Ch 6
Viewers 2k

🥝 Chapter 6


"တောင်းပန်ပါတယ် ညီမလေးရယ်... ငါ့ရဲ့ သစ်သားဓာတ် ပါရမီက အရမ်းအစွမ်းထက်နေလို့ပါ၊ပထမထပ်ရဲ့ ပိုးစာစိုက်ပျိုး ရေးနည်းစနစ်က ငါ့အတွက်တော့ ရေသောက်သလောက် လွယ်နေတာ၊ ငါ ကိုယ်တိုင်တောင် သတိမထားလိုက်မိဘဲ ပိုးစာရွက်ပေါင်း တစ်ရာတောင်ထွက်လာပြီ" ကျူးပိုင်ယွီ မတတ်နိုင်သလိုမျိုး ပြုံးပြလိုက်သည်။


"ညီမလေး... တကယ်လို့ ဒီည ငါ့ကို တစ်ကြိမ်လောက်ပဲ ရှုံးအောင်လုပ်နိုင်ရင် ငါ မန္တန်မီးအိမ် ခုနစ်ရက်စာ အလကား ပေးမယ်!"


စုကျီကျီ မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။ စုကျိုကတော့ မတတ်နိုင်တော့သည့်အလား သူ့နဖူးကို လက်ဖြင့် အုပ်လိုက်ရသည်။ သူမ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး စုကျီကျီကို လက်လှမ်းခေါ်လိုက်သည်။


"ဘာလုပ်မလို့လဲ ? လူလဲမလို့လား ?"


ကျူးပိုင်ယွီ ပြုံးလိုက်သည်။ ယွမ်သန့်စင်မှု အဆင့် ၃ သာရှိသော ဤမိန်းကလေးငယ်သည် သူမ အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီဆိုတာကို သူ သိနေသည်။


ကံမကောင်းတာက သူမ ပါရမီစွမ်းရည် 'အရွက်ပြုစုခြင်း'  မှာ သာမန်အဆင့်သာဖြစ်ပြီး အရွက်အရေအတွက်ကို နှစ်ဆလောက်သာ တိုးပွားစေနိုင်သည်။


"ကိုယ့်ကိုကိုယ် အတင်းအကျပ် မလုပ်ပါနဲ့"


သူ့ စကားမဆုံးခင်မှာပင် စုကျီကျီလက်ကောက်ဝတ်ပေါ်မှ ဝိညာဉ်လက်ပတ် ၃ ခုလုံး မှောင်သွားတော့သည်။


"ယွမ်သန့်စင်မှု အဆင့် ၃ မှာ 'ဒန်ထျန်' ထဲက ဝိညာဉ်စွမ်း အင်က အကန့်အသတ်ရှိတယ်လေ"


ကျူးပိုင်ယွီ လှုပ်ရှားမှုများလည်း ရပ်တန့်သွားသည်။


"ငါလို ပါရမီရှင်တစ်ယောက်တောင် ဒီလောက် ဝိညာဉ်စွမ်းအင်နဲ့ဆိုရင် ဒီအဆင့်အထိပဲ လုပ်နိုင်တာ"


သူ့ရှေ့တွင် ဝဲပျံနေသော ပိုးစာပျိုးပင်လေးမှာ ယခုအခါ လူတစ်ဝက်ခန့်အမြင့်ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် သန်မာသော အကိုင်း ၁၀ ခုစီရှိကာ အကိုင်းတစ်ခုချင်းစီတွင် စင်းလုံးချောလှပသော၊ ကျောက်စိမ်းရောင် ယပ်တောင်ပုံ ပိုးစာရွက် ၁၀ ရွက်စီဖြင့် စုစုပေါင်း အရွက်တစ်ရာတိတိရှိနေတော့သည်။


သူသည် စုကျီကျီ တစ်ဝက်ခန့်သာမြင့်ပြီး အရွက် ၅၀ ခန့်သာရှိသော ပျိုးပင်လေးကိုကြည့်ကာ ပြုံးလိုက်သည်။


"ပွဲပြီးပါပြီ၊ လေ့ကျင့်ဖော်စမ်းသပ်ခ ဝိညာဉ်ကျောက်တုံး ၁၀၀ ပါ၊ အားပေးမှုကို ကျေးဇူးတင်ပါတယ်" ကျူးပိုင်ယွီ စုကျီကျီထံ လက်ဖြန့်လိုက်သည်။


သူ လက်ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်ပြီး သွယ်လျသော လက်တစ်ဖက်က သူ့လက်ကို ရုတ်တရက် ဆွဲဖမ်းလိုက်သည်။


ကျူးပိုင်ယွီ ထိတ်လန့်သွားရ၏။


သူ အံ့အားသင့်တကြီး လှည့်ကြည့်လိုက်သောအခါ - ခုနကတင် သေလုမျောပါးဖြစ်နေပြီး ၇ လှမ်း၊ ၈ လှမ်းခန့် အကွာမှာရှိနေသည့် စုကျိုသည် ဘယ်အချိန်က ဝှီးချဲပေါ်ကထရပ်ပြီး သူ့ဘေးနားရောက်လာမှန်းမသိ ရောက်နေ သည်ကိုတွေ့လိုက်ရသည်။


သူမ သူ့လက်ကို အမှန်တကယ်ဆွဲဖမ်းထားခြင်းဖြစ်သည်။


ကျူးပိုင်ယွီ ကြောင်အသွားသလို စုကျို ကိုယ်တိုင်လည်း အံ့အားသင့်သွားရသည်။


[ ကျူးပိုင်ယွီ (လူသား၊ အမျိုးသား၊ အခြေခံတည်ဆောက်မှုအဆင့် ၃ - Foundation Establishment)၊ ၎င်း ကိုယ်ပေါ်တွင် ပစ္စည်းပေါင်း တစ်ရာကျော်ရှိနေသည်။ ]


[ သွေးစွမ်းအင်တန်ဖိုး ၃၄ သာရှိသဖြင့် မှတ်တမ်းတင်ရန် မလုံလောက်ပါ၊ ကျရှုံးသည်။ ]


【 သင့်သွေးစွမ်းအင်တန်ဖိုး ပြည့်မီသွားသည့် (၁၀၀) အချိန်မှ ထပ်မံကြိုးစားကြည့်ပါ။ 】


တောက်...


စုကျို ကျူးပိုင်ယွီအား စူးစိုက်ကြည့်လိုက်သည်။ ဒီကောင်ကတကယ်တော့ သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားတာပဲ!


ပြီးတော့ သူ့မှာ ပစ္စည်းတွေ ဒီလောက်တောင်များနေတာလား ? အဖိုးတန်ပစ္စည်း ၁၀၀ ကျော်တောင်ရှိနေတယ်ပေါ့? ဒါကပထမထပ်ရဲ့ အဆင့် ၁၀ ရှိတဲ့သူရဲ့ စုဆောင်းနိုင်စွမ်းလား ?


စုကျို မျက်လုံးများတောက်ပလာသည်။ အဆင့်တွေ တက်လှမ်းပြီး အထပ်မြင့်တွေကိုတက်ဖို့ သူမ ပထမဆုံးအကြိမ် စိတ်ဝင်စားသွားမိသည်။ ပြီးတော့ အခုချက်ချင်း သူ့ ကူးယူချင်စိတ်များ တားမရအောင်ဖြစ်နေရသည်။


စုကျို နှုတ်ခမ်းကိုတင်းတင်းစေ့ကာ စိတ်ကို အတင်းငြိမ်အောင် ထိန်းလိုက်သည်။ စွမ်းရည်သုံးဖို့ အားအင်မလုံ လောက်သေးသည့် အသိပေးချက်ကိုကြည့်ကာ နှမြောတသစွာ သက်ပြင်းချလိုက်ပြီး ကျူးပိုင်ယွီလက်ကို အမြန်လွှတ်ပေးလိုက်သည်။


"ငါ အစောကြီးကတည်းက ငြင်း—" 


ကျူးပိုင်ယွီ၏ နှုတ်ခမ်းပေါ်မှ အပြုံးမှာ တောင့်တင်းသွားသည်။ သူမ လက်ကိုပုတ်ထုတ်ဖို့ သူ နောက်ဆုတ်လိုက်သော်လည်း၊ မထင်မှတ်ဘဲ သူမကသာ အသုံးမကျသည့် အရာတစ်ခုအား ခါထုတ်လိုက်သလိုမျိုး သူ့လက်ကို အရင်ခါချလိုက်ခြင်းပင်!


ကျူးပိုင်ယွီ: "???"


"နင် အလောတကြီးဖြစ်နေတာ သိပါတယ်၊ ဒါပေမဲ့ စိတ်မလောပါနဲ့ဦး"


စုကျို တိုးတိုးလေး ရယ်လိုက်သည်။ သူမသည် အားနည်းသော ခြေလှမ်းများဖြင့် ဝှီးချဲဆီပြန်သွားကာ ဘုတ်ခနဲ ထိုင်ချလိုက်သည်။ ထို့နောက် သွေးစွမ်းအင်ဘားလေး ၀.၁ + ၀.၁ တက်လာသည်ကို ကြည့်ရင်း ကျူးပိုင်ယွီကို ဖြတ်ခနဲ ပြုံးပြလိုက်သည်။


"နင်တို့ ပြိုင်ပွဲက မပြီးသေးဘူးလေ"


စုကျို ကောင်မလေးကို လက်ဖျောက်တီးပြီးခေါ်လိုက်သည်။ စုကျီကျီ အနားရောက်လာသောအခါ စုကျိုသည် ယှဉ်ပြိုင်ပွဲစကတည်းက စုကျီကျီ အနိုင်နိုင်ပိုက်ထားရသည့် ရှုပ်ထွေးနေသော အစိမ်းရောင်အင်္ကျီလက်စ အပုံလိုက်ကို သေသေချာချာဖြန့်လိုက်ပြီး ညီမလေး၏ လက် မောင်းသေးသေးလေးထဲ တစ်ခုပြီးတစ်ခု စနစ်တကျစွပ်ပေးလိုက်သည်။


"အဝတ်အစားဆိုတာ သေသေချာချာဝတ်မှအစွမ်းအထက်ဆုံးဖြစ်တာ"


စုကျီကျီ မျက်နှာလေး နီမြန်းသွားသည် - "အင်း..." သူ့ကျဲ  ဒီနေ့ သူ့အပေါ် သိပ်ကိုကြင်နာလွန်းနေသည်။


သို့သော် တစ်ခဏအတွင်းမှာပင် သူ့ မျက်လုံးများပြူးကျယ်သွားရသည်။ သူ့ လက်ကောက်ဝတ်ပေါ်မှ ယွမ်သန့် စင်မှု အဆင့် ၃ ကို ပြသနေသော ဝိညာဉ်လက်ပတ်ပေါ်ရှိ သင်္ကေတများမှာ သိသိသာသာ ပြန်လည်တောက်ပလာသောကြောင့်ပင်။


စုကျို ကျူးပိုင်ယွီအား ခေါင်းညိတ်ပြလိုက်သည် - "ဆောရီးပဲ၊ ငါတို့ အကြောလျှော့နေလို့ ခဏကြာသွားတယ်၊ ကဲ... အခု တရားဝင် စလိုက်ကြစို့"


ကျူးပိုင်ယွီထံ အမြဲတမ်းရှိနေတတ်သော ဖော်ရွေသည့် အပြုံးမှာ ချက်ချင်းတောင့်တင်းသွားရတော့သည်။


ဘယ်သူမှ သူ့ထက် ပိုပြီး ဆရာမကျနိုင်သလို၊ ပိုပြီး ကြွားဝါလို့ မရစေရဘူးဟု စုကျို ဆုံးဖြတ်ထားသည်။


စုကျီကျီသည် သူ့အစ်ကို့လက်ထဲမှ ပျိုးပင်ကို မျက်စိတစ်မှိတ်အတွင်း းပြန်ယူလိုက်ပြီး ချက်ချင်းအကိုင်းအသစ် ၃ ခု ထပ်ထွက်လာပြန်သည်။


နာရီဝက်ခန့် ကြာသောအခါ သူမ ဝိညာဉ်စွမ်းအင်များ ထပ်မံကုန်ခမ်းသွားပြီး မျက်နှာမှာဖြူလျော်ကာ လက်များ တုန်ရင်လာသည်။ သို့သော် ထိုစဉ်မှာပင် သူမဝတ်ထားသော ဝတ်ရုံ၏ထပ်နေသည့် ရွှေရောင်အင်္ကျီလက်စ ၉ ခုမှာ လက်ခနဲလင်းသွားပြီး၊ ခဏတာမှောင်သွားသော ဝိညာဉ်လက်ပတ်မှာလည်း ပြန်လည်လင်းထိန်လာပြန် သည်။


အကိုင်း ၃ ခု ထပ်ထွက်လာပြီး ပိုးစာရွက် ၂၀ ခန့် ထပ်တိုးလာသည်။


မှောင်သွားလိုက်၊ ပြန်လင်းလာလိုက်နှင့် အကိုင်း ၃ ခု ထပ်ထွက်လိုက်၊ အရွက် ၂၀ လောက် ထပ်တိုးလိုက်နှင့်...


စုကျီကျီ မျက်နှာမှာ ဖြူလျော်နေရာမှ နီမြန်းလာပြီး စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ပေ။ ဝိညာဉ်စွမ်းအင်တွေက မကုန်မခမ်းနိုင်ဘဲ တရစပ်စီးဆင်းနေသလိုမျိုး သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းဖြစ်သည်။


ဒါဟာ ကျင့်ကြံမှု ပါရမီမြင့်မားတာ၊ ဝိညာဉ်အမြစ် သန်မာတာနဲ့ ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှု မြန်ဆန်တာရဲ့ အရသာပဲဖြစ်ရမည်။ သူမ ဆက်လုပ်ချင်သည်၊ မရပ်တန့်ချင်တော့ပေ။ မူလက ဝိညာဉ်စွမ်းအင် ပြန်ပြည့်ဖို့အလွန်နှေးကွေးသည့် အခြေအနေသို့ပြန်မရောက်ချင်တော့ပါ။ ဒီခံစားချက်က တကယ်ကို အံ့သြဖို့ကောင်းလွန်းလှသည်။


"အစ်ကိုကြီး... တောင်းပန်ပါတယ်နော်"


စုကျီကျီမှာ လွန်စွာဝမ်းသာနေသော်လည်း ကျူးပိုင်ယွီထံ အားနာတကြီးကြည့်ကာ ပြောလိုက်သည် - "ညီမလေးလည်း... မလုပ်ချင်ပါဘူး"


"ညီမလေးလည်း... အစ်ကိုကြီးကို အရှုံးပေးချင်ခဲ့တာပါ"


ကျူးပိုင်ယွီ ကြောင်ကြည့်နေမိသည်။ ဒီစကားလုံးတွေက သူ အရမ်းရင်းနှီးနေသလိုပဲ။


စုကျီကျီ မျက်နှာလေး နီမြန်းလျက် ဆက်ပြောလာသည် - "ဒါပေမဲ့ ကျီကျီ ရှုံးလို့ မရဘူးလေ"


“ကျီကျီမှာ ရှုံးပေးဖို့ ဝိညာဉ်ကျောက်တုံး တစ်ရာမရှိဘူးလေ...”


“ပြီးတော့ ကျီကျီက... ကျဲအတွက်ရော၊ ကောအတွက်ရော၊ ကျီကျီအတွက်ပါ မန္တန်မီးအိမ်ရချင်တာ...”


စုကျီကျီ သွားလေးများကို တင်းတင်းကြပ်ကြပ် စေ့ထားပြီး သူ့မျက်နှာလေးမှာ ပြတ်သားမှုများဖြင့်ပြည့်နှက်နေ လေသည်။ သူ့ မျက်လုံးလေးများမှာလည်း နီမြန်းကာ မျက်ရည်များဝိုင်းနေလျက် “ညီမလေး နိုင်မှဖြစ်မယ်!” 


သူ့ အောင်နိုင်မှုမှာ တရားမျှတမှုမရှိပါ။ သူမသည် ဆေး လုံးများထက်ပင် ပိုမိုအစွမ်းထက်သောအရာတစ်ခုကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ကျူးပိုင်ယွီရှေ့တွင် ရှက်ရွံ့မှုကိုခံစားနေရသည်။


သို့သော်လည်း သူမသည် မိမိကိုယ်ကို အပြစ်တင်စိတ်ပြင်း ထန်နေသဖြင့် မသိစိတ်မှပင် ပါးစပ်ကိုပိတ်ထားသော ဘယ်ဘက်လက်ကို တဖြည်းဖြည်းလွှတ်လိုက်မိသည်။ အင်္ကျီလက်စများမှ ရွှေရောင်အလင်းတန်းများပိုမိုတောက် ပလာသည်နှင့်အမျှ သူ့ကလေးသံလေးမှာလည်း မသိလိုက်ဘဲ စကားများ အထစ်အငေါ့မရှိထွက်ပေါ်လာတော့သည်။


“အစ်ကိုကြီး... ဝမ်းမနည်းပါနဲ့နော်၊ ညီမလေးကို ရှုံးတာက အစ်ကိုကြီး အပြစ်မဟုတ်ပါဘူး၊ ကျီကျီရဲ့အပြစ်လည်း မဟုတ်ဘူး၊ ကျီကျီက လောကမှာရှိတဲ့ ကလေးတိုင်းမှားတတ်တဲ့ အမှားမျိုးကိုပဲ လုပ်မိတာပါ”


ကျူးပိုင်ယွီ: “???”


စုကျီကျီ ရိုးသားစွာဖြင့် ဆက်ပြောသည် - “ဒါ ကံကြမ္မာရဲ့ အပြစ်ပါ၊ အစ်ကိုကြီးက ဘာလို့ ကျီကျီတို့အခန်းထဲကို အစောကြီးကတည်းက ဝင်လာမိတာလဲ ?”


ကံမကောင်းစွာနဲ့ပဲ ‘တကယ်လို့သာ’ ဆိုတာတွေ မရှိတော့ဘူးလေ။


ကျူးပိုင်ယွီ၏ယုံကြည်ချက်အပြည့်ရှိသော အပြုံးမှာ ခဏတာ တုန်ရင်သွားရသည်။


“ကျူးအာ... ပွဲပြီးပြီနော်” 


စုကျိုသည် မြေကြီးပေါ်မှ စမ်းသပ်ယှဉ်ပြိုင်မှု စာချုပ်ကို အားစိုက်ကာကောက်ယူလိုက်ပြီး ပြုံးလျက် သူ့ကို မော့ ကြည့်လိုက်သည် - “နင့်မှာ ဝိညာဉ်စွမ်းအင်တွေ ကျန်သေးရဲ့လား?”


မကျန်တော့ပါ ~


လုံးဝ မကျန်တော့တာ သေချာပါသည်!


နေပါဦး... ကျူးအာ ဟုတ်လား?


ကျူးပိုင်ယွီ ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူသည် သူ၏ ကျင့်ကြံမှုအဆင့်ကို ယွမ်သန့်စင်မှု အဆင့် ၃ ထိ လျှော့ချထားခဲ့သဖြင့် သူ့ ဝိညာဉ်စွမ်းအင်မှာ လုံးဝကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။ အချိန်ကြာလျှင် ပြန်လည်ပြည့်ဖြိုးနိုင်သော် လည်း ‘လက်မောင်းမှာ ချပ်ဝတ်ကိုးထပ် ဝတ်ထားသည့်’ ရှေ့မှ မိန်းကလေး၏ပြန်လည်ပြည့်ဖြိုးနှုန်းကိုတော့ မမီနိုင်ချေ။


ထို့အပြင် သူကိုယ်တိုင် လက်မှတ်ထိုးထားသော စာချုပ်တွင်လည်း ဝိညာဉ်ဆေးလုံးများ သုံးခွင့်မရှိဟု အတိအ လင်းပါရှိနေသည်။ သူ လွန်စွာမာနထောင်လွှားခဲ့မိသည်။ ပထမထပ်၏အဆင့် ၄၀၀၀ လောက်ရှိသည့် လူတစ်ယောက်မှ ဝိညာဉ်စွမ်းအင် ပြန်ဖြည့်ပေးနိုင်သည့် မှော်ရတနာ ကိုးခုတောင်ဝတ်ထားလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့မိပေ။ ဒါ တကယ် မတရားလွန်းလှသည်!


“ဒါတွေက ဘာတွေလဲ ?” 


ကျူးပိုင်ယွီသည် စိတ်ပျက်လက်ပျက်ဖြစ်နေရာမှ စုကျီကျီ ညာဘက်လက်မောင်းပေါ်မှ အင်္ကျီလက်စ အထပ်ထပ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။


တစ်စုံတစ်ယောက်က အင်္ကျီလက်စ တစ်ဖက်တည်းကို ဖြတ်ပြီးရောင်းနေသည်ပေါ့။ သို့သော် ၎င်းတို့မှာ အဆင့်နိမ့်ပုံရပြီး သူ့ယွမ်သန့်စင်မှု အဆင့် ၉ အတွက်တော့ အကျိုးသက်ရောက်မှုရှိနိုင်မည် မဟုတ်ပါ။


“ဒါက ပထမအဆင့် ဝတ်ရုံကနေ ဖြတ်ထားတာလား ?”


“မမေးပါနဲ့ဦး အစ်ကိုကြီး အများကြီးမေးမိလို့ အမှန်တရားကို သိသွားရင် ရင်ကွဲသွားမှာကို ညီမလေး စိုးရိမ်လို့ပါ” 


စုကျီကျီ စကားလုံးများမှာ အလွန်ပင်ထိခိုက်နာကျင်စရာ ကောင်းလှသည် - “ဘဝဆိုတာ ခန့်မှန်းရခက်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ဘာလို့ နာကျင်အောင်လုပ်မှာလဲ ?”


ကျူးပိုင်ယွီ: “!??”


စုကျီကျီ ထိုသို့ပြောပြီးနောက် သူ့ ပါးစပ်ကိုလက်ဖြင့် အတင်းပြန်ပိတ်ကာ အော်ဟစ်လိုက်မိသည်။ ကျူးပိုင်ယွီကတော့ အသက်ကိုပြင်းပြင်းရှူလိုက်ပြီး သူ့ ချောမော သော မျက်နှာမှာလည်း လှုပ်ခါနေတော့သည်။


ဒီ စုကျိုရဲ့ ညီမလေးက ကြည့်ရတာ အရမ်းချိုသာပြီး ချစ်ဖို့ကောင်းသလောက် ပြောလိုက်တဲ့ စကားတွေကျတော့ တကယ် ရက်စက်လွန်းတာပါလား!


“အနိုင်အရှုံးကတော့ ဆုံးဖြတ်ပြီးပြီ၊ ငါ့ဆုလာဘ်ကို ပေးတော့လေ ကျူးအာရာ” 


စုကျိုက မညှာမတာ တိုက်တွန်းလိုက်သည်။


“...” ကျူးပိုင်ယွီ မျက်လုံးများကို မှိတ်ထားလိုက်ရသည်။


သူ စိတ်ကို ထိန်းလိုက်ပြီးနောက် မန္တန်မီးအိမ် ခုနစ်ရက်စာကိုထုတ်ယူကာ စုကျီကျီလက်ထဲသို့ ထည့်ပေးလိုက်သည်။ သူ ထွက်ခွာတော့မည့် အချိန်မှာပင် သစ်သားအိမ်၏ကန့် လန့်ကာကြားမှ တောက်ပသော အလင်းတန်းသုံးခုမှာ လေပြင်းတစ်ချက်နှင့်အတူ ပြေးဝင်လာပြီး အခန်းထဲရှိ ကျူးပိုင်ယွီ၊ စုကျီကျီနှင့် စုကျိုတို့ကို ချက်ချင်းဝန်းရံလိုက်တော့သည်။


အခန်းတွင်းရှိဖြူဖွေးသော နံရံပေါ်တွင် အနက်ရောင် စာလုံးများပေါ်ထွက်လာသည် - 【 ဝိညာဉ်ပိုးကောင်ဂေဟာ၏ စုကျို၊ စုကျီကျီနှင့် ကျူးပိုင်ယွီတို့ ယှဉ်ပြိုင်မှုအတွက် ဆုလာဘ်နှင့် အပြစ်ဒဏ်များမှာ အောက်ပါအ တိုင်းဖြစ်သည် — ! 】