အပိုင်း (၆၇)
အတင်းသွားနမ်း
အသွေးအသားထဲမှ စိမ့်စိမ့်ပြီး ကြောက်သွားစေနိုင်သော လက်ရေးစာပင် ဖြစ်သည်။
‘လူသတ်သမားက ဆရာဝန်လား’
ကျန်းလော်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူနာပြုစားပွဲအောက်တွင် ပုန်းနေသည်။ သတင်းစာကို ပြီးအောင်ဖတ်လိုက်သည်။ လွှစက်ကိုင်လူသတ်သမားသည် စိတ္တဇလူသတ်ကောင်ဖြစ်ပြီး ကြမ်းတမ်းပြင်းထန်ပါသည် ဆိုသော ပြစ်မှုအမြောက်အများကို ကျူးလွန်ထားပြီး ရဲများမှာသူ့ကိုဖမ်းရန် ငွေအားလူအားအလုံးစုံသုံးထားရသည်။ ထို့ကြောင့် အရှင်ဖမ်းရန် လိုအပ်သောကြောင့် ဆေးရုံသို့ ပို့ပေးကြခြင်းဖြစ်သည်။
သို့သော်ကျန်းလော်မှတ်မိသည်မှာ မြို့ထဲရှိဆေးရုံသုံးခုလုံးသည် စိတ်ကျန်းမာရေးဆေးရုံများဖြစ်ပြီး ပြောရလျှင် အလွန်မရေမရာဖြစ်ကာ ရယ်မောဖွယ်ရာပင်ဖြစ်သည်။
‘လူသတ်သမားကို ဒဏ်ရာကုဖို့ စိတ်ကျန်းမာရေးဆေးရုံခေါ်လာတာလား’
နံပါတ်သုံးဆေးရုံသည် ယခုဆိုလျှင် အရှင်လတ်လတ်ငရဲကျနေသော အနေအထားဖြစ်ကာ ထိုသို့ ဖြစ်ရခြင်း အကြောင်းအရင်းမှာ လွှစက်ကိုင်လူသတ်သမားသည် ရဲများကို သတ်ပစ်ပြီး ဆေးရုံတစ်ရုံလုံးကို လိုက်သတ်နေသောကြောင့် ဖြစ်သည်။ ကျန်းလော်သည် ကိုယ့်ကိုယ်ကိုငုံ့ကြည့်လိုက်သောအခါ လူနာအဝတ်အစားဝတ်ထားပြီး လူသတ်သမားအတွက် ကြက်ကလေးငှက်ကလေးလို သတ်နိုင်သော သားကောင်ဖြစ်နေသည်။ ကူကယ်ရာမဲ့စွာ မခုခံနိုင်သော သားကောင်လေးနေရာရောက်နေသော ကျန်းလော်ပင် ဖြစ်သည်။
ကျန်းလော်သည် အေးစက်စွာရယ်လိုက်ပြီး ခွဲခန်းသုံးဓားကို သန့်ရှင်းနေအောင်သုတ်လိုက်ကာ အသုံးဝင်နိုင်မည့်အရာ တစ်ခုခုကို ရှာနေသည်။ ဗီဒိုထဲတွင် မေ့ဆေးပုလင်းများ အစီအရီတင်ထားပြီး မသုံးရသေးသော ဆေးထိုးအပ်တချို့ရှိသည်။ ကျန်းလော်သည် ဆေးထိုးအပ်များကို ယူလိုက်ပြီး မေ့ဆေးဖြည့်လိုက်သည်။ ထို့နောက်အိတ်ထဲထည့်ရန်အလုပ် လူနာဝတ်စုံတွင် အိပ်ကပ်မပါသောကြောင့် သွေးစွန်းနေသော ဂျူတီကုတ်ကို ချိတ်မှဖြုတ်ပြီး ယူလိုက်သည်။
ဂျူတီကုတ်သူ့လက်ထဲ သေချာရောက်ပြီးချိန်တွင် ကြောက်ရွံ့စွာငိုကြွေး အကူအညီတောင်းသံပေါ်လာကာ ထိုအသံသည် လှေကားဘက်မှာလာနေပြီး သူရှိနေရာသို့ ဦးတည်နေသည်၊
“ကယ်ကြပါ”
ခြေသံသည် သူနှင့်နီးကပ်လာပြီး ကျန်းလော်သည် အလွန်စိတ်လှုပ်ရှားလာသည်။ ကျန်းလော်သည် သူနာပြုခုံအောက်ဝင်ပုန်းလိုက်ပြီး ဂျူတီကုတ်ကို လုံးလိုက်ပြီး အသံလာယာကို တိတ်တိတ်လေး စောင့်ကြည့်လိုက်သည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားဆရာဝန်တစ်ယောက်သည် ဖြူရော်စွာပြေးလာနေပြီး ကျိုးနေသော လက်မောင်းကို ကိုင်ထားသည်။ သူ့လက်မောင်းမှ သွေးများတောက်တောက်ကျနေပြီး ခြေထောက်များ တုန်ယင်နေကာ အော်ဟစ်လိုက်သည်။
“တစ်ယောက်ယောက်ရှိလား ကယ်ကြပါ”
“ရှပ် ရှပ် ရှပ်”
သူ့နောက်တွင် ပျင်းတိပျင်းရွဲခြေသံကြားလိုက်သည်။ လွှစက်သံသည်လည်း ကျယ်လောင်စွာ အနောက်မှ ထိုခြေသံနှင့် အတူလိုက်လာသည်။
“ဂျီး”
ဆရာဝန်သည် ပိုပိုပြီး တုန်ယင်လာကာ ဖြူဖျော့နေပြီး လွှစက်သည် သူ့နောက်ရောက်လာသောကြောင့် နောက်ထပ်ခြေလှမ်းအနည်းငယ်သာ ထပ်လှမ်းနိုင်တော့သည်။
“အားးးးးးးးးးးးးးးး”
သွေးများပန်းထွက်လာကာ နားကွဲမတတ်အော်သံကြီး ကြားလိုက်ရသည်။ သက်သတ်ပိုင်း ဆရာဝန်သည် သေတော့မသေသေးပေ။
သူသည် မြေပြင်ပေါ်သို့လဲကျသွားပြီး သူနာပြုခုံဘက်သို့ တွားသွားလာသည်။ သူ့သွေးများကြောင့် သွေးလက်ဖဝါးရာများ ကြမ်းပြင်ပေါ်သို့ ချန်ခဲ့ပြီး သွေးစီးကြောင်းကြီး တရွတ်ဆွဲကျန်နေခဲ့သည်။
သူ့နောက်မှလူသည် လွှစက်ကိုကိုင်ပြီး ပျင်းတိပျင်းရွဲ နောက်ကလိုက်လာသည်။ လွှစက်မှသွေးများ တစ်စက်စက်ကျနေသည်။ ဆရာဝန်သည် သူနာပြုစားပွဲဘေးသို့ တုန်တုန်ယင်ယင်နှင့် အလွန်နာကျင်နေသော မျက်နှာနှင့် ဘေးတိုက်တရွတ်ဆွဲသွားသည်။ သူသည် ပုန်းနေသော ကျန်းလော်နှင့် မျက်လုံးချင်းဆုံသွားသည်။
သူသည်မျက်လုံးပြူးလာပြီး “ဟိုး ဟိုး”ဆိုသည့်အသံ သူ့လည်ချောင်းထဲမှ အသံတစ်ချို့ထွက်လာကာ စကားပြောမည့်အချိန်မှာပင် လွှစက်သည် သူ့ခေါင်းကို တိခနဲဖြတ်လိုက်သည်။
ခေါင်းသည် ကျန်းလော်ရှေ့နားလေးတွင်ပင် လှိမ့်လာသည်။ သွေးများသည် နေရာအနှံ့ပျံ့ကျဲနေသည်။ သွေးတချို့ပင် ကျန်းလော်မျက်နှာသို့ စင်သွားသည်။ သွေးစက်များစင်လာသည်နှင့် ကျန်းလော်သည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။
‘ဘယ်လိုပြောရမလဲ’
ပုံရိပ်ယောင်မှန်းသိနေရင်တောင် ဤဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ ဝန်ထမ်းများသည် အစစ်မဟုတ်သော်လည်း သူသည်ထိုမြင်ကွင်းကိုကြည့်ပြီး အလွန်စိတ်ဆိုးလာသည်။ လူသတ်သမားသည် သေသွားသော ခန္ဓာကိုယ်နားသို့လျှောက်လာသည်။ ကျန်းလော်သည် အသက်အောင့်လိုက်ပြီး နောက်သို့တိုးဆုတ်ကာ ပုန်းနေလိုက်သည်။
သူပုန်းနေသော နေရာမှ သက်လတ်ပိုင်းဆရာဝန်၏ အလောင်းကိုသာ မြင်ရပြီး လူသတ်သမားကိုယ်ပေါ်တွင် တစ်စွန်းတစ်စသာ အဖြူရောင်ပေါ်နေတော့သော ဂျူတီကုတ်ဝတ်ထားသည်။
လူသတ်သမားသည် မကုန်းမချင်းသူ့ကို မြင်နိုင်မည် မဟုတ်ပေ။
“နောက်တစ်ယောက်တော့ သွားပြန်ပြီ”
လူသတ်သမားသည် သူ့ကိုယ်သူပြောနေသည်။
“ဒီတစ်ခေါက် ဆရာဝန်ကို သတ် နောက်တစ်ခေါက် လူနာကို သတ်”
သူသည် ရှေ့တိုးလာပြီး သေသူနားလျှောက်လာကာ စိတ်ဝင်တစားပြောလိုက်သည်။
“ဟမ် မင်းကဘာလို့ သူနာပြုစားပွဲအောက်ကိုကြည့်နေရတာလဲ”
အလောင်း၏ မျက်လုံးသည် ပြူးကျယ်နေပြီး သူနာပြုစားပွဲအောက်သို့ အကြည့်ရောက်နေသော်လည်း သူ့မေးခွန်းကိုတော့ပြန်မဖြေနိုင်တော့ပေ။ လူသတ်သမားသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူနာပြုစားပွဲဘက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လေတိုက်လာပြီး ဆံပင်အနက်ရောင်ကောင်လေးသည် လျင်မြန်တိကျစွာ ဆေးထိုးအပ်ကို လူသတ်သမားလည်ပင်းတွင် စိုက်ကာ မေ့ဆေးများ ထိုးထည့်လိုက်သည်။ ထို့နောက် ကော်ရစ်တာတစ်ဖက်ဆီသို့ အမြန်ပြေးတော့သည်။
လူသတ်သမားသည် သူ၏ရေချိုးပြီးကာစ လတ်ဆတ်သော အနံ့နောက်သို့ မျက်လုံးများတောက်နေအောင်ကြည့်ပြီး ချက်ချင်းလိုက်လာသည်။ ဆံပင်အနက်နှင့်ကောင်လေးသည် သူနှင့် မီတာသုံးဆယ်အကွာအဝေးသို့ ရောက်နေပြီဖြစ်သည်။
ကျန်းလော်သည် ထောင့်နားလေးရောက်တော့ ပြန်လှည့်ကြည့်လိုက်ရာ လူသတ်သမားသည် ကြမ်းပြင်ပေါ်မှထလာပြီး သူ့လည်ပင်းမှ ဆေးထိုးအပ်ကို ဆွဲနုတ်လိုက်ကာ သူ့ကိုကြည့်ပြီး နူးညံ့ကာကြောက်စရာကောင်းစွာ ရယ်ပြလိုက်သည်။
ကျန်းလောသည် ထိုအချိန်မှ သတိထားမိသွားသည်။ ထိုမျက်နှာသည် ခွေးချီသွားတောင် မှတ်မိနိုင်သည့် ချီယုံပင် ဖြစ်သည်။ ကျန်းလော်၏ ချီယုံကို အပြင်ထွက်လာအောင် ဆွဲဆောင်မည့်အကြံမှာ တစ်ဝက်အလုပ်ဖြစ်သွားပုံပေါ်သည်။ ကျန်းလော်သည် လူသတ်သမားဆီမှ မျက်နှာလွှဲ၍ သူ့အနက်ရောင်ဆံပင်များ ဝဲခါနေအောင် ပြေးတော့သည်။သူသည် အပြေးမြန်လွန်းသောကြောင့် ခနအတွင်းပင် ထိုနေရာမှ ပျောက်ကွယ်သွားသည်။ လွှစက်သံသည် ထပ်မံ၍ ကျယ်လောင်စွာ မြည်လာပြန်သည်။
ကျန်းလော်သည် အရှိန်ကုန် မြန်နိုင်သလောက် မြန်မြန်ပြေးနေသည်။ သူသည် အသက်ကို မရှူနိုင်တော့ပေ။ သူသည် သူ့လက်ထဲမှဂျူတီကုတ်ကို နောက်သို့ ဝဲခါနေအောင် ပြေးနေရင်း ဝတ်လိုက်ကာ လူနာမှ ဆရာဝန်တစ်ယောက်အဖြစ် ပြောင်းလိုက်သည်။ ကျန်းလော်သည် သူ့မျက်နှာမှ သွေးများကို လက်နှင့် သုတ်လိုက်သည်။ သို့သော် သူပြေးနေရင်း ဆက်သွားစရာလမ်း မရှိတော့ကြောင်း တွေ့သွားသည်။
“.................”
သူသည် တိတ်ဆိတ်စွာကျိန်ဆဲလိုက်သည်။ သူနောက်ထပ်ကံနိမ့်နေပြန်ပြီ ဟုတွေးလိုက်သည်။ လွှစက်သံသည် သူနှင့် ပိုပ်ိုနီးလာသည်။ ကျန်းလော်သည် ဘယ်ဘက်မှ အခန်းထဲသို့ ဝင်လိုက်ပြီး လော့ချလိုက်သည်။ ထို့နောက် နောက်သို့လှည့်ကြည့်လိုက်ရာအခန်းအလယ်တွင် သံကုတင်အများကြီးတန်းစီထားပြီး ထိုကုတင်များပေါ်တွင် အဖြူရောင်အိတ်များဖြင့်ထည့်ထားသော အလောင်းများရှိသည်။
ရှင်းလင်းစွာပင် ကျန်းလော်သည် ရေခဲတိုက်ထဲမှ ဝင်သွားမိသည်။ ကျန်းလော်သည် နောက်တစ်ခန်းပြောင်းရန်ရော တွေဝေနေရန်ကော အချိန်မရှိပေ။ ချက်ချင်းပင် လေးလံသော ပစ္စည်းများကို တံခါးရှေ့သို့ စတင်ရွှေ့တော့သည်။ သူသည်အခန်းထောင့်သို့သွားပြီး ကြမ်းတိုက်တုတ်မှ ကြမ်းတိုက်ဝတ်ကို ဖယ်လိုက်ကာ သစ်သားချောင်းကို လက်နက်အဖြစ် တင်းကျပ်စွာကိုင်ထားသည်။
ထိုအချိန်တွင် လူသတ်သမားသည် တံခါးကို လာဖွင့်ကြည့်သည်။ ကော်ရစ်တာတလျှောက်လုံးရှိ တံခါးများကိုကြည့်ပြီး လူသတ်သမားသည်
“ဘယ်မှာလဲဟေ့”
သူ့အသံသည် တကယ့်ဆိုက်ကိုကောင်နှင့် တူနေကာ ကျန်းလော်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
“သောက်နှာဘူးကောင်”
လူသတ်သမားသည် အခန်းတစ်ခန်းချင်းစီကို အကုန်လိုက်ဖွင့်ကြည့်ပြီး ကျန်းလော်ရှိရာ အခန်းသို့ရောက်သွားသည်။ သူသည်တံခါးလက်ကိုင်ကို ဆွဲလိုက်သော်လည်း ပွင့်မလာပေ။ တံခါးသည် အထဲမှ လော့ချထားခြင်းဖြစ်သည်။ လူသတ်သမားသည် ပြုံးလိုက်ပြီး
“တွေ့ပြီ”
လွှစက်ဖြင့် တံခါးကို အေးစက်စွာ ဖြတ်နေသည်။ အသံသည် အလွန်ကျယ်သောကြောင့် ကျန်းလော်ပင် နောက်ဆုတ်သွားမိသည်။ ကျန်းလော်သည် နှလုံးခုန်မြန်လာသည်။ သူသည် မည်းမှောင်သော မျက်နှာဖြင့် တံခါးကို ကြည့်နေသည်။
မေ့ဆေးသည် မျှော်လင့်ထားသည့်အတိုင်းပင် ထိုသူ့အပေါ် အကျိုးသက်ရောက်မှု မရှိပေ။ သတ္ထုကို လွှနှင့်ဖြတ်နေသော အသံသည် ဆူညံနေပြီး မီးပွားများပင် တစ်စတစ်စထွက်လို့လာသည်။ နှစ်မိနစ်လောက်ကြာပြီးနောက် တံခါးကို လွှစက်နှင့် ဖျက်ဆီးလို့လဲ အကျိုးမရှိသည်ကို သိသွားပြီး လွှစက်သံရပ်သွားသည်။
အပြင်ဘက်တွင် ဘာအသံမှ မကြားရတော့သောအခါ ကျန်းလော်သည် နှုတ်ခမ်းစေ့လိုက်ပြီး မျက်ခွံများအနည်းငယ်တုန်ခါသွားသည်။ သူသည် တံခါးနားမှ ခွာကာ အခန်းထဲသို့ လမ်းပတ်လျှောက်နေသည်။ ကျန်းလော်သည် နံရံတစ်ဖက်သို့ ကာထားသော အစိမ်းရောင်အစကို ဆွဲဖယ်လိုက်ရာ ထိုအစနောက်တွင် သေးငယ်သော အနက်ရောင်တံခါးတစ်ချပ် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူသည် လူသတ်သမားဘယ်ရောက်သွားမှန်း ချက်ချင်းနားလည်သွားသည်။ ကျန်းလော်သည် ကျိန်ဆဲလိုက်ပြီး ခနလေးအတွင်းတွင် လွှစက်သည် အနောက်တံခါးကို ဖြတ်ပြီး အခန်းထဲ ဝင်လာနေပြီ ဖြစ်သည်။
ကျန်းလော်သည် ချက်ချင်းလှည့်ပြေးလိုက်ပြီး အရှေ့တံခါးရှေ့မှ သူခံထားသော ပစ္စည်းများကို ဆွဲဖယ်တော့သည်။
ချီယုံသည် လွှစက်ဖြင့်ဖောက်ထားသော အပေါက်မှ ဝင်လာကာ ကောင်လေး၏ နောက်ကျောကို ကြည့်၍ ခိုးခိုးခစ်ခစ်ရယ်လိုက်သည်။ သူ့ဂျူတီကုတ်ပေါ်ကျနေသော ဖုန်များကို အသာအယာခါလိုက်သည်။ အဖြူရောင်ဂျူတီကုတ်သည် ချက်ချင်း အစက်အပြောက်အစွန်းအထင်းမရှိတော့ပေ။ ချီယုံသည် သွေးစက်များကိုတော့ လစ်လျူရှုလိုက်ပြီး ကျန်းလော်ဆီသို့ သွားလိုက်သည်။
သူသည် ချောမောတည်ကြည်နေကာ သူ့ပုံစံသည် သွေးများစိုရွှဲနေသော အဝတ်ဝတ်ထားသလို မခံစားရလဲ ဒီဇိုင်နာချုပ် ဝတ်စုံ ဝတ်ထားသည်ဟု ထင်နေပုံရကာ အလွန်သက်တောင့်သက်သာ ဖြစ်နေသည်။ သူ့လက်ထဲတွင် လူသတ်လွှစက်ကို ကိုင်မထားတော့ဘဲ ဝိုင်နီခွက်ကို ကိုင်ထားသည်။ အခန်းထဲတွင် ယစ်မူးဖွယ်ဝိုင်နံ့များ ပျံ့လွှင့်နေသည်။
ချီယုံ့မျက်နှာပေါ်တွင် သွေးများပေနေသည်ကလွဲလျှင် သူ့ပုံစံသည် ပါတီပွဲအကြီးကြီးကျင်းပနေသည့် အိမ်ရှင်လို သက်တောင့်သက်သာ အဖြစ်လွန်နေသည်။ သူတို့ခေါင်းကို ကိုယ်တိုင်လာဆက်သသော လူနာနှစ်ယောက်ကြောင့် ချီယုံသည် ကျန်းလော်ဆီသို့ လာရာလမ်းတွင် အလုပ်များသွားသေးသည်။ သူတို့သည် အားကုန်အောင်အော်ဟစ်နေပြီး မြေပြင်ပေါ်သို့ တွားသွားနေကာ သူတို့လက်နှင့် ခြေထောက်များကို လှော်ခက်သလိုလုပ်ပြီး သူ့ဆီမှထွက်ပြေးကြသေးသည်။
ထိုသို့ အကူအညီမဲ့နေကြသည့် အကြည့်များနှင့် သေခြင်းတရားကို မျက်မြင်ကြုံလိုက်ရသော ဖြူဖျော့တုန်ယင်နေသည်ကို ကြည့်ပြီး မကောင်းဆိုးဝါး ဆိုက်ကို လူသတ်သမားကောင်သည် အလွန်ကျေနပ်ပီတိဖြစ်နေသည်။ ချီယုံသည် ထိုသို့ ရုန်းကန်ကြောက်ရွံ့နေသူများကို အရင်ထဲက တွေ့ခဲ့ဖူးသည်။
ထို့ကြောင့် သူသည် ထိုလူနာနှစ်ယောက်ကို အနည်းငယ်သာခြောက်လှန့်ပြီး ကျန်းလော်ဆီသို့သာ လာခဲ့သည်။ ချီယုံသည် ထိုလူနာနစ်ယောက်ဖြစ်နေကြသော မြင်ကွင်းမျိုးကို နှစ်သက်သော်လည်း ယခုတော့ လုံးဝကို စိတ်မဝင်စားပေ။
ဆံပင်အနက်နှင့် လူငယ်လေးတစ်ယောက်သာ သူ့စိတ်ဝင်စားမှု အလုံးစုံကို ဖမ်းစားထားနိုင်သည်။ သူ့အတွက်တော့ ထိုကောင်လေးကသာ အစစ်အမှန်ဖြစ်ပြီး ကျန်တဲ့အရာများသည် အစထဲက မတည်ရှိဘဲ ဖန်တီးထားသော ပုံရိပ်ယောင်များသာ ဖြစ်လေသည်။
ကျန်းလော်သည် ထိုအခန်းမှ ပြေးထွက်လာသောအခါ လမ်းတွင် သူ့လက်ကို လှမ်းအဆွဲခံလိုက်ရကာ အဝတ်လဲခန်းတစ်ခုအတွင်းသို့ ဆွဲသွင်းခံလိုက်ရသည်။ သူသည်ကြောက်လန့်တကြား လက်ထဲမှ ခွဲစိတ်ခန်းသုံးဓားကို ဝေ့ယမ်းလိုက်သည်၊ ဘယ်သူမှမထိမိခင်မှာပင် ရယ်ရွှင်၏ ခပ်တိုးတိုးလေသံကိုကြားလိုက်ရသည်။
ရယ်ရွှင်သည် တိုးတိုးလေးပြောလိုက်သည်။
“ငါပါ”
ကျန်းလော်သည် နဖူးမှ စီးကျလာသော ချွေးအေးများကို သုတ်လိုက်ကာ ရယ်ရွှင်နောက်လိုက်သွားပြီး အောက်သို့ ထိုင်ချလိုက်သည်။ ကျန်းလော်သည် မျက်နှာကို သုန်မှုန်ဆူပုတ်ထားသော လုယုံရိနှင့် သူ့ဘေးတွင် ကုပ်ကုပ်လေးထိုင်နေသော စီဝမ်ကွေးကို တွေ့လိုက်သည်။ ကျန်းလော်သည် အသံကိုနှိမ့်လိုက်ကာ
“မင်းတို့ ဘယ်တုန်းကရောက်လာကြတာလဲ”
“ဒီဆေးရုံထဲကို ပြောတာလား”
ရယ်ရွှင်သည် မြန်မြန်ပြောပြလိုက်သည်။
“ငါဒီကို လွန်ခဲ့တဲ့ဆယ်မိနစ်က ရောက်လာတာ လုယုံရိနဲ့ စီဝမ်ကွေးကိုလဲ ဒီရောက်မှတွေ့တာ”
ကျန်းလော်သည် သူလည်း ရယ်ရွှင်တို့နှင့် အချိန်အတူတူလောက်မှာ ရောက်လာသည်ကို သိလိုက်သည်။ ရယ်ရွှင်ကပြောသည်။
“ငါတို့ ဒီကိုတစ်ချိန်ထဲရောက်လာတယ်ဆိုထဲက တစ်ယောက်ယောက်က ငါတို့ကို ပစ်မှတ်ထားနေပြီ ဘယ်သူလုပ်တာလဲမသိဘူး ဒါပေမဲ့ အဲ့ဒါက ငါတို့ အခုရောက်နေတဲ့ ပုံရိပ်ယောင် နယ်မြေလောက်တော့ အရေးမကြီးတော့ဘူး”
ကျန်းလော်သည် ကြောင်သွားသည်။
“ဟမ်”
ရယ်ရွှင်သည် ကျန်းလော်ထံမှ ဓားကိုတောင်းလိုက်ပြီး သူ့လက်ကို ဓားနှင့်ညင်သာစွာ လှီးလိုက်သည်။ ထိုနေရာလေးမှ သွေးများထွက်လာသည်။
“တကယ်နာတယ် ဆိုလိုတာက ဒီပုံရိပ်တွေက အစစ်အမှန်တွေပဲ”
သူသည် တည်ငြိမ်စွာပြောလိုက်သည်။
“ငါခရစ်တော်ကျမ်းစာလဲ ရွတ်ကြည့်ပြီးပြီ ဒါကိုနာနေတုန်းပဲ မကောင်းဆိုးဝါးပုံရိပ်ယောင်ဆို ဒီလိုနာကျင်မှုမရှိဘူး”
ကျန်းလော်သည် အလျင်စလိုမေးလိုက်သည်။
“ဒါဆို ဒါက”
“ပုံရိပ်ယောင်ကမ္ဘာထက်ကို ပိုတယ်”
ရယ်ရွှင်သည် မျက်မှောင်ကြုတ်လိုက်ပြီး
“ချီမုန့်တွမ်ကျာ့ ထဲက ပုံရိပ်ယောင်အမျိုးအစားတစ်ခုပဲ”
ကျန်းလော်သည် အတွေးများသွားပြီး
“ငါ့ကို အဲ့ပုံရိပ်ယောင်နည်းလမ်းအကြောင်း ပြောပြ”
“ချီမုန့်တွမ်ကျာ့ဆိုတာကလည်း ပုံရိပ်ယောင်နည်းလမ်းပဲ ဒါပေမဲ့ သူက ပုံမှန်ပုံရိပ်ယောင်ကမ္ဘာနဲ့မတူဘူး”
ရယ်ရွှင်က ရှင်းပြသည်။
“ပုံရိပ်ယောင်ကမ္ဘာကအတုအယောင်ဟုတ်ပေမဲ့လည်း အစစ်လိုမျိုးဖြစ်နေပြီး ငါတို့ဒီမှာသေရင် အပြင်မှာလဲ ငါတို့တကယ်သေပြီပဲ၊ သတိထားမိစရာအချက်တွေက အများကြီးပဲ အဲ့ထဲမှာ ငါတို့တွေ လူနာအဝတ်အစားပြောင်းသွားတာက အသိသာဆုံးပဲ ဒီဓားလိုပေါ့ ပုံရိပ်ယောင်ထဲက ပစ္စည်းပေမဲ့ တကယ်ကြီး လူတွေနဲ့ ပစ္စည်းတွေကို လှီးနိုင်တယ်”
ကျန်းလော်သည် နားလည်သွားသည်။
“ဒီပုံရိပ်ယောင်ကမ္ဘာက အခြေခံအားဖြင့်ပြောရရင် တကယ့်ကမ္ဘာနီးပါးပဲပေါ့ ဒီဆေးရံအဆောက်အဦးကလည်း ငါတို့အဆောင်ကို ယူပြီး တည်ဆောက်ထားတာ ဖြစ်နိုင်တယ်”
ချီမုန့်ကျားနည်းလမ်းပုံရိပ်ယောင်သည် အခြားကမ္ဘာတစ်ခုနှင့်တူပြီး တကယ့်ပစ္စည်းအစစ်အမှန်ကို အခြေယူပြီး ပုံရိပ်ယောင်နည်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။
“ဒါနဲ့ အပြင်ဘက်က အခေလာင်းတွေက”
“ပုံရိပ်ယောင်တွေ”
ရယ်ရွှင်သည် ခိုင်မာစွာပြောလိုက်သည်။
“ပုံရိပ်ယောင်ကို ဒီလိုကျစ်ကျစ်လစ်လစ်တကယ်နဲ့တူအောင် ဖန်တီးနိုင်တဲ့ ချီမုန့်တွမ်ကျာ့နည်းလမ်းက ချိုးဖျက်ဖို့ ခက်တယ်ကွ ဒီထဲမှာ တကယ့်ကမ္ဘာကဟာတွေရော ပုံရိပ်ယောင်နဲ့ ဖန်တီးထားတဲ့ဟာတွေ ရောနှောနေတာ သတိမထားမိရင် ဒီထဲမှာလုံးဝပိတ်မိသွားနိုင်တယ်။ ပိတ်မိသွားလို့ကတော့ ပြီးပြီပဲ ပုံရိပ်ယောင်ထဲ အသတ်ခံရရင်ခံရ မဟုတ်ရင် ဒီထဲမှာဆာလောင်ပြီး ရူးသွားနိုင်တယ်”
“ချီမန့်တွမ်ကျာ့”
လုယုံရိသည်တိုးတိုးလေးပြောလိုက်သည်။
“ချီမန့်တွမ်ကျာ့က ပျောက်နေတာကြာပြီမို့လား”
“အင်း”
ရယ်ရွှင်သည် သက်ပြင်းချလိုက်ပြီး
“ဒါဆို ဒီပုံရိပ်ယောင်ကမ္ဘာကို ဘယ်သူဖန်တီးတာလဲ”
ကျန်းလော်သည် မျက်မှောင်ကြုတ်သွားသည်။ သူအစထဲက ဒီပုံရိပ်ယောင်က အရမ်းစစ်မှန်လွန်းနေသည်ဟု ခံစားမိခဲ့သည်။ သို့သော်သူသည် မှော်ပညာဖြင့် ပုံရိပ်ကို အစစ်အမှန်ဖြစ်အောင် လုပ်လို့ရမှန်းတော့ မသိခဲ့ပေ။
‘ဒီပုံရိပ်ယောင်က ချီယုံလုပ်တာ ဖြစ်နိုင်ပါ့မလား’
တခြားမကောင်းဆိုးဝါးများနှင့် မတူသော ချီယုံသည် သေသွားပြီးဝိဉာဉ်ဖြစ်သည်အထိ အသက်ရှင်စဉ်က မှတ်ဉာဏ်များကို မှတ်မိနေပြီး ကျောက်တုံးမိစ္ဆာနတ်ဘုရားကိုယ်ကို ယူပြီးအလွန်သန်မာလာသည်။
‘ချီယုံ့မှာ ဒီလိုလုပ်နိုင်တဲ့ အင်အားရှိတယ် ဘယ်ဘက်ကကြည့်ကြည့် ချီယုံလုပ်တာလို့ပဲ ထင်ရတယ် ဒါပေမဲ့ သူကိုယ်တိုင်ငါ့ကို အပြစ်ဒဏ်သေးသေးလေးလို့ ပြောခဲ့တာ ရယ်ရွှင်တို့ကို ခေါ်လာပြီး ပျော်စရာလူရွေးပွဲလေးလုပ်မယ်ပြောခဲ့တာ သေချာပါတယ်’
ကျန်းလော်သည် ဘယ်လိုတွေးတွေး ချီယုံမဟုတ်ဘူးပဲ ထင်နေသည်။ သူသည် သူ့ကိုယ်သူထက်ပင် ချီယုံ့ကိုပိုနားလည်သေးသည်။ သူတို့ကို ကစားပွဲထဲခေါ်ပြီး နည်းနည်းပါးပါးသာ ခြောက်လှန့်မည့်သူဖြစ်သည်။ ထိုသူသည် သူတို့ကို ဒီလို ရုန်းကန်နေရပြီး ထွက်ပေါက်မရှိအောင် လုပ်မည့်သူမဟုတ်ပေ။ ထိုသို့ ချောင်ပိတ်ရိုက်ခြင်းသည် ချီယုံ့ကို ပျင်းရိစေသောကြောင့် သေချာပေါက် ဤသို့ ထောင်ချောက်ဆင်မှာ မဟုတ်ပေ။
ချီယုံသည် သူတို့ ပုံရိပ်ယောင်ကို မနည်းရင်ဆိုင်ရမှာကို သိနေလို့သာ ပုံရိပ်ယောင်ထဲမှ အကြီးဆုံးဗီလိန်အဖြစ်ကို ယူလိုက်ပုံရသည်။ မကောင်းဆိုးဝါးသည် ကျန်းလော်ကို အပြစ်ပေးဖို့တော့မေ့ဟန်မတူပေ။ လွှစက်ကြီးကိုင်ပြီး ကျန်းလော်နောက်ကိုပဲ လိုက်နေသည်။ာ
‘ချီယုံမဟုတ်ရင် ဘယ်သူလဲ’
လုယုံရိသည် သက်ပြင်းချလိုက်ပြီး
“ချီရယ်သာရှိရင် သူတို့မိသားစုက ဒီလိုအတတ်တွေအကုန် သင်ပေးထားမှာပဲ၊ သူဆိုရင် ပုံရိပ်ယောင်ကို ဖျက်ဆီးနိုင်လောက်တယ်နော်”
ကျန်းလော်သည် ခေါင်းငုံ့ပြီး
“ချီ(ချီရယ်)မိသားစုလား”
“အင်းလေ”
လုယုံရိက ပြောသည်။
“ချီမိသားစုက အတတ်ပညာတော်တော်များ သိကြတယ် သူတို့မိသားစုမှာ စုဆောင်းထားတဲ့ ရှားပါးစာအုပ်တွေလည်းအများကြီးရှိတယ်ကွ ချီမန့်တွမ်ကျာ့အတတ်ကလဲ သူတို့ဆိုသိနိုင်လောက်တယ်”
ခနကြာပြီးနောက် ကျန်းလော်ပြုံးလိုက်သည်။
“မင်းမှန်တယ် ချီမိသားစုက အားလုံးတော်တယ်”
ပြိုင်ပွဲသို့မလာခင်က ချီရယ်သည် မိသားစုအကြီးအကဲများမှ ထိန်းသိမ်းခြင်းကိုခံလိုက်ရသည်။ ယခုတွေးကြည့်သောအခါ ဒီတစ်ခေါက်မစ်ရှင်တွင် မပါဝင်ရန် သူတို့ဆက်ခံသူကို ကာကွယ်ရန်သုံးသည့် ဆင်ခြေဖြစ်မှန်းသိသာလာသည်။ ထို့ကြောင့် သူ့အစားရယ်ရွှင်က မစ်ရှင်လုပ်လိုက်ရသည်။
အားလုံးသည် ပြန်တွေးကြည့်လျှင် အလိုဆက်စပ်နေသည်။
‘ကြည့်ရတာ တစ်ယောက်ယောက်ကတော့ ချီ(ချီယုံ)မိသားစု ပျက်ဆီးမှာမမြင်ချင်ဘူးထင်တယ်’
‘ဒီတော့ ချီ(ချီယုံ)မိသားစုကို တိတ်တိတ်လေးကာကွယ်နေပါရော့လား’
‘ချီ(ချီယုံ)မိသားစုကရော ဘာနည်းလမ်းမှ မသုံးသေးဘူးလား’
ထိုအချိန်တွင်အခန်းအပြင်ဘက် လမ်းတလျှောက်မှ ခြေသံများကြားလိုက်သည်။ အခန်းထဲမှလူတိုင်းသည် အသက်ကို နှေးနှေးလေးရှူနေကြပြီး အသံကို နားစွင့်နေသည်။
‘ရှပ် ရှပ် ရှပ်’
ခြေသံသည် ပန်းခြံထဲ လမ်းလျှောက်နေသလိုပင် နှေးကွေးပြီး အလျင်မလိုပေ။ ထိုသို့သော ခြေလှမ်းလှမ်းနိုင်သူမှာ သေချာပေါက်ဆရာဝန်မဖြစ်နိုင်သလို သူနာပြုများနှင့် လူနာများလည်း မဖြစ်နိုင်ပေ။ သေချာပေါက် လူသတ်သမားပင် ဖြစ်နိုင်သည်။
ရယ်ရွှင်အပါအဝင် လူတိုင်းသည် တောင့်တောင့်ကြီး ဖြစ်သွားသည်။
ကျန်းလော်သည် ရယ်ရွှင်နားကပ်သွားပြီး လေသံလေးဖြင့်ပြောသည်။
“ရယ်ရွှင် ငါပြောတဲ့ အစီအစဉ်ကို မှတ်မိသေးလား”
ရယ်ရွှင်သည် ဝေဝေဝါးဝါးပြောလိုက်သည်။
“မျက်နှာမဲ့မိစ္ဆာကို ဒီမှာဖြေရှင်းခဲ့မလို့လား”
ကျန်းလော်သည် ခေါင်းညိတ်ပြီး
“မင်းပြောသလိုပဲ ဒီပုံရိပ်ယောင်က ပြင်ပကအစစ်အမှန်တွေကိုအခြေတည်ပြီး ဆောက်ထားတာဆိုရင် ဒီဆေးရုံက အဆောင်အဆောက်အဦးဖြစ်မှာသေချာတယ် ဒီတော့အဆောင် မြေညီထပ်မှာ လျှပ်စစ်မီတာပုံးကလည်း အဲ့မှာပဲ ရှိနိုင်တယ်၊ ငါမျက်နှာမဲ့မိစ္ဆာကို အာရုံပြောင်းလိုက်မယ် ငါတို့အစီအစဉ်ကို ဆက်လုပ်ကြတာပေါ့”
မူလအစီအစဉ်အတိုင်းဆိုလျှင် ကျန်းလောသည် ခြောက်ထပ်လုံးကို ပြေးသွားရမည်ဖြစ်သည်။ ကျန်းလော် တစ်ထပ်တက်တိုင်း ရယ်ရွှင်သည် မီတာပုံးမှတစ်ဆင့် ကျန်းလော်ရောက်နေသော အလွှာအောက်မှ မီးများပိတ်ပြီး မိစ္ဆာကို သွေးဆောင်မှာဖြစ်ပြီး ခြောက်လွှာတွင် ဘယ်သူမှမရှိဘဲ ရှင်းလင်းနေသောကြောင့် ခြောက်လွှာရောက်သွားလျှင် ရယ်ရွှင်သည် ခြောက်လွှာမှ မီးကိုသာမှိတ်လိုက်ပြီး ကျန်အလွှာများကို လင်းထိန်နေအောင် မီးဖွင့်လိုက်မည် ဖြစ်သည်။ သူတို့သည် မျက်နှာမဲ့မိစ္ဆာကို ခြောက်လွှာတွင် ပိတ်ထားဖို့ စီစဉ်ထားကြခြင်း ဖြစ်သည်။
လုယုံရိနှင့် စီဝမ်ကွေးသည် ခြောက်လွှာတွင် ကျန်းလော်ကို အဆင်သင့်စောင့်နေမည်ဖြစ်ပြီး မိစ္ဆာကို ဖမ်းချုပ်ရန် အတူလုပ်ကြမည်ဖြစ်သည်။
လျှပ်စစ်ပုံးသည် အစီအစဉ်တွင် အဓိကကျသောကြောင့် ရယ်ရွှင်သည် နဂိုထဲက တည်ငြိမ်သောသူဖြစ်သောကြောင့် ရယ်ရွှင်ကိုသာ မီတာပုံးကို တာဝန်ပေးလိုက်သည်။ ရယ်ရွှင်သည် တွေဝေသွားသောကြောင့် ကျန်းလော်သည် နူးညံ့စွာပြုံးလိုက်ပြီး ချော့ပြောလိုက်သည်။
“ငါးမိနစ်နေရင် မင်းမီးတွေ အကုန်ပိတ်ချလိုက်လို့်ရပြီ မင်းလုပ်ရမှာက တစ်ထပ်ချင်းစီမှာ ငါ့ကို မိနစ်ဝက်လောက်စောင့်ပေးရမှာပဲ မိနစ်ဝက်ပြီးတာနဲ့ မီးပိတ်လိုက်တော့ တစ်ခုခုသာ မဖြစ်ခဲ့ဘူးဆိုရင် မိနစ်ဝက်က ငါတစ်ထပ်တက်ဖို့ လုံလောက်တယ်ရယ်”
သူ့အကြည့်အပြောများသည် ရယ်ရွှင်ကို ကျန်းလော်သည် ဤကိစ္စကို စွန့်စားရန်အခိုင်အမာ ဆုံးဖြတ်ပြီးပြီဖြစ်ကြောင်း သိသွားစေသည်။ ရယ်ရွှင်သည် တည်ငြိမ်စွာ ကျန်းလော်ကို စူးစိုက်ကြည့်လိုက်ပြီး
“ဘေးကင်းဖို့က အဓိကနော်”
ကျန်းလော်သည် နှုတ်ခမ်းစေ့လိုက်ပြီး
“စိတ်မပူနဲ့ အဆင်ပြေမှာပါကွာ”
သူတို့သည် အစီအစဉ်ကိုပြင်ဆင်ပြီးနောက် နာရီကြည့်ပြီး အချိန်မှတ်လိုက်ကြကာ အဝတ်လဲခန်းထဲမှ ထွက်ဖို့မြင်ကြသည်။
“လူသတ်သမားကို ငါတို့ လှည့်ထုတ်သွားလိုက်မယ် ငါတို့အရင်သွားလိုက်မယ်ကွာ”
ကျန်းလော်က တွေးလိုက်သည်။
‘မင်းတို့သူ့ကိုလှည့်ထုတ်သွားရင် ငါကချီယုံမိစ္ဆာနဲ့တိုက်ခိုက်အောင် ဘယ်လိုလုပ်ရမှာလဲလို့’
သူသည်အရင်ဦးအောင်ထရပ်လိုက်ပြီး
“တော်ပြီ ငါပဲအရင်ထွက်မယ်”
ကျန်းလော်သည် တံခါးဆီသို့လျှောက်သွားလိုက်ပြီး ကော်ရစ်တာမှ ခြေသံကိုနားထောင်ကာ ချီယုံသူနှင့် မီတာငါးဆယ်လောက်သာ ဝေးတော့သည်နှင့် မတုံ့ဆိုင်းပဲ တံခါးဆွဲဖွင့်ပြီး ပြေးထွက်လိုက်သည်။
မကြာမီ လူသတ်သအားသည် ပြုံးလိုက်ပြီး သူ့နောက်မှ မြန်မြန်ပြေးလိုက်လာသည်။ လွှစက်သံသည် အလွန်ကျယ်လာပြန်ကာ မြန်နိုင်သမျှမြန်မြန်ပြေးရန် တိုက်တွန်းနေသည်။
ရယ်ရွှင်တို့သည် အခန်းထဲမှ ထွက်လိုက်ပြီး လုယုံရိသည် လူသတ်သမားကို အနောက်မှ အော်ပြောနေသည်။
“ဟေး လူသတ်ကောင်ကြီး ငါတို့ကို လာသတ်လေ”
သို့သော် လူသတ်သမားသည် သူတို့ကိုလှည့်တောင်မကြည့်ပေ။ သူသည် တော်ကလျှောက် ကျန်းလော်နောက်သို့သာ လိုက်သွားသည်။ ရယ်ရွှင်သည် စိုးရိမ်လာသော်လည်း အချိန်ဖြုန်းလို့မဖြစ်သောကြောင့် ကျန်းလော်အတွက် ဆုတောင်းပေးရင်း
“မင်းတို့အနောက်ဘက်လှေကားကနေ ခြောက်လွှာကို တက်သွားလိုက်ကြတော့ ငါတော့ မြေညီထပ်ကို အရင်သွားနှင့်ပြီး လျှပ်စစ်ပုံးရှာလိုက်တော့မယ်”
သူတို့သည် လူခွဲလိုက်ပြီး အစီအစဉ်အတိုင်း သတ်မှတ်နေရာသို့သွားလိုက်ကြသည်။ ရယ်ရွှင်သည် ဆေးရုံအောက်ဆုံးထပ်တွင် လျှပ်စစ်ပုံးကို သူတို့တွေးထားသည့်အတိုင်း ရှာတွေ့ခဲ့သည်။ ပုံးသည် အဆောင်ကအတိုင်း တစ်နေရာထဲမှာ ရှိနေသည်။ ရယ်ရွှင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ငါးမိနစ်ပြည့်ရန်စောင့်နေသည်။
စီဝမ်ကွေးနှင့် လုယုံရိတို့သည် လှေကားခန်းရောက်လာပြီး တက်ရန်လုပ်လိုက်သော်လည်း လှေကားဘေးနံရံတွင် လူပုံသဏ္ဍာန်စွပ်ကြောင်းကြီး တစ်ခုကို တွေ့လိုက်သည်။ ကျန်းလော်သည် သူတို့ကို စောစောတုန်းကပင် လူပုံအမှတ်တစ်ခုတွေ့သည့်အကြောင်းပြောခဲ့သေးသည်။ လုယုံရိသည် ထိုအကြောင်းကို ရှင်းရှင်းကြီး သတိရနေသေးသည်။ သူသည် အေးခဲသွားပြီး တစ်ကိုယ်လုံးအမွှေးများထောင်လာသလို လန့်သွားသည်။
“ဒီအမှတ်ကြီးက အစက ပထမထပ်မှာမဟုတ်ဘူးလား”
စီဝမ်ကွေးသည် မျက်မှောင်ကြုတ်၍ ထိုလူပုံစံစွပ်ကြောင်းကို ခပ်ပြင်းပြင်းတက်နင်းလိုက်သည်။ ဘန်းခနဲ အသံကျယ်ကြီး မြည်သွားပြီး နံရံတွင် ပင့်ကူအိမ်လို အက်ကွဲရာများပေါ်လာကာ ထိုထဲမှ ဆံပင်ခြည်များ ထွက်လာသည်။
လုယုံရိသည် နှလုံးသားတစ်ခုလုံး လည်ချောင်းထဲမှ ခုန်ထွက်လာမလိုဖြစ်သွားပြီး စီဝမ်ကွေးနောက်သို့တန်းရောက်သွားသည်။ မကြာခင်တွင် နံရံတစ်ခုလုံးပြိုကျသွားပြီး နံရံထဲမှအရာသည်အပြင်သို့ လေးဖက်ကုန်းပြီး ထွက်လာသည်။ ဖြူဖျော့ပြီး ဆံပင်အရှည်ကြီးနှင့် သွေးကဲ့သို့ရဲရဲနီနေသော မျက်လုံးအစုံဖြင့် သူတို့ကို စူးစိုက်ကြည့်နေပြီး တွားသွားကာထွက်လာသည်။
သူတို့သည် ထိုမျက်နှာကို အနည်းငယ်ရင်းနှီးနေသလို ဖြစ်နေသည်။ လုယုံရိသည် လန့်ဖြတ်ပြီးအော်လိုက်သည်။
“ဖုယွင်အာ”
နံရံထဲတွင်အမြုပ်ခံထားရသော ကျောင်းသူဖြစ်သည့် သူတို့ဒုတိယမြောက်ပြည်နယ်အဆင့်ပြိုင်ပွဲတုန်းက ပန်းတိုင်ဖြစ်သော ဖုယွင်အာဖြစ်သည်။ လုယုံရိသည် ဖုယွင်အာ၏အလောင်းကို ပြိုင်ပွဲစီမံသူများမှ သိမ်းဆည်းသွားကြမှန်း သိထားသည်။
“ဘယ်လိုလုပ် ဒီရောက်နေတာတုန်း”
လူယုံရိသည် မေ့ပြီးပြောနေရင်း တောင့်တင်းသွားကာ
“မဟုတ်သေးဘူး မင်း မင်း ဘယ်လိုလုပ် လှုပ် လှုပ်နိုင်နေတာလဲ”
ဖုယွင်အာသည် တစ်ခွန်းမှပြန်မပြောဘဲ လုယုံရိတို့နှစ်ယောက်နားသို့ တရွတ်ဆွဲလာကာ သူမဆံပင်များသည် ရှည်သည်ထက်ရှည်လာသည်။ သူတို့ဆီကို နံရံထဲမှ တွားသွားထွက်လာရင်း ကြောက်စရာကောင်းစွာ ကြည့်နေသေးသည်။
‘ဒီအလည်လာတဲ့တစ်ယောက်က အဆင်ပြေမနေဘူးနော်’
‘ငါကြောက်တယ် မလာနဲ့လို့်’
လုယုံရိသည် စီဝမ်ကွေးကို ဆွဲပြီး လှေကားပေါ်ပြေးတက်လိုက်သည်။
“ချီး ချီး ချီး ငါတို့ အရင်စကားပြောကြရအောင်လေကွာ ငါတို့မင်းကို လူသတ်သမားဖမ်းဖို့ ကူညီခဲ့ဖူးတယ်လေ မှတ်မိလား ငါတို့နောက် မလိုက်နဲ့တော့နော် အိုကေ”
သူတို့လှေကားအလယ်သို့သာရောက်သွားခါရှိသေးသည်။ နံရံအလယ်မှဆံပင်အထူကြီးထွက်လာပြီး လုယုံရိခြေထောက်ကို လှမ်းဆွဲလိုက်ပြီး လည်ပင်းကို ဆံပင်များဖြင့် ဆွဲပတ်လိုက်သည်။ လုယုံရိသည် ဆံပင်များကြားမှ ရုန်းကန်နေပြီး သူ့မျက်နှာသည် နီရဲလာသည်။ စီဝမ်ကွေးသည် ပြင်းထန်စွာတွန်းကန်လိုက်ပြီး နောက်သို့ကန်ထွက်လိုက်ကာ ထိုဆံပင်ထဲမှ လွတ်မြောက်သွားတော့သည်။
“အဟွတ် အဟွတ် အဟွတ်”
လုယုံရိသည် သူ့လည်ပင်းကိုပွတ်လိုက်ပြီး ရှုပ်ထွေးစွာပြောလိုက်သည်။
“ဖုယွင်အာ ဘာလို့ ဘာလို့ ငါတို့ကို သတ်တာလဲ”
သူမက အလောင်းကောင်းကြီးပဲကို
ရယ်ရွှင်လက်ထဲမှ ရှောင်ဖန်သည် ရုတ်တရက်လှုပ်ရှားသွားသည်။ ရယ်ရွှင်သည် ရှောင်ဖန်ကို အံ့ဩစွာငုံ့ကြည့်လိုက်သည်။
“ရှောင်ဖန်”
ရှောင်ဖန်သည် သူ့လက်မောင်းထဲမှ ထွက်လိုက်ကာလှေကားပေါ်သို့တောက်လျှောက်တက်သွားသည်။
ရယ်ရွှင်သည် စိတ်ပူစွာ လှမ်းခေါ်လိုက်သည်။
“ရှောင်ဖန်”
ဝမ်းနည်းခြင်းအရုပ်၏မျက်လုံးများသည် လှုပ်ရှားလာပြီး ဝမ်ရှင်းဟွေ့၏ ဝိဉာဉ်သည် အသက်ဝင်လာကာ သူမသူငယ်ချင်းကို အာရုံရသွားပုံပေါ်သည်။ အရုပ်၏နှာခေါင်းသည် ရှံ့ပွပွဖြစ်လာပြီး
“သူမကိုရှာ သူမကိုရှာ...........သူမကို.................ရှာ”
ရှောင်ဖန်သည် အလျင်စလို ပြေးထွက်သွားသည်။
ရယ်ရွှင်သည် စိတ်ပူသွားသော်လည်း သူသည် ရှောင်ဖန်ပျောက်သွားသည်ကိုသာ ဒီတိုင်းကြည့်နေလိုက်သည်။ သူသည် ရှောင်ဖန်နောက်သို့ လိုက်သွားချင်သော်လည်း ယခုအချိန်တွင်တော့ လိုက်မသွားနိုင်သည်မှာ သေချာသည်။
သူသည် လျှပ်စစ်ပုံးကို ထိန်းချုပ်ရမှာဖြစ်သောကြောင့် ဘာတွေဘဲ ဖြစ်လာဖြစ်လာ ဒီနေရာမှခွာလို့မဖြစ်ပေ။
ကျန်းလော်သည် ငါးမိနစ်ပြည့်အောင်ပတ်ပြေးနေပြီး အချိန်စေ့သည်နှင့် နောက်တစ်ထပ်သို့တက်ရန်လုပ်လိုက်သည်။ သူ့နောက်မှ လွှစက်ကိုင်လူသတ်သမားသည် မျက်ခြေမပြတ်အောင်ကို ပြေးလိုက်နေသည်။ ကျန်းလော်သည် လူသတ်သမားပါလာရဲ့လား လှည့်ကြည့်လှည့်ကြည့်နှင့် ပြေးနေသည်။
‘တော်တယ်ငါ့ကောင်ကြီး’
သူသည်ပြုံးလိုက်ပြီး လှေကားပေါ်ပြေးတက်သွားသည်။ ချီယုံသည် တမင်တကာပင် နှေးနှေးကွေးကွေးလိုက်နေသည်မှာ သိသာလှသည်။ ကျန်းလောသည် လှေကားပေါ်သို့ တက်နေရင်း လမ်းတစ်ဝက်တွင် ရပ်သွားသည်။ လှေကားကြမ်းခင်းမှ လက်များထွက်လာပြီး ဒူးခေါင်းကို အသေဆွဲထားသည်။ သူသည် ထိုလက်များကို အေးအေးဆေးဆေးရုန်းလိုက်ပြီး နောက်တစ်ထစ်ထတပ်လိုက်သည်။ သူ့ခြေထောက်များသည် နောက်ထပ်အဆွဲခံလိုက်ရပြန်သည်။
သူအောက်ငုံ့ကြည့်လိုက်သောအခါ ကျေးဇူးရှင်သရဲလက်များသည် အထစ်တိုင်းတွင် မြက်လိုပေါက်နေသည်။ သူတို့သည် ကျက်သရေတုန်းစွာ လက်များယမ်းပြနေသေးသည်။ လက်များသည် နင်းတာနှင့် ဆွဲမည်လို့ ရေးမထားရုံတမည်ပင်။ ကျန်းလော်သည် ပေါ့ပါးစွာသက်ပြင်းချလိုက်ပြီး ထိုလက်များကို တက်နင်းျပြီး အပေါ်ထိတက်သွားတော့သည်။ သူထိုလက်များကို မကြောက်သော်လည်း သူတို့ကြောင့် အနည်းငယ်နောက်ကျသွားရသောကြောင့် စိတ်တိုသွားသည်။
သူခြောက်လွှာသို့ ရောက်သည်နှင့် သုံးလွှာတစ်ထပ်လုံးအမှောင်ကျသွားသည်။ ကျန်းလော်သည် ခြောက်လွှာ၏ ထောင့်နားတွင်ရပ်နေပြီး တောက်ပသော အလင်းရောင်သည် သူ့ကို အနည်းငယ်တည်ငြိမ်သွားစေသည်။ ထို့နောက်သူသည် လှေကားမှတက်လာသော မကောင်းဆိုးဝါးကို အေးစက်စွာကြည့်နေသည်။
“ဘာလို့မပြေးတော့တာလဲကွ”
ချီယုံသည် အံ့ဩစွာမျက်ခုံးပင့်လိုက်ပြီး ညင်သာစွာပြုံးလိုက်သည်။
“ကိုယ့်ကို ဒီမှာသတ်ဖို့ ပြင်ဆင်ထားတာလား”
သူပြောနေရင်းပင် ကျန်းလော်ရှေ့သို့ တိုးလာသည်။ သွေးနံ့များသည် တစ်လွှာလုံးနံစော်နေသည်။ သူတို့နှစ်ယောက်လုံးသည် သွေးစွန်းနေသောဂျူတီကုတ် ကိုယ်စီဝတ်ထားကြပြီး ပိန်ပါးကာ အရပ်ရှည်ကြသည်။ တစ်ယောက်မှာနည်းနည်း မဆိုသလောက်လေး ပုနေသော်လည်း ကြည့်ကောင်းပေသည်။ လင်းထိန်နေသောကြောင့် အရိပ်နှစ်ခုသည် အလွန်ရှည်လျားနေသည်။
ချီယုံသည် ကျန်းလော်ကို ငုံ့ကြည့်လိုက်ပြီး လွှစက်ကိုမြှောက်လိုက်ကာ ကျန်းလော်နားတိုးလာသည်။ လွှစက်သံသည် ကြောက်မက်ဖွယ်ကောင်းနေပြီး တစ်ထပ်လုံးဆူညံသွားတော့သည်။ လူငယ်လေးကို ခေါင်းတခြားကိုယ်တခြား လုပ်တော့မည့်အလား ဆူညံနေကာ လွှသွားမှ သွေးများတစ်တောက်တောက်မြည်အောင် တစ်စက်ချင်းကျနေသည်။ သို့သော် ဆံပင်အနက်နှင့် လူငယ်လေးသည် တုပ်တုပ်မှ မလှုပ်ဘဲ သူ့ကိုသာအေးအေးဆေးဆေးကြည့်နေသည်။
ချီယုံသည် နည်းနည်းမှ တုန်လှုပ်မသွားသောကောင်လေးကိုကြည့်ပြီး စိတ်ပျက်သွားသည်။
“မင်းလေးက အရမ်းကြောက်မနေတော့ ကိုယ်စိတ်မကောင်းဖြစ်သွားပြီကွာ”
“မင်းလေး ထွက်မပြေးမှတော့ ဟင်း ကိုယ်မလုပ်ချင်လဲ လုပ်ရတော့မှာပဲ”
ချီယုံသည် ပုခုံးတွန့်လိုက်ပြီး အလွန်စိတ်မကောင်းသောပုံစံဖြင့် ဆိုက်ကိုဆန်ဆန် နှုတ်ခမ်းကြီးကွေးတက်လာကာ ပြောလိုက်သည်။
“သတ်ရတော့မယ်”
ချီယုံသည် ဂိမ်းကိုစခဲ့ခြင်းမှာ မင်းသမီးလေးကို လူဆိုးကြီးလက်မှကယ်သော သူရဲကောင်းပြဇာတ်ကရန်ဖြစ်သော်လည်း အခုတော့ မေ့သွားသည့်ပုံပေါ်သည်။
လေးလွှာမှ မီးများပိတ်သွားပြန်သည်။ မျက်နှာမဲ့မိစ္ဆာသည် လေးလွှာထောင့်နားတွင် ပေါ်လာသည်။ ကျန်းလော်ကို အာရုံခံနေပုံရသည်။
‘နောက်နှစ်လွှာ တစ်မိနစ်’
ကျန်းလော်သည် မျက်လွှာချမထားတော့ဘဲ ရုတ်တရက် မော့ကြည့်လိုက်သည်။ မဲ့ပြုံးပြုံးလိုက်ကာချီယုံကို သေချာကြည့်နေသည်။
“ငါမပြေးတော့တာ ပျင်းလာလို့”
ချီယုံသည် စိတ်ဝင်တစားမေးလိုက်သည်။
“ဘာလို့”
ကျန်းလော်သည် ချီယုံ့အင်္ကျီကော်လာကိုဆွဲလိုက်သည်။ ချီယုံသည် နာနာခံခံခေါင်းငုံ့ပေးလိုက်သည်။ ကြည့်ကောင်းသောမျက်နှာတွင် စိတ်ဝင်စားမှုများ ရောယှက်နေကာာ ဆံပင်အနက်နှင့်ကောင်လေး သူ့နားကပ်လာသည်ကို ကြည့်နေသည်။ ကောင်ငယ်လေး၏ နှုတ်ခမ်းများသည် သူ့ကို သွေးဆောင်ညှို့ယူနေသလို မြင်လာသောကြောင့် ခေါင်းမော့ရန်ပြင်လိုက်သော်လည်း ကောင်လေးသည် သူ့ကော်လာကို ဆောင့်ဆွဲ၍ ချီယုံနှင့် နှုတ်ခမ်းချင်းကပ်လိုက်သည်။
ချီယုံသည် ပြုတ်ထွက်မတတ်မျက်လုံးပြူးသွားပြီး ချက်ချင်း မျက်စိမှတ်လိုက်သည်။
######################################