Ch 20
Viewers 3k


🍼 Chapter 20

🍼 Qingqing is a Rich Woman (2)



ချင်ချင် အတင်းအကျပ်တောင်းဆိုသဖြင့် ဖူစစ်ချန် သူ့အား အခေါ်ဝေါ်ပြောင်းခိုင်းရန် မတိုက်တွန်းနိုင်သဖြင့် သူအလျှော့ပေးရုံသာရှိသည်– "ဒါဆို၊ မင်း ငါ့ကို နာမည်နဲ့ခေါ်၊ အားရှန်လို့ပဲ ခေါ်"


"ရှောင်ရှန်!" ချင်ချင် နားထောင်ကာ အော်ခေါ်သည်။


သို့သော် ဖူစစ်ချန် စိတ်ကျေနပ်မှုမရှိပေ– "အားနော်၊ ရှောင် မဟုတ်ဘူး"


"အဲဒါ ဘာဖြစ်လဲ ? နင်က အာကျင်းရဲ့တိတိလေ၊ အာကျင်းထက် ငယ်တယ်၊ အဲ့တော့ ရှောင်ရှန်လို့ ခေါ်ရမှာပေါ့"


ကလေး၏ကောက်ကျစ်သော ဆင်ခြေများသည် အဆုံးမရှိပေ။


"ကောင်းပြီ၊ မင်း ကြိုက်သလိုလုပ်" 


ချင်ချင်နှင့် စကားများရန်မတတ်နိုင်တော့သော ဖူစစ်ချန်ခမျာ လက်လျှော့လိုက်သည်။


သို့သော် လက်စားချေသည့်အနေဖြင့် ဤ ကလေးဆန်သော သူသည် သူလေး၏ သကြားလုံးတစ်လုံးကို သူလေး ရှေ့တွင် စားပစ်လိုက်သည်။


စားပြီးနောက် သူသည် ချဲ့ကားစွာအော်ဟစ်သည်– "ဝါး~ ဒီသကြားလုံးက အရမ်းချိုပြီး အရသာရှိလိုက်တာ!"


ရှေ့မှ ကားမောင်းနှင်နေသော ကိုယ်ရံတော် : "..."


ကျွန်တော်တို့က ကိရိယာနှစ်ခုဖြစ်ကောင်း ဖြစ်နိုင်တယ်၊ ဒါပေမဲ့ သခင်လေး၊ မင်းကတော့ အစစ်အမှန် ခွေးတစ်ကောင်ပဲ။


ချင်ချင ထိတ်လန့်သွားပြီးနောက် ဖူစစ်ချန်ပြန်ပေးလိုက်သော သကြားလုံးခွံကို မျက်နှာဗလာဖြင့် လှမ်းယူလိုက်သည်။


ဖူစစ်ချန် သူမ ငိုတော့မည်ဟုထင်နေစဉ်ချင်ချင် ကိုယ်ကိုင်းလိုက်ပြီး တစ်လုံးထုတ်ယူကာ ကိုယ်တိုင်စားလိုက်ပြီးနောက် ကျန်သောတစ်လုံးကို ဖူစစ်ချန်အားပေးလိုက်သည်။


"ဟေး၊ ရှောင်ရှန်၊ ဒီမှာ သကြားလုံးရှိသေးတယ်"


"နင် မလိုချင်ဘူးလား ?"


သူ့ အသိစိတ်မှာ ရုတ်တရက်နာကျင်လာရသည်။


ချင်ချင် ချိုသာစွာရယ်မောလိုက်ရာ ချစ်စရာကောင်း သော ပါးချိုင့်နှစ်ခုပေါ်လာသည်– "ရှောင်ရှန်က ချင်ချင်ထက်တောင် ပိုကြိုက်သေးတယ်"


သူ့ထက် ငါ ပိုကြိုက်ရုံနဲ့ ငါ အကြိုက်ဆုံးသကြားလုံးကို  ရနိုင်တယ်တဲ့လား ??


ဖူစစ်ချန် သူ့ ရင်ဘတ်ကို တိတ်တဆိတ်ဖိလိုက်မိသည်။


သူ့ အသိစိတ်တို့ပိုနာကျင်ရတဲ့အခါ သူ ဘာလုပ်ရမလဲ ?


"ချင်ချင်၊ မင်းပဲ ယူထားပါ၊ ငါက အရွယ်ရောက်ပြီးသား သကြားလုံး မစားသင့်ဘူး"


သကြားလုံးအား ချင်ချင့်ထံ ပြန်ပေးလိုက်ပြီးနောက် ဖူစစ်ချန်သည် သူ အရွယ်ရောက်သင့်ပြီဟူသော တာဝန်ယူလိသည့် ခံစားချက်ကို ရုတ်တရက်ခံစားလိုက်ရသည်။


ဖူစစ်ချန် ဘာလုပ်နေသည်ကို သိပ်နားမလည်သော ချင်ချင်သည် သူ မစားတော့ဘူးဟုပြောသည်ကို ကြားသောအခါ သကြားလုံးအား ချက်ချင်းဖက်ထားပြီး သူ့ လက်ကိုပြန်ဆွဲယူလိုက်သည်။


"..." 


ဖူစစ်ချန် မျက်နှာသည် ချက်ချင်းဆိုသလို အမူအရာမဲ့သွား တော့သည်။


ဒါဆို မင်း ငါ့ကို သကြားလုံးပေးချင်တာ မဟုတ်ဘူးပေါ့။


ဟက်~ ဒီမိန်းမကတော့


---


ဖူစစ်ချန် အလုပ်သည် ကာတွန်းဆရာဖြစ်သည်၊ သို့မဟုတ် သူ့ကိုယ် သူ ခေါ်ဝေါ်ခြင်းသာ။


လက်တွေ့တွင် သူသည် ကာတွန်းထုတ်လုပ်ရေး စတူဒီယို ဖွင့်ထားသည်၊ ကလေးများ၏ကာတွန်းဇာတ်လမ်းတွဲများ မဟုတ်ဘဲ အဆင့်မြင့် 3D ကာတွန်းရုပ်ရှင်များကို အထူး ပြုလုပ်သည်။


၎င်းတို့၏အထူးပြုလုပ်ချက် နည်းပညာကောင်းမွန်သောကြောင့် ရုပ်ရှင်အထူးပြုလုပ်ချက် ထုတ်လုပ်မှုအချို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။


သူ့အား သွားရန်အတင်းအကျပ်တောင်းဆိုရခြင်း အကြောင်းရင်းမှာ ရုပ်ရှင်ဖောက်သည်တစ်ဦးသည် အထူး ပြုလုပ်ချက်များကို မကျေနပ်ဘဲ ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုသောကြောင့်သာ။ သို့သော် ထိုအထူးပြုလုပ်ချက်များသည် ပြုပြင်ရန်အလွန်ခက်ခဲပြီး နည်းပညာ ရှင်များအားလုံး စဉ်းစားမရဖြစ်နေသဖြင့် သူတို့သူဌေးအား အကူအညီတောင်းခံရခြင်းပင်။


ဖူစစ်ချန်သည် စတူဒီယိုတစ်ခုလုံး၌ အကောင်းဆုံးနည်းပညာရှင်ဖြစ်ပြီး ဤငွေကြေး အများအပြားသုံးစွဲရသော လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် လုံလောက်သောငွေကြေးလည်းရှိသည်။ မဟုတ်ပါက စတူဒီယိုမှာ ဆက်လက် လည်ပတ်နိုင်မည် မဟုတ်ပေ။


၎င်းတို့၏လုပ်ဖော်ကိုင်ဖက်များစွာသည် ကြီးမားသော ကနဦး ကုန်ကျစရိတ်များကိုမကျခံနိုင်သဖြင့် ငွေကြေးစီးဆင်းမှုပြတ်တောက်ကာ ဒေဝါလီခံခဲ့ရသည်။


သို့သော် ရှင်ကျန်ရစ်သူများ အားလုံးချမ်းသာကြွယ်ဝသွားကြသည်။ ဥပမာအားဖြင့် ဖူစစ်ချန် ကိုယ်တိုင်ပင်။ ၎င်းသည် စတင်လုပ်ကိုင်နေဆဲ အဆင့်တွင်သာ ရှိနေသေးသော်လည်း စတူဒီယို၏ဘဏ္ဍာရေးသည် အမြဲတမ်း အရှုံး ပေါ်နေရာမှ အမြတ်ရသော အစိမ်းရောင်အဖြစ်သို့ပြောင်း လဲသွားပြီ။ တစ်နှစ်ကုန်ပါက အမြတ်ပြရန် မျှော်လင့်ထားပြီး ကျန်သည်များမှာ စစ်မှန်သောအမြတ်အစွန်းများဖြစ် သည်။ 


"ရှောင်ရှန်ကညအရမ်းတော်တာပဲ!"


ဖူစစ်ချန် သူ့အလုပ်အကိုင်အား ကိုယ်ဟန်ပြပြောဆိုနေ သည်ကို နားထောင်ပြီး ချင်ချင် စိတ်အားထက်သန်စွာ လက်ခုပ်တီးလာသည်။


"ငါ တကယ် အဲ့လောက်တော်တယ်လို့ ထင်လား"


သူ့ မိခင်မှ သူ ယခုလိုလုပ်နေခြင်းမှာ အချိန်ဖြုန်းနေခြင်းဖြစ်သည်ဟုထင်ခဲ့ဖူးသည်။


"အင်းလေ" 


ချင်ချင် ခေါင်းကိုထပ်ခါတလဲလဲညိတ်ပြလာသည်၊ သူ့ မျက်လုံးထဲ လေးစားမှုတို့ဖြင့် တောက်ပနေသည်။


ကာတွန်းဖန်တီးနိုင်သော သူ့ သားသည် အံ့ဩစရာကောင်းသည်ဟု သူ ထင်မိသည်။


"တကယ်တော့၊ ဒီလောက်ပါပဲ"


ဖူစစ်ချန် နှုတ်ခမ်းများ ဤမျှလောက်ကွေးညွှတ်မနေပါက ဤအရာသည် ပိုမိုယုံကြည်ရပေမည်။


---


သူတို့စကားပြောနေစဉ် အလုပ်ရှင်ဘက်မှ ဖူစစ်ချန်တို့ စတူဒီယိုသို့ ရောက်ရှိလာသည်။


သူ့စတူဒီယိုသည် မြို့ရှိ သိပ္ပံနှင့်နည်းပညာဆန်းသစ်တီထွင်မှုဥယျာဉ်၏ အဆင့်မြင့် ရုံးခန်းအဆောက်အအုံ အပေါ်ဆုံးထပ်တွင်တည်ရှိသည်။ နေရာအား ငှားရမ်းထားခြင်း မဟုတ်ဘဲ၊ ၎င်းအောက်ရှိ မြေအပါအဝင် အဆောက်အအုံတစ်ခုလုံးသည် ဖူစစ်ချန် အပိုင်ဖြစ်သည်။


တစ်နည်းအားဖြင့် သူသည် အဆောက်အအုံရှိကုမ္ပဏီများ အားလုံး၏ အိမ်ရှင်ဖြစ်သည်။


ငှားရမ်းခတစ်ခုတည်းကပင် နှစ်စဉ်ကြီးမားသော ငွေပမာဏကိုရရှိသည်၊ သူ့ အခြား ပိုင်ဆိုင်မှုများကိုမူ ပြောရန်မလိုပေ။


"မနာလို မဖြစ်နဲ့၊ မင်းမှာ ငါ့ထက်တောင် ပိုင်ဆိုင်မှုတွေအများကြီးရှိသေးတယ်"


သူ့မိခင်ပိုင်ဆိုင်သော ကူးအုပ်စုရှိ ရှယ်ယာများသည် အစ်ကိုနှစ်ဦး၏ ပိုင်ဆိုင်မှု စုစုပေါင်းထက် ဆယ်ဆမကပိုများသည်။


ဖူမိသားစု၏ပိုင်ဆိုင်မှုများကိုမူ ပြောရန်မလိုအပ်ပေ။


ဖူစစ်ချန် သိရှိသလောက် သူ့ မိဘများသည် လက်ထပ်ခြင်းမပြုမီ မင်္ဂလာမဆောင်မီ သဘောတူညီချက်မလုပ်ခဲ့ကြပေ။ ထို့ကြောင့် ၎င်းတို့ ကွာရှင်းပါက...


သူ့ မိခင်သည် ကမ္ဘာလုံးဆိုင်ရာအချမ်းသာဆုံးစာရင်းတွင် ချက်ချင်းပါဝင်လာမည်ဖြစ်သည်။ သူ ရုတ်တရက်ဆိုသလို နည်းနည်းမနာလို ဖြစ်သွားရသည်။


ကိုယ်ရံတော်သည် ကားအားမြေအောက်ကားပါကင်နေရာသို့ မောင်းဝင်သွားသည်။


ကားရပ်သည်နှင့်တပြိုင်နက် ဖူစစ်ချန် ကားထဲမှလျင်မြန်စွာ ထွက်လာသည်၊ သူ့ နေကာမျက်မှန်ကို ပေါ့ပေါ့ဆဆ တပ်လိုက်ပြီးနောက် ချင်ချင်အားကားထဲမှ ချီပိုးလိုက်သည်။


ဖူစစ်ချန်သည် အိမ်တွင် ဖခင်တစ်ဦးကဲ့သို့ခံစားနေရသော် လည်း သူ့ ရုံးခန်း၌ အချောဆုံးလူဖြစ်သည်ဟုခံစားရသည်။


"ဒုတိယသခင်လေး အိတ်မေ့ကျန်ခဲ့တယ်"


ကိုယ်ရံတော်သည် ဖောင်းပွနေသော ကလေးထိန်းအိတ်အား သူ့လက်ထဲသို့ ကြင်နာစွာထည့်ပေးလိုက်သည်။ နို့ဗူးသည် အပြင်ဘက်ပိုက်ကွန်အိတ်ထဲရှိနေပြီး အထူးသဖြင့် သိသာ‌နေလေသည်။


ဖူစစ်ချန် နဖူးကြောများ တဆတ်ဆတ်ခုန်သွားရသည်။ သူ သွားများကို ကြိတ်ကာပြောလိုက်သည်– "...မင်း ဒါလေးတောင် မကူညီနိုင်ဘူးလား"


"တောင်းပန်ပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့တာဝန်ထဲမှာ မပါလို့ပါ" ကိုယ်ရံတော်သည် အေးစက်ပြီး ရက်စက်စွာငွေတစ်လစာဖြင့် အလုပ်နှစ်ခုလုပ်ရန်ငြင်းဆန်လိုက်သည်။


"ရှောင်ရှန်၊ မြန်မြန်လုပ်! ချင်ချင် အပေါ်တက်ပြီး ကစားချင်နေပြီ"


ချင်ချင် စိတ်မရှည်ဖြစ်လာသည်။ သူ့ လက်လေးများဖြင့် ဖူစစ်ချန်ပခုံးကိုပုတ်ကာ အချိန်မဖြုန်းရန်တိုက်တွန်းလိုက်သည်။


"အိုး၊ ချစ်ဖို့ကောင်းတဲ့ ပေါင်ပေ့လေး" ဖူစစ်ချန် နာကျင်မှုကြောင့် မျက်နှာရှုံ့လိုက်သည်။


ကလေးများသည် သူတို့၏ကိုယ်ပိုင်အင်အားကို မသိကြ၊ သူတို့ တစ်စုံတစ်ဦးကိုထိမိသောအခါ အမှန်တကယ်နာ ကျင်ရသည်။


"တောင်းပန်ပါတယ်"


ချင်ချင် မသိစိတ်ဖြင့် သူ့ လက်ကိုပြန်ရုပ်လိုက်သည်။ အပြစ်ရှိစိတ်ဖြင့် သူ့ပါးများကိုဖောင်းလိုက်ပြီး ဖူစစ်ချန်၏ ပခုံးပေါ်သို့ လေမှုတ်လိုက်သည် – "ချင်ချင် မှုတ်ပေးမယ်၊ နာတာ ပျောက်သွားလိမ့်မယ်"


ကလေးသည် သူ့ အမှားကို အလွန်မြန်မြန်ဝန်ခံလာသော ကြောင့် မည်သူမျှ သူ့အား အပြစ်မတင်နိုင်ပေ။


နောက်ဆုံးတွင် ဖူစစ်ချန်သည် လက်စားချေသည့်အနေဖြင့် သူ့ ခေါင်းလေးကိုဖွပစ်လိုက်ရုံသာ။ ထို့နောက် ကိုယ်ရံ တော်ထံမှ ထိန်းအိတ်ကိုယူပြီး ဓာတ်လှေကားဆီသို့ လျင်မြန်စွာလျှောက်သွားသည်။


ဓာတ်လှေကားသည် အပေါ်ဆုံးထပ်အထိ တိုက်ရိုက်တက်သွားသည်။


အမြဲတမ်းရှောင်လွှဲနေတတ်သော သူတို့ သူဌေးလာမည်ကို သိရှိသောကြောင့် လူများစွာသည် တံခါးဝတွင် မျှော်လင့်တကြီးစောင့်ဆိုင်းနေကြသည်။


'ဒင်' ဟူသောအသံနှင့်အတူ ဓာတ်လှေကား တံခါးများ ဖြည်းညှင်းစွာ ဘေးဘက်သို့ပွင့်လာပြီး အတွင်းထဲရှိ လူများကို ဖော်ထုတ်ပြသလာသည်။


ပထမဆုံးပေါ်လာသည်မှာ ချစ်စရာကောင်းသော ကလေးလေးတစ်ဦးကို ချီထားသော ဖူစစ်ချန်ဖြစ်ပြီး နောက်တွင် အရပ်ရှည်ပြီးသန်မာသော ကိုယ်ရံတော်နှစ်ဦး လိုက်ပါလာသည်။


ငါတို့ မျှော်လင့်ထားတာ ဒါ မဟုတ်ဘူးလေ။


ချင်ချင်အားချီထားပြီး လိုက်ဖက်မှုမရှိသော ကလေးထိန်းအိတ်ကိုလွယ်ထားသော်လည်း ဖူစစ်ချန်၏ ရုပ်ရည် ခန့်ညားမှုတို့မှာ အနည်းငယ်မျှမလျော့နည်းခဲ့ပေ။ ယင်းအစား၊ ၎င်းက သူ့ ရင်းနှီးလွယ်သောဆွဲဆောင်မှုကို ပိုမို တိုးစေလာခဲ့သည်။


အမျိုးသမီးဝန်ထမ်းများစွာသည် အဖွဲ့လိုက်စကားပြောခန်းတွင် ၎င်းအား ကြိတ်အားကျနေကြပြီး အမျိုးသားဝန်ထမ်း အချို့လည်းပါဝင်သည်။


[ဆံပင်မဲမဲ အင်ဂျင်နီယာမလေး- အားးးးး... ဒီနေ့လည်း သူဌေးက အရင်လိုခန့်ညားနေတုန်းပဲ၊ ငါ မူးလဲတော့မယ်!]


[ကြက်ကြော်၏လျှို့ဝှက်ချက်- သူဌေး လက်ထဲက ချစ်စရာကောင်းတဲ့ ဟာလေးက ဘူလေးလဲ ? ငါ သုံးမိနစ်အတွင်း သူလေးရဲ့ အချက်အလက် အားလုံးလိုချင်တယ်! အရမ်းချစ်စရာကောင်းတယ်၊ ငါ ခိုးချင်တယ်]


[နို့လက်ဖက်ရည်၏အမှန်တရား- ဟေး အပေါ်ထပ်က၊ မသွားနဲ့ဦး၊ ငါတို့ ကလေးခိုးဖို့အဖွဲ့ဖွဲ့ကြရအောင်!]


[ခွေးစာပန်းကန်ကို လှမ်းကန်သူ- ဒုတိယနဲ့ တတိယထပ်၊ မင်းတို့ရဲ့လက်ထပ်စာချုပ်ကို ဒီမှာ လာထုတ်လိုက်ကြ!]


[သူဌေးကို အသည်းအသန် သဘောကျသူ #1- ငါတို့ လမ်းလွဲကုန်ပြီ၊ အားလုံးပဲ၊ ငါတို့ရဲ့ ဘုရားသခင်လိုသူဌေးရဲ့ ရုပ်ရည်အကြောင်း ဆွေးနွေးဖို့လာတာ မဟုတ်ဘူးလား]


[သူဌေးကို အသည်းအသန်သဘောကျသူ #2- ဆောရီး၊ ငါ ဘက်ပြောင်းသွားပြီ၊ ငါ ရုတ်တရက် သူဌေး လက်ထဲက ချစ်စရာကောင်းတဲ့ ကလေးလေးက ပိုလှတယ်လို့ထင်တယ်၊ ငါ ဘာလုပ်သင့်လဲ ? ]


[#3- ငါ ကောပဲ...]


[#4- +1]


[#5- +ID နံပါတ်။]


...


[ချစ်စရာကောင်းသူကို မုန်းတီးသူ နံပါတ် 1- မင်းတို့ ဘာဖြစ်နေကြတာလဲ ? သူဌေးကို ဘာလို့ သစ္စာဖောက်ရတာလဲ ?  အရမ်းများနေပြီ! ချစ်စရာကောင်းတဲ့ ကလေးလေးရဲ့နာမည်ကို သိတဲ့သူ ရှိကြလား]


[လမ်းသွား လမ်းလာ A- သစ္စာရှိတဲ့မျက်နှာကို မုန်းတီးတဲ့ ပရိသတ် အုပ်စုကြီးပါလား ? [*မျက်မှန်တပ်လိုက်သည့် jpg*]


[အမှန်တရားကို မြင်သူ- အစ်ကိုချန်း၊ မင်းသာ သူဌေးနဲ့ ဝေးဝေးနေမယ်ဆိုရင် မင်းကို ပိုယုံကြည်မိမှာပါ၊ အလုပ်ကို အကြောင်းပြချက်လုပ်ပြီး ချစ်စရာကောင်းတဲ့ ကလေးလေးနဲ့ နီးစပ်ဖို့ကြံစည်နေတဲ့၊ ဟန်ဆောင်နေတဲ့ မိန်းမတစ်ယောက် မဟုတ်ဘူးလို့ ယုံမှာပါ]


[လမ်းသွား လမ်းလာ A- ဆောရီး၊ အဲ့ဒါ ငါပဲ]


---


"သူဌေး၊ ဒါ 'နတ်ဘုရားစာချုပ်' ထုတ်လုပ်ရေးအဖွဲ့ရဲ့ အထူးပြုလုပ်ချက် အချက်အလက်တွေပါ။ ကျေးဇူးပြုပြီး ကြည့်ပေးပါဦး"


လုရမ်ကျားသည် အချက်အလက် ဖိုင်များပြည့်နေသော တက်ဘလက်တစ်ခုကို ဖူစစ်ချန်အားပေးလိုက်ပြီးနောက် သူ့ ရင်ခွင်ထဲရှိ ချင်ချင်နှင့် စကားစပြောသည်။


"နိဟောင် မေ့မေ့၊ အသက်ဘယ်လောက်ရှိပြီလဲ ? ကောက  လုရမ်ကျား၊ ကောက သူဌေးရဲ့ကောလိပ်အခန်းဖော်နဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်၊ ပြီးတော့ ဒီစတူဒီယို မှာ ဒုတိယအတော်ဆုံး နည်းပညာရှင်ပါ"


လုရမ်ကျားသည် နူးညံ့ပြီး ရိုးသားသော ပုံပန်းသဏ္ဌာန်ရှိသည်၊ အမျိုးသမီးများနှင့် ကလေးများကိုအလွယ်တကူ ဆွဲဆောင်နိုင်သော အမျိုးအစားပင်။


ချင်ချင် သူ့အား အရမ်းသဘောကျသွားသည်။


ချင်ချင် ယဉ်ကျေးစွာ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး သူ့ လက်လေးကို လုရမ်ကျားထံ လှမ်းပေးသည်– "သမီး နာမည် ချင်ချင်ပါ၊ သုံးနှစ်ခွဲ ရှိပါပြီ"


လုရမ်ကျားသည် ချက်ချင်းစွဲဆောင်ခံလိုက်ရပြီး နှစ်သက်မှုအကြည့်ဖြင့် ချင်ချင်၏ကြယ်စွယ်သဏ္ဍာန်လက်လေးကိုပြန်လှမ်းဆွဲလိုက်သည်။


သူတို့ လက်ချင်းမတွေ့ဆုံမီ ဖူစစ်ချန်သည် မျက်နှာမဲကြီးဖြင့် သူ့အား ရိုက်ထုတ်လိုက်သည်။ 


"မင်းက သတ္တိရှိသားပဲ၊ ငါ့ ချင်ချင်ကို မက်မောရဲတယ်! မင်း ညီမလေး လိုချင်ရင် အိမ်ပြန်ပြီး မင်းအမေကို နောက်တစ်ယောက် မွေးပေးဖို့ပြောလိုက်"


"သူဌေး၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ! ကျွန်တော့် အမေသာ ဒုတိယကလေး ယူချင်တယ်ဆိုရင် ကျွန်တော် သူများတွေရဲ့ချစ်စရာကောင်းတဲ့ ညီမလေးတွေကို မျက်စိကျနေရမှာ မဟုတ်ပါဘူး"


လုရမ်ကျားသည် ငယ်စဉ်ကတည်းက ချစ်စရာကောင်း သော ညီမလေးတစ်ဦးလိုချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူသည် သူ့ မိသားစုတွင် တစ်ဦးတည်းသော ကလေးဖြစ်သည်။


"ဒါဆိုလည်း မင်း ဒီကနေထွက်သွားလိုက်တော့" ဖူစစ်ချန်သည် ရက်စက်စွာ သူ့ကိုမောင်းထုတ်လိုက်သည်။


"ချီးးး၊ အရမ်းရက်စက်တာပဲ"


လုရမ်ကျားသည် ချင်ချင်အားနောင်တရသော အကြည့် ဖြင့် ကြည့်လိုက်ပြီး ဖူစစ်ချန် ပေါက်ကွဲနိုင်ခြေမရှိမီ အလျင်အမြန် ထွက်သွားသည်။


စတူဒီယို၏ ဒုတိယခေါင်းဆောင်ပင် သူ့ ပထမဆုံးကြိုး စားမှုတွင် မအောင်မြင်ခဲ့သောကြောင့် မည်သူမျှ ချင်ချင့်အားလွယ်လွယ်ကူကူ ချဉ်းကပ်ရန် မဝံ့ရဲကြတော့ပေ။


ထို့အပြင် ရန် စရန်မသင့်လျော်ဟု ထင်ရသော ကိုယ်ရံ တော် နှစ်ဦးသည် ချစ်စရာကောင်းသော ကလေးလေးအား စောင့်ကြည့်နေသည်။ ၎င်းတို့သည် အားနည်းသူများ အုပ်စုဖြစ်ပြီး အနည်းငယ်ကြောက်ရွံ့နေကြသည်။


ဖူစစ်ချန် အစည်းအဝေးခန်းတွင် စီးပွားရေးဆွေးနွေးနေစဉ် ချင်ချင်သည် တစ်ဝက်ပွင့်သော ဧည့်ခန်းထဲ သူ‌လေးဘာသာ ကစားရန်ချန်ထားခဲ့သည်။


ဝင်/ထွက် သွားလာနေသော ဝန်ထမ်းများသည် ထိုနေရာတွင် စကားနားထောင်စွာထိုင်နေသော ချစ်စရာကောင်း သော ကလေးမလေးကို အမြဲတစေမြင်ကြပြီး ခိုးမကြည့်ဘဲ မနေနိုင်ကြပေ။ သူ့အား လုံလောက်စွာမကြည့်နိုင်ကြသောကြောင့် သူတို့သည် တစ်စုံတစ်ခု ပြန်ယူရန်ဟန် ဆောင်ကြပြီး ထပ်မံ ဖြတ်သွားကြကာ ထပ်ခိုးကြည့်ကြသည်။


ချင်ချင်သည် သူ့ ပတ်လည်တွင် လူအများအပြားရှိနေပုံရပြီး လူတိုင်း၏အကြည့်များ သူ့ အပေါ်အနည်းငယ်ပြင်း ထန်လွန်းနေသည်ကို သတိပြုမိသောအခါ၊ ချင်ချင် သူ့ ခေါင်းလေးကို ရှုပ်ထွေးစွာစောင်းလိုက်ပြီး ကလေးဆန်သော အသံဖြင့်မေးလိုက်သည်– "ဘာလို့ အားလုံး ချင်ချင့်ကို စိုက်ကြည့်နေကြတာလဲ ဟင်"


ချက်ချင်းဆိုသလို စတူဒီယိုဝန်ထမ်းအဖွဲ့လိုက် စကားပြောခန်းတစ်ခုလုံး ထပ်မံပေါက်ကွဲသွားရသည်။


[ပဲငံပြာရည်နှင့် နာနတ်သီး- အားးးးးး... ဒဏ္ဍာရီလာ ခေါင်းစောင်းပြီး သတ်ခြင်း၊ ပြီးတော့ ချိုမြိန်တဲ့ အသံလေး! ငါ မခံနိုင်တော့ဘူး၊ တစ်ယောက်ယောက် ငါ့ကို တားဆီးပေးကြပါ၊ ငါ သွေးအလွန်အကျွံ ထွက်နေပြီ!]


[မျက်မှန်သမား- အဖွဲ့ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေအများကြီးပဲ၊ နည်းနည်းထိန်းကြပါဦး]


[ပဲငံပြာရည်နှင့် နာနတ်သီး- ဖြန်း ! မင်းက အရမ်းကြမ်း တမ်းတာပဲ နောက်တစ်ခါ ငါ့ကို အဲ့ဇာကွက်‌တွေမဝယ်ပေးနဲ့! ငါ နူးညံ့တဲ့ဟာတွေပဲ လိုချင်တယ်လို့ အကြိမ်များစွာပြောခဲ့တာကို၊ အခုထိ နင် အမြဲတမ်း မှားနေတုန်းပဲ!]


[မွှေးကြိုင်သော လူပျို- တော်ပြီ! ဒီလောကက ဘာတွေ မှားနေတာလဲ ? လူပျိုတွေက သေသည်အထိ single ဖြစ်ဖို့ကံကြမ္မာရှိနေတာလား]


[အိမ်ထောင်သည်- စိတ်အေးအေးထားပါ တိတိ]


[မွှေးကြိုင်သော လူပျို- ထွက်သွား၊ မင်းရဲ့ ID ကိုကြည့်ရုံနဲ့တင် ငါ့ကို လုံးဝနှစ်သိမ့်မှုမပေးနိုင်ဘူး]


အဖွဲ့လိုက်စကားပြောခန်း မက်ဆေ့ချ်များကို မတော်တဆ မြင်လိုက်ရသော ဖူစစ်ချန် : "..."


နည်းပညာရှင်များအားလုံး အွန်လိုင်းထက် ဤမျှလောက် အလွန်အမင်းတက်ကြွနေရော့လား ?? သူ မနေ့ညကတစ်ညလုံးဂိမ်းကစားပြီး သူ့ အသင်းဖော်တွေ အရမ်းဆိုးလို့ အွန်လိုင်းမှာ စိတ်အားထက်သန်စွာငြင်းခုန်နေကြသလိုပင်။


ချင်ချင်အား တစ်ယောက်တည်း အကြာကြီးထားခဲ့ရန် မရဲသော ဖူစစ်ချန်သည် ဖောက်သည်နှင့်အတူ ပြင်ဆင်ထားသော အစီအစဉ်ကို ပြတ်ပြတ်သားသားအပြီးသတ်လိုက်ပြီး နောက်ထပ်တစ်လခွဲအတွင်း ပြီးစီးသောထုတ်ကုန်ကို ပေးအပ်ရန်ကတိပေးကာ လက်ပေါက်ကပ်သောဖောက် သည်အဖွဲ့ကို အလျင်အမြန်ပြန်လွှတ်လိုက်သည်။


သူ ထလိုက်သည်၊ သူ့ ဆံပင်ကို သပ်သပ်ရပ်ရပ်ပြင်လိုက်ပြီး အပြင်ဘက်သို့လျှောက်သွားသည်။ သို့သော် သူ အစည်းအဝေးခန်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ချင်ချင့်အား ဝိုင်းရံထားသော လူအုပ်စုကိုတွေ့လိုက်ရသည်။ သူလေးအား စိုးရိမ်ပူပန်မှုများဖြင့် ဝိုင်းဝန်းနေကြသည်။ သူ့ဘယ်ဘက်မှ အမျိုးသမီးဝန်ထမ်းတစ်ဦးက သူမကို သစ်သီးကမ်းပေးသည်၊ အခြားတစ်ဦးကမူ သူမ၏ ညာ ဘက်မှ သရေစာများခွံ့ကျွေးနေသည်၊ သူလေး ရှေ့တွင် နှိပ်နယ်ပေးသူ နှစ်ဦးရှိနေသေးသည်— ထီးနှစ်ခု ထပ်ကိုင်ထားပြီး ပန်ကာဖြင့် ခတ်ပေးမည့်သူနှစ်ဦးသာ လိုတော့ သည်၊ ၎င်းသည် TV ဇာတ်လမ်းများထဲမှ အာဏာရှင် ဧကရာဇ်အတွက် စံနှုန်းဖြစ်လိမ့်မည်။


"မင်းတို့ ဘာတွေ လုပ်နေကြတာလဲ ?" 


သူ မနေနိုင်ဘဲ မေးလိုက်ရသည်။


"သူဌေး!"


လူတိုင်း ဖူစစ်ချန်ကိုမြင်သောအခါ သူတို့ဆရာကိုမြင်သော မူလတန်းကျောင်းသားများကဲ့သို့ ချက်ချင်း တန်းစီလိုက်ကြပြီး ခေါင်းငုံ့ကာ ဆူပူမည့်အသံကိုစောင့်နေလိုက်ကြသည်။ 


အိုး နိုး၊ အလုပ်ချိန်ကြီး ချစ်စရာကောင်းတဲ့ အသေးလေးနားကပ်တာ အမိခံလိုက်ရပြီ၊ သူတော့ ဒုက္ခရောက်ပြီပဲ။