Ch 11
Viewers 2k

🥝 Chapter 11

မြည်းလှည်းကလေးမှာ ရှေ့သို့ ဆက်လက်ရွေ့လျားနေ သည်။

[ သွေးစွမ်းအင် -၀.၁ ]

[ သွေးစွမ်းအင် -၀.၁ ]

စုကျို မျက်နှာထက် မည်သည့်ခံစားချက်မျှမရှိပေ။ သူမ ဤခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာပြီးနောက် မူလပိုင်ရှင် ၏ကျန်းမာရေးအခြေအနေမှာ ပိုမိုကောင်းမွန်လာသည်ဟု အမြဲတွေးထင်ခဲ့သည်။

ကူးယူခြင်းစွမ်းရည်ကို သုံးသည့်အခါမှသာ သွေးစွမ်းအင် လျော့နည်းမည်ဟု ထင်ထားသော်လည်း ယခုမူ ပူပြင်းလှသော နေရောင်အောက်တွင် ထိုင်နေသည်ဖြစ်စေ၊ လှဲနေ သည်ဖြစ်စေ သွေးစွမ်းအင်များ ဆုံးရှုံးနေရသည်ကို သူမ တွေ့ရှိလိုက်ရသည်။

သူမသည် ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ အလွန်ထိခိုက်လွယ်နေပြီဖြစ်သည်။

ညီမငယ်လေး အမြတ်တနိုးသိမ်းထားသော အဖိုးတန် ဝိညာဉ်နှံစားမုန့်များကို စားခြင်းဖြင့် ခက်ခက်ခဲခဲရရှိထားသည့် သွေးစွမ်းအင် ၅ မှတ်မှာ ကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်သည်။

စုကျို နှုတ်ခမ်းများတွန့်သွားသည်။ သူမသည်မြည်းလှည်း ပေါ်တွင် လှဲလျောင်းနေပြီး၊ ညီမငယ်လေးကတော့ သူ့မျက် နှာကိုနေမပူစေရန် လက်ကလေးဖြင့် တုန်တုန်ရီရီကာကွယ်ပေးနေရှာသည်။

စုရှင်းချန် မျက်မှောင်ကြုတ်လိုက်ပြီး မြည်းလှည်းပေါ်သို့ အလျင်အမြန်တက်ကာ ဇက်ကြိုးကို ဆွဲမောင်းနှင်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် အခြားလက်တစ်ဖက်ဖြင့် မန္တန်အိတ်ကို ဖွင့်ကာ ရက်လုပ်ပြီးသား ပိုးစာတောင်း အချို့ကိုထုတ်ယူလိုက်သည်။ သူသည် လက်တစ်ဖက်တည်းဖြင့်ပင် စုကျိုအတွက် ခေါင်းစွပ်ပါသော မိုးကာ အင်္ကျီကြီးတစ်ခုကို လျင်မြန်ကျွမ်းကျင်စွာ ရက်လုပ်ပေး လိုက်သည်။

စုကျို: “...”

ဒီလောက်အထိ တင်းကျပ်နေဖို့ မလိုပါဘူး။

သူမသည် သူ့ပါးစပ်ကို အပြင်သို့ အတင်းထုတ်လိုက်ပြီး သွေးစွမ်းအင် အခြေအနေကိုစစ်ဆေးလိုက်သည်။

[ သွေးစွမ်းအင် +၀.၁ ]

[ သွေးစွမ်းအင် +၀.၁ ]

*ဟူး...*

စုကျို သက်ပြင်းချနိုင်သွားသည်။

“ဒုန်း... ဒုန်း...” 

မြင်းခွာသံများနှင့်အတူ လှည်းသံတစ်ခုကို ကောင်းကင်ယံထက်မှ ကြားလိုက်ရသည်။ ထိုအသံမှာ စုကျိုအနေဖြင့် အရိုးပြာဖြစ်သွားလျှင်တောင် မှတ်မိနေမည့်အသံမျိုးဖြစ် သည်။

စုကျိုသည် အားအင်ချွေတာသည့်အနေဖြင့် လည်ပင်းကို အနည်းငယ်သာ မော့ကြည့်လိုက်ရာ၊ မျှော်လင့်ထားသည့်အတိုင်းပင် အပေါ်ယံ၌ လူကြီးလူကောင်းဆန်လှသော ‘နံပါတ် ၇ ငါး’ ချန်ကျိုးမှာ အရှိန်ပြင်းစွာ မောင်းနှင်နေသော ကြေးနီနွားလှည်းပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသည်။

သူ့မှာ တစ်ရက် ဝိညာဉ်ကျောက်တုံး ငါးရာပေးရတဲ့ကြေးနီ နွားလှည်းကိုငှားဖို့ကျငွေရှိပြီး ငါ့ကိုကျတော့ အကြွေးပြန်မဆပ်ဘူးပေါ့လေ?

မြေပြင်မှ သုံးလက်မခန့်အကွာတွင် ပျံသန်းမောင်းနှင်နေသော ထိုနွားလှည်းကျော်တက်သွားသည့်အခါ လေပြင်းကြောင့် မြေပြင်မှ ဖုန်မှုန့်များတလွင့်လွင့် ထသွားတော့ သည်။

ထိုဇိမ်ခံ နွားလှည်းကိုမောင်းနှင်နေသော ချန်ကျိုးသည် အောက်တွင် လှဲလျောင်းနေသည့် စုကျိုကိုသတိပြုမိသွားသည်။ သူ ပြုံးပြီး အသံလွှင့်ကာ ပြောလိုက်သည် - “စုကျို... နင် ဒီမြည်းလှည်းကို ဘယ်ကရတာလဲ ? နင့်မှာ ဝိညာဉ်ကျောက်တုံးတွေ ကျန်သေးတာလား ? မနေ့ညက  အကုန်ကုန်ပြီလို့ ငါ့ကို ဘာလို့ လိမ်ပြောတာလဲ?”

“မနေ့က အဆင့်နှစ်ထောင်အတွင်းမှာရှိတဲ့ လှပတဲ့ကျင့်ကြံသူ အမျိုးသမီးလေးက ငါ့ကို ဝိညာဉ်ကျောက်တုံးသုံးထောင်ပေးခဲ့တယ်၊ နင်တို့ နှစ်ယောက်ကြားကခြားနားချက်ကို စဉ်းစားကြည့်ဦး၊ အခု နင် စိတ်ပြောင်းပြီး ငါ့ကို တောင်းပန်မယ်ဆိုရင် နင့်ကို ငါ နည်းနည်းလောက်ပြန်ချစ်ပေးနိုင်သေးတယ်...”

ချန်ကျိုးသည် စုကျိုတောင်းပန်လာမည်ကို စောင့်ဆိုင်းနေသည်။

သို့သော် စုကျို မျက်ဝန်းများတွင်တော့ ပျော်ရွှင်မှုအရိပ် အယောင်များ ပေါ်ထွက်လာသည်။ သူမသည် လက်ကိုမြှောက်ကာ ခါးကြားမှ အိတ်ငယ်လေးထဲမှ စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ပြီး... 'ဖတ်' ခနဲ အသံနှင့်အတူ လေထဲသို့ ပစ်တင်လိုက်သည်။

ထိုစက္ကူမှာ စုကျို အမြဲတမ်း ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများ ထည့်ပေးလေ့ရှိသည့်၊ သူမ သူ့ကိုယုံကြည်ကြောင်းရေးထားလေ့ရှိသည့် ချစ်စာများနှင့် ပုံစံတူပင် ဖြစ်သည်။ ချန်ကျိုး မန္တန်တစ်ခု ပြုလုပ်ကာ ပြုံးလျက် ဖမ်းယူလိုက်သည် - “နင် နောက်ဆုံးတော့ အသိဝင်လာပြီး ဘယ်သူ့ကို အားကိုးရမလဲဆိုတာ သိသွားပြီပဲ—”

သို့သော် သူ စကားမဆုံးသေးမီမှာပင် စက္ကူကိုဖြန့်ကြည့်လိုက်ရာ သူ ကြောင်အသွားတော့သည်။

[ ချန်ကျိုးသို့: ]

[ (၁၂) လပိုင်း ပထမဆုံးနေ့အထိ၊ သင်သည် စုကျိုအား ဝိညာဉ်ကျောက်တုံး ၁၀၄,၅၂၃ တုံး (စုကျို၏ အတိတ်က သွေးဖောက်ထုတ်ခဲ့သည့် ဒဏ်ရာများအတွက် ဝိညာဉ်ကျောက်တုံး ၁ သိန်း အပါအဝင်) အကြွေးတင်ရှိနေ သည်။ ]

[ အကယ်၍ သင် ပြန်လည် မဆပ်နိုင်သေးပါက၊ စုကျိုအနေဖြင့် ပြင်းထန်သော နည်းလမ်းများအသုံးပြုခြင်း အပါအဝင် အကြွေးနှင့် အတိုးကို ကိုယ်တိုင်တောင်းခံသွားမည်ဖြစ်သည်။ ထိုအချိန်တွင် သင့် ခေါင်းမာမှုကြောင့် ပိုမိုကြီးမားသော ဆုံးရှုံးမှုများကိုခံစားရနိုင်ပါသည်။ ]

[ — စုကျို ]

ချန်ကျိုး: “?”

ဒဏ်ရာအတွက် ဝိညာဉ်ကျောက်တုံး ၁ သိန်းက ဘာလဲ ?

ပြီးတော့ ‘ပြင်းထန်သော နည်းလမ်းများ’ ဆိုတာကကော ဘာကို ဆိုလိုတာလဲ ?

“သား... ဒါက ဘာစာလဲ ? စုကျို သားအတွက် တစ်ခုခု ထပ်ထည့်ပေးလိုက်တာလား?”

သူ့ ဘေးတွင် နွမ်းပါးလှသော သူ့မိခင်ဖြစ်သူ အမျိုးသမီးကြီးချန်မှာ နွားလှည်းနောက်မှ ချောင်းကြည့်ရင်းမေးလိုက်သည်။

ချန်ကျိုး မျက်နှာမှာ ချက်ချင်းနီမြန်းသွားရသည် - “အမေ... ဒါ ဘာမှမဟုတ်ပါဘူး!”

စုကျိုသည် ခေါင်းကို အသာအယာ ထောင်ကြည့်လိုက်သည်။ မူလဇာတ်လမ်းအရဆိုလျှင် နောင်တစ်ချိန်တွင် ‘မသေမျိုး အရှင်သခင်’ ဖြစ်လာမည့် ချန်ကျိုးထံ စည်းစိမ်ချွေတာတတ်သော အမေအိုတစ်ဦးရှိသည်။

သို့သော် ထိုသားအမိမှာ အမြဲတမ်း တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းကြံစည်တတ်သူများဖြစ်သည်။

ဇာတ်လမ်းအဆုံးတွင် ချန်ကျိုးသည် သူ့ဘဝ၌ ကျင့်ကြံဖော် ဇနီးသည် ငါးဦးအထိယူခဲ့သည်။ ထိုဇနီးသည် တစ်ဦးစီတိုင်းမှာ ချန်မိသားစုသို့လက်ထပ်ဝင်လာသည့်အခါ များပြားလှသော တင်တောင်းငွေများကိုယူဆောင်လာခဲ့ကြသော်လည်း၊ မကြာမီမှာပင် ချန်ကျိုး၊ ချန်အမေတို့နှင့်အတူခရီးသွားရင်း အားလုံးမှာ မမျှော်လင့်ဘဲသေဆုံးခဲ့ကြရလေသည်။

၎င်းတို့တင်တောင်းငွေများနှင့် မိသားစုပိုင် ပစ္စည်းဥစ္စာအားလုံးမှာ ချန်ကျိုးနှင့် သူ့မိခင်ထံသို့သာ ရောက်ရှိသွားခဲ့သည်။

တစ်ဆင့်ပြီးတစ်ဆင့် ချန်ကျိုး ကျင့်ကြံမှုအဆင့်မှာ မြင့်တက်လာခဲ့ပြီး သူ့ချမ်းသာကြွယ်ဝသော ‘မသေမျိုးအရှင် သခင်’ ဆိုသည့် အမည်မှာ တစ်လောကလုံး၌ကျော်ကြားလာခဲ့သည်။

စုကျိုသည် ထိုဝတ္ထု၏ရှင်းလင်းချက်ကို သုံးမိနစ်ခန့် ဖတ်ရှုပြီးနောက်တွင် လွန်စွာရွံရှာမိသွားသည်။

“စုကျို... နင် ရူးနေတာလား? ဘာတွေ လျှောက်ရေးနေတာလဲ! ငါက နင့်ကို တစ်သိန်းကျော် အကြွေးတင်နေတယ်လို့ ဘယ်တုန်းက ပြောလို့လဲ! ပြီးတော့ နင်က ငါ့ကို တိုက်ခိုက်ဦးမလို့လား? နင့်ရဲ့ ကျင့်ကြံမှုအဆင့်ကိုလည်း ပြန်ကြည့်ဦး၊ ငါ့ထက် သုံးဆင့်တောင် နိမ့်နေသေးတယ်!” 

ချန်ကျိုးသည် သူမ၏ စိတ်ချင်းဆက်သွယ်ကာပေးပို့သော မက်ဆေ့ဂျ်ကြောင့် ဒေါသတကြီးဖြစ်သွားသည်။ ကြေးနီနွားလှည်းပေါ်တွင် ထိုင်နေသော နူးညံ့သိမ်မွေ့သည့်ပညာ ရှိလေး၏မျက်နှာပေးမှာ ထိန်းမရအောင် ပျက်ယွင်းသွားပြီး ဇိမ်ခံရထားလုံးစီးရသည့် ပျော်ရွှင်မှုများလည်း ပျောက် ဆုံးသွားရသည်။

သို့သော် သူ ပြန်လည်ရရှိလိုက်သည့် တစ်ခုတည်းသော တုံ့ပြန်မှုမှာမူ ကောက်ရိုးဖျာပေါ်သို့ပြန်လည်လှဲလျောင်းသွားသော စုကျို၏ဂရုမစိုက်သည့်အကြည့်ပင်။

သူမ၏ ကြည်လင်ပြီး ခံစားချက်ကင်းမဲ့ကာ အေးစက်လှသော အသံမှာ တဖြည်းဖြည်းနောက်ကျကျန်ရစ်ခဲ့သော မြည်းလှည်းကလေးဆီမှ လေထဲလွင့်ပါလာသည် - “နံပါတ် ၇... နင့်ရဲ့လှည်းက ဖုန်တွေ ထနေတယ်၊ အဲဒီအတွက် သန့်ရှင်းရေးခ ဝိညာဉ်ကျောက်တုံး ၅၀ ထပ်ပေးရမယ်”

ချန်ကျိုး: “???”

သူ အလွန်အမင်းဒေါသထွက်သွားသဖြင့် ကြေးနီနွားလှည်းကို ထိန်းကျောင်းရန်ပင် မေ့လျော့သွားပြီး စုကျိုကို ချက် ချင်းကျော်တက်သွားတော့သည်။

“စုကျို... နင် နောင်တရစေရမယ်!!”

စုကျိုကမူ သူ့ကိုယ် သူ အလွန်ပင် ကြင်နာတတ်သူဟု ခံစားနေရသည်။

သူ့လို အမှိုက်မျိုးနဲ့တောင်မှ သူမသည် ရသင့်ရထိုက်သည့် အကြွေးတစ်ပြားတစ်ချပ်မကျန်ကို သေသေချာချာတွက် ချက်ပေးခဲ့ပြီး သူ့အပေါ် အခွင့်အရေးယူရန် လုံးဝစိတ်မကူးခဲ့ပေ။ သူမသည် နှုတ်ဖြင့် အသိပေးရုံသာမက စာဖြင့်ပါ အကြွေးတောင်းခံလွှာ ပေးပို့ခဲ့သည်မှာ သူမဘက်မှ လုပ်ပေးနိုင်သမျှထက်ပင် ပိုလွန်နေပြီဖြစ်သည်။

“ကျီကျီ... နောက်ကျရင် ငါ သူ့ကို အရှင်လတ်လတ် အရေခွံခွာလိုက်ရင် ငါ့ရဲ့ ကုသိုလ်ရမှတ်တွေ လျော့သွားမယ် ထင်လား ?”

စုကျိုသည် စုကျီကျီနှင့် စုရှင်းချန်ကို ကြည့်ကာ အလေးအနက် အတည်ပြုချက် ရယူလိုဟန်ဖြင့် မေးလိုက်သည်။ 

“ငါ့မှာ သက်သေအဖြစ် စာရှိတယ်နော်၊ ငါ သူ့ကို ကြိုတင်အကြောင်းကြားထားပြီးသား”

စုကျီကျီ မျက်ဝန်းများထဲ ‘ကျေနပ်အားရမှု’ အပြည့်ဖြင့် သူ့ ကျဲ၏ ကျွမ်းကျင်လှသော လုပ်ဆောင်ချက်များကို အထင်ကြီးနေမိသည်။ 

“ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုတဲ့ အကြွေးက... ဒါပေမဲ့ ကျဲ၊ ကျဲ သူ့ကို သုံးထောင်ပဲပေးခဲ့တာ မဟုတ်လား...”

“ဟင် ? နင် ဘာပြောလိုက်တာလဲ ?” စုကျို မျက်မှောင် ကြုတ်လိုက်သည်။

စုကျီကျီသည် ဝိညာဉ်ပိုးကောင်ဂေဟာ၏ ‘ကောင်းမှုဆိုးမှု မှတ်တမ်းရုံး’ ကကြားသွားမည်ကို စိုးရိမ်သဖြင့် သူမပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။

သို့သော် သူ့မျက်ဝန်းထဲတွင် လေးစားအားကျမှုများ ဖုံးဖိမရဘဲ ထွက်ပေါ်နေသည်။ ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုသည်မှာ— သူ တစ်ခါမျှ မမြင်ဖူးခဲ့သော ပမာဏပင်။

သူ့ ကျဲ မှာ သာမန်ဈေးခေါ်နေခြင်း မဟုတ်ဘဲ၊ လက်စား ချေနေခြင်းပင် ဖြစ်သည်။ ၎င်းမှာ အလွန်ကျေနပ်စရာကောင်းလှပေသည်။

“ကျဲ လုပ်တာက ကျိုးကြောင်းဆီလျော်ပါတယ်၊ ကျဲရဲ့ ကုသိုလ်မှတ်တွေ... လျော့မသွားနိုင်ပါဘူးနော်၊ ဟုတ်တယ်မလား?”

စုကျိုသည် ထိုစကားကို ကြားရသောအခါ စိတ်သက်သာရာ ရသွားသည်။ 

“အေး... ငါလည်း အဲဒီလိုပဲ ထင်တာပဲ”

စုရှင်းချန်သည် ရှေ့မှလှည်းမောင်းနေရင်း ဘာမှဝင်မပြောသော်လည်း သူ့မျက်ဝန်းများထဲ အပြုံးရိပ်အနည်းငယ် ပေါ်လာကာ ၎င်းကို ချက်ချင်းပြန်လည်ထိန်းချုပ်လိုက်သည်။

၎င်းတို့၏မြည်းလှည်းမှာ သစ်သားလက်တွန်းလှည်း အား လုံးကို အလျင်အမြန် ကျော်တက်သွားပြီးအရှိန်မှာ ဒုတိယအဆင့် နွားလှည်းများထက် အနည်းငယ်သာနှေးတော့ သည်။

သို့သော် ၎င်းမှာ ဝန်တင်နိုင်စွမ်း အလွန်ကောင်းလှသည်။

စုရှင်းချန်သည် ဝိညာဉ်မြူခိုးများ ဖုံးလွှမ်းနေသော အဆုံးမဲ့ ပိုးစာစိုက်ခင်းကြီး၏အဝင်ဝသို့ ရောက်သည်အထိ မောင်းနှင်လာခဲ့သည်။ အဝင်ဝတွင် စိုက်ပျိုးရေးသုံး ကိရိယာများ ထုတ်ပေးရာ စတိုခန်းတစ်ခုရှိသည်။ သူသည် စုကျီကျီနှင့် စုကျိုကို လှည်းပေါ်တွင် စောင့်နေရန် ပြောကာ အောက်သို့ ခုန်ဆင်းသွားသည်။ မကြာမီမှာပင် အခြားသူ များကဲ့သို့ပင် စိုက်ပျိုးရေးကိရိယာများ ပြည့်နှက်နေသော တောင်းကြီးနှစ်တောင်းကို ပိုးကာထွက်လာသည်။

ပစ္စည်းများကို လှည်းပေါ်သို့ 'ဒုန်း' ခနဲ အသံမြည်အောင် တင်လိုက်သည်။

လှဲလျောင်းနေသော စုကျို ခေါင်းထောင်ကြည့်လိုက်ရာ တောင်းများထဲတွင် ဆေးဖက်ဝင်အပင်များနှင့် ဝိညာဉ်ပိုးကောင် ပုံစံများရေးဆွဲထားသော သံထွန်များ၊ ထွန်ခြစ်များ၊ ပေါက်တူးများနှင့် မံစိုက်ဓားများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။

သာမန်ဟု ထင်ရသော ထိုစိုက်ပျိုးရေး ကိရိယာတစ်ခုစီ၏ လက်ကိုင်ပေါ်တွင် ‘ပိဿာ ၁၀၀’ ဟု အလေးချိန်သတ် မှတ်ထားပြီး အနီးကပ်ကြည့်လျှင် ‘ကျင့်ကြံမှုအဆင့် ၅ အောက်သာ အသုံးပြုရန်’ ဟု စာလုံးအသေးလေးများ ရေးထားသည်ကိုတွေ့ရသည်။

စုကျို ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စိုက်ပျိုးရေးကိရိ ယာများ တင်ထားသောလှည်းများမှာ ပိုမိုနှေးကွေးသွားသည်ကို တွေ့ရသည်။

အရည်အသွေးညံ့သော သစ်သားလှည်းအချို့မှာ ကိရိယာများ၏ အလေးချိန်ကြောင့် ဘီးများမှာ ရွှံ့ထဲသို့ နစ်ဝင်နေကြပြီး၊ အချို့မှာမူ သစ်သားပြားများကျိုးကာ လက်ကိုင်များမှာပင် စောင်းငဲ့ကုန်ကြသည်။

“တောက်!”

“ထားလိုက်ပါတော့... ဝိညာဉ်ကျောက်တုံး ဆယ်တုံးပေးရတဲ့ လှည်းက ဒီထက်ပိုပြီး ဘာမျှော်လင့်လို့ ရမှာလဲ ? ပခုံးနဲ့ ထမ်းရတာထက်စာရင်တော့ တော်သေးတာပေါ့၊ ဒါနဲ့တင် တော်ပါပြီ!”

“ဟူး... ဝိညာဉ်ကျောက်တုံးတွေ ရဖို့အတွက် ငါတို့ ဆက်ပြီး ကြိုးစားရဦးမှာပဲ!”

မြည်းလှည်းမှာ အခြားလက်တွန်းလှည်းများကို တစ်စီးပြီးတစ်စီး ကျော်တက်သွားရာ လူတိုင်းက အားကျစွာဖြင့် ကြည့်နေကြသည်။

လှည်းလေး ရွေ့လျားသွားသည်နှင့်အမျှ စုကျို၏ အကြည့်မှာ လမ်းဘေးရှိ သစ်သားဆိုင်းဘုတ် အမျိုးမျိုးဆီသို့ ရောက်ရှိသွားတော့သည်။

[ အဆင့် ၁ - ၄၉ ပထမတန်းစား ထိပ်တန်းစိုက်ခင်းများ ]

[ အဆင့် ၅၀ - ၉၉၉ ဒုတိယတန်းစား စိုက်ခင်းကောင်းများ ]

[ အဆင့် ၁၀၀၀ - ၂၉၉၉ တတိယတန်းစား သာမန်စိုက်ခင်းများ ]

[ အဆင့် ၃၀၀၀... စတုတ္ထတန်းစား အရည်အသွေးညံ့ မြေရိုင်းများ ]

လမ်း၏ ဝဲယာရှိ မြေကွက်များသည် မြေသြဇာကောင်းမွန်ပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝသော စိုက်ခင်းကောင်းများဘဝမှသည် ကျောက်ခဲများဖြင့် ပြည့်နှက်နေသော မီးခိုး ရောင် မြေမာများအဖြစ်သို့ တဖြည်းဖြည်းပြောင်းလဲသွားတော့သည်။

နောက်ဆုံးတွင် စုကျိုမျက်စိရှေ့၌ မြင်လိုက်ရသည်မှာ ဝိညာဉ်စွမ်းအင် လုံးဝကင်းမဲ့နေပြီး လူသူကင်းမဲ့သော သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ ခြောက်သွေ့ကာ ကျွမ်းလောင်နေသည့် မြေရိုင်းတောကြီးပင်။

မြည်းလှည်းကလေးသည် နောက်ဆုံး မြေကွက်နှစ်ကွက်၏ အရှေ့တွင် ရပ်တန့်သွားသည်။

[ မြေရိုင်း ၄၉၅၃ - စုကျီကျီ၏မြေကွက် ]

[ မြေရိုင်း -- - စုကျို (ဖျားနာမှုကြောင့် အနားယူထားသဖြင့် အဆင့်သတ်မှတ်ချက် မရှိပါ) ]

[ မြေဆီလွှာ အရည်အသွေး ချက်ချင်း တိုးတက်ကောင်း မွန်စေရန် ဝိညာဉ်ကျောက်တုံး ၁၀,၀၀၀ ကိုမြေထဲသို့ ထည့်လိုက်ပါ။ တတိယတန်းစား သာမန်စိုက်ခင်းအဖြစ် အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်! ]

စုကျို: “...”

ဤသို့သော ငရဲခန်းအလားနေရာမျိုးတွင် ငွေရှိလျှင် အရာအားလုံးကိုဝယ်ယူနိုင်သည်ဆိုသည်ကို သူ သတိပြုမိသွားသည်။

ငွေမရှိပါက ပြီးခဲ့သည့်လက ရရှိခဲ့သော အဆင့်သတ်မှတ်ချက်အတိုင်းသာ မြေကွက်ကို ခွဲဝေပေးခြင်းခံရသည်။ သူမနှင့် ညီမငယ်လေးမှာ အောက်ဆုံးအဆင့်တွင် ရှိနေကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့ရရှိသော ပိုးစာစိုက်ခင်းမှာ မျက်မြင်ကိုယ်တွေ့ အဆိုးရွားဆုံးဖြစ်နေတော့သည်။

သူမသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ဘာတစ်ခုမျှ မသိနားမလည်သော်လည်း မာကျောသော ကျောက်တုံးများနှင့် အက်ကွဲကာ ကျွမ်းလောင်နေသောမြေပြင်ကို ကြည့်ရုံဖြင့် အခြေခံသဘောတရားများကို လုံးဝမျက် ကွယ်ပြုထားပြီး ဘာတစ်ခုမျှ စိုက်ပျိုး၍ ရမည့်ပုံမပေါ်ကြောင်း သိနိုင်ပေသည်။

သို့သော် စုကျီကျီမှာမူ ဤသို့ဖြစ်လာမည်ကို ကြိုတင်သိရှိထားပုံရသည်။ သူမသည် စုကျို၏ဝှီးချဲအသစ်ကိုစိုက်ခင်း အစပ်သို့ တွန်းပို့ပေးလိုက်ပြီး စုရှင်းချန်ကို အမြန်သွားရန် တိုက်တွန်းလိုက်သည်။ 

“ကော... ကောကို့အလုပ်ရှိတာ သွားလုပ်တော့လေ၊ ကျီကျီလည်း အလုပ်စလုပ်ရတော့မယ်”

ပြီးခဲ့သည့် နှစ်လအတွင်း ဤခန္ဓာကိုယ်၏မူလပိုင်ရှင်မှာ ဖျားနာကာ သတိမေ့မြောနေခဲ့သဖြင့် စုကျီကျီကပင် ပြုစုစောင့်ရှောက်ခဲ့ရခြင်းဖြစ်သည်။

“ကော မြန်မြန်သွားတော့! မဟုတ်ရင် ကော ကျီကျီတို့ စိုက် ခင်းထဲမှာလာနေတယ်ဆိုပြီး တစ်ယောက်ယောက်က တိုင်လိမ့်မယ်” ဟု စုကျီကျီ စိုးရိမ်တကြီးပြောလိုက်လေသည်။