Ch 44
Viewers 4k

အပိုင်း (၄၄) လင်းဖုန်းရှောင်၏ဆလင်ဒါဘူး


သူတို့တွေက မိစ္ဆာသတ္တဝါအားလုံးအား အမြစ်ပြတ်ချေမှုန်းပြီးတာ သေချာသော်လည်း ဖုတ်ကောင်တစ်ကောင်ဟာ စာကြည့်တိုက်အလယ်တွင် ထွက်ပေါ်လာသည်။


ငြိမ်ငြိမ်နေရမယ် အခြေအနေက သူ့အား အများကြီး တွေးတောရန် ခွင့်မပြုပေ။


လင်ရှုက လျင်မြန်စွာ ပြန်လှည့်လိုက်ပြီး ထိုမိန်းကလေး၏နောက်ကျောဘက်ရှိ စာအုပ်စင်၏အနောက်တွင် သူမ၏အမြင်မှ သူ့ကိုယ်သူ ကွယ်လိုက်သည်။ ထို့နောက်တွင်တော့ သူ၏သိုလှောင်အိတ်အား ထုတ်ယူလိုက်တော့သည်။


သူဟာ ဖုတ်ကောင်တွေ၏တိုက်ခိုက်နိုင်စွမ်းကို မသိပေ။ သူသိသည့်အရာအားလုံးက သူဟာ ကြက်တစ်ကောင်ကိုပင် ချည်နှောင်နိုင်စွမ်း မရှိသည်အထိ အပြင်းအထန်ကို စွမ်းအားပြတ်လပ်နေတာပင်။


တစ်ခဏအတွင်းမှာပဲ သူ့အာရုံက ပြန်ရောက်လာပြီး ယခင်က လင်းဖုန်းရှောင်မှ သူ့အား ပေးခဲ့ဖူးသည့် “ကျစ်ရှောင်အားဖြည့်ဆေး”ကို နှစ်လုံးတိတိ ထုတ်ယူလိုက်သည်။


ထိုသည်က အသက်ကို ထိန်းသိမ်းနိုင်သော မြင့်မြတ်သည့်ဆေးလုံးပင်၊ တစ်ခါ စားသုံးလိုက်သည်နှင့် သန့်စင်သည့် ဆေးဖက်ဝင်စွမ်းအားက ချက်ချင်းပဲ နှလုံးကို ကာကွယ်ပေးကာ သူ့အသက်အား ထိုဖုတ်ကောင်မှ ခိုးယူသွားနိုင်ချေကို ကာကွယ်ပေးထားပေသည်။


သူ လုပ်နိုင်သည့်အရာအားလုံးက ဆေးလုံးကို စားတာပင်။ ထို့နောက် စာအုပ်စင်က ကျယ်လောင်သည့်ဆူညံသံကို ထုတ်လွှတ်လာပြီး သိသိသာသာကိုပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။ တစ်ခဏလောက်အထိ သူကြားနိုင်သည့် အရာအားလုံးက စာအုပ်များ၏ပြိုကျနေသံဖြစ်ကာ အေးစက်သည့်လေတိုးသံနှင့်အတူ ဖြူဖျော့သည့် လက်တစ်ဖက်က စာအုပ်စင်၏အနောက်မှ ထွက်ပေါ်လာသည်။


လင်ရှု၏အရိုးထဲထိ စွဲမြဲနေသော အလိုလိုသိစိတ်က ယခုလို သေရေးရှင်ရေးအခြေအနေတွင် တွန်းအားပေး ထုတ်ယူခံလိုက်ရပြီး ထိုလက်ထွက်လာသည့် တစ်ချိန်တည်းမှာပဲ ရှောင်နိုင်ဆိုရုံမျှသာ အနောက်ဘက်သို့ မှီချလိုက်သည်။


သူ့လက်ကို မြှောက်လိုက်သောအခါ လက်ကောက်ဝတ်ရှိ လက်နက်ပုန်း မြှားပစ်စက်က အသက်ဝင်လာတော့သည်။ အေးစက်နေသော စွမ်းအင်ကို ထုတ်လွှတ်နေသည့် သေးငယ်သောသံမြှားသုံးချောင်းက ထိုလက်အား ပစ်ချလိုက်ပြီး သူတို့ထဲကတစ်ခုက “ဘွန်း”ဟူသော အသံနှင့်အတူ ထိုအရာ၏ လက်ဖဝါးဆီသို့ စိုက်သွားလေသည်။


လက်နက်ရွေးချယ်ရန် ရတနာခန်းမဆီသို့ ခေါ်ဆောင်သွားပေးသည့် လင်းဖုန်းရှောင်အား ကျေးဇူးတင်ရပေမည်။ သူဟာ သူ့အသက်ကို ကယ်တင်နိုင်မည့် လက်နက်ပုန်းများအား သယ်ဆောင်ထားပြီး မဟုတ်လျှင် ယခုအချိန်၌ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မည့် အခွင့်အရေး လုံးဝမရှိနိုင်ပေ?


လင်ရှု၏အသက်ရှုသံက အနည်းငယ် အလျင်လိုနေပြီး ထို့နောက် သူ့ခြေထောက်အားစာအုပ်စင်မှ ထုတ်လိုက်ကာ ဆန့်ကျင်ဘက်အရပ်ဆီသို့ ပြေးတော့သည်။


အလင်းထဲတွင် ထိုမီးခိုးရောင်အရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ စာအုပ်စင်များ၏အနောက်ဘက်မှ တစ်ဟုန်ထိုး ပြေးထွက်လာပေသည် ။


လင်ရှုက အံကြိတ်လိုက်ပြီး သူ့အနောက်ဘက်သို့ လက်နက်ပုန်းမြှားအနည်းငယ်အား ပစ်လိုက်ကာ ရှေ့သို့ဆက်ပြေးတော့သည်။


ဒရမ်ကဲ့သို့ ဆူညံနေသည့်ခြေသံတို့က သူ့အနောက်ဘက်တွင် တစ်ဖြည်းဖြည်း ကျယ်လောင်သထက် ကျယ်လောင်လာတော့သည်။ အန္တရာယ်အသိပေးချက်က သူ့အား မြန်သထက်မြန်အောင် သွားရန် နှိုးဆော်နေပြီး သူမ၏အေးစက်လှသော အသက်ရှုငွေ့ကိုပင် ကြားနိုင်နေသည်။ သူမလည်ချောင်းထဲရှိ အသံကပင် တစ်ဖြည်းဖြည်း နီးကပ်လာတော့သည်။


သူ မလွတ်မြောက်နိုင်တော့ပေ ။


လင်ရှုက လင်းဖုန်းရှောင်အား အော်ခေါ်ချင်သော်လည်း အရမ်းကို စိတ်ဖိစီးနေသည့်အတွက် သူ့လည်ချောင်းက ပိတ်ဆို့နေသည်။ သူ့ကိုကြည့်ရသည်မှာ အိမ်မက်ဆိုးထဲတွင် ပိတ်မိနေပြီး အသံတစ်စပင် မပြုနိုင်သလိုပေ။ 


အကယ်၍ သူ အော်လိုက်လျှင်ပင် စာကြည့်တိုက်က ကြီးမားကျယ်ဝန်းလွန်းသည့်အတွက် လင်းဖုန်းရှောင်ပင် အာရုံစိုက်စွာ နားမထောင်နေလျှင် ဘယ်တော့မှ မှန်းဆနိုင်မည်မဟုတ်ပေ ။


သူ၏သီးခြား ဖြစ်နေပြီး အကူအညီမဲ့နေသော အခြေအနေအား အသိအမှတ်ပြုပြီးနောက် ဝါးခေါက်ဓား မဟုတ်သည့် ဓားတစ်လက်အား သူ၏သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။

 

အကယ်၍ မိစ္ဆာသတ္တဝါအားလုံးရဲ့ မြင်သမျှ ကြားသမျှကို ကြီးမြတ်တဲ့စုန်းမဆီသို့သာ ပြန်လည် ပို့ဆောင်သည်ဆိုပါက ထိုဖုတ်ကောင်ကလည်း ထပ်တူလုပ်နိုင်မည်လားဆိုတာကို မည်သူကသိနိုင်မည်လဲ။


သူ့လက်ထဲတွင် သုံးပေအရှည်ရှိသည့်ဓားကိုကိုင်ကာ ညာဘက်သို့ ကွေ့ချလိုက်သည်။ ထို့နောက် လှည့်လိုက်ပြီး ဓားအား နီးကပ်လာနေသည့် ထိုဖုတ်ကောင်ရှိရာဆီသို့ တန်းတန်းမတ်မတ် ထိုးချလိုက်တော့သည်။


ငိုကြွေးသံနှင့်အတူ ထိုဓားရှည်က ဖုတ်ကောင်ရဲ့ရင်ဘတ်ကို ထိုးဖောက်သွားပြီး ဓားသွား၏ထိပ်ဖျားက သံတုံးနှင့်ကျောက်တုံးကဲ့သို့ မာကျောလှသည့် တစ်စုံတစ်ရာကို ထိမိသွားတော့သည်။ ပြီးလျှင် ထိုသည်က ရွှေတွင်းတစ်ခုအား ရိုက်မိသည်နှင့် ပိုတူလေသည်။


သူ့တွင် မည်သည့်ဝိဥာဉ်စွမ်းအားမှ မရှိပေ။ ထို့ကြောင့် ဓားရှည်က မည်မျှပင်ကောင်းသော်လည်း ထိုအရာက သူ့လက်ထဲ၌ သတ္တုချောင်းတစ်ခုသာသာ ဖြစ်နေပြီး သူ၏အတွင်းစွမ်းအားကို ပြည့်ပြည့်ဝဝ မဖော်ထုတ်နိုင်ပေ ။


ထိုမိန်းကလေးက သူမ၏လည်ချောင်းထဲ၌ တိူးလျသည့်ညည်းတွားသံတစ်ခု ထုတ်ကာ သူမ၏လက်ချောင်းငါးခုက လက်သည်းအသွင် ပြောင်းလဲသွားပြီး ရှေ့သို့ လျင်မြန်စွာ တစ်ဟုန်ထိုး တက်လာပြီး သူ့မျက်နှာအား ကုတ်ဆွဲရန် ကြိုးစားလာသည်။


လင်ရှုက သူ့ဓားအား အလျားလိုက်ဖြစ်အောင် လှည့်လိုက်ပြီး သူမ၏တိုက်ခိုက်မှုကို ခုခံပိတ်ဆို့လိုက်သည်။ ထို့နောက် သိသာနေသည့် မတိုးသာမဆုတ်သာ အခြေအနေအား အခွင့်ကောင်းယူကာ မြှားပုန်းအား ထပ်မံအသက်သွင်းလိုက်ပြီး မြှားအသေးလေးတွေကို ထိုမိန်းကလေး၏မျက်နှာဆီ ပစ်ထုတ်လိုက်တော့သည်။


ပိတ်ဆို့ရန် သူမ၏လက်အား ပြန်ဆုတ်လိုက်သည့်အချိန်တွင် လင်ရှုက သူ၏အားစမ်းကြည့်ကာ ဓားကိုပြန်ရုတ်လိုက်ပြီး ဘယ်ဘက်သို့ လှည့်လိုက်ကာ လွတ်မြောက်ရန် ကြိုးစားလိုက်ပြန်သည်။


သို့သော်လည်း သူက ဖုတ်ကောင်၏အမြန်နှုန်းကို မထိန်းထားနိုင်ပေ ။


သူ၏ဘယ်ဘက်ပုခုံး၌ စူးရှသည့် နာကျင်မှုတစ်ခုဖြစ်သွားပြီး တစ်ကိုယ်လုံးအား အနောက်ဘက်သို့ ပြန်ဆွဲယူခံလိုက်ရတော့သည်။


လင်ရှုက သူ၏ခွန်အားတို့က ဘယ်ကနေရောက်လာသည်မှန်း မသိသော်လည်း သူ့ပုခုံးထက်ရှိ ထိုးဖောက်ခံနေရသော နာကျင်မှုကို ပြန်ထိန်းထားလိုက်ကာ ပြန်လှည့်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်၊


ထိုမိန်းကလေး၏မျက်နှာက လုံးဝကိုပင် ပုံပျက်နေပြီဖြစ်သည်။


အစကတည်းကပင် ဖုတ်ကောင်တွေအား လူသားအဖြစ် သတ်မှတ်၍မရပေ။ သူတို့တွေ၌ တိရစ္ဆာန်တွေနှင့် ဆင်တူသည့် အမျိုးမျိုးသော အမူအကျင့်တွေရှိပြီး လက်နက်ကို မည်သို့သုံးရမည်လဲ ဆိုတာလည်း မသိသလို သူတို့၏တိုက်ခိုက်မှုအားလုံးက ကိုက်ဖြတ်ခြင်းနှင့်ပင် ။


သူမက ပါးစပ်ကိုဖွင့်လိုက်ပြီး ချွန်ထက်သည့် မီးခိုရောင်သွားတွေအား ဖော်ပြလာကာ လင်ရှု၏လည်ပင်းအား ကိုက်ဖြတ်တော့မည်ပင်။


—အခုပဲ


လင်ရှုက သူ၏ဘယ်ဘက်လက်အား ခက်ခဲစွာဖြင့် မြှောက်လိုက်ပြီး လုံးဝန်းနေသည့်အနီရောင် ပုတီးစေ့အား ဖုတ်ကောင်၏ပါးစပ်ထဲသို့ ဖိချလိုက်တော့သည်။


လီဟူ၏အဆီအနှစ်ပင်။


ကြီးမြတ်လှသည့် သခင်မလေး၏အဆိုအရ။ ဖုတ်ကောင်တွေဟာ သေသည်လည်း မဟုတ်သလို ရှင်သန်နေတာလည်း မဟုတ်ပေ။ ဓား၊ သေနတ်တို့လည်း ပြီးကာ သူတို့ကြောက်ရွံ့သည့် တစ်ခုတည်းသောအရာက စစ်မှန်သောမီးဖြင့် လောင်ကျွမ်းတာပင်။ 


ဤကမ္ဘာထဲ၌ စစ်မှန်တဲ့မီးတောက်ပင်လျှင် လီဟူ၏ အဆီအနှစ်ထဲရှိ လောင်ကျွမ်းနေသော မီးကျီအဆီအနှစ်အား ကျော်လွန်နိုင်ရန် ခက်ခက်ခဲခဲ ဖိနှိပ်ရပေမည်။


ထိုသို့ပြုလုပ်ပြီးနောက် လင်ရှု၏ခွန်အားတို့က ရုတ်တရက် ပျောက်ဆုံးသွားကာ ထိုဖုတ်ကောင်မှ သူ့အား ကိုက်ဖြတ်လာမည့်အချိန်ကိုသာ စောင့်နေလိုက်တော့သည်


သို့သော် သူ၏အတွင်းစိတ်ထဲ၌ တည်ငြိမ်နေပေသည်။

 

သူ အကိုက်ခံလိုက်ရလျှင်ပင် ကျစ်ရှောင်အားဖြည့်ဆေးအား စားပြီးပြီဖြစ်သဖြင့် သေသွားလိမ့်မည်မဟုတ်ပေ ။


သို့သော် ဒီအလောင်းကတော့ အချိန်အကြာကြီး အေးစက်သွားပေလိမ့်မည်။


အကယ်၍သာ သူ့တွင် လက်ဗလာနှင့် တိုက်ခိုက်ရမည်ဆိုလျှင် လင်ရှုအတွက် အနိုင်ရရန် မဖြစ်နိုင်ပေ။ သို့သော် ယခုတွင်တော့ သူ့တွင် သူ၏အသက်အားထိန်းသိမ်းရန် ထိုမှီခိုစရာ ရှိနေပြီဖြစ်သည်။


အဘယ်ကြောင့်ဆိုသည့် အကြောင်းပြချက်ကတော့ ရှင်းရှင်းလင်းလင်းပင်။ သူ့၌ ချမိးသာကြွယ်ဝသည့်ဇနီးလေးရှိနေပြီး သို့သော် ဒီဖုတ်ကောင်မိန်းကလေးကတော့ မရှိပေ။ 


လင်ရှုက သူ၏လက်ရှိအခြေအနေအား တွေးလိုက်ပြီး ခုခံစရာနည်းလမ်း မရှိတော့သည်ကို တွေ့လိုက်သည့်အခါ ခုခံနေသည်ကို လက်လျှော့လိုက်ပြီး ငြိမ်းချမ်းသည့် စိတ်အခြေအနေနှင့် စောင့်ဆိုင်းနေလိုက်တော့သည်။


ထိုမိန်းကလေး၏လည်ချောင်းဆီမှ ညည်းတွားသံ ထွက်ပေါ်လာပြီး ဖျောတော့နေသော သူမလည်ချောင်းမှ အနီရောင်မီးတောက်အား ဖော်ပြလာသော်လည်း လင်ရှုအား တိုက်ခိုက်သည်ကိုတော့ အလျော့မပေးချေ။ သူ့လည်ပင်းအား ကိုက်ချတော့မည့် အချိန်မှာပဲ—


ဓားတစ်လက် 


သတ်ဖြတ်လိုစိတ်တို့ ထုတ်လွှတ်နေသည့် ဓားတစ်လက်က တည့်တည့်မတ်မတ် ပျံသန်းလာတော့သည်။


သို့သော် ဖုတ်ကောင်၏လှုပ်ရှားမှုတို့က တကယ်ကိုပင် တစ်ခဏမျှသာ အေးခဲသွားသည်


နောက်တစ်ခဏမှာတော့ အနီရောင်အရိပ်တစ်ခုက ခပ်လှမ်းလှမ်းကနေ တစ်ဟုန်ထိုး ပြေးဝင်လာတော့သည်။ ဓားသွား၏တဖျပ်ဖျပ်လက်နေသော အလင်းနှင့်အတူ ထိုဖုတ်ကောင်မိန်းကလေးက သူမ၏လက်နှစ်ဖက်စလုံးအား မြှောက်၍ ဓားသွားအား ခုခံလိုက်သည်


လင်ရှုက တစ်ယောက်ယောက်ဆွဲလိုက်သည်ကို ခံလိုက်ရပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရတော့သည်။ ထို့နောက် သူဟာ ရုတ်တရက်ကြီး လေထဲတွင် တန်းလန်းဖြစ်သွားတော့သည်။


စာအုပ်စက်များရှိ ကျဉ်းမြောင်းလှသော နေရာလွတ်အပြင် အဖက်ဖက်သို့ ပေါက်ကွဲနေသည့် ဓားသွား၏စွမ်းအင်အား ကြည့်လိုက်လျှင် ထိုဖုတ်ကောင်၌ ရွှေတွင်းလောက်မာကျောသည့် ခန္ဓာကိုယ်ရှိနေလျှင်ပင် ရက်စက်ကြမ်းကြုတ်လှသည့် ဓား၏တွန်းအားကို တောင့်မခံနိုင်ကာ ပြန်ဆုတ်ရပေမည်။


လင်ရှုက ကြီးမြတ်လှသည့်သခင်မလေးမှ သူ့အား လက်တစ်ဖက်ဖြင့် ဖက်ထားပြီး တစ်ခြားလက်တစ်ဖက်ဖြင့် တိုက်ခိုက်နေသည်ကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ဒီလိုမျိုးသာဆိုလျှင် သူမက ထိုဖုတ်ကောင်၌ ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသည်အထိ ရိုက်နိုင်ရန် တတ်နိုင်သည့်ပုံပင် ။


သူက ချီးကျူးပေးသင့်သည်ဟု ခံစားလိုက်ရသည်။


ပြန်လည်ဆုတ်ရမည့် နေရာမရှိသည့်အခါ တစ်ကိုယ်လုံး နီရဲနေပြီဖြစ်သည့် ထိုဖုတ်ကောင်က ကျယ်လောင်စွာ ဟိန်းဟောက်ကာ သူတို့နှစ်ဦးအား ရင်ဆိုင်ရန် တည့်တည့်မတ်မတ် ရပ်လိုက်သည် ။


လင်ရှုက ကြီးမြတ်လှတဲ့သခင်မလေးရဲ့ နှာမှုတ်သံကို ကြားလိုက်ရကာ “တပ်တူပူဆွေးခြင်း” ဓားကို လေထဲသို့ ပစ်မြှောက်လိုက်ပြီး သူမလက်ထဲမှ လွတ်သွားစေတာကို တွေ့လိုက်ရသည်။ သူမက ထိုဖုတ်ကောင်အား သူမ၏လက်ဖဝါးနှင့် ရင်ဆိုင်ရန် ရည်ရွယ်နေတာပင် ။


သူမ၏လက်ဖဝါးထဲ၌ မယုံကြည်နိုင်စရာကောင်းသည့် ဝိဥာဉ်စွမ်းအားတို့ စုစည်းလာပြီး ဖုတ်ကောင်၏ရင်ဘတ်အား တိုက်ရိုက်ထိမှန်သွားတော့သည်။


သူမ၏လက်ဖဝါးနှင့် ထိုရင်ဘတ်တို့ ထိမိသွားခိုက်မှာပဲ ကမ္ဘာကြီးတစ်ခုလုံးက တိတ်ဆိတ်သွားပုံရပြီး ထိုဆက်နွယ်မှုမှ ကြီးမားလှသည့် ဝိဥာဉ်စီးကြောင်းတစ်ခုက ပေါက်ကွဲထွက်လာသည်။ ထို့နောက် ထိုဖုတ်ကောင်အား လွင့်ထွက်သွားစေကာ အနည်းဆုံး ခြေလှမ်းနှစ်ဆယ်ခန့် ပြန်ဆုတ်လိုက်ရစေသည်။


ထို့နောက် ဓားက ပြန်ကျလာပြီး လင်းဖုန်းရှောင်က ဖမ်းလိုက်ကာ ဓားသွားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

 

နောက်တစ်ခဏမှာပဲ လင်ရှုက တင်းတင်းကြပ်ကြပ် အဖက်ခံလိုက်ရပြီး လှိမ့်ချလိုက်ကြသည်။


သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက်ကြီး ပူပြင်းလာပြီး ပြင်းထန်သည့်အပူလှိုင်းတစ်ခုက ဧရိယာတစ်ခုလုံးအား ပျံ့နှံ့သွားသည် ။


အသက်ရှိုက်စာအနည်းငယ်အတွင်းမှာပဲ လင်းဖုန်းရှောင်က သူ့အားလွှတ်လိုက်ကာ ထရပ်လိုက်ပြီး သူ့ကို ဆွဲထူလာသည်။


“သေသွားပြီ” လင်းဖုန်းရှောင်က ပြောလာသည်။


လင်ရှု ကြည့်လိုက်သည့်အခါ သူ့ရှေ့၌ တဟုန်းဟုန်းတောင်နေသည့် မီးအား တွေ့လိုက်ရပြီး ထိုသည်က ဝိဥာဉ်မီးတောက်ပင် ၊


ထိုသည်က ဖြစ်နိုင်သည်မှာ လင်းဖုန်းရှောင်၏လက်ဖဝါးထဲတွင် ပါဝင်သော ဝိဥာဉ်စွမ်းအားက ဖုတ်ကောင်၏ခန္ဓာကိုယ်ထံရှိ လီဟူထဲမှ စစ်မှန်သောမီးအဆီအနှစ်အား တုံ့ပြန်ကာ အတွင်းအပြင်မှ လောင်ကျွမ်းစေလိုက်သည့်ပုံပင်၊ ထို့နောက်တွင်တော့ ထိုအရာက—ပေါက်ကွဲသွားသည်၊


ထို့အပြင် အဲဒီစာအုပ်ဒါဇင်အနည်းငယ်ကလည်း ဘယ်လိုလုပ်ပြီး သပ်သပ်ရပ်ရပ် လောင်သွားရတာတုန်း။


လင်ရှုက လင်းဖုန်းရှောင်အား ကြည့်ရန် လှည့်လိုက်သည်။


ယခုလေးတင် မီးအားရှောင်ရှားရန်အတွက် မြေပေါ်သို့ လှိမ့်ချလိုက်သည်ကြောင့် သူတို့၏ဆံပင်များက အနည်းငယ် ရှုပ်ပွနေသည်။ လင်းဖုန်းရှောင်က လင်ရှု၏ပါးပြင်ပေါ်၌ ကပ်ငြိနေသည့် ထိုဆံစအနည်းငယ်အား ဖယ်လိုက်ကာ လျင်မြန်စွာမေးလာသည်။


“နာသွားလား”


လင်ရှုက သူ့ခေါင်းကို ခါလိုက်သည်။


လင်းဖုန်းရှောင်က ဆက်မေးလာသည်။ “သူမရှင့်ကို ထိလိုက်သေးလား”


လင်ရှုက ခေါင်းညိတ်ပြလိုက်သည်။


လင်းဖုန်းရှောင်က ချက်ချင်းပင် မျက်မှောင် ကြုတ်သွားပြီး : “ဘယ်နေရာမှာလဲ”


လင်ရှု : “ပုခုံးမှာ”


ထိုနေရာက နာကျင်နေဆဲပင်။


လင်းဖုန်းရှောင်ကပြောလာသည်။ “ချွတ်လိုက်”


လင်ရှုက အနည်းငယ် တွန့်ဆုတ်သွားသော်လည်း ကြီးမြတ်လှသည့်သခင်မလေး၏ လေသံကတော့ ခိုင်မာနေသည့်အတွင် သူ့ဝတ်ရုံစကို ဖြေချလိုက်ရုံသာ ရှိတော့သည်။


ကြီးမြတ်လှသည့်သခင်မလေးက သူ့နောက်သို့လာကာ သူ့ပုခုံးပေါ်တွင် လက်တစ်ဖက် တင်လာသည်။


လင်ရှုက ဟာသတစ်ခုကဲ့သို့ ခံစားလိုက်ရသည် ။


သို့သော် သခင်မလေး၏နောက်ထပ်လှုပ်ရှားမှုက ရိုးရိုးရှင်းရှင်းပင် အရမ်းကို သတိကြီးလွန်းသည်။ သူမက သူ့အတွင်းဝတ်ရုံ၏ကော်လံစအား ငြင်ငြင်သာသာ ဆွဲချလိုက်ကာ သူ့နောက်ကျောဘက်အား အနည်းငယ် လှစ်ဟဖော်ပြထားပေသည်။ ထို့နောက် သူမ၏လက်ချောင်းထိပ်အား ဖုတ်ကောင်၏ဆုပ်ကိုင်ခြင်း ခံလိုက်ရသည့် ပုခုံးပေါ်သို့ ဖိချလိုက်တော့သည်။ တစ်ခဏကြာပြီးနောက် လည်ပင်းအစအား ဆွဲလိုက်ကာ ပိတ်ချလိုက်သည်။


“ကျွန်မက ဂရုစိုက်လွန်သွားတယ်” လင်းဖုန်းရှောင်၏အသံက အနည်းငယ် ပြေလျော့သွားကာ သူမက ပြောလာသည်။


“သွေးအဆိပ်ခတ်တာက လက်ဆင့်ကမ်းဖို့ အရမ်းကိုလွယ်ကူတယ်။ ကံကောင်းလို့ ရှင်က ကူးစက်မသွားဘူး”


သူ ကူးစက်ခံလိုက်ရသည်လားဆိုတာကို စစ်ဆေးရန် ဖြစ်နေတာပင်။


လင်ရှုက သူ့အဝတ်တွေအား ပြန်လည်ပြင်ဆင်လိုက်ကာ ပြောလာသည်။

 

“အဲဒါ ကောင်းတာပဲ”


သူ့အသက်အား ပြန်ရရန် အလွန်ကိုခက်ခဲခဲ့ပြီး ယခုအချိန်တွင် သွေးအဆိပ်ခတ်ခြင်းဖြင့် ဖုတ်ကောင်ဖြစ်လာပါက အရမ်းကိုရှက်ဖို့ကောင်းမည်ပင်။


သူ့နှလုံးခုန်သံက အနည်းငယ် ကြောက်စရာကောင်းနေကာ စိတ်ငြိမ်စေရန် အသက်ခပ်ပြင်းပြင်း ရှုလိုက်ရသည်။ ကြီးမြတ်လှသည့်သခင်မလေးအား ကျေးဇူးတင်တော့မည့် အချိန်မှာပဲ သူမက သူ့ကို ကြည့်လာသည်ကို တွေ့လိုက်ရပြီး သူမက မေးလာသည်။


“ရှင်ကြောက်သွားသေးလား”


လင်ရှုက သူ့ခေါင်းကို ခါလိုက်သည်။


“ကျွန်မက ရှင့်ကို အချိန်အကြာကြီးထိ ထွက်မလာတာ တွေ့လိုက်လို့ ထပ်ပြီး အနိုင်ကျင့်ခံနေရမှာစိုးတာနဲ့…..” လင်းဖုန်းရှောင်က သက်ပြင်းရှည်ကြီးအား မှုတ်ထုတ်လိုက်ကာ “အဲဒီအစား တိုက်ခိုက်နေတဲ့အသံကို ကြားလိုက်ရတယ်လေ”


အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်ရဲ့ချစ်ခြင်းမေတ္တာက မိုးမြေတုန်လှုပ်စရာပင်။


သူ အနိုင်ကျင့်ခံနေရမည်အား စိုးရိမ်သည့်အတွက် ကူညီရန်လာခဲ့သော်လည်း လူသတ်လုနီးပါး ဖြစ်နေသည့်မြင်ကွင်းကိုသာ တွေ့လိုက်ရသည်။


လင်ရှုက ပြောလိုက်သည်။“…..ကျေးဇူးပါ”


“မလိုပါဘူး ရှင့်ဆီမှာ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်မက….” လင်းဖုန်းရှောင်က ရပ်သွားကာ ဘာမှပြောမလာတော့ဘဲ ထို့နောက်တွင်မှ ဆက်ပြောလာသည် ။


“မဟာဆရာသခင်ကိုခေါ်ဆိုဖို့ အိမ်မက်ကွင်းပြင်ကို သွားလိုက်ဦးမယ်”


လင်ရှုက ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပြီလေ”


မဟာဆရာသခင်က မြန်မြန်ဆန်ဆန်ပဲ ရောက်လာပြီး တာအိုကျောင်းတော်ရှိ ကျန်းရန်တော် တော်များများအား သူနှင့်အတူ ခေါ်ဆောင်လာသည်။ 


ပထမဆုံးလုပ်သည့်အရာက မီးငြှိမ်းတာပင်။


မီးကအလွန်ပြင်းသည့်အတွက် စာအုပ်ပေါင်းသောင်းချီဟာ မီးလောင် ပျက်စီးသွားသည်


လင်ရှုက အလွန်အမင်း ရှက်ရွံ့သလို ခံစားလိုက်ရပြီး လင်းဖုန်းရှောင်၏ဘေးဘက်တွင်ရပ်ကာ မဟာဆရာသခင်အား အကြွေးရှင်အား ကြည့်နေသကဲ့သို့ ကြည့်နေလေသည်၊


လင်းဖုန်းရှောင် : “ကျွန်မ ရှို့လိုက်တာပါ”


မဟာဆရာသခင် : “သာမန်စာအုပ်တွေက အလွယ်လေး အစားထိုးလို့ရပါတယ်၊ ဒါပေမဲ့ ဒီရှားပါးတဲ့ ရှေးဟောင်းစာအုပ်ကတော့…..”


လင်းဖုန်းရှောင် : “ဒီတစ်ခုက ချီဖုန်းစံအိမ်တော်ကပါ”


မဟာဆရာသခင် “သိပ်ကောင်းတယ်”


လင်ရှုခံစားရသည်က သူတို့ဟာ သဘောတူညီမှုတစ်ခု လုပ်ပြီးသွားပုံပင်။


မီးငြှိမ်းပြီးနောက် မဟာဆရာသခင်က အလယ်ခေါင်ရှိ ဖုတ်ကောင်၏ခန္ဓာကိုယ်ဆီသို့ လွှားခနဲ ကျော်သွားလိုက်သည်။


လီဟူ၏အဆီအနှစ်က နွေးထွေးစွာ တောက်လောင်နေဆဲဖြစ်သော်လည်း ယခင်ကထက်တော့ အများကြီး မှိန်ဖျော့သွားပုံရသည်။


ဖုတ်ကောင်၏ခန္ဓာကိုယ်က တူးခြစ်သွားတဲ့အရိုးနှင့် အမည်းရောင်ပြာမှုန့်များကဲ့သို့ လောင်ကျွမ်းသွားသည်။ မဟာဆရာသခင်က အရိုးများကြားတွင် စမ်းတဝါးဝါး ရှာလိုက်ကာ ကျောက်စိမ်းအဆောင်အား ထုတ်ယူလိုက်သည်။


“ကွန်ဖြူးရှပ်ကျောင်းတော်ကတပည့် ချူးမိန်ရှောင်းပဲ”


မိစ္ဆာမျိုးစေ့များအား သလင်းကောင်းကင်ဘုံတာအိုကျောင်းတော်မှ ဖယ်ရှားလိုက်ပြီးပြီးချင်း ကွန်ဖြူးရှပ်ကျောင်းတော်တွင် မတော်တဆမှု တစ်ခုရှိလာသည်။

 6

ရှန်းလင်ကျန်းက လင်ရှုနှင့် လင်းဖုန်းရှောင်တို့အား ဘာဖြစ်ခဲ့သည်ကို ဂရုတစိုက်မေးကာ အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာပြောလာသည်။ “သူတို့ကို စစ်ဆေးလိုက်”


ထို့နောက် မီးလောင်သွားပြီဖြစ်သည့် စာအုပ်စင်ဘက်အား လှည့်လိုက်ကာ မေးလာသည်။


“မူလကဒီနေရာမှာ ဘာစာအုပ်တွေ ရှိတာလဲ”


လင်ရှုက ပြန်ဖြေလာသည်။ “မသေမျိုးတို့၏အထွေထွေသမိုင်း”


ရှန်းလင်ကျန်းက အတွေးထဲနစ်မြှုပ်သွားပုံရသည် 


လင်းဖုန်းရှောင်က မေးလိုက်သည်။


“သူတို့တွေက ဘာကိုရှာဖွေနေတာလဲ”


ရှန်းလင်ကျန်းက သူ့ခေါင်းအား ခါရမ်းလိုက်ကာ :


“မသိသေးဘူး”


ယွဲ့အရှင်ဟောင်းက ကိုမာဝင်နေသည်မှ ပြန်မကောင်းလာသေးသည့်အတွက် လွန်ခဲ့သည့်ရက်တွေက ချုးမိန်ရှောင်ဆီမှသာ စတင်ရှာဖွေနိုင်ပေသည်၊ သို့သော်လည်း အတူနေသည့် အခန်းဖော်တွေနှင့် အတန်းဖော်တွေအားလုံး ပြောကြသည်က သူမနှင့်ပတ်သက်၍ မည်သည့်ပုံမှန်မဟုတ်တာမျိုးမှ မရှိဘဲ မနေ့တစ်နေ့ကပင် အတန်းတွေကို လိမ်မာစွာ တက်ရောက်ကာ စာတွေကျက်မှတ်နေဆဲပင်။


မဟာဆရာသခင်ယူဆသည်က အလွန်မြင့်မားသည့် ကျင့်ကြံဆင့်ရှိသည့် ပေရှ၏မိစ္ဆာကျင့်ကြံသူဟာ အကယ်ဒမီထဲသို့ ခိုးဝင်လာတာ သို့မဟုတ် သူတို့အကြားတွင် ပေရှ၏သစ္စာဖောက် ရှိနေတာဖြစ်သည်။


ထိုသို့ဖြင့် အကယ်ဒမီဘက်မှ စေ့စပ်သေချာသည့် စုံစမ်းစစ်ဆေးခြင်းအား စတင်၍ တပည့်အားလုံးအား အပြင်ထွက်ခြင်းကို တားမြစ်လိုက်သည်၊ သူတို့တွေက ကျန်းရန်များ၏ တင်းကြပ်သည့် စောင့်ကြည့်မှုအောက်တွင် ဝါးလုံးအိမ်ထဲတွင် နေရပေသည် ၊


လင်းဖုန်းရှောင်က လင်ရှုအား ကျင်းဖုန်းရှီးယွီဥယျာဉ်ဆီသို့ ပြန်ခေါ်သွားသည်။


လက်ဖက်ရည်တိုက်ခြင်း ရေငှဲ့ပေးခြင်း၊ အေးမအေး အတွန့်တက်ခြင်း၊ နွေးလားဟု မေးမြန်းခြင်း၊


လင်ရှုဟာ လွှမ်းမိုးခံရပြီး အိပ်ရာပေါ်တွင်နေရန် ဖိအားပေးခံနေရသည် ဆေးကို ထပ်လိမ်းပြီးပြီဖြစ်သည်။ ကြီးမြတ်လှသည့်သခင်မလေးက ဒဏ်ရာကနာလားဟု ထပ်မံမေးလာသည့်အခါ သူ ခံစားရသည်က ဖုတ်ကောင်နှင့်တိုက်ခိုက်ရာတွင် ပါဝင်ပြီးကတည်းက ဟမ်းစတားဘဝကနေ ပထမတန်းစား အကာကွယ်အစောင့်ရှောက်ခံ တိရစ္ဆာန်တစ်ကောင် ဖြစ်သွားသည်ဟုပင်။


လင်ရှုက အိပ်ရာနောက်ကျောအား မှီချလိုက်ကာ သူ့လက်ထဲ၌ ဂွမ်းစောင်အား ကိုင်ထားလေသည်။ မူလက သူ့ပုခုံးထက်ရှိ ဒဏ်ရာကို သည်းခံနိုင်သော်လည်း တစ်စုံတစ်ယောက်က ဂရုစိုက်လာသည့်နှင့်—မြင့်မားပြီး စွမ်းအားကြီးသည့် သခင်မလေးက ရုတ်တရက်ပင် မွန်းကျပ်စရာကောင်းသည့် မွန်မြတ်မှုတို့နှင့် ပြည့်နှက်သွားပြီး လင်ရှုအား ရှက်ရွံ့လာစေသည်။ နာကျင်မှုကလည်း ရုတ်တရက်ပင် ပျံ့နှံ့သွားတော့သည်။


လင်းဖုန်းရှောင်က သူ့အား အိပ်စေချငိသည်။


သူက အိပ်မပျော်နိုင်ပေ။


အိပ်မပျော်သည့်အခါ ဘာလုပ်ရမည်လဲမသိတော့ပေ။


သူတို့နှစ်ဦးက သိသိသာသာ တိတ်ဆိတ်နေကြပြီး တစ်ခဏခန့် ကသိကအောက်ဖြစ်စရာ ဖြစ်နေတော့သည်။


တစ်ခဏခန့် ချင့်ချိန်ပြီးနောက် လင်ရှုကပြောလာသည်။


“ငါ မင်းကို စာဖတ်ပြမယ်လေ”


“ကျွန်မ စာအုပ်ယူလိုက်မယ်” လင်းဖုန်းရှောင်က ပြန်ဖြေလိုက်ကာ “ဘယ်တစ်အုပ်ကို လိုချင်လဲ”

 

လင်ရှုက ပြောလိုက်သည်။ “ဆန်းကြယ်ကျောက်တုံးများအား ဝေဖန်စစ်ဆေးမှု” ဆိုတဲ့ ဖတ်စာအုပ်၊


မူလအစီအစဉ်က ယခုအတန်းဟာ မနက်ဖြန်တွင် သင်ကြားမည်ဖြစ်သည်။ သို့သော်လည်း ယခုတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည့်အတွက် အတန်းက မည်သည့်အချိန်၌ စတင်မည်ကို မသိပေ ။


သူဟာ အတန်းစရန် စောင့်နေဆဲဖြစ်ကာ တာဝန်ရှိသည့်ဆရာအား “လင်းဖုန်းရှောင်ရဲ့ဆလင်ဒါဘူး”က မည်သည့်သတ္တုဖြင့် ပြုပ်လုပ်ထားပြီး ဘယ်လို ဖွင့်ရမလဲဆိုတာကို မေးမြန်းရန်ပင်။


ထို့အကြောင်းပြချက်ကြောင့် ဆလင်ဒါဘူးအား ဖတ်စာအုပ်ဘေးတွင် ထားထားသည်?


သူ ထိုအကြောင်းကို တွေးရုံပင်ရှိသေးသည် ကြီးမြတ်လှသည့်သခင်မလေးက ထိုဆလင်ဒါဘူးအား ကောက်လိုက်ကာ ကြည့်လိုက်သည်။


သူဟာ ရုတ်တရက်ပင် မျှော်လင့်ချက်ရှိသွားသည် ကြီးမြတ်လှသည့်သခင်မလေးက အတော်လေး ဗဟုသုတကြွယ်ဝကာ ထိုသည်က ဘာလဲဆိုတာ သိလောက်သည် အတန်းကို သင်သည့်ကျန်းရန်ကဲ့သို့ ဆရာတစ်ဦးအား မေးစရာမလိုပေ ။


သူ စကားမပြောနိုင်သေးခင်မှာပင် သခင်မလေး ပြောလာသည်ကို ကြားလိုက်ရသည်။


“ဒါက အပြင်ဘက်မှာ ဘာလုပ်နေတာလဲ”


ဘယ်လိုတောင် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။


ထိုစာကြောင်းကို ကြားလိုက်သည့်အခါ ကြည့်ရသည့်မှာ သခင်မလေးကလည်း ထိုအရာကို ဘာမှန်းမသိပုံပင်။


“ငါ ဖွင့်လို့မရလို့ အဲဒါကို အမျိုးအမည်တပ်ဖို့ ကျောက်စိမ်းတာအိုပညာရှင်ကို မေးချင်လို့လေ။ အဲဒါနဲ့ အပြင်ထုတ်ထားတာ” လင်ရှုကပြောလိုက်သည်။ “မင်း မှတ်မိသေးလား”


အလင်းရောင်အောက်တွင် သခင်မလေး၏ပုံရိပ်က ရုတ်တရက် ရပ်တန့်သွားသည်။


ယခုမနက်က မိန်းကလေးကဲ့သို့ပင် လုံးလုံးလှုပ်ရှားမှု မရှိပေ။


အချိန်အကြာကြီး ကြာပြီးနောက် ကြီးမြတ်လှတဲ့ သခင်မလေးကစကားပြောလာသည်။ သူမ၏လေသံက တိုးလျနေကာ အနည်းငယ် ပုံမှန်မဟုတ်ပေ။ 


“ရှင်က မမှတ်မိဘူးလား”


လင်ရှုက ရိုးရိုးသားသား ဖြေလိုက်သည်။


“မမှတ်မိဘူး”


နောက်ထပ်သေစေနိုင်လောက်သော တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားပြန်သည်။


သေစေနိုင်လောက်သည့် တိတ်ဆိတ်မှုအလယ်တွင် ကြီးမြတ်လှသည့်သခင်မလေးက ဆလင်ဒါအား ကြည့်လိုက်ကာ နောက်ဆုံးတွင်တော့ ပြောလာသည်။ သို့သော် သဘာဝမကျသည့် လေသံနှင့်ပင် သူမက ငြင်ငြင်သာသာဖြင့် နောက်ဆုံးစာကြောင်းအား ထပ်မံပြောလာပေသည်။


“ရှင်…..မမှတ်မိဘူးလား”


******