အပိုင်း (၇၇)
ကိုယ်မင်းကိုလာကြိုတာ
အခန်းတံခါးဝမှ သန့်ရှင်းရေးအဒေါ်ကြီးသည် မျက်စိတမှိတ်အတွင်း ထွက်သွားလိုက်လေပြီ။ ကျန်းလော်သည် ကြိုးအချည်ခံထားရပြီး ဆူပုတ်နေသည်။ မကောင်းဆိုးဝါးကောင် ချီယုံသည် နားနားကပ်ပြီး ပြောခဲ့သည်။
“ကိုယ့်ကိုဖြည့်ဆည်းပေးမလား သေမလား”
သူ့အောက်မှာလှဲပေးမလား သူသတ်တာခံမလား
ချီယုံသည် သူ့ကို ရွေးစရာ နှစ်ခုသာပေးခဲ့သည်။
၏
‘ဒါပေမဲ့ သူစကားဘယ်သူက နားထောင်မှာကျလို့’
ကျန်းလော်သည် သူတမင်သက်သက် ကော်ဖီစားပွဲပေါ် တင်ထားခဲ့သော ကျောက်ရုပ်နှလုံးသားနှင့် ယွမ်ထျန်းကျူးကို ကြည့်လိုက်သည်။ ထိုနှစ်ခုကို သူသည် တမင်တကာမြင်သာသော နေရာတွင်ထားခဲ့သည်။
‘ချီးလိုပဲ’
ကျန်းလော်၏ စိတ်အခြေအနေသည် ပိုဆိုးလားသည်။ သူသည် ထိုနှစ်ခုကို ငါးစာအဖြစ်သုံးပြီး ထိုနားတဝိုက်ကို ထောင်ချောက်ဆင်ထားသည်။ သူသည် အနည်းဆုံး တစ်ခါရဲ့ တစ်ဝက်လောက်ဖြစ်ဖြစ် ချီယုံကိုသတ်ချင်ခဲ့သည်။ သို့သော် ကျန်းလော်သည် သူတို့ကို ကြည့်တောင်မကြည့်ခဲ့ပေ။
‘ကြည့်တောင်မကြည့်သွားဘူး’
ကျန်းလော်၏ နှလုံးသားလေးသည် အောက်ခြေထိ နှစ်မြုပ်သွားသည်။
‘ချီယုံက သူတို့ကိုမမြင်လို့လား’
ဒါမှမဟုတ် မြင်ပြီးတော့ တမင်တကာမယူသွားတာဆိုလျှင် မကောာင်းတော့ပေ။ သူ၏ကျန်းလော်ဆီမှ တပ်မက်သောအရာသည် ထိုနှစ်ခုကို လက်လွတ်ရအောင်များ ကြီးကျယ်နေသည်လား။
‘မကောင်းတော့ဘူ မကောင်းတော့ဘူး’
မကောင်းဆိုးဝါးသည် စိတ်အခြေအနေအလွန်ပြောင်းလဲလွယ်ပြီး သူနှလုံးသားနှင့် ဝိဉာဉ်ကိုတောင် လစ်လျူရှုနေလေသည်။ ကျန်းလော်သည် ဒေါသထွက်နေပြီး ချီယုံကို ဂုတ်ကဆွဲကပြီး ကိုင်ပေါက်ပစ်လိုက်ချင်နေလေပြီ။
ကျန်းလော်သည် ချီယုံကိုတစ်ညလုံးနှိပ်စက်ပြီး သူ့ရဲ့ တစ်ဆယ့်ရှစ်ကြိမ်သော အသက်ကြွေးကို ပြန်ယူဖို့ ဆုံးဖြတ်ထားသည်။ ကျန်းလော်သည် နှိပ်စက်ရင်းပျင်းလာလျှင် သူသည် သူ့ကိုလုပ်ခဲ့သော အရက်စက်ဆုံးနည်းလမ်းများကို မသုံးလိုက်ရမည် စိုး၍ သေချာပင် စာရင်းလုပ်ထားသေးသည်။ သူသည် ထိုနည်းများကို အရင်သုံးပြီး မကောင်းဆိုးဝါးကို ကောင်းကောင်းကြီး နှိပ်စက်ပစ်ရန်စီစဉ်ထားသည်။ သို့သော် မထင်မှတ်ထားစွာ အခြေအနေသည် သူတွေးထားသည်နှင့် ပြောင်းပြန်ဖြစ်သွားသည်။ ကျန်းလော်သည် ချီယုံတဖြည်းဖြည်းအားပြန်ပြည့်လာမှန်း သတိမထားမိခဲ့ပေ။ သူသည် မူလက ယွမ်ထျန်းကျူးနှင့် ရုပ်ထုနှလုံးသားကို သုံးပြီး သူ့ကို တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း သူသာလျှင် မမျှော်လင့်ဘဲ ချီယုံ့ထောင်ချောက်ထဲကျသွားခဲ့သည်။
ကျန်းလော်သည် သူရက်အတော်ကြာ သိမ်းထားခဲ့သော ဒေါသများကို ဖွင့်ထုတ်ပြီး ဆဲချလိုက်သည်။
“ဖာ့ခ်”
သူသည် ဒေါသတကြီး ရေချိုးခန်းထဲသို့ဝင်သွားကာ ချီယုံထိခဲ့သော ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို သေချာဆေးလိုက်သည်။ သူရေချိုးပြီးပြန်ထွက်လာသောအခါ အခန်းထဲတွင် လူအုပ်လိုက်ကြီးရောက်နေသည်ကို တွေ့လိုက်ရသည်။
ကျန်းလော် “..........”
‘ဖြစ်မဲ့ဟာက ချက်ချင်းကို ရောက်လာတော့တာပဲ’
စိုင်လောင်အာနှင့် တခြားသူများသည် အိပ်ရာပေါ်မှ ဆွဲချခံလာရမှန်းသိသာစွာ ညအိပ်ဝတ်စုံများနှင့် ဆံပင်များသည် ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသည်။ ဆိုဖာများပေါ်တွင် ဌာနမှူးရှုနှင့် တခြားဆရာများထိုင်နေပြီး ကျောင်းသားများသည် ဆရာများနောက်တွင် မက်တပ်ရပ်နေသည်။ ဌာနမှူးသည် အလယ်ကဆိုဖာတွင်ထိုင်နေပြီး သူ့တုတ်ကောက်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး မျက်နှာကို တင်းထားသည်? သူမှမဟုတ်ပေ။ အခန်းထဲမှ ရှုပ်ပွနေသည်များကို မြင်ပြီး တခြားသူများလည်း မျက်နှာမကောင်းကြပေ။ ပစ္စည်းများသည် နေရာအနှံ့ပျံ့ကျဲနေပြီးး ဖန်ကွဲစများနှင့် ကြွေပန်းအိုးအကွဲများသည် နေရာတကာမြင်နေရကာ နံရံပေါ်တွင် အခုထိ တစက်စက်ကျနေသေးသော သွေးများကို မြင်နေရသည်။ ရေချိုးခန်းရှေ့မှ အခင်းပင် သွေးများရွှဲနေသည်။ မြင်ကွင်းသည် ပြင်းထန်ကြမ်းတမ်းသော တိုက်ပွဲကွင်းပြင်နှင့် တူနေသည်။
ဌာနမှူးရှုသည် အမြန်ပြေးလာရပြီး ဤသို့သော မြင်ကွင်းမျိုးမြင်လိုက်ရသောအခါ ရင်ဝဆောင့်ကန်ခံလိုက်ရသလို ခံစားရကာ ဒေါသအထွက်လွန်သွားသည်။ သန့်ရှင်းရေးအဒေါ်ကြီးဆီမှ ကျန်းလော်ဘာမှမဖြစ်ကြောင်းကြားမှသာ အလုံးကြီးကျသွားသလိုခံစားရသည်။ ပြန်ပြောရလျှင် အဆောင်မှူးထံမှ ကျန်းလော်သည် အခန်းတံခါးပိတ်ထားပြီး သေကြောင်းကြံပြန်ပြီဟု ဖုန်းဆက်လာသောအခါ အားလုံးသည် ဝမ်းနည်းစိတ်ပျက်စွာ ကျန်းလော်သည် အပြေးအလွှားရောက်လာသည်။ ထို့သို့သော မြင်ကွင်းသည် ဌာနမှူးကို ဆို့နစ်သွားစေပြီး သူသည် ကျန်းလော်၏ သေကြောင်းကြံမှုသည် အပြင်လူမှထိန်းချုပ် ညွှန်ကြားနေသည်ကို ချက်ချင်းနားလည်လိုက်သည်။
ဒါသည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခြင်း လုံးဝမဟုတ်နိုင်တော့ချေ။ သေကြောင်းကြံလျှင် ဒီလို ရုန်းရင်းဆန်ခတ် မဖြစ်နိုင်ပေ။ ကျန်းလော် ရေချိုးခန်းထဲမှ ထွက်လာသည်ကို မြင်သောအခါ ဌာနမှူးသည် အပြင်လူမှာ ချီယုံမှန်းသိသွားသည်။
ဌာနမှူးသည် မြန်မြန်ဆန်ဆန်လာခဲ့ရသော်လည်း သူသည် ကျန်းလော်နှင့် ချီယုံအကြောင်းသိထားသူများကိုသာ ခေါ်လာခဲ့သည်။ သူသည် ကျန်းလော်နှင့် ချီယုံ့အကြောင်းကို လျှို့ဝှက်ထားရန် ပြင်းပြင်းထန်ထန်မှာထားသောကြောင့် သူတို့အကြာင်းသည် အပြင်သို့ ပျံ့မသွားဘဲကျောင်းထဲတွင်ပင် ကောလဟာလတစ်ခု အဖြစ်သာရှိနေသည်။ အိမ်တော်ခြောက်ခုပင် ဤအကြောင်းကို မသိကြပေ။ ဆရာများနှင့် ကျန်းလော်အတန်းဖော်များသည် ဌာနမှူးရှု၏ ဆင့်ခေါ်မှုကိုကြားသည်နှင့် ချက်ချင်းလိုက်လာသည်။ ဆရာများနှင့် ဌာနမှူးသည် ကျန်းလော်ကို ဖျောင်းဖျပေးရန် သူတို့ကို တာဝန်ပေးလိုက်သည်။
လူတိုင်းကဒီလိုအဖြစ်မျိုးသည် သုံးကြိမ်တိုင်အောင် မဖြစ်နိုင်ဟု ပြောသော်လည်း ဌာနမှူးရှုအတွက်တော့ သူ့မျက်စိရှေ့တွင်ပင် ကျန်းလော်ဒီလို ဖြစ်တာ ဒီတစ်ခေါက်နှင့်ဆိုလျှင် သုံးကြိမ်မြောက်ဖြစ်သည်။ လူသားနှင့်သရဲ နှစ်ယောက်သည် ဘဝခြားနေပြီဖြစ်သော်လည်း ထိုထဲမှတစ်ယောက်သည် တစ်ခုခုလုပ်ခဲ့လျှင် သူတို့ကို ခွဲလို့ရမည် မဟုတ်တော့ပေ။ ဌာနမှူးရှုအတွက် ချီယုံသည် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့ပြီး သူသည် ဘယ်သောအခါမှ ချီယုံကို တကိုယ်ကောင်းသမားအဖြစ် မြင်မည် မဟုတ်ပေ။ ထို့အပြင် ကျန်းလော်သည် သူ၏အလားအလာအကောင်းဆုံးနှင့် တောက်ပနေမည့် ဂျူနီယာလေးဖြစ်သည်။ ထို့ကြောင့် သူသည် ဒီနှစ်ယောက်ကို မဖြစ်သင့်သည့် ကိစ္စထဲနှစ်မြုပ်မသွားစေချင်ပေ။ သူသည် ချီယုံကိုသနားပြီး ကျန်းလော်ကိုလည်း ကရုဏာသတ်သည်။ သို့သော် လူနှင့်သရဲသည် ပေါင်းစပ်၍ မရနိုင်ပေ။
ဌာနမှူးရှုသည် ချီယုံ့ဝိဉာဉ်ကို ဆင့်ခေါ်ရန်ကြိုးစားသော်လည်း ချီယုံသည် တစ်ခါမျှမတုံ့ပြန်ခဲ့ပေ။ ထိုအခါ ဌာနမှူးရှုသည် ထိုအကြံကို လက်လွတ်လိုက်သည်။ တစ်ဖက်တွင် ကျန်းလော်သည် ထျန်းရှိဖူသို့ဝင်ပြီး ဖုန်းလီကို ဆရာတော်လိုက်သောကြောင့် ထိုသို့ထပ်မလုပ်ရဲထင်လိုက်သော်လည်း ဒါမျိုးထပ်ဖြစ်သွားပြန်သည်။
ဌာနမှူးရှုအကြောက်ဆုံးအရာမှာ ဒီအပြင်လူဝင်သည့် ဖြစ်ရပ်သည် ကျောင်းထဲတွင် ဖြစ်သွားခြင်းဖြစ်သည်။
ဌာနမှူးသည် မျက်နှာကိုတည်ထားပြီး
“ဒီကိုလာ”
ကျန်းလော်သည် ဌာနမှူးနှင့်မျက်နှာချင်းဆိုင်ရှိ ဆိုဖာပေါ်သို့ ယဉ်ကျေးစွာမထိုင်လိုက်ခင် စိတ်ထဲမှ ချီယုံကို ကျိန်ဆဲလိုက်သည်။
“ချီယုံနဲ့ထပ်တွေ့တာလား”
ကျန်းလော်သည် ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ ဌာနမှူး၏ တုတ်ကောက်ကိုင်ထားသော လက်သည် တင်းကြပ်သွားပြီး သူ့ဘေးမှဆရာများကိုကြည့်လိုက်သည်။
ခနကြာပြီးနောက် ဌာနမှူးသည် ထိတ်လန့်သွားသည်ကို ခနဘေးဖယ်၍ ကျန်းလော်ကို အဆက်အစပ်မရှိသော ဆုံးမစကားများ တသီကြီးပြောတော့သည်။ ကျန်းလော်သည် ဘာမှပြန်မပြောဘဲ ထိုင်နားထောင်နေသည်ကို မြင်ပြီးနောက် ဌာနမှူးသည် သက်ပြင်းချလိုက်ပြီး အလွန်ခက်ထန်သောအမူအရာဖြင့်
“ဝိဉာဉ်ရှာဖွေမယ်”
ထို့နောက် ဌာနမှူးသည် ထရပ်လိုက်ပြီး ဆရာအချိုု့ကို ကျောင်းအကာအကွယ်အစီအရင်တွင် ကျိုးပျက်မှုရှိမရှိ ပြန်စစ်ဆေးခိုင်းတော့သည်။ ဝမ်ယမ်လန်သည် ဌာနမှူးကို တံခါးရှေ့ထိ လိုက်ပို့သည်။ ဌာနမှူးသည် စိုးရိမ်စွာဖြင့် ဝမ်ယမ်လန်ကို
“မင်းတို့သူ့ကိုသေချာစောင့်ကြည့်ပြီး ဖျောင်းဖျလိုက်ကြပါဦးကွာ ဒီကောင်လေးတအားမွှန်နေပြီ နောက်ပြီးတော့ ချီယုံနဲ့ အတူရှိနေကြ..........အိုက်ယား တစ်ချို့ကိစ္စတွေက ငါတို့လူကြီးတွေဝင်ပြောလို့ မကောင်းဘူးကွာ မင်းတို့ကိုပဲ ပြောခိုင်းရတော့မယ်”
ဝမ်ယမ်လန်သည် လျော့တိလျော့ရဲပြုံးလိုက်ပြီး
“စိတ်မပူပါနဲ့ဆရာ ကျွန်တော်တို့ဆီပဲ အပ်ထားလိုက်ပါ”
ဌာနမှူးရှုသည် သက်ပြင်းချလိုက်ပြီး
“ငါဒီကိစ္စကို ဖုန်းလီကို ပြောပြမှရတော့မယ် ဒီကောင်လေးကိုလေ..............”
ဝမ်ယမ်လန်သည် စကားဖြတ်ပြောလိုက်သည်။
“ဌာနမှူး မစ်စတာဖုန်းကို ဆရာပြောဖို့လိုလောက်တော့ဘူး”
“ဟေ ဘာလို့တုန်းကွ”
ဝမ်ယမ်လန်သည် သူ့အသံကိုတိုးလိုက်ပြီး
“ဆရာမသိလို့ ချီယုံက ကျန်းလောကို ရိုက်ကူးရေးအစီအစဉ်မှာတုန်းက လာတွေ့ခဲ့သေးတယ်၊ မစ်စတာဖုန်းကလည်း အဲ့တုန်းက ခရီးထွက်နေလို့ မသိလိုက်ဘူး၊ အဲ့တာနဲ့ ကျွန်တော် မစ်စတာဖုန်းကို ဖုန်းဆက်ပြီး ပြောလိုက်တာ၊ မစ်စတာဖုန်းက မြန်မြန်ပြန်လာခဲ့မယ်တဲ့၊ ဒီရက်ပိုင်းအတွင်းလောက် ပြန်ရောက်မှာဆိုတော့ မစ်စတာဖုန်းပြန်ရောက်မှ ပြောပြရင်လည်း နောက်မကျပါဘူး”
ဌာနမှူးသည် ဖြစ်သင့်သည်ဟုတွေး၍ မုတ်ဆိတ်ကို သပ်ရင်းထွက်သွားသည်။ ဝမ်ယမ်လန်သည် ဆရာများထွက်သွားသည်ကို ကြည့်ရင်း မျက်နှာတည်သွားပြီး အခန်းထဲပြန်ဝင်သွားသည်။ ဖုန်းလီစိတ်တိုပြီး ကျန်းလော်ကို အပြစ်မပေးစေရန် သူသည် ချီယုံကသာလျှင် ကျန်းလော်ကို လိုက်နှောက်ယှက်နေသည့်ပုံပေါက်အောင် တမင်သက်သက် ပြောပစ်ခဲ့သည်။ သို့သော် ကြည့်ရသည်မှာ သူ့ဟောကိန်းသည် အမှန်တကယ်နိုးထလာမည့်ပုံ ပေါ်နေသည်။
အခန်းထဲတွင် ကျန်းလော်ကို အကုန်ဝိုင်းကြည့်နေကြသည်။ ကျန်းလော်သည် အတွေးထဲတွင် လမ်းပျောက်နေသည့်ပုံစံနှင့် ဆိုဖာကို မှီ၍ ငေါင်ငေါင်ကြီးထိုင်နေသည်။ သူသည် ရေချိုးခန်းဝတ်ရုံကို သေချာဝတ်ထားသော်လည်း သိသိသာသာကြီးကြီးနေကာ ချီယုံ့ဟာကို ယူဝတ်ထားမှန်း သေချာနေသည်။ သူ့ဆံပင်များသည် တစ်ဝက်စိုနေပြီး အချောင်းချောင်းကျနေကာ ရီဝေဝေပုံစံနှင့် ကြည့်ကောင်းနေသည်၊ သို့သော် နှုတ်ခမ်းနှင့် နားရွတ်များမ ရှရာကိုက်ရာများသည် မြင်မကောင်းပေ။ တရားလွန်နှိပ်စက်ထားသကဲ့သို့ သွားရာနက်နက်သည် ထိပ်နားတွင် မြင်သာနေပြီး အမှတ်များသည် တကိုယ်လုံးပွထနေကာ မြင်မကောင်းပေ။ ပို၍ ကြောက်စရာကောင်းသည်မှာ ကျန်းလော်ဒူးခေါင်းပေါ်မှ အစိမ်းရောင် လက်ဝါးရာကြီးပင်ဖြစ်သည်။ ရေခဲကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပသော အသားအရည်ပေါ်တွင် အစိမ်းရောင်လက်ရာကြီးကို မြင်ပြီး အားလုံးသည် စိတ်မကောင်းတော့ပေ။ ဝမ်ယမ်လန်သည် ထိုလက်ဝါးရာကို မြင်ပြီး မျက်နှာသည် မည်းမှောင်သွားသည်။
စိုင်လောင်အာသည် အလွန်အိပ်ချင်နေကာ ချက်ချင်းပင် အိပ်ပျော်သွားမည့်ပုံဖြင့် မျက်လုံးများကို မနည်းဖွင့်ကာ
“ကျန်း မင်းကဘာလို့ ဒီရောက်နေတာလဲ”
မြပြာရောင် မျက်လုံးတို့ကို ပုတ်ခက်ခက်လုပ်၍ ကျန်းလော်ကိုကြည့်လိုက်ပြီး
“မင်းဘယ်လိုလုပ်ပြီး ကိုယ့်ပါးစပ်ကိုယ်ကိုက်ထားရတာတုန်း”
လုယုံရိသည် စိုင်လောင်အာကို ထူးဆန်းစွာကြည့်လိုက်ပြီး နရင်းအုပ်လိုက်ကာ
“ငါ့ကိုသေချာကြည့် မင်းပါးစပ်မင်း ပြန်ကိုက်နိုင်လား ဟမ”
ဝမ်ယမ်လန်သည် လုယုံရိစကားကို ကြားပြီး စိတ်သက်သာသွားတုန်းရှိသေးသည်။ လုယုံရိထပ်ပြောလိုက်သည်မှာ
“သေချာပေါက် မျက်နှာနဲ့ပြုတ်ကျလို့ သွားနဲ့ နှုတ်ခမ်းကို ခုတ်မိသွားတာမှန်း အသိသာကြီးဟာကို”
စီးဝမ်ကွေးသည် လုယုံရိကို ငတုံးတစ်ကောင်လို ကြည့်လိုက်သည်။ သူသည် လုယုံရိပြောတာ အမှန်လို့မထင်ပေ။
အထူးဆန်းဆုံးကိစ္စသည် ကျန်းလော်ကိုယ်ပေါ်မှ သူ့သခင်၏အနံ့ဖျော့ဖျော့ရနေသည်။ ထိုအနံ့သည် အလွန်ဖျော့တော့နေသော်လည်း သခင့်အနံ့မှန်း သေချာနေသည်။
‘’သခင်က ဘယ်သူမှမသိတဲ့နေရာကိုသွားတာဆို’
စီးဝမ်ကွေး စိတ်ရှုပ်သွားသည်။
ကောကျူသည် ကျန်းလော်ဘေးတွင်ထိုင်နေပြီး စိုးရိမ်စွာ ကျန်းလော်၏ သွေးကြောကိုစမ်း၍ အတွင်းဒဏ်ရာရှိမရှိ စမ်းကြည့်နေသည်။ အကယ်၍ သရဲတစ်ကောင်နှင့် အတူနေမိလျှင် ယင်ယန်တွေ့ဆုံမှုဖြစ်သွားပြီး ရှင်နေသူထံမှ ယန်စွမ်းအင်များကို သရဲမှစုပ်ယူသွားလိမ့်မည်။
“ဟမ်”
ကောကျူသည် သွေးကြောကို ထိမိသွားသည်နှင့် တစ်ခုခုမှားနေသလို ခံစားရကာ သူ့ကိုယ်သူပြောလိုက်သည်။
“ထူးဆန်းလိုက်တာ ကျန်းလော်က နည်းနည်းလေးတောင် အားနည်းမနေဘဲ လုံးဝကျန်းမာနေတယ်ရော”
“ချီယုံက ယန်စွမ်းအင်မစုပ်ယူမိအောင် သေချာထိန်းပြီး လုပ်ခဲ့လို့လား”
ကျိုးကျုံးချိုးသည် အေးစက်စွာရယ်လိုက်ပြီး တီဗီရီမုကို စားပွဲပေါ်မှ ဒေါသတကြီး လက်ဖြင့်တွန်းချလိုက်ကာ
“သူသာ တကယ်ဂရုစိုက်ပြီး သတိထားရင် ကျန်းလော်ဆီကို နှစ်ကြိမ်တောင်လာပါ့မလား”
ဝမ်ယမ်လန်သည် ကျန်းလော်နားသို့ လျှောက်သွားပြီး ဘေးကပ်ထိုင်လိုက်သည်။ ခနမျှတိတ်ဆိတ်သွားပြီး အေးစက်စွာမေးလိုက်သည်၊
“မင်းတို့ လုပ်ခဲ့လား”
ဝမ်ယမ်လန်သည် ကျန်းလော်ကို တည့်ပဲမေးလိုက်သည်။
ပထမတစ်ခေါက်တွင် ကျန်းလော်သည် သူနှင့် ချီယုံသည် အိပ်မက်ထဲမှာပဲ လုပ်ခဲ့ပါသည်တဲ့။ ထိုသို့ပြောသောအခါ နွေဦးအိပ်မက်သာဖြစ်ပြီး အမှန်တကယ်ဖြစ်သွားသလို အထင်မှားနေကြောင်း သေချာခဲ့သော်လည်း ယခုတစ်ခေါက်ကတော့ မတူတော့ပေ။ ဒီတစ်ကြိမ်တွင် ချီယုံသည် ကျန်းလော်ကို တကယ်ကြီး အပြင်မှာ ‘လုပ်’ဖို့ ကြိုးစားခဲ့ပုံပေါ်သည်။
ထိုမေးခွန်းမေးလိုက်သည်နှင့် အခန်းသည် လုံးဝနီးပါးတိတ်ဆိတ်သွားသည်။ သူတို့သည် အသက်အောင့်ပြီး ကျန်းလော်အဖြေကို စောင့်နေကြသည်။
ကျန်းလော်သည် ပါးများနီရဲလာပြီး အိပ်မက်မက်နေသလို ပြုံးလိုက်ကာ တိုးတိုးလေးပြောလိုက်သည်။
“မလုပ်လိုက်ရသေးဘူး”
အခန်းလေထုသည် အခုမှသက်တောင့်သက်သာ ဖြစ်သွားသည်။ ကျန်းလော်သည် နာရီကြည့်လိုက်ရာ ၇နာရီဖြစ်၍ မိုးလင်းနေပြီ ဖြစ်သည်။
‘အဲ့ဒီကောင်က ကိုယ့်လုံခြုံရေးကို ဂရုမစိုက်ပဲ ညနေထိတောင် မနေပဲ ထွက်သွားတာပဲ’
“ချီယုံက ငါ့ကိုမေးတယ် ‘ဒီည ကိုယ်နဲ့ လုပ်မလားတဲ့’”
ကျန်းလော်သည် ရင်ထဲတွင် မီးတောက်နေပြီဖြစ်သည်။ သူသည် ထိုအကောင် ပြောခဲ့သောစကားနောက်ဆက်တွဲကို ပြန်ပြောပြလို့ မရပေ။ သူသည် သရုပ်ဆောင်နေတာတောင် မျက်နှာပျက်မှာ ကြောက်နေသည်။ ကျန်းလော်သည် သူကိုစောင့်ပေးပြီး ညဘက်ထိသူနဲ့ အိပ်ပေးမည် လူအစုလိုက်ကို အားနာသွားသည်။ ထိုအချိန်တွင် ဝမ်ယမ်လန်သည် ထရပ်လိုက်ပြီး
“စောစောက ချီရယ်ငါ့ဆီဖုန်းဆက်ပြီး ငါတို့ကို ညစာစားပွဲ ဖိတ်ချင်လို့တဲ့ ပြီးတော့လဲ ငါတို့အဲ့မှာ တစ်ညလုံးနေရမှာ ငါမှတ်မိသလောက်ဆိုရင် နောက်နှစ်ညနေရင် မြို့ထဲမှာ သရဲဖမ်းပွဲလည်းရှိတယ်တဲ့ အဲ့ပွဲကို ငါတို့လည်းတက်ရမှာ”
သူသည် စကားကို ငြင်းမရအောင်ပြောလိုက်ပြီး ကျန်းလော်ကို ကြည့်လိုက်သည်
“ကျန်းလော် မင်းမလိုက်လို့မရဘူးနော်”
ကျန်းလော်သည် အားတင်းပြီးပြုံးလိုက်ပြီး
“ကောင်းပြီ”
ဝမ်ယမ်လန်သည် ကျန်းလော်ကို ချီယုံ့အကြောင်းမေ့လိုက်စေချင်ပြီး ချီရယ်နှင့်သာ တွဲသွားစေချင်သည်။ သူသည် ကျန်းလော်ကို ချက်ချင်းပင် ထိုမကောင်းဆိုးဝါးကို ထားခဲ့လိုက်စေချင်တော့သည်။ သူသည် မတုံ့ဆိုင်းပဲ ချက်ချင်းပင် ချီရယ်ကို ဖုန်းသွားဆက်လိုက်သည်။ ကျိုးကျုံးချိူးနှင့် ကောကျူသည် အချင်းချင်းကြည့်လိုက်ကြပြီး ကျန်းလော်ကို အဆောင်သို့ ပြန်ခေါ်သွားကြသည်။ ကျန်းလော်အထုပ်များကူသိမ်းပေးနေကြသည်။
ရယ်ရွှင်သည် သူတို့နောက်မှ လမ်းလျှောက်နေပြီး လုယုံရိသည် ခေါင်းကုတ်လိုက်ကာ အသံတိုးတိုးလေးပြောလိုက်သည်။
“ရယ်ရွှင် ကျန်းလော်ပါးစပ်က ဒဏ်ရာက ချီယုံကိုက်လိုက်တာလား”
ရယ်ရွှင်သည် သူ့ကို ကြည့်လိုက်သည်။
“အခုထိဒီအကြောင်းပဲတွေးနေတာလား”
လုယုံရိသည် တကယ်ကို သိချင်နေပြီး
“ငါတကယ်ကို ချီယုံ့ကို မတွေးတတ်တော့ဘူး............... သူကတကယ်ကို လွတ်ထွက်သွားပြီ မထင်ဘူးလား”
‘မင်းဘယ်လိုတောင် သူများပါးစပ်ကိုမှ တက်ကိုက်ရတာလဲကွာ’
ရယ်ရွှင်သည် ရှောင်ဖန်ကို ပွေ့ထားပြီး အေးစက်စွာဖြင့်
“ငါပြောနေတာပဲမလား လူနဲ့သရဲက ဘဝခြားသွားပါပြီဆိုမှ ကျုံးချိုးပြောတာမှန်တယ် ဘယ်လောက်ကောင်းတဲ့သူဖြစ်ခဲ့ ဖြစ်ခဲ့ မကောင်းဆိုးဝါးအဖြစ်ပြောင်းသွားရင် တခြားလူလိုဖြစ်သွားမှာပဲ၊ သူ့ကိုသတ်တဲ့သူကိုရှာပြီး အရင်လက်စားမချေဘဲ ချီယုံက ကျန်းလော်နောက်ကိုပဲလိုက်နေတယ်”
လုယုံရိသည် တောင့်တင်းသွားသည်။
ရယ်ရွှင်သည် စကားပြောရပ်လိုက်ပြီး လုယုံရိကို တည့်တည့်ကြည့်လိုက်ကာ
“သူက ကျန်းလော်ကို သေစေချင်နေတာ သရဲအဖြစ်နဲ့အတူတူနေချင်လို့လား”
အချိန်အကြာကြီး စည်းစားပြီးနောက် ခါးသီးစွာပြုံးလိုက်ပြီး
“မင်းပြောတာအမှန်ပဲ”
သူသည် လက်သီးဆုပ်လိုက်ပြီး တိုးတိုးတိုးတိုးပြောလိုက်သည်။
“ငါဘယ်တော့မှ ချီယုံ ကျန်းလော်ကို နာအောင်လုပ်ခွင့်ပြုမှာမဟုတ်ဘူး”
အစတုန်းက သူတို့သည် ချီယုံ့ကို အမှားတစ်ခုထပ်မလုပ်စေချင်သောကြောင့် ကျန်းလော်ကို ကာကွယ်ခဲ့သည်။ ယခုတွင်တော့ သူတို့သည် ကျန်းလော်ကို ပျော်ပျော်ရွှင်ရွှင်နှင့် အလင်းထဲတွင် ကျန်းမာစွာ အသက်ရှင်နေအောင် ကာကွယ်ချင်လာသည်။
သူသည် အချိန်တိုင်းသန်မာလာအောင်ကြိုးစားနေကာ ချီယုံ့အတွက် တရားမျှတမှုရှာပေးရန် တချိန်လုံးကြိုးစားနေရှာသည်။ ချီယုံသေသွားပြီးကတည်းက သူတို့သည် ချီယုံ့ဝိဉာဉ်ကို တစ်ခါမှ မမြင်ခဲ့ပေ။ လုယုံရိသည် စိတ်ပျက်သွားသည်။
‘ချီယုံ အစ်ကိုဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ’
သူတို့ချီယုံကို ဘယ်တုန်းကမှ ကောင်းကောင်းမသိခဲ့လို့များလား။
ကျန်းလော်သည် သူ့အဆောင်ခန်းဆီသို့ ပြန်ရောက်ပြီး သူမထိုင်ခင် ကျိုးကျုံးချိုးနှင့် ကောကျူသည် သူ့အထုပ်အများကို မြန်မြန်ထုပ်ပေးနေသည်။ သူတို့သည် ကျန်းလော်စိတ်ပြောင်းသွားမည်ကို စိုးရိမ်နေပြီး မြန်နိုင်သမျှမြန်မြန် ကျန်းလော်ကို ကျောင်းမှထုတ်သွားပြီး ဟိုတယ်သို့ပို့လိုက်ချင်သည်။
ကျောင်းမှထွက်သည့်အချိန်တွင် ဝမ်ယမ်လန်သည် ကျန်းလော်ကို မက်စ်တစ်ခုထုတ်ပေးလိုက်ပြီး သူ့နှုတ်ခမ်းမှဒဏ်ရာကို လေမတိုးအောင် တပ်ခိုင်းလိုက်သည်။ သူတို့ ဟိုတယ်ရောက်တော့ ချီရယ်သည် သူတို့ကို လော်ဘီတွင်စောင့်နေသည်။
ဝမ်ယမ်လန် ချီရယ်ကို ဘာပြောထားမှန်းမသိချေ၊ ချီရယ်သည် ယနေ့တွင် အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာဝတ်ထားသည်။ ဝတ်စုံသည် ကျော့ရှင်းနေပြီး တော်ဝင်ဆန်နေကာ လူငယ်လေးကို အရပ်ရှည်ပြီး ဆန်းပြားရှုပ်ထွေးနေသည်။ သို့သော် ချီရယ်၏မျက်နှာသည် အနည်းငယ်နီရဲနေကာ မသက်မသာဖြစ်နေပုံပေါ်သည်။ သူ့ထံမှ စိတ်မရှည်သလိုမျိုး မျက်ခုံးပင့်နေပြီး သူ့ထံမှ ပျင်းတိပျင်းရွဲအငွေ့အသက်ရသည်။
သူ့ကိုမြင်လိုက်ချိန်တွင် ကျန်းလော်၏ခြေလှမ်းများလျော့ရဲသွားပြီး ခနမျှကြောင်သွားသည်။
ချီရယ်သည် လုံးဝကို ချီယုံ့ပုံစံအတိုင်းဝတ်ထားသောကြောင့် ဖြစ်သည်။
‘သေစမ်းကွာ’
‘ဘာလို့ကြည့်ကောင်းတဲ့ကောင်လေးက နှာဘူးလိုဝတ်ထားရတာလဲကွာ’
မသိသာလိုက်သော်လည်း ဝမ်ယမ်လန်သည် သူ့ဘေးတွင် တချိန်လုံးသူ့ကိုသေချာကြည့်နေသောကြောင့် တစ်ခုခုတော့လွဲနေပြီမှန်း သိလိုက်သည်။ သူ့မျက်လုံးထဲတွင် အပြုံးတစ်ချက်ပေါ်လာပြီး ချီရယ်ကို အသိအမှတ်ပြုစွာ ခေါင်းညိတ်ပြလိုက်သည်။ ကျန်းလော်သည် ဒီလိုပုံစံနှင့် လူကိုကြိုက်တာ သေချာသွားသည်။ ချီရယ်သည် မြန်မြန်လျှောက်လာပြီး သူ့မျက်လုံးသည် ကျန်းလော်မျက်နှာတွင် ကျောက်ချနေကာ
“မင်းတို့ကောင်တွေက နှေးလိုက်တာကွာ”
“လမ်းပိတ်နေလို့”
ဝမ်ယမ်လန်က ရှင်းပြလိုက်သည်။
ချီရယ်သည် တကယ်စိတ်ဆိုးတာမဟုတ်ပဲ သူကဒီတိုင်းဟန်ဆောင်နေတာဖြစ်သည်။ သူသည် ထပ်မပြောတော့ပဲ ကျန်းလော်လက်ထဲမှ အထုတ်ကို ဆွဲယူလိုက်ကာ သူ့ပုခုံးပေါ်ထက်သို့ လွယ်လိုက်သည်။ သူသည် ရှက်ရွံ့စွာမျက်နှာလွှဲလိုက်ပြီး
“သွားစို့ မင်းအခန်းကအဆင်သင့်ပဲ”
ကျိုးကျုံးချိုးကမေးလိုက်သည်။
“နင်ရှင်းလိုက်တာလား။ ငါတို့ပြီးမှ နင့်ကို ပြန်လွှဲပေးမယ်နော်”
ချီရယ်က “ထားလိုက်ပါ”ဟု ပြောတော့မည့်အချိန်တွင် လော်ဘီမှ မန်နေဂျာသည် လုယုံရိထံသို့ အူယားဖားယားပြေးလာကာ
“အိုက်ယား သူဌေးလေး လာမှာကို ဘာလို့ကျုပ်ကို ဘယ်သူမှမပြောကြတာလဲ”
လူငယ်အုပ်စုသည် လုယုံရိကို ပြိုင်တူလှည့်ကြည့်လိုက်သည်၊
လုယုံရိသည် ရှက်သွားပုံဖြင့်
“ဆောရီး ဒီဟော်တယ်က ငါတို့မိသားစုပိုင်ဆိုတာ ပြောဖို့ မေ့သွားပြန်ပြီ ဟီး”
ချီရယ် “..........”
လုယုံရိသည် ရယ်လိုက်ပြီး
“ငါမင်းကို ပိုက်ဆံချက်ချင်းပြန်လွှဲခိုင်းလိုက်မယ်နော်”
“မလိုပါဘူး”
ချီရယ်သည် ဆူပုတ်ပြီး ဆောင့်ဆောင့်အောင့်အောင့်ပြောလိုက်သည်။
လုယုံရိကျေးဇူးဖြင့် သူတို့သည် အကောင်းဆုံးအခန်းတွင် တည်းခွင့်ရသွားပြီး ဝန်ထမ်းများသည် နွေဦးလေပြေကဲ့သို့ လေးလေးစားစား ညင်ညင်သာသာဆက်ဆံကြသည်။ ချီရယ်သည် ကျန်းလော်ဘေးတွင် စိတ်ဆိုးသွားပုံဖြင့် ရပ်နေသည်။ ကျန်းလော်သည် ချီရယ် ဘာလို့ရုတ်တရက်ကြီး မပျော်တော့တာလဲ ဟုတွေးနေသည်။ ပုံမှန်ဆို ဟော်တယ်ခ မကုန်တော့လို့ ဝမ်းသာရမှာ မဟုတ်ဘူးလား။
သူသည် ယခုအချိန်တွင် အလွန် စိတ်ကောင်းဝင်နေသည်။
“ချီ ရယ်”
ကျန်းလော်သည် ရိုးသားဟန်ဆောင်၍ မေးလိုက်သည်။
“ချီမိသားစုက ယွမ်ထျန်းကျူး ရှာတွေ့ပြီလား”
ချီရယ်မျက်နှာသည် မဲနက်သွားပြီး
“မတွေ့သေးဘူး”
ယွမ်ထျန်းကျူးပျောက်သွားသည်မှာ ဒီနေ့နဲ့ဆို လေးရက်ရှိပြီဖြစ်သည်။
“ငါတကယ်ကို နားမလည်နိုင်ဘူး”
ချီရယ်သည် ကျန်းလော်ကို လေသံလေးဖြင့်
“ဒီတိုင်းပုတီးစေ့လေးပဲဟာကိုကွာ မိသားစုအတွက်လည်း ဘာမှအသုံးမဝင်ဘဲနဲ့ ပျောက်တယ်ဆိုလည်း ပျောက်သွားတယ်ပေါ့ ငါ့အဖေက မိသားစုထဲက တစ်ယောက်ယောက်ကို လက်ဆောင်ပေးမှာလဲ မဟုတ်ဘဲနဲ့ သူဘာလို့ ဒီလောက်အရေးတကြီးရှာနေရတာလဲ မသိဘူး”
ကျန်းလော်သည် ဂရုမစိုက်သလိုပင်
“မင်းတို့ မိသားစုမှာ မင်းလက်ထက်ကျရင် မင်းက အရမ်းပါရမီအားကောင်းတော့ ယွမ်ထျန်းကျူး သုံးဖို့မလိုလောက်ဘူး ဒါပေမဲ့ မင်းတို့ မိသားစုရဲ့ အိမ်တော်ခွဲက ကလေးတွေရော မလိုလောက်ဘူးလား”
“မဟုတ်ဘူးလေကွာ”
ချီရယ်သည် အသံတိုးတိုးဖြင့်
“ငါပြောတဲ့ မိသားစုဆိုတာ ငါတို့ ချီမျိုးနွယ်တစ်ခုလုံးကိုပြောတာ၊ ငါ့အဖေက သူတို့ကို ယွမ်ထျန်းကျူးပေးမှာ မဟုတ်ဘူး သူကပေးရင် ချီမိသားစုကို ကူညီဖူးတဲ့သူကိုဖြစ်ဖြစ် ချီမိသားစုအပေါ်သစ္စာရှိတဲ့ သူတစ်ယောက်ယောက်ကိုပဲ ပေးမှာ”
‘ဟမ်’
ကျန်းလော်သည် မျက်လုံးမှေးသွားပြီး
‘ပျော်စရာကောင်းမဲ့ပုံပဲ’
ချီမိသားစုသည် တစ်စုံတစ်ယောက်အတွက် အနစ်နာခံပေးမဲ့ မိသားစုဆိုတာ ဖြစ်နိုင်ပါ့မလား၊
သူတို့ကိုယ်တိုင်သုံးမဲ့အစား သူတို့ ဝိဉာဉ်ကို အားဖြည့်ပေးနိုင်မဲ့ ယွမ်ထျန်းကျူးကို လက်လျော့လိုက်နိုင်မှာလား?
ဒီလိုမိသားစုမျိုးက သန့်ရှင်းလိမ်မည်ဟု ကျန်းလော်မယုံပေ။ သူထိုသို့တွေးနေတုန်း ချီရယ်သည်
“စကားမစပ် ဒီနေ့ငါဘယ်လိုနေလဲ..................”
ကျန်းလော်သည် မျက်ခုံးတွန့်လိုက်ပြီး သူ့အမြင်နှင့်ဆန့်ကျင်၍
“ကောင်းပါတယ်”
ချီရယ်သည် နှုတ်ခမ်းထောင့်များ ပင့်တက်သွားသည် အထိပြုံးလိုက်ပြီး အပျော်လွန်သွားသည်။ သူသည် သူ့မျက်နှာကို ဖုံးဖိ၍ ကျန်းလော်အိတ်ကို လက်တစ်ဖက်မှ ဆွဲယူ၍ ကျန်တစ်ဖက်ဖြင့် လက်သီးဆုပ်ကာ သူ့ပါးစပ်ကို ဖုံးလိုက်သည်။ ထို့နောက် ချောင်းဟန့်လိုက်ကာ
“လာ လာ ခနနားလိုက်ဦး ဝမ်ယမ်လန်က မင်းတစ်ညလုံးကောင်းကောင်းမအိပ်ထားဘူးပြောတယ်၊ မင်းဘာတွေ မအိပ်ပဲ ဒီလောက်တောင်ကြိုးစားပြီး လုပ်နေမှန်းကို မသိတော့ဘူး”
ချီရယ်သည် ပွစိပွစိပြော၍
“ခနဖြစ်ဖြစ်အိပ်လိုက် ငါမင်းကို ညစာစားချိန်ကျ လာနိုးမယ်”
သူတို့စကားပြောတာကို အစအဆုံးအကုန်ကြားလိုက်သော သူတို့နောက်မှ ကျိုးကျုံးချိုးသည်
“ဒါနဲ့ ငါတို့ ဒီည ဂိမ်းဆော့ကြမလား၊ ကတ်၊ မာကျောက်၊ ဘာဖြစ်ဖြစ်ရတယ် အင်တာနက်ဆိုင်သွားရင်ရော တစ်ညလုံးအလင်းဆော့ကြမယ်လေ”
သူတို့သည် သိသိသာသာပင် ဒီညတွင် ချီယုံထပ်ရောက်လာမည်ကို စိုးရိမ်နေကြသည်။
ကျန်းလော်သည် ပြုံးလိုက်ပြီး သဘောတူကြောင်း ခေါင်းညိတ်လိုက်ကာ ကျိုးကျုုံးချိုးနှင့် လက်သီးချင်းတိုက်လိုက်သည်။ ထို့နောက်သူတို့သည် ကိုယ်စီကိုယ်စီ အခန်းပြန်၍ အိပ်ရာပေါ်ထိုးအိပ်ကြတော့သည်။ ကျန်းလော်သည် ချွေးများရွှဲနစ်နေပြီး ပင့်သက်ရှိုက်လိုက်ကာ နိုးလာပြီး မျက်နှာပေါ်တွင် အိပ်ရာမှတ်ကြီးတောင် ပေါ်နေသည်။ ကျန်းလော်သည် အိပ်ရာပေါ်မှ ထလိုက်ကာ နာရီကြည့်လိုက်သည်။ ညနေခြောက်နာရီကျော်ပြီ။
ဆောင်းဦးစပြီဖြစ်၍ နေ့တာတိုပြီး ညတာရှည်လာပြီဖြစ်သည်။ ကျန်းလော်နိုးလာပြီး ခနအကြာတွင် သူ့အခန်းကို တံခါးလာခေါက်ပြီး
“ကျန်းလော် နိုးနေလား ညစာစားရအောင်လေ”
ကျန်းလော်သည် ထလိုက်ပြီး မျက်နှာသွားသစ်လိုက်သည်။ ဦးထုပ်ဆောင်းပြီး မက်စ်တပ်ကာ အခန်းပြင်ထွက်ပြီး
“ကောင်းပြီလေ”
သူတို့သည် ဟော့ပေါ့ဆိုင်သို့ သွားကြသည်။ လူဆယ်ယောက်သည် စားပွဲနှစ်ခုဆက်ပြီး တစ်ဝိုင်းလုပ်လိုက်ကာ ဘေးပတ်ပတ်လည်ကို လိုက်ကာများချထားသည်။ ဆိုင်ရှင်သည် စားပွဲနှစ်ခုဆက်ကို ဟင်းရည်အိုးနှစ်အိုးချပေးပြီး လူတိုင်းစားရအဆင်ပြေအောင် လုပ်ပေးသည်။ ကျန်းလော်သည် ဟင်းခတ်အမွှေးအကြိုင်များ အရသာများသွားစပ်၍ ဟင်းရည်အိုးထဲသို့ လောင်းထည့်လိုက်သည်။ သူသည် အပြင်ဘက်တွင် မှောင်လာသည်နှင့် ဂနာမငြိမ်ဖြစ်လာသည်။
ကျန်းလော်သည် ထူးဆန်းစွာပင် စိတ်လှုပ်ရှားနေသည်။ သူသည် မကောင်းဆိုးဝါးကို ကြောက်ရွံ့၍ မဟုတ်ပေ။ မကောင်းဆိုးဝါးသည် သူခြိမ်းခြောက်ခဲ့သည့်အတိုင်း တကယ်ကြီး သူ့ကို..................တော့မှာကို စိုးရိမ်နေခြင်းဖြစ်သည်။ တကယ်ပင် ကျန်းလော်သည် ချီယုံက သူ့ကိုတပ်မက်နေသည်ကို ဘယ်လိုမှ နားလည်မပေးနိုင်သလို ခံစားနေရသည်။ ချီယုံကို သူပြောခဲ့သည်များမှာ ဒီတိုင်း မရိုးမသား ပါးစပ်ထဲရှိရာလျှောက်ပြောခြင်း ဖြစ်သည်။
‘ငါကဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါးနဲ့ အိပ်ရမှာလဲကွာ’
သူ့ကို မကောင်းဆိုးဝါးကိုက်လိုက်တုန်းက ဆိုလျှင် သူ့တစ်ကိုယ်လုံးသည် အရိုးများမရှိတော့သလို ပျော့ခွေသွားသည်။
ထပ်ပေါင်းပြောရလျှင်
သူသည် အကြမ်းမခံနိုင်ပေ။ သူသည် ချီယုံနှင့် တွေ့လျှင် ဘာလုပ်ပြီး ဘာပြောရမှန်းတောင် မသိတော့ပေ။
ပြီးတော့ ချီယုံ့ခန္ဓာကိုယ်
‘ဒီလောက် တောင့်တင်းပြီးမာနေတဲ့ခန္ဓာကိုယ်ကြီးကို ငါဘယ်လိုလုပ်ပြီး စိတ်ဝင်စားနိုင်ပါ့မလဲ’
ကျန်းလော်သည် အစားတစ်လုတ်သာစားသေးသည်။ သူသည် အလွန်နှေးကွေးပြီး မစားချင်တာကို စားနေရပုံပေါ်သည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကျန်ူးလော်ဘေးမှာထိုင်ပြီး ကျန်းလော်ကို ခနခနချောင်းကြည့်နေသော ချီရယ်က ပြောလိုက်သည်။
“ဘာတွေတွေးနေတာလဲ”
ကျန်းလော်သည် သူ့ကိုပြန်ကြည့်၍
“ဟမ်”
ချီရယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“စားချင်စိတ်မရှိဘူးလား”
သူသည် ရှာလကာရည်ကရားယူပေးလိုက်ပြီး
“ရှာလကာရည်က အစားစားချင်စိတ်ဖြစ်စေတယ်တဲ့”
ပြောနေရင်း ချီရယ်၏အာရုံသည် စီဝမ်ကွေးဆီရောက်သွားသည်။
‘ဒီလူက ဘာလို့ ငါတို့ကျန်းလော်ကိုပဲ တစ်ချိန်လုံးကြည့်နေရတာလဲ’
စိတ်အဆင်မပြေတော့သောကြောင့် ချီရယ်သည် လက်မောင်းကို နည်းနည်းမြောက်လိုက်ပြီး ကျန်းလော်ကို စီဝမ်ကွေးမမြင်အောင်ကွယ်လိုက်သည်။
ကျန်းလော်သည် ခေါင်းညိတ်လိုက်ပြီး တစ်ခုခုပြန်ပြောရန်အလုပ် သူသည် ပြုံးစစဖြင့် ပြောလာသော အသံတစ်ခုကို လိုက်ကာအပြင်မှကြားလိုက်ရသည်။
“အားလုံးပဲ မင်္ဂလာညချမ်းလေးပါ”
လူအားလုံးသည် တောင့်ခဲသွားပြီး တံခါးဆီသို့ ပြိုင်တူလှည့်ကြည့်လိုက်ကြသည်။
ပြောင်လတ်နေသော သားရည်ဖိနပ်စီးထားသော ခြေထောက်တစ်စုံသည် တံခါးရှေ့တွင်ရပ်လိုက်ပြီး ဖြူဖျော့သောလက်ဖြင့် လိုက်ကာကိုအသာအယာဖယ်၍ မကောင်းဆိုးဝါးသည် အခန်းအပြင်ဘက်တွင် ရပ်နေသည်။ မကောင်းဆိုးဝါးသည် အသက်ရှင်နေပါက ရည်မွန်ယဉ်ကျေးပြီး လူချောတစ်ယောက်ပင်။ သူသည် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ကြယ်သီးတွင် တစ်ဖျတ်ဖျတ်လက်နေသော အနီရောင်ကျောက်တို့နှင့် အလှဆင်ထားသည်။ သူ့မျက်လုံးနက်နက်များသည် လူတိုင်းကိုကြည့်လိုက်ပြီး သူနှင့်ခပ်ဆင်ဆင်ဝတ်ဆင်ထားပြီး ကျန်းလော်နှင့် ပူးပူးကပ်ကပ်ထိုင်နေသော ချီရယ်ထံတွင် စက္ကန့်အနည်းငယ်ကြာအောင် ရပ်တန့်သွားသည်။
“ကိုယ် မင်းကိုလာကြိုတာ”
မကောင်းဆိုးဝါးသည် ရှေ့တိုးလာပြီး သူ့နက်ခ်တိုင်မှ ကလစ်လးသည် သေသပ်နေပြီး သူ့ကို ပိုမိုချောမောနေအောင် ပံပိုးထားသည်။ မကောင်းဆိုးဝါးသည် တမင်တကာပင် အဓိပ္ပာယ်နှစ်ခွထွက်စေသော စကားကို ထုတ်ပြောလိုက်သည်။
“ကျန်းလော်”
#########################################################################