အပိုင်း (၁၀၂)
အကြီးကြီးကိုပဲ လုပ်လိုက်ကြရအောင်
သူ့စကားလုံးများသည် လူအုပ်ကြီးကို တိတ်ဆိတ်သွားစေသည်။ ချီယုံ၏မိသားစုသည် အရင်ဦးဆောင်ပြီး ပြောလိုက်သည်။
“ချီယုံ စကားကြီးစကားကျယ်တွေ ပြောမနေနဲ့ သူတို့က မသိဘူးဆိုရင်တောင် ငါကရော မသိမှာမို့လို့လား ငါကမင်းရဲ့ တတိယဦးလေးပဲကွ ဒီချီမိသားစုဝင်တွေ အားလုံးက မင်းနဲ့သွေးသားတော်စပ်ပြီးသား မင်းငါတို့ကို ထိခိုက်အောင်လုပ်လို့ မရဘူးကွ”
ထိုသူ၏နာမည်ပြောင်သည် ချီလောင်စန်းဖြစ်ပြီး ချီမိသားစု သက်ကြီးပိုင်းများထဲမှ တစ်ယောက်ဖြစ်ကာ ယခုချီမိသားစု၏ယာယီခေါင်းဆောင်ဖြစ်သော ချီကျုံးရယ်နှင့် မျိုးဆက်တစ်ခုထဲဖြစ်သည်။ သူ့အထက်တွင် အစ်ကိုနှစ်ယောက်ရှိသေးကာ သူတို့အားလုံးသည် ချီမိသားစုတွင် နိမ့်ကျပြီး တောက်တိုမယ်ရ အောက်ခြေသိမ်းအကုန် သိမ်းကျုံးလုပ်ရသော အဆင့်နိမ့်မိသားစုဝင်များ ဖြစ်ကြသည်။
သူတို့သည် ပင်မအိမ်တော်နှင့် တော်တော်လေးသွေးဝေးကာ ဘိုးဘေးတူပြီး အမျိုးတော်သည်ဟုသာ ပြောဆိုနိုင်သည်။ ချီယုံသည် သူအသက်ရှင်စဉ်က ထိုသို့သောလူကိုပင် တတိယဦးလေးဟု မခေါ်ရဲခဲ့ပေ။ သူသည် ကျော့မော့စွာပြောလိုက်သည်။
“ချီယုံ မင်းဒီနေ့တော့ ပြေးမလွတ်တော့ဘူး”
အဘယ့်ကြောင့်ဆိုသော် ချီယုံသည် ကျိန်စာသင့်နေပြီး ထိုကျိန်စာသည် ပင်မသွေးမျိုးဆက်သည် အိမ်တော်ခွဲများကို မထိခိုက်စေရန် တားမြစ်ထားသည်။ ချီမိသားစု၏ယခင်အကြီးအကဲ မကောင်းဆိုးဝါးအသွင်နှင့်တောင် ဝတ်စုံပြည့်နှင့် တောက်ပသော လည်သာဖိနပ်ကို စီးထားသော ချီယုံသည် သက်ပြင်းချလိုက်ပြီး
“ဟုတ်တယ် ကျုပ်မင်းတို့ကို မတိုက်ခိုက်နိုင်ဘူး”
ချီမိသားစုသည် တင်းတိမ်ရောင့်ရဲသည့် သူတော်ကောင်းမျက်နှာဖုံးတပ်ထားကြပြီး ချီလောင်စန်းသည် လူအများကြီး စုဝေးထားသော်လည်း ထိုလူများကြားမှ သူ့ကို မြူနက်များသည် ချီယုံရှေ့ထိသယ်သွားသည်။
သူသည် အကြောက်အကန်ရုန်းကန်နေပြီး မျက်လုံးပြူးကာ မျက်နှာကြီးနီရဲလာသည်။
“အဟွတ် အဟွတ် အဟွတ် မင်း လွတ်.....အဟွတ်”
“တတိယဦးလေးလား”
မကောင်းဆိုးဝါးသည် စိတ်ဝင်စားစွာမေးလိုက်သည်။
“ခင်များက တတိယဦးလေးဆိုတာလား ကျူပ်ဖြင့် ခင်များကို မှတ်တောင်မမှတ်မိဘူးပဲ”
ချီမိသားစုအကြီးအကဲနှင့် ချီမိသားစု၏ ဒုတိယဖြစ်သောသူတို့သည် ကျန်းလော်ကို လုပ်ချင်တိုင်းလုပ်ခဲ့ပြီး ချက်ချင်းကြီး ရုပ်ရှင်ဆန်ဆန်ပြောင်းလဲသွားကြသည်။
“လောင်စန်း”
မကောင်းဆိုးဝါး၏ သည်းခံနိုင်စွမ်းသည် ကုန်ဆုံးသွားပြီး အေးစက်စွာမေးလိုက်သည်။
“ဘယ်ကောင်ဆေးခတ်တာလဲ”
ချီလောင်စန်းသည် အသက်ရှူရခက်သည်ထက်ခက်လာသည်။ နောက်ဆုံးတွင် ချီယုံသည် သူ့ကို ကျိန်စာမိထားလျက်နှင့်ပင် တကယ်သတ်ပစ်နိုင်သည်ကို သေချာသိသွားသည်။ သူသည် နာကျင်စွာ အသံတချို့ထုတ်လိုက်ပြီး
“ငါပါ ငါသူ့ကိုဆေးခတ်လိုက်တာ”
မကောင်းဆိုးဝါးသည် သူ့ကိုကြည့်လိုက်ပြီး
“မင်းလား”
“ဒါဆိုကျုပ်က ကျေးဇူးတင်ရမှာပေါ့”
မကောင်းဆိုးဝါး၏နှုတ်ခမ်းများသည် ကော့တတ်သွားပြီး စိတ်ကောင်းဝင်သွားသည်။
“ကျုပ်ကို မမေ့နိုင်လောက်အောင် သာယာတဲ့ အတွေ့အကြုံလေးပေးလို့ ကျေးဇူးတင်လိုက်တာဗျာ”
မျက်ရည်များနှာရည်များပင်ကျအောင် ငိုနေသော ချီလောင်စန်းသည် ရုတ်တရက် လူမိုက်လိုပြုံးလိုက်သည်။ သူ့ကိုယ်သူအသက်ရှင်ရတော့မည်ဟုထင်လိုက်သော်လည်း အပျော်မျက်နှာပင်မပြလိုက်ရခင် ရှည်သွယ်သော လက်ချောင်းများသည် သူ့ရင်ဘက်ကို ထိုးဖောက်သွားပြီး နှလုံးကို ဆွဲညစ်လိုက်သည်။ သူအသက်ရှင်ရသည့် နောက်ဆုံးစက္ကန့်တွင် ချီလောင်စန်းသည် ချီယုံကိုကြည့်လိုက်ပြီး လက်များတုန်ခါနေကာ
“မင်း မင်းပြောတော့...........”
မကောင်းဆိုးဝါးသည် ထိုသူ၏နှလုံးကို ခြေပစ်လိုက်သည်။
“ကျုပ်မင်းကို အရင်မသတ်ဘူးလို့ ပြောခဲ့တာမလား”
မကောင်းဆိုးဝါးသည် သက်ပြင်းချလိုက်ပြီး
“ဘယ်လိုများ ကျုပ်ပါးစပ်က ထွက်တဲ့စကားကို ယုံနိုင်ရတာလဲ”
ချီလောင်စန်းသည် မြူနက်များကြားမှ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသေသွားသည်နှင့် ချီယုံ့ပါးစပ်မှ သွေးတစ်လုတ်အန်ထွက်လာသည်။ ချီယုံသည် အသာလေးရယ်လိုက်ပြီး ပါးစပ်ကိုသုတ်နေရင်း ရူးသွပ်သွားသလို အကျယ်ကြီး အော်ရယ်လိုက်ကာ
“ဒီတော့ ဒါတွေအားလုံးက ခင်များကိုသတ်လိုက်တဲ့ အကျိုးဆက်ပေါ့လေ ဟားဟား”
သူသည် အကြီးကြီးပြုံးလိုက်ပြီး အခန်းထဲမှ လူများကို ကြည့်လိုက်သည်။ နေဝင်ဆည်းဆာ၏ နွေးထွေးသော အလင်းရောင်ကျရောက်နေသော်လည်း မကောင်းဆိုးဝါး၏ မျက်လုံးများသည် မှောင်မိုက်နေပြီး အလင်းရောင်မပြောနှင့် အေးစက်ပြီး အထီးကျန်ထိတ်လန့်ဖွယ် လူသတ်အရှိန်အဝါနှင့်သာ တစ်ခန်းလုံးကို လွှမ်းခြုံထားသည်။ လူတစ်ချို့သည် အလွန်ကြောက်လာပြီး နောက်ဆုတ်သွားကာ နှလုံးများအပြင်ထွက်မတတ်ခုန်နေသည်။
ဤစွမ်းအားသည် ရုပ်လွန်လောက၏ နံပါတ်တစ်ပုဂ္ဂိုလ်၏ လုပ်နိုင်စွမ်းပင်ဖြစ်ပြီး ထိုသူသည် မကောင်းဆိုးဝါးဖြစ်သွားသည့်တိုင် သူတို့ထဲတွင် အားအကောင်းဆုံးဟု သတ်မှတ်နိုင်သော ချီလောင်စန်းကို အေးအေးဆေးဆေး သတ်လိုက်နိုင်သေးသည်။
တံခါးနားမှ လူသည် အသေပိတ်ထားသော တံခါးကို ဖွင့်ဖို့ကြိုးစားနေကာ ဒီထဲလိုက်လာခြင်းအတွက် နောင်တရနေသည်။ ကျိသူဌေးသည် စိတ်တိုစွာပြောလိုက်သည်။
“အမှိုက်တွေ ဘာကိုဒီလောက်တောင် ကြောက်နေရတာလဲ သူ့ကိုအားလုံးအတူတူတိုက်ကြမယ် လူအများကြီးက သရဲလေးတစ်ကောင်တောင် မနိုင်မှာမို့လို့လား”
သူသည် လူအုပ်ကြီးကို လှည့်ကြည့်လိုက်ရာ ဘယ်သူမှ ရှေ့မတိုးရဲကြပေ။ သူဌေးကျိသည် ကျိန်ဆဲလိုက်ပြီး ကြောက်ရွံ့စွာရှေ့တိုးလိုက်သည်။ ထိုအချိန်တွင် တံခါးနားမှ ထွက်ပြေးဖို့လုပ်နေသော လူသည် အော်ဟစ်ပြီး လူအုပ်ထဲ ပြေးဝင်လာကာ
“ငါးအထီးတွေအကုန် အခန်းအပြင်မှာဟ”
အလင်းတန်းများထွက်လာသည်နှင့် သင်္ဘောပေါ်ရှိငါးထီးများသည် သူတို့ဖော်ထုတ်ခံလိုက်ရပြီမှန်း သိသွားကြသည်။ သူတို့သည် ဒေါသတကြီး လူသားအရေခွံကို ဆွဲဖြဲလိုက်ကာ သင်္ဘောပေါ်ရှိ အားလုံးကို သတ်ရန်ချီတက်လာကြတော့သည်။
နေရာတိုင်းတွင်း အော်ဟစ်သံများဆူညံသွားကာ ကော်ရစ်တာတလျှောက်တွင် သွေးငါးရှဉ့်များမှ ထွက်လာသော အကျိအချွဲများ ဖုံးလွှမ်းသွားသည်။ ကျန်းလော်သည် နှစ်ပိုင်းပြတ်အောင်အကိုက်ခံထားရသော ခန္ဓာကိုယ်တစ်ခုကို ရှောင်ကာ သင်္ဘောဝမ်းအတွင်းသို့ ပြေးသွားလိုက်သည်။
သွေးငါးရှဉ့်များသည် ညရောက်မှသာ မိတ်လိုက်ကြသည်။ ယခုသည် မှောင်တောင်မမှောင်သေးသောကြောင့် သင်္ဘောဝမ်းကသာ အလုံခြုံဆုံးဖြစ်သည်။
သူအောက်ဆုံးအထပ်ထိရောက်ခါနီးတွင် ကျန်းလော်သည် ကပ္ပတိန်၏ သမီးလေး လိရှားကို သတိရသွားသည်။ ပြန်လှည့်ပြေးပြီး လိရှားကို သွားရှာတော့သည်။ ဒီလိုအနေအထားတွင် ကျန်းလော်သည် ပြေးရတာအဆင်ပြေမနေပေ။ သူသည် နေမကောင်းထားသည့်အပြင် ပြောပြ၍မရသော အရာလုပ်ထားပြီး ရေမချိူးရသေးပေ။
‘ချီးပဲဟေ့’
သူသည် မကောင်းဆိုးဝါးချန်ခဲ့သော အမှတ်အသားများကို မသန့်ရှင်းရသေးပေ။ ကျန်းလော်သည် ချီယုံနှင့်တိုက်ခိုက်ဖို့ အချိန်အများကြီး သုံးမိသည့် သူ့ကိုယ်သူတော်တော်မုန်းနေသည်။ လမ်းတစ်ဝက်တွင် ကျန်းလော်သည် ငါးထီးများကို ရှောင်ရှားပြီး သူအပေါ်ဝတ်ဂျက်ကတ်တစ်ထည် ဝတ်မှရမည်ကို သဘောပေါက်သွားသည် ။ ဂျက်ကတ်ကို ခါးတွင်ပတ်၍ သူ့ကိုယ်သူအရူးလုပ် လုပ်...........................
သူသည် လမ်းတွင် လူချမ်းသာအခန်းကို ဖြတ်သွားမိပြီး တံခါးဖွင့်ထားသောကြောင့် ထိုအခန်းထဲမှ ဂျက်ကတ်တစ်ထည်ကို ခါးတွင်ချည်၍ နောက်တစ်ထည်ကို ကိုယ်ပေါ်တွင် ဝတ်လိုက်ကာ လိရှားကို ရှာရန်ထွက်သွားသည်။
သူသည် လိရှားကို ဘယ်နေရာမှာမှ မတွေ့ပေ။ နောက်ဆုံးတွင် လိရှားကို တွေ့သွားပြီး ကျန်းလော်သည် ဘာမှပြောမနေဘဲ ကလေးမလေးကို မပြီး အသားကုန်ပြေးတော့သည်။ သင်္ဘောသားများ၏ အဆောင်ခန်းကို ဖြတ်သွားသည့်အချိန်တွင် ချန်လိသည် အခန်းတစ်ခုထဲမှ ကျောပိုးအိတ်လွယ်ပြီး အလျင်စလိုထွက်လာသည်။ ကျန်းလော်သည် လှမ်းခေါ်လိုက်သည်။
“ချန်လိ”
ချန်လိသည် ကျန်းလော်ကို မြင်သောအခါ မျက်လုံးများတောက်လာပြီး သူကသာ အသက်ကယ်ဆေးဖြစ်သလိုမျိုး ကျန်းလော်ဆီသို့ အမြန်ပြေးလာသည်။ ကျန်းလော်ရှေ့ရောက်တော့ အားကိုးတကြိးပြောလိုက်သည်။
“ညီလေးရေ ငါမင်းပြောတာတွေ ရှာခဲ့ပြီးပြီ ဘယ်အချိန် ဘယ်နေရာမှာ မိန်းမနဲ့ သမီးလေးနဲ့ တွေ့ရမှာလဲဟင်”
ကျန်းလော်ပြန်ပြောမည့်အချိန်တွင် အခန်းတံခါးတစ်ချပ်ပွင့်လာကာ သွားရည်များကျနေသော သွေးငါးရှဉ့်များသည် ကြမ်းပြင်ပေါ်သို့ တွားသွားဘာကာ သူတို့ကိုကြည့်ပြီး သွားရည်ကျနေကာ ချွဲတစ်နေသော လည်ချောင်းသံကြီးနှင့်
“လူသားတွေ...............”
ဘာမှပြန်မပြောနိုင်တော့ပဲ ကျန်းလော်သည် လိရှားကို ပြန်ကောက်ချီလိုက်ပြီး ပြေးထွက်သွားကာ
“အရင်ပြေးဟ”
ချန်လိသည် သူ့နောက်သို့ မြန်မြန်လိုက်သွားသည်။ သူတို့နှစ်ယောက်သည် ပျံတက်သွားမတတ် အသားကုန်ပြေးနေကြသည်။ ကျန်းလော်သည် အချက်ပြသင်္ကေတအတိုင်း တံခါးခေါက်လိုက်ရာ တံခါးပွင့်လာပြီး ကောကျူထွက်လာသည်။
“မြန်မြန်ဝင်”
သင်္ဘောဝမ်းထဲတွင် အကျိအချွဲအလွှာလိုက် ဖုံးလွှမ်းနေကာ ကျန်းလော်သည် လိရှားကို အောက်ချပေးလိုက်ပြီး အခန်းတစ်ခုလုံးကို လိုက်ကြည့်သည်။
အပေါ်ကနေချိတ်ထားခံရသော ခန္ဓာကိုယ်များကို ကောကျူသည် အကုန်အောက်ချပေးထားသည်။ ထို့နောက် သင်္ဘောဝမ်းတစ်ခုလုံးတွင် လူများပြည့်နေပြီး ယောက်ျား မိန်းမနှင့် ကလေးများသည် အကြောက်လွန်နေကြပြီး အသံပင်မထွက်ဝံ့ကြပေ။ သူတို့ဆံပင်များသးည် ရှုပ်ပွနေပြီး အဝတ်အစားများတွင် အကျိအချွဲများကပ်နေသည်။ အားလုံးသည် ဝမ်းနည်းစွာ ငိုကြွေးထားသောကြောင့် မျက်လုံးများနီရဲနေကြသည်။
ဓာတ်မီးဒါဇင်လိုက်ကို ကြမ်းပြင်ပေါ်တွင်ထွန်းထားပြီး မီးရောင်ရရန် ပြိုင်တူထွန်းထားသည်။ သင်္ဘောဝမ်းအလယ်တည့်တည့်တွင် ငါးထီးတစ်ကောင်ကို သတ်ပြီး ဒီတိုင်းကြမ်းပြင်ပေါ်ချထားသည်။
ကျန်းလော်သည် ကောကျူကိုကြည့်လိုက်ပြီး အချက်ပြလိုက်သည်။
“ဘာတွေဖြစ်ကုန်တာလဲ”
ကောကျူသည် သူ့ကိုယ်ပေါ်မှ ကျန်းလော်ကိုယ်ပေါ်မှ အမှတ်များကို သတိမထားမိဘဲ ရှင်းပြလိုက်သည်။
“တစ်စုံတစ်ယောက်က သူတို့ထွက်ပြေးနေတုန်း ငါးထီးတစ်ကောင်ကို ခေါ်လာမိသွားတယ်လေ၊ အဲ့တာနဲ့ပဲ လူတွေက အကုန်ပေါင်းပြီး အသေသတ်လိုက်ကြတာ အခုဆို သူတို့ အသံတောင် မထွက်ရဲကြတော့ဘူး၊ အပြင်ဘက်က ငါးထီးတွေကြားပြီး ဝင်လာမှာစိုးလို့”
“ရယ်ရွှင်တို့ရော သူတို့ ဘယ်မှာလဲ”
ကောကျူသည် သူ့ကို သင်္ဘောဝမ်းအတွင်းဘက်ထိ ခေါ်သွားသည်။ အတွင်းပိုင်းတွင် ငါးညှီနံ့သည် အလွန်ဆိုးဝါးပြီး အထဲရောက်လေ အနံ့ပြင်းလေဖြစ်သည်။ အကြာကြီးလျှောက်ပြီး အဆုံးနားတွင်
“သူတို့အားလုံးအထဲမှာ မင်းမလာသေးတာနဲ့ ငါတစ်ယောက်ပဲ အပြင်ထွက်စောင့်နေလိုက်တာ ”
ကောကျူသည် နံရံကိုစမ်းလိုက်ပြီး လျှို့ဝှက်ခန်းတံခါးကိုဖွင့်လိုက်သည်။
“လာ”
ကျန်းလော်သည် အထဲသို့ လိုက်ဝင်သွားသည်။ အခန်းငယ်လေးထဲတွင် မီးထွန်းထားပြီး လုယုံရိသည် အခန်းထဲတွင် မတ်တပ်ရပ်နေသည်။ ကျန်းလာ်ဝင်သွားချိန်တွင် သူတို့သည် နံရံပေါ်မှ ဓာတ်ပုံများကို ကြည့်နေကြသည်။ ခပ်သောသောကြည့်လိုက်ရာ နံရံပေါ်တွင် ဓာတ်ပုံပေါင်းရာကျော်ကပ်ထားသည်။ ထိုသူများအားလုံးသည် သင်္ဘောသားများဖြစ်ကြသည်။ ကပ္ပတိန်မှစ၍ တန့်နေးအာအဆုံး ရင်းနှီးနေသော မျက်နှာများဖြစ်သည်။
“ဒါတွေက............”
ကျန်းလော်သည် အတွေးတချို့တွေးမိသွားသည်။
“ငါးအထီးအဖြစ်ပြောင်းခံလိုက်ရတဲ့ သင်္ဘောသားတွေ”
ခွမ်းကျိန်းသည် ဓာတ်ပုံများကို ရေတွက်လိုက်ပြီး
“အားလုံးပေါင်း သုံးရာနဲ့နှစ်ဆယ်တောင်”
ထိုကိန်းဂဏန်းကိုထုတ်ပြောပြီးနောက် အားလုံးသည် တိတ်ဆိတ်သွားကြသည်။
ငါးအထီးတစ်ကောင်အတွက် ရင်ဆိုင်လို့ လွယ်သည်။ လေးငါးကောင်ဆိုလျှင်လည်း ဉာဏ်သုံးပြီး ဖြေရှင်းနိုင်သေးသည်။ သို့သော် သုံးရာနှင့် နှစ်ဆယ်ကောင်.......................ဒါကြီးကတော့ ငရဲကိုဆင်းရသည်ထက်ပင် ခက်ခဲနေသည်။
ကျိုးကျုံးချိုးးသည် မျက်ခုံးကို လက်မနှင့်ခြစ်လိုက်ပြီး ခေါင်းကိုက်စွာဖြင့် အမှန်တရားကြီးကို ပြောချလိုက်သည်။
“ငါ့အဖေရောက်လာရင်တောင် ဒါလောက်ကြီးကို ဘယ်လိုမှ ရင်ဆိုင်နိုင်မှာမဟုတ်ဘူး”
ဝမ်ယမ်လန်သည် ဘာမှဝင်မပြောပေ။ သူသည် ထိုပုံများကို အကြာကြီးငေးကြည့်နေကာ သက်ပြင်းချလိုက်သည်။
“ဒီမျက်နှာတွေကို မှတ်ထားရအောင် တချို့သွေးငါးရှဉ့်တွေက လူသားအရေခွံကို ချွတ်လိုက်ပြီးပြီ ဒါပေမဲ့ အခြားသူတွေကျန်နေပြီး လူအုပ်ထဲရောနေမှာပဲ စိုးရိမ်ရတာ၊ ဒီဓာတ်ပုံတွေကို အရင်ယူသွားပြီး သင်္ဘောဝမ်းထဲလူတွေထဲ ဒီလူတွေပါမပါစစ်ကြည့်ကြတာပေါ့”
“စကားမစပ်.................”
ဝမ်ယမ်လန်သည် ခေါင်းလှည့်ကြည့်လိုက်သည်။
ကျန်းလော်သည် မသိလိုက်မသိဘာသာပင် ဂျက်ကတ်ကို ဇစ်ဆွဲလိုက်သည်။ သူ့မျက်နှာတစ်ဝက်သည် ဂျက်ကတ်ကော်လာနှင့် ဖုံးသွားသည် ။ သူ့ကိုယ်ပေါ်မှ အမှတ်များနည်းနည်းမှ မပေါ်တော့ပေ။ သူသည် သူနှင့်ချီယုံ့အကြောင်း နည်းနည်းမှ ရှင်းပြချင်စိတ်ရှိမနေပေ။
သူအိပ်ရာပေါ်မရောက်ခင်က သူသည် ရယ်စရာကောင်းတာကြီး လုပ်ဖို့ သတ္တိမွေးခဲ့သည်၊။ သူအိပ်ရာပေါ်ရောက်ပြီးနောက် ကျန်းလော်သည် အိပ်ရာပေါ်သွားဖို့တွေးခဲ့သည့် ကျန်းလော်ကို ပါးပြေးရိုက်ချင်သွားသည်။
အထူးသဖြင့် အခုအချိန်တွင် သူ့ကိုယ်ပေါ်တွင် ဟိုခွေးသူတောင်းစားချန်ခဲ့သော တစ်စုံတစ်ခုရှိနေသေးသည်။
အကျဉ်းချုပ်ပြောရလျှင် ကျန်းလော်သည် အလွန်ရှက်နေသည်။
ကံကောင်းစွာပင် ဝမ်ယမ်လန်သည် ဘာမှသတိမထားမိပေ၊ သူသည် လူများကို ရေတွက်ကြည့်ပြီး မေးလိုက်သည်။
“ကျန်းလော် လိရှားကို ခေါ်ခဲ့သေးလား”
ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး
“အပြင်မှာထားခဲ့ပြီ”
လုယုံရိသည် ကျန်းလော်ကို လှည့်ကြည့်လိုက်ပြီး
“မင်းအသံက ဘယ်လိုဖြစ်သွားတာတုန်း”
ထူးဆန်းသော အက်ရှရှအသံနှင့် ခန့်ညားသော အနံ့တစ်ခုခုရနေသော လုယုံရိသည် တိုးတိုးပြောလိုက်သည်။
“အဲ့ဒါက ငါ့နားရွက်တွေကို နီလာစေတယ်ဟ”
ကျန်းလော်သည် မျက်လုံးလှိမ့်လိုက်ပြီး
“ငါအအေးမိပြီးဖျားနေလို့လေကွာ ကောကျူမင်းတို့ကိုမပြောဘူးလား”
လုယုံရိသည် ရှက်ရွံ့စွာပြုံးလိုက်ပြီး မှတ်မိသွဦးကာ
“မင်းမျက်နှာနီနေတာ မထူးဆန်းတော့ဘူး အခုရော ဘယ်လိုနေလဲ”
ကျန်းလော်သည် ချောင်းနှစ်ကြိမ်လောက်ဆိုးပြလိုက်ပြီး အားလျော့စွာပြောလိုက်သည်။
“ကောင်းသွားပါပြီ နည်းနည်းလေးအားနည်းနေလို့ရယ်”
ရယ်ရွှင်သည် သူ့နဖူးကိုလာစမ်းကာ ခေါင်းညိတ်လိုက်ပြီး အတည်ပြုလိုက်သည်။
“အဖျားမရှိတော့ဘူး”
ပြင်းပြင်းထန်ထန်မဖြစ်သောကြောင့် ကျန်းလော်တို့သည် ဆက်လက်ဆွေးနွေးကြသည်။ ကျန်းလော်သည် သူ့အတွေးများကို စုစည်းနေသည်။ သူတို့သည် သွေးငါးရှဉ့်အမများကို သတ်ပြီး လူများကိုခေါ်ပြီးထွက်ပြေးကြရန် တိုးတိုးတိတ်တိတ် ဆွေးနွေးကြသည်။ ကျန်းလော်သည် ရုတ်တရက် ပြောသည်။
“သွေးငါးရှဉ့်တွေ အကုန်သတ်ပစ်လိုက်ရအောင်ကွာ”
လူအုပ်လိုက်ကြီးသည် သူ့ကို မယုံနိုင်သလို စိုက်ကြည့်နေကြသည်။
ကျန်းလော်သည် ပုခုံးတွန့်လိုက်ပြီး ပြုံးလိုက်ကာ
“တစ်ခုခုအကြီးကြီးလုပ်မှရတော့မှာဆိုတော့ အကြီးဆုံးဆိုတာကိုပဲလုပ်ကြရအောင်၊ ဒီသင်္ဘောကြီးကို ဖောက်ခွဲပစ်လိုက်ကြတာပေါ့”
############################