Ch 1
Viewers 3k

🍼 Chapter 1

🍼 Qingqing Shrank


"မားမား၊ ချင်ချင် ရှူးရှူးပေါက်ချင်တယ်"


အိပ်ရာကနိုးလာ၍ မူးဝေနေဆဲဖြစ်သော ကူးချင်ချင်သည် သူမလေး၏နူးညံ့သော စောင်များထဲ စိတ်မပါလက်မပါထိုင်နေခဲ့သည်။ သူမ၏လက်သေးသေးလေးများသည် ကြာမြစ်လေးများသဖွယ်ကွေးညွတ်နေပြီး အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်လို့နေသည်။


ခဏကြာအောင် စောင့်ပြီးနောက် သူ ဆက်မထိန်းထားနိုင်တော့ပေ။ သူ့ မိခင်ဖြစ်သူ ဆက်မပေါ်လာသောအခါ သူမ နို့သံသေးဖြင့် ထပ်မံခေါ်ယူလိုက်သည်–


"မားမား၊ ချင်ချင် မထိန်းနိုင်တော့ဘူး"


"မားမား"


သို့သော်လည်း မည်သူမျှ ပြန်မဖြေလာပေ။


ကူးချင်ချင်သည် အနည်းငယ် နှုတ်ခမ်းဆူလိုက်ပြီး အနည်းငယ် နာကျင်ခံစားရသော်လည်း မငိုချေ။


သူမသည် ပတ်ပတ်လည်ကိုတွေဝေစွာကြည့်လိုက်ပြီး ဤအခန်းသည် သူမ အခန်းနှင့် အနည်းငယ်ကွာခြားနေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။


သို့သော် အိပ်ချင်နေဆဲကလေးငယ်သည် သူ့ကိုယ်ခန္ဓာလိုအပ်ချက်များကို ဂရုစိုက်ရန်စိတ်အားထက်သန်နေပြီး မစဉ်းစားဘဲ အိပ်ရာပေါ်မှ သူ့ ဘာသာဆင်းရန် ကြိုးစားလိုက်သည်။


အားယူလိုက်၊ အားယူလိုက်...


သူ့လမ်းကို ပိတ်ဆို့နေတဲ့ ဒီတောင်က ဘာတောင်လဲ ?


၎င်းက ချင်ချင်၏လမ်းကို ပိတ်ဆို့လို့နေသည်။


ချင်ချင်သည် အာရုံစူးစိုက်မှု အလွန်ကောင်းသော ကလေးတစ်ဦးဖြစ်သည်။


ထို့ကြောင့် "တောင်တက်ခြင်း" တွင် စိတ်ဝင်စားနေသော ကလေးငယ်သည် သူမ၏နူးညံ့သော၊ ပန်းရောင် ခြေထောက်လေးများမှာ အိပ်နေသော၊ ချောမောခန့်ညားသည့်မျက်နှာအား  အကြိမ်ကြိမ်တတ်နင်းမိနေသည်ကို လုံးဝသတိမထားမိပေ။


သူ့ခြေထောက်များ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူပင် နိုးလာလိမ့်မည်။


ဖူဟန်သည် နိုင်ငံခြားတွင် သုံးလကြာစီးပွားရေးခရီးစဉ်အား အခုလေးတင်အပြီးသတ်ခဲ့ပြီး မနေ့ညက နံနက် ၃ နာရီခန့်တွင် အိမ်သို့ပြန်ရောက်၍ အနားယူခဲ့ခြင်းဖြစ်သည်။


သူသည် နာရီအနည်းငယ်ထက် ပိုမအိပ်ရသေးမီ ပြင်းထန်စွာနိုးထလာပြီး ဒေါသစိတ်ဖြင့် သူ၏သွေးစွန်းသော၊ ထက်မြက်လှသည့် မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။


သူသည် သူ၏ခပ်မိုက်မိုက်နှင့် လှပသောဇနီးကိုတွေ့ရန် မျှော်လင့်ခဲ့သော်လည်း ယင်းအစား၊ ကြည်လငကာ အပြစ်ကင်းသော မျက်ဝန်းတစ်စုံနှင့် တွေ့ဆုံခဲ့သည်။


ကလေးလား ??


သူ့ အိပ်ရာထဲမှာ ဘယ်လိုလုပ် ကလေးတစ်ယောက် ရှိနေနိုင်မှာလဲ ?


"ဦးဦး၊  ဦးဦးက ဘယ်သူလဲ"


ချင်ချင်သည် သူ့ခေါင်းလေးကိုစောင်းလိုက်ပြီး သူ့အိပ်ရာထက်ပေါ်လာသော ထူးဆန်းသောလူကြီးအား စူးစမ်းစွာကြည့်ရှုလာသည်။


သူမသည် ထိုလူ့အပေါ် တစ်ဝက်တစ်ပျက်မျှ လှဲလျောင်းနေဆဲဖြစ်သည်။


သူမ တက်နေစဉ်က ပြဿနာမရှိခဲ့သော်လည်း ယခု သူမ ငြိမ်နေသောအခါ ပတ်ပတ်လည်တွင် ခြေချစရာနေရာမရှိဘဲ သူမ၏ ဝ၀လုံးလုံးလက်မောင်းများနှင့် ခြေထောက်များသည် ချက်ချင်းပျော့ကျသွားပြီး သူမ ဖူဟန်အပေါ်သို့ပစ်လဲကျသွားသည်။


သူ့အပေါ်သို့ ရုတ်တရက်ဖိအားရောက်ရှိလာမှုကြောင့် လန့်နိုးသွားသော ဖူဟန်သည် မျက်မှောင်ကြုတ်လိုက်သည်။ ကလေးကို သူ့ဆီမှဖယ်လိုက်ပြီး ထထိုင်ကာ ကူးချင်ချင်၏အပြစ်ကင်းကာ တွေဝေနေသော မျက်လုံးများကိုတည့်တည့်ကြည့်လိုက်သည်။


"ချင်ချင်"


ဒါမေးခွန်းမဟုတ်ဘဲ အံ့အားသင့်မှုဖြစ်သည်။


ကလေး၏ ရုပ်ရည်ကို သေချာစစ်ဆေးပြီးနောက် ဖူဟန်သည် ကလေးသည် သူ့ဇနီးနှင့် တစ်ပုံစံတည်း၊ သူမ၏ပုံတူငယ်လေး ဖြစ်နေသည်ကို ရုတ်တရက် အံ့အားသင့်စွာတွေ့ရှိလိုက်ရသည်။


သူ့ဇနီးသည်က သူ မသိဘဲ သမီးတစ်ယောက်မွေးထားခဲ့တာလား ?


မဟုတ်ဘူး၊ ဒါ မဖြစ်နိုင်ဘူး။


ဖူဟန် သူ့ခေါင်းကို ခါလိုက်ပြီး ယုံကြည်စိတ်ချမှုမရှိသော အတွေးကိုပယ်ဖျက်လိုက်သည်။


သူအလုပ်အတွက် မကြာခဏခရီးထွက်သော်လည်း တစ်နှစ်၏ထက်ဝက်နီးပါးကို အိမ်တွင်သာကုန်ဆုံးခဲ့သည်။ သူ့ဇနီး ကိုယ်ဝန်ရှိ သည်၊ မရှိသည်ကို မသိဘဲ မနေနိုင်ပေ။


ချင်ချင်သည် သူ့ရှေ့မှ ထူးဆန်းသော ဦးဦး ဘာတွေးနေသည်ကိုဂရုမစိုက်ဘဲ ရှုးပေါက်ရန် အလွန်စိတ်အားထက်သန်နေပြီး သူမလေး၏ ဖြူစင်ပြီးချစ်စရာကောင်းသောမျက်နှာလေးမှာ နီရဲနေခဲ့သည်။


"ရှုးပေါက်ချင်တယ်၊ ချင်ချင် ရှုးပေါက်ချင်တယ်..."


သူမ၏လက်သေးသေးလေးများသည် ဖူဟန့်လက်မောင်းကိုထုရိုက်နေပြီး စိုးရိမ်သောအသံတို့မှာ ပိုမို ပြတ်သားလာသည်။


ကလေးအိပ်ရာပေါ်တွင် မြေပုံဆွဲနေမည်ကိုကြောက်ရွံ့သော ဖူဟန်သည် သူ့ သံသယများကို ချက်ချင်းလျစ်လျူရှုပြီး ချင်ချင်အား ရေချိုးခန်းထဲသို့ အလျင်အမြန်ခေါ်သွားလိုက်သည်။


သူမကို ချပေးပြီးနောက် သူမ တစ်ယောက်တည်းအိမ်သာသုံးနိုင်သလားဟုမေးရန် ပြင်ဆင်နေစဉ် သူမ၏တွန့်ချိုးနေသော နဖူးလေး ပြေလျော့သွားသည်ကို သူ မြင်လိုက်ရသည်။


ရုတ်တရက် မကောင်းသောခံစားချက်တစ်ခု သူ့စိတ်အတွင်းဖြစ်ပေါ်လာသည်။ သူ အောက်ကိုကြည့်လိုက်သောအခါ ချင်ချင်၏ ခြေထောက်အောက်တွင် ရေအိုင်ငယ်လေးတစ်ခုဖြစ်ပေါ်နေသည်ကို တွေ့လိုက်ရသည်ပြီး သေချာသည်မှာ...


ဖူဟန်– “...”


ချင်ချင်– “...”


ရှုးပေါက်ရန်လိုအပ်သည့် စိတ်မသက်မသာမှု မရှိတော့သောကြောင့် ချင်ချင် တုန်လှုပ်သွားသည်။


သူမသည် ဖူဟန်၏အကြည့်အတိုင်း အောက်ကိုကြည့်လိုက်ပြီးနောက် တွေဝေစွာအပေါ်သို့ ပြန်မော့ကြည့်လိုက်သည်။ သူမလေး၏ အမူအရာမှာ တဖြည်းဖြည်း ငိုမဲ့မဲ့ဖြစ်လာတော့သည်။


"ဝါး... ချင်ချင် ဘောင်းဘီရှူးစိုသွားပြီ... ဝါး..."


သုံးနှစ်ခွဲအရွယ်ကလေးတွင်ပင် ဂုဏ်သိက္ခာရှိပြီး သူစိမ်းများရှေ့တွင် ဘောင်းဘီရှူးစိုသွားခြင်းက မယုံကြည်နိုင်လောက်အောင် ရှက်စရာကောင်းပြီး သူမအား ထိုနေရာ၌ပင် ငိုကြွေးစေခဲ့သည်။


ရုတ်တရက် ထွက်ပေါ်လာသောငိုသံသည် ဖူဟန်အား ခေါင်းကိုက်စေရုံသာမက အပြင်ဘက်မှဖြတ်သွားသော ဖူစစ်ကျင်း၏ အာရုံကိုပါ အောင်မြင်စွာဆွဲဆောင်လိုက်နိုင်သည်။


သူ ရပ်လိုက်ပြီး သူ့လည်စည်းကိုချိန်ညှိကာ သူ့ မိဘများ၏အိပ်ခန်းတံခါးဆီသို့ စိတ်ရှုပ်ထွေးစွာခေါင်းလှည့်လိုက်သည်။


ဘယ်လိုဖြစ်ပြီး ကလေး ငိုနေရတာလဲ ??


"ဒေါက် ၊ ဒေါက် ၊ ဒေါက် ..."


"မားနဲ့ ပါး အထဲမှာ ဘာဖြစ်နေတာလဲ"


***


နံနက် ၇ နာရီ ၃၀ မိနစ်… လှုပ်လှုပ်ရှားရှား ဖြစ်ပြီးနောက်


ကူးချင်ချင်သည် ရေချိုးပြီး၊ ကြမ်းပြင်ပေါ်သို့ တရွတ်တိုက်လုနီးပါးဖြစ်နေသော ကြီးမားသောဆွယ်တာအင်္ကျီကို ဝတ်ဆင်ထား သည်။ သူမသည် ဇိမ်ရှိစွာအလှဆင်ထားသော ဧည့်ခန်းဆိုဖာပေါ်ရှိနေပြီး သူမ၏ဝက်ဝံရုပ်ကို ဆုပ်ကိုင်ထားကာ ကြီးမားသော အမျိုးသားနှစ်ဦး ဝိုင်းရံထားခြင်းကို ကြောက်ရွံ့စွာစိုက်ကြည့်နေသည်။


"..."


တိတ်ဆိတ်မှု ဆိတ်သုဉ်းသွားပြီး လူတိုင်း၏အမူအရာများမှာ ရှုပ်ထွေးနေခဲ့သည်။


တံခါး ရုတ်တရက်ဖွင့်လိုက်သောအခါ တိတ်ဆိတ်မှုပြေပျောက်သွားပြီးနောက် အနည်းငယ်စိတ်မရှည်သော အပြစ်တင်သံထွက် ပေါ်လာသည်။


"ဒီအချိန်ကြီး ငါ့ကို အလျင်စလိုလာခိုင်းရလောက်အောင် အရေးကြီးတဲ့ အကြောင်းပြချက်ပေးနိုင်ရင် ကောင်းမယ်နော်"


မနေ့ညကအရေးကြီးတဲ့ပရောဂျက်အား တွန်းအားပေးဖို့ မနက် ၃ နာရီအထိ မအိပ်ဘဲနေခဲ့ရပြီး မနက် ၇ နာရီမှာ နိုးလာခဲ့ရတဲ့ အိပ်ရေးပျက်နေတဲ့ လူခမျာ အကြီးအကျယ် စိတ်တိုနေကာ သူ့လေသံသည်ကြမ်းတမ်းလို့နေသည်။


နည်းနည်းကြမ်းတမ်းသဖြင့် ၎င်းက ချင်ချင်ကို ကြောက်လန့်စေသည်။


ကလေးမလေးသည် ဆိုဖာထဲသို့ကျုံ့ဝင်သွားပြီး သူ့ဝက်ဝံရုပ်ကို ကြောက်ရွံ့စွာတင်းတင်းဆုပ်ကိုင်ထားသည်။


သူမ၏သတိရှိပြီး ကြောက်လန့်သောမျက်လုံးများသည် အရွယ်ရောက်သူများကြားလှည့်ပတ်နေသော်လည်း အသံထွက်ရန်မရဲပေ။


အခန်းထဲဝင်လာသော အမျိုးသားသည် ဧည့်ခန်းရှိ ပုံမှန်မဟုတ်သော အခြေအနေကို ချက်ချင်းသတိပြုမိလိုက်သည်။


သူ ရပ်လိုက်ပြီး သူ၏ထက်မြက်သော အကြည့်သည် လူများကြားမှထိုးဖောက်ဝင်ရောက်ကာ အလယ်ဗဟိုတွင် ဝိုင်းရံထားသော ကလေးမလေးပေါ်သို့ တိတိကျကျ ကျရောက်သွားသည်။


အသက် √


ရုပ်ရည် √


ဖူမိသားစုဝင်များဖြင့် ဝိုင်းရံထားသောကြောင့် သူမ၏ ကိုယ်ပိုင်လက္ခဏာသည်လည်း √ ဖြစ်သင့်သည်၊ အတည်ပြုပြီး။


တိတ်ဆိတ်မှုကြာမြင့်စွာအကြာတွင် သူ ရုတ်တရက်ပေါက်ကွဲလိုက်သည်– "... ခင်ဗျားတို့ ဘာကို ဆိုလိုတာလဲ ?! တတိယမြောက် ကလေးက ဒီလောက်တောင်ကြီးနေပြီ၊ အခုမှ ကျွန်တော့်ကိုပြောပြတာလား ? ဒါဆို ကျွန်တော်က ကလေးရဲ့ ဦးလေးဖြစ်ဖို့မထိုက် တန်လို့လား ??"


"ဦးလေး၊ နားလည်မှုလွဲနေတယ်"


ပါးပါးဖူနှင့် သားတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်လုံးများထဲ အကူအညီမဲ့မှုနှင့် ရှောင်လွှဲခြင်းကို မြင်နေရသည်။


အဆုံးတွင် ဖူစစ်ကျင်းသည် သားတစ်ဦးအနေဖြင့် သူ့ဖခင်၏အာဏာကိုမခံနိုင်ဘဲ သူ့အကြည့်ကိုပြောင်းလဲလိုက်ပြီး သိမ်မွေ့သော အမူအရာဖြင့်ရှင်းပြလာသည်– "ဒီကလေးက... ကျွန်တော့် ညီမ မဟုတ်ဘူး၊ သူက..."


သူ အဘယ်ကြောင့် မပြောနိုင်ရသည်ကို နားမလည်ပေ။


"သူက ဘယ်သူလဲ ?" အဘယ်ကြောင့်မှန်းမသိ ကူးလန်၏အကြည့်သည် ဖူဟန့်အပေါ်သို့ မသိမသာပျံဝဲသွားသည်။


သူ မြက်ခင်းများ၏လတ်ဆတ်သောရနံ့ကို အနံ့ခံမိပုံရသည်။


အဲ့အမျိုးသမီး ပြဿနာရှာနေပြန်ပြီ၊ ကူးလန်၏ စိတ်တိုမှုတို့မှာပိုတိုးလာရသည်။


သူ သူ့ဆံပင်များကိုဖွလိုက်ပြီး သူ၏ရှုပ်ပွနေပြီးသား ဆံပင်ပုံစံကို ပိုလို့ပင်ဆိုးရွားစေသည်။


"ဒီပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်တော်တို့ကူးအုပ်စုက ခင်ဗျားတို့ကို နောက်ထပ် သုံးရာခိုင်နှုန်းစျေးထပ်လျော့ပေးနိုင်ပါတယ်"


ဒီသုံးရာခိုင်နှုန်းကို အထင်မသေးလိုက်နှင့် ထိုပမာဏအနည်းငယ်မှာ သန်းပေါင်းများစွာသော လျှော့ချမှုကိုကိုယ်စားပြုသည်။


ဤမျှ ကြီးမားသောစွန့်လွှတ်မှုဖြင့် ထိုအမျိုးသမီးဖန်တီးခဲ့သော ပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မှာ သေချာသည်။


ဖူမိသားစုရှိဖခင်နှင့်သားတို့သည် ကူးလန်၏တုံ့ပြန်မှုတွင် တစ်ခုခုမှားယွင်းနေသည်ကို နောက်ကျမှသတိပြုမိကြပြီး ၎င်းတို့၏ ဆင်တူသော ချောမောသည့်မျက်နှာများ ချက်ချင်းဆိုသလိုမည်းမှောင်သွားရသည်။


"သူက ကူးချင်ချင်ပါ"


"ဦးလေး၊ သူက ကျွန်တော့်မား"


ကူးလန်သည် ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်သည်။ "သူတို့က အရမ်းတူတာ၊ ငါ သိနိုင်ပါတယ်။ သူမက မင်းအမေရဲ့ ဖောက်ပြန်ပြီး မွေးတဲ့ ကလေး... ဘာ? မင်းအမေ?!" သူ အလွန်တုန်လှုပ်သွားသောကြောင့် သူ၏ အသံ ကွဲထွက်လုနီးပါး ဖြစ်သွားသည်။


ဟုတ်ပါတယ်၊ ထိတ်လန့်မှုက ခဏတာသာ ဖြစ်သည်။


ကူးလန်သည် အလျင်အမြန် စိတ်ငြိမ်သွားပြီး အနည်းငယ်သောပျော်ရွှင်စရာကိုပင် တွေ့ရှိခဲ့သည်။


သူ ရုတ်တရက် မေးလိုက်သည်– "ဒီနေ့ ဘာနေ့လဲ"


"ဇွန်လ ၁ ရက်" ဖူစစ်ကျင်းသည် နံရံပေါ်ရှိ ဒစ်ဂျစ်တယ်နာရီကိုကြည့်လိုက်သည်။


"ဇွန်လ ၁ ရက်၊ ကလေးများနေ့! ငါက ဧပြီလ Fool's Day လို့ထင်ခဲ့တာ" ကူးလန်သည် ထိုမဖြစ်သောကိစ္စအား လုံးဝမယုံကြည်ဘဲ ဖူမိသားစုရှိဖခင်နှင့် သားတို့မှ သူ့အား လှည့်စားနေသည်ဟု ယူဆလိုက်သည်။


"ဒါ အမှန်တရားပါ" ဒေါသထွက်နေသော ကူးလန် ထွက်သွားခြင်းအား တားဆီးရန် ရှေ့သို့တိုးလာသော ဖူဟန်၏အကြည့်သည် အေးဆေးတည်ငြိမ်နေသည်။

"ကျွန်တော်တို့ ခင်ဗျားကို လိမ်စရာအကြောင်းမရှိဘူး"


ဖူမိသားစုရှိ ဖခင်နှင့်သားတို့၏ ပေါင်းစပ်ရှင်းပြမှုနှင့် အမျိုးမျိုးသောသက်သေအထောက်အထားများကို တင်ပြပြီးနောက် ကူးလန်၏ ရုပ်ဝါဒကမ္ဘာ့အမြင်သည် လုံးဝပြိုကျသွားပြီး မည်သည့်အခါမှပြန်လည်တည်ဆောက်နိုင်ခြင်း မရှိတော့ပေ။


သူသည် ၎င်းကိုမယုံကြည်ရန် အသည်းအသန်ကြိုးစားခဲ့ပြီး ဤကိစ္စအားပယ်ချရန် အသည်းအသန်ကြိုးစားခဲ့သည်။


သို့သော် ဖူဟန်ပြောသည့်အတိုင်း သူသည် သူ့အားလှည့်စားရန် တမင်တကာဖိတ်ခေါ်ဖို့ အချိန်မရှိ၊ စိတ်အားထက်သန်မှုလည်း မရှိပေ။


ထို့အပြင် ဖူမိသားစု၏အတွင်းပိုင်း CCTV တွင် ကူးချင်ချင်သည် မနေ့က အိမ်ပြန်ရောက်ပြီးနောက် ထွက်ခွာသွားခြင်း မရှိသေးသော် လည်း ယခုအခါ ထိုကဲ့သို့သောအရွယ်ရောက်ပြီး အမျိုးသမီးတစ်ဦးသည် လေထဲပျောက်ကွယ် သွားခဲ့သည်။ လွန်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ကူးမိသားစု၏ CCTV ဖိုင်များကို ပြန်လည်သုံးသပ်ကြည့်ရာ ကလေးလေးချင်ချင်၏ အရိပ်အယောင်ကို မတွေ့ရသော ကြောင့် ကလေးလေးချင်ချင်အား ဖူမိသားစု၏အိမ်တွင် တမင်တကာဝှက်ထားသည်ဟု သံသယရှိစရာမရှိပေ။


ဤအရာအားလုံးသည် ထင်ရှားသောအချက်တစ်ခုကို ညွှန်ပြနေသည်– ကူးချင်ချင်သည် တစ်ညတည်းနှင့် သုံးနှစ်အရွယ်ကလေး တစ်ဦးအဖြစ်ပြောင်းလဲသွားခဲ့ခြင်းပင်။


"ခင်ဗျား မယုံသေးရင် ဖခင်ဖြစ်မှု စစ်ဆေးမှုလုပ်နိုင်တယ်" ဟု ဖူဟန် ပြောလိုက်သည်။


ကလေးလေးချင်ချင်၏ DNA ကို ကူးလန်၊ ကူးမိဘများ၏ DNA နှင့် ရိုးရှင်းစွာနှိုင်းယှဉ်ကြည့်လိုက်လျှင် ရလဒ်များကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။


"ကျွန်တော် DNA စစ်မှာပါ၊ ဒါပေမယ့်..."

ကူးလန်၏အကြည့်သည် ဧည့်ခန်းတွင် ဝက်ဝံရုပ်ကိုပွေ့ဖက်ကာ၊ ခြေထောက်များကိုလွှဲကာ၊ ကွတ်ကီးချောင်းကို စုပ်၍ ကာတွန်း များပျော်ရွှင်စွာကြည့်နေသော ချင်ချင်ထံဖြတ်ကျော်သွားသည်။ ရုတ်တရက် ခေါင်းကိုက်ခြင်းက ကူးလန်ကိုတိုက်ခိုက်လာသည်– "အခု အရေးအကြီးဆုံးက အဲဒီကလေးကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မဟုတ်ဘူးလား"


"ဦးလေး၊ ဒါ ကျွန်တော့်မား၊ ခင်ဗျားရဲ့ ကျဲ" ဖူစစ်ကျင်း သူ့ကို ကြင်နာစွာသတိပေးလိုက်သည်။


'ဒီကလေး' က သူစိမ်းတစ်ယောက်မဟုတ်ဘူး၊ သူနဲ့ ဘာမှမပတ်သက်သလိုမပြုမူစမ်းပါနဲ့။


"ငါ သိတယ်"  သိခြင်းက ခေါင်းကိုက်ခြင်းကိုသာ ပိုဆိုးစေသည်။


ချင်ချင်သည် တီဗီပေါ်ရှိပန်းရောင်ဝက်ကလေးဖြင့် လုံးဝအာရုံစိုက်နေစဉ် ရုတ်တရက်အရပ်ရှည်သော အရိပ်များစွာ သူ့အပေါ်သို့ မှောင်ရိပ်ကျလာသည်။


သူမ အလိုလိုမော့ကြည့်လိုက်သည်။ သူမ၏ကြည်လင်သော မျက်လုံးများသည် သူမကို ထပ်မံဝိုင်းရံထားသော အရွယ်ရောက်သူ များကို တွေဝေစွာစိုက်ကြည့်လိုက်သည်– ယခုမူ နောက်တစ်ဦး ထပ်တိုးလာခဲ့သည်။


သူ့ဝက်ဝံရုပ်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ ချင်ချင်သည် သူ့သတ္တိကို မြှင့်တင်ရန် စိတ်ထဲမှလက်သီးဆုပ်လိုက်ပြီး... တိုးတိုးလေး မေးလိုက်သည်– "ဦးဦးတို့၊ ဦးဦးတို့က ဘယ်သူတွေလဲ"


သူမလေးသည် လုံးဝကြောက်တတ်သူတစ်ယောက်ဖြစ်သည်။


ကူးလန်သည် ချင်ချင်အားရှုပ်ထွေးသောအမူအရာဖြင့် ခဏတာစိုက်ကြည့်ပြီးနောက် အေးစက်စွာပြောလိုက်သည်– "ငါက မင်းရဲ့ တိတိ"


"ဦးဦး လိမ်နေတာ" ချင်ချင်သည် ကူးလန်၏ "လိမ်ညာမှု" ကို ချက်ချင်းဖော်ထုတ်လိုက်သည်– "မားမားနဲ့ ပါးပါးက ချင်ချင့်ကို ဒုတိယကလေး ထပ်မယူဘူးလို့ ကတိပေးထားတယ်"


ကလေးသည် စိတ်ခံစားမှုပြင်းထန်သောကြောင့် သူမ၏အစောပိုင်းကြောက်ရွံ့မှုကို ခေတ္တမေ့သွားရပြီး ကျယ်လောင်စွာနှင့် ပြင်းပြင်း ထန်ထန်အော်ဟစ်လိုက်သည်။


"ဟေး၊ ဒါပေမယ့် မားမားနဲ့ ပါးပါးက ငါ့ကိုမွေးခဲ့တာပဲလေ၊ နင် ဘာလုပ်နိုင်လို့လဲ" သူ လက်ပိုက်လိုက်ပြီး အရိုက်ခံချင်စရာ ကောင်းသော လှောင်ပြောင်သည့် အမူအရာကို ကျွမ်းကျင်စွာပြသလိုက်သည်။


မောင်နှမများ၏ကာလကြာရှည်စွာ စကားများခြင်းအလေ့အကျင့်က ကူးလန်ကို သူ၏ရင်းနှီးကျွမ်းဝင်သော 'တိုက်ခိုက်ရေးပုံစံ' သို့ ချက်ချင်းပြန်လည်ရောက်ရှိစေခဲ့သည်။


"ဦးဦး၊ သူ လိမ်နေတာ မဟုတ်လား?" ကူးလန်၏သဘောထားမှာ အလွန်သေချာနေသောကြောင့် ချင်ချင် မည်သို့ လုပ်ရမည် မသိပေ။


သူမသည် အဆိုးသဘောဆောင်သည့်အဖြေကို မျှော်လင့်ကာ ဖူစစ်ကျင်းထံတောင်းပန်သော မျက်လုံးများဖြင့်ကြည့်လိုက်သည်။


ကလေးများ၏အမြင်သည် တကယ်ထက်မြက်သည်ဟု ပြောရမည်။ သူတို့သည် အရွယ်ရောက်သူများစွာကြားမှ သူတို့အပေါ် အကြင်နာဆုံးသူကို အလွယ်တကူရှာဖွေနိုင်ကြသည်။


အခြားနှစ်ဦးက လူကောင်းများမဟုတ‌်သောကြောင့်မဟုတ်ဘဲ ၎င်းတို့သည် အသက်ကြီးပြီး လျစ်လျူရှုလို့မရသောတည်ရှိမှုမျိုး ရှိသောကြောင့် တိရစ္ဆာန်ကဲ့သို့ အလိုလိုသိစိတ်ရှိသော ကလေးအားကြောက်လန့်စေပြီး အလွန်အမင်းနီးကပ်ခြင်းမှ တားဆီးထားသည်။