Ch 57
Viewers 8k

အပိုင်း (၅၇)



 ဘာကိုဒီလောက်တောင် ရယ်နေတာလဲ


ဤ 'Talent Show'သည် သေချာပေါက် ထုတ်လွင့်ရမည်ဖြစ်ပြီး သူတို့သာ သေချာဂရုမစိုက်လျှင် ရုပ်လွန်လောကအဖွဲ့အစည်းအကြောင်း လူထုထံတွင် ပေါ်ပေါက်သွားမည်ဖြစ်သည်။ ဌာနမှူးရှုသည်  ရုပ်လွန်ပညာကျောင်းသားကိုးယောက်ကို ခေါ်လိုက်သည်။ ထို့နောက် စစ်ဆင်ရေးမစ်ရှင်၏ ရည်ရွယ်ချက်ကို သေချာရှင်းပြလိုက်ပြီး အားလုံးသည် သူတို့ကိုယ်သူတို့ မဖော်ထုတ်မိစေရန် ဒိုင်လျှိုနေရမည်ဟု မှာနေသည်။ 


“ဆရာတို့ ရိုက်ကူးရေးအဖွဲ့နဲ့ ဒါရိုက်တာကို ပြောပြီးပြီ ဝန်ထမ်းတွေလည်း မင်းတို့ဘာလုပ်လုပ် မသိချင်ယောင်ဆောင်နေလိမ့်မယ်၊ အဓိကက မင်းတို့ကိုယ့်ကိုကိုယ် နှိမ့်ချပြီး အတူတူရိုက်ကူးမဲ့ သင်တန်းသားတွေ သတိမထားမိအောင် နေဖို့ပဲ”


ဌာနမှူးရှုသည် နှစ်ခါသုံးခါမက အထပ်ထပ်အခါခါ ပြောနေသည်။ 


“ရိုက်ကူးရေးအဖွဲ့က မင်းတို့ကို အစွမ်းကုန်လွပ်လပ်ခွင့်ပေးထားမှာနော်၊ လုံခြုံရေးအတွက်က မင်းတို့ဘယ်သူမှန်းသိနေမဲ့ သူတစ်ချို့ ထားပေးထားမှာမို့လို့ တစ်ခုခုဖြစ်ရင်ဖြစ်ဖြစ် လိုအပ်ရင်ဖြစ်ဖြစ် သူတို့ဆီသွားပြောချေ၊ မှတ်ထားနော် ဘယ်သူမှ မသိအောင် ဂရုစိုက်ရမယ်”


ကျန်းလော်သည် ဌာနမှူးထံမှ စာရင်းစာရွက်ကိုကြည့်လိုက်သည်။ ရိုက်ကူးရေးတွင် ပါဝင်မည့်သူအချို့၏နာမည်နှင် 'Talent Show' နာမည်ကိုတွေ့လိုက်ရသည်။ သူတို့သည် သဘာဝလွန်ပြဿနာကို ဖြေရှင်းပြီးလျှင် ဘယ်သောအခါမှ မည်သည့်အစီအစဉ်များတွင်မှ ပါဝင်ရတော့မည် မဟုတ်ပေ။ 


ကျန်းလော်သည် ရသစုံအစီအစဉ်၏ နာမည်ကို သေချာဖတ်လိုက်သည်။ ၎င်းအစီအစည်ကို "Next Stop! Idol"ဟုခေါ်သည်။ ထိုနာမည်သည် သူ့အတွက်တော်တော် ရင်းနှီးနေသည်။ 


ပြန်တွေးကြည့်လိုက်သောအခါ သူ့ကို ပိုင်ချူမှ မိတ်ဆက်ပေးပြီး ထောက်ခံပေးမည့် အစီအစဉ်ဖြစ်နေသည်။ 


လွန်ခဲ့သော နှစ်လခန့်က သူနှင့် စီနီယာအကိုချောင်ပုံစံ ဟန်ဆောင်ထားသော ချီယုံတို့သည် ပထမအဆင့် ရုပ်ရှင်သရုပ်ဆောင် ပိုင်ချူကို သူမ၏မန်နေဂျာမှ ချစ်ခြင်းမန္တာန်သုံး၍ ပြုစားထားသည်ကို ဖယ်ရှားပေး၍ ကူညီခဲ့ဖူးသည်။ ထိုအချိန်က သူမသည် ကျန်းလော်ကို ဤ "Next Stop! Idol"ဆိုသည့် အစီအစဉ်တွင် ပွဲဦးထွက်ရန် စီစဉ်ပေးရန်လုပ်ခဲ့သည်။ 


ကျန်းလော်သည် တွေဝေခြင်းကင်းစွာငြင်းခဲ့သည်။ သို့သော် မထင်မှတ်ထားစွာဖြင့် ထိုအစီအစဉ်တွင် ပါဝင်ရတော့မည်။ 


‘ပိုင်ချူအကြောင်းတွေးမိတော့မှပဲ သူ့မန်နေဂျာရော ဘယ်လိုဖြစ်သွားပြီလဲ မသိဘူး’


ကျန်းလော်သည် ဖုန်းကိုထုတ်လိုက်ကာ ပိုင်ချူအကြောင်းရှာကြည့်လိုက်သည်။ ပိုင်ချူသည် ချစ်ခြင်းမန္တာန်မှ လွတ်မြောက်ပြီး တစ်ပတ်အကြာတွင် လျင်မြန်စွာဖြင့် သူမမန်နေဂျာ ဟယ်မုန့်ကို အခွန်ကိစ္စနှင့် နောက်ကွယ်မှ ခြိမ်းခြောက်မှုများဖြင့် စွဲချက်တင်ကာ ထောင်ချလိုက်သည်။ အမှုတစ်ခုချင်းဆီသည် အလွန်ကြီးမားပြင်းထန်ကာ ဟယ်မုန့်သည် တစ်ခါထဲ နှစ်ရှည်ထောင်ကျသွားသည်။ ကျန်းလော်သည် လေးစားစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။


‘မိန်းမတွေရက်စက်ရင် ယောက်ျားတွေနေစရာတောင် ပျောက်တယ်ဆိုတာ အမှန်ပဲကိုး’


"Next Stop! Idol"သည် အမျိုးသားအိုင်ဒေါလ်အဖွဲ့ (like produce 101)အစီအစဉ်တစ်ခုဖြစ်သောကြောင့် ကျိုးကျုံးချိုးသည် ကျေးဇူးတင်ပီတိဖြစ်စွာ နောက်ဆုတ်လိုက်သည်။ ပျော်ရွှင်မှုကို ထိန်းချုပ်ထားရသည့် အသံဖြင့်


“ဆိုတော့  ဘယ်သူသွားမလဲ”


ဌာနမှူးရှုသည် သူ၏မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်၍ 


“မင်းကတော့လေ အဓိကပြဿနာကိုမှ မေးချလိုက်တော့တာပဲ”


ဤကဲ့သို့ ရသစုံအစီအစဉ်အမျိုးအစားတွင် ပါဝင်ရန်မှာ ရုပ်ရည်ချောမောဖို့က အဓိကကျသည်။ ဌာနမှူးရှုသည် သူ့ကျောင်းသားများကို တစ်ယောက်ချင်းဆီသေချာကြည့်၍ စိတ်ပူလာသည်။


‘သူတို့ အကုန်လုံးက တအားချောနေတော့ ငါရွေးလို့ မတတ်တော့ဘူး’


ကျောင်းမှထုတ်ပြန်သော စစ်ဆင်ရေးများသည် ဘွဲ့ရရန် အရေးပါသော ခရက်ဒစ်များပေးတတ်ပြီး တစ်ခါတစ်ရံ ဆုတစ်ချို့ပေးတတ်သည်။ ပိုက်ဆံနှင့် လဲ၍လည်းရသေးသည်။ ခရက်ဒစ်မှတ်မြင့်သော ကျောင်းသားများသည် ကျောင်းပြီးလျှင် အိမ်တော်ခြောက်ခုမှ ရွေးချယ်ခြင်းခံရပြီး အတွင်းစည်းတပည့်ဖြစ်ခွင့်ရမည် ဖြစ်သောကြောင့် အန္တာရယ်များသောလည်း အခွင့်အရေးဖြစ်သည့် စစ်ဆင်ရေးကို ကျောင်းသားတိုင်း လုပ်ချင်ကြသည်။ 


ဌာနမှူးရှုသည် မရွေးနိုင်တော့သောအခါ 


“ဒီလိုလုပ်ကြမယ် မင်းတို့အချင်းချင်း မဲပေးကြ”


ကျန်းလော်သည် ပထမမဲအများဆုံးဖြစ်ပြီး ဒုတိယနှင့် တတိယမှာ ချီရယ်နှင့် လုယုံရိဖြစ်သည်။ ဌာနမှူးသည် ထိုသုံးယောက်ဟု မှတ်ထားလိုက်ပြီး


“သဘက်ခါကျရင် မနက်ရှစ်နာရီ ကျောင်းရှေ့မှာ မင်းတို့ကို လူတစ်ယောက်လာကြိုလိမ့်မယ်၊ ဒါပါပဲ သွားတော့ သွားတော့”


ဌာနမှူးရုံးခန်းမှ ထွက်လာပြီးနောက် ကျန်းလော်သည် 


“ငါ့ကိုဘယ်သူမဲပေးလိုက်တာလဲ”


ရှစ်ယောက်လုံး လက်ထောင်ပြလိုက်ကြသည်။ ဝမ်ယမ်လန်သည် သူ့အင်္ကျီမှ အတွန့်အတက်များကို လက်ဖြင့်ဖွနေရင်း 


“မင်းရဲ့မျက်နှာလေးက ဒီလိုအစီအစဉ်မှာ မပါလိုက်ရင် အရမ်းနှမြောစရာကောင်းတယ်လေ၊ ငါကချောမောနေပေမဲ့လဲ မိန်းကလေးလိုဝတ်တော့ မပါနိုင်ဘူး၊ ကောကျူကျတော့ တာအိုဘုန်းတော်ကြီးဆိုတော့ သူလည်းပဲ ပါလို့မဖြစ်ပြန်ဘူး၊ ခွမ်ကျိန်း သူကတော့ ကြီးလွန်းနေလို့ မဖြစ်နိုင်၊ ရယ်ရွှင်ကလဲ ရှောင်ဖန်းကို ချီထားရတယ် အစီအစဉ်တော်တော်များများက အရုပ်မယူရဘူးဆိုတော့ မဖြစ်ဘူး၊ ငါတို့ရဲ့ စိုင်လောင်အာလေးကတော့”


သူသည်ရွှေရောင်ဆံပင်ကောက်ကောက်နှင့် ကောင်လေးကို မျက်လုံးစိမ်းကြီးဖြင့် နက်နဲစွာကြည့်လိုက်ပြီး


“.........သူ့ကိုက အိပ်ခိုင်းထားတာပဲကောင်းမယ်”


“အဲ့တာနဲ့ ရွေးစရာက မင်းတို့သုံးယောက်ပဲကျန်တော့တယ်”


ကျန်းလော်သည် မျက်လုံးမှေးကြည့်လိုက်ပြီး ဒီမဖြစ်မနေလက်ခံရမဲ့ အခြေအနေကို လက်ခံလိုက်ရတော့သည်။ သူသည် သူ၏ချောမောသော မျက်နှာကို ထိလိုက်ပြီး ဘဝင်မြင့်စွာ


‘ဒီမျက်နှာက အရမ်းချောနေတော့ ငါ့ဘဝကြီးက ရှေ့လျောက် နှိမ့်နှိမ့်ချချလေး နေလို့ရပါတော့မလား ဟင်း’


ကျန်းလော်သည် ဖုန်းလီထံမှ နေ့လည်တွင် ထျန်းရှိဖူသို့ အရောက်လာရန် ဆင့်ခေါ်ခံရသည်။ တစ်ချိန်ထဲမှာပင် ကျိုးကျုံးချိုးနှင့် ချီရယ်သည်လည်း ချီမိသားစုနှင့် ကျိုးမိသားစုအသီးသီးမှ ပြန်ခေါ်သော်ကြောင့် သွားရသည်။ နေ့လည်တွင် ကျန်းလော်သည် ထျန်းရှိဖူသို့ ရောက်သွားပြီး ဝန်းအတွင်းဝင်လိုက်သည်နှင့် အခြားတပည့်များထံမှ လေးစားအားကျသော အကြည့်များဖြင့်အကြည့်ခံလိုက်ရသည့်အပြင် ရိုသေစွာနှုတ်ဆက်ခံလိုက်ရသည်။


“စီနီယာအကို”


ကျန်းလော်သည် ခေါင်းညိတ်ပြလိုက်ပြီး အတွင်းခြံဝန်းထဲသို့ တည့်တည့်ဝင်သွားသည်။ ဖုန်းလီသည် ထျန်းရှိဖူတွင် ရှိမနေပေ။ သူသည် တပည့်တစ်ယောက်လွတ်ထားသည်။ ဝမ်ဆန်းထန်သည် ကျန်းလော်ကို ကြိုရန်စောင့်နေသည် ကျန်းလော်သည် ထိုစီနီယာအကိုကို ယခင်ကမြင်ဖူး၍ စဉ်းစားလိုက်ရာ


“စီနီယာအကိုဆန်း အိုက်ယား ဘာလို့  ရှန်းရှီကသုံးခုမြောက်ပြိုင်ပွဲကို ဒုတိယရက်ရောက်မှ လာမပြိုင်ခဲ့တာလဲဗျာ”


သူသည် ဝမ်ဆန်းထန်နှင့် နောက်ထပ်စီနီယာအစ်ကို တစ်ယောက်ဖြစ်သည့် ကျိုးဝူတုကို ဒုတိယပြိုင်ပွဲတွင် အနိုင်ရမှန်း ရှင်းရှင်းကြီး မှတ်မိသည်။ ဝမ်းဆန်းထန်၏ မျက်နှာကြီးသည် မည်းမှောင်သွားပြီး 


“ဘာလို့လဲဆိုတော့ ယွင်နန်ကမှိုတွေစားမိတဲ့ လူရှစ်ယောက်ထဲမှာ ငါပါနေလို့ကွာ”


ကျန်းလော် “......”


ဝမ်ဆန်းထန်သည်သူ့ကို အခန်းဆီသို့ လိုက်ပို့ပြီး 


“ဆရာကမင်းကို မန္တာန်အသစ်ငါးမျိုး လေ့ကျင့်ခိုင်းထားတယ်၊ ဆယ်နာရီထိုးရင် ဗီဒီယိုကောလ်နဲ့ စစ်ဆေးမယ်တဲ့”


“ဒါနဲ့ ငါမင်းအတွက် ဝတ်စုံအသစ်တစ်စုံ မင်းဘီဒိုထဲ ထည့်ပေးထားတယ်”


“မနက်ဖြန် ငါတို့ဆရာနဲ့လိုက်ပြီး အသုဘအခမ်းအနားတစ်ခုသွားရမှာ မနက်ဖြန်အဲ့ဒါဝတ်ခဲ့နော်”


ဝမ်ဆန်းထန်ထွက်သွားပြီးနောက် ကျန်းလော်သည် ဖူလုမန္တာန်များကို အာရုံစိုက်၍ ဆွဲနေသည်။ ဖုန်းလီ၏တပည့် ဖြစ်လာကတည်းက သူသည် သူ့အင်အားကို ဖုန်းကွယ်ထားခဲ့သည်။ သို့သော် ဖုန်းလီသည် ထိုသည်ကိုသိနေပုံရပြီး သူ့ကိုကြီးမားသော တာဝန်များခနခနပေးကာ သူ့အင်အားအစစ်အမှန်ကို ပေါ်ထွက်လာရန် ဖိအားပေးနေသည်။ ဆယ်နာရီထိုးရန် သုံးနာရီသာလိုတော့သည်။ ထိုအချိန်လေးအတွင်း ဖူလုငါးခုလုံး ဆွဲတတ်ရန် ဖုန်းလီသည် တကယ်ကြီး လုပ်ခိုင်းခဲ့သည်။


အချိန်သည် သူများအာရုံစိုက် အလုပ်လုပ်ပြီဆိုလျှင် အတော်မြန်သည်။ ဆယ်နာရီထိုးသောအခါ ကျန်းလော်သည် ဖုန်းလီနှင့် ဗီဒီယိုမှ တွေ့ရမည့်အချိန်ရောက်လေပြီ။


ဗီဒီယို၏ တစ်ဖက်တွင် ဖုန်းလီ၏နောက်ထပ် တိုက်ရိုက်တပည့်တစ်ယောက်ဖြစ်သော ကျိုးဝူတုသည် ကွန်ပျူတာနားကပ်၍ ဘာလုပ်နေမှန်း မသိပေ။ သူသည် ဖုန်းလီရှေ့တည့်တည့် ကွန်ပျူတာကို ချပေးပြီးနောက် ကျန်းလော်သည် ရေခဲသွားလောက်အောင် မှောင်မဲအေးစက်နေသော ဖုန်းလီကိုတွေ့လိုက်ရသည်။


ဖုန်းလီသည် ရိုးရာသစ်သားခုံတွင် ထိုင်နေပြီး မကြည့်ရဲလောက်အောင် မှောင်မိုက်နေသော မျက်နှာထားနှင့်ထိုင်နေသည်။ သူသည် အနက်ရောင်ထန်ခေတ်ဝတ်စုံကို လက်တံတောင်ဆစ်အထိပင့်ထားကာ ထိုင်နေပြီး လာရဲလာကြည့် သတ်ပစ်မည်ဟူသော အမူအယာဖြင့် ကွန်ပျူတာကို စိုက်ကြည့်နေသည်။ ကျိုးဝူတုသည် လုပ်စရာရှိတာလုပ်ပြီးနောက် ဖုန်းလီ၏နောက်တွင် သေချာသွားရပ်ကာ ကျန်းလော်ကို အမူအယာနှင့်


“ရာသီဥတုမကောင်းဘူး”


ဖုန်းလီသည် ကွန်ပျူတာထဲမှကြည့်နေပြီး ပို၍ မှုန်ကုပ်သွားသည်။ ကျိုးဝူတုနှင့် ကျန်းလော်သည် သတိမထားမိလိုက်ပေ။ ကျန်းလော်သည် 


‘ငါတော့ကံဆိုးတာပဲ’


ထို့နောက်သူသည် စုတ်တံကိုကိုင်လိုက်ပြီး


“ဆရာ ကျွန်တော်အဆင်သင့်ဖြစ်ပါပြီ”


ဖုန်းလီသည် ခေါင်းညိတ်လိုက်ပြီး


“စတော့”


ကျန်းလော်သည် လေကိုဆင့်ခေါ် စုတ်တံကို အာရုံစိုက်လိုက်သည်။ သူသည် ဖူလုရေးဆွဲရာတွင် ဘုရားပေးသည့် လက်ဆောင်ကဲ့သို့ ပါရမီပါလှသည်။ ဖုန်းလီ၏တောင်းဆိုမှုသည် တခြားသူများဆိုလျှင် ထိုင်ငိုသွားနိုင်သည်။ သို့သော် ကျန်းလော်ဖြစ်နေသောကြောင့် မြန်ဆန်ပြီး လွယ်ကူကောင်းမွန်စွာ အဆုံးသတ်သွားသည်။ နာရီဝက်တောင်မကြာသည့်အချိန်တွင် မန္တာန်အသစ်ငါးခုကိုဆွဲပြီးသွားပြီ ဖြစ်သည်။ ကျန်းလော်သည် မန္တာန်ဆွဲရာတွင် အနည်းငယ်မျှ တန့်မသွားသည်ကို ကြည့်ပြီး ဖုန်းလီသည် စိတ်အခြေအနေနည်းနည်းကောင်းလာပုံရသည်။


“ဝူတု မင်းက ဖူလုကို ကျန်းလော်ထက် နှစ်တွေအများကြီး ကြာအောင်သင်ထားပြီး တစ်လတောင်မကြာသေးတဲ့သူလောက်တောင် ကောင်းကောင်းမလုပ်နိုင်သေးဘူး”


ကျိုးဝူတုသည် ကျန်းလော်ကို မနာလိုအားကျစွာကြည့်လိုက်ပြီး


“ဆရာ ညီလေးက အရမ်းတော်တာပဲ”


ကျန်းလော်သည်


“အကိုလည်းပဲ တော်ပါတယ်” 


သူတို့နှစ်ယောက်အပြန်အလှန်ချီးကျူးနေသည်ကို နားထောင်နေရင်း ဖုန်းလီမျက်နှာသည် ချက်ချင်း ပြန်လည် မည်းမှောင်သွားက


“မင်းအခုထိ ညစာမစားရသေးဘူးလား”


“ကျွန်တော် ပြန်ရောက်ထဲက ဖူလုလေ့ကျင့်နေတာဆိုတော့ စားဖို့အချိန်မရလိုက်လို့”


ဖုန်းလီသည် ဒေါသထွက်သွားပြီး 


“မင်းကို စီနီယာတွေက ဒီလိုဆက်ဆံတာပေါ့လေ ဟိုအကောင်ကို ခေါ်လိုက်စမ်း”


ဝမ်ဆန်းထန်ရောက်လာသောအခါ ဖုန်းလီသည် မိုးမွှန်နေအောင် ဆူတော့သည်။ ၈၀ကီလိုလေးသော လူကြီးသည် အဆူခံနေရသောကြောင့် ငိုတော့မတတ်ဖြစ်နေကာ ရှိုက်သံဖြင့်


“ကျွန်တော် ကျွန်တော် အခုပဲ ညီလေးအတွက် စားစရာသွား သွားပြင်လိုက်ပါ့မယ်”


မိနှစ်နှစ်ဆယ်ကြာပြီးနောက် သူသည် ကျန်းလော်ကို ခေါက်ဆွဲတစ်ပွဲနှင့် ပန်းကန်အသေးလေးတစ်ချပ် ယူလာပေးလိုက်သည်။ ကျန်းလော်စားသောက်ပြီးသည်ကို ကြည့်၍ ဖုန်းလီသည် 


“ငါအနားမှာမရှိတုန်း သူမင်းကိုလာရှာသေးလား”


ကျန်းလော်သည် သူ့ဆရာပြောသော “သူ”ကိုသိသည်။


သူသည် တမင်တကာ ဖုန်းကွယ်ထားပုံပေါက်အောင် တွေဝေစဉ်းစားလိုက်ပုံဖြင့် ခေါင်းယမ်းလိုက်ကာ


“မလာပါဘူး”


ဖုန်းလီသည် အေးစက်စွာဖြင့်


“ကျန်းလော် အမှန်ကိုပြောလာခဲ့”


ကျန်းလော်သည် ချက်ချင်းပင် မျက်လုံးများနီရဲလာပြီး 


“ဆရာ၊ ကျွန်တော်သူ့ကို တွေ့ချင်တာကို တကယ်မထိန်းနိုင်လို့ပါဗျာ၊ သူ့ကိုနာအောင် မလုပ်လိုက်ပါနဲ့ ဒီ ဒီတစ်ခါက ကျွန်တော်ကစပြီး သွဦးတွေ့ခဲ့တာပါ၊ ကျွန်တော်သူ့ကို အရမ်းလွမ်း................ဆရာ ကျွန်တော့်ကိုယုံပါ သူ့အတွက်လက်စားချေပေးပြီးရင် ကျွန်တော် ကျွန်တော် သူ့ကို လုံးဝမေ့လိုက်ပါ့မယ်”


ဆံပင်အနက်ရောင်ကောင်ငယ်လေးသည် ခေါင်းငိုက်စိုက်ကျကာ ရှိုက်ငိုနေပြီး 


“ကျွန်တော်သူ့ကို တကယ်မေ့လိုက်မှာမို့လို့ သူ့ဝိဉာဉ်ကို ပျောက်ကွယ်သွားအောင် မလုပ်လိုက်ပါနဲ့”


ဖုန်းလီ၏ မျက်နှာသည် ပေါက်ကွဲထွက်တော့မလို နီရဲမည်းမှောင်နေပြီး 


“ပြော သူ့ကိုဘယ်မှာသွားတွေ့တာလဲ”


ကျန်းလော်သည် ခေါင်းမာစွာ ပါးစပ်ပိတ်ထာပြီး တစ်လုံးမှပြန်မဖြေတော့ပေ။ ဖုန်းလီသည် ရုတ်ချည်းပင် လူသတ်ချင်စိတ်ပေါက်လာကာ 


‘ဒီမကောင်းဆိုးဝါးအပေအတေက ငါ့တပည့်ကို ဒီလိုဖြစ်နေအောင် ပြုစားထားရဲတယ် ဒင်းက’


သူထင်သည်မှာ ချီယုံသည် နောက်ဆုံးတစ်ခေါက်သူနှင့် တိုက်ခိုက်ပြီးကတည်းက ကျန်းလော်နားမလာရဲတော့လောက်ဟု။ သို့သော် တကယ့်လက်တွေ့တွင် ထိုမကောင်းဆိုးဝါးသည် ဘီဒိုထဲမှ အရိုးခေါင်းလိုပင် ကျန်းလော်ကို ပြင်းပြင်းထန်ထန် လွှမ်းမိုးထားသည်။ 


‘ချီယုံ........................’


သူသည် သူ့လက်တွင်စွပ်ထားသော ကျောက်စိမ်းလက်စွပ်ကို လက်ညိုးနှင့် ပွတ်၍ စိတ်ထိန်းလိုက်ကာ 


“မင်းက ဘာမှမပြောတော့ဘူးပေါ့ဟုတ်လား၊ မင်းမပြောလဲ ငါ့မှာသိနိုင်တဲ့ နည်းတွေအများကြီးရှိတယ်၊ ကျန်းလော် ငါမင်းကို နောက်တစ်ကြိမ်ထပ် ပြောလိုက်မယ် လူသားနဲ့ သရဲက ဘဝခြားသွားပြီ၊ မင်းနောက်တစ်ကြိမ်သူ့ကို ထပ်တွေ့ရင် ချက်ချင်းငါ့ကို သတင်းပို့လာရမယ် ကြားလား၊ ပြောသလိုမလုပ်လို့ကတော့ သူ့ကို ပြန်ပြီးတောင် သံသရာထဲမဝင်စားနိုင်အောင် အသေသတ်ပစ်မယ် ”


ဖုန်းလီသည် ကျန်းလော်ကို အေးစက်စွာကြည့်၍ ထပ်ပြောလိုက်သည်၊


“ပြီးရင် မင်းခြေထောက်နှစ်ချောင်းလုံး ရိုက်ချိုးပစ်မယ်”


ကျန်းလော်သည် သနားချင်စဖွယ်ပြုံး၍ ကြည့်လိုက်သည်။ ဆံပင်အနက်နှင့် လူငယ်လေးသည် မျက်လုံးများနီရဲနေပြီး အလွန်ဝမ်းနည်းစွာ သူ့ဆရာကို ကြည့်၍ မျက်ရည်ပေါက်များကျလာသည်။ ဖုန်းလီသည် စိတ်ညစ်စွာ


“မျက်နှာသွားသစ်ချေ”


ဖုန်းလီ၏ မျက်နှာသည် သူလုံးဝမမှားသကဲ့သို့ ဖြစ်နေပြီး ကျန်းလော်သည် ခေါင်းငုံ၍ ရေချိုးခန်းထဲဝင်သွာသည်။ ကျန်းလော်သည် မျက်နှာကို ရေအေးအေးနှစ်ခွက်လောက် လောင်းပစ်လိုက်ပြီး မှန်ကြည့်လိုက်ရာ မှန်ထဲတွင် သုန်မှုန်နေသော သူ့ကိုယ်သူတွေ့လိုက်သည်။ ကျန်းလော်သည် ဖုန်းလီကို မုန်းသွားသည်။ သူကလေးဘဝထဲကပင် သူ့ကို ထိန်းချုပ်မဲ့သူမရှိပေ။ ယခုကဲ့သို့ ‘သူ့ခြေထောက်ကို ရိုက်ချိုုးမယ်’ဟု ပြောသောသူသည် ရှိကိုမရှိခဲ့ပေ။ ဖုန်းလီထုတ်မပြောသော်လည်း သူ့ကိုဖုန်းလီသည် သူ့ပါရမီနှင့် စွမ်းအားကြောင့် တပည့်အဖြစ် လက်ခံလိုက်ခြင်းဖြစ်ပြီး သူသည် ထျန်းရှိဖူကို ပို၍အင်အားကြီးလာစေချင်သောကြောင့်မှန်း သူသိသည်။ 


ဖုန်းလီသည် ကောင်းသည့်လူမဟုတ်ပေ၊ သူသည် မူရင်းစာအုပ်ထဲတွင် သူ့တပည့်ရင်းများကို ချီယုံနှိပ်စက်ပြီး သတ်ပစ်သည်ကိုပင် ချီယုံကို လက်စားမချေခဲ့ပေ။  ကျန်းလော်သည် ဖုန်းလီ ချီယုံ့ကို  သတ်သည်ကို လက်ခံနိုင်သော်လည်း သူ့ကိုထိန်းချုပ်မည်ကိုတော့ လက်မခံနိုင်ပေ။ ရေစက်များသည် သူ့မေးစေ့တွင် တွဲလွဲခိုနေကာ သူသည် သဘက်ဖြင့်သုတ်လိုက်ပြီး ဝမ်းနည်းနေဆဲမျက်နှာဖြင့် ပြန်ထွက်လာသည်။ 


ဖုန်းလီသည် သူ့ကိုကြည့်နေပြီး အေးစက်နေသော မျက်နှာထားမှ နွေးထွေးသဘောကောင်းသော ဆရာအဖြစ်ပြောင်းလိုက်သည်။ ကျိုးဝူတုသည် ဖုန်းလီ၏နောက်တွင် ကြောက်လန့်မှုကြောင့် တုန်ခါနေသည်။ စီနီယာအစ်ကို ဝမ်ဆန်းထန်ကို ဆူနေချိန်တွင် ခနခနတံတွေးမြိုချနေပြီး ယခုအချိန်တွင်တော့ သတ္တိမွေး၍ 


“ဆရာ နောက်ကျနေပါပြီ အနားယူသင့်တဲ့ အချိန်ရောက်နေပါပြီ”


ဖုန်းလီသည် နူးညံ့သောအသံဖြင့် 


“ပိတ်လိုက်တော့”


ကျိုးဝူတုသည် ဗီဒီယိုကို ပိတ်လိုက်သည်။ မျက်နှာပြင်သည် မည်းမှောင်သွားပြီး ကျန်းလော်သည် ထိုင်ချလိုက်ကာ အသည်းအသန် ဖုန်းဖြင့်စာရိုက်နေသော ဝမ်ဆန်းထန်ကို ဘေးမှထိုင်ကြည့်နေလိုက်သည်။ 


“ငါဝူတုကို မေးနေတာ ဆရာက ဘာလို့ဒီလောက်ဒေါသထွက်နေရတာလဲလို့”


ဖုန်းလီ ဤနေရာတွင်မရှိသော်လည်း ဝမ်ဆန်းထန်သည် ကျယ်ကျယ်မပြောရဲပေ။ 


“သူပြောတာက ဆရာ့ကို အမျိုးသမီးတစ်ယောက်လာတွေ့တယ်တဲ့၊ လာတွေ့ပြီး ဆရာ့ကိုမြင်တာနဲ့ ပြေးလာပြီး အော်ပြောလိုက်တယ်တဲ့၊ သူမပြောလိုက်တာက ‘ဖုန်းလီ၊ ကျွန်မရှင်နဲ့ နောက်ထပ်ကောင်းကင်သခင်ကလေးလေးတစ်ယောက် မွေးချင်တယ်’တဲ့ ပြီးတာ့လည်း သူမက ဆရာ့ကို ဖက်လိုက်မိလုဆိုပဲ”


ကျန်းလော်သည် ထိုမြင်ကွင်းကိုတွေးကြည့်မိပြီး အကျယ်ကြီး အော်ရယ်မိတော့မလိုပင်။ ထို့နောက် ရယ်ကျဲကျဲဖြင့် မေးလိုက်သည်။


“ဆရာက ဘယ်လိုလုပ်လိုက်တယ်တဲ့လဲ”


“ဆရာက” 


ဝမ်ဆန်းထန်သည် တီးတိုးပြောပြသည်။


“အဲ့ဒီမိန်ကလေးက ချီမိသားစုကတဲ့(ချီယုံ၏ချီမိသားစု) ပြီးတော့ အဲ့ဒီချီအကြီးအကဲတွေက ဘေးမှာရပ်ကြည့်ပြီး တအားတွေကျေနပ်နေသလို ပြုံးနေကြတာတဲ့ကွာ”


သူတို့မပျော်သင့်ဘူးလား


ဖုန်းလီက တကယ်ကို ကြည့်ကောင်းပြီး ဂုဏ်လည်း ကြီးတယ်လေ


ဖုန်းလီကိုသေချာမသိသူများအတွက် ဖုန်းလီသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် မိန်ကလေးတိုင်း၏ စိတ်ကူးထဲမှ သတို့သားလောင်းဖြစ်သည်။ သို့သော် ကျန်းလော်အာမခံသည် ဖုန်းလီ၏ဇနီးဖြစ်လာမည့်သူသည် အကယ်၍ ဖုန်းလီမှ သူမကို မကြိုက်လျှင် ဒီအတိုင်း လှည့်ပင်ကြည့်မည် မဟုတ်ဘဲ သူမကို ကြိုက်လျှင် သူမကိုသူက ပြောလိမ့်မည်။


“အပြင်ထွက်ရဲထွက်ကြည့် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်မယ်”


သူတို့သည် ထျန်ရှိဖူကို သူတို့လက်အောက်သို့ သွင်းချင်နေကြသည်။ ကျန်းလော်နှင့် ဝမ်ဆန်းထန်သည် စကားပြောနေရင်း ဝမ်ဆန်းထန်သည် သမ်းဝေလိုက်ကာ


“မပြောချင်တော့ဘူး အိပ်ကြစို့ မနက်ကျ အစောကြီးထရဦးမှာ ညီလေးရေ၊ မနက်ဖြန်မနက် ၈နာရီအဲ့ဒီကို အရောက်သွားရမှာ၊ ခြောက်နာရီလောက် နှိုူးစက်ပေးထားလိုက်”


တစ်ညလုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးနောက် ကျန်းလော်သည် မနက်စောစောနိုးလာကာ ဝမ်ဆန်းထန်နှင့် အမနက်စာအတူစားပြီး အနက်ရောင်ထန်ခေတ်ဝတ်စုံဝတ်၍ အသုဘအိမ်သို့ ထွက်လာကြသည်။ ဆင်တူဝတ်ထားသော်လည်း လူနှစ်ယောက်သည် မည်သို့မျှပုံစံတူမနေပေ။ ဘက်စ်ကားပေါ်ရောက်သောအခါ ဝမ်ဆန်းထန်သည် ကျန်းလော်ဘေးမှ နေရာရွှေ့လိုက်သည်။ သူတို့ရောက်သောအခါ ကျန်းလော်သည် မည်သူ၏အသုဘမှန်း ခန့်မှန်းမိသွားသည်။ ရှန်းရှီရွာပြိုင်ပွဲတွင် သေသွားသော ချီမိသားစု၏(ချီယုံ၏ချီ) ပြိုင်ပွဲဝင်၏ အသုဘဖြစ်သည်။ ခန်းမအလယ်တွင် အခေါင်းတစ်ခုချထားပြီး ချီမိသားစုဝင်များသည် ထိုအခေါင်းကို ဝိုင်းဖွဲ့၍ ဒူးထောက် ငိုကြွေးနေကြသည်။ 


ချီယုံဆုံးသွားတုန်းကပင် ဤမျှဝမ်းနည်းပုံမပေါ်ပေ။ ကျန်းလော်နှင့် ဝမ်ဆန်းထန်သည် အမွှေးနံ့သာပူဇော်ပြီးနောက် ဖုန်းလီကို လိုက်ရှာကြသည်။ ကျန်းလော်သည် အတွေးပေါက်သွားသည်။ ဒီလိုအချိန်မျိုးတွင် ချီမိသားစုဝင်တစ်ယောက် သေဆုံးပြီး ခုနှစ်ရက်ပြည့်သည့် အချိန်မျိုးတွင်ပင် မမြုပ်နှံသေးဘဲထားပြီး ၈လပိုင်းတွင် ဆုံးသွားသော ချီယုံကိုတော့ ခုနှစ်ရက်မပြည့်ခင်ပင် မြုပ်လိုက်ကြသည်။ ဝမ်ဆန်းထန်သည် ခြေလှမ်းများမြန်လာပြီး


ကျန်းလော်ကို ဦးဆောင်၍ 


“ဆရာ ကျွန်တော်တို့ရောက်ပါပြီ”


ကျန်းလော်သည် လူအိုကြီးများနှင့် အတူရပ်နေသော ဖုန်းလီကိုကြည့်လိုက်သည်။ လူအိုကြီးများထဲတွင် ထျန်းရှိဖူတွင် မြင်ဖူးခဲ့သောချီမိသားစု၏အကြီးအကဲ ဆရာသခင်တစ်ယောက်ကိုတွေ့လိုက်သည်။ ဖုန်းလီသည် ခေါင်းငြိမ့်လိုက်ပြီး 


“လာကြ ချီမိသားစုအကြီးအကဲတွေကို ဂါရဝပြုရအောင်”


ဝမ်ဆန်းထန်သည် အကြီးပီသစွာ ဦးဆောင်၍


“ဒီတပည့် ကလန်အကြီးအကဲကို နှုတ်ဆက်ပါတယ်၊ အသက်ရှည်ကျန်းမာပါစေ”


“လူကောင်းလေး”


လူအိုကြီးများထဲမှ တစ်ယောြ်သည် ကျန်းလော်ကိုကြည့်၍


“ဒါလေးက ပထမဆုရှင်လေး မဟုတ်လား၊ လာစမ်းပါဦး မင်းကို အနီးကပ်ကြည့်ပါရစေ ပထမနေရာအငွေ့အသက်လေး နည်းနည်းလောက်ပေးကြည့်”


ကျန်းလော်သည် ရှေ့တိုးသွားလိုက်သည်။ လူအိုကြီးများသည် ကျန်းလော်ကို တိတ်တိတ်လေး အကဲခတ်နေကြသည်။ အကြီးအကဲကျိုးသည် 


“ငါတို့က ကလေးတွေကို အနေခက်အောင်လုပ်မိနေပါရော့လား ကျုံးချိုးလည်းအနောက်ထဲမှာ တခြားကလေးတွေနဲ့ ကစားနေတယ် သူတို့နဲ့ သွားဆော့ချေကြ”


ဝမ်ဆန်းထန်သည် ဖုန်းလီကိုလှမ်းကြည့်လိုက်ရာ


“သွား”


တပည့်နှစ်ယောက်ထွက်သွားသည်ကို ဖုန်းလီသည် သေချာလိုက်ကြည့်နေသည်။ ထျန်းရှိဖူဝတ်စုံသည် လူများကြားတွင် ထင်းနေသည်။ ကျန်းလော်သည် ထိုဝတ်စုံနှင့်ပင် ချောမောနေကာ အခြားသူများက လိုက်ကြည့်နေသည်ကို မတားဆီးနိုင်ပေ။ သို့သော် ဖုန်းလီအတွက် သေသေရှင်ရှင် အချစ်သည် ဆူးငြှောင့်နှင့် အားနည်းချက်သာဖြစ်သည်။ ညစ်ပတ်နေသောရေကဲ့သို့ပင် မည်မျှပင်သန့်စင်နေကာမူ အချစ်နှင့်တွေ့လိုက်လျှင် ရွှံများလို နောက်ကျိသွားမည်ဖြစ်သည်။ 


သူသည် ဘယ်တုန်းကမှ အချစ်ရေးကိစ္စများကို မကြိုက်ပေ၊ ထိုအရာကြောင့် သူ့တပည့်များသည် တိုးတက်သင့်သည်လောက် တိုးတက်မလာသောကြောင့်ပင်။သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဖုန်းလီ၏မျက်လုံးထဲတွင် မခြားနားစွာပဲ စိတ်တိုစွာဖြင့်


“မျိုးနွယ်အကြီးအကဲတို့ သိပြီးဖြစ်ပါလိမ့်မယ်၊ ကျုပ်ရဲ့ငယ်ငယ်ရွယ်ရွယ်တပည့်လေးက ဘဝခြားနေတဲ့ ချစ်သူကို စွဲလမ်းနေပါသတဲ့ဗျာ ”


မျိုးနွယ်အကြီးအကဲများသည် အချင်းချင်းပြန်ကြည့်လိုက်ပြီး ကောင်းကင်သခင်ဖုန်းပြောနေသည်ကို နားမလည်ကြပေ။ 


“အိုး ဘယ်လိုမျိုးကို ပြောတာလဲ”


ဖုန်းလီသည် ချီမိသားစုအကြီးအကဲကိုကြည့်၍ အေးစက်စွာ


“ပြောရရင် အဲ့ဒီသူ့ချစ်သူဆိုတာက ချီမိသားစုနှင့် ဆက်နွယ်နေတာပါပဲ”


အကြည့်ခံလိုက်ရသော ချီမျိုးနွယ်အကြီးအကဲသည် မကောင်းသည့်အာရုံများရလာသည်။ သူ့နောက်ကျောများသည် တုန်ယင်နေပြီး စိတ်ငြိမ်အောင်ကြိုးစား၍


“ကျွန်တော်တို့ ချီမိသားစုက မိန်းကလေးတစ်ယောက်နဲ့များ...”


ဖုန်းလီသည် အေးစက်စွာရယ်လိုက်ပြီး


“ဟွန်းး ချီယုံဆိုတဲ့ကောင်ကလွဲပြီး ဘယ်သူရှိမှာတုန်း မင်းတို့မိသားစုရဲ့ ခေါင်းဆောင်ဟောင်းလေ ။ အဲ့ဒီကောင်က မကောင်းဆိုးဝါးဖြစ်နေပြီး ကျုပ်တပည့်ကို မြူဆွယ်ထားလေရဲ့”


“ဘန်း.....”


ချီအကြီးအကဲသည် မျက်လုံးပြူးလျက် ခုံပေါ်မှပြုတ်ကျသွားတော့သည်။


ကျန်းလော်သည် ဖုန်းလီထံမှ ထွက်ခဲ့ပြီးနောက် ကျိုးကျုံးချိုးရှိရာမသွားခဲ့ပေ။ သူသည် ထောင့်တစ်နေရာတွင် ပုန်း၍ အသုဘသို့ လာရောက်သူများကို သေချာကြည့်နေသည်။ ချီမိသားစုရဲ့ တစ်စုံတစ်ယောက်သေတာကို ချီယုံလာမကြည့်မှာကို ကျန်းလော်မယုံနိုင်ဖြစ်နေသည်။ ကြည့်ရတာ မကောင်းဆိုးဝါးက ထောင့်ကပ်ပြီး ပျော်ပျော်ကြီးကြည့်နေမည် ထင်သည်။ 


ကျန်းလော်သည် အခေါင်းနားကို ထပ်ကြည့်လိုက်သည်။ လူများသည် ဒူးထောက်ကာ ပုံကျမတတ်ငိုကြွေး ပူဆွေးနေကြသည်။ ချီယုံသည် သွေးသားတော်စပ်သော ချီမိသားစုဝင် တစ်ယောက်ဖြစ်သော်လည်း သူဆုံးသွားချိန်တွင် ဤမျှလောက် ဝမ်းနည်းကြပုံမပေါ်ပေ။ ကျန်းလော်သည် အကျယ်ကြီးထရယ်မိသွားကာ ပါးစပ်ကို အမြန်လက်ဖြင့်အုပ်လိုက်ရသည်။ သူသည် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်နေအောင်ရယ်နေသည်။ သူသည် ထိုသို့ သတိမရှိစွာရယ်နေချိန်တွင် သူ့ကိုအနောက်မှ လက်မောင်းနှစ်ဖက်ဖြင့် သိုင်းဖက်လာပြီး နားနားကပ်ကာ သိချင်စွာဖြင့် တိုးတိုးလေးပြောလိုက်သည်။


“ဘာတွေများ ဒီလောက်တောင်ရယ်နေရတာလဲ ကိုယ့်ကိုလည်း ပြောပြပါဦး”