Ch 16
Viewers 3k

🍼 Chapter 16

🍼 Qingqing Escapes (VIP Notice)


"ဘယ် 'ရှောင်နင်' လဲ ? ချင်ချင် ရေးပြနိုင်မလား"


နျန်ကောင်းသည် သူ့ ခေါင်းကိုကုတ်ခြစ်လိုက်ပြီး ရှုပ်ထွေးနေပုံရသည်။


ကလေးများ၏အသိပညာသည် သိသာထင်ရှားစွာမလုံ လောက်ပေ။ ချင်ချင်၏ ကလေးဆန်သောအသံကြောင့် အချို့အသံထွက်များ မတိကျသဖြင့် ၎င်းတို့ထဲရှိ မည်သူမှတကယ်နားမလည်ခဲ့ကြပေ။


"'Little one' (သေးသေးလေး) ထဲက 'Xiao' နဲ့ 'Ning'... 'Ning' ကို မရေးတတ်ဘူး၊ အဲ့လိုပုံစံမျိုးကို 'Ning' လို့ ခေါ်တယ်ဆိုတာပဲ သိတယ်"


ချင်ချင်၏စာလုံးမှတ်မိနိုင်စွမ်းသည် သူ့ မိဘများ ငှားရမ်းထားသော မူကြိုဆရာမကြောင့်ဖြစ်ပြီး ၎င်းသာ ရှိသည်။


သူမသည် ၎င်းတို့ကိုမှတ်မိနိုင်ရုံသာဖြစ်ပြီး မရေးတတ်သလို ပိုမိုရှုပ်ထွေးသောစာလုံးများကိုလည်း အားလုံးမမှတ်မိနိုင်ချေ။


"ငါတို့ ဘယ်လိုလုပ်ကြမလဲ"


ကလေးများသည် အကူအညီမဲ့စွာတစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံး နျန်ကောင်းသည် အတော်ဆုံးဖြစ်ပြီး အခြားရွေးချယ်စရာတစ်ခုကို တီထွင်လိုက်သည်– "pinyin နဲ့ ရေးကြည့်ရအောင်"


သူ စက္ကူပြားတစ်ချပ်ကို ဆွဲဖြဲလိုက်ပြီး သူ့အင်္ကျီလက်ဖြင့် ဖုန်များကိုသုတ်လိုက်ကာ သေးငယ်သောတစ်ပိုင်းကို ထပ်မံဆွဲဖြဲလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်မှ ကျိုးနေသော အုတ်နီခဲတစ်ပိုင်းကို ကျပန်းကောက်ယူလိုက်သည်။ သူသည် စက္ကူပြားပေါ်တွင် လဲလျောင်းကာရေးလိုက်သည်။


'Xiao Ning (ဒုတိယ အသံ ) ? No. 338'


လိမ္မော်နီရောင် အုတ်ခဲမှုန့်များသည် နျန်ကောင်း ပြင်းပြင်း ထန်ထန်ဖိရေးလိုက်သောအခါ စက္ကူပြားပေါ်တွင် မျဉ်း ကြောင်းတစ်ကြောင်းစီ ရှင်းလင်းစွာထွက်ပေါ်လာသည်။


အချိန်မှာ အရေးကြီးသည်၊ ထို့ကြောင့် ရေးသားပြီးနောက် သူသည် ရေးတတ်သော အခြားကလေးများကို နမူနာအတိုင်းတူညီသော လိပ်စာပါ စက္ကူပြား ဒါဇင်ပေါင်းများစွာကိုပြုလုပ်ရန် အလျင်အမြန် အကူအညီတောင်းလိုက်သည်။


သူသည် ကလေးတိုင်း တစ်ခုစီသယ်ဆောင်ထားကြောင်း သေချာစေသည်။


ချင်ချင်ကဲ့သို့ နားလည်ရန်အဆင်သင့် မဖြစ်သေးသော ကလေးငယ်များအတွက် အထူးသဖြင့် တစ်ခုသယ် ဆောင်ရန်နှင့် ဝါကျတစ်ခုကို အလွတ်ကျက်ရန်အရေး ကြီးသည်။


"မင်းတို့ ပြေးပြီးရင် လူကြီးတွေနဲ့ တွေ့ရင် ဒါကို ကိုင်ထားပြီး 'ဒီမှာ လူကုန်ကူးသူတွေ ရှိတယ်' လို့ပြော၊ နားလည်လား"


နျန်ကောင်းသည် စက္ကူပြားကို ကိုင်မြှောက်ပြီး အလေးအနက်ပြောလိုက်သည်။


"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ နားလည်ပါတယ်"


ချင်ချင်နှင့် အခြား ကလေးငယ်များသည် စက္ကူပြားကို သူတို့လက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ၎င်းတို့၏ မျက်နှာလေးများ တင်းမာနေကာ ခေါင်းကို ပြင်းပြင်းထန် ထန်ညိတ်ပြသည်။


"ကောင်းပြီ၊ အားလုံးပဲ၊ အခု စားရအောင်၊ ပြီးတော့ လူကုန်ကူးသူတွေ အိပ်ပျော်တဲ့အထိ ခဏစောင့်၊ အဲဒီအခါကျရင် အတူတူထွက်ပြေးကြမယ်"


သူတို့သည် ညစာတွင် လူကုန်ကူးသူများ ပေးခဲ့သော အစားအစာ၏ထက်ဝက်ကို လျှို့ဝှက်စွာသိမ်းဆည်းထားခဲ့သည်၊ ယခု ဗိုက်ဖြည့်ရန်အတွက် ဖြစ်သည်။


ချင်ချင်တွင် အစားအစာ အများဆုံးကျန်ရှိသည်။


သူလေးသည် သေးငယ်ပြီး အစားနည်းသောကြောင့်သာမကလူကုန်ကူးသူများသည် သူမ သတိလစ်နေသည်ကို မြင်သောအခါ သူမသည် ငယ်လွန်းပြီးအားနည်းလွန်း၍ အသက်ရှင်နိုင်မည်မဟုတ်ဟု စိုးရိမ်သဖြင့် ပေါင်မုန့်တစ်ထုပ် အပိုပေးခဲ့သောကြောင့်လည်းဖြစ်သည်။


၎င်းသည် ချင်ချင် ဗိုက်ပြည့်အောင်စားရန် လုံလောက်သည်။


အခြားသူများတွင် ရေဘူးငယ်လေးတစ်ဘူးနှင့် ပေါင်မုန့် တစ်ခြမ်းသာရှိသည်။


ချင်ချင်သည် နျန်ကောင်းဘေးတွင် ထိုင်ချလိုက်ပြီး သူ့ မပျက်စီးသေးသော ပေါင်မုန့်အိတ်ကိုထုတ်ကာ ထက်ဝက်ကို ဆွဲဖြဲပြီး သူ့အားပေးလိုက်သည်– "အစ်ကို နျန်ကောင်း၊ ရော့"


"ချင်ချင်၊ စားလိုက်ပါ၊ ငါ ဗိုက်မဆာဘူး"


နျန်ကောင်းသည် ပေါင်မုန့်ကိုကြည့်ရင်း ခက်ခက်ခဲခဲနှင့် တံတွေးမျိုချလိုက်သော်လည်း ခေါင်းမာစွာငြင်းဆန်‌ေနဆဲပင်။


"ကြည့်လေ၊ ငါ့မှာလည်း ရှိတယ်" 


သူသည် သူ့ သိမ်းထားသောမုန့်ထုပ်ကို လှုပ်ယမ်းကာ ကြွားဝါဟန်ဆောင်သည်။


ချင်ချင် မော့ကြည့်လိုက်ပြီးနောက် မကျေမနပ်ဖြင့် မျက် နှာရှုံ့မဲ့သည်– "လိမ်နေတာ၊ ဒါပဲ ရှိတာ၊ချင်ချင် ဗိုက်ပြည့်အောင်စားဖို့တောင် မလုံလောက်ဘူး" 


နျန်ကောင်းလက်ထဲရှိ ပေါင်မုန့်သည် တစ်ကိုက်စာခန့်သာ ကျန်တော့သည်၊ သွားကြားဖြည့်ဖို့ပင် မလုံလောက်တန်ရာ၊ မည်သို့ ဗိုက်ပြည့်နိုင်မည်နည်း။


သူမသည် ပေါင်မုန့်၏ပိုကြီးသော ထက်ဝက်ခန့်ကို နျန်ကောင်းလက်ထဲသို့ အတင်းအကျပ်ထိုးထည့်လိုက်သည်။


ချင်ချင်သည် သူ့တိတိ၏ဆူပူသောအမူအရာကို အတုယူကာ ပြင်းထန်စွာပြောလိုက်သည်– "စား! ကလေးတွေက မစားရင် အရပ်ရှည်မှာ မဟုတ်ဘူး!"


နျန်ကောင်း ခေတ္တရပ်သွားပြီးနောက် ပေါင်မုန့်ကိုအသိစိတ် ကင်းမဲ့စွာ ကောက်ယူပြီးကိုက်လိုက်သည်။


ချင်ချင်လေးက၊ အရမ်းချစ်ဖို့ကောင်းလိုက်တာ!


သူမ၏ဆူပုတ်သော မျက်နှာလေးသည် လုံးဝခြိမ်းခြောက်နေသည်ကို လုံးဝသတိမထားမိဘဲ နျန်ကောင်း နောက်ဆုံး စားလိုက်သည်ကိုမြင်သောအခါ ချင်ချင်သည် သူ့ကိုယ်သူ မယုံနိုင်လောက်အောင် အစွမ်းထက်သည်ဟု ထင်မှတ်သွားသည်။


သူ့ ရင်ဘတ်ကိုဖောင်းကားကာ ကျေနပ်စွာပြုံးလိုက်ပြီး လူတိုင်း၏မျက်လုံးများက လေးစားမှုနှင့် နှစ်သက်မှုများဖြင့် ပြည့်နေသည်ဟုခံစားရသည်။


သူတို့သည် ဒူးထောက်ကာ "ဘုရင်မ အသက်ရာကျော် ရှည်ပါစေ!" ဟု သုံးကြိမ် အော်ဟစ်နေကြသည်။


သို့သော် နောက်တစ်ခဏတွင် ဗိုက်ထဲမှအသံက သူမ၏ အထင်အမြင်ကိုပျက်စီးစေပြီး သူမကို လက်တွေ့သို့ပြန် လည်ဆွဲခေါ်လိုက်သည်။


ချင်ချင် အလွန်ရှက်ရွံ့သွားသဖြင့် မျက်နှာနီမြန်းသွားရပြီး ကျန်ရှိသောပေါင်မုန့် ထက်ဝက်ကိုစားရန် ခေါင်းကိုအလျင် အမြန်ငုံ့လိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုက်သည်။


စောနက ရှက်စရာကောင်းတဲ့ ချင်ချင်နဲ့ အခုချင်ချင်က ဘာဆိုင်လို့လဲနော် ??


သူမသည် ညဥ့် ၁ နာရီ သို့မဟုတ် ၂ နာရီခန့် ရှိမည်ဟု ခန့်မှန်းသည်။


ညသည်နက်ရှိုင်းပြီး ကမ္ဘာကြီးသည်ငြိမ်းချမ်းသောအိပ် စက်ခြင်းဖြင့် ဖုံးလွှမ်းနေသည်။


လူကုန်ကူးသူ နှစ်ဦးမှလွဲ၍ လူတိုင်းအိပ်ပျော်နေကြသည်။


တံခါးအက်ကွဲကြောင်းမှ ချောင်းကြည့်နေသော ကလေးတစ်ဦးသည် စိုးရိမ်တကြီးလှည့်လာပြီး နျန်ကောင်းအား တိုးတိုးလေးပြောသည်– "ငါတို့ ဘာလုပ်ရမလဲ ? သူတို့ တံခါးကို စောင့်နေတုန်းပဲ"


"စိတ်မပူနဲ့" 


နျန်ကောင်းသည် အခြားသူများကို စိတ်ချစေသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူတို့အားလိုက်လာရန် အမူအရာပြလာသည်။


"ငါတို့ ပင်မဂိတ်ကနေ သွားလို့မရရင် ဒီကနေထွက်သွားလို့ရတယ်"


သူ အပေါ်သို့ လက်ညှိုးထိုးပြရာ လူတိုင်းမော့ကြည့်လိုက်ပြီးနောက် ပြတင်းပေါက်တစ်ခုကိုတွေ့လိုက်ရသည်။


ပျက်စီးနေသော ပြတင်းပေါက်သည် လုံခြုံရေးတိုင်မှာအနည်းငယ်သာ ကျန်ရှိတော့သည်။ အေးခဲသောလေမှာ တဝူးဝူးတိုက်ခတ်လာပြီး ၎င်းတို့အားအရိုးအထိချမ်းအေးစေသည်။


"အရမ်းမြင့်တယ်၊ ဘယ်လိုတက်ရမှာလဲ"


ပြတင်းပေါက်သည် မြေပြင်မှ ၁.၅ မီတာကျော်မြင့်သည်။ လူကြီးများအတွက် ပြီးပြည့်စုံသောအမြင့် ဖြစ်သော်လည်း ပျမ်းမျှ အရပ်တစ်မီတာအောက်ရှိသော ကလေးများအတွက် မကျော်လွှားနိုင်သော အတားအဆီးဖြစ်သည်။


သို့သော် ကလေးများတွင် ၎င်းတို့၏အားသာချက်များကိုယ်စီရှိသည်။


၎င်းတို့တက်နိုင်လျှင်ပင် လူကြီးများအတွက် ကျဉ်းလွန်းသောလုံခြုံရေးတိုင်များသည် သူတို့အတွက် ကိစ္စမရှိချေ။


"ငါတို့ စက္ကူပြားတွေကို ခြေနင်းခုံအဖြစ် သုံးလို့ရတယ်" 


ချင်ချင်သည် သူ အစောပိုင်းအိပ်ခဲ့သော စက္ကူပြားပုံကို လက်ညှိုးထိုးပြရင်း အကြံပြုသည်။


အဖြေကိုပထမဆုံး အကြံပြုသူသည် အဖွဲ့ထဲတွင် အရပ်အပုဆုံးကလေးဖြစ်သော ချင်ချင် ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။


သို့သော်ပြောရလျှင် ၎င်းသည် အမှန်ပင်ကောင်းမွန်သော အကြံပြုချက်ဖြစ်သည်။


ကလေးအားလုံး ချက်ချင်းလှုပ်ရှားလာကြသည်။


အချို့ကမူ စက္ကူပြားများကိုရွှေ့နေကြပြီး အချို့က ခေါက်နေကြသည်။


မကြာမီတွင် စက်ရုံရှိစက္ကူပြားအားလုံးကို ရွှေ့ပြောင်းပြီး ပြတင်းပေါက်များအောက်တွင်ထားရှိသည်။ ၎င်းသည် ၁.၅ မီတာ ကွာဟချက်ကို ၂၀ စင်တီမီတာခန့် လျော့ကျစေသည်။


အခြားနည်းလမ်း မရှိပေ၊ ၎င်းသည် စွန့်ပစ်ထားသော စက်ရုံဖြစ်ပြီး ဤမျှလောက်သော စက္ကူပြားများရှိနေခြင်းပင်လျှင် အတော်လေးကောင်းမွန်နေပြီဖြစ်သည်။


လက်မလျှော့ဘဲ နျန်ကောင်းသည် အရပ်အမြင့်ဆုံး ကလေးကို အရင်ဆုံးစမ်းသပ်ခိုင်းသည်။


သူသည် စက္ကူပြားပေါ်ရပ်ပြီး လက်များကို ဆန့်ထုတ်လိုက်သည်။ ပြတင်းပေါက်အစွန်းကို မထိတထိဖြစ်သော်လည်း ခိုင်မာစွာ ဆုပ်ကိုင်၍မရပေ– "မရဘူး၊ ငါ တက်လို့မရဘူး၊ ပိုမြင့်ဖို့လိုတယ်"


"ငါ့ကျောပေါ် နင်းလိုက်"


နျန်ကောင်းသည် ချက်ချင်းဆိုသလို စက္ကူပြားပေါ်သို့ မြင်းတစ်ကောင်ကဲ့သို့ ဒူးထောက်လိုက်ပြီး အရပ်အမြင့်ဆုံး ကလေးကို သူ့ကိုနင်း၍တက်ရန် အမူအရာပြသည်။


"ငါ နာအောင် မလုပ်မိဘူး မဟုတ်လား"


ထိုကလေးသည် သူ့ ခြေထောက်ကို ချရန်တွန့်ဆုတ်နေ သည်။


"ဟေ့၊ မြန်မြန်လုပ်၊ ခဏလေးပဲ ကြာမှာ"


စိတ်မရှည်သော အရေပြားနီကောင်လေးက သူ့လမ်းကို ပိတ်ဆို့နေသော အရပ်အမြင့်ဆုံးကလေးကို တွန်းဖယ်ကာ အလျင်အမြန် ပြေးထွက်လာသည်– "ဖယ်၊ ငါ တက်မယ်"


၎င်း၏သွက်လက်ဖျတ်လတ်မှုသည် သူ့ ခန္ဓာကိုယ်နှင့် ကိုက်ညီသည်၊ သေးငယ်ပြီး ပျော့ပြောင်းသော မျောက်ငယ်လေးတစ်ကောင်ကဲ့သို့ ပေါ့ပါးပြီးဖျတ်လတ်သည်။ နျန်ကောင်း အလေးချိန်ကို မခံစားရမီ ကောင်လေးသည် လှုပ်ရှားမှုအနည်းငယ်ဖြင့် ခုန်တက်သွားခဲ့ပြီးဖြစ်သည်။


ခုန်ချမည့်အစား ကောင်လေးသည် ပြတင်းပေါက်၏ အစွန်ဆုံးရှိ လုံခြုံရေးတိုင်၏ကွာဟချက်ကို တည်ငြိမ်စွာ နေရာယူပြီး အားကိုးရာအတွက် သူ့ ခန္ဓာကိုယ်ကိုတိုင်ဖြင့် တမင်ရိုက်ထားသည်။


"လာ၊ ငါ မင်းကို ဆွဲတင်ပေးမယ်"


လက်ဆင့်ကမ်းပြိုင်ပွဲကဲ့သို့ ကလေးတစ်ဦးပြီးတစ်ဦး နျန်ကောင်း၏ကျောပေါ်သို့ တက်နင်းကာ ကောင်လေး၏ လက်ကိုဆွဲပြီး မျှော်လင့်ချက်ကို ကိုယ်စားပြုသော ပြတင်း ပေါက်မှတစ်ဆင့် ညှစ်ထွက်သွားကြသည်။


အပြင်ဘက်တွင် အရပ်အမြင့်ဆုံးကလေးမှ အခြားသူများကို ကူညီရန်ရပ်နေသည်။


အချိန်ကုန်လွန်လာသည်နှင့်အမျှ သူတို့ထဲမှ အများစုမှာ လွတ်မြောက်သွားကြပြီး ချင်ချင်နှင့် နျန်ကောင်းသာ ကျန်တော့သည်။


"ချင်ချင်၊ မြန်မြန်လုပ်၊ မင်း အစ်ကိုရဲ့ကျောကို နင်းလိုက်၊ အပေါ်ကအစ်ကိုက မင်းကို ဆွဲထုတ်ပေးလိမ့်မယ်" 


နျန်ကောင်းက ချွေးများစီးကျနေရင်း ချင်ချင်ကို အလျင် အမြန်တက်ရန် အမူအရာပြသည်။


သူသည် ကလေး ဒါဇင်ပေါင်းများစွာကို ဆက်တိုက်နင်းခံခဲ့ရသည်၊ အဆင်ပြေသည်ဟုပြောလျှင် လိမ်ရာရောက်မည်၊ သို့သော် အနည်းဆုံး ချင်ချင် မလွတ်မြောက်မီအထိ သူ ခံနိုင်ရမည်။


"မြန်မြန်လုပ်" 


ပြတင်းပေါက်ပေါ်ရှိ ကောင်လေးကပြောလာသည်။ သူ့ လက်သည် တုန်ယင်နေပြီး ချင်ချင်ကို တက်လာရန်အမူ အရာပြသည်။


သူသည် နျန်ကောင်းနှင့် အလားတူ အခြေအနေမျိုး ဖြစ် သည်၊ လူများစွာကိုဆွဲတင်ရန် ရုန်းကန်ခဲ့ရသည်။ သူ့ အင် အားသည်များစွာ ကုန်ခန်းသွားရုံသာမက သူ့ လက်မောင်းများပင် မယုံနိုင်လောက်အောင် နာကျင်နေသည်။


သို့သော် ချင်ချင် မလှုပ်ရှားခဲ့ပေ။ မျက်ရည်များက သူမ၏ မျက်လုံးများတွင်ဝဲနေပြီး နျန်ကောင်းကို ကြည့်ကာခေါင်း ခါ၍ ငြင်းဆန်သည်– "မလုပ်ဘူး၊ အစ်ကိုနျန်ကောင်း... အစ်ကိုနျန်ကောင်းမှာ နင်းဖို့ ဘယ်သူမှမရှိတော့ဘူး"


လူတိုင်းထွက်သွားကြပြီ၊ တစ်ယောက်တည်း ကျန်ခဲ့သော အစ်ကို နျန်ကောင်းသည် သေချာပေါက်အန္တရာယ်ရှိသည်။ ချင်ချင် သူ့ကို စွန့်ပစ်လို့မရဘူး!


"ရပါတယ် ချင်ချင်၊ မင်း အရင် တက်လိုက်၊ ပြီးရင် ဟိုအစ်ကိုလိုအပေါ်မှာ ထိုင်ပြီး ငါ့ကိုဆွဲတင်လိုက်၊ မင်းတို့ နှစ်ယောက်ပေါင်းပြီးဆွဲရင် ငါ့ကို အတူတူ ဆွဲတင်နိုင်မှာ သေချာတယ်"


နျန်ကောင်းသည် ချင်ချင်ကိုစိတ်ချစေသည့် အပြုံးဖြင့် ပြုံးပြသည်။


"စိတ်မပူပါနဲ့၊ ငါ ငါ့အမေနဲ့ အဖေဆီပြန်ရဦးမယ်၊ တခြားသူတစ်ဦးအတွက် ငါ့ရဲ့လွတ်မြောက်မှုကို စွန့်ပစ်တာမျိုး ငါ မလုပ်ပါဘူး"


"တကယ်... တကယ်လား"


ချင်ချင်က ယုံတစ်ဝက် မယုံတစ်က်ဖြင့်မေးလာသည်။ နျန်ကောင်းခိုင်မာစွာ ခေါင်းညိတ်သည်– "မင်းကို ငါ မလိမ်ပါဘူး"


"ကောင်းပြီ၊ ချင်ချင် အစ်ကို နျန်ကောင်းကို သေချာပေါက် ဆွဲတင်ပေးမယ်" ချင်ချင် ယုံကြည်သွားသည်။ သူလေးသည် သူ့ လက်ဖဝါးလေးများကိုဆုပ်ကိုင်လိုက်ပြီး ခိုင်မာ သော ကတိတစ်ခုပေးလိုက်သည်။


နျန်ကောင်း၏အကူအညီဖြင့် ချင်ချင်သည် လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်ကို အသုံးပြုကာ သူ့ ကျောပေါ်သို့ တက်လိုက်ပြီး ကောင်လေး၏ဆန့်ထုတ်ထားသော လက်ကို ဆုပ်ကိုင်ရန် လှမ်းယူသည်။


ထိုနှစ်ဦး လက်ဆုပ်ကိုင်ရန်နီးကပ်လာစဉ် အပြင်ဘက်မှ ဒေါသထွက်နေသော အော်ဟစ်သံ ရုတ်တရက်ထွက်ပေါ် လာသည်– "မင်းတို့ ဘာလုပ်နေတာလဲ"


တောက်ပသော ဓာတ်မီးရောင်သည် ထိုးကျလာပြီးပြတင်း ပေါက်ပေါ်ရှိ ကောင်လေးသည် လန့်သွားကာ မသိစိတ်ဖြင့် ခုန်ထွက်ပြီး ထွက်ပြေးသွားသည်။


ဤအရာကို မြင်သောအခါ အပေါ့အပါးသွားရန်လာသော လူကုန်ကူးသူသည် ချက်ချင်းနားလည်လိုက်သည်။


သူသည် သူ့ အသံကုန်အော်ဟစ်လိုက်ရာ အခြား လူကုန်ကူးသူအားလုံးနိုးထလာသည်– "လုပ်ကြဦး! ကုန်ပစ္စည်းတွေ ထွက်ပြေးသွားပြီ!"


စွန့်ပစ်ထားသော စက်ရုံတစ်ခုလုံးတွင် ဗြောင်းဆန်သွားသည်။


အလျင်စလိုခြေသံများ နောက်မှကပ်ပါလာသည်၊ ထို့ နောက် တံခါးသော့ဖွင့်သံ ထွက်ပေါ်လာသည်။


ကျယ်လောင်သော "ဒုန်း!" ဟူသောအသံဖြင့် တင်းကျပ်စွာ ပိတ်ထားသော တံခါးကိုကြမ်းတမ်းစွာ တွန်းဖွင့်လိုက်သည်။


လူကုန်ကူးသူ လေးငါးဦးသည် အပြင်ဘက်တွင် ရပ်နေပြီး ဓာတ်မီးများကို အတွင်းသို့ ထိုးလိုက်သည်။ ထို့နောက် ၎င်းတို့၏မျက်လုံးများ ထိတ်လန့်တကြား ပြူးကျယ်သွားသည်ကို သူတို့ တွေ့လိုက်ရသည်...


"ကလေးတွေ အကုန်ပျောက်နေပြီ!!!"


"လိုက်! သူတို့ သိပ်အဝေးကြီးကို ရောက်ဦးမှာ မဟုတ်ဘူး!"


တစ်စုံတစ်ဦးက အော်ဟစ်လိုက်ရာ လူတိုင်းကို သတိပေးလိုက်သည်။


တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည့်အလား လူတိုင်းသည် စက်ရုံမှ ချက်ချင်းထွက်ခွာသွားကြသည်၊ အချို့ကမူကားမောင်းကြပြီး အချို့ကပြေးကြကာ ထွက်ပြေးသွားသော ကလေးများနောက်သို့လိုက်ရန်အစောတလျင်ပြေးကြတော့သည်။


မကြာမီ စက်ရုံတစ်ခုလုံး တိတ်ဆိတ်သွားသည်။


ထောင့်ရှိရှုပ်ပွနေသော စက္ကူပြားပုံသည် အနည်းငယ် လှုပ်ယမ်းသွားပြီးနောက် သေးငယ်သောခေါင်းတစ်ဝက်နှင့် တောက်ပသော မျက်လုံးတစ်စုံပေါ်လာသည်ကို မည် သူမျှ သတိမပြုမိခဲ့ပေ။ 


"အစ်ကိုနျန်ကောင်း၊ အပြင်မှာ ဘယ်သူမှမရှိတော့ဘူး! ပြေးရအောင်!"


အပြင်မှာ ဘယ်သူမှ မရှိသည်ကိုတွေ့ရ၍ အလွန်ပျော်ရွှင်သော ချင်ချင်သည် စက္ကူပြားပုံကို အလျင်အမြန်ဖယ်ရှားလိုက်ပြီး နျန်ကောင်းကိုဆွဲကာ ယိုင်လဲရင်းထွက်လာသည်။ နျန်ကောင်း၏ကျောက နာကျင်နေသဖြင့် ပြေးရန်ခက်ခဲသော်လည်း ချင်ချင့်အရှိန်ကို မနှေးစေရန် သွားများကြိတ်ကာလိုက်ခဲ့သည်။ သူတို့ ကံကောင်းသည်။


ထွက်ပြေးသွားသော ကလေးများအားဖမ်းရန် အလျင်စလိုဖြင့် လူကုန်ကူးသူများသည် ဂိတ်ပိတ်ရန်မေ့သွားကြပြီး ၎င်းက ချင်ချင်နှင့် နျန်ကောင်းကို လွတ်မြောက်ရန် အဆင် ပြေစေခဲ့သည်။


မှောင်မိုက်သော အလင်းရောင်အောက်တွင် ကလေးငယ် နှစ်ဦးသည် လက်ချင်းချိတ်ကာ စက်ရုံမှ ဂရုတစိုက်ထွက်လာကြသည်။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို မြင်သောအခါ သူတို့၏ဦးတည်ရာကိုပင် မသိဘဲ စက်ရုံနှင့် ဝေးရာသို့ ကျပန်းဦးတည်ချက်တစ်ခုကို ရွေးချယ်ကာ အရူးအမူးပြေးကြတော့သည်။


"ဟူး၊ ဟူး၊ ဟူး..."


ခြောက်ရာခုနစ်ရာမီတာခန့် ပြေးပြီးနောက် ချင်ချင်သည် အသက်ရှူသံ ပြင်းထန်လာပြီး ရှင်းရှင်းလင်းလင်းပင် ပင်ပန်းနွမ်းနယ်နေသည်။ သူမသည် အားနည်းသူဖြစ်ပြီး ယခင်က ကြောက်ရွံ့မှုနှင့် ဆာလောင်မှုများက ဤမျှကြာကြာ ခံနိုင်ရည်ရှိခြင်းသည် အောင်မြင်မှုတစ်ခု ဖြစ်သည်။ သို့သော်... မလုံလောက်သေး၊ ရဲကို ရှာတွေ့သည်အထိ သူတို့ ဆက်ပြေးရဦးမည်။


"ချင်ချင်၊ အဆင်... ပြေရဲ့လား"


နျန်ကောင်းလည်း အသက်ရှူနေသည်။ မူလက ချင်ချင်က နျန်ကောင်းကိုဆွဲခေါ်နေသော်လည်း ယခုအခါ နျန်ကောင်း က ချင်ချင်ကိုဆွဲခေါ်နေရသည်။ ချင်ချင့်အရှိန် သိသိသာ သာလျော့ကျသွားသည်ကို ခံစားမိသောအခါ နျန်ကောင်း စိုးရိမ်မကင်းဖြစ်သွားသည်။


"ဆက်သွား... ချင်ချင် လုပ်နိုင်တယ်... ဆက်သွား..."


ချင်ချင်သည် ပင်ပန်းလွန်း၍ သူ့ ဦးနှောက်သည် အမှုန့်ကဲ့သို့ ဖြစ်နေသည်၊ နျန်ကောင်း၏အသံကို သူ မကြားနိုင်၊ သူမ ပြေးရမည်၊ ဆက်ပြေးရမည်ကိုသာ မှတ်မိသည်။ သူတို့သည် ဤလောကမှလွတ်မြောက်နိုင်ပြီဟု ထင်ခဲ့ကြသော်လည်း ကံကြမ္မာသည် သူတို့နှင့် ပျော်ရွှင်စွာကစားခြင်းကို နှစ်သက်ပုံရသည်။


"မင်းတို့ ငမိုက်သားလေးတွေ၊ ဒီမှာ ရှိနေကြတာကိုး!"


ကြမ်းတမ်းသော အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာပြီးနောက် တောက်ပသောမီးရောင်က ချင်ချင်နှင့် နျန်ကောင်း၏ပုံရိပ်များကို ရှင်းရှင်းလင်းလင်း ထိုးပြသည်။ ၎င်းတို့ လူကုန်ကူးသူများ၏ ထပ်မံဖမ်းဆီးခြင်းအားခံရပြီပင်!