့ကို လက်လွတ်ရန် ခြိမ်းခြောက်တော့သည်။
ချီထျန်သည် နာကျင်စွာ အော်ဟစ်လိုက်သည်။
“ချီယုံ ခွေးသား ငါ့ကိုလွတ်စမ်း လွတ်”
“လာကြစမ်း လူတွေဘယ်ရောက်နေတုန်း ဒီကောင့်ကို တစ်ယောက်ယောက် လာဆွဲကြစမ်း အားး”
အော်သံသည် ကျယ်ကျယ်လာပီဲး ချီထျန်သည် ချီယုံမှ ဒူးနှစ်ဖက်လုံးကို ကန်လိုက်သောကြောင့် ခြေခိုင်စွာ ဒူးထောက်ကြသွားသည်။ ထိုလုပ်ရပ်ကြောင့် အစေခံမများနှင့် အလုပ်သမားများသည် အော်ဟစ်လိုက်ကာ အချို့သော အစေခံများသည် ချီမိသားစု အကြီးအကဲများကို ပြေးခေါ်တော့သည်။
“အား နာတယ်”
ချီထျန်သည် မျက်ရည်များနှင့် နှပ်များ မျက်နှာတစ်ပြင်လုံးပေပွနေကာ
“ချီယုံ ခွေးသား ငါ့ကို နာအောင်လုပ်ရဲတယ် မင်း.......”
ကျန်စကားများမှာ ထွက်မလာတော့ဘဲ ချီထျန်၏ ပါးစပ်ထဲတွင် တစ်နေသလို လုံးဝထွက်မလာပေ။
သူ့မျက်လုံးသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြူးကျယ်လာပြီး တစ်စုံတစ်ခုသည် သူစကားမပြောနိုင်အောင် သူ့နှုတ်ခမ်းနှစ်လွှာကို အတင်းစေ့ပိတ်နေသလို ခံစားရသည်။
နောက်တစ်ခနတွင် ချီထျန်သည် သူ့သွားများကို မထိန်းချုပ်နိုင်ဘဲ သူ့လျှာသူ ပြန်ကိုက်မိသွားသောကြောင့် သေလောက်အောင် နာကျင်သွားသည်။ သို့သော် ပို၍ ကြောက်စရာကောင်းသည်မှာ သူ့လျှာကို သွားများက အသက်ရှိနေသလို မလွတ်တမ်းကိုက်ထား၍ တတိတိဝါးနေကြခြင်းဖြစ်ပြီး အသားစများပြတ်ထွက်လာနေသည်။
သူအော်လိုက်တိုင်း တင်းတင်းစေ့ပိတ်ထားသော ပါးစပ်ထောင့်များ သွေးများစီးကျလာနေသည်။
ချီယုံ့မျက်နှာသည် အလွန်ဖြူဖျော့နေကာ လက်သီးတင်းတင်းဆုပ်ထားပြီး သွေးကြောများသည် လည်ပင်းတလျှောက် အကြောပြိုင်းပြိုင်းထောင်ထနေသည်မှာ နာကျင်မှုကို အားကုန်တောင့်ခံထားရသည့်အတိုင်းပင်။ သူ့အသံသည် ဆက်လက်၍ မတည်ငြိမ်နိုင်တော့ဘဲ
“ကျန်း ... သခင်လေး ကျေးဇူးပြုပြီး ကိုယ့်ကို ...... စာရွက်နဲ့ ဘောလ်ပင်န်နဲ့ ..... သွားယူလာပေးမလား”
ကျန်လော့သည် သူ့ကို ဆင်ခြေပေးပြီး ထွက်သွားစေတာမှန်း မြင်နိုင်သည်။ ချီယုံသည် သူထွက်သွားအောင် မနည်း ကြိုးစားပြီး ပြောနေရှာသည်။
သူသွားမည်မသွားဘူး ပြန်မဖြေရသေးခင် ချီယုံ့ခြေထောက်များ ကွေးသွားပြီး ဒူးထောက်ကျသွားကာ သူ့လက်များသည် မြေပြင်ပေါ်မှ မြေကြီးကို အသေဆွဲဆုပ်ထားသည်။
ချီယုံအသက်ရှူလိုက်တိုင်း ပါးစပ်အပြည့်သွေးတစ်ခါအန်ပြီး ပါးစပ်ထဲမှရော နှာခေါင်းထဲမှရော သွေးများ ကျလာသည်။ သူ့အတွင်းအင်္ဂါများသည် ခန္ဓာကိုယ်ထဲတွင် ရွေ့လျားနေသလို ဆက်တိုက်သွေးအန်နေသည်။ သူ့သွေးကြောများသည် သွေးများ ပန်းထွက်တော့မလို ဖောင်းကြွလာပြီး လက်ချောင်းများမှ လည်ပင်းအထိ ထောင်နေတော့သည်။ ချီယုံသည် အံတင်းတင်းကြိတ်ပြီး နာကျင်မှုကို တောင့်ခံနေသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ အကုန်ပြုတ်ထွက်နေသလို နာကျင်နေကာ သူ့လက်သည်းများပင် မြေပြင်မှ ကျောက်ခဲများကြောင့် လန်ထွက်ပြီးသွေးများရဲနေပြီဖြစ်ကာ တစ်ကိုယ်လုံး သွေးထွက်မတတ် သွေးကွက်ကြီးများပေါ်လာတော့သည်။
သူ့မျက်လုံးများသည် သွေးများကြောင့် နီရဲနေပြီး သွေးကြောတိုင်းသည် သွေးများပွက်ပွက်ဆူအောင် အပူပေးနေသလို လောင်ကျွမ်းနေသည်။ ချီယုံမျက်နှာသည် လူမဟုတ်သည့် သားရဲတစ်ကောင်လို ခက်ထန်နေကာ ဒူးများ တဆတ်ဆတ်တုန်နေသည်။
ဘေးမှချီထျန်သည် နဂိုကထဲကပင် နာကျင်နေပြီး ထိုနာကျင်မှုထက် အဆပေါင်းများစွာ ပိုနာကျင်နေသလို အပိုတွေလုပ်ပြနေသည်။
ချီယုံသည် ကျန်းလော့ ရှိနေသေးသည်ကို သတိရနေသေးပြီး သေလောက်အောင်နာကျင်နေသည့် ကြားကပင် အသက်ပြင်းပြင်းရှူကာ သတိကပ်ထားသည်။ သူသည် ရုတ်တရက် နှေးကွေးစွာ လှုပ်ရှားလိုက်သည်။ သိမ်မွေ့နှေးကွေးသော လှုပ်ရှားမှုတစ်ခုတိုင်းသ်ည သူ့အသားများကို ခန္ဓာကိုယ်မှ တစ်လွှာခြင်း ဆွဲခွာနေသလို နာကျင်နေရသော်လည်း ခေါင်းမာစွာ ဖြေးဖြေးချင်း ကျန်းလော့ကို ကျောပေးမိအောင် တုန်ယင်နေသော ကျောရိုးကို ထပ်မံ အလုပ်ပေးကာ တစ်ဖက်သို့ ဇွတ်အတင်းလှည့်လိုက်သည်။
ကျန်းလော့သည် သတိကင်းမဲ့စွာ ငေးစိုက်ကြည့်နေမိပြီး ချီမိသားစု၏ တိုက်ရိုက်မျိုးဆက်များသည် အိမ်တော်ခွဲများကို နာကျင်အောင်မလုပ်ရဆိုသည့် ကျိန်စာကို ချက်ချင်း သတိရသွားသည်။
ချီယုံသည် သူ့အမြင်ကို ရှောင်ရန် တစ်ဖက်လှည့်နေမှန်းလည်း နားလည်သွားသည်။
ကျန်းလော့ကို ဤကဲ့သို့ သူ၏ စုတ်ပြတ်နေသော ရုပ်ဆိုးဆိုး အကျည်းတန်ပုံရိပ်ကို မပြချင်သော ဆယ်ကျော်သက်ကလေး၏ မာနဖြစ်သည်။
ကျန်းလော့သည် ထိုခနတွင် စိတ်ခံစားချက်အစုံရောနှောသွားပြီး ချီယုံမျှော်လင့်သလို နေရာမှ ချက်ချင်း အလောသုံးဆယ် ထွက်သွားတော့သည်။
ထွက်သွားသော ခြေသံကိုကြားသည်နှင့် ချီယုံ၏ တင်းမာနေသော မျက်နှာသည် ပြေလျော့သွားပြီး သူ့အာရုံကြောများကိုပင် စုတ်ဖြဲနေသလို နာကျင်မှုကို အတင်းအကျပ် မခုခံတော့ပေ။ ချီယုံသည် အံကို တင်းတင်းကြိတ်ထားသော်လည်း သူ့ခန္ဓာကိုယ်၏ အပေါက်တိုင်းမှ သွေးများ အန်ထွက်လာသည်ကို တောင့်ခံနေရရှာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချီမိသားစု၏ ဆက်ခံသူသခင်လေးသည် ရွှံထဲတွင် လူးလိမမ့်နေသော သွေးများရွှဲနေသော လူသားတစ်ယောက် ဖြစ်သွားတော့သည်။
အချိန်ဘယ်လောက်ကြာသွားသည်မသို အလွန်နာကျင်နေသော ခံစားမှုကြီးသည် တဖြည်းဖြည်းတည်ငြိမ်လာသည်။ ချီယုံ့လက်များသည် တုန်ယင်နေကာ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေသည်။ သူ့မျက်လုံးများတွင် သွေးမျက်ရည်များ စွန်းထင်းနေပြီး နာကျင်မှုပျောက်သွားသော်လည်း အကျိုးဆက်များ ကျန်နေသေးကာ နည်းနည်းလောက်လှုပ်လိုက်ရင်ပင် တစ်ကိုယ်လုံး တစ်နေရာမကျန် အရေခွံနွှာနေသလို ခံစားနေရသေးသည်။
သူရှူသွင်းလိုက်သော လေသည်ပင် အပ်များပါနေသလို အဆုတ်ကို စူးစူးရှရှနာကျင်နေစေပြီး ချီယုံသည် သွေးများရွှဲနစ်နေသည့် မျက်လုံးဖြင့် ချီထျန်ကိုကြည့်လိုက်ပြီး အလွန်နာကျင်နေသော်လည်း ရုတ်တရက် ရူးသွပ်စွာ ရယ်ချလိုက်သည်။
အရိပ်တစ်ခုသည် သူ့ကိုယ်ပေါ်သို့ အုပ်မိုးလာပြီး သူ့ကိုယ်တစ်ဝက်ကို ဖုံးအုပ်သွားသည်။ ချီယုံသည် အရယ်ရပ်လိုက်ကာ ယူနီဖောင်းဝတ်သခင်လေးကို ခက်ခဲမှုအချို့ဖြင့် ကြည့်လိုက်သည်။
တချိန်လုံး ပွဲကြည့်ပိရိသတ်လုပ်၍ ချီမိသားစု၏ ဒရာမာကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သော ယူနီဖောင်းဝတ်သခင်လေးသည် ချီယုံ့နားသို့ တိုးကပ်လာသည်။ ယူနီဖောင်းဝတ်သခင်လေးသည် ချီယုံ့ကို ညစ်ပတ်ပေရေနေသော ပိုးကောင်တစ်ကောင်ကို ကြည့်နေသလို အကြည့်မျိုးဖြင့် ဦးထုပ်အောက်မှ ငုံ့ကြည့်လိုက်သည်။ ခြံဝန်းထဲတွင် ယူနီဖောင်းဝတ်သခင်လေး၏ တပ်အရာရှိလေးအပါအဝင် မည်သူမှ မရှိပေ။ ချီယုံ၏လက်ချောင်းများသည် လိမ်ကွေးနေသည်။
ယူနီဖောင်းဝတ်သခင်လေးသည် ရုတ်တရက်ခြေကြွလိုက်ကာ ချီယုံ့ရင်ဘက်ပေါ်သို့တက်နင်းလိုက်သည်။
ကျိန်စာကြောင့် ဒဏ်ရာအပြင်းအထန်ရထားသော ချီယုံသည် အလွန်အားနည်းနေကာ သုံးနှစ်ကလေးကို ဓားနှင့်ထိုးခိုင်းလျှင်ပင် ချီယုံသေသွားနိုင်သည်။ သူသည် ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ပြီး ယူနီဖောင်းဝတ်သခင်လေးကို အေးစက်စွာ ကြည့်လိုက်သည်။
ယူနီဖောင်းဝတ်သခင်လေး၏ ခေါင်းအပေါ်ပိုင်းသည် စစ်တပ်ဦးထုပ်ဆောင်းထားသောကြောင့် မမြင်ရသော်လည်း သူ၏ခြောက်ခြားဖွယ်မျက်လုံးစိမ်းများသည် လူတစ်ယောက်မဟုတ်ဘဲ တစ္ဆေတစ်ကောင်၏မျက်လုံးများဖြစ်ကြောင်း သိသာနေသည်။
ချီယုံသည် ရုတ်တရက် အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။
သူတို့မျက်နှာများသည် တူညီမနေသော်လည်း ချီယုံသည် ယူနီဖောင်းဝတ်သခင်လေးတွင် သူအလွန်မုန်းတီးသော ရင်းနှီးမှုတစ်မျိုးကို မြင်လိုက်ရသည်။
မှန်ကြည့်နေရသလိုမျိုး ခံစားချက်ဖြစ်သော်လည်း မှန်ကြည့်နေရသည်ဟု မခံစားရသော ခံစားချက်မျိုး ဖြစ်သည်။
ယူနီဖောင်းဝတ်သခင်လေးသည် အဖြူရောင်လက်အိတ်ဝတ်ထားသော လက်ကိုဆန့်ထုတ်လိုက်ပြီး သပ်ရပ်စွာ ဝတ်စားထားသော်လည်း ဂရုမစိုက်စွာ စကားပြောလိုက်သည်။ ရွှံထဲတွင် လဲကျနေသော ဖုန်းများပေပွနေသော ချီယုံ့ပေါ်တွင် ဖြောင့်မတ်စွာရပ်နေပြီး အမြဲတမ်းသန်မာ စွမ်းအားကြီးပြီး အထက်တန်းကျသည့် လူတစ်ယောက်ကဲ့သို့ ချီယုံ့ကို အထင်သေးစွာကြည့်၍ ပြောလိုက်သည်။
“မင်းက အမှိုက်ကောင်ပဲ”
“ချီမိသားစုရဲ့ ဆက်ခံသူ သခင်လေးလား ”
အဖတ်မတန်သည့် အပြုံးတစ်ချက်လက်သွားသည်။
ချီယုံသည် ယူနီဖောင်းဝတ်သခင်လေးကို သေစေနိုင်လောက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ယူနီဖောင်းဝတ်သခင်လေးသည် စီးကရတ်ကို မီးကြည့်လိုက်ကာ မီးခိုးများ မှုတ်ထုတ်လိုက်သည်။ ချောမောသော ဗိုလ်ကြီး၏မျက်နှာတွင် တစ္ဆေတစ်ကောင်၏ မျက်နှာရေးရေးပေါ်နေသည်။
တစ္ဆေသွေးကြောများသည် ထိုသူ၏ လည်ပင်းနှင့် လည်စိကြားတွင် တွားသွားပေါ်ထွက်လာသည်။
ချီယုံ့ သူငယ်အိမ်သည် ရုတ်တရက် ကျုံ့သွားသည်။
ယူနီဖောင်းဝတ်သခင်လေးသည် စီးကရတ်လက်ကျန် တစ်ဝက်ကို ချီယုံ့ကို ပစ်ပေးလိုက်သည်။ သူသည် ချီယုံ့ကို အကြာကြီးကြည့်နေပြီး အေးစက်စွာပြုံးလိုက်ကာ
“မင်းက ငါဝန်မခံချင်တဲ့ ငါ့ရဲ့ အစွန်းအထင်းကြီးတစ်ခုပဲ”
ထိုစကားသည် ချီယုံ၏ သံသယများကို အတည်ပြုပေးလိုက်သည်။ ချီယုံသည် တည်ငြိမ်သွားကာ ယူနီဖောင်းဝတ်သခင်လေးကို တူညီသော ရွံရှာမှုဖြင့် ကြည့်လိုက်ပြီး ချောင်းဆိုး၍ သွေးနှစ်စက်လောက်အန်သွားသည်။ ထို့နောက် နှာခေါင်းရှုံ့၍
“ငါကတော့ မင်းလို တစ္ဆေဆေးမှင်ကြောင်က တစ်ချိန်လုံး ထိန်းချုပ်နေမဲ့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်မလာချင်ဘူး ရွံစရာကောင်းတယ်”
#######################