Ch 20
Viewers 2k

🥝 Chapter 20


“...” စုကျို နှုတ်ခမ်းများ တွန့်သွားရသည်။


ပထမထပ်ဆိုတာ ပုံမှန်ဆိုရင် လူသူကင်းမဲ့တဲ့ နေရာမျိုးလား ?


တာဝန်ခံကိုလည်း တစ်လမှတစ်ရက်တည်းပဲ တွေ့လို့ရတာလား ?


တောက်ရန်သည် စုကျိုအနားရှိ မှတ်တမ်းတင်ကျောက်တုံး လေးတုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်ရင်း - “‘ဝိညာဉ်ပိုးကောင်ဂေဟာ’ က ‘သူတော်စင်အဆင့်’ ပါရမီရှင်တွေရဲ့ ကျင့်ကြံမှုအခြေအနေကို ပုံမှန်စောင့်ကြည့်လေ့ရှိတယ်၊ တစ်လတစ်ကြိမ် အစည်းအဝေးလုပ်ရသလို၊ သုံးလတစ်ကြိမ် ကျင့်ကြံမှုဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ တင်ရမယ်၊ စုကျို... အဆင်သင့်ပြင်ထား” ဟုပြောလိုက်သည်။


စုကျို: “?” 


ဒါက လုပ်ငန်းခွင် အစီရင်ခံစာ တင်ရသလိုမျိုးလား?


တောက်ရန်က ပြောရင်းနှင့် ‘ရတနာခန်းမ’၏ အစွန်းသို့ လမ်းလျှောက်သွားကာ လက်ချောင်းများဖြင့် မန္တန်အစီအရင်ပြုလုပ်ပြီး ဘေးတစ်ဖက်တစ်ချက်ရှိဆီမီးအိမ်များကို ထွန်းညှိလိုက်သည်။ ရတနာခန်းမ တံခါးမှာ 'ကလစ်' ခနဲ အသံနှင့်အတူပွင့်သွားပြီး အတွင်းဘက်ရှိ အုတ်နံရံများကို မြင်လိုက်ရသည်။ ၎င်းမှာ အခေါင်းပေါက်နေရာတစ်ခုဖြစ်ပြီး ကျောက်ပြွန် ၁၂ ခုမှာ အပေါ်မှအောက်သို့ ဒေါင်လိုက် ဆင်းနေသည်။


ထိုခဏတွင် ဝှူးခနဲ အသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် အဖိုးတန် စိမ်းမြမြဆေးလုံးတစ်လုံးစီမှာ ပြွန်တစ်ခုချင်းစီမှပြုတ်ကျလာကာ ကျောက်နံရံအောက်ခြေရှိ အနီရောင် ကတ္တီပါစပေါ်သို့ ကျလာတော့သည်။


စုကျို မျက်ခုံးပင့်လိုက်မိသည်။


ဒီအထပ်မှာရှိတဲ့ ‘အားဖြည့်ဆေးလုံး’ တွေအားလုံးက အပေါ်ထပ်ကနေ ဆင်းလာတာကိုး။


ခဏအကြာတွင် တောက်ရန်သည် ထိုဆေးလုံးများကို ကျောက်စိမ်းပုလင်းထဲသို့ထည့်ကာ အနီရောင်ရွှံ့စေးဖြင့် ပိတ်လိုက်ပြီး စုကျို ရှေ့တွင် လှုပ်ပြလိုက်သည်။ ထို့နောက် သူ့အင်္ကျီလက်ကို တစ်ချက်ခါလိုက်ရာ အနီရောင်ကြိုးဖြင့် ချည်နှောင်ထားသော ကျောက်စိမ်းပြားသုံးခုပါသည့် အစုအဝေးတစ်ခု သူမရှေ့သို့ရောက်လာသည်။ ၎င်းမှာ “ရီယွမ်အဆင့် အတွက် အဆင့်မြင့်သစ်သားဓာတ်ကျင့်စဉ် သုံးမျိုးမှ တစ်မျိုးကိုရွေးချယ်ခြင်းဖြစ်သည်။


“ဂေဟာက နင့်ကို အဆင့်မြင့်ကျင့်စဉ်တစ်ခု ဆုချီးမြှင့်တယ် စုကျို၊ နင် ကြိုက်တာတစ်ခုကို ရွေးနိုင်တယ်”


“‘သစ်သားစိမ်း ပြောင်းလဲခြင်းကျင့်စဉ်’ သက်တမ်းကို ရှည်စေပြီး သွေးစွမ်းအင်ကို အလျင်အမြတ်ပြန်လည်ပြည့်ဖြိုးစေတယ်”


“‘သစ်သားဆူးတစ်ထောင်ကျင့်စဉ်’ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးစေပြီး တိုက်စစ်ရော ခံစစ်မှာပါထူးချွန်တယ်”


“‘ချိုင့်ဝှမ်းရှိ သစ်ခွကျင့်စဉ်’ ဝိညာဉ်အမြစ်ကို မြှင့်တင်ပေးနိုင်တဲ့ အလားအလာရှိသလို ဝိညာဉ်စွမ်းအင်ကိုလည်း အမြန်ပြန်ဖြည့်ပေးတယ်”


အားလုံး အတော်လေးကောင်းပုံရသည်။ စုကျို မျက်ဝန်းများ ဝေ့ဝဲသွားကာ ကျောက်စိမ်းပြားသုံးခုလုံးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။


“မရွေးခင်မှာ အထဲက အကြောင်းအရာတွေကိုအရင်လှန် လှောကြည့်နိုင်ပါတယ်” ဟု တောက်ရန် ပြုံးလျက်ဆို သည်။


သူ့အတွက် လက်ရှိမှာ ‘သွေးစွမ်းအင်’ က အသုံးဝင်ဆုံး ဖြစ်သည်။ ကူးယူခြင်း စွမ်းရည်ကိုသုံးတိုင်း သွေးစွမ်းအင် လိုအပ်သည် မဟုတ်ပါလား ?


စုကျိုသည် အထဲကိုပင် ကြည့်စရာမလိုဘဲ သွေးစွမ်းအင် ပြန်ဖြည့်ပေးသည့် ကျင့်စဉ်ကိုရွေးမည်ဟု ချက်ချင်းဆုံး ဖြတ်နိုင်ခဲ့သည်။ သို့သော် သူမ ကျောက်စိမ်းပြားများကို ကိုင်ထားရင်း ခဏမျှ စဉ်းစားဟန်ပြုလိုက်သည်။


ထိုစဉ် သူ့ညာဘက်လက်မောင်းတွင် အပူရှိန်တစ်ခုကို ခံစားလိုက်ရသည်။


[ ရီယွမ်အဆင့် အဆင့်မြင့်သစ်သားဓာတ်ကျင့်စဉ် သုံးမျိုးပါဝင်သော ကျောက်စိမ်းပြားအစုအဝေးကို တွေ့ရှိသည်။ ]


[ ကူးယူခြင်း စတင်နေပြီ! ]


“ရွေးရခက်နေလို့လား ?” 


စုကျို၏ တုံ့ဆိုင်းနေသော အမူအရာကို မြင်သဖြင့် တောက်ရန်က နားလည်ပေးသည့်အသွင်ဖြင့် ပြုံးလိုက်သည် - “တကယ့်ကို ဆုံးဖြတ်ရခက်တဲ့ အခြေအနေပဲမလား ?”


“...” 


စုကျိုသည် စုကျီကျီ ပြုံးသကဲ့သို့ အားနာနာအပြုံးမျိုးကို အတင်းဖျစ်ညှစ်ကာ ပြုံးလိုက်သည် - “အဲဒီလိုပါပဲ”


“ဟဲဟဲ... စိတ်မပူပါနဲ့၊ ဒီသုံးမျိုးစလုံးက ‘ဝိညာဉ်ပိုးကောင်ဂေဟာ’ ရဲ့ ရီယွမ်အဆင့်မှာ ထိပ်တန်းကျင့်စဉ်တွေပဲ၊ သာ မန်ကျင့်ကြံသူတစ်ယောက်က တစ်မျိုးတည်းကိုပဲ တတ် မြောက်ရင်တောင် နောင်ကျရင် သစ်သားဓာတ် ထိပ်တန်းပညာရှင်ဖြစ်လာမှာ သေချာတယ်”


တောက်ရန်က ဆက်ပြောသည် - “ဘာပဲရွေးရွေး မမှားနိုင်ပါဘူး၊ ဒီကျောက်စိမ်းပြားတွေမှာ ‘အသိဉာဏ်ပွင့်လင်းခြင်း’ မန္တန်တွေ ပါဝင်ပြီးသားမို့လို့၊ နင် ဖတ်လိုက်တာနဲ့ ပထမအဆင့်ကို တိုက်ရိုက်တတ်မြောက်နိုင်စေမှာပဲ၊ သင် ယူလို့ မရမှာကိုတော့ မစိုးရိမ်နဲ့”


ဤကျောက်စိမ်းပြားများကသင်ယူရာတွင် ကူညီပေးလိမ့် မည်ဟု စုကျို မထင်ထားပေ။


“ဒါပေမဲ့ တစ်ခုပဲ ရွေးလို့ရမယ်နော်၊ ကိုယ်မနိုင်တဲ့ ဝန်ကိုတော့ မထမ်းနဲ့ဦး”


“...ဟုတ်ကဲ့” စုကျို လိမ်မာစွာ ခေါင်းညိတ်လိုက်ရင်း သူ့ ‘သိုလှောင်ရုံ’ ထဲသို့ အဋ္ဌမမြောက်ပစ္စည်းကို ကူးယူပြီးသွားကြောင်း အချက်အလက်ကို တိတ်တဆိတ်ကြည့်လိုက်သည်။


[ ရီယွမ်အဆင့် အဆင့်မြင့် သစ်သားဓာတ်ကျင့်စဉ် သုံးမျိုး ကျောက်စိမ်းပြားအစုံကို အောင်မြင်စွာ ကူးယူပြီးပါပြီ! ]


[ ‘သစ်သားစိမ်း ပြောင်းလဲခြင်းကျင့်စဉ်’ *၉ စောင် ရရှိသည်။ ]


[ ‘သစ်သားဆူးတစ်ထောင်ကျင့်စဉ်’ *၉ စောင် ရရှိသည်။ ]


[ ‘ချိုင့်ဝှမ်းရှိ သစ်ခွကျင့်စဉ်’ *၉ စောင် ရရှိသည်။ ]


သူ့ သိုလှောင်ရုံ စာရင်းထဲတွင် ကျောက်စိမ်းပြားငယ်လေး ၉ ခုစီ၊ စုစုပေါင်း ၂၇ ခုကို မြင်လိုက်ရသည်!


တောက်ရန်မှာ မလောဘဲ သူ့နောက်တွင် လက်ပစ်ကာပြုံးလျက် စောင့်နေပေးသည်။


[ ကူးယူခြင်း ဖြစ်စဉ်အတွင်း အမှားအယွင်းတစ်ခုဖြစ်ပွားခဲ့သည်။ ]


[ကျောက်စိမ်းပြား မိတ္တူသည် ၁၀ မိနစ်အတွင်း ၎င်း၏ ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်သွားမည်ဖြစ်ပြီး၊ အသိ ဉာဏ်ပွင့်လင်းစေသည့် အာနိသင်ဆုံးရှုံးကာ သာမန်စာအုပ်တစ်အုပ်အဖြစ်သို့ ပြောင်းလဲသွားပါမည်။]


“...!”


စုကျိုသည် တောက်ရန်ကို အမြန်မော့ကြည့်လိုက်သည် - “ကျွန်မ ‘ချင်းမုဟွားရှန်းကျွယ်’ (သစ်သားစိမ်း ပြောင်းလဲခြင်းကျင့်စဉ်) ကိုပဲ ရွေးပါ့မယ်—”


တောက်ရန် ပြုံးလျက်ခေါင်းညိတ်သည် - “ပညာရှိတဲ့ ရွေးချယ်မှုပဲ၊ နင့်ကျန်းမာရေး သိပ်မကောင်းတာ ငါ မြင်သားပဲ၊ ဒီ ‘ဟွားရှန်းကျွယ်’ က နင့်ကို ပြန်လည်နာလန်ထူလာအောင် ကူညီပေးလိမ့်မယ်”


[ကျင့်စဉ်မိတ္တူ၏ ဝိညာဉ်စွမ်းအင် ခမ်းခြောက်ရန် ၉ မိနစ်သာလိုပါတော့သည်... သာမန်စာအုပ်အဖြစ်ပြောင်းလဲပါတော့မည်။]


[...ဝိညာဉ်စွမ်းအင် ခမ်းခြောက်ရန် ၈ မိနစ်နှင့် ၅၉ စက္ကန့်သာ လိုပါတော့သည်...]


“စိတ်မရှိပါနဲ့ ဆရာကြီး... ကျွန်မ နေလို့သိပ်မကောင်းလို့ ခဏလောက် အိမ်သာသွားပါရစေဦး၊ ချက်ချင်း ပြန်လာခဲ့ပါ့မယ်၊ ခွင့်ပြုပါဦး” 


စုကျိုသည် မိတ္တူများ ပြာအဖြစ် ပြောင်းလဲသွားတော့မည့် ၈ မိနစ် Countdown ကို ကြည့်ရင်း စကားကိုအလျင်အ မြန်ပြောလိုက်သည်။


တောက်ရန်မှာ ကြောင်အသွားရသည်။


ခေတ္တအကြာတွင် စုကျို ကန့်လန့်ကာကြားမှ သူ့ခေါင်းကို တစ်ဖန် ပြန်ပြူထွက်လာသည်။


ထို့နောက် သူမသည် ဘေးတစ်ဖက်တစ်ချက်ရှိ စုကျီကျီနှင့် စုရှင်းချန်တို့ကို အမြန်လှမ်းဆွဲလိုက်သည်။


“ဆရာကြီး... ကျွန်မရဲ့ မောင်လေးနဲ့ ညီမလေးလည်း နေလို့မကောင်းလို့ ခဏလောက်အိမ်သာလိုက်သွားပါရစေဦး၊ ခွင့်ပြုပါဦး၊ ခွင့်ပြုပါဦး!”


တောက်ရန်: “??”


စုကျီကျီ: “?”


စုရှင်းချန်: “!”