အပိုင်း (၆၄)
ဒိုင်ယာရီ
တံခါးအပြင်မှ ကျန်းဖုန်းကိုကြည့်လိုက်ပြီး
“တဆိတ်လောက် ကျန်းဖုန်း မင်းပြန်လာတာလား”
အပြင်ဘက်မှ ကျန်းဖုန်းကပြန်ပြောသည်။
“ငါ့မှာ သော့မရှိတော့လို့ တံခါးဖွင့်ပေးစမ်းပါ”
ရယ်ရွှင် “..........”
ကျန်းဖုန်းမျက်နှာနှင့် အပြင်ဘက်မှလူသည် ခေါင်းစောင်းကြည့်လိုက်ပြီး ထပ်ပြောသည်။
“ငါ့ကိုတံခါးဖွင့်ပေးလို့ရမလား”
ရယ်ရွှင်သည် ရေချိုးခန်းဘက်ကို လှည့်ကြည့်လိုက်သည်။ ရေချိုးခန်းတွင် ကျန်းဖုန်းရေချိုးရင်း သီချင်းဆိုနေသော အရိပ်ထင်နေပြီး ထိုကျန်းဖုန်းသည် စိတ်ပျော်နေပုံရကာ သီချင်းအကျယ်ကြီး အော်ဆိုနေသည်။
အထဲတွင် ကျန်းဖုန်းတစ်ယောက် အပြင်မှာကျန်းဖုန်းတစ်ယောက် ဘယ်ဟာ အစစ်မှန်းမသိတော့ပေ။ အပြင်ဘက်မှတစ်ယောက်သာ ကျန်းဖုန်းအစစ်ဆိုလျှင် ရေချိုးနေသူမှာ မည်သူနည်း။
အထဲကသာအစစ်ဆိုလျှင် အပြင်ကကောင်ကရော ။
ရယ်ရွှင်သည် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပြီး အပြင်ဘက်မှ လူကို သေချာထပ်ချောင်းကြည့်လိုက်သည်။
‘အနည်းဆုံးတော့ မျက်နှာပါတဲ့ကျန်းဖုန်းက ပိုပြီး လူသားဆန်သေးတယ် မျက်နှာမပါတာကြီးကကွာ တော်တော်...........’
ရယ်ရွှင်သည် တွေဝေနေပြီး ခနနေကျတော့ သူ့ခုံကို ဖယ်လိုက်ကာ တံခါးလက်ကိုင်ပေါ် လက်တင်လိုက်သည်။ သူတံခါးကို ဖွင့်တော့မည့် အချိန်မှာပင် တံခါးသည် လော့မချထားကြောင်း သတိထားမိသွားသည်။ မျက်နှာမပါသော ကျန်းဖုန်းသည် တံခါးကို လော့မချဘဲ ဒီတိုင်းပိတ်ခဲ့တာဖြစ်သည်။
‘ဘာလို့အပြင်ကကျန်းဖုန်းက သော့ခတ်ထားတယ်ပဲ ပြောနေတာလဲ ဒီတိုင်းတံခါးလက်ကိုင်ကို လှည့်ပြီး ဝင်လာရုံပဲဟာကို’
ရယ်ရွှင်သည် စိတ်ရှုပ်သွားပြီး တံခါးလက်ကိုင်ပေါ်မှ လက်ဖယ်လိုက်သည်။
ထို့နောက် သူတစ်စုံတစ်ခုကို သတိရသွားသည်။
လူတစ်ချို့သည် ပရိဘောဂများလုပ်ရောင်းရန် သေသူများအခေါင်းကို ဖော်ပြီး သစ်သားများယူလာတတ်သည်။ ထိုသစ်သားများဖြင့် ပြုလုပ်ထားသော ပရိဘောဂများသည် ကြောက်မက်ဖွယ် ပျက်ဆီးမှုများပေးနိုင်သည့် ဖြစ်ရပ်များကို ယူဆောင်လာနိုင်သည်။ ထိုသစ်သားများထဲတွင် သေသူ၏ဝိဉာဉ်သည် စိတ်စွဲလမ်းမှုကြောင့် သူ့ပစ္စည်းနောက်လိုက်လာရင်း ပိတ်မိသွားနိုင်ပြီးး ထိုပိတ်မိသွားသော သေသူများသည် သူတို့ပိုင်သစ်သားနှင့် ပြုလုပ်ထားသော ပရိဘောဂများကို အဆက်မပျက်ခေါက်ပြီး လူသားများအာရုံစိုက်လာအောင် လုပ်တတ်သည်။ ထိုပရိဘောဂများထံမှ ခေါက်သံမြည်နေချိန် လူသားများသွားဖွင့်ပေးလိုက်မိပါက သေသူများသည် ထိုနေရာမှ လွတ်လာပြီး အဆုံးစွန်သော ကြောက်မက်ဖွယ်ကိစ္စများ လုပ်ဆောင်ပေလိမ့်မည်။
အပြင်ဘက်မှကျန်းဖုန်းသည် ခြောက်လှန့်ရန်လာသောသူမဟုတ်နိုင်သော်လည်း လူသားမဟုတ်တာတော့ သေချာသည်။ ဤအိမ်ကြီးထဲတွင် သင်တန်းသားများနေထိုင်သည်မှာ တော်တော်လေးကြာနေပြီဖြစ်ပြီး ဒီအခန်းတွင် လူလေးယောက်နေကြသည်။ လေးယောက်လုံးယောက်ျားသားများဖြစ်သောကြောင့် အခန်းထဲတွင် ယန်စွမ်းအင်အလွန်ကြွယ်ဝသည်။
အပြင်ဘက်မှ ရယ်ရွှင်ကို တံခါးဖွင့်ပေးရန် တောင်းဆိုသူသည် ယန်စွမ်းအင်ကိုကြောက်လန့်ကာ ရယ်ရွှင်ထံမှ ဝင်လာဖို့ ခွင့်ပြုချက်ရချင်နေခြင်းပင်ဖြစ်မည်။
သူ့စားပွဲပေါ်တွင် စာရေးနေသော အခန်းဖော်သည် ရယ်ရွှင်ကို ကြည့်ပြီး
“အပြင်က ဘယ်သူလဲ”
“ဘယ်သူမှမရှိပါဘူး”
ရယ်ရွှင်သည် တံခါးကို သေချာလော့ချလိုက်သည်။
“တစ်ယောက်ယောက် အခန်းမှားခေါက်တာနေမှာ”
နောက်ထပ်မေးခွန်းမမေးတော့ဘဲ ထိုအခန်းဖော်သည် သီချင်းဆက်နားထောင်ပြီး စာသားများရေးနေသည်။ ရယ်ရွှင်သည် အပြင်ဘက်မှတစ်ယောက်ထွက်သွား မသွား မသိပေ။ သူသည် အိပ်ရာပေါ်ပြန်တက်ပြီး ပို့မည့် စာတိုကို ဖျက်လိုက်ကာ နောက်တစ်စောင်ထပ်ရေးလိုက်သည်။ သူသည်ကျန်းလော်နှင့် တခြားသူများကို အခုချိန်တွင် သူ့ဆီလာခွင့် မပြုနိုင်ပေ။ သူတို့သာလာခဲ့လျှင် တံခါးအပြင်ဘက်မှ အရာနှင့်တိုးသွားနိုင်သည်။
အပြင်ဘက်မှ တံခါးခေါက်သံသည် အချိန်အတော်ကြာ ဆက်ထွက်နေသေးကာ ခနကြာကြာခေါက်ပြီး အသံမကြားရတော့ပေ။ ထိုသူ လက်လျော့သွားပြီ ဖြစ်နိုင်သည်။
ရယ်ရွှင်သည် နဖူးမှ ချွေးသီးချွေးပေါက်များကျလာကာ ရှောင်ဖန်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ကျန်းဖုန်းသည် ရေချိုးခန်းထဲမှ ထွက်လာသည်။ ကျန်းဖုန်းသည် သူ့ကိုယ်သူ သဘတ်ပတ်ထားပြီး မှန်ရှေ့သို့လျှောက်လာကာ စကင်းကဲသည်။ သူသည် စိတ်အခြေအနေကောင်းနေပုံရကာ ရေဓာတ်ဖြည့် မက်စ်ကိုပင် ကပ်လိုက်သေးသည်။
“ရယ်ရွှင် အပြင်က တံခါးခေါက်တဲ့သူက ဘာတဲ့လဲ”
မက်စ်သည် ချောမွတ်ပြီး ဘာမှမရှိပြောင်ချောသောမျက်နှာပေါ်တွင် အချပ်လိုက်ကပ်နေသည်။ ရယ်ရွှင်သည် အာခေါင်ခြောက်လာပြီး စကားပြောရန် တည်ငြိမ်ဟန်ဆောင်က စကားလုံးများကို မနည်းညစ်ထုတ်နေရသည်။
“အခန်းမှားတာ”
ကျန်းဖုန်းသည် စိတ်မဝင်မစားတော့ကာ မှန်ကြည့်ပြီး မက်စ်ပေါ်မှ မျက်နှာကို နှိပ်နေသည်။
ရယ်ရွှင်က ပြောလိုက်သည်။
“ကျန်းဖုန်း မင်းကြည့်ရတာ ဒီနေ့အရမ်းပျော်နေသလိုပဲ”
ကျန်းဖုန်းသည် ပြုံးလိုက်ပြီး
“ငါက မိုးရွာတဲ့နေ့တွေကို တအားကြိုက်လို့လေ”
ရယ်ရွှင်သည် သိချင်စွာမေးလိုက်သည်။
“မင်းကို ကြည့်ရတာ ဒီနေ့အရင်ကနဲ့ မတူသလိုပဲ”
“ဟုတ်လား”
ကျန်းဖုန်းသည် စိတ်အခြေအနေကောင်းသလိုနဲ့ နှစ်ခါလောက်ရယ်လိုက်ပြီး
“ငါ့စိတ်ထဲမှာဖုနေတဲ့ တစ်စုံတစ်ခုကို လွတ်ချနိုင်သွားလို့လေ ငါအခု အရမ်းစိတ်ပျော်နေတာလေ။ မိုးသာရွာမနေရင် ငါနှစ်ပတ်လောက်တောင် ပတ်ပြေးလိုက်ချင်သေးတယ်”
ရယ်ရွှင်သည် သူပြောတာကြားသည်နှင့် ကျန်းဖုန်းအပြင်ကပြန်လာပြီး တံခါးပေါက်နားမှာ ချွတ်ထားသော ဖိနပ်ကို ကြည့်လိုက်သည်။ ဖိနပ်များ၏ ဘေးဘက်တွင် ရွံ့များပေနေကာ အစွန်းနားတွင် ခြောက်ပင်ခြောက်နေပြီး မစင်များတက်နင်းလာသလို ပေပွနေသည်။
Next Stop Idol အစီအစဉ်ရိုက်ကူးရန် ရိုက်ကူးရေးအဖွဲ့သည် နှောက်ယှက်မခံရရန် ဆင်ခြေဖုံးနေရာကို တမင်တကာရွေးချယ်ထားသော်လည်း အဆောက်အဦးသည် အသစ်ဖြစ်သည်။ ကျန်းဖုန်းဖိနပ်များသည် ဤမျှပေပွနေသောကြောင့် သေချာပေါက် သူသည် ရိုက်ကူးရေးလုပ်ရန် ကန့်သတ်ထားသော နယ်မြေထဲမှ ထွက်သွားခဲ့ပုံရသည်။ ရယ်ရွှင်သည်သူ့ဖုန်းကို မသိမသာထုတ်လိုက်ပြီဂ ရှောင်ဖန်နှင့်ကွယ်ကာ ကျန်းဖုန်းဖိနပ်များကို ဓာတ်ပုံရိုက်လိုက်သည်။
ထို့နောက် အတွေးတချို့ဝင်လာပြီး ကျန်းဖုန်းသူ့ကိုကြည့်မနေချိန် ကျန်းဖုန်းမျက်နှာကို ခိုးပြီး ဓာတ်ပုံရိုက်လိုက်သည်။
ထို့နောက် သူ့သူငယ်ချင်းများဆီ စာတိုပို့လိုက်သည်။
[မနက်ဖြန်မနက် ငါ့ကိုလာတွေ့ကြဦး ငါမင်းတို့ကို ပြောစရာရှိတယ်]
ဖုန်းထဲသို့ စာတိုအသစ်များဝင်လာပြီး ခနခနလင်းလာသော်လည်း ကိုင်မည့်သူမရှိပေ။ ကျန်းလော်ကို ကျည်တစ်တောင့်သာပါသော သေနတ်တစ်လက်ပေးပြီး ပုံရိပ်ယောင်ကို ဖျက်ဆီးရန်နှင့် ချီယုံ့ကို သတ်ရန်ရွေးခိုင်းမည်ဆိုလျှင် ကျန်းလော်သည် မတုံ့ဆိုင်းပဲ ချီယုံ့ကိုသာ သတ်လိုက်မှာဖြစ်သည်။ ကျန်းလော်သည် အံတင်းတင်းကြိတ်ထားသည်။ ချီယုံသူ့ကို ဆယ့်ရှစ်ကြိမ်သတ်တုန်းကလို အကြပ်အတည်းမျိုးနှင့် ရင်ဆိုင်နေရသည်။
ကျန်းလော်သည် ချီယုံသူ့ကို ဘာလို့ အခုထိမသတ်သေးမှန်း သိချင်နေသည်၊ ထိုအကောင်သည် သူ့ကို နာကျင်အောင်လုပ်ပြီး သွေးများနေရာအနှံ့စွန်းထင်းအောင် လုပ်ရမည့်အစား ဘာလို့ဒီလိုတွေလာလုပ်နေမှန်း နားမလည်နိုင်တော့ချေ။
သို့သော် မကောင်းဆိုးဝါး၏ လှုပ်ရှားမှုများသည် သူ့ကို ဓားသေးသေးလေးဖြင့် တစ်စစီမွှန်းနေသလို ခံစားရသည်။ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှုကို ကျန်းလော်သည် အံတင်းတင်းကြိတ်ပြီး သည်းခံနိုင်သည်။ သူ့ကို ဓားနှင့်ခုတ်နေလျှင်ပင် အံကြိတ်ပြီး ဘာမှမဖြစ်သလိုနေပြနိုင်သေးသည်။ သို့သော် ဤကဲ့သို့ ထူးဆန်းပြီး ဘာလုပ်နေမှန်းမသိသော ဆိုက်ကိုကောင်၏ မထိတထိလိုက်နှိပ်စက်နေတာကြီးကိုတော့ သူဘယ်လိုမှ သည်းမခံနိုင်ပါချေ။
စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း အပြင်ဘက်တွင် လက်လေးပင်မလှုပ်နိုင်အောင် ပင်ပန်းနေပြီဖြစ်သည်။
မကောင်းဆိုးဝါးသည် သူ့ကိုတမင်တကာ ဒေါသထွက်ပြီး သေအောင်လုပ်နေတာဖြစ်သည်။ သူသည် ကျန်းလော်ကို ဒီလိုလုပ်လျှင် ကျန်းလော်သည်းမခံနိုင်မှန်း ကောင်းကောင်းကြီး သိသည်။ ကျန်းလော်စိတ်ဆိုးလာလေ ချီယုံပျော်လေဖြစ်နေသည်။
မကောင်းဆိုးဝါးသည် ပေါ့ပါးစွာ ရယ်မောလိုက်ပြီး
“မှန်း ကြည့်”
“မင်းဖင်ကို မှန်း အာ့”
ကျန်းလော်နှုတ်ခမ်းသည် အပိတ်ခံလိုက်ရပြီ သူ့မျက်နှာသည် ပြာနှမ်းသွားသည်။
“ဆရာက မင်းကို တစ်ခုခုမပြောခင် အရင်စဉ်းစားဖို့ သင်ပေးထားတယ်လေ မမှတ်မိဘူးလား ကလေးလေး”
ချီယုံသည် နှေးကွေးစွာပြောလိုက်သည်၊
ကျန်းလော်နှုတ်ခမ်းပေါ်မှ လက်သည် ဖယ်သွားပြီး ကျန်းလော်သည် ပါးစပ်ဖွင့်နိုင်သွားပြီဖြစ်သည်။ ကျန်းလော်သည် ကျိန်ဆဲမည့်စကားများကို ပြန်မျိုချလိုက်ပြီး သွားများကြိတ်ကာ ဘာမှမပြောတော့ပေ။
‘ငါ့ကိုလာထိန်းချုပ်ချင်တာ မသာကောင်က’
မကောင်းဆိုးဝါးသည် ဆံပင်အနက်နှင့်လူငယ်လေး၏ မျက်နှာကိုကြည့်လိုက်သည်။ ကောင်လေးသည် မျက်နှာပျက်နေပြီး ဝမ်းနည်းနေပုံပေါ်သောကြောင့် သူဘယ်တုန်းကမှ မခံစားဖူးသော အလွန်ပျော်သော ခံစားချက်ကို ရဖူးလာသည်။
ချီယုံသည် သူပထမဆုံးအကြိမ် ရုပ်သေးဝိဉာဉ်အတတ်ကို တတ်မြောက်ပြီး သူ့နောက်ကျောမှ တစ္ဆေတက်တူးနှင့် ပေါင်းစပ်ပြီး အသက်ရှင်နိုင်ခဲ့စဉ်တုန်းကထက် ပျော်နေသည်။ ဆံပင်အနက်နှင့် လူငယ်လေးသည် ကုတင်ပေါ်မှာ တစ္ဆေလက်ထောင်ပေါင်းများစွာနှင့် အဖိခံထားရသည်ထက် သွေးသံရဲရဲတိုက်ခိုက်လိုက်တာကိုပိုကြိုက်နိုင်ပြီး ယခုဆို ဘာမှကို မပြောတော့ဘဲ ပါးစပ်ပိတ်ထားသည်။
ထိုကောင်လေးသည် ချီယုံကို ကျေနပ်အောင် နည်းမျိုးစုံနှင့်လုပ်နိုင်ပေသည်။ သူလိုချင်သည်။
ကျန်းလော်နှင့် အတူရှိနိုင်ရန် တစ်ခုထဲသော နည်းလမ်းလို့လဲ ချီယုံက အသေမှတ်ထားသည်။
ချီယုံသည် သူ့ကို တမင်တကာ နှိပ်စက်နေတာကို ကျန်းလော်သိသည်။ သူ့နှဖူးမှ ချွေးများကျလာကာ ကျန်းလော်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ပြောချလိုက်သည်။
“ဒီလက်တွေအကုန်လုံး မင်းရဲ့ သောက်လက်တွေလို့”
သူ့ကိုယ်ပေါ်လျှောက်ပွတ်နေသော လက်များသည် ရုတ်တရက်ရပ်သွားသည်။ မကောင်းဆိုးဝါးသည် စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး
“မင်းမှန်သွားပြီပဲ”
နောက်ခနလေးတွင် ထိုလက်များပျောက်သွားသည်။ မှောင်မည်းကြောက်မက်ဖွယ်ကောင်းနေသော သရဲဖန်တီးထားသောအခန်းသည် ချက်ချင်းပင် ရှင်းလင်းပြီး သန့်ရှင်းလင်းထိန်သွားသည်။ ပြတင်းပေါက်အပြင်ကိုကြည့်ပြီး ကျန်းလော်သည် သက်ပြင်းချလိုက်ပြီး ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။ သူ့ဆံပင်သည် ရှုပ်ပွနေပြီး သူ့တစ်ကိုယ်လုံးသည် နီရဲနေကာ လက်ရာများနေရာအနှံ့ထင်းနေသည်။
ကျန်းလော်၏မျက်နှာသည် မှင်အိုးမှောက်ကျထားသလို မည်းမှောင်နေကာ သူ့လက်သီးများသည် မကောင်းဆိုးဝါးလည်ပင်းကို ညစ်နေရသလို တင်းကျပ်နေသည်။
အတော်ကြာအောင်ထိုင်နေပြီးနောက် ကျန်းလော်သည် မျက်နှာသုတ်ပုဝါတစ်ထည်ကို မျက်နှာပေါ်အုပ်လိုက်သည်။
‘ငါပြန်လုပ်ပြမယ် ဒီဖေ......’
‘ချီယုံကို ပြန်လက်စားချေပြီးး တိုက်ဖို့ခိုက်ဖို့လုပ်နေတာကို အဲ့ကောင်က ..........ဒင်းက ငါ့ကို အပျော်လာလုပ်နေတယ်.....ချီး’
‘မကောင်းဆိုးဝါးတွေက ဘာလို့နာမှမကြောက်ရတာလဲကွာ’
‘သူ့ကို သတ်လိုက်ရင်ရော အား ချီယုံက သေမှမသေနိုင်တော့တာ’
‘ဝိဉာဉ်အပိုင်းပိုင်းဖြဲခံထားရတာတောင် မသေတာ’
‘ချီယုံက အရင်လာကိုက်တာ မသိဘူး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ လက်တုံ့ပြန်မှာပဲ’
‘မကောင်းဆိုးဝါးက ငါ့ကို ကြောက်ဖျားဖျားသွားစေချင်တာဆိုရင် သူအောင်မြင်သွားပါတယ်’
ကျန်းလော်သည် လက်သီးကို တင်းနေအောင် ဆုပ်ထာပြီး သဘက်ကို ကြေမွသွားစေသည်။ သူ့မျက်လုံးများ ရုတ်တရက်ဖွင့်လိုက်ရာ မျက်လုံးထဲတွင် မီးလောင်နေသလားအောက်မေ့ရအောင် နီရဲနေသည်။
‘ချီး’
‘သူလည်းငါ့လိုတစ်ထပ်ထဲ ရွံစရာကောင်းတာပြန်ဖြစ်စေရမယ်’
‘ဒီမအေဘေး မကောင်းဆိုးဝါးကို နောက်ထပ်ငါ့ကို ဒီလိုလာမစမ်းရဲအောင်ကို လုပ်ပစ်မှာ’
ရယ်ရွှင်သည် တစ်ညလုံးမအိပ်နိုင်ဘဲ မနက်လေးနာရီထိုးသွားသည်။ ထိုအချိန်တွင် အဆောင်ခန်းထဲမှ ခြေသံသဲ့သဲ့ ကြားရသည်။ ရယ်ရွှင်မျက်လုံးများသည် ချက်ချင်းကျယ်သွားပြီး ကုတင်ပေါ်မှ ချောင်းကြည့်လိုက်သည်။ ကျန်းဖုန်းသည် ဝတ်စုံပြည့်ဖြင့် တံခါးဖွင့်ကာ အဆောင်ခန်းထဲမှ ထွက်သွားသည်။ ရယ်ရွှင်သည် တွေဝေနေပြီး တိတ်တဆိတ် ရှောင်ဖန်ကို ပိုက်ပြီး လိုက်ချသွားသည်။
သို့သော် သူတို့အောက်ထပ်ရောက်ခါနီးတွင် ကျန်းဖုန်းကို မျက်ခြေပျက်သွားသည်။ မနက်လေးနာရီထိုးသော်လည်း အပြင်ဘက်တွင် မှောင်နေဆဲဖြစ်ကာ မနက်ခင်းလေအေးများတိုက်ခတ်နေပြီး လမ်းမီးရောင်သာ ရှိသည်။ ရယ်ရွှင်သည် လေတိုက်ထဲတွင် မက်တပ်ရပ်နေပြီး ဘယ်သွားရမှန်း မသိဖြစ်နေသည်။ ထိုအချိန်တွင် သူ့ပုခုံးပေါ်လက်တစ်ဖက်လာတင်သောကြောင့် လန့်ပြီးတုန်သွားသည်၊။
“.............”
ရယ်ရွှင်သည် အသက်အောင့်ပြီး တုန်ယင်စွာ လှည့်ကြည့်လိုက်ရာ ကျန်းလော်ကို တွေ့လိုက်ရသည်။ ကျန်းလော်မျက်နှာသည် အလွန်ဆိုးရွားဆူပုတ်နေကာ
‘ဒီနေ့ငါစိတ်အခြေနေမကောင်းဘူး လာမထိနဲ့’ လို့ရေးထားသလိုပင်။
သူ့အင်္ကျီသည်ကြေမွနေကာ ရယ်ရွှင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
“မင်းက ဘာလို့ မနက်အစောကြီး ဒီမှာ လာရပ်နေတာတုန်း”
ရယ်ရွှင်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူကျန်းလော်မျက်နှာကို မြင်လိုက်ရသည်နှင့် တစ်ညလုံးအလုံးကြီးဆို့နေသော သူ့နှလုံးသားလေးသည် ချက်ချင်းနေရာတကျပြန်ဖြစ်သွားသလို ခံစားရသည်။ သူသည် ခေါင်းယမ်းလိုက်ပြီး ဤနေရာတွင် ဘာမှမပြောဟု ဆုံးဖြတ်လိုက်ကာ
“ဘာလို့ဒီလိုဖြစ်နေတာလဲ အခုမှ ပြန်ရောက်တာလား”
“မင်းစာတိုပို့ထားတာတွေ့တာနဲ့ မင်းတစ်ခုခုဖြစ်နေလားလို့ အမြန်လာစစ်ကြည့်တာ”
ကျန်းလော်သည် နားထင်ကိုပွတ်လိုက်ပြီး ခေါင်းကိုက်စွာပြောသည်။
“ဘာဖြစ်ခဲ့တာလဲ”
ရယ်ရွှင်ကပြောသည်။
“နောက်မှပြောကြမယ်”
သူသည်ကျန်းလော်မျက်လုံးကိုကြည့်လိုက်ပြီး
“မင်းမျက်လုံးတွေက တအားကို နီရဲနေတာပဲ မနေ့ညကမအိပ်ထားဘူးလား”
ကျန်းလော်သည် အေးစက်စွာပြုံးလိုက်ပြီး
“အော“
ဝန်ခံခြင်းမမည်သည့် ‘အော’ဆိုသည့် ဝန်ခံချက်ပင်။
ရယ်ရွှင်သည် ကျန်းလော်ဆီမှ သတ်ဖြတ်ချင်သော အရှိန်အဝါကို ခံစားရနေကာ အမြန်စကားဖြတ်လိုက်သော်လည်း ထပ်ပြီး သိချင်လာကာ မသိချင်ယောင်ဆောင်ပြီးး မေးလိုက်တော့သည်။
“ဘာလို့ မအိပ်ထားတာလဲ”
သူတို့နှစ်ယောက်သည် အောက်ထပ်သို့လျှောက်သွားလိုက်ပြီး အာရုံတက်ထိစောင့်ကာ လုယုံရိနှင့် စီဝမ်ကွေးကို ခေါ်လိုက်သည်။ထို့နောက် ဒါရိုက်တာကြီး၏ ရုံးခန်းကို ငှားလိုက်သည်။
ဒါရိုက်တာကြီးသည် ညက ကောင်းကောင်းအိပ်ပျော်ထားသောကြောင့် မနက်အစောကြီး သူ့ရုံးခန်းကို လာငှားကြသည်ကို အသာတကြည်သော့အတွဲလိုက်ပေးလိုက်သည်၊ သူသည် သူတို့နဲ့လိုက်ကာ အဖြစ်အပျက်ကို နားထောင်လိုသောကြောင့် ရအောင်ပြောလိုက်သည်။
ရယ်ရွှင်သည် သူမနေ့ကရိုက်လာသောပုံကို ကွန်ပျူတာမှတစ်ဆင့် ဖွင့်ပြလိုက်သည်။
“ဒါတွေက ကျန်းဖုန်းမနေ့ကစီးထားတဲ့ ဖိနပ်တွေ သူက ညတော်တော်နက်မှ ပြန်လာတာ”
ကျန်းလော်သည် ထိုပုံကိုကြည့်ပြီး တစ်ခုခုမှားနေကြောင်း ချက်ချင်းသတိထားမိသွားသည်။
“အဲ့တာကြောင့် မနေ့က သူ့ကိုရှာမတွေ့တာကိုး သူကအပြင်ထွက်သွားတာပေါ့”
ဒါရိုက်တာသည် မျက်မှောင်ကြုတ်လိုက်ပြီး
“ကျုပ်တို့စာချုပ်ထဲမှာ ရိုက်ကူးရေးလုပ်ပြီး ထုတ်လွှင့်ပြသဆဲကာလမှာ ပရိုဂရမ်အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မရှိဆိုတဲ့ စည်းကမ်းချက်ပါတယ်”
ကျန်းလော်သည် စဉ်းစားကြည့်လိုက်ပြီး
“ပရိုဂရမ်အဖွဲ့ကို သတင်းပို့စရာမလိုဘဲ သွားလို့ရတဲ့ နေရာတစ်နေရာရာ ရှိလား”
ဒါရိုက်တာသည် ခနတွေးကြည့်လိုက်ပြီး
“တစ်နေရာတော့ရှိတယ် ဒီအနောက်က ပျက်စီးနေတဲ့ဂိုထောင်ကြီးလေ၊ ပြတင်းပေါက်တစ်ခုပဲပွင့်နေတော့ အဲ့ထဲဝင်ချင်ရင် တွယ်တက်မှပဲရမှာ”
“ဂိုထောင်အပြင်မှာက ဒီတိုင်းစွန့်ပစ်ထားတဲ့ မြေပဲလေ ပြောရရင် ကျေးလက်တောရွာဘက်ဆိုတော့ မရှင်းမလင်းဒီတိုင်းထားတော့ တောထနေတာ”
ဒါရိုက်တာကပင် ဆက်ပြောလိုက်သည်။
“အမှိုက်ပစ်တဲ့နေရာသီးသန့်လို အမှိုက်ကုန်းဖြစ်နေတာ တအားညစ်ပတ်ပြီး နံစော်နေတော့ ဘယ်သူမှ သွားချင်မှာမဟုတ်ဘူး”
သူပြောပြီးသည်အထိစောင့်လိုက်ပြီး ရယ်ရွှင်က ပြောလိုက်သည်။
“မင်းတို့ ကျန်းဖုန်းမျက်နှာကို မြင်လား”
လုယုံရိနှင့် ကျန်းလော်သည် အချင်းချင်းပြန်ကြည့်လိုက်ပြီး
“သူ့မျက်နှာက ဘာဖြစ်နေလို့လဲ”
ရယ်ရွှင်သည် တိတ်ဆိတ်စွာ သူမနေ့ကခိုးရိုက်လာသော ကျန်းဖုန်းပုံကို ပြလိုက်သည်။ ပုံထဲမှလူကိုကြည့်လိုက်ပြီး အခန်းထဲမှလူများသည် လေအေးများရှူသွင်းလိုက်ရသလို တောင့်တင်းသွားသည်။
ကင်မရာနှင့် ရိုက်ထားသော ကျန်းဖုန်းပုံတွင် မျက်နှာပျောက်နေသည်။ ကျန်းလော်သည် ရှေ့တိုးကြည့်လိုက်ပြီး
“သူမနေ့က ဒီပုံစံနဲ့ ပြန်ရောက်လာတာလား”
ရယ်ရွှင်သည် ပုံကိုသာကြည့်နေပြီး သူပထမဆုံးမြင်တာမဟုတ်တာတောင် ကြည့်မိတိုင်း အေးစက်လာသည်။
“အင်း”
ဒါရိုက်တာသည် သိချင်စွာဖြင့် မေးလိုက်သည်။
“ကျန်းဖုန်း မျက်နှာက ဘာဖြစ်နေလို့လဲ သူ့ကအမြဲဒီပုံစံပဲလေ”
လေထုသည်တိတ်ဆိတ်သွားပြီး လုယုံရိသည် ဒါရိုက်တာကိုကြည့်လိုက်ကာ ပွစိပွစိပြောလိုက်သည်။
“ကျန်းဖုန်းကို ဘယ်လိုမြင်လဲ သူ့မျက်နှာက ဘာမှပြောင်းလဲမနေဘူးလား”
“ဟင့်အင်း..........”
ဒါရိုက်တာသည် ရင်တုန်လာပြီး မေးလိုက်သည်။
“ဒီကောင်လေးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား”
ရယ်ရွှင်သည် နူးညံ့စွာပြောလိုက်သည်။
“ငါမနေ့ညက စမ်းကြည့်ပြီးပြီး ပုံမှန်လူတွေရဲ့မျက်လုံးနဲ့ ကျန်းဖုန်းရဲ့ မျက်နှာအပြောင်းအလဲကို မြင်ရမှာမဟုတ်ဘူး”
သူသည် ခနရပ်သွားပြီး
“သူကိုယ်တိုင်တောင် သူ့မျက်နှာကို သတိမထားမိဘူး”
ဒါကြီးက တော်တော်ကြောက်စရာကောင်းသွားပြီ
သူသည် အင်္ဂါငါးခုပျောက်သွားတာတောင် သတိမထားမိပေ။ ရယ်ရွှင်သည် မနေ့ညက ကျန်းဖုန်း မက်စ်ကပ်နေသည်ကို မြင်ထဲကပင် သူယခင်ကကြုံဖူးသော ကြောက်စရာဖြစ်ရပ်များတုန်းကထက် အစပေါင်းများစွာပိုကြောက်သည်။
ရယ်ရွှင်သည် သူတို့ကို မနေ့ညက ကျန်းဖုန်းနောက်တစ်ယောက် တံခါးလာခေါက်သည့် အကြောင်းကိုလည်း မမေ့မလျော့ပြောပြလိုက်သည်။
လုယုံရိသည် ကြက်သီးထလာပြီး
“မင်းဘာလို့ မနေ့ညထဲက ငါတို့ကို မခေါ်လိုက်တာလဲကွာ”
ရယ်ရွှင်သည် အသံသေးသေးလေးဖြင့်
“အရမ်းအန္တာရာယ်များတယ်လေ”
ကျန်းလော်သည် စကားကို မပြောတော့ပေ။
သူသည် မျက်မှောင်ကြုတ်ထားပြီး သူတွေ့ခဲ့သော အမှောင်ထဲမှ မျက်နှာမဲ့မိစ္ဆာကို သွားသတိရမိသည်။
‘ကျန်းဖုန်းနဲ့ မိစ္ဆာနဲ့ကြားမှာ တစ်ခုခုရှိနေတာလား’
‘’မီးပိတ်လိုက်ရင် အသတ်ခံရလိမ့်မယ်’ဆိုတာ ဖုဝေက ဘယ်လိုလုပ်သိတာလဲ’
‘ကျန်းဖုန်း မနေ့ကထွက်သွားပြီး သူ့ကိုနှောက်ယှက်နေတဲ့ တစ်ခုခုဖြေရှင်းလိုက်တာက ဘာလဲ’
‘စိတ်ပေါ့သွားတာက မထူးဆန်းပေမဲ့ ဘာလို့မျက်နှာပျောက်လာတာလဲ’
‘ပြီးတော့ အဲ့ကောင်အရင်က ရယ်ရွှင့်ကို တအားရန်လိုတာကို အခုကျ ပြောင်းလဲသွားတာပဲ’
‘ကြည့်ရတာ သူ့ရဲ့ အဲ့ဒီ..........ပြဿနာဖြေရှင်းပြီးတော့ ရယ်ရွှင်ကို ခြိမ်းခြောက်နိုင်တဲ့ကောင်လို့ မမြင်တော့ပုံရတယ်’
‘ကိစ္စတွေက တအားဆက်စပ်မိတယ်’
ကျန်းလော်သည် ကျန်းဖုန်းသွားခဲ့သော နေရာသို့ အရင်သွားစစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အပြင်ဘက်ရှိ ဂိုထောင်သည် ကျန်းဖုန်းသွားခဲ့တာ အဖြစ်နိုင်ဆုံးနေရာ ဖြစ်သောကြောင့်
“ဒါရိုက်တာကြီး ဂိုထောင်က ဘယ်မှာလဲ”
ဒါရိုက်တာသည် သူတို့ကို တည်နေရာပြောပြလိုက်ပြီး
“ကျွန်တော်လိုက်ပို့ပေးမယ်လေ”
“ရပါတယ်”
ကျန်းခလာ်သည် ပြောရင်းထလိုက်ကာ
“ကျန်းဖုန်းကိုအရင်သွဦးကြည့်လိုက်ဦးမယ်”
ကျန်းဖုန်းသည် မနက်အစောကြီးထွက်သွားပြီး သူဘယ်သွားလဲမသိပေ။ သို့သော် ကျန်းဖုန်းသည် လေ့ကျင့်ရေးအခန်းထဲရောက်နေပြီး တစ်မနက်လုံးလေ့ကျင့်နေသည်။ ကျန်းလော်သည် ထောင့်တစ်ထောင့်ကို ကွယ်၍ ကျန်းဖုန်းကို ကြည့်နေသည်။
ကျန်းဖုန်းမျက်နှာသည် ဘာမှမရှိဘဲ ပြောင်ကြီးဖြစ်နေပြီး ကျန်းဖုန်းမျက်နှာအမူအယာကို ခန့်မှန်းမရနိုင်ပေ။
သို့သော် တစ်စုံတစ်ယောက်၏ ခံစားချက်များသည် လုပ်ပုံကိုင်ပုံကိုကြည့်ပြီးတော့လည်း ခန့်မှန်းနိုင်သည်။
အစတွင် ကျန်းဖုန်းသည် စိတ်သက်သာရာရစွာ ပြုံးရွှင်နေပြီး အတူလေ့ကျင့်နေသော သင်တန်းသားများကို နှုတ်ဆက်နေသေးကာ နောက်ပိုင်းတွင် တဖြည်းဖြည်း ပင်ပန်းလာပုံရကာ မျက်နှာမည်းကြီးဖြင့် ထောင့်နားသွားထိုင်လိုက်သည်။ သူ့ခေါင်းကို မော့ပြီး တခြားသင်တန်းသားများ လေ့ကျင့်နေပုံကို ကြည့်နေတော့သည်။
ကျန်းလော်သည် အတွေးများသွားသည်။ ကျန်းဖုန်းပုံစံသည် ကောလိပ်ကျောင်းသား ကျန်းလော်ကို မြင်လိုက်ရသလိုပင်။ တိတိကျကျပြောရလျှင် ကျန်းလော်ကောလိပ်ကျောင်းသားဘဝတုန်းက ဒီဇိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းတုန်းက ပုံစံနှင့် တစ်ထပ်ထဲနီးပါးပင်။ ဒီဖိုင်းကုမ္ပဏီတွင် ထိုအချိန်က သုံးယောက်သာ ဆန်ကာတင်ကျန်ခဲ့သည်ၑ။ အစကတော့ အလုပ်သင်ဆင်းလျှင် သေချာပေါက်သူပြုတ်သွားမှာမဟုတ်ဟု ယုံကြည်ချက်ရှိသော်လည်း လနည်းနည်းကြာလာသောအခါ တဖြည်းဖြည်း အားငယ်လာပြီး ကိုယ့်ကိုကိုယ် မယုံကြည်တော့ပေ။ ထိုအချိန်က သူသည် တခြားအလုပ်သင်များကို ယခုကျန်းဖုန်းကဲ့သို့ပင် စိတ်တိုနေခဲ့ဖူးသည်။
ကျန်းဖုန်းကတော့ သူ့ထက်စိတ်အခြေအနေပိုဆိုးသည်။ ကျန်းလော်သည် စီဝမ်ကွေးသူ့ကို ရေပုလင်းလာမပေးခင်အထိ ကျန်းဖုန်းကို ကြည့်နေမိသည်။
“လုယုံရိက ပြောလိုက်တယ် သူတို့တစ်ခုခုရှာတွေ့ခဲ့တယ်တဲ့”
“ဘာရှာတွေ့တာ”
“ရိုက်ကူးရေးဝန်ထမ်းလေ သေသွားတဲ့ ဝန်ထမ်းကွာ အဲ့တစ်ယောက်ရဲ့ ဒိုင်ယာရီ ရှာတွေ့တာတဲ့”
စီဝမ်ကွေးသည် သူ့ကို မရေမရာ အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်သည်။
ကျန်းလော်သည် မျက်လုံးများတောက်ပလာပြီး သူ့နောက်လိုက်သွားကာ လုယုံရိကို သွားရှာလိုက်သည်။ သို့သော် သူတို့သည် လမ်းတွင် ဖုဝေနှင့် တည့်တည့်တိုးတော့သည်။ ဖုဝေသည် လေ့ကျင့်ရေးအခန်းနောက်တစ်ခန်းမှ ထွက်လာသည်။
ဖုဝေသည် Next Stop, Idolမှ A-list အမှတ်အသား ဝတ်စုံပန်းရောင်ဝတ်ထားသော်လည်း နည်းနည်းမှ ကနွဲ့ကလျပုံမပေါက်ပေ။ သူ့လက်ထဲနွင် ဖုန်းတစ်လုံးကိုင်ထားပြီး ကျန်းလော်ကို ကြည့် သူတို့ဘက်လျှောက်လာသည်။ ကျန်းလော်သည် သူ့နှုတ်ခမ်းကို သတိထားပြီး ကြည့်လိုက်သည်။
ကြည့်ရသည်မှာ ဖုဝေသည် လေ့ကျင့်ပြီးပြီးချင်းထွက်လာပုံရကာ ချွေးစို့နေပြီး နှုတ်ခမ်းပါးပါးသည် နီရဲနေသည်။ ထိုနှုတ်ခမ်းသည် သူ့ကို ချီယုံပို့ပေးသော ပုံထဲကနဲ့ပင် ဆင်တူနေသလို ဖြစ်လာသည်။
သို့သော် ကျန်းလော်သည် နှုတ်ခမ်းများ ကုတ်သွားပြီး သူ့စိတ်သူထိန်းလိုက်သည်။ ဖုဝေကိုကြည့်လေ ချီယုံနှင့် ပိုတူလာလေဖြစ်လာမှာသေချာသည်။ သူသည် စိတ်အခြေအနေကြောင့် လူတိုင်းကို သံသယများနေခဲ့ကာ အကုန်လုံးကို ချီယုံဟုထင်နေသည်။
‘အား မဖြစ်နိုင်တာတွေ’
ကျန်းလော်သည် စိတ်ပျက်စွာ သက်ပြင်းချလိုက်ပြီး
“ပြော ဘာလိုချင်လို့တုန်း”
ဖုဝေလက်ထဲမှ ဖုန်းသည် ကျန်းလော်ကို တည့်တည့်ချိန်ထားပြီး ကျန်းလော်သည် ထိုဖုန်းကို ထူးဆန်းသလိုကြည့်နေသည်။ တစ်ခုခုကို သတိရသွားပြီးနောက် သူ့မျက်နှာသည် အေးခဲသွားကာ
“အဲ့ဖုန်းက ဘယ်ကရတာလဲ”
ဖုဝေသည် မဲ့ပြလိုက်ပြီး
“ပရိုဂရမ်ဘက်က ပေးထားတာပါကွာ”
“ဒါနဲ့ ငါအခု လိုက်ဖ်လွှင့်နေတာ”
သူသည် ကျန်းလော်ကို မျက်လုံးမှေးကြည့်လိုက်ပြီး သူ့ဆံပင်အနက်ရောင်များ နဖူးမှလွင့်သွားအောင် အပေါ်သို့ လေမှုတ်ထုတ်လိုက်သည်။
“ပြီး တော့ လေ ကင်မရာက မင်းကို ချိန်ထားတာ ”
ဖုန်းကင်မရာသည် လှပသော လူငယ်လေးကို တောင့်တောင့်ကြီးဖြစ်သွားစေသည်။ ထိုအချိန်တွင် စခရင်ပေါ်တွင် ပေါက်ကွဲသွားသလို မှတ်ချက်များး တန်းစီပေါ်လာသည်။
[အဲ့တာ ဘယ်သူလေးလဲ
[သူ့ဝတ်ထားတဲ့ အင်္ကျီကို ကြည့်ဦး သူလည်း 'Next Stop, Idol'က သင်တန်းသားလေးထင်တယ် ဒါပေမဲ့ ဘာလို့မမြင်ဖူးသလိုဖြစ်နေတာလဲ ထုတ်လွှင့်တုန်းက မပါဘူးလား ငါသူ့ကို မတွေ့မိဘူးရော
[အိုးးးးးးးးးးး ရှောင်ကောကော အရမ်းကြည့်ကောင်းတယ် ဒီမျက်နှာလေးဆို တစ်သက်လုံးလည်း ထိုင်ကြည့်နိုင်တယ် လျက် လျက် လျက် ဖုဝေ ဖုဝေ ရှောင်ကောကောနာမည်လေး မြင်ရအောင် ဖုန်းလည်း နည်းနည်း အောက်ချပေးပါ ပလိစ်
[နတ်ဘုရားမျက်နှာလေး အားး သူလေးကို မဲပေးမယ်ကွ]
[ငါဒီအစီအစဉ်မှာ ရှောင်ကောကောကို မမြင်ဖူးဘူးရော ဒီလောက်ချောတဲ့ ကောကောကို မမှတ်မိစရာအကြောင်းမရှိပါဘူး၊ ငါက မျက်နာကြည့်ကြိုက်တဲ့ စူပါလူသားလေးပါနော် 'Next Stop, Idol'ကကြည့်ကောင်းတဲ့ ရှောင်ကောကောတွေအကုန် မှတ်မိတယ်လို့ သူ့ကိုပဲ မမှတ်မိဘူးဖြစ်နေတာ................ သူက ဆံပင်အရှည်ကြီးပဲကို ငါယောက်ျားလေးတစ်ယောက် ဒီလိုဆံပင်နဲ့လိုက်ဖက်နေတာ တစ်ခါပဲတွေ့ဖူးသေးတယ် ဒီလောက်သိသာထင်ရှားနေတဲ့ လူသားလေးကို ငါမမှတ်မိစရာအကြောင်းမရှိပါဘူး
[ကျယ်မေ့တို့ ဒီကစူပါလူသားလေးဘာပြောလဲ နားလည်ကြတယ်မလား ငါ့နှယ့် မယုံနိုင်ဘူး ဒီလို နတ်ဘုရားလေးကို သတိမထားမိတာ ဖြစ်နိုင်ပါ့မလား]
[သတင်းထူး သတင်းထူး ငါအခုပဲ အော်ဖစ်ရှယ်ကြီးအောက်သွားကြည့်ခဲ့တာ ရှောင်ကောကောကို ဘယ်မှာမှ ရျာမတွေ့ခဲ့ဘူး အချက်အလက်တစ်ခုတောင် မရှိပါဘူးဆိုနေ ]
[အာ.................ဒီလိုကြည့်ကောင်းတဲ့ ရှောင်ကောကောလေးအကြောင်းကို တမင်တကာ ဖျက်ထားတာသေချာတယ် သူကအလှပန်းအိုးဖြစ်နေရင်တောင် ဒီလောက်ကြီး လုပ်စရာလိုလို့လားဟာ ]
[ကျယ်မေ့တို့ရေ ငါလည်းပြန်လာပြီ ငါသွားကြည့်လိုက်တာ အရင်လူတွေရဲ့ ပိုစတာတွေပဲတွေ့ခဲ့တယ် တကယ်ကြီး ရှောင်ကောကောအကြောင်း တစ်လုံးလေးမှ မရှိဘူး]
[…………….."Next Stop, Idol" ကဘာလဲ ရောဂါအကြီးကြီး ဖြစ်နေကြတာလား ဒီလိုမျက်နှာလေးကို ဖွက်ထားရအောင် သူတို့က ဦးနှောက်ပျက်သွားတာလား၊ အရင်ကကြားဖူးတဲ့ ကလေးတွေကို တမင်တကာ ကင်မရာရှေ့က ဖယ်ထားတယ်ဆိုတာ တကယ်ကြီးလားဟေ့ တကယ်ဆိုရင်တော့ ပြောစရာစကားကို မရှိတော့ဘူးပဲ]
[ဒီရိုက်ကူးရေးအဖွဲ့ကတော အဆဲခံချင်နေတာလား ဘာလား ဒီနေ့ ဒီအစ်မကြီးက ကောင်းကောင်းကြီး ဆူပေးမယ်
[ငါတကယ်ကို ဖုဝေကောကောလိုက်ဖ်လွင့်တဲ့နေ့မှာ မဆဲချင်ပါဘူးဆိုနေဟယ် လိုက်ဖ်မလွှင့်ခင်ကထိကို ပရိုဂရမ်ကို ပရိုမုတ်လုပ်ပေးနေတာကိုကွာ ဒီသောက်ကောင်တွေက ဘာအချိုးချိုးလိုက်တာလဲ၊ ဘာအတွက် ကလေးတစ်ယောက်ကို ဒီလိုအနိုင်ကျင့်နိုင်ရတာလဲ]
[မင်းက နည်းနည်းလေးတအားကြည့်ကောင်းတဲ့ သင်တန်းသားလေးပါပဲ ငါတို့ဖုဝေကောကောသာအချောဆုံး ဖုဝေကောကော အိုက်နီ ကောကော ဖုန်းလေးမလှုပ်အောင် ကိုင်ပေးပါ ဟီးဟီး]
[ပိုက်ဆံရလို့လား သူတို့ကို ကိုကြိုက်တာ လာအကျိူးအမြတ်ရှိလို့်လဲကွ]
[အပေါ်ကတစ်ယောက် အာမချောင်နဲ့ လစ် နင့်ကို အတန်ရှည်ပေးဖို့ မအားဘူး မြန်မြန်လစ်]
စခရင်တစ်ခုလုံး ပွထနေကာ ဖုဝေသာရှိနေတာ ရှင်းနေသော်လည်း ဖန်များသည် ကျန်းလော်ကိုမြင်သည်နှင့်တောက်လျှောက် ကောမန့်များပွစိတက်နေအောင် ပေးလာကြသည်။ ကောမန့်များဆက်တိုက်တက်နေသောကြောင့် မျက်နှာကိုကောင်းကောင်းမမြင်ရတော့ပေ။
ဖုဝေသည် ကောမန့်များကို ကြည့်နေပြီး တစ်စုံတစ်ယောက်မှ အော်ဖစ်ရှယ်ပေ့ချ်ကိုကျိန်ဆဲနေကြသည်ကို တွေ့လိုက်သည်။
ကျန်းလော်သည် ဘာဖြစ်နေမှန်း သိရန် အတော်အချိန်ယူလိုက်ရသည်။ ထို့နောက် သက်ပြင်းချလိုက်ကာ မျက်နှာလွှဲ၍ တိုးတိုးပြောလိုက်သည်။
“ငါ့ကို မရိုက်နဲ့လို့”
ဖုဝေသည် နှာမှုတ်လိုက်ပြီး
“ဖန်တွေအများကြီး မင်းကို သဘောကျတော့ မပျော်ဘူးလား”
သင်တန်းသားအစစ်ဆိုလျှင် အလွန်ပျော်ရွှင်နေမည် ဖြစ်သည်။ ကျန်းလော်သည် ကင်မရာဘက်လှည့်လိုက်ပြီး ပြုံးပြလိုက်ကာ
“အားလုံးပဲ မင်္ဂလာပါ ကျွန်တော် ကျန်းဟွမ်ပါ အားလုံးကို စိတ်မကောင်းစွာပဲ တောင်းပန်ပါတယ်ဗျ ကျွန်တော်အခု သန့်စင်ခန်းသွားဖို့ အလျင်လိုနေလို့ပါဗျ နောက်မှ တွေ့ပါမယ်နော် ကျေးဇူးတင်ပါတယ်”
သူသည် ကင်မရာဘက်သို့ လက်ဝေ့ယမ်းပြပြီး နောက်ဆုံးအပြုံးတစ်ချက်ပေးလိုက်ကာ စီဝမ်ကွေးကို ဆွဲပြီးမှုန်နေအောင်ပြေးတော့သည်။ သူတို့ထွက်သွားသည်နှင့် မှတ်ချက်များပိုများလာကာ စခရင်တစ်ခုလုံး မှတ်ချက်များဖုံးလွှမ်းသွားသည်။
[အား ချောလိုက်တာ]
[နောက်မှ ပြန်တွေ့မယ်တဲ့ မှတ်ထားလိုက်ပြီနော် ရှောင်ကောကော]
[အရမ်းချောတယ်လို့]
ကျန်းလော်သည် လိုက်ဖ်လွှင့်နေသည့်နေရာမှ ထွက်ပြေးလာပြီး လက်ထောက်ဒါရိုက်တာကို ဖုန်းဆက်ပြီး ထိုကိစ္စကို ကိုင်တွယ်ရန်ပြောလိုက်သည်။ ထို့နောက် သူဘာလုပ်မိမှန်းသတိမထားလိုက်မိသော်လည်း ယခုမှတ်မိသွားတော့မှ သူ့မျက်နှာကို သေချာကြီး လူတွေရှေ့ပြလိုက်သလို ဖြစ်သွားသည်။
သူသည် ဒါရိုက်တာကို ဖုန်းဆက်ပြီး သေချာရှင်းပြလိုက်ပြီး လုယုံရိနှင့် ရယ်ရွှင်တို့ဆီအမြန်သွားလိုက်ကြသည်။ လုယုံရိနှင့် ရယ်ရွှင်တို့သည် သူ့ကိုခေါ်ခိုင်းလိုက်ခြင်းမှာ ဝန်ထမ်းတစ်ယောက်သေသွားပြီး ထိုဝန်ထမ်းသည် ဒိုင်ယာရီချန်ခဲ့သည်ကို ထိုဝန်ထမ်း၏ ပစ္စည်းများကို သိမ်းဆည်းနေချိန်တွင် တွေ့ခဲ့သောကြောင့် ဖြစ်သည်။
ကျန်းလော်ရောက်သွားသောအခါ ရယ်ရွှင်နှင့် လုယုံရိတို့သည် ထိုဒိုင်ယာရီ စကားဝှက်ကို အချိန်အတော်ကြာဖြည်နေပေမဲ့ မှားပဲမှားနေကာ တစ်ခါထပ်မှားလျှင် တစ်နာရီ ပိတ်သွားမည်ဖြစ်သောကြောင့် မျက်နှာငယ်လေးနှင့် စာအုပ်ကို ရှေ့ချပြီး ငိုမဲ့မဲ့ထိုင်ကြည့်နေကြသည်။ လုယုံရိနှင့် ရယ်ရွှင်သည် စာအုပ်ကို ထိပင် မထိရဲတော့ပဲ ကျန်းလော်ရောက်လာသည်ကို မြင်သောအခါ ကစားစရာပျက်သွားသော ကလေးများကဲ့သို့ ဒိုင်ယာရီကိုယူပြီး ကျန်းလော်ဆီပြေးသွားကြသည်။
“ငါတို့ သူမနာမည် သူမမွေးနေ့အကုန်စမ်းကြည့်ပြီးပြီ မရဘူး”
“သူမနာမည်က ဘာလဲ”
ရယ်ရွှင်က ပြန်ဖြေလိုက်သည်။
“ဖုန်းရှုယွင်”
ကျန်းလော်သည် ဒိုင်ယာရီကို ယူလိုက်ပြီး ကြည့်လိုက်သည်။ ဒီဂျစ်တယ်သော့နှင့်ခတ်ထားပြး ဂဏန်းကိုးလုံးဖြည့်ရမည့် စကားဝှက်ပုံစံထည့်ထားသည်။ ရယ်ရွှင်သည် ဖုန်းရှုယွင်၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြည့်လိုက်ပြီး သေဆုံးသူသည် အသက်သုံးဆယ်အရွယ်ဖြစ်ကြောင်း သိရသည်။
‘နာမည်ရော မွေးနေ့ရော မဟုတ်ဘူးဆိုရင် ဘာလဲ’
သူတို့သည် ဖုန်းရှုယွင်ကို ကောင်းကောင်းမသိကြပေ။ ထို့ကြောင့် ဒိုင်ယာရီကို ဖတ်ကြည့်ရမှ ဖြစ်မည်။ ကျန်းလော်သည် ထိုစာအုပ်ကို သေချာကြည့်ပြီး အတွေးလွန်နေသည်။ လုယုံရိသည် ကျန်းလော်ကို မျှော်လင့်တကြီး ကြည့်လိုက်ပြီး
“ကျန်းလော် ငါတို့ဘာလုပ်ကြမလဲ”
ကျန်းလော်သည် ထိုသော့ကို တစ်စစီဖြစ်အောင် ကြမ်းကြမ်းတမ်းတမ်း ပစ်ပေါက်လိုက်သည်။ ထို့နောက် သော့ကို ဆွဲဖြုတ်ပစ်လိုက်သည်။
“အဲ့လိုလုပ်လို့ဖြစ်ပါ့မလား”
သူသည် လုယုံရိနှင့် ကျန်နှစ်ယောက်ကို ထူးဆန်းစွာကြည့်လိုက်သည်။
“ဘာလို့အချိန်ဖြုန်းနေကြတာလဲ”
လုယုံရိ “.......”
ရယ်ရွှင် “.........”
စီဝမ်ကွေးသည်လည်း ကျန်းလော်ကို ထောက်ခံကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ကျန်းလော်သည် ထိုဒိုင်ယာရီကို တစ်ရွက်ခြင်းလှန်ကြည့်လိုက်ရာ တစ်အုပ်လုံးလိုလို ဖုန်းရှုယွင်သည် သူမနှင့် သူမကောင်လေးအကြောင်းကိုသာ ရေးထားသည်။ ဖုန်းရှုယွင်သည် သာမန်ကြည့်ပျော်ရှုပျော်ရှိသော အမျိုးသမီးတစ်ယောက်ဖြစ်ကာ ယခုအသက်သုံးဆယ်အရွယ်ထိ ဘယ်သူနှင့်မှ မချစ်ခဲ့ဖူးသူဖြစ်သည်။ ထိုဒိုင်ယာရီထဲတွင် သူမ၏ ဆတ်ဆတ်ထိမခံနိုင်သော ငယ်ဘဝကို ပြန်တမ်းတနေမှုများ တစ်စွန်းတစ်စ မြင်ရသည်။
သူမသည် ဒီထက်ငယ်ရွယ်သောအချိန်လောက်ထဲက အချစ်ကို တွေ့ဖူးချင်ကြောင်း ရေးထားသည်။
“ဒါပေမဲ့ ငါနဲ့သူ့အကြောင်း ဘယ်သူမှသိလို့မဖြစ်ဘူး သူက အမြင့်မှာလင်းလက်နေတဲ့ ကြယ်လေး ငါကတော့ အဆင့်နိမ့်နိမ့်ဝန်ထမ်းလေး လူတွေသူ့ကို ဝိုင်းဝေဖန်ခံရမှာမျိုး မလိုချင်ဘူး၊ သူ့တစ်ဘဝလုံးကောင်းကောင်းနေထိုင်သွားရအောင် ငါတို့ဆက်ဆံရေးအကြောင်း လူတွေသိလို့မဖြစ်ဘူး၊ ငါက အသက်သုံးဆယ်တောင်ရှိနေပြီ သူ့ကိုအောက်ဆွဲချမိမလိုဖြစ်နေပြီလား”
အမျိုးသမီး၏ သိမ်ငယ်မှုနှင့် ဝမ်းနည်းမှုကို မြင်ရလောက်အောင် စကားလုံးများသည် တောင်းပန်ကြောင်းနဲ့ပဲ ပြည့်နှက်နေသည်။ စာမျက်နှာတိုင်း သူမကောင်လေးကို အားနာမိကြောင်းသာ ရေးထားသည်။
ကျန်းလော်သည် စာမျက်နှာတိုင်းကို အကြမ်းဖျင်းလိုက်ဖတ်လိုက်ရာ သူမချစ်သူဆိုသော သူနာမည်တစ်လုံးမှ မပါပေ။ ကျန်းလော်သည် ထိုအမျိုးသားအကြောင်းဖော်ပြထားသော စာများဖက်ကြည့်ပြီး အကြံတစ်ခုရလိုက်ကာ ဒီဂျစ်တယ်သော့ကို ယူလိုက်ပြီး ဖုန်းကိုင်လိုက်ကာ ဒါရိုက်တာကြီးဆီဖုန်းဆက်လိုက်သည်။
“ကျန်းဖုန်းမွေးနေ့က ဘယ်နေ့လဲ”
ဒါရိုက်တာကပြောလိုက်သည်။
“သုံးလပိုင်း နစ်ရက်နေ့”
ကျန်လော်သည် ၀၃၁၂ကို နှိပ်ကြည့်လိုက်ရာ ဒီဂျစ်တယ်သော့ ပွင့်သွားသည်။
“ပေါ့ပ်”